အခန်း(၁၀)
Viewers 12k

အခန်း(၁၀)《ဈေး၀ယ်ထွက်ခြင်း》


Author: Drunken Light Song

Source: Jostena M

Translator: オタク



ကျန့်ယွင် သူဘယ်အချိန်အိပ်ပျော်သွားသလဲမသိလိုက်ပေ။ သို့သော်လည်း သင်းပျံ့လှသောအစားအသောက်အနံ့ကြောင့် နိုးလာခဲ့သည်။ 


ထိုအရာက သူ့အမေ မမျှော်လင့်စွာဆုံးပါးသွားပြီးကတည်းက မနက်ခင်းတိုင်းတွင် တစ်ခါမှမရခဲ့ဖူးသောအနံ့ဖြစ်လေသည်။ 


ထိုအချိန်တွင် အနောက်ဘက်ခြံ၀င်းနှင့် ဆက်သွယ်ထားသောတံခါး ပွင့်လာပြီး စုရွေ့ကျယ်သည် ဂျုံယာဂုပူပူပန်းကန်တစ်လုံးနှင့် ဟင်းပန်းကန်အသေးနှစ်ခု သုံးခုပါသော ဗန်းတစ်ခုနှင့်အတူ၀င်လာခဲ့သည်။ 


“ခင်ဗျား၊ ခင်ဗျား နိုးနေပြီလား ”


သူ ကျန့်ယွင်နိုးနေသည်ကိုမြင်လိုက်သောအခါ သူ့ဖြူဖွေးသောမျက်နှာသေးသေးလေးတွင် ချစ်စဖွယ်အနီရောင်တိမ်တိုက်လေးနှစ်ခု နောက်တစ်ကြိမ်ပေါ်လာခဲ့၏။ 


ကျန့်ယွင် ကောင်လေး၏ စိတ်လှုပ်ရှားပြီး ရှက်ရွံ့နေသော သေးငယ်သည့်ပုံရိပ်လေးအား မြင်လိုက်ပြီး သူ့မျက်နှာတွင်လည်း မသိမသာအပြုံးတစ်ခု ပေါ်လာခဲ့လေ၏။ 


စုရွေ့ကျယ်သည် ဗန်းအားထိုင်ခုံတစ်ခုပေါ် အရင်တင်ထားလိုက်ကာ စားပွဲတစ်ခုကို ဘေးနားသို့ဆွဲရွေ့လာခဲ့ပြီးနောက် သူပြင်ဆင်ထားသောအစားအသောက်များအား စားပွဲပေါ်သို့ တစ်ခုချင်းတင်လိုက်သည်။ 


ဂျုံယာဂုတွင် အလွန်ပျော့ပျောင်းသော ကောင်းညင်းဖြူကိုပါထည့်ပြုတ်ထားပြီး အစိမ်းရောင် ကြက်သွန်မြိတ်ကွင်းလေးများဖြင့် အလှဆင်ထားကာ အလယ်တည့်တည့်တွင် လတ်ဆတ်လှသောပဲငံပြာရည်အနည်းငယ်လောင်းထည့်ထားပြီး အပေါ်ယံတွင် ဆီအလွှာပါးပါးလေးဝေ့တက်နေကာ ထိုအချင်းအရာက အလွန်ကိုစားချင့်စဖွယ်ဖြစ်နေ၏။ ပန်းကန်သေးလေးသုံးခုသည် ဟင်းနုနယ်ရွက်ကြော်၊ သခွားသီးအေး နှင့် ဆီတို့ဟူးတို့ဖြစ်ကာ ဂျုံယာဂုနှင့် အလွန်လိုက်ဖက်သင့်လျော်ပေ၏။ 


“မင်းကိုယ်တိုင်လုပ်ထားတာလား ”


ကျန့်ယွင် အံ့ဩမှုတစ်ချို့နှင့်မေးလိုက်၏။ 


စုရွေ့ကျယ်၏မျက်နှာသေးသေးလေးသည် ရုတ်တရက်ပိုမိုနီရဲလာခဲ့ပြီး ရှက်ရွံ့နေသောအမူအရာတစ်ချို့နှင့် ပြောလိုက်၏။ 


“ကျွန်တော်လုပ်ထားတာပါ။ ကျွန်တော်ထင်တာက ခင်ဗျားဒဏ်ရာရနေချိန်မှာ ဆီများတဲ့အစားအစာတွေမစားသင့်ဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော်ခင်ဗျားအတွက် ယာဂုတချို့ချက်လိုက်တာ။ အဲ့ဒါက ခင်ဗျားအရသာနဲ့ကိုက်မကိုက်တော့မသိဘူး။ ခင်ဗျားမြည်းကြည့်ချင်လားဟင် ”


“ဒါပေါ့”


ကျန့်ယွင်အလွန်ပျော်ရွှင်နေ၏။ သူသည် သူ့ကိုယ်ပိုင်မနက်စာကို ချက်ပြုတ်ဖို့အတွက် နှစ်သက်၏။ အရသာကအလွန်ဆိုးဝါးနေလျှင်တောင် သူအဲ့ဒါကို အသင့်စားခေါက်ဆွဲလိုမျိုး မျက်နှာအရောင်မပြောင်းဘဲတောင် စားနိုင်လိမ့်မည်။ 


“မင်းအတွက်ကကော။ မင်းစားပြီးသွားပြီလား ”


“ကျွန်တော်က စားပြီးသွားပြီ”


စုရွေ့ကျယ် ကျန့်ယွင်အတွက်ဂျုံယာဂုချက်ဖို့ထတဲ့ မနက်အစောကတည်းက မီးဖိုထဲမှာ ကြက်ဥနှစ်လုံးကိုပြုတ်ထားလိုက်၏။ 


ကျန့်ယွင် ‌ကောင်လေးကသူနှင့်အတူစားမှာမဟုတ်သဖြင့် စိတ်မကောင်းဖြစ်သွားသော်လည်း စုရွေ့ကျယ် သူ့အတွက် မနက်စာပြင်ဆင်ပေးခဲ့သည်ကိုတွေးလိုက်ပြီး ပျော်ရွှင်သွား၏။ ကျန့်ယွင်သည် စုရွေ့ကျယ်ရဲ့လက်ရာကို အရမ်းမမျှော်လင့်ထားခဲ့ရုံသာ။ ကလေးငယ်လေးတစ်ယောက်က ဘယ်လောက်ကောင်းတဲ့ ဟင်းချက်ကျွမ်းကျင်မှုမျိုး‌ရှိနေပါ့မလဲ။


သို့သော်လည်း ကျန့်ယွင်ဇွန်းကိုယူလိုက်ပြီး ဂျုံယာဂုတစ်ဇွန်းကို သူ့ပါးစပ်ထဲထည့်လိုက်သည်နှင့် အလွန်အံ့သားသင့်ဖွယ်ကောင်းသော ခံစားချက်မျိုး ခံစားလိုက်ရ၏။ ဂျုံယာဂုကို ကြက်သားနှင့် လတ်ဆတ်သောပဲငံပြာရည်တို့ဖြင့် အလွန် သေသေချာချာချက်ပြုတ်ထားသဖြင့် ဂျုံယာဂုတစ်ပန်းကန်လုံးကို ပိုမိုအရသာရှိအောင်ပြုလုပ်နေ၏။ ထို့နောက် သူ အသင့်အတင့်ကျက်ရုံ ကြော်ထားသောဟင်းနုနယ်ရွက်နှင့် သခွားအေးကိုမြည်းကြည့်လိုက်၏။ ထိုဟင်းပွဲနှစ်ခုလုံးသည် အဆင့်မြင့်သောနည်းပညာများဖြင့် ချက်ပြုတ်ထားခြင်းမျိုးမဟုတ်ဘဲ ရိုးရှင်းသောဟင်းပွဲလေးများပင် ဖြစ်သော်လည်း ကျန့်ယွင်သည် အစားအသောက်များအား အလွန်ကိုကျေနပ်စေ၏။ 


ဆီတို့ဟူးနှင့် ဂျုံယာဂု၏ အရသာသည် အလွန်ကောင်းမွန်၏။ 


ကျန့်ယွင်သည် စုကွေ့ကျယ် သူ့အတွက်ပြင်ဆင်ပေးထားသောအရာအားလုံးအား ပြောင်သလင်းခါသည်အထိ စားပစ်လိုက်၏။ 


“အဲ့ဒါက အရသာရှိတယ်။ကျေးဇူးတင်ပါတယ် ”


“မဟုတ်ပါဘူး။ ရပါတယ်”


ကျန့်ယွင်၏ ချီးကျူးစကားကိုကြားပြီး စုရွေ့ကျယ်မျက်လုံးလှလှလေးများ ကိုင်းညွတ်သွားသည်အထိ ပြုံးလိုက်၏။ တကယ်တော့ သူသည် ချက်ပြုတ်သည့်နေရာတွင် မတော်ပါချေ။ သူငယ်ငယ်လေးကတည်းက အဖိုးနှင့်နေခဲ့ရသော်လည်း ခြိုးခြံချွေတာရမည့်အခြေအနေကြောင့် များသောအားဖြင့် သူကိုယ်တိုင်ချက်ပြုတ်လေ့ရှိသော်လည်း အစားအသောက်ရှားပါးသဖြင့် ဟင်းပွဲအများကြီးကိုမချက်ပြုတ်နိုင်ခဲ့ပေ။ အဓိကအားဖြင့် အသင့်အတင်ကျက်ရုံ ကြော်ထားသော ဟင်းသီးဟင်းရွက်များ၊ ထမင်းချက်ခြင်း၊ ဂျုံယာဂုချက်ခြင်း၊ နောက်တစ်ဆင့်အနေဖြင့် ခေါက်ဆွဲများသာ... အနီရောင်ငံပြာရည်နှင့်အသီးအရွက်များအတွက်ကတော့ သူ ဘာတစ်ခုမှမသိတော့ပေ။ 


ယနေ့အတွက် သူ့မနက်စာသည် အလွန်ရိုးရှင်းပြီး သာမန်ဟုသာ ပြောနိုင်သော်လည်း ယွင်တကောသည် သူတို့အကုန်လုံးကို အလေအလွင့်မဖြစ်စေခဲ့ပေ။ ယွင်တကောသည် အမှန်တကယ်ကို အလွန်ကောင်းမွန်သောလူတစ်ယောက်ဖြစ်သည်။ 


ထိုအ‌တွေးနှင့် စုရွေ့ကျယ်သည် ပန်းကန်များအားဆေးကြောရန် ပျော်ရွှင်စွာ သွားလေ၏။ 


ကျန့်ယွင်၏ခံစားချက်သည်လည်းပဲ အလွန့်အလွန်ကိုကောင်းမွန်နေ၏။ စုရွေ့ကျယ်သည် မကုန်ခန်းနိုင်သော ရတနာတွင်းလေးဖြစ်ကြောင်း ရှာတွေ့လိုက်ပြီး ကောင်လေးသည် သူကိုမမျှော်လင့်သော အံ့ဩမှုများ အချိန်တိုင်းယူဆောင်လာပေးတတ်သည်။ 


မနက်စာပြဿနာအား ဖြေရှင်းပြီးနောက် စုရွေ့ကျယ်တစ်စုံတစ်ခုအတွက် စိုးရိမ်လာ၏။ သူဒီနေ့ ဟင်းသီးဟင်းရွက်တွေရောင်းဖို့ သွားသင့်လား။အကယ်၍ သူဟင်းသီးဟင်းရွက်တွေမရောင်းဘူးဆိုလျှင် ပိုက်ဆံရှာဖို့ တတ်နိုင်လိမ့်မည်မဟုတ်ပေ။ ရောက်လာတော့မည့် ပျက်ကပ်ကြီးအားရင်ဆိုင်နိုင်ရန် ပိုက်ဆံအများကြီးရှာကာ အရံအတွက် လိုအပ်သောပစ္စည်းများအား ပမာဏအများကြီး၀ယ်ထားရပေမည်။ အခုတော့ ကျန့်ယွင်သည် သူ့အိမ်တွင်ကုသနေသဖြင့် သူ့အသီးအရွက်များအားရောင်းဖို့ရန်အတွက် သူကျန့်ယွင်အားနောက်တွင်မထားခဲ့နိုင်ပေ။ သူလားလုပ်နိုင်မှာ။


အကယ်၍ ကျန့်ယွင်ရုတ်တရက်ကြီး မသက်မသာဖြစ်လာမယ်ဆို ဘယ်လိုလုပ်မလဲ။ ပျင်းနေမယ်ဆိုရင်ကောဘယ်လိုလုပ်မလဲ။ သူ သူ့ကိုရှာချင်တယ်ဆိုရင်ကော ဘယ်လိုလုပ်ပါ့မလဲ။


သို့သော်လည်း သူဒီအတိုင်းထိုင်နေဖို့ရန်လည်း မဖြစ်ပေ။ သူ ယနေ့အသီးအရွက်များ မရောင်းဘူးဆိုလျှင်တောင် တချို့အရာများ၀ယ်ဖို့ လိုအပ်နေသေးသည်။ ကျန့်ယွင်၏အ၀တ်များသည် သွေးများစွန်းထင်းနေပြီး လဲလှယ်ရန်၀တ်စုံအချို့ယူရမည်။ ထို့အပြင် တဘက်များ၊ သွားတိုက်တံများ နှင့် ဖိနပ်ပါးများကဲ့သို့သော နေ့စဉ်အသုံးအဆောင်များလည်း ၀ယ်ရမည်။ ကျန့်ယွင်အား သူ့ပစ္စည်းများကို မသုံးခိုင်းနိုင်ပေ။ သူဘယ်လိုလုပ်ခိုင်းနိုင်မှာလဲ။ ဟင်းချက်နည်းစာအုပ်တစ်အုပ်နှင့် ကြက်တစ်ကောင်လည်း၀ယ်ချင်ပြီး ကျန့်ယွင်အတွက် ကြက်သားစွတ်ပြုတ်အချို့ ချက်ပေးဖို့ကြိုးစားရန် ပြန်လာရမည်။ မင်းလူတစ်ယောက်ကို အချိန်တိုင်း ဂျုံယာဂုနဲ့ သက်သတ်လွတ်ဟင်းတွေချည်းစားခိုင်လို့မရဘူးလေ။ မင်းလုပ်နိုင်လား။ ဒဏ်ရာရထားတဲ့သူက အာဟာရအများဆုံးလိုအပ်တယ်။ 


အချိန်အကြာကြီး ရှုပ်ထွေးနေပြီးနောက် စုရွေ့ကျယ် အပြင်သွားရန်ဆုံးဖြတ်လိုက်၏။ သို့သော်လည်း သူ အမြန်ဆုံးနှုန်းနှင့် ပြန်လာလိမ့်မည်ဖြစ်၏။ 


စုရွေ့ကျယ်သူ့အခန်းသို့ပြန်သွားပြီး သူပစ္စည်းတချို့၀ယ်ရန်အပြင်သွားမည့်အကြောင်း ကျန့်ယွင်အားပြောခဲ့သော်လည်း သူမပြီးသေးခင်ပင် ကျန့်ယွင်ဖြတ်ပြောတာခံလိုက်ရ၏။ 


“အချိန်ကိုက်ပဲ။ ကိုယ်ကလည်း မင်းကို ကိုယ့်အတွက်ပစ္စည်းတချို့ သွား‌၀ယ်ပေးစေချင်နေတာ ”


ပြောနေရင်း ကျန့်ယွင်သူ့လက်အားဆန့်ထုတ်လိုက်ပြီး သူမနေ့ကချွတ်ထားပြီး ထိုင်ခုံအနောက်တွင်တင်ထားခဲ့သောအ၀တ်အစားများကိုယူလိုက်ပြီး အိတ်ကပ်ထဲမှ ဘဏ်ကတ်တစ်ခုထုတ်ယူလိုက်ကာ စုရွေ့ကျယ်အားကမ်းပေးလိုက်၏။ 


“မင်းဒီကတ်ကိုယူသွားလိုက်။ passwordက 66666 ပြီးတော့ ဒီထဲမှာရှိနေတဲ့ပိုက်ဆံထဲက မင်းသုံးဖို့အတွက်အလကားပဲ” 


“အိုး”


စုရွေ့ကျယ် မရေမရာဖြင့် ကတ်အားလက်ခံလိုက်၏။ 


“မင်းရဲ့အိမ်မှာ ပစ္စည်းတွေ တော်တော်ရှားတယ်။ အခုက နည်းနည်းလောက်ထပ်ထည့်ဖို့အချိန်ပဲ။ TVတစ်စုံလောက်၀ယ်တာပိုကောင်းတယ်။ မင်းညဘက်အားတဲ့အချိန် သတင်းလေးဘာလေးကြည့်တာပိုကောင်းတာပေါ့။ ပြီးတော့ လေအေးပေးစက်။ အခုက ရာသီဥတုက ပူပြီးရင်း ပိုပူလာပြီလေ။ လေအေးပေးစက်မရှိပဲ ငါနောက်ထက်ထပ်မနေနိုင်ဘူး။ မင်းရဲ့အိမ်အတွက် မင်းလိုချင်တဲ့စက်တစ်ခုခုများရှိသေးလား? မင်းသိတဲ့အတိုင်း ငါမင်းအိမ်မှာ ရက်နည်းနည်းနေရအုံးမယ်။ မင်း ငါ့အ၀တ်အစားတွေကို ငါကိုယ်တိုင်လျှော်ခိုင်းလို့မရဘူးလေ။ မင်းလုပ်နိုင်လား။ တစ်ခု၀ယ်လိုက်တာပိုကောင်းတယ်။ ပြီးတော့ မင်းရဲ့အ၀တ်ဘီရိုကိုပြောင်းလိုက်..သူတို့ကအကုန်ပြဲစုတ်နေပြီလေ...”


ကျန့်ယွင် စကားအများကြီးပြောပြီး ၀ယ်ဖို့ပစ္စည်းအများအပြားစာရင်းပြုစုပြီး တစ်ကိုယ်လုံးအံ့ဩတုန်လှုပ်ပြီး အနက်ရောင်မျက်လုံးတစ်စုံနှင့် ကြောင်ကြည့်နေသော စုရွေ့ကျယ်အားတွေ့လိုက်ပြီး ရွှင်မြူးစွာမေးလိုက်၏။ 


“ရှောင်ကျယ် အကုန်လုံးကိုကြားလိုက်ရဲ့လား ”


“ကြားတာလား..ကြားလိုက်ပါတယ်”


စုရွေ့ကျယ် အသိစိတ်ပြန်ရောက်လာပြီး လျင်မြန်စွာ ခေါင်းငြိတ်လိုက်၏။ 


“သွားကြစို့ ”


“ကောင်းပါပြီ ”


စုရွေ့ကျယ်ပြန်ဖြေလိုက်ပြီး ထွက်သွားလိုက်၏။


ကျန့်ယွင်က သူ့အား TVတစ်စုံ၊အ၀တ်လျှော်စက်နှင့် လေအေးပေးစက်၀ယ်ရန် သူ့ကတ်အားပေးလိုက်ချိန်တွင် စုရွေ့ကျယ် သူ့ဘာသာငြင်းဆိုလိုက်သည်။ သူက ပျက်ကပ်ကြီးကရောက်ခါနီးနေပြီး ထိုအရာများ၀ယ်ပြီး ပိုက်ဆံဖြုန်းတီးရန်မလိုအပ်ဟု ခံစားခဲ့ရသည်။ သို့သော်လည်း ကျန့်ယွင်၏စကားများမှဆိုလိုသည့် သူဒီမှာရက်အနည်းငယ်နေမည်ဆိုသည်ကို ကြားလိုက်ပြီးနောက် စုရွေ့ကျယ်၏နှလုံးသားလေးသည် တဒုန်းဒုန်းခုန်နေပြီး သူ့ခံစားချက်များလည်းမြင့်တက်လာလေသည်။ သူ့ကိုယ်ပိုင်စကားများဖြစ်ပါက ပေါ့ပေါ့ပါးပါးသာထားလိုက်မည်ဖြစ်သော်လည်း ကျန့်ယွင်၏စကားများဖြစ်နေသဖြင့်ခြားနား၏။ သူတစ်ယောက်နှင့်တစ်ယောက် အကောင်းဆုံးများသာပေးချင်သည်။ သူကျန့်ယွင်လိုအပ်သမျှအား အကုန်အတိအကျ၀ယ်ပြန်လာမည်။ သူ ဒီနေရာမှာ ပိုပြီးသက်တောင့်သက်သာနဲ့ နေပါစေ။ 


စုရွေ့ကျယ်သည် မြို့၏အကြီးဆုံးစူပါမားကတ်သို့ ဘတ်စ်ကားဖြင့်သွားလိုက်ပြီး ဈေးသက်သာဆုံး ရောင်စုံTVအပြင် ဈေးအပေါဆုံး အ၀တ်လျှော်စက်နှင့် လေအေးပေးစက်တို့ကိုပါရွေးချယ်လိုက်၏။ အိမ်မှာ ရေခဲသေတ္တာအဟောင်းတစ်ခုရှိနှင့်ပြီး အသစ်တစ်ခုထပ်၀ယ်ပြီး ပိုက်ဆံဖြုန်းဖို့မလိုအပ်ပေ။ နောက်ဆုံးကုန်ကျစားရိတ်ကိုတစ်ချက်ကြည့်လိုက်သောအခါ ‌ယွမ်လေးထောင်နီးပါးဖြစ်၏။ စုရွေ့ကျယ် ကုန်ကျငွေကို ရင်နာနာဖြင့်ပေးချေလိုက်၏။ ကြီးကြီးမားမား ပစ္စည်းများဖြစ်သဖြင့် စူပါမားကတ်မှ အခမဲ့ပို့ဆောင်ပေးခြင်းရှိနိုင်သည်။ ထို့ကြောင့်စု‌ရွေ့ကျယ်သည် သူ့လိပ်စာအားပေးထားခဲ့ပြီး အခြားပစ္စည်းများ၀ယ်ရန် သွားလိုက်သည်။ 


သူသည် အမျိုးသား၀တ်ဧရိယာတစ်ဝိုက်တွင် နေ့တစ်၀က်လောက်လှည့်ပတ်နေပြီး နောက်ဆုံး၌ သာမာန်T-shirtတစ်မျိုးကိုသာ ရွေးလိုက်သည်။ သူ T-shirt ကို Lဆိုဒ်နှင့် S ဆိုဒ်အတွက် ငါးထည်စီ၀ယ်လိုက်ပြီး ကျန့်ယွင်အတွက် ဘောင်းဘီအများအပြား၀ယ်ယူခဲ့ကာ အကုန်လုံးသည် ချည်သားစစ်စစ်ဖြင့်ပြုလုပ်ထား၏။ ထိုအရာများသည် ၀တ်လိုက်လျှင် သက်တောင့်သက်သာရှိလိမ့်မည်။ ခြေအိတ်များ၊ ဖိနပ်များ၊ သွားတိုက်ဆေး၊ သွားတိုက်တံများ၊ ဘရက်ရှ်များ၊ ခွက်များ၊ တဘက်များ၊ ဆေးကြောရန်ဇလုံများ နှင့် အခြားနေ့စဉ်လိုအပ်သည့်အသုံးအဆောင်ပစ္စည်း၀ယ်ယူပြီးနောက် စုရွေ့ကျယ်သည် လတ်လတ်ဆတ်ဆတ်ပစ္စည်းများထားသည့်ဧရိယာသို့သွားလိုက်ပြီး လတ်ဆတ်သောအသားအမျိုးမျိုးကို၀ယ်ခဲ့လိုက်သည်။ သူအိမ်ပြန်ပြီး ဟင်းချက်နည်းများအတိုင်း ကျန့်ယွင်အတွက် ဟင်းပွဲများကို ကြိုးစားချက်ပြုတ်ပေးရန် စီစဉ်ထားသည်။ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများအတွက်မူ သူလည်းမလိုအပ်သည့်အပြင် သူတို့အတွက် အခန်းလည်းမရှိနေပေ။ 


အဆုံးမှာတော့ စုရွေ့ကျယ်သည် အိတ်ကြီးအိတ်ငယ်များနှင့်အတူ စူပါမားကတ်မှ ထွက်လာခဲ့၏။ သူ တက္ကစီအတွက်ပိုက်ဆံဖြုန်းရန်မတတ်နိုင်ပေ။ သူအဝေးသို့ လမ်းလျှောက်သွားလိုက်ပြီး ဘယ်သူမှမရှိသောနေရာတစ်ခုကို ရှာတွေ့လိုက်ကာ တိတ်တဆိတ်ပင် သူ့လက်ထဲရှိနေသောအရာများအကုန်လုံးကို နေရာလွတ်ထဲသို့ ထည့်လိုက်၏။ ‌ထို့နောက် စာအုပ်ဆိုင်သို့အလွယ်တကူသွားလိုက်ပြီး ချက်ပြုတ်နည်းစာအုပ်နှစ်အုပ်၀ယ်ခဲ့လိုက်၏။ တစ်အုပ်သည် ချက်ပြုတ်ခြင်းတွင်အထူးပြုထားသော စတင်သူများအတွက်ဖြစ်ပြီး တစ်အုပ်သည် အိမ်ချက်ဟင်းပွဲများချက်ပြုတ်နည်းစာအုပ်ပင်ဖြစ်သည်။ စာအုပ်နှစ်အုပ်ရှိ ပုံများသည် အလွန်ဆွဲဆာင်နိုင်ပေသည်။ 


ကားပေါ်မှဆင်းပြီးနောက် အိမ်ကိုပြန်လာပြီး လမ်းကြားထဲတွင်မည်သူမျှမရှိသည်ကိုတွေ့ကာ နေရာလွတ်ထဲမှ အိတ်များကို တဖန်ပြန်ထုတ်ယူလိုက်ပြီး အိမ်ထဲသို့လျှောက်၀င်သွားလိုက်၏။ 


“ကျွန်တော်ပြန်လာပြီ ”


စုရွေ့ကျယ်သည် အိတ်မျိုးစုံအား မြေပြင်ပေါ်သို့ အမောတကောဖြင့် ချထားလိုက်၏။ 


ကျန့်ယွင်သည် သူ့ခုံးများအနည်းငယ်ကြုံသွားကာ ကောင်လေး၏ချွေးစိုပြီး ပင်ပန်းနေသောအမူအရာအားကြည့်လိုက်ပြီး ပြောမပြနိုင်သောနာကျင်မှုတစ်ခုခံစားလိုက်ရလေသည်။ 


“မင်းအဲ့ဒါတွေကို ကိုယ်တိုင်သယ်ပြန်လာတာတော့မဟုတ်ဘူးမလား။ တက္ကစီငှားစီးခဲ့ဘူးလား ”


“ကျွန်တော်တက္ကစီနဲ့ပြန်လာခဲ့တာပါ...ဒါကအိမ်ပေါက်၀ကနေ သယ်လာခဲ့ရုံလေးတင်ပါပဲ”


စုရွေ့ကျယ်အပြစ်ရှိသောစိတ်နှင့်ပြောလိုက်ပြီးနောက် ပစ္စည်းများကိုယူက ‌အနောက်ဘက်ခြံ၀င်းသို့ပြေးသွားလေ၏။ 


သူ ကောင်လေးပြေးသွားသည်ကိုမြင်ပြီး အကူအညီမဲ့စွာနှင့်ပဲ ခေါင်းခါလိုက်၏။ စုရွေ့ကျယ်၏ အပြစ်ရှိသောစိတ်သည် သူ့မျက်နှာပေါ်တွင်တိုက်ရိုက်ပင်ရေးထားလေသည်။ သူတစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထိုကလေးလိမ်နေကြောင်းသိသည်။ ခန့်မှန်းရလျှင် ပိုက်ဆံကြောင့်စိတ်ဆင်းရဲနေပြီး တက္ကစီစီးဖို့ ၀န်လေးနေသည်ပဲဖြစ်ရမည်။ 


သူအနာဂါတ်တွင် ကောင်လေး၏ကပ်စေးနဲတတ်သောပြဿနာအား ပြုပြင်ရန် နည်းလမ်းတစ်ခုရှာရမည်။ 


စာရေးသူမှာပြောစရာရှိပါတယ် 


ကျန့်ယွင်: လစာကတ်က အိမ်ထောင်မှုထိန်းသိမ်းဖို့အတွက် ဇနီးလေးလက်ထဲမှာ ကိုင်ထားသင့်တယ် 


ရှောင်ကျယ်: ရှက်သွေးဖြာသွား ~ > //////// <


【မော့ရှန့်ရေးထားသောပြဇာတ်ငယ်လေး 】


စုရှောင်ကျယ် : ကျွန်တော်ရှက်သွေးဖြာနေတာလား။ 


ကျန့်ရှောင်ယွင် : အပြင်ဘက်မှာ နူးညံ့သိမ်မွေ့တဲ့လူငယ်လေးက တကယ်တော့ အလွယ်တကူ ရှက်တတ်တဲ့ ယုန်ငယ်လေးလိုပဲ၊ စားချင်စရာလေး။


စုရှောင်ကျယ် : အရမ်းစိတ်အားထက်သန်နေလို့မရဘူး၊ ထုတ်မပြောလို့မရဘူး။ အခုစားလို့မရဘူး။ ဟေး..ထိန်းထားဖို့ခက်နေပြီ၊ မျက်နှာကနီနေပြီလို့။


ကျန့်ရှောင်ယွင် : တိတ်ဆိတ်လွန်းလို့ ငါ့အနောက်မှာအေးစက်လာသလိုပဲ။ တစ်ယောက်ယောက်က ငါ့အပေါ်ကြံစည်နေတာများလား။


စုရှောင်ကျယ် : ကျန့်ရှောင်ယွင် ဘာဖြစ်လို့လဲ၊ အေးနေလို့လား။ စောင်တွေပိုခြုံလိုက် မင်းဒဏ်ရာတွေ မြန်မြန်သက်သာအောင် (ငါမင်းကိုကောင်းကောင်းစားပါ့မယ်) (^_^)


ကျန့်ရှောင်ယွင် : ဟမ်၊ တစ်ခုခုက လွဲနေသလိုပဲလို့ ခံစားနေရတယ်။ တကယ်လို့မင်းမလုပ်ချင်ဘူးဆိုရင် တစ်ယောက်ယောက်ကမင်းကိုသတ်ဖို့ကြိုးစားလိမ့်မယ်။ စုရှောင်ကျယ် တစ်ယောက် တည်းကသာ တစ်ကြိမ်တည်းမှာပဲ တင်းမာပြီး  နူးညံ့ပျော့ပြောင်း တတ်တဲ့အပြင် ရိုးရှင်းပြီး ကြင်နာတတ်တယ်။

 


စုရှောင်ကျယ် : ဟား ဟား (^_^)


ဘာသာပြန်သူမှာပြောစရာရှိပါတယ်


ကျန့်ရှောင်ယွင် : ဇနီးလေးကိုမတွန်းလှန်နိုင်ဘူး ကြောက်ကြောက် ကြောက် (〒﹏〒)