အခန်း(၆) 《ရှင်းရှင်းလင်းလင်းလုပ်ကြစို့》
Author: Drunken Light Song
Source: Jostena M
Translator: オタク
ကျန်နေသေးသည့်အသီးအရွက်များ အကုန်ရောင်းပြီးနောက် စုရွေ့ကျယ်သည် သူ့လှည်းကိုဆွဲကာ ချန်ဟွေ့ကျန်းနောက်မှ လိုက်သွားခဲ့၏။
စုရွေ့ကျယ်၏ ခံစားချက်များသည် ယခင်သူ့ဦးလေး၏ အိပ်ခန်းသုံးခန်း ဧည့်ခန်းတစ်ခန်းပါသောအိမ်သို့ရောက်ခဲ့ချိန်ကနှင့် လုံး၀ကိုခြားနားနေခဲ့ပြီဖြစ်ချေသည်။
“ရှောင်ကျယ် ၀င်လာခဲ့။ ထိုင်လေ ”
ချန်ဟွေ့ကျန်းသည် အားရပါးရနှင့် စုရွေ့ကျယ်အား ဆိုဖာပေါ်သို့ဆွဲကာ ထိုင်စေလိုက်သည်။ ထို့နောက် မီးဖိုထဲသို့သွားကာ ဈေးထဲ၌ နာမည်အကြီးဆုံးတံဆိပ်များဖြစ်သည့် သောက်စရာနှင့် မုန့်များယူလာခဲ့လေသည်။
“မင်းစားပြီး အရင်ဆုံး TV ကြည့်နေအုံး။ မင်းအဒေါ်က ချက်လိုက်အုံးမယ်။ ကြည့်စမ်းပါအုံး မင်းဘယ်လောက်ပိန်တဲ့ ကလေးဖြစ်နေပြီလဲ။ မင်းဒီည ညစာကောင်းကောင်းစားရမယ်”
ထိုအကြောင်းကိုကြားလိုက်ရသည်နှင့် စုရွေ့ကျယ်၏ မူလအစီအစဉ်ဖြစ်သော ဆုံးဖြတ်ချက်မြန်မြန်လုပ်ရန်ကို ချက်ချင်းပင် အကွာအဝေး ၁၈၀,၀၀၀ မိုင်လောက်ထိ လွှင့်ပစ်လိုက်လေ၏။ သူလုံလောက်သည်အထိ စားပြီးချိန်အထိစောင့်ရမည်။
【A/N ; ငါတို့ MCက သူဆန္ဒရှိချိန်ဆို အရှက်မရှိလည်းလုပ်နိုင်တယ် xD】
ဆင်းရဲသည့်လူငယ်အကောင်းစားလေးသည် အရင်အတိတ်ဘ၀ကပြန်လာခဲ့ပြီးနောက် ထိုသို့သော လောဘတကြီးအမူအကျင့်လေး ရောက်ရှိလာခဲ့ပေသည်။
ဦးလေးသည် ညစာစားရန် ပြန်လာခဲ့ပြီး အဒေါ်စားစရာများကို စားပွဲသို့ယူလာခဲ့ချိန်တွင် တံခါးပွင့်လာလေသည်။ စုရွေ့ကျယ် ဆိုဖာ၌ထိုင်နေသည်ကို တွေ့လိုက်ရချိန်တွင် သူတစ်ခဏမျှ မှင်သက်သွားပြီး ခြောက်ကပ်စွာပြောလာခဲ့၏။
“ရှောင်ကျယ်လား ”
“ကောင်းသောနေ့ပါ ဦးလေး”
စုရွေ့ကျယ်သည် မတ်တပ်ရပ်ကာ သူ့အကြီးဆုံးဦးလေးအားနှုတ်ဆက်လိုက်သည်။ ဦးလေးစုသည် တင်းကြပ်သောဇနီးအား နာခံတတ်သော သာမန်လူတစ်ဦးမျှသာဖြစ်ချေ၏။ သူ့မိသားစု၌ သူ့အဆင့်သည်သာအနည်းငယ်သာရှိပြီး ဆုံးဖြတ်ချက်အားလုံးကို သခင်ဖြစ်သည့် သူ့အဒေါ်အကြီးဆုံးကသာ ပြုလုပ်သည်ဖြစ်၏။
သူ့အရင်ဘ၀ သုတေသနဌာနသို့ ပို့ခံရမည့်မတိုင်ခင်ည၌ သူ့ဦးလေးသည် သူ့အခန်းတံခါးအားလာခေါက်ခဲ့ပြီး တံခါးဖွင့်လိုက်ချိန်တွင်တော့ စကားပြောနေသည်ကို ရပ်တန့်သွားကာ တစ်ခဏမျှ ရပ်နေခဲ့ပြီးနောက် ထွက်သွားခဲ့လေသည်။
【T/N; သူ့စွမ်းရည်တွေကိုသိပြီး သုတေသနဌာနကို သုတေသနလုပ်ဖို့ ရောင်းစားလိုက်တုန်းကပါ။ 】
သူ့ဦးလေးသည် သူ့အားတစ်ခုခုသတိပေးရန် တစ်ကြိမ်လောက်လုပ်ခဲ့သော်လည်း နောက်ဆုံးတွင်မူ တစ်ကိုယ်ကောင်းဆန်မှုကိုသာ ရွေးချယ်ခဲ့လေသည်။
စုရွေ့ကျယ်သည် သူ့ဦးလေးသည် အရင်ဘ၀၌ သူ့အားသတိပေးရန်ကြိုးစားခဲ့သောကြောင့် သူ့၏သေးငယ်သော စိတ်ခံစားမှုကြောင့် လေးစားမှုအနည်းငယ်ပေးရန် ဆန္ဒရှိခဲ့ပါသော်လည်း ပိုအရေးကြီးသည်မှာ သူသည် ဘ၀တစ်လျှောက်လုံး ပေါင်းသင်းဆက်ဆံသွားရန်မဖြစ်နိုင်ပေ။
“ရှောင်ကျယ် လာ ထိုင် ”
အကြီးဆုံးအဒေါ်သည် အစားအသောက်များကို စားပွဲပေါ်သို့ လျင်မြန်စွာချလိုက်ပြီး သူ့အားညစာစားရန်အတွက်ထိုင်ရန်ပြောလေသည်။
“ကောင်းပါပြီ”
စုရွေ့ကျယ်သည် ယဉ်ကျေးမနေတော့ပေ။ သူ စားပွဲ၌ ချက်ချင်းထိုင်ချလိုက်ပြီး ထိုအချိန်၌ သူ့ကိုယ်သူထိန်းသိမ်းရန် ကြိုးစားခဲ့သည်။ သူအဆင်မပြေနေသော်လည်း မျိုချလိုက်လေသည်။
စုရွေ့ကျယ်အားဆွဲဆောင်ရန် ထိုနေ့ညစာသည် သာမန်ထက်အလွန်ကိုပေါကြွယ်၀နေ၏။ ချန်ဟွေ့ကျန်းသည် အရောင်အသွေး အနံ့ အရသာနှင့် စားပွဲအပြည့်ချက်ပြုတ်ခဲ့ပြီး သူတို့၏နှစ်သစ်ကူးညစာထက်ပင် ပိုများသည်ဟု ခန့်မှန်းရလေသည်။ ၀က်သားချက်၊ အမဲသားအာလူးစတူး၊ အမဲချိုချဉ်ကြော်၊ ကြက်ဥပြုတ်များနှင့်အသားလွှာများ၊ ငါးရှဉ့်ဟင်း၊ ၀က်သားခြောက်ကြော် နှင့် အရသာရှိသော စွတ်ပြုတ်၊ မာပိုတို့ဟူး၊ ကြက်ဥနှင့်အာလူးမွှေကြော်၊ အာလူးချဉ်စပ်သုပ် စသည့်ဟင်း ရှစ်ပန်းကန်အပြည့် နှင့် စွတ်ပြုတ်တစ်ခွက်ဖြစ်၏။
ချန်ဟွေ့ကျန်းသည် စားဖိုမှူးတစ်ဦးမဟုတ်သော်ငြား နှစ်ပေါင်းများစွာအိမ်ရှင်မတစ်ဦးဖြစ်ခဲ့သောကြောင့် အိမ်ချက်လက်ရာသည် အလွန်ကောင်းမွန်ဆဲဖြစ်၏။ ထို့အပြင် နောက်ဆုံးသော နေ့ရက်များ၌ အစားအစာပြတ်လပ်မှုကြောင့် အခြေခံအားဖြင့် သူတို့အစာအိမ်ထဲသို့ဖြည့်နိုင်သမျှသည် အရသာရှိလှပေသည်။
စုရွေ့ကျယ်၏အတိတ်ဘ၀၌ သူ့ဦးလေးမိသားစုသည် နေရာအနှံ့ထွက်ပြေးခဲ့ကြရပြီး သူတို့ဗိုက်များကိုဖြည့်ရန် ရက်အနည်းငယ်သာကျန်တော့ပေသည်။ တခါတရံ သူတို့သည် ဆလပ်ရွက်များစားခြင်းနှင့် ရေသောက်ခြင်းဖြင့်သာ ဗိုက်ဖြည့်နိုင်ခဲ့ကြ၏။ နောက်ပိုင်း အခြေစိုက်စခန်းသို့၀င်ရောက်နိုင်မှသာ နေ့ရက်များတိုးတက်လာခဲ့ပေသည်။ အခြေစိုက်စခန်းမှ ကျွန်ုပ်တို့ဗိုက်များကိုဖြည့်ရန် အစေ့အဆန်ကြမ်းများနှင့် ပဲပိစပ်များ ဖြန့်ဝေပေးခဲ့သော်လည်း ထိုအရာများသည် ခြောက်သွေ့မာကြောကာ ပျော့ပြောင်းသွားစေရန် ရေစိမ်ပြီးစားခဲ့ကြရလေသည်။ သူ့အား စမ်းသပ်ခန်းသို့ စမ်းသပ်ခံပစ္စည်းတစ်ခုအဖြစ် ပို့ခံခဲ့ရပြီးနောက် သူ့ဘ၀သည် အဆိုးရွားဆုံးပင်ဖြစ်ခဲ့၏။ သူသည် စမ်းသပ်ကုတင်ပေါ်တွင် ချုပ်နှောင်ထားခံရပြီး သူကိုယ်တိုင်စားသောက်နိုင်ရန် လှုပ်ရှားဖို့အခွင့်အရေးလေးတစ်ခုပင်မရှိခဲ့ပေ။ သူ့အသက်အား ထိန်းထားနိုင်ရန် အာဟာရရည်အပေါ်တွင်သာ မှီခိုခဲ့ရလေသည်။
【 T/N : ငါတို့ကလေးလေး 】
ထို့ကြောင့် အတိတ်ဘ၀မှ ပြန်ရောက်လာခဲ့ချိန်တွင် ထိုဆာလောင်ခဲ့မှုအားလုံးသည် ယခု၌ စုရွေ့ကျယ်၏အစားအသောက်စားသုံးမှုအား အကြိမ်များစွာတိုးလာခဲ့ပေသည်။
ယခု စုရွေ့ကျယ်သည် သူ့အရှေ့ရှိ စားပွဲအားကြည့်လိုက်၏။ သူဘယ်လို ရပ်တန့်နိုင်ပါ့မလဲ။
သူသည် သူ့ပန်းကန်လုံးကိုကိုင်လိုက်ပြီး သူ့ဦးလေးနှင့်အဒေါ်အား စိတ်အားထက်သန်သောမျက်လုံးများနှင့်ကြည့်လိုက်၏။ သူတို့ တူများကိုကောက်ကိုင်ကာ ပန်းကန်များသို့ တူများ လှမ်းလိုက်သည်နှင့် သူတို့ ပြောသည်ကိုမစောင့်တော့ပဲ လေအလျင်ဖြင့် အစားအသောက်များအား စားသောက်လေတော့သည်။
ဦးလေးနှင့်အဒေါ် တို့သည် သူ၏ အကြမ်းအရမ်းစားသောက်မှုကြောင့် ရှော့ရသွားကြလေသည်။ ချန်ဟွေ့ကျန်းသည် စားသောက်ရင်း စုရွေ့ကျယ်အား သူတို့အိမ်သို့ပြောင်းလာစေရန် ဖြည်းဖြည်းချင်း တိုက်တွန်းရန် စီစဉ်ထားခဲ့ချေ၏။ ရလဒ်အနေဖြင့် ကလေးသည် ခက်ခက်ခဲခဲသာ စားသောက်ခဲ့ရ၏။ ထိုတူတစ်စုံသည် သူမအားအရိပ်ပင် မမြင်နိုင်လောက်အောင်ဖြစ်နေ၏။ သူမ ဘယ်လိုများ စကားတစ်ခွန်းကိုစနိုင်ပါတော့မလဲ။
လူအိုကြီး မရှိတော့သည်မှာ ရက်နှစ်ဆယ်နီးပါးရှိခဲ့ပြီဖြစ်သောကြောင့် ကလေးတစ်ယောက်တည်း နေထိုင်ခဲ့ရသဖြင့် အစားအသောက်ကောင်းကောင်း လုံး၀မစားခဲ့ရသည်မှာ သေချာသလောက်ဖြစ်နိုင်လား ? ဒါက တစ္ဆေလေးမွေးလာသလို အကျဉ်းတန်လွန်းနေရုံလေးပါပဲ။
【T/N ; ကလေးက သရဲမရဲစီးသလိုစားနေလို့ 】
ချန်ဟွေ့ကျန်းသည် စုရွေ့ကျယ်အား သူမ၏ နှလုံးသားအောက်ခြေမှပင် တိတ်တဆိတ် မထီမဲ့မြင်ရွံရှာခဲ့ပြီးနောက် သူမ၏မျက်နှာတွင်မူ နူးညံ့ကာ ကြင်နာတတ်သောအပြုံးကိုဆင်၍ စုရွေ့ကျယ်အား ပိုစားရန်ပြောလေသည်။ သည်ကိစ္စအတွက်ကတော့ ညစာစားပြီးချိန်အထိ စောင့်လိုက်ပါ့မယ်လေ။
စုရွေ့ကျယ်သည် တစ်ဆက်တည်းနှင့် သုံးပန်းကန်ထပ်ထည့်ခဲ့ပြီး တစ်ကြိမ်စီတိုင်းတွင် ပန်းကန်လုံး၏ထိပ်အထိပြည့်မောက်နေအောင်ထည့်ခဲ့ပြီးနောက် ဆက်လက်စားသောက်လေသည်။ စုရွေ့ကျယ်သည် ဟင်းရှစ်ခွက်နှင့် စွတ်ပြုတ်တစ်ပန်းကန်၏ လူငါးယောက် ခြောက်ယောက်စာလောက်နှင့် ထမင်းဖြူတစ်အိုး ကိုစားခဲ့လေ၏။ သူ့ဦးလေးနှင့် အဒေါ်၏မျက်နှာကိုမကြည့်ခဲ့မိဘူးဆိုလျှင် သူသည် ပန်းကန်အားလုံးအား အပြောင်ရှင်းကာ ထပ်တောင် လျှက်လိုက်မိလိုက်လိမ့်မည်ဖြစ်၏။
အပြည့်အနင့်စားပြီးနောက် စုရွေ့ကျယ်သည် သူ့ဦးလေး၏ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် သက်တောင့်သက်သာထိုင်ပြီး သူ့ဗိုက်လေးအား ဖြည်းဖြည်းချင်း ပွတ်နေတော့၏။ ဤအစားအသောက်တစ်နပ်သည် သူပြန်လည်မွေးဖွားလာခဲ့ပြီးချိန်တွင် စားခဲ့ရသော အကောင်းမွန်ဆုံးနှင့် ကျေနပ်စရာအကောင်းဆုံး အစားအသောက်တစ်နပ်ပင်ဖြစ်လေသည်။
【T/N ; How cute baby 】
အရသာရှိလိုက်တာ၊ အခုထိ ပိုက်ဆံမှမရှိသေးတာ။ ဘယ်ကနေ ဒီလောက်ကောင်းတဲ့အရာကို သွားရှာနိုင်မှာလဲ။
“ရှောင်ကျယ်... မင်းတစ်ယောက်တည်း မင်းကိုယ်မင်းမစောင့်ရှောက်နိုင်ဘူး။ ငါပြောချင်တာက မင်းကငါတို့ရဲ့ သွေးသားတော်စပ်တဲ့အမျိုးတွေပဲလေ။ မင်းကို ငါတို့အိမ်ကိုလာနေစေဖို့ ငါမင်းဦးလေးနဲ့ဆွေးနွေးခဲ့တယ်။ ငါတို့မိသားစုရဲ့ အားချန်က လက်ထပ်သွားပြီး ကလေးတောင်ရှိနေပြီ။ သူစောစောပြောင်းသွားတော့ သူ့အိပ်ခန်းမှာ မင်းနေလို့ရတယ်။ ငါတို့မင်းရဲ့ကျောင်းလခတွေနဲ့တခြားအတွက် ပေးပေးပါ့မယ်”
ဟွန်း လာပြီ ...
စုရွေ့ကျယ် ယခုလေးတင်အရသာရှိခဲ့တဲ့အစားအသောက်တွေကိုကြည့်လိုက်ပြီး ချန်ဟွေ့ကျန်းနှင့် ပြဿနာဖြစ်ရန် မလိုချင်ပေ။ ထို့ကြောင့် ရှက်ရွံ့နေသော အပြုံးလေးလုပ်ပြီး ပြောလိုက်သည်။
“စိတ်မပူပါနဲ့ အကြီးဆုံးအဒေါ် ။ ကျွန်တော်ကိုယ့်ဘာသာ စောင့်ရှောက်နိုင်ပါတယ်။ ကျောင်းလခပြဿနာကို ကိုယ့်ဘာသာဖြေရှင်းနိုင်ပါတယ် ”
“မင်းကိုယ်မင်း ဘယ်လိုစောင့်ရှောက်နိုင်မှာလဲ။ ဟင်းသီးဟင်းရွက်ဈေးအ၀မှာ ထိုင်ပြီး ဆိုင်ခင်းပြီးတော့လား။ မင်းသိတဲ့အတိုင်း မင်းကကျောင်းသားတစ်ယောက်ပဲရှိသေးတယ်။ မင်းက မင်းရဲ့စာလေ့လာတဲ့အပေါ်မှာပဲ စိတ်နှစ်ထားသင့်တာ။ မင်းအပြင်မှာ တနေကုန်အလုပ်လုပ်ပြီး တစ်ခုခုရောင်းဖို့လုပ်နေတာက မင်းရဲ့ စာလေ့လာမှုကို နှောင့်နှေးစေတယ်။ မင်းမပျော်မရွှင်ဖြစ်ရင် တမလွန်က မင်းအဖိုးကို ၀မ်းနည်းစေလိမ့်မယ် ”
စုရွေ့ကျယ် ဆိုင်တန်း၌ ဟင်းသီးဟင်းရွက်ရောင်းနေသည်ကိုမြင်ပြီး ချန်ဟွေ့ကျန်း သိပ်အများကြီးမတွေးခဲ့ပေ။ ထိုအစား သူ လက်ကားဈေးမှာ ဈေးသက်သက်သာသာနှင့် ပစ္စည်းကောင်းများကို ဘယ်ကနေ၀ယ်ရမှန်း မသိလောက်ဘူးဟုသာ တွေးခဲ့လေသည်။ သူမဆိုင်တစ်ခုဖွင့်ခဲ့ပြီး ၀င်ငွေအနည်းငယ်သာရခဲ့၏။ စုရွေ့ကျယ်၏တစ်နေ့၀င်ငွေသည် သူတို့ခင်ပွန်းနှင့်ဇနီး ၏ နှစ်ယောက်ပေါင်း တစ်ရက်စာ၀င်ငွေထက်ပိုများကြောင်း သူမဘယ်လိုလုပ်သိနိုင်ပါ့မလဲ။
စုရွေ့ကျယ်သည် သူ့အဒေါ်ကသူ့အား ဖိနှိပ်ရန် သူ့အဖိုးအကြောင်းပြောသည်ကို ကြားရမည်ကို တွန့်ဆုတ်နေခဲ့၏။ သူချက်ချင်းပင် တံခါးထဖွင့်ကာပြောလိုက်၏။
“အကြီးဆုံးအဒေါ်.. ကျွန်တော်ကြားခဲ့တာ ကျနော့်အဖိုးရဲ့ အိမ်ဟောင်းက ဖြိုဖျက်တော့မယ်တဲ့။ ခေါင်းဆောင်တစ်ယောက်ပြောတာကတော့ လူတစ်ယောက်ကို အညီအမျှ 300,000 လောက် ခွဲဝေရနိုင်တယ်တဲ့ ”
သူထိုအကြောင်းပြောချိန်တွင် စုရွေ့ကျယ်သည် ရှက်နေပြီး ရိုးရှင်းသောအပြုံးလေး သူ့မျက်နှာတွင်ရှိနေခဲ့၏။
သို့သော်လည်း ချန်ဟွေ့ကျန်းနှင့် ဦးလေးစုတို့ကတော့ မရယ်နိုင်တော့ပေ။ ချန်ဟွေ့ကျန်းမျက်နှာ အေးခဲသွားပြီး ခြောက်ကပ်စွာပြောလိုက်သည်။
“တကယ် တကယ်လား။ မင်းဘယ်သူ့ဆီက ကြားခဲ့တာလဲ”
“ကျွန်တော် လမ်းမှာ ဦးလေး၀မ်ပြောနေတာကိုကြားခဲ့တာ။ ဦးလေး၀မ်ရဲ့မြေးက ခန်းမမှာ အလုပ်လုပ်တယ်လေ။ ဒီမနက် သူမနက်ပိုင်းလေ့ကျင့်ခန်းလုပ်ဖို့ လာတဲ့အချိန် သူ့ကိုတွေ့တော့ သူကျွန်တော့်ကိုပြောပြခဲ့တာ ”
“အိုး...”
ချန်ဟွေ့ကျန်း သူမမျက်လုံးများ လှန်လိုက်ပြီး ဆက်ပြောလာသည်။
“ဒါပေမယ့် ကြေညာချက်က ဘယ်အချိန် ပို့လာမလဲ မသိဘူး။ မင်းရဲ့ကျောင်းက မနက်ဖြန်စတက်ရတော့မယ်။ ပြီးတော့ ကျောင်းလခကလည်း အခုထိမသွင်းရသေးဘူးမလား ”
“အဲ့ဒါကအဆင်ပြေသွားပါပြီ။ ကျွန်တော့်အတွက်မလောက်ပေမယ့် ကျွန်တော့်သူငယ်ချင်းတွေဆီက ချေးလို့ရပါတယ်။ ကျောင်းမှာ အိပ်ဆောင်တွေလည်းရှိပြီး အိမ်ကိုဖြိုဖျက်တဲ့အခါ ကျွန်တော် အဲ့မှာ နေလို့ရပါတယ်။ စိတ်မပူပါနဲ့ အကြီးဆုံးအဒေါ်။ ကျွန်တော် အဒေါ်တို့ကို ပြဿနာတစ်ခုမှ မဖြစ်စေရဘူးဆိုတာ သေချာပါတယ်”
ချန်ဟွေ့ကျန်း၏ အမူအရာများ ရုတ်တရက် အေးခဲသွားလေ၏။ သူမ မျက်မှောင်ကြုတ်လိုက်ပြီး ဘေးမှ သူမ၏ယောကျာ်းအား မျက်စပစ်လိုက်၏။
ဦးလေးသည် သူ့ကိုယ်အား လှည့်လာပြီး ရှက်ရွံ့နေသောအမူအရာနှင့် ပြောလာ၏။
“ရှောင်ကျယ်.. မင်းသိတဲ့အတိုင်း ငါ့မြေးက အခုကျောင်းတက်ရတော့မယ်။ ငါတို့ကလေးကို ပိုကောင်းတဲ့ အစိုးရမူလတန်းကျောင်းကို ပို့ချင်တယ်။ ပြီးတော့ နံပါတ်တစ်အလယ်တန်းကျောင်းနဲ့ ချိတ်ဆက်ထားတဲ့တစ်ကျောင်းကို တွေ့ခဲ့တယ်။ ဒါပေမယ့် ကလေးရဲ့ အိမ်ထောင်စုစာရင်းက အဲ့နေရာမှာမဟုတ်ဘူးလေ။ ငါ့မှာနည်းလမ်းမရှိတော့လို့ အဲ့အကြောင်းစိုးရိမ်နေရတယ်။ ငါမင်းကိုမေးချင်တာက ကလေးရဲ့ အိမ်ထောင်စုစာရင်းကို မင်းအဖိုးရဲ့အိမ်မှာ ထားလို့ရနိုင်မလားလို့ပါ ”
ဦးလေးသည် ဒီစကားကို အတိတ်ဘ၀တုန်းကအတိုင်း တစ်ပုံစံတည်းပင်ပြောလာခဲ့၏။ အကြီးဆုံးအဒေါ်က သင်ပေးထားခဲ့ပြီး ကျယ်ကျယ်ဖွင့်ပြောဖို့ တွန်းအားပေးခဲ့တာပဲဖြစ်လိမ့်မည်။ အဆုံးမှာတော့ စုရွေ့ကျယ်နှင့် အဖိုးစု တို့သည် ဦးလေး စုချီမင် နှင့် အနီးဆုံးသွေးသားတော်စပ်သည်ဖြစ်သောကြောင့် စုရွေ့ကျယ်ကို သူကိုယ်တိုင်အားပြောခိုင်းစေသည်မှာ ပို၍လွယ်ကူပေ၏။
“ဒါပေမယ့် အိမ်က အဖြိုခံရတော့မှာ မဟုတ်ဘူးလား ”
“အဲ့ဒါကဟုတ်ပါတယ်။ အိမ်ထောင်စုစာရင်းကတော့ အဲ့နေရာမှာပဲ ရှိနေအုံးမှာလေ။ အနည်းဆုံး ကလေးရဲ့နာမည်ကို အရင်ဆုံး သတင်းစာမှာ ထည့်ခိုင်းပြီး...”
ချန်ဟွေ့ကျန်းသည်း သူ့နောက်မှ အမြန်စကားတစ်ခွန်းပြောလာ၏။
“ဒါက ...”
စုရွေ့ကျယ်သည် ရှက်ကိုးရှန်းမျက်နှာလေး နှင့် စုချီမင်၏ ခင်ပွန်းနဲ့ဇနီး အတိုင်အဖောက်ညီနေမှုကို ရပ်တန့်စေလိုက်ကာ နောက်ဆုံး သဘောတူလိုက်၏။
“ဒါဆိုလည်း ကောင်းပါပြီ ”
ချန်ဟွေ့ကျန်း၏မျက်နှာတွင် ချက်ချင်း စစ်မှန်သောအပြုံးတစ်ခုပြလာပြီး စုရွေ့ကျယ်အား သူ၏ အသိတရားရှိမှုအတွက်ချီးကျူးကာ အိမ်ပြောင်းလာဖို့ ထပ်မံတိုက်တွန်းလေ၏။ စုရွေ့ကျယ် နောက်တစ်ကြိမ်ငြင်းဆန်ပြီးနောက် သူမအခိုင်အမာ ရပ်တန့်လိုက်၏။ ဘာပဲဖြစ်နေနေ သူမရည်ရွယ်ချက် အောင်မြင်သွားပြီးဖြစ်ချေ၏။
စုရွေ့ကျယ်သည် ကလေး၏ အကြောင်းအရာအချက်အလက်များပြင်ဆင်ပြီးပါက သူ့အားပေးနိုင်ရန် သူမနှင့် သဘောတူညီမှုလုပ်ခဲ့၏။ သူထိုနေရာ၌မရှိပါက အချိန်နှင့်နေရာကိုပြောရန် စာရွက်အား တံခါးအောက်တွင်ထားခဲ့သောနည်းကို သုံးနိုင်ပြီး ထိုနေရာသို့အချိန်မှီရောက်လာနိုင်ရန်ဖြစ်၏။
နောက်ဆုံး စုရွေ့ကျယ် သူတို့အိမ်မှ ထွက်သွားခဲ့၏။။
သူ့ သူ့မိသားစုနှင့် ရောထွေးပြီး အချိန်မဖြုန်းချင်ပေ။ ဘာပဲဖြစ်ဖြစ် အကြောင်းကြားစာရပြီးနောက် လူတစ်ဦးလျှင် 300,000 အား သူ့လက်ထဲတွင် ရသ၍ သူ့ဦးလေးမိသားစု အိမ်ဟောင်းတွင်နေထိုင်မည်ကို စိတ်ထဲမထားတော့ပေ။ ကမ္ဘာကြီး၏ အဆုံးသတ်သည် မကြာခင်လာတော့မည်ဖြစ်ပြီး ထိုအချိန်ရောက်လျှင် ပိုက်ဆံများကို ထပ်၍မလိုအပ်တော့ပေ။
ကမ္ဘာပျက်ကပ်ကြီးအကြောင်း အချက်အလက်များအရ သူသည် သူတို့နှင့် ဘယ်သောအခါမှ တုန့်ပြန်ဆက်ဆံမည်မဟုတ်ပေ။ ထိုအစား သူမရှိဘဲနှင့် ပျက်ကပ်ကြီးအတွင်းတွင် သူ့ဦးလေးနှင့် မိသားစု အချိန်ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မလဲကိုသာ စောင့်ကြည့်ချင်ပေသည်။
စာရေးသူမှာ ပြောစရာရှိပါတယ်။
【လမ်းမပေါ်က ပြဇာတ်ငယ်လေး 】
ကျန့်ရှောင်ယွင် : ရှောင်ကျယ် ပစ်မှတ်ထားခံနေရပြီ။ ဒီအချိန်က ငါ့ကိုယ်ငါပြသဖို့အချိန်ရောက်ပြီ။
စုရှောင်ကျယ် : လူတွေက ငါ့ကို ပစ်မှတ်ထားနေကြပြီ၊ တိုက်ခိုက်၊
ကျန့်ရှောင်ယွင် : ဒါက ငါစိတ်ကူးထားတာနဲ့ လွဲနေသလိုပဲ....
စုရှောင်ကျယ် : (O_O;) ဒါက ကျနော်ရှင်းပြတာ နားထောင်ပါအုံး
ကျန့်ရှောင်ယွင် : နားမထောင်ဘူး နားမထောင်ဘူး။ ရှောင်ကျယ်သုတ္တန်ရွတ်နေတာ။
စုရှောင်ကျယ် : ကောင်းပြီ မေ့လိုက်တော့ နားမထောင်ချင်လည်းနေ။
ကျန့်ရှောင်ယွင် : ဘာလို့ မင်း လုပ်ရိုးလုပ်စဉ်အတိုင်းမလုပ်ရတာလဲ။
စုရှောင်ကျယ် : အိုး လုပ်ရိုးလုပ်စဉ်အတိုင်းဟုတ်လား။ ငါ ချယ်ရီသီးလက်တစ်ဆုပ်ယူပြီး ပစ်ပေါက်လိုက်ပြီး သူတို့ကို ဖောက်ခွဲလိုက်ရမှာလား။ ဒါနဲ့ မင်းကဘယ်သူလဲ ငါမင်းကိုသိလို့လား _
ကျန့်ရှောင်ယွင် : ငါမင်းကို အခုထိ မသိရသေးဘူးထင်တယ် _
တုံးတုံးအအစာရေးသူ : ဒါက ပြဇာတ်ထဲက ကောင်းကင်တမန်လေးဖြစ်ပါတယ်။ ဓားက မဟောင်းသေးဘူး *
【 宝刀未老嘛 က idiom ပါ ရတနာဓားက သက်တမ်းမရှိဘူး သို့မဟုတ် အသက်ကြီးပေမယ့် မပျက်စီးသေးဘူး လို့ဆိုလိုတာပါတဲ့ 】