အခန်း(၇)
Viewers 12k

အခန်း(၇)《အမြတ်အစွန်း》


Author: Drunken Light Song

Source: Jostena M

Translator: オタク



စုရွေ့ကျယ်သည် သူ့ဆုံးဖြတ်ချက်အား နောင်တရသွားမည်ကို စိုးရိမ်၍ ချန်ဟွေ့ကျန်းသည် ကလေး၏အိမ်ထောင်စုစာရင်းပြောင်းဖို့ရန် လိုအပ်သည့် သက်သေအချက်အလက်များကိုအလျင်အမြန်ပြင်ဆင်လေ၏။ နှစ်ရက်ကြာပြီးနောက် သူမသည် မနက်ဖြန်ညနေသုံးနာရီတွင် သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများလုပ်ရန် အိမ်ထောင်စုမှတ်ပုံတင်ရုံးသို့သွားရန် စုရွေ့ကျယ်အတွက် စာချန်ခဲ့၏။ 


နောက်တစ်ရက်တွင် စုရွေ့ကျယ်သည် မနက်ပိုင်း၌ သူ့ အသီးအရွက်နှင့် သစ်သီး၀လံများအကုန်ရောင်းကုန်ပြီးနောက် နေ့လည်ပိုင်း၌ သူ၏အမြဲတမ်းနေထိုင်ခွင့်မှတ်ပုံတင်စာအုပ်နှင့်အတူ မှတ်ပုံတင်ရုံးသို့သွားလေ၏။ ထိုနေရာတွင် ချန်ဟွေ့ကျန်းအပြင် စုရွေ့ကျယ် သူ့၀မ်းကွဲအစ်ကို စုချန်း၊ မရီ၀မ်းကွဲ လင်ရှီးနှင့် ၀မ်းကွဲတူငယ်လေး စုချန်ကွမ်း တို့ကိုလည်းတွေ့လိုက်၏။  


“ရှောင်ကျယ် မတွေ့တာကြာပြီ။ ဒီနေ့ကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ်ကွာ ”


စုချန်းသည် အရပ် 175cm ခန့်ရှိပြီး ရုပ်ရည်သွင်ပြင်နှင့် အချိုးအဆစ်ကလည်း အတော်အသင့်ကောင်းမွန်သော တည်ဆောက်ပုံရှိ၏။ သူသည်၀တ်စုံပြည့်ကို၀တ်ဆင်ထားပြီး အစိုးရရုံး၌အလုပ်လုပ်နေကာ အာမခံချက်ရှိသောအလုပ်အကိုင်တစ်ခု *ရှိလေ၏။ သူ့မိသားစုအခြေအနေသည် ကောင်းမွန်ပြီး ထိုသို့လှပသောအမျိုးသမီးတစ်ယောက်ဖြစ်သည့် လင်ရှီးအား ဇနီးအဖြစ်လွယ်လွယ်ကူကူလက်ထပ်ယူနိုင်သည်မှာ အံ့ဩစရာမရှိပေ။ 


【T/N ; an iron rice bowl (simplified Chinese: 铁饭碗; traditional Chinese: 鐵飯碗; pinyin: tiě fàn wǎn) သည် တရုတ်အသုံးတစ်ခုဖြစ်ပြီး အာမခံချက်ရှိပြီး လုံခြုံသော အလုပ်အကိုင်အခွင့်အလမ်းတစ်ခုကို ဆိုလိုပါသည် တဲ့။ 】


လင်ရှီးသည် ကျော်ကြားသောတံဆိပ်များ ၀တ်ဆင်ထားပြီး သိမ်မွေ့သော စိတ်နေသဘောထားရှိ၏။ သူမသည် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတစ်ခု၌ လက်ထောက်မန်နေဂျာတစ်ယောက်အဖြစ် အလုပ်လုပ်နေသည်ဟုကြားမိ၏။ စုချန်းသည် စုရွေ့ကျယ်ကိုနှုတ်ဆက်ပြီး သိမ်မွေ့သောအပြုံးတစ်ခုနှင့် အသာအယာခေါင်းငြိတ်ပြလာ၏။ သူရှက်နေပုံရပြီး စုရွေ့ကျယ်နှင့်တိုက်ရိုက်စကားမပြောခဲ့သော်ငြား သူ့၀မ်းကွဲအစ်ကိုသည် မည်မျှမာနကြီးပြီး တကိုယ်ကောင်းဆန်တတ်ကြောင်း သူကောင်းကောင်းသိ၏။ သူ့ကလေး၏ အိမ်ထောင်စုစာရင်းနှင့် ဖြိုဖျက်ကြေးကြောင့်သာမဟုတ်လျှင် ဆင်းရဲသောဆွေမျိုးတစ်ယောက်ဖြစ်သည့် စုရွေ့ကျယ်အား အကြည့်တစ်ချက်ပင်ပေးလိမ့်မည်မဟုတ်ပေ။ 


တူငယ်လေး စုချန်ကွမ်းသည် အသက်ခြောက်နှစ်သာရှိသေးပြီး နှင်းလေးများနှင့် ကျောက်စိမ်း ကဲ့သို့အလွန်ချစ်စရာကောင်း၏။ သူသည် ချစ်စရာကောင်းသော လူကြီးလူကောင်းသေးသေးလေးကဲ့သို့ ၀တ်စုံလေးကို၀တ်ဆင်ထားပြီး သူ့တူငယ်လေးအားတွေ့လိုက်ချိန်တွင် စုရွေ့ကျယ်၏နှလုံးသားလေးနူးညံ့သွားလေ၏။ ထိုကလေးသည် ငယ်ရွယ်သေးကာ ချစ်စရာကောင်းပြီးရိုးရှင်း၏။ သူ့ကိုတွေ့သည့်အချိန်တိုင်း၌ သူက နာခံမှုရှိစွာနှင့် သူ့ကို ဦးလေးငယ် ဟု ခေါ်လိမ့်မည်ဖြစ်၏။ 


【T/N ; ချန်ကွမ်းလေးက အနောက်တိုင်း၀တ်စုံအသေးလေးကို၀တ်ထားတာပါ။ ပြီးရင် စုရွေ့ကျယ်ကို အဖေ ဖက်ကဦးလေးကိုခေါ်တဲ့အသုံး ရှောင်ရှုရှု လို့ခေါ်လိမ့်မယ်တဲ့။ အမေဖက်က ဦးလေးကိုခေါ်ရင်တော့ ရှောင်ကျို့ကျို့ပေါ့။ (^‿^)】


ကံမကောင်းစွာပဲ... ထိုသို့သော ကောင်းကင်တမန်တော် သေးသေးလေးဟာ ပျက်ကပ်ကြီးအတွင်း၌ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာသော ပထမဆုံးလူဖြစ်လာခဲ့၏။ 


သူ့အတွက် ရွေးချယ်စရာအခွင့်အရေးပင်မရှိခဲ့ပေ.....


ဒါပေမယ့် ဒါကအဆင်ပြေပါတယ်။ အနည်းဆုံးတော့ ထိုချစ်စရာကလေးလေးက နာကျင်စရာတွေမရှိပဲ ထွက်သွားနိုင်လိမ့်မည်။ ပြီးလျှင် ကမ္ဘာပျက်ကပ်ကြီးသည် ကလေးများအသက်ရှင်ဖို့ရာ နေရာကောင်းတစ်ခုမဟုတ်ခဲ့ပေ။ 


ထိုကလေးအတွက်ရည်ရွယ်ပြီး စုရွေ့ကျယ်သည် ပျက်ကပ်ကြီးမတိုင်ခင်အထိ မိသားစုအား ပိုစိတ်ရှည်သည်းခံပေးရန် ဆန္ဒတစ်ခုရှိ၏။ ကမ္ဘာပျက်ကပ်အချိန်ရောက်လျှင်တော့ ထိုမိသားစုနှင့် မည်သည့်ဆက်နွှယ်မှုမှ မရှိရန် သူဆုံးဖြတ်ထားခဲ့ပြီးဖြစ်၏။ 


သူ့စိတ်ထဲရှိ ရှုပ်ထွေးသောခံစားချက်များအား တွန်းဖယ်လိုက်ပြီး စုရွေ့ကျယ်သည် ရယ်မောလျက် သူတို့အားနှုတ်ဆက်လိုက်၏။ 


ထိုအချိန်၌ ချန်ဟွေ့ကျန်းသည် ရှေ့တိုးလာကာ စုရွေ့ကျယ်အားဘေးသို့ဆွဲခေါ်လိုက်ပြီး သူမအသံကိုလျှော့ကာ ပြောလာ၏။ 


“ရှောင်ကျယ်..ဖြိုဖျက်ရေးက လူအရေအတွက်အလိုက် ခွဲဝေပေးမယ်လို့ပြောခဲ့တယ်။ မင်းရဲ့ ၀မ်းကွဲအစ်ကိုနဲ့မရီးကို အိမ်ထောင်စုစာရင်းထဲ အတူပြောင်းပေးနိုင်မလား။ မင်းမြင်တဲ့အတိုင်း မင်းလည်းပိုက်ဆံအရမ်းလိုနေတာပဲ။ နောက်ထပ်လူသုံးယောက်ပဲလေ မင်းထပ်ထည့်နိုင်မလား ”


ထိုစကားကိုကြားပြီး စုရွေ့ကျယ်၏နှလုံးခုန်သံတောင် တစ်ချက်လွတ်သွားကာ တိတ်တိတ်လေးမေးလိုက်၏။ 


“အကြီးဆုံးအဒေါ် ဘာကိုဆိုလိုချင်တာလဲ ”


“မင်းသိတဲ့အတိုင်း...အကယ်၍ အားချန်းနဲ့ လင်ရှီးရဲ့ အိမ်ထောင်စုကိုလည်း ပြောင်းထည့်လိုက်မယ်ဆိုရင် အဲ့မှာ လေးယောက်ရှိသွားပြီး တစ်ယောက်ကို 300,000 နဲ့ဆို စုစုပေါင်း 1.2သန်းရလိမ့်မယ်လေ။ အဲ့အချိန်ကျရင် အားချန်းက မင်းကိုအခွင့်ကောင်းယူထားလို့ မင်းက ဖြိုဖျက်ကြေးရဲ့တစ်၀က်ကိုယူနိုင်တယ်။ မင်းဘယ်လိုထင်လဲ ”


တစ်၀က်လား၊ ဒါဆို 600,000 ဖြစ်မှာပေါ့။ ဘယ်လိုအံ့အားသင့်စရာကြီးလဲ။


ယွမ် 600,000နှင့်သာဆို နောက်ထပ်ပစ္စည်းတွေဘယ်လောက်တောင် ပို၀ယ်နိုင်လိမ့်မလဲ။ စုရွေ့ကျယ် မရယ်မိအောင် သူ့ကိုယ်သူအကောင်းဆုံးထိန်းချုပ်ထားလိုက်ရလေ၏။ 


ချန်ဟွေ့ကျန်းသည် စုရွေ့ကျယ် ရင်ထဲရှိ စိတ်လှုပ်ရှားမှုကို ဘယ်လိုသိနိုင်ပါ့မလဲ။ သူမသည် စုရွေ့ကျယ်၏မျက်နှာအားတချိန်လုံးကြည့်နေပြီး သူဆန္ဒမရှိမည်ကိုစိုးရိမ်၍ မီးစာထပ်ထည့်ရန် အလျင်လိုနေ၏။ 


“မင်းမြင်တဲ့အတိုင်းပဲ၊ အိမ်ဟောင်းက အဖြိုဖျက်ခံလိုက်ရမှာ။ မင်းမှာလည်း နေစရာနေရာတစ်ခုမရှိဘူးလေ။ ကျောင်းအိပ်ဆောင်ကလည်း ပြဿနာတွေကိုယာယီဖြေရှင်းပေးနိုင်ပေမယ့် ကျောင်းပိတ်ရက်တွေကရှိသေးတယ်လေ။ အိုက်ယား..ဖြိုဖျက်ကြေးကိုယူပြီး အိမ်သေးသေးတစ်လုံး၀ယ်လိုက်တာက ပိုကောင်းတယ်။ ပြီးရင် မင်းအမြဲနေနိုင်တဲ့ အိမ်တစ်လုံးဖြစ်လာလိမ့်မယ်လေ။ မဟုတ်ဘူးလား ”


စုရွေ့ကျယ် ပြင်းပြင်းထန်ထန်ရုန်းကန်နေရသည့်ပုံ ဟန်ဆောင်လိုက်ပြီး အတော်လေးကြာမှ ခေါင်းညိတ်လိုက်လေ၏။ 


စိတ်သက်သာရာရသွားပြီး ချန်ဟွေ့ကျန်းသည် စုရွေ့ကျယ်နှင့် သူ့သားအား မှတ်ပုံတင်ရုံးစင်တာထဲသို့တွန်းလိုက်လေ၏။ စုရွေ့ကျယ်သည် ချန်ဟွေ့ကျန်း စုချန်းကိုတစ်ချက်ကြည့်လိုက်ပြီး သူတို့နှစ်ဦးစလုံး၏မျက်နှာပေါ်ရှိ အပြုံးများ နက်ရှိုင်းလာသည်ကို သတိထားမိ၏။ 


အဆုံးမှာတော့ သူတို့သည် သွေးသားဆွေမျိုးများဖြစ်ကြပြီး အိမ်ထောင်စုစာရင်းလွှဲပြောင်းသည့် လုပ်ထုံးလုပ်နည်းများလုပ်ချိန်တွင် ပြဿနာအများကြီးမရှိချေ။ ၀မ်းကွဲအစ်ကိုစုချန်းနှင့်တွဲပြီး သူတို့ဆက်ဆံရေးကို စောစီးစွာရှင်းရှင်းလင်းလင်းလုပ်ခဲ့ပြီး လုပ်ငန်းစဉ်တစ်ခုလုံးသည် အတော်လေးကိုရိုးရှင်းခဲ့၏။ သို့သော်လည်း ထိုအချိန်တွင် စုရွေ့ကျယ်သည် အိမ်ထောင်စုစာအုပ်ကို အတိအကျထိန်းချုပ်ထားပြီး လုပ်ငန်းစဉ်တိုင်းနှင့် စာရွက်စာတမ်းတိုင်းကိုဂရုတစိုက်စစ်ဆေးခဲ့ပြီး ပိုင်ရှင်လွှဲပြောင်းရန် သူတို့အားအခွင့်အရေးမပေးခဲ့ချေ။ 


နေရာဖယ်ရှားခြင်းလျော်ကြေးငွေနှင့် ပြန်လည်နေရာချထားရေးသဘောတူညီချက်အား အိမ်ထောင်ဦးစီးဖြစ်သည့် သူကိုယ်တိုင်လက်မှတ်ထိုးရမည်ဖြစ်ပြီး လျော်ကြေးငွေပေးချေမှုအားလည်း သူကိုယ်တိုင်လက်ခံရမည်ဖြစ်၏။ သူအိမ်ထောင်ဦးစီးဖြစ်နေသ၍ ဖြိုဖျက်သည့်လျော်ကြေးငွေအား တစ်ခြားလူ၏လက်ထဲသို့မရောက်နိုင်တော့ပေ။ ချန်ဟွေ့ကျန်းကဲ့သို့သော တကိုယ်ကောင်းဆန်ပြီး လောဘကြီးသည့် အမျိုးသမီးအားသူအယုံအကြည်မရှိပေ။ 


လုပ်ငန်းစဉ်များပြီးသွားပြီးနောက် မြို့တော်သည်လည်းပြောင်းရွှေ့ နေသဖြင့် လုပ်ငန်းစဉ်အားလုံးအား ထိုနေရာ၌ပင် ပြီးဆုံးအောင် ဆောင်ရွက်ခဲ့ပြီး စုရွေ့ကျယ်၏ အမြဲတမ်းနေထိုင်ခွင့်မှတ်ပုံတင်စာအုပ်၌ နောက်ထပ်လူသုံးဦး ရှိလာခဲ့၏။ 


စုရွေ့ကျယ်သည် စာရင်းစာအုပ်အား ဂရုတစိုက် သိမ်းလိုက်ပြီး သူတို့အိမ်၌ညစာစားရန် အကြီးဆုံးအဒေါ်နှင့် ၀မ်းကွဲအစ်ကို၏ဖိတ်ခေါ်မှုကိုငြင်းဆိုလိုက်ကာ သူတို့အားနှုတ်ဆက်ပြီးထွက်လာခဲ့၏။ 


ဟားဟားဟား၊ နောက်ထပ် ဖြိုဖျက်တဲ့အကြောင်းကြားစာကိုစောင့်နေသ၍ သူလိုအပ်သမျှအရာများကို ယွမ် 600,000 နှင့် ၀ယ်နိုင်တော့မယ်...


အချိန်ကိုကြည့်လိုက်သောအခါ ငါးနာရီကျော်နေပြီဖြစ်ပြီး အသီးအရွက်နှင့် သစ်သီး၀လံအများအပြားကိုရောင်းရန် အလုအယက်နှင့်ပင် အချိန်မှီလိုက်၏။ သူ့နေရာလွတ်ကိုကျေးဇူးတင်ရမည်ပင်။ သူရောင်းချင်သမျှအရာအားလုံး ထိုနေရာတွင်ရှိနေပေ၏။ 


နောက်ထပ်၀င်ငွေများရရှိခဲ့ပြီးနောက် စုရွေ့ကျယ်သည် သူ့ဝေစုအားကျေနပ်နေလေ၏။ 


စိတ်ခံစားချက်ကောင်းမွန်နေသဖြင့် ဟော့ပေါ့စားခြင်းဖြင့် သူ့ကိုယ်သူဆုချရန်ဆုံးဖြတ်လိုက်၏။ သုန့်ကျယ်လမ်း(အရှေ့လမ်း)၏ အနောက်ဖက်အခြမ်းတွင် ဟော့ပေါ့ဆိုင်တစ်ဆိုင်ရှိကြောင်း သူသိ၏။ ထိုနေရာတွင် ဈေးပေါပြီး အရသာရှိကာ လူတစ်ဦးလျှင် 78 ယွမ်ကျသင့်ပြီး အချိုရည်များကလည်းအလကားဖြစ်၏။ သူ့အတန်းဖော်များထံမှ အကြိမ်များစွာကြားဖူးခဲ့သော်လည်း မိသားစုအခြေအနေသည် အလွန်ခက်ခဲနေခဲ့ပြီး ထိုအချိန်တုန်းက သူသွားရန်အခွင့်အရေးမရှိခဲ့ပေ။ ယနေ့တော့ သူ့အတန်းဖော်တွေပြောသလို တကယ်ကောင်းမကောင်းကြည့်ရန် သွားခဲ့၏။ 


【T/N ; ဟော့ပေါ့ဆိုင်က self-service ဆိုင်မျိုးပါ။ 】


ဟော့ပေါ့ဆိုင်တွင် ထိုင်ပြီးနောက် မန်ဒရင်းဘဲအိုးတစ်ခုမှာလိုက်၏။ စွတ်ပြုတ်အိုးသည် အရိုးများပါ၀င်ပြီး ဆူပွက်နေ၏။ အနံ့သည်အလွန်ကောင်းကာ ဟော့ပေါ့ဟုပင် ပြောရန်မလိုပေ။ အရသာသည်လည်း အလွန်စပ်၏။ စုရွေ့ကျယ်သည် အသီးအရွက်နှင့်အသား ပန်းကန်တစ်ဒါဇင်ကျော်ကိုမှာယူလိုက်ပြီး အိုးထဲသို့ထည့်လိုက်၏။ အကုန်ကျက်ခါနီးအချိန်တွင် စုရွေ့ကျယ်သည် ချက်ချင်းပင် ပျော်ရွှင်စွာ အားရပါးရစတင်စားသောက်ပြီး ဇီးဖျော်ကည်အေးအေးလေးနှင့် မျောချလိုက်၏။ သူအလွန်ကျော်ရွှင်နေပြီး နတ်ဘုရားတစ်ပါးကဲ့သို့ပင် ခံစားနေရ၏။ 


စုရွေ့ကျယ်အ၀စားပြီးချိန်တွင် ဟော့ပေါ့ဆိုင်သည်လည်း ပိတ်ခါနီးပြီဖြစ်သည်။ ဟော့ပေါ့ဆိုင်မှထွက်လာခဲ့ချိန်တွင် ညဆယ်နာရီကျော်နေပြီဖြစ်ကာ အရှေ့လမ်းရှိဆိုင်အများစုမှာ ပိတ်နေပြီဖြစ်ပြီး လမ်းရှိ ညဈေးတန်းသည် ဖွင့်နေဆဲဖြစ်ကာ လမ်းမီးတိုင်များ၏အလင်းအနည်းငယ်သာရှိပြီး လမ်းတစ်ခုလုံးမှောင်လုနီးပါးဖြစ်နေ၏။


အရှေ့လမ်းသည် နေ့ဘက်၌ အလွန်အလုပ်ရှုပ်နေတတ်ကြသော်လည်း ညဘက်နောက်ကျချိန်များတွင်မူ သိပ်မလုံခြုံပေ။ အဆုံးမှာတော့ ဤနေရာတဝိုက်တွင် လူမိုက်ဂိုဏ်းများစွာ ရှိနေပြီး ညဘက်လမ်းလျှောက်ရန် အန္တရာယ်များဆဲဖြစ်၏။ ကံကောင်းစွာပင် စုရွေ့ကျယ်သည် သူ့အပေါ်ယံမြင်နေရသလောက် အားမနည်းနေချေ။ သူဆီရောက်လာသမျှ မည်သည့် ပြဿနာများကိုမဆို ဖြေးရှင်းနိုင်မည်ဖြစ်သည်ကို သူ့ကိုယ်သူယုံကြည်၏။ 


အိမ်ပြန်ရန်ပြင်နေစဉ် သိပ်မဝေးသောနေရာမှ တိုက်ခိုက်နေပြီး ဆူညံသံများကိုကြားလိုက်ရ၏။ စုရွေ့ကျယ်တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးအကြိမ်သူပြဿနာကြုံချိန်၌ သူ့အားကူညီရန်လာခဲ့သောလူအားတွေးလိုက်မိ၏။ သူသည် အခြေအနေကိုကြည့်ရန် သွားဖို့ဆုံးဖြတ်လိုက်ပြီး အကယ်၍ သူခိုးများ သူ့အားပစ်မှတ်ထားသည်ကိုခံရသကဲ့သို့ ကံမကောင်းသော ဖြတ်သွားဖြတ်လာတစ်ယောက်ဖြစ်ပါက သူတတ်နိုင်ပါက သူ့အား ကူညီပေးနိုင်လိမ့်မည်။ 


မမျှော်လင့်စွာဖြင့် စုရွေ့ကျယ်သည် အုပ်စုတစ်စုအားတိုက်ခိုက်နေသည်ကို သို့တည်းမဟုတ် အုပ်စုကြီးတစ်စုမှ အုပ်စုလေးတစ်စု၏လူများကို ၀ိုင်းရံထားသည်ကို တွေ့လိုက်ရ၏။ 


ထိုလူများသည် လမ်းကြားထဲတွင် ဝိုင်းရံခံထားရကာ အရိုက်ခံနေရ၏။ သူတို့၏လက်များသည် ကြည့်ကောင်းနေ*သော်လည်း တစ်ဖက်တွင်မူ တုတ်များ လက်နက်များ လက်အပြည့်ကိုင်ဆောင်ထားကြ၏။ ထိုလူများအနေဖြင့် မည်မျှသန်မာနေပါစေ ခြေလက်လေးဖက်စလုံးနှင့် ရိုက်နှက်ရန် ကြိုးစားသော်လည်း သိသိသာသာပင် နောက်ကာက်ကျနေပေလိမ့်မည်။ 


【TN ; ကြည့်ကောင်းနေတယ်ဆိုတာ ကျန်တဲ့လူမိုက်တွေလို တုတ်ဓားလက်နက် ဘာမှမပါ လက်ချည်းဗလာဖြစ်နေတာကိုပြောချင်တာ 】


ရုတ်တရက် ဝိုင်းရံခံနေရသောလူများထဲမှတစ်ယောက်သည် သူ့အားကြည့်လာ၏။ စုရွေ့ကျယ် ထိုအကြည့်၌ ရှော့ရသွားပြီး သူမထင်ထားသည်မှာ ထိုလူများ၏ ၀ိုင်းရံခံနေရသောလူမှာ ကျန့်ယွင်ဖြစ်နေ၏။ 


ကျန့်ယွင်ကို သူ့ခါးမှ သိုင်းမြှောက်ထားရပြီး သူ့ညီအစ်ကိုများမှ ကာကွယ်ပေးခဲ့ကြသော်လည်း အများအပြားထိခိုက်မိထားဆဲဖြစ်၏။ သူ့ သန်မာလှသောမျက်ခုံးများအားကြုံလာပြီး* စုရွေ့ကျယ်အား “ပြေး” ဆိုသည့်အမူအရာတစ်ခုလုပ်ပြလိုက်၏။ 


ကျန့်ယွင်၏ပုံကိုကြည့်လိုက်သည်နှင့် ဒဏ်ရာရထားပုံရမှန်းသိနိုင်၏။ သူဘယ်လိုများ သွားလိုက်နိုင်ပါ့မလဲ။


စုရွေ့ကျယ်သည် သူ့နှလုံးသားအောက်ခြေမှ ဒေါသထွက်လာသည်ကိုသာ ခံစားလိုက်ရ၏။ နေရာလွတ်ထဲမှ အလိုအလျောက်အရုပ်သေနတ်အသေးကိုထုတ်ယူလိုက်ကာ ရောင်းသူထံမှရခဲ့သော ပလပ်စတစ်ကျည်ဆံများထဲမှတစ်ခုကို ယူကာ ယမ်းတောင်ထည့်သည့်နေရာသို့ ထည့်လိုက်၏။ ထိုကျည်ဆံများသည် ပလပ်စတစ်များဖြစ်သော်လည်း လေ၏သက်ရောက်မှုကြောင့် ခန္ဓာကိုယ်အပေါ်တွင် အလွန်နာကျင်စေဆဲဖြစ်၏။ ဒေါသထွက်နေသော်လည်း သူ့တွင်ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း အချို့ရှိနေပါသေးသည်။ ယခုအချိန်သည် ကမ္ဘာကြီးအဆုံးသတ်မဟုတ်၍ သူ့ကိုယ်ပိုင် အထူးကျည်ဆန်များကိုသုံးရန်မဖြစ်ချေ။ လူ့အသက်များဖြစ်နေသဖြင့် သတ်ပြီးသည်နှင့် ဖြတ်လျှောက်သွားရန်မဖြစ်နိုင်ပေ။ သို့သော်လည်း အရုပ်သေနတ်နှင့် အရုပ်ကျည်ဆန်များသုံးခြင်းသည် အခြားကိစ္စဖြစ်သွားပေပြီ။ 


ပလပ်စတစ်ကျည်ဆန်များထည့်ပြီးနောက် စုရွေ့ကျယ်သည် ပြေးသွားလိုက်ပြီး ထိုအုပ်စုအား အရုပ်သေနတ်ဖြင့် ပစ်လေ၏။  


အုပ်စုသည် ပြင်ဆင်ထားခြင်းမရှိလေရာ သေနတ်သံကြားလိုက်ရသည်နှင့် သူတို့ခြေထောက်များ ပျော့ခွေသွားကြ၏။ တစ်ယောက်ယောက်က အရုပ်သေနတ်ဖြင့်ပစ်လာမည်ကို ဘယ်နေရာမှာမျှော်လင့်ထားကြပါ့မလဲ။ သူ့တို့ကိုယ်လုံးများ အပစ်ခံရချိန်တွင် သူတို့သေတော့မည်ဟု ထင်နိုင်လောက်သည်အထိ နာကျင်စေ၏။ ချက်ချင်းသူတို့၏လက်နက်များအား ပစ်ချကာ အော်ဟစ်ငိုယိုကာ ထွက်ပြေးသွားကြ၏။ 


စုရွေ့ကျယ်သည် ကျန့်ယွင်အား ဆွဲ

ကာ အလျင်အမြန်ထွက်ပြေးခဲ့ပြီး ထိုလူများမတုန့်ပြန်နိုင်ခင်ပင် ထိုပြဿနာနေရာအား ထားခဲ့လေ၏။