အခန်း(၉)
Viewers 12k

အခန်း(၉)《အိပ်ယာအတူတူမျှဝေခြင်း》


Author: Drunken Light Song

Source: Jostena M

Translator: オタク



စုန့်ချန်ရှု၏ ရုပ်ရည်သွင်ပြင်သည် လှပသည်ဟု ထင်ရနိုင်သော်လည်း လူတစ်ကိုယ်လုံးခြုံကြည့်လျှင် အလွန်သက်တောင့်သက်သာဖြစ်စေသော စိတ်နေသဘောထားရှိသည်။ သူသည် တံခါးလာဖွင့်သော စုရွေ့ကျယ်အား တွေ့လိုက်သောအခါ ချက်ချင်းပင်ပြုံးပြီး မိတ်ဆက်လာ၏။ 


“မင်္ဂလာပါ။ ကျွန်တော်က ကျန့်ယွင်ရဲ့သူငယ်ချင်းပါ။ စုန့်ချန်ရှုလို့ခေါ်ပါတယ် ”


“မင်္ဂလာပါ။ ၀င်လာခဲ့ပါ”


စုရွေ့ကျယ်သည် လျင်မြန်စွာပဲ သူ့အားအထဲသို့ဖိတ်ခေါ်လိုက်၏။ 


တံခါးကိုဖြတ်ပြီး၀င်လာချိန်တွင် စုန့်ချန်ရှုသည် ကုတင်ပေါ်တွင်လှဲနေသော ကျန့်ယွင်အား တစ်ချက်တည်းကြည့်လိုက်ရုံဖြင့် မြင်လိုက်လေသည်။ သူ့ဗိုက်ရှိဒဏ်ရာအား မြင်လိုက်ပြီးနောက် ချက်ချင်းပင် သူ့ စိတ်အခြေအနေဆိုးရွားလာရတော့၏။ 


စုရွေ့ကျယ် ခုံတစ်လုံးကို‌ မြန်မြန်ရွှေ့‌လိုက်ကာ အိပ်ရာဘေးတွင် ထားပေးလိုက်ပြီး စုန့်ချန်ရှုအား ထိုင်ရန်ပြောလိုက်သည်။ 


စုန့်ချန်ရှု သူ့အားကျေးဇူးတင်စွာဖြင့် ခေါင်းငြိတ်ပြလာပြီး ချက်ချင်းပင် သူယူလာခဲ့သော ဆေးသေတ္တာအားဖွင့်ကာ သူလိုအပ်သော ပစ္စည်းကိရိယာများအား ထုတ်ယူလိုက်သည်။ 


စုန့်ချန်ရှုသည် ကျန့်ယွင်၏ဒဏ်ရာအား သပ်ရပ်စွာ သန့်ရှင်းပေးပြီးနောက် ဂရုတစိုက်စစ်ဆေးပေး၏။ ကံကောင်းစွာပင် ဒဏ်ရာသည် သိပ်မနက်ပဲ အရေးကြီးသည့် အတွင်းအင်္ဂါများတစ်ခုကိုမှ မထိခိုက်ခဲ့ပေ။ ထို့ကြောင့် သူ ကျန့်ယွင်၏ဒဏ်ရာအားချုပ်ပေးပြီး ပိုးသတ်ထားသော ပိတ်ကျဲစဖြင့်စည်းနှောင်ပေးလိုက်၏။ စုန့်ချန်ရှုသည် ခွဲစိတ်မှုတွင် အကိုက်အခဲပျောက်ဆေး ထိုးပေးခြင်းမရှိပဲ အကိုက်အခဲပျောက်ဆေးပြားနှစ်လုံးသာ ပေးခဲ့သည်။ မော်ဖင်းကဲ့သို့သော ထုံဆေးမျိုးသည် အလွန်တင်းကြပ်ထားသည်။ အချိန်တိုအတွင်းတွင် စုန့်ချန်ရှုအတွက် သူတို့အားမရနိုင်ပေ။ သူ အကိုက်အခဲပျောက်ဆေးနှစ်လုံးသာသုံးနိုင်ပြီး နာကျင်သက်သာစေနိုင်စွမ်းသည် မော်မင်းကဲ့သို့သောထုံဆေးမျိုးနှင့်ယှဉ်လျှင် ရေပုံးထဲမှရေတစ်စက်နှင့်ပင်တူလေကာ ဘာမှမရှိသည်ထက်တော့ ပိုကောင်းပါသေးသည်။ အစကနေအဆုံးထိ ကျန့်ယွင်သည် စကားတစ်လုံးမျှ မပြောခဲ့ချေ။ 


တစ်ဆက်တည်းပင် စုန့်ချန်ရှုသည် ဆားရည်နှစ်ထုပ်ကိုထုတ်လိုက်ကာ ယောင်ယမ်းမှုသက်သာစေသောဆေးများထည့်လိုက်ပြီး ကျန့်ယွင်၏အကြောထဲသို့သွင်းပေးလိုက်၏။ 


“ဒဏ်ရာက မင်းအတွက် အရေးကြီးတယ်။ ဒဏ်ရာကအတော်လေးကြီးလို့ ငါအဲ့ဒါကိုချုပ်ထားပေးပေမယ့် အချိန်တိုအတွင်းလှုပ်ရှားဖို့တော့ အကြံမပေးဘူး ”


စုန့်ချန်ရှုစကားပြောလို့ပြီးသွားချိန်တွင် စုရွေ့ကျယ်အားကြည့်လိုက်ပြီး တောင်းပန်စကားဆိုလိုက်၏။ 


“မင်းကိုဒုက္ခပေးမိမလားမသိပေမယ့် သူ့ကိုမင်းအိမ်မှာ ရက်နည်းနည်းလောက်နေခွင့်ပြုလို့ရမလား ”


တကယ်တော့ သူ့ပါးစပ်ကိုအခုလိုဖွင့်ပြောဖို့ အတော်လေးရှက်နေမိ၏။ စုရွေ့ကျယ် မိသားစုအခြေအနေအတော်လေးမကောင်းကြောင်း တစ်ချက်လေးကြည့်လိုက်ရုံနှင့်သိနိုင်၏။ သူ့မိသားစု၀င်များ ဤအကြောင်းမပြောခဲ့သော်လည်း သူ့ကံကအတော်လေးဆိုးလှ၏။ သူက အခုမှ ဆယ်ကျော်သက်အရွယ် တစ်၀က်လောက်သာရှိသေးသော်လည်း သူ့အားစောင့်ရှောက်ရန် မိသားစု၀င်တစ်ယောက်မှမရှိတော့ပေ။ အကယ်၍ကျန့်ယွင်နေမည်ဆိုလျှင် ဒဏ်ရာအား ပြုစုစောင့်ရှောက်ပေးရမည့်တာ၀န်သည် စုရွေ့ကျယ်အပေါ်၌သာ လုံးလုံးလျားလျား ကျရောက်လာတော့မည်ဖြစ်သည်။ 


သို့သော်လည်း စုန့်ချန်ရှုတွင် အခြားရွေးချယ်စရာမရှိပေ။ ပထမဆုံးအချက်၊ ကျန့်ယွင်၏ထိခိုက်ဒဏ်ရာသည် လှုပ်ရှားမှုတစ်ခုခုလုပ်ရန်အမှန်တကယ်ကိုလုံး၀မသင့်လျော်ပေ။ ဒုတိယအချက်၊ သူ့အချက်အလက်သည် ဖုံးကွယ်ထားပြီး သူဘာကြောင့်ရုတ်တရက် ဖော်ထုတ်ခံလိုက်ရသည်ကိုမသိရသေးပေ။ အတွင်းလူကြောင့်လား၊ မဟုတ်ဘူးလား မသေချာသေးပေ။ မာဖီးယားအဖွဲ့များသည် ကျန့်ယွင်၏အချက်အလက်များအား ဖော်ထုတ်လိုက်ပြီး လှုပ်ရှားမှုများ အဆက်မပြတ်စတင်လာကြ၏။ ကျန့်ယွင်သည် ဖော်ထုတ်မပြနိုင်သော အဖြူအမဲ အခြေအနေတွင်ကျရောက်နေပြီး ဤကိစ္စနှင့်မသက်ဆိုင်သော စုရွေ့ကျယ်၏အိမ်တွင်နေထိုင်သည်က ပို၍အန္တရာယ်ကင်းပေသည်။ 


ပြော‌နေသည့်အကြောင်းကို ကြားလိုက်ရပြီး ကျန့်ယွင် မျက်မှောင်သာသာကြုတ်မိ၏။ သူ့ကိုယ်ပိုင်ကိစ္စများကြောင့်နှင့် အပြစ်မရှိသောလူများအား မထိခိုက်စေလိုပေ။ မဖြစ်ဘူးဟု သူပြောလိုက်ချင်သော်လည်း စုရွေ့ကျယ်၏ “ကောင်းပြီ” ဆိုသော ပြတ်ပြတ်သားသားအသံဖြင့် အမြန်‌ပြန်ဖြေသံကို ကြားလိုက်ရ၏။ 


စုန့်ချန်ရှု၏တောင်းဆိုမှုသည် စုရွေ့ကျယ်၏နှလုံးသားထဲရှိဆန္ဒ ဖြစ်နေမည်ကို သူတို့ဘယ်လိုသိပါ့မလဲ။ သူ ကျန့်ယွင့်နှင့်နီးစပ်ဖို့ရန်အခွင့်အရေးမရှိမည်ကို စိုးရိမ်နေရပြီး အခုတော့ ကောင်းကင်ကနေ ကြီးမားတဲ့ပိုင်မုန့်ကြီးတစ်ခုကျလာပြီလေ။


ပြင်းပြင်းထန်ထန်သာကြိုးစား မဟုတ်ရင် မင်းပိုင်ဆိုင်ဖို့မဖြစ်နိုင်တော့ဘူး။ 


စုရွေ့ကျယ် မရယ်မိစေရန် သူ့ပေါင်အားအပြင်းအထန်ဆိတ်ထားရ၏။ 


【T/N ; ရယ်နေပါပြီ ကလေးစုတ်လေးရယ် ಥ‿ಥ】


စုန်ချန်ရှု ထိုအကြောင်းနှင့်ပတ်သတ်ပြီး အများကြီးမတွေးခဲ့ပေ။ သူ ဤလူငယ်လေးက အတော်လေးရိုးရှင်းပြီး ကြင်နာတတ်သည်ဟုပင်တွေးခဲ့ပြီး သူ့အားကျေးဇူးတင်စွာ ပြုံးပြလိုက်၏။ 


“မင်းအေးအေးဆေးဆေးနေလို့ရတယ်။ ကျန့်ယွင်မှာပိုက်ဆံရှိတယ်။ ကုသနေတဲ့အတောအတွင်း ကုန်ကျတဲ့ စရိတ်တွေအကုန်သူပေးလိမ့်မယ် ”


စုန့်ချန်ရှု ကျန့်ယွင်အားရယ်နေ‌သော်လည်း ထိုစကားတွင် ဆိုလိုချင်သည့် အဓိပ္ပါယ်တချို့ရှိနေ၏။ သူတို့ကလေးတစ်ယောက်ဆီကနေ အခွင့်အရေးယူလို့မဖြစ်ပေ။ သူနေ့တိုင်း အသီးအရွက်များရောင်းကာ ပိုက်ဆံရှာရကြောင်း သူကြားခဲ့ရပြီး ထိုအကြောင်း သူနားထောင်ဖို့ရန် မလွယ်ကူခဲ့ပေ။ အကယ်၍ သူကူညီနိုင်ပါက ကူညီပေးလိမ့်မည်ပင်။ 


“မဟုတ်ပါဘူး မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်တော့်မှာပိုက်ဆံရှိပါတယ် ”


စု‌ရွေ့ကျယ် မဟုတ်ဘူးဟုပြောရန် သူ့လက်များကိုပင် ဝှေ့ယမ်းလိုက်၏။ 


ပထမဆုံး ကျန့်ယွင်သူ့သူငယ်ချင်း၏မျက်လုံးများအားကြည့်လိုက်ပြီးနောက် စုရွေ့ကျယ်အား အကူအညီမဲ့စွာ ကြည့်လိုက်ပြီး 


“ဒီရက်တွေမှာ မင်းကိုဒုက္ခဖြစ်စေရတော့မယ် ”


“ဒုက္ခမဟုတ်ပါဘူး ဒုက္ခမဟုတ်ပါဘူး....”


စုရွေ့ကျယ်၏မျက်နှာသည် ရုတ်တရက်ပင် အနီရောင်သို့ပြောင်းသွားတော့၏။ 


အရမ်းရှက်နေတာလား။ ဒီကလေးကအရမ်းချစ်ဖို့ကောင်းတာပဲ....


ကျန့်ယွင်ကော စုန့်ချန်ရှုပါ တစ်ချိန်တည်းပင် တွေးမိလိုက်ကြ၏။ 


စုန့်ချန်ရှုသည် ယောင်ယမ်းခြင်းသက်သာစေသော ဆေးများကို ရက်များစွာအတွက်ထားခဲ့လိုက်ပြီးနောက် ထွက်သွားလေသည်။ 


“မင်း....”


ကျန့်ယွင် စကားတချို့ပြောချင်ခဲ့သော်လည်း စုရွေ့ကျယ်က ကြောက်လန့်နေသောယုန်တစ်ကောင်ကဲသို့ထွက်ပြေးသွားလေ၏။ 


“ကျွန်တော် ကျွန်တော် ကျွန်တော် ....ကျွန်တော်ဆေးကြောလိုက်အုံးမယ်”


ကလေး၏ထစ်ထစ်အအစကားများ အဝေးမှထွက်လာ၏။ 


ကျန့်ယွင် ကလေးစကားပြောချိန်တွင် နီရဲနေမည့်ချစ်စရာမျက်နှာလေးကိုပင် မြင်ယောင်နိုင်လုနီးပါးပင်။ သူရယ်မောလိုက်ရင်း ခေါင်းခါလိုက်ကာ ချစ်စရာကောင်းပြီးရိုရှင်းသော ကောင်လေးအား နည်းနည်းပင်အချစ်ပိုလာရတော့၏။ စုရွေ့ကျယ် သူ့တကိုယ်ရည်တကာယပြဿနာများအား ပျံ‌နေသကဲ့သို့ အလျင်ဖြင့် ဖြေရှင်းလိုက်၏။ ထို့နောက်အခန်းထဲရှိဇလုံထဲသို့ရေပူထည့်ကာ စိတ်လှုပ်ရှားမှု ရှက်ရွံ့မှုများဖြင့် စိတ်ခုန်စွာပြောလိုက်၏။ 


“ကျွန်တော့်ကို ကူညီသန့်ရှင်းပေးခွင့်ပြုမလား ”


ကျန့်ယွင်၏ကိုယ်တွင် သန့်ရှင်းရမည့် သွေးစက်များ များစွာကျန်နေသေး၏။ မဟုတ်လျှင် ဘက်တီးရီးယားများ အလွယ်တကူ ကူးစက်နိုင်ပေသည်။ 


“မင်းကိုအနှောက်အယှက်ပေးရတာ အားနာပါတယ်”


စုရွေ့ကျယ် သူ့ဂျင်းများအားချွတ်ပေးလိုက်ပြီး သူ့ခန္ဓာကိုယ်အား ဂရုတစိုက်သုတ်သင်ပေးလိုက်၏။ သူ့ရဲ့သန်မာလှသော ခန္ဓာကိုယ်ပုံပန်းသွင်ပြင်ကိုမြင်လိုက်ချိန်တွင် သူ့မျက်နှာသည် သွေးထွက်လာလုနီးပါး ရှက်သွေးဖြာသွားရတော့ပြီး ကမန်းကတန်းပင် စောင်အပါးလေးတစ်ခုကိုယူကာ ကျန့်ယွင်အားဖုံးပေးလိုက်ရ၏။ 


【T/N ; ဘာမြင်သွားသလဲမှမသိတာ တို့လည်းကြည့်ချင်တာပေါ့ ပြအုံး ಥ‿ಥ 】


အကုန်ပြီးစီးသွားသောအခါ ညလယ်ခေါင်ပင်ရောက်လုနီးနေပြီဖြစ်၏။ အနားယူရမည့်အချိန်ပင်...


ယခု စုရွေ့ကျယ်နှင့်ကျန့်ယွင်တို့ လူနှစ်ဦးသာကျန်ခဲ့ပြီး အခန်းထဲတွင် အိပ်ယာကလည်းတစ်ခုတည်းပင်ရှိ၏။ 


အဲ့ဒါမှ တကယ့်ပြဿနာကြီး ....


သူ ကျန့်ယွင်နဲ့ အိပ်ယာပေါ်မှာ ပူးကပ်ချင်နေတာမျိုးလား။


စုရွေ့ကျယ်မလုပ်ရဲပေ။ သူအလွန်စိတ်လှုပ်ရှားနေပြီ သူ့မြင်းခြေထောက်ကိုဖော်ပြမိလိုက်မည်ကို ကြောက်နေသည်။ 


《A/N ; His horse's feet ဆိုတာက သူ့ကိုယ်သူဖော်ပြလိုက်မိ တာမျိုးကိုဆိုလိုတာပါ။ 》


【T/N ; ကလေးက ကိုကို့‌အပေါ်ခံစားချက်တွေကို ဖော်ပြလိုက်မိမှာစိုးရိမ်နေတာပေါ့ကွာ။ ပြောချင်တာက အတူအိပ်ရင် ဘာဘာညာညာတုန့်ပြန်မှုတွေဖြစ်လာလိမ့်မယ် အဲ့လို အဲ့လို →_→】


သူ့အတွက်ကတော့ ကျန့်ယွင်က သူ့အရင်ဘ၀မှာ ချစ်ခဲ့ရတဲ့လူတစ်ယောက်ဖြစ်ပြီး သူ့အတွက် အရမ်းအရေးကြီးသည့် လူတစ်ယောက်ပင်။ သို့သော်လည်း လက်ရှိကျန့်ယွင်သည် သူနှင့်ဆို သူစိမ်းတစ်ယောက်ဖြစ်၏။ ကျန့်ယွင်‌ သူ့အပေါ်တွင် မကောင်းသည့် နားလည်မှုလွဲခြင်းများ သူမလိုချင်ပေ။ 


ဤကိစ္စမှာ သူကြမ်းပေါ်တွင် အိပ်သည်ကပိုကောင်းပေမည်။ ဘာပဲဖြစ်ဖြစ် ရာသီဥတုက ပူပြီးရင်း ပူလာနေပြီး ဘီရိုထဲတွင် အဖိုး၏ဖျာတစ်ခုရှိကြောင်းသူသတိရလိုက်သည်။ 


စုရွေ့ကျယ်ဖျာရှာရန် ပြန်လှည့်သွားသောအခါ ကျန့်ယွင်သည် သူ့ရည်ရွယ်ချက်ကိုသတိထားမိပြီး အကူအညီမဲ့စွာဖြင့် သူ့ခေါင်းကိုခါကာ ပြောလိုက်၏။ 


“အလုပ်ရှုပ်မနေပါ‌နဲ့တော့။ မင်းဘာလို့လာပြီး ငါတို့အတူမအိပ်ရတာလဲ။ အိပ်ယာက အတော်လေးကြီးနေပါသေးတယ်”


“အာ့.. ”


စုရွေ့ကျယ် သူ့ခေါင်းအား တအံ့တဩဖြင့်လှည့်ကြည့်လိုက်၏။ 


“လာခဲ့”


သူ့မျက်နှာပေါ်ကအမူအရာမဲ့နေမှုအားတွေ့လိုက်သောအခါ သူတုန့်ဆိုင်းနေသောအမူအရာဖြင့်နောက်တစ်ခါကြည့်လိုက်ပြီး ချက်ချင်းပင် ထပ်ပြောလိုက်၏။ 


“ငါ အိမ်ရဲ့ပိုင်ရှင်ကိုတော့ ကြမ်းပြင်မှာအိပ်ဖို့ခွင့်မပြုနိုင်ဘူး။ တကယ်လို့မင်းမလာဘူးဆိုရင် ငါဒီမှာမနေရဲတော့ဘူး ”


စုရွေ့ကျယ်သည် မီးပိတ်လိုက်ရန်အပြင်ရွေးချယ်စရာမရှိတော့ပဲ အခြားစောင်တစ်ထည်ကိုယူကာ ဖြေးညင်းစွာဘေးဘက်လို့ရွေ့လာပြီးနောက် ငုံးလေးတစ်ကောင်ကဲ့သို့ အိပ်ယာအစွန်းနားကိုသာ နေရာယူလိုက်ရတော့၏။ 


“ဒီဘက်ကိုတိုးပါ။ ဘယ်သူမှ ကိုက်မစားပါဘူး ”


ကျန့်ယွင် ရယ်ရမလား ငိုရမလား ပင်မသိတော့ချေ။ 


“ကျွန်တော်အိပ်တာက မကောင်းဘူး။ ကျွန်တော် ခင်‌ဗျားရဲ့ဒဏ်ရာကိုထိမိမှာစိုးတယ် ”


ဤအကြောင်းပြချက်ကလက်ခံနိုင်သဖြင့် ကျန့်ယွင်နောက်ထပ်တွန့်ဆုတ်မနေတော့ပေ။ 


စုရွေ့ကျယ်သည် ကျန့်ယွင်၏ဘေးနားမှာဆိုလျှင် သူအိပ်မပျော်နိုင်ဘူးဟုတွေးထားသော်လည်း မမျှော်လင့်စွာဖြင့် ခဏအကြာတွင် အိပ်ငိုက်ခြင်းက လွှမ်းခြုံသွားပြီး အိပ်စက်ခြင်းသို့ကျရောက်သွားတော့၏။ 


အိပ်မပျော်နိုင်သည့် လူကတော့ ကျန့်ယွင်ဖြစ်၏။ အဆုံးမှာတော့ ဒဏ်ရာက ပူလောင်နာကျင်နေဆဲဖြစ်၏။ အိပ်မပျော်နိုင်သဖြင့် ကျန့်ယွင် ပတ်၀န်ကျင်အားမသိစိတ်ကြောင့်လှည့်ပတ်ကြည့်လိုက်၏။ 


အိမ်သည် နှစ်များစွာကတည်းကဆောက်ထားခဲ့ပုံရ၏။ နှစ်ဆယ်  သို့မဟုတ် သုံးဆယ်စတုရန်းမီတာခန့် အကျယ် ရှိပြီး သေးငယ်လှသည်မဟုတ်သော်လည်း သနားစရာ ပရိဘောဂနည်နည်းသာရှိလေ၏။ ထိုအခန်းထဲတွင် စားပွဲတစ်လုံး၊ ထိုင်ခုံအနည်းငယ်၊ ဘီရိုတစ်လုံး၊ သစ်သားကုတင်တစ်လုံးနှင့် ဆိုဖာအဟောင်းတစ်လုံးသာလျှင် ရှိပြီး ဘ၀နေထိုင်မှုအလွှာများကိုပင် ဖော်ပြလုနီးပင်ဖြစ်၏။ 


စက်ဝိုင်းပုံလှည့်ပတ်ကြည့်ရှုပြီးနောက် ကျန့်ယွင်၏အမြင်သည် သဘာ၀ကျစွာပင် သူ့ဘေးနားတွင်လှဲနေသော စုရွေ့ကျယ်ထံသို့ ကျရောက်သွား၏။ ကလေး၏ ခန္ဓာကိုယ်သည် အပြည့်အ၀မကြီးထွားသေးပဲ ပိန်ညောင်သောခြေလက်များက အလွန့်အလွန်အားနည်းပုံရ၏။ သို့သော်လည်း သူသည် သူ့အသွင်အပြင်ကဲ့သို့ အားမနည်းလှကြောင်း ကျန့်ယွင်သိ၏။ လူတစ်ယောက်သည် သူ့အပေါ် အသေးအဖွဲအမှားတစ်ခု တစ်ကြိမ်လောက်လေး ကျူးလွန်ခဲ့ပါ သူ့ခြေသည်းချွန်လေးများကို ထုတ်ပြကာ သူတို့အား သွေးထွက်သံယိုသင်ခန်းစာတစ်ခုပေးလိုက်လိမ့်မည်။ 


ထိုသို့သော နူးညံ့ မာကြောပြီး ရိုးရှင်းကြင်နာသောကလေးအပေါ် ကောင်းမွန်သောခံစားချက်မရှိရန် သူ့အတွက်အမှန်တကယ်ကိုနည်းလမ်းမရှိပေ။ 


ရုတ်တရက် စုရွေ့ကျယ်သည် တစ်ဖက်သို့လှည့်လာပြီး သူ့မျက်နှာအားကျန့်ယွင်ဘက်သို့ လှည့်လာ၏။ 


ပြတင်းပေါက်အပြင်ဘက်ရှိလရောင်ဖြင့် ကျန့်ယွင်သည် လူငယ်လေး၏မျက်နှာအား ရှင်းလင်းစွာမြင်ရသည်။ 


လူငယ်လေး၏အသားအရည်သည် ဖျော့တော့ကာ သူ့အသက်ကြောင့်ဖြစ်ပြီး ထိုအရာက အလွန်ချောမွေ့ကာ အစက်ကလေးတစ်စက်ကိုတောင်မှ မမြင်နိုင်ပေ။ သူ့ဆံပင်လေးများကလည်းနူးညံ့ကာ သူ့နဖူးလေးအား ဖုံးနေသည်မှာ အမွှေးပွအကောင်လေးသကဲ့သို့ပင်။ သူ့မျက်နှာသွင်ပြင်သည် အလွန်သိမ်မွေ့ပြီး သူ့မျက်ခုံးနှင့်မျက်လုံးလေးများသည် ပျော့ပြောင်းနူးညံ့ကာ သူ့လက်ကလေးများအား တင်းတင်းဆုပ်ထားပြီး သူ့ရင်ဘက်နားသို့ကပ်ထားလေ၏။ သူ့မျက်နှာလေးတွင် ကလေးအဆီလေးများရှိနေဆဲဖြစ်ကာ ပန်းနုရောင်သန်းနေပြီး ပါးစပ်ကလေးက အနည်းငယ်ပွင့်ဟနေ၏။ သွားလေးများကြားမှနေ သေးငယ်သော ပန်းနုရောင်လျှာ‌ကလေးကိုပင်တွေ့နိုင်လေ၏။ 


ကျန့်ယွင်၏နှလုံးသားထဲမှ တုန်လှုပ်သွားပြီး သူ့အမြင်အာရုံကို အမြန်လွှဲလိုက်ကာ သူစိတ်လွတ်သွားမည်ကို တားဆီးလိုက်ရ၏။ 


ဤချစ်စရာကောင်းသောကောင်ငယ်လေးသည် သူ့အကြိုက်နှင့် အတော်လေးကိုက်ညီလှ၏...


ကျန့်ယွင်တွင် သူ့ကလေးဘ၀ကတည်းက ရည်းစားကောင်မလေးတစ်ယောက်မှ မရှိခဲ့ပေ။ သူစာလေ့လာချိန်တွင် သူ့လေ့လာမှုများအပေါ်တွင်သာအာရုံစိုက်ထားခဲ့၏။ သို့သော်လည်း သူ ရဲသင်တန်းကျောင်းသို့ ၀င်ရောက်သွားသည့်အခါမှသာ သူအမျိုးသမီးများအား မနှစ်သက်ကြောင်း ရှာတွေ့ခဲ့၏။ သူ့အား စိတ်၀င်စားစေသည်မှာ အမျိုးသားများပင်ဖြစ်၏။ ရဲသင်တန်းကျောင်းထဲတွင် သူတို့အားလုံးသည် သူ့ကဲ့သို့သော လူကောင်ကြီးကြီးများပင်ဖြစ်ကာ သူစိတ်၀င်စားမှုအား ဘယ်သောအခါမှ လှုံဆော်မပေးနိုင်ခဲ့ကြပေ။ သူဘွဲ့ရသည့်အချိန်တွင် သူသည် ရုတ်တရက်ပင် ရဲတပ်ဖွဲ့၏အရေးပါသော ခေါင်းဆောင်များထံမှ ရွေးချယ်ခြင်းခံလိုက်ရ၏။ နောက်ပိုင်း၌ သူရဲတစ်ယောက်ဖြစ်ကြာင်းကိုဖုံးကွယ်ထားခဲ့ကာ လမ်းလူမိုက်တစ်ယောက်ဖြစ်လာခဲ့၏။ ထိုလူမိုက်များကလည်း အလွန်ညစ်ပတ်ကာ သည်းခံနိုင်စွမ်းမရှိကြပဲ ထိုလူများက သူ့အားစိတ်၀င်စားစေရန် မဖြစ်နိုင်ပေ။ 


စုရွေ့ကျယ်တစ်ယောက်တည်းကသာလျှင် သူ့အားတောက်ပသောခံစားချက်မျိုးအား ခံစားစေနိုင်ပြီး သူမတတ်နိုင်စွာပင် နားမလည်နိုင်သော ကောင်းမွန်သည့်ခံစားချက်များ ဖြစ်ပေါ်လာစေခဲ့သည်။ 


ကံမကောင်းစွာပင် သူက အတော်လေးငယ်နေဆဲဖြစ်၏။


ဒါပေမယ့် သူကြီးလာသည်အထိစောင့်ဖို့ စိတ်ရှည်မှုသူ့မှာရှိပါတယ်။ သူ့နှလုံးသားနှင့်သင့်တော်တဲ့သူတစ်ယောက်၀င်ရောက်လာနိုင်ဖို့ဆိုတာ အရမ်းရှားပါးတယ်လေ။ သူဘယ်လိုများ ကောင်းကောင်းမဖမ်းဆုပ်ထားပဲနေနိုင်ပါ့မလဲ။


【T/N; FBI ကပါ လက်မြှောက်ထားလိုက်တော့ ကျန့်ရှောင်ယွင်ရေ (☞ ಠ_ಠ)☞ သူကတော့ဇွတ်ပါပဲ စောင့်ပါ့မယ်တဲ့ဗျာ 】


စာရေးသူမှာ ပြောစရာရှိပါတယ်။


《ထူးဆန်းသောပြဇာတ်ငယ်လေး 》


စုရှောင်ကျယ် : ငါမင်းကိုကယ်မယ်။


ကျန့်ရှောင်ယွင် : ဟမ်၊ 


စုရှောင်ကျယ် : မင်းငါ့ကို သံသယ၀င်နေတာပဲ။ 


ကျန့်ရှောင်ယွင် : ဟမ်၊ တောင်းပန်ပါတယ်။


စုရှောင်ကျယ်: မင်းငါ့ကို သံသယ၀င်နေရင်တောင် ငါကတော့ မင်းကိုကယ်ပေးနေတုန်းပဲ။


ကျန့်ရှောင်ယွင် : မင်း၊ မင်းကလူကောင်းတစ်ယောက်ပဲ။ 


စုရှောင်ကျယ်: ကျစ်၊ ငါမင်းကိုကယ်ပေးလို့ မင်းဆီက လူကောင်းကတ်တောင်းမနေဘူ။း


ကျန့်ရှောင်ယွင် : ???


ညီငယ်လေးများ : လောင်တ လောင်တ၊ ကယ်တင်ပေးတဲ့ကျေးဇူးကို ကတိက၀တ်ပြုလိုက်သင့်တယ်။ 


ကျန့်ရှောင်ယွင်: ငါသိပြီ၊ အပြားလိုက်လှဲချ၊ လာပါ ???


စုရှောင်ကျယ် : ဒီဦးနှောက်နဲ့ ဘယ်လိုမျိုး လျို့၀ှက်အေးဂျင့်တစ်ယောက်ဖြစ်လာတာလဲ →_→



ဘာသာပြန်သူမှာပြောစရာရှိပါတယ်။ 


ပြဇာတ်ငယ်လေးက တ

ရုတ်ကနေ mtl ကနေမှတဆင့်ပြန်ထားရတာပါ။ Etranက မထည့်ထားပေးပါဘူး။ ကိုယ်က အဲ့လိုပြဇာတ်ငယ်လေးတွေကိုချစ်လို့ တကူးတကထည့်လိုက်တာပါ။ ဆိုတော့ တစ်ခုခုအမှားပါခဲ့ရင် ကျွန်တော့အမှားပါခင်ဗျာ ( ꈍᴗꈍ)