အခန်း(၈)《ဒဏ်ရာများအား ဂရုစိုက်ပေးခြင်း》
Author: Drunken Light Song
Source: Jostena M
Translator: オタク
လူများစွာသည် ပြေးလွှားနေကြပြီး စုရွေ့ကျယ် သူ့လက်ပေါ်ရှိအားများ သိသိသာသာတိုးလာသည်ကို ခံစားလိုက်ရသဖြင့် နောက်သို့လှည့်ကြည့်လိုက်သောအခါ ကျန့်ယွင်၏ဖြူဖျော့နေသောမျက်နှာသည် တဖြည်းဖြည်း ငုံ့ကျလာသည်ကို တွေ့လိုက်ရ၏။ ကံကောင်းစွာဖြင့် ကျန့်ယွင်၏ညီအစ်ကိုများက သူ့နောက်တွင်ရှိနေဆဲဖြစ်ကာ အား၀မ်ဟုခေါ်သော ဆံပင်အဝါနှင့်လူက သူ့အားကူညီခဲ့သော်လည်း အနည်းဆုံးတော့ ကျန့်ယွင်၏ဒဏ်ရာများအား နာကျင်ခွင့် မပြုနိုင်ပေ။
“လောင်တ၊ လောင်တ ”
လူများစွာသည် ဒဏ်ရာမျိုးစုံရခဲ့ကြသော်လည်း သူတို့သည် ကျန့်ယွင်၏အခြေအနေအား ပိုစိုးရိမ်နေကြ၏။
ထိုအချိန်တွင် စုရွေ့ကျယ်သည် ကျန့်ယွင်၏ ဘယ်ဘက်လက်ဖြင့်ကာထားသော သူ့၀မ်းဗိုက်နားတွင် သွေးများဖုံးလွှမ်းနေသည်ကိုတွေ့လိုက်ရသည်။
“ကျန့်တကော ဒဏ်ရာရထားတာလား ”
စုရွေ့ကျယ် အလွန်အံ့အားသင့်သွားပြီးမေးလာ၏။
“ဘယ်လိုတွေ ဖြစ်နေတာလဲကွာ ”
“ဘာမှမပြောနဲ့တော့...”
အနက်ရောင်အခြမ်းအားဖွင့်ချလိုက်ဖို့*စိတ်မရှည်တော့သော သန်မာသည့် လူငယ်လေးသည် ဆံပင်အဝါ အား၀မ်၏ နှောက်ယှက်တာခံလိုက်ရ၏။
【T/N ; ဒေါသထွက်ပေါက်ကွဲတာကိုပြောချင်တာလို့ထင်ပါတယ် 】
“သူ ငါတို့ကို ကယ်ခဲ့တာ ”
သူ သူ့အားစကားပြောလိုက်ပြီးသည်နှင့် စုရွေ့ကျယ်အားကြည့်လိုက်ပြီး ပြောလိုက်၏။
“အဲ့လူတွေ ဘယ်ကနေသတင်းရထားသလဲမသိဘူး။ ငါတို့ လောင်တက ရဲတစ်တစ်ကောင်* ပါဆိုပြီးပြောနေကြပြီး ငါတို့အဆင်သင့်မဖြစ်သေးခင်မှာပဲ သူ့ကိုထောက်ချောက်ချ အကွက်ဆင်ထားခံလိုက်ရတာ”
စု့ရွေ့ကျယ်မအံ့ဩတော့ပေ။ သူ့အရင်ဘ၀၌ ကျန့်ယွင်နှင့်ဆုံခဲ့ချိန်က ပျက်ကပ်ကြီးစတင်ပြီးနောက်ပိုင်းမှဖြစ်၏။ ထိုအချိန်တုန်းက ကျန့်ယွင်သည် ရဲတစ်ယောက်ဖြစ်ကြောင်း တစ်ခါဖော်ပြခဲ့သေး၏။ သို့သော်လည်း ထိုအချိန်တုန်းက သူသည် သူ့အကြီးဆုံးအဒေါ်အား အလွန်ကိုယုံကြည်နေခဲ့၏။ သူသည် ကျန့်ယွင်၏ စကားလုံးများအား အမြဲလိုလိုပင် သံသယ၀င်နေခဲ့၏။ သူသည် သူ၏သက်သေခံအချက်အလက်များအား အခြေစိုက်စခန်းသို့မသွားခင်အထိ အတည်ပြုခြင်းမရှိခဲ့ပေ။ သို့သော်လည်း သူမမျှော်လင့်ထားသည်မှာ ကျန့်ယွင်၏ သက်သေခံအချက်အလက်များဆုတ်ဖြဲခံလိုက်ရပြီး ဒဏ်ရာရလိမ့်မည်ဟုပင်။
ကံကောင်းစွာဖြင့် ယနေ့ သူအနီးအနားတွင်ရှိနေခဲ့၏။ တနည်းဆိုရသော် ကျန်ယွင် ဒဏ်ရာပိုရသွားမည်ကို သူကြောက်နေမိ၏။ ပျက်ကပ်ကြီးရောက်ဖို့ သိပ်မဝေးတော့ပေ။ အကယ်၍ ဒဏ်ရာကြီးမားစွာရထားပါက အစပိုင်းကာလများတွင် အလွန်ဆိုးရွားသော အခြေအနေတွင် ရှိသွားပေလိမ့်မည်။
ထိုအချိန်တွင် အနောက်ဘက်မှ ခြေသံများစွာတဟုန်ထိုးထွက်ပေါ် လာသဖြင့် လူများစွာသည် သူတို့ပါစပ်များအလျင်အမြန်ပိတ်လိုက်ကာ အနီးအနား လမ်းကြားထဲတွင် ပုန်းလိုက်ကြ၏။ ထိုလမ်းကြားတွင် အမှိုက်ကန်များစွာရှိနေပြီး အမှိုက်များဖြင့်ပြည့်နှက်နေ၏။ မင်း အဝေးတစ်နေရာကပင် အနံ့အသက်ဆိုးများအား ရနေနိုင်ပေသည်။
“မိအောင်ဖမ်း၊ သူတို့အဝေးကို ပြေးမသွားစေနဲ့ ”
လမ်းကြားထဲသို့လာကြည့်သောလူများသည် အနံ့ဆိုးထွက်နေသော အမှိုက်များထဲတွင်ရှာဖွေရန် တွန့်ဆုတ်နေကြ၏။
“ဒီကောင်တွေ အဖွဲ့ နှစ်ဖွဲ့ခွဲပြီး သွားလောက်တယ်။ မင်းတို့ သူတို့နေတဲ့နေရာကိုသွားပြီး စောင့်နေကြ။ လောင်တက ဒီကိစ္စကို သေချာပြီးအောင် လုပ်ခဲ့လို့ ပြောလိုက်တယ်။”
ထိုလူများထွက်သွားပြီးနောက် သူတို့သည် အမှိုက်ပုံးများနောက်မှ ထွက်လာကြသော်လည်း နံဟောင်နေသော သူတို့မျက်နှာများသည် သိပ်အခြေအနေမကောင်းကြတော့ပေ။
သူတို့နေထိုင်နေထိုင်နေကြသော ဟော်တယ် သို့မဟုတ် တခြားနေများများသို့ မသွားနိုင်ကြတော့ပေ။ ညလယ်ခေါင်ကြီးတွင် ဒဏ်ရာများရထားကြပြီး ဘယ်နေရာကိုမှမသွားနိုင်ကြပေ။
စုရွေ့ကျယ်သည် ထိုလူတစ်စုအား သူ့အိမ်ဟောင်းလေးသို့ ခေါ်သွားရုံသာရှိတော့သည်။
နေရာသည် အတော်လေးနုံချာစုတ်ပြတ်လှသော်လည်း အနည်းဆုံးတော့ သွားလို့ရနိုင်သည့် နေရာတစ်ခုပင် ဖြစ်လေ၏။
စုရွေ့ကျယ်၏ အိမ်ဟောင်းလေးသည် အခန်းတစ်ခန်းတည်းပါပြီး အပြင်ဘက်၌ ခြံ၀င်းငယ်လေးတစ်ခုပါသော အလွန်ရှေးကျသောလုံချင်းအိမ်လေးတစ်ခုဖြစ်သည်။ မီးဖိုချောင်နှင့် ရေချိုးခန်းသည် ခြံ၀င်းထဲ၌ ဖြစ်၏။
စုရွေ့ကျယ်သည် အခန်းထဲရှိတစ်ခုတည်းသော သစ်သားကုတင်လေးအား ဒဏ်ရာရနေသောကျန့်ယွင်ကို ပေးလိုက်ပြီး သူ့အ၀တ်အစားများကိုချွတ်လိုက်သောအခါ သူ့၀မ်းဗိုက်နားထွင် တစ်ဆယ်စင်တီမီတာခန့်ရှိသော သွေးထွက်နေသည့်ဒဏ်ရာတစ်ခုရှိနေပြီး ချွန်ထက်သောအရာကြောင့် ထိခိုက်ထားပုံရ၏။ သွေးထွက်နေသော ဒဏ်ရာကိုကြည့်လိုက်ပြီး လူများစွာသည် ဘာလုပ်ရမှန်းမသိကြတော့ပေ။
“ငါတို့ဘာလုပ်သင့်လဲ၊ ခင်ဗျားတို့ ဆေးရုံသွားချင်ကြလား ”
စုရွေ့ကျယ် စိတ်ရှုပ်ထွေးစွာမေးလိုက်၏။
အကယ်၍ ဤကဲ့သိုသော ဒဏ်ရာမျိုးရပါက ဒီအတိုင်းထား၍မဖြစ်ပေ။ ဒဏ်ရာက ဘယ်လောက်နက်မလဲ ဘယ်သူသိနိုင်မလဲ။ အတွင်းအင်္ဂါတစ်ခုခုကို ထိခိုက်သွားနိုင်မလား။ ရောဂါကူးစက်ခံရတာတွေဖြစ်လိမ့်မလား။
“မဖြစ်ဘူး၊ ဆေးရုံကိုသွားလို့မဖြစ်ဘူး”
နက်မှောင်သောအသားအရည်နှင့် လူငယ်က အခိုင်အမာပြောလာ၏။
အား၀မ်က သဘောတူကြောင်း ခေါင်းငြိတ်လိုက်ပြီး “ဆေးရုံကိုသွားဖို့က မဖြစ်နိုင်ဘူး။ ဒီလိုဒဏ်ရာမျိုးက သူ့ဘာသာထိခိုက်ထိထားတာလို့ပြောလို့မရဘူး။ မှတ်ချက်ရေးဖို့လိုလာရင် အဲ့ဒါက ပြဿနာတက်လိမ့်မယ်”
စုရွေ့ကျယ် ကျန့်ယွင်သည် လျို့ဝှက်ရဲတစ်ယောက်ဖြစ်သည်ကို သိနေသော်လည်း အကယ်၍ သူ့ကိုဆေးရုံကိုပို့လိုက်ပြီး ရဲများကိုဆွဲဆောင်လိုက်မိမည်ဆိုလျှင် အဖြေတစ်ခုပေးဖို့သေချာပေါက် လိုလာလိမ့်မည်ဖြစ်၏။
သို့သော်လည်း ဤညီအစ်ကိုငယ်လေးများသည် အခုထိမသိကြသေးချေ။ သူတို့က သူ့ကိုယုံလည်းယုံကြည်ကြ၏။ အကယ်၍ သူ့အချက်အလက်အားသူတို့သိသွားပါက သူတို့ ရန်သူများဖြစ်သွားပြီး သူ့အားဆန့်ကျင်ကြလိမ့်မလားဆိုသည်ကို သူမသိပေ။
“ဒါပေမယ့် မင်းတို့ ဒီအတိုင်းထားလိုက်လို့မရဘူးလေ...”
စုရွေ့ကျယ် အရင်ဆုံး သွေးထွက်နေသည်ကို တားရန်လုပ်ရမည်ဟုတွေးလိုက်သည်။ မတိုင်ခင်က သူ့ကိုယ်သူဒဏ်ရာရစေခဲ့သည်ကို သတိရလိုက်ပြီး သူအိုင်အိုဒင်းအရက်နှင့် ပိတ်ကျဲစများသူ့အိမ်၌ ၀ယ်ထားခဲ့သေးသည်။ ကျန့်ယွင်အတွက် ပိုးသတ်ပြီး သွေးထွက်နေသည်ကိုတားရန်ဖြစ်နိုင်ပါသေးသည်။
စုရွေ့ကျယ် အရင်ဆုံး ရေနွေးကြိုရန်သွားလိုက်ပြီး ကျန့်ယွင်၏၀မ်းဗိုက်အား သန့်ရှင်းသောတဘက်နှင့်သုတ်လိုက်၏။ သူသွားများကို အံကြိတ်ထားပြီး အိုင်အိုဒင်းအရက်အား ဂွမ်းစဖြင့်တို့ကာ သူ့အနာအား လိမ်းလိုက်၏။
ဆေးကြောင့်ယားယံသွားခြင်းကြောင့် ကျန့်ယွင်နိုးလာ၏။
သူ့ရှေ့ရှိခေါင်းများအားမြင်လိုက်ပြီးနောက် ကျန့်ယွင်သည် စိတ်ကိုအနည်းငယ်လျှော့လိုက်ကာ သက်တောင့်သက်သာဖြစ်သွား၏။ ထို့နောက် ပတ်၀န်းကျင်ကိုစူးစမ်းလိုက်ပြီး သူ့ရှေ့ရှိဆယ်ကျော်သက်လေး၏အိမ်ဖြစ်နိုင်ကောင်းခန့်မှန်းလိုက်၏။
“ကျေးဇူးတင်ပါတယ်”
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ... အဆင်ပြေပါတယ် ”
သူ့နက်ရှိုင်းသောမျက်လုံးများကြောင့် စုရွေ့ကျယ်၏နှလုံးသားလေးသည် မတတ်နိုင်ပဲ လျင်မြန်စွာ ခုန်ပေါက်လာတော့သည်။ သူသည် ဘာမှပြန်မပြောနိုင်ပဲ မျက်လုံးများအား အလျင်စလို ရှောင်ရှားလိုက်မိ၏။
“အား၀မ်၊ ဖုန်း ”
“ဟုတ် လောင်တ ”
အား၀မ်သည် ချက်ချင်း ချွတ်ထားသော ကျန့်ယွင်၏အ၀တ်အိတ်ကပ်ထဲမှ အနက်ရောင်ဖုန်းတစ်လုံးအားထုတ်ယူလိုက်၏။
“ငါဖုန်းတစ်ကောလ်လောက်ခေါ်လိုက်အုံးမယ်။ မင်းတို့အရင်ထွက်နှင့် ”
ကျန့်ယွင်သည် စုရွေ့ကျယ်အား တောင်းပန်လိုသည့်အကြည့်ဖြင့်ကြည့်လိုက်၏။ အပြင်လူတစ်ယောက်အနေဖြင့် သူ့အိပ်ယာအားသိမ်းပိုက်ထားပြီး သူ့အားမောင်းထုတ်သည်မှာ သိပ်ကြင်နာမှုမရှိလှသော်လည်း သူလုပ်ရမည်ပင်။
“ကောင်းပါပြီ ”
အား၀မ်သည် ဆေးလိပ်သောက်ရန် အနက်ရောင်အသားအရည်နှင့် လူငယ်အပြင် နောက်ထက် မျက်မှန်နှင့်လူတို့နှင့်အတူ ခြံ၀င်းထဲသို့ သွားလိုက်သည်။ စုရွေ့ကျယ်သည် သူ့အားပြုံးပြလိုက်ပြီး ချက်ချင်းသူတို့နောက် လိုက်သွားလိုက်၏။
ကျန့်ယွင်သည် သူ့အချက်အလက်များဖော်ထုတ်ခံလိုက်ရကြောင်း အထက်ညွှန်ကြားရေးမှူးအားတင်ပြရန်မျှော်မှန်းထားသည်။ ထို့နောက်မှာတော့ သူတို့ သူ့နေရာတွင် တစ်စုံတစ်ယောက်အား အစားထိုးရန်ပြုလုပ်သင့်သည်။ မှန်တယ်မလား။ တိုတိုပြောရလျှင် ကျန့်ယွင်ဘေးကင်းပြီး ကျန်းမာနေလိမ့်မည်ဟုသာ သူမျှော်လင့်ထားနိုင်ပေသည်။
ခြံ၀င်းထဲရှိ လူသုံးယောက်အားကြည့်လိုက်ပြီး သူ့အရင်ဘ၀၌ သူကျန့်ယွင်နှင့်ဆုံတွေ့ခဲ့ချိန်တွင် ကျန့်ယွင်ဘေး၌ လူများစွာ၀န်းရံနေခဲ့ကြသော်လည်း ဤသုံးယောက်ထဲမှ တစ်ယောက်မှ မပါ၀င်ခဲ့ပေ။ ပြီးတော့ ဤသုံးယောက်၏ကံကြမ္မာမည်သို့ဖြစ်သွားသနည်းဆိုသည်ကို သူမသိခဲ့ရပေ။ ဖြစ်နိုင်သည်မှာ ကျန့်ယွင်၏အချက်အလက်များဖော်ထုတ်ခံလိုက်ရပြီးနောက် သူတို့နှင့် ခွဲခွာသွားခြင်းကြောင့်ဖြစ်နိုင်သလို အမှန်ဖြစ်သည်ဟုလည်း မပြောနိုင်ပေ.....
“မင်းနာမည်က ဘာလဲ ”
အား၀မ် စကားပြောရန် စုရွေ့ကျယ်ဆီသို့သွားလိုက်၏။
“စုရွေ့ကျယ် ”
“ဟေး မင်းနောက်ဆုံးတစ်ကြိမ်တုန်းက ပေးခဲ့တဲ့ ချယ်ရီသီးတွေက အရသာရှိတယ်။ မင်းကိုယ်တိုင်စိုက်ထားတယ်လို့ မင်းပြောခဲ့တယ်မလား။ အဲ့ဒါက ဘယ်နေရာဘယ်နေရာမှာစိုက်ထားတာလဲ ”
“ကျွန်တော်... ကျွန်တော်တို့မိသားစုက အဲ့ဒါတွေစိုက်ဖို့ အရမ်းသေးတယ်။ အဲ့ဒါတွေက ဆင်ခြေဖုံးက ကျွန်တော့်သူငယ်ချင်းစိုက်ထားတာ။ တကယ်ကိုလတ်ဆတ်တယ်လို့ ကျွန်တော် ကတိပေးတယ်”
“ဟေးဟေး ငါသိတယ် ငါသိတယ်။ အဲ့ဒါတွေက မင်းတစ်ခါအရသာခံလိုက်တာနဲ့ အရသာရှိနေတာပဲ ”
အား၀မ်သည် ချယ်ရီသီးများကို သူကိုယ်တိုင် သို့မဟုတ် သူ့သူငယ်ချင်း စိုက်ထားသလားဆိုသည်ကို ဂရုမစိုက်ပေ။ သူလိုချင်သည်မှာ ကောင်းမွန်သောအရာများပင်။ သူထိုအကြောင်းပြောရခြင်းမှာလည်း စုရွေ့ကျယ်နှင့် ရင်းနှီးလို၍ပင်ဖြစ်သည်။
“အရုပ်သေနတ်ကို မင်းဘယ်နေရာကနေရခဲ့တာလဲ။ မင်းဘာလို့ ညနေခင်းကြီးမှာ အရုပ်သေနတ်သယ်ထားရတာလဲ ”
“ကျွန်တော် အရင်တနေ့က အလုခံရခါနီးဖြစ်သွားသေးတယ်။ အဲ့ဒါကြောင့် ကျနော် တစ်ပတ်ရစ်ဈေးကိုသွားပြီး အရုပ်သေနတ်တစ်ခု၀ယ်လာခဲ့တာ....အဲ့ဒါက လူတွေကို ခြောက်လှန်ဖို့အတွက်တင်ပါ”
“အိုး....”
သူတို့ တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောနေချိန်မှာပဲ အား၀မ်၏ဖုန်းမြည်လာခဲ့သည်။ အဲ့ဒါက သူတို့အထဲ၀င်လာဖို့ခေါ်လိုက်သော ကျန့်ယွင်ဆီမှဖြစ်၏။
ကျန့်ယွင်သည် စုရွေ့ကျယ်အားကြည့်လိုက်ပြီး ပြောလိုက်၏။
“ကျေးဇူးပြုပြီး မင်းဒီနေရာရဲ့လိပ်စာကို ငါ့ကိုပြောနိုင်မလား။ ငါ့မှာ ဆရာ၀န်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူလာပြီး ငါ့ဒဏ်ရာကို ကုဖို့ကူညီပေးလိမ့်မယ်။ အခုလောလောဆယ်အခြေအနေမှာ ငါမရွှေ့နိုင်ဘူးဖြစ်နေတယ် ”
“ရတာပေါ့ ”
စုရွေ့ကျယ်ချက်ချင်း လိပ်စာကိုတင်ပြလိုက်ပြီး ကျန့်ယွင်သည် စာတိုတစ်ခုပို့ပေးလိုက်၏။
“လောင်ဟေး* ၊ ယန်ချင့်* မင်းတို့ ဟုန်ရှင်းဟော်တယ်ကိုသွားလိုက်။ ငါဟုန်ကျဲ* ကိုပြောပေးထားတယ်။ သူမအခန်းတစ်ခန်းချန်ထားပေးဖို့။ ဒီနေရာကသေးတယ် မင်းတို့အကုန်လုံးဒီနေရာမှာနေဖို့ကျ အဆင်မပြေဘူး ”
【T/N ; ①လောင်ဟေးက အသားမဲတဲ့ကောင်လေးကိုခေါ်တာပါ။ ဟေးက အနက်ရောင်လို့အဓိပ္ပါယ်ရပါတယ်။② ယန်ချင့်ကကျ မျက်မှန်၀တ်ထားတဲ့သူကိုပြောတာပါ ပြောရရင် မှန်ကြောင် ဆိုတဲ့သဘောမျိုးပေါ့။ ③ဟုန်ကျယ် ကတော့ အစ်မဟုန် လို့ခေါ်တာပါ။ ဟုန်က တရုတ်လို အနီရောင်ပါ။】
“သိပါပြီ လောင်တ ”
အနက်ရောင်အသားအရည်နှင့်လူငယ်လေးနှင့် မျက်မှန်၀တ်ထားသော ကြက်သိုက်ခေါင်းနှင့်လူသည် ရိုးရိုးရှင်းရှင်းပင် ထွက်သွားလိုက်ပြီး ကျန့်ယွင်၏အမိန့်ကိုနာခံရုံသာ တတ်နိုင်လေသည်။
စုရွေ့ကျယ်သည် ကျန့်ယွင် အား၀မ်အားသွားခွင့်မပြုလိုက်ပဲ သူတို့ကြား လျို့ဝှက်ပြောစရာစကားများရှိသင့်သည်ကိုတွေးလိုက်ပြီး သူသည်မီးဖိုချောင်သို့ ကျိုထားသောရေနွေးအားကြည့်ရန်သွားလိုက်ပြီး သူတို့အားထားခဲ့လိုက်သည်။ သူအခန်းထဲသို့ပြန်ရောက်လာချိန်တွင် အား၀မ်ထွက်သွားနှင့်ပြီဖြစ်၏။
ကျန့်ယွင်နှင့် သူကိုယ်တိုင်သာ အခန်းထဲတွင်ကျန်နေခဲ့ပြီး ထိုအရာက သူ့အားပို၍ စိတ်လှုပ်ရှားစေပြီး သူ့နှလုံးသားလေး သူ့ရင်ဘက်ကနေခုန်ထွက်လာလုနီးပါးပင်ဖြစ်နေသည်။
“စုရွေ့ကျယ် ”
“အန် ”
ကျန့်ယွင် သူ့နာမည်ခေါ်သံကိုကြားလိုက်ရပြီး စုရွေ့ကျယ်လန့်သွားကာ သူ့အသံပင် အနည်းငယ်ကျယ်သွားသည်။ ကျန့်ယွင်အံ့ဩသွားသောအမူအရာကို မြင်လိုက်ပြီးနောက် သူ့မျက်နှာ ရုတ်တရက် အနီရောင်သို့ပြောင်းသွားတော့သည်။
စုရွေ့ကျယ်၏ ပုခုံးလေးများသည် အမှားတစ်ခုခုလုပ်ထားသောကလေးလေးတစ်ယောက်ကဲ့သို့ ကျုံ့နေပြီး သိမ်မွေ့နူးညံ့ပြီး ချစ်မြတ်နိုးစရာကောင်းသော မျက်နှာသေးသေးလေးသည် ရှက်သွေးနီရဲနေမှုကို မြင်လိုက်ရပြီး ကျန့်ယွင် မရယ်ပဲ မနေနိုင်ခဲ့ပေ။ ဒီကလေးက တကယ်ချစ်စရာလေး။ အား၀မ်ပြောအခုပြောပြခဲ့သဖြင့် ထိုကလေး၏လက်ထဲရှိ သေနတ်သည် အရုပ်သေနတ်တစ်ခုသာဖြစ်ပြီး လတ်တလောသူလုယက်သူများနှင့်ကြုံခဲ့သောကြောင့် သူ့ကိုယ်သူကာကွယ်ရန်နှင့် လူများအားကြောက်လန့်စေရန် အတွက်သာဖြစ်သည်ပင်။ အဲ့ဒါက သေစေနိုင်မှု နည်းနည်းလေးသာရှိသည်။
သူ ကောင်လေးအားရှင်းရှင်းလင်းလင်းတွေ့လိုက်ပြီး မြန်မြန်ထွက်ပြေးရန်ပြောလိုက်သော်လည်း သူပြတ်ပြတ်သားသားပင် ပစ်ခတ်နေဆဲဖြစ်ကာ သူ့အပေါ်တွင် အလွန်ကျေးဇူးတင်နေဆဲဖြစ်မည်ဟု ထင်ရသည်။
ထိုနေ့က ချွန်ထက်သောဓားတစ်ချောင်းနှင့်ပြိုင်ဘက်ကို ရင်ဆိုင်နေပြီး ဤလူငယ်လေးသည် လုံး၀ကြောက်ရွံ့မနေပေ။ ယနေ့တွင်လည်း လူအများကြီးကို အရုပ်သေနတ်ကလေးတစ်ခုနှင့်တိုက်ခိုက်ရန် ရင်ဆိုင်ရဲပြန်သည်။ ဤလူငယ်လေးသည် ရဲရင့်ပုံရသည့် အရူးလေးတစ်ယောက်ပင်...
တကယ်တော့ ဆယ်ကျော်သက်ကလေးအားတွေ့လိုက်သည့် ပထမဆုံးနေ့မှာပင် သူ့အပေါ်တွင် နားမလည်နိုင်သော နှစ်သက်မှုတစ်ခုဖြစ်ပေါ်လာခဲ့ပြီး နောက်ပိုင်းတွင် ဤလူငယ်လေးသည် သူမျှော်လင့်ထားသကဲ့သို့ နူးညံ့သည့်ပုံရိပ်နှင့်ခြားနားနေသည်ကို တွေ့ခဲ့ရပြီး ထိုအကြောင်းအားစုံစမ်းလိုခဲ့သည်။ ယခုသူ့အထက်လူကြီးနှင့်စကားပြောချိန်တွင် စုရွေ့ကျယ်၏အကြောင်းများကိုပါ အစီရင်ခံလိုက်သေးသည်။ လုပ်နေကျအတိုင်း ကိစ္စတချို့စုံစမ်းရန်သူအမြဲလုပ်ခဲ့သကဲ့သို့ ပင်။ သူ့နာမည်မှတဆင့်ရှာဖွေရန် လွယ်ကူလှပေသည်။ ထိုကလေး၏ အတွေ့အကြုံများသည် အလွန်စိတ်ပျက်စရာကောင်းသည်ဟုပြောနိုင်သည်။ အကယ်၍ သူမသန်မာပါက သူအသက်ရှင်သန်ဖို့ရန်ပင် မတတ်နိုင်မည်ကို စိုးရိမ်ရသည်။ အခုတော့ ကြည့်ရတာ သူက ဒီလို ရိုးရှင်းပြီး သန်မာတဲ့ကောင်ငယ်လေးတစ်ယောက်ဖြစ်ပုံရလေသည်။
ထိုကလေးအား သတိထားနေပြီး ထိုနေ့ကို တွေးလိုက်မိသောအခါ ကျန့်ယွင်အနည်းငယ်ရှက်သွားပြီး သူအရမ်းကို စစ်သားတစ်ယောက်ဆန်လွန်းသွားပုံရသည်။
ထိုအချိန်တွင် တံခါးခေါက်သံထွက်လာပြီး စုရွေ့ကျယ် တံခါးကို အလျင်စလိုသွားဖွင့်လိုက်သည်နှင့် ရိုးရိုးရှင်းရှင်း၀တ်ထားသောလူငယ်လေးတစ်ယောက်အား အပြင်တွင်ရပ်နေသည်ကိုတွေ့လိုက်၏။ သူသည် သူ့လက်ထဲတွင် ဆေးသေတ္တာတစ်ခုကိုသယ်ထားလေသည်။
စုရွေ့ကျယ်သည် သူသိသောလူတစ်ယောက်ဖြစ်သည်ကို တွေ့လိုက်ရပြီး အံ့ဩသွားရသည်။
ထိုလူ စုန့်ချန်ရှူ၊ သူ့အရင်ဘ၀ အစောပိုင်းနေ့ရက်များတွင် သူ့နောက်လိုက်ခဲ့သောလူများထဲမှ တစ်ယောက်ဖြစ်၏။ သူမြို့ထဲထွက်ပြေးသည့်အချိန်တုန်းက သူဇွန်ဘီတစ်ကောင်၏ပါးစပ်ထဲတွင် မတော်တဆသေဆုံးသွားခဲ့သည်။ မမျှော်လင့်စွာပင် သူနှင့်ကျန့်ယွင်သည် တစ်ဦးနှင့်တစ်ဦး အချိန်အတော်ကြာအောင် သိကျွမ်းခဲ့ကြပြီး သူကဆရာ၀န်တစ်ယောက်လည်း ဖြစ်နေခဲ့သည်။
စာရေးသူမှာ ပြောစရာရှိပါတယ်
【လမ်းမပေါ်က ပြဇာတ်ငယ်လေး 】
စုရှောင်ကျယ် : ကျန့်ရှောင်ယွင် မကြောက်နဲ့။ ငါလာကယ်မယ် ဒါ့ ဒါ့ ဒ့ါ...
ကျန့်ရှောင်ယွင် : အားကြီးလိုက်တာ၊ အပြာရောင်မီးတောက်တောင်ရှိတယ် ... အရုပ်သေနတ်ကြီးလား။
စုရှောင်ကျယ် : ဟမ်၊ နုံအလိုက်တာ၊ ဒါက သာမန်အရုပ်သေနတ်မဟုတ်ဘူး။ ဒါက အားမူစစ်ထုလန် ဟွေ့ရွှမ်ကျားစုဖန်းချီရှဲ့ အားမူစစ်ထုလန်ဖောင့်( Armstrong Cyclotron Jet Armstrong Cannon ပုံစံတူ)စိတ်မပူပါနဲ့။
ကျန့်ရှောင်ယွင် : အသံကအရမ်းကျယ်တယ်။ ဒါပေမယ့် အမြှောက်က တားတားတားဆိုပြီး ပေါက်ကွဲမှာလား။
စုရှောင်ကျယ် : ပိတ်ထား၊ ငါဟုတ်တယ်လို့ပြောရင်ဟုတ်လို့ပဲ။ ဒီအမြှောက်က အရမ်းအားကြီးတယ်။ သူ့ပုံစံကတင်ရန်သူတွေကို ကြောက်လန့်စေရုံတင်မကဘူး သုံးမယ့်သူမှာလည်း အရမ်းမြင့်တဲ့လိုအပ်ချက်ရှိတယ်။ စူးစမ်းလေ့လာလိုစိတ်ရှိရုံတင်မကဘူး လုံလုံလောက်လောက်လည်း လျင်မြန်ရမယ်။ ဒါကြောင့်ယေဘုယျအားဖြင့် သုံးဖို့မလွယ်ဘူး။
ကျန့်ရှောင်ယွင် : ဝါး , ကြည့်လို့ကောင်းလိုက်တာ၊ ဒါဆို ငါတို့
နောက်ထပ်ဘာလုပ်ရမလဲ။
စုရှောင်ကျယ် : ငတုံး၊ သေချာတာပေါ့ ထွက်ပြေးရမှာပေါ့။
ကျန့်ရှောင်ယွင် : ငါအရမ်းတုံးတာပဲ၊ တကယ်ကြီး။
ရန်သူများ: ငါတို့လာပြီ၊ လူတိုင်း ဒဏ်ရာတွေကို ဂရုစိုက်ကြ။