အပိုင်း ၆၃၅-၆၃၆
Viewers 36k

Part 635


သူက အခြားသူများ အစည်းအဝေးလုပ်လျှင် စိတ်ရှုပ်ပေသည်။သူတို့က စကားနှစ်ခွန်းနှင့်ပြီးသွားမည့်အရာအား နှစ်နာရီလောက်ကြာအောင် ပြောတတ်ကြ၏။သို့သော်လည်း သူမပြောသောအခါ သူလုံလုံလောက်လောက် နားမထောင်ရသေးသလိုခံစားလိုက်ရသည်။ဘယ်လိုဖြစ်လို့ စကားအနည်းနှင့် အစည်းအဝေးပြီးနိုင်ရမှာလဲ။ထိုအရာက ဒီအတိုင်းသူမစကားပြောနေသည်မှာ ယန်ယန်ကစွမ်းအင်ပြည့်ဝသည်ဟူ၍ဖြစ်သည်။ဤအရာကမကောင်းပေ၊ လူတစ်ယောက်လုံးက တောက်ပလွန်းနေကာ မလိုလားအပ်သော ဒုက္ခများကိုဖြစ်စေနိုင်၏။သူက ညွှန်ပြလိုက်သည်။


‘‘မင်းပိုပြီး အလေးအနက်ဖြစ်ဖို့လိုတယ်’’


လင်းလန်သူ့အား သံသယဖြင့်ကြည့်လိုက်၏။


‘‘လေးနက်ရမှာလား’’


ဟန်ချင်စုန့်ခေါင်းညိတ်ပြလိုက်၏။


‘‘လေးနက်ရမယ်၊မရယ်နဲ့’’


သူက သူမမျက်မှာအား လက်မနှစ်ချောင်းဖြင့်ကိုင်လိုက်ကာ သဘာဝကျစွာပြုံးနေသော သူမနှုတ်ခမ်းထောင့်များကို ဆွဲချလိုက်သည်။


‘‘ဒီလိုမျိုးဘဲ’’


လင်းလန်က သူ့ကြောင့်ပျော်ရွှင်သွားကာ ရယ်လိုက်၏။သူမထလိုက်ကာဟန်ချင်စုန့်ကိုလည်း သူပြုမူလိုက်သလိုပင် သူ၏နှုတ်ခမ်းထောင့်များကို လက်မနှစ်ချောင်းဖြင့် ဆွဲတင်လိုက်သည်။


‘‘စန်းကော ရှင်ပိုပြီးရယ်ဖို့လိုတယ်’’


ဟန်ချင်စုန့်က သူ့နှုတ်ခမ်းအား လင်းလန်လက်ချောင်းနားကို ကပ်လိုက်ကာ လင်းလန်အားအံ့အားသင့်သွားစေပြီး သူ့လက်‌များကို ပြန်ရုတ်သွားလေသည်။


‘‘လေးလေးနက်နက်ရှိစမ်းပါ ကျွန်မတို့အလုပ်အကြောင်းပြောနေတာလေ’’

သူမသူ့အား ‌ဆူလိုက်၏။


‘‘ကိုယ်အလုပ်အကြောင်းမပြောချင်ဘူး’’


သူက လင်းလန်အားသူ့ပေါင်ပေါ်တွင်ဖက်ထားလိုက်ကာ သူမနှုတ်ခမ်းများကိုနမ်းလိုက်လေသည်။


တစ်ခနလောက်မောပန်းသွားပြီးနောက် လင်းလန်က သူမနာရီအားကြည့်လိုက်သည်။


‘‘ရှစ်နာရီတောင်ခွဲနေပြီ၊ ဘာလို့ကျွန်မသမီးက ပြန်မလာသေးတာလဲ’’


ဟန်ချင်စုန့် :‘‘အားဝမ်က သူမနဲ့အတူရှိပါတယ်ကွာ’’


လင်းလန်:‘‘ကျွန်မသွားပြီး တစ်ချက်ကြည့်လိုက်ဦးမယ်’’


မိုင်စွေ့က အရွယ်နှင့်မလိုက်အောင် ထက်မြက်ကာ ရှန်ယွီကလည်း အလွန်ကောင်းမွန်ပေသည်။အခုချိန်တွင် မူလအမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့ တွေ့ဆုံနေခြင်းဖြစ်သည်ကြောင့် သူမကအနည်းငယ်စိုးရိမ်နေမိ

ပေသည်။


ဟန်ချင်စုန့်က သူမနောက်ကျောအားဖက်လိုက်၏။

‘‘သူတို့က ကလေးတွေမဟုတ်‌တော့ဘူးလေ’’


လင်းလန်တွင် ကွယ်ဝှက်ထားသောလျို့ဝှက်ချက်များရှိပေသည်။ထို့ကြောင့် သဘာဝကျစွာပင် သူမသူ့အား ပြောပြလိုက်၍မရပေ။


ဟန်ချင်စုန့်က သူမ၏စိုးရိမ်နေမှုများအား မြင်နေရပေသည်။


‘‘မင်းဘာကိုစိတ်ပူနေတာလဲ’’


လင်းလန်က ပြုံးပြလိုက်သည်။

‘‘ဘာမှမဟုတ်ပါဘူး’’


‘‘ကောင်းပါပြီ’’

ဟန်ချင်စုန့်က တစိမ့်စိမ့်တွေးတောလိုက်သည်။


‘‘အဲ့ဒီရှန်ယွီ‌က。。。 ’’


လင်းလန်က စိတ်လှုပ်ရှားသွား၏။


‘‘ဘာဖြစ်လို့လဲ’’


ဟန်ချင်စုန့်သူမအား လေးလံသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။


‘‘ဘာမှမဟုတ်ပါဘူး’’


သူမက ရှန်ယွီအား အထူးတလယ်အာရုံစိုက်ပေသည်။ရှန်ယွီက ဒီမှာဘဲနေတာဖြစ်စေ၊ လာတာဖြစ်စေ သူမက လျို့ဝှက်အကဲခတ်နေမှာဖြစ်သည်။ရှန်ယွီအမည်ကို ထည့်ပြောလာလျှင်တောင်မှ သူမက စိတ်လှုပ်ရှားနေသောအမူအရာကိုဖော်ပြတတ်၏။သူမက သတိမထားမိသော်လည်း သူကမူ ရှင်းရှင်းလင်းလင်းမြင်နေရ၏။


သူဝမ်းနည်းနေပေသည်။ အရင်တုန်းကဆိုလျှင် သူမက သူ့ကိုသာတိတ်တဆိတ်ကြည့်နေခဲ့ခြင်းဖြစ်သည်။


သူက သူမနောက်ကျောကို ဖိထားလိုက်ကာ သူမအရာအားလုံးကိုမေ့သွားသည်အထိ နမ်းရှိုက်လိုက်သည်။နောက်ဆုံးတွင် သူမကိုဖက်လိုက်၏။


‘‘ရေတူတူချိုးရအောင် ’’


လင်းလန် :。。。မချိုးဘူးးး


.........


ဆောင်းဦးရိတ်သိမ်းမှုကိုလည်း အဆင့်အနည်းငယ်ပိုင်းခြားထားကာ ကောက်လျန့်များ၊ပဲများနှင့်နှံစားပြောင်းများကို ရိတ်သိမ်းကြသည်။ထို့နောက် ပြောင်းဖူးများချိုးကာ မြေပဲရိတ်သိမ်းကြခြင်း၊ ကန်စွန်းဥများကို အခြောက်လှန်းခြင်း၊ အကောင်းပတိကန်စွန်းဥများကို မြေတိုက်ထဲထည့်ခြင်းနှင့်  ဂျုံစိုက်ရန်အတွက် မြေဆီလွှာကိုထယ်ထိုးခြင်းများပြုလုပ်ကြလေသည်။


ထိုအရာများက နှစ်လ၊သုံးလထိတိုင်အောင် အလုပ်များနေလေ့ရှိ၏။လုပ်ငန်းစဉ်က ကြာမြင့်ကာ အချိန်ကာလကလည်း အလွန်အလောတကြီးမဟုတ်ပေ။ဂျုံစိုက်ပျိုးမှု နှောင့်နှေးသွားတာကလွဲလျှင် အရာအားလုံးက အဆင်ပြေနေပေသည်။


ကောက်လျန့်နှင့် အခြားအထွေအထွေအမျိုးမျိုး အစေ့အဆံများကို ရိတ်သိမ်းပြီးသောအခါ ဩဂတ်လထဲကို ဝင်နေပြီဖြစ်သည်။အခုအချိန်တွင် ဆောင်းဦးလေက အေးစိမ့်စိမ့်ဖြစ်နေကာ ရာသိဥတုကသာယာနေ၏။လယ်ကွင်းထဲတွင် ကန်စွန်းဥချိုများနှင့်  ပြောင်းဖူးများကျန်နေသေးကာ ထိုအရာများအား ဖြည်းဖြည်းချင်းသာရိတ်သိမ်းနိုင်မှာဖြစ်သည်။


လက်တလောတွင် လင်းလန်အား ကွန်မြူနတီ၏ဝါဒဖြန့်ချီမှုအဖွဲ့က ကွန်မြူနတီနှင့် ကောင်တီရှိမျိုးစုံသော လဲလှယ်ရေးအစည်းအဝေးများလုပ်ဆောင်ရန် ခေါ်ယူထားလေသည်။စီစဉ်သူများ ပြောသည်မှာအဓိပ္ပါယ်ရှိ၏။အကယ်၍ လယ်လုပ်ရာတွင် နှေးကွေးတက်ကြွမှုမရှိလျှင် ကွန်မြူနတီ၏အဖွဲ့ဝင်များအတွက် ဝါဒဖြန့်ချိရေးအလုပ်ကို ပြုလုပ်သင့်၏။သူတို့တွက် လဲလှယ်ရေးအစည်းအဝေးများပြုလုပ်ရန်အတွက် အချိန်မရှိပေ။ကွန်မြူနတီအဖွဲ့ဝင်များက လယ်လုပ်ရင်းအလုပ်‌များနေသောအခါ သူတို့၏ ဝါဒဖြန့်ချီသူများကသာ အစည်းအဝေးလုပ်ရန်တတ်နိုင်ကြ၏။အဆုံးတွင်မူ တပ်မဟာတစ်ခုတွင် တစ်ယောက်ဆီသာရှိခြင်းဖြစ်သည်။


ဒီလိုဖြင့် သူတို့တွင် အစည်းအဝေးသုံးခုမှငါးခုအထိ ရှိကြကာ မျိုးစုံသောအစည်းအဝေးများနှင့် အတွေ့အကြုံလဲလှယ်ရေးအစည်းအဝေးများဖြစ်သည်။လင်းလန်က အစည်းအဝေးများသည် ဆောင်းဦးရိတ်သိမ်းမှုထက် ပိုပင်ပန်းသည်ဟု ခံစားရပေသည်။


ဟန်ချင်စုန့်က အိမ်တွင် ဆောင်းဦးရိတ်သိမ်းမှုများဖြင့် အလုပ်များနေသောအချိန်တွင် အစိုးရဌာနနှင့် ကောင်တီမှ အစည်းအဝေးအတွက်သူ့အား သတိပေးချက်များကိုလည်း လက်ခံရရှိပေသည်။အတိတ်တုန်းကဆိုလျှင် အကယ်၍သူတွန်းအားပေးနိုင်ပါက တွန်းအားပေးကာ၊မဟုတ်လျှင်လည်း စွန်းကျောက်ဝမ်နှင့် ဟွမ်ဝေကျုံးတို့ကို လျိုဟိုင်ချန်းနှင့်ဟန်ချင်းယွင်တို့အား ခေါ်သွားစေလေ့ရှိပေသည်။သို့သော် အခုတလောတွင် လင်းလန်က အစည်းအဝေးများတက်နေသောပြောင့် ဟန်ချင်စုန့်ကလည်း အစည်းအဝေးများတွင် လှုပ်ရှားပါဝင်နေ၏။ ထို့ကြောင့် သူနှင့်လင်းလန်တို့က အတူတကွ သွားနိုင်ကြပေသည်။


ဒီနေ့တွင် သူတို့နှစ်ယောက်အတူတူ ကောင်တီသို့သွားကြမှာဖြစ်သည်။သူမက သူတို့၏သားရေလွယ်အိတ်များကိုယူလိုက်ကာ နေ့လည်စာဘူးနှင့် လက်ကိုင်ပဝါအား ထည့်လိုက်ပြီး လက်ဖက်ရည်ထည့်ထားသည့် မတ်ခွက်ဘူးကိုမူ ခါးပတ်နှင့်တွဲလိုက်ကာ တစ်ဘူးဆီကို သူမ၏ ဘယ်ညာပုခုံးနှစ်ဖက်ဆီတွင် လွယ်ထားလိုက်၏။


ဟန်ချင်စုန့်က သူမအားတစ်ချက်ကြည့်လိုက်ပြီူနောက် လက်ဆန့်လိုက်ကာ သူမ၏လွယ်အိတ်သိုင်းကြိုးကို ပြင်ပေးလိုက်၏။အိတ်ကြိုးပြုတ်ကျသွားမည်ကို ကာကွယ်ရန်အတွက် ဥက္ကဠမြောင်ပုံစံ တံဆိပ်အား ကြပ်ကြပ်လုပ်လိုက်ကာ ဘယ်ဘက်တွင် ပင်အပ်ဖြင့်တွယ်ထားလိုက်လေသည်။ထို့နောက်တွင်မှ သူမခေါင်းအားပုတ်ပေးလာ၏။


‘‘မဆိုးပါဘူး’’


လင်းလန်:‘‘。。。’’


သူမကဘေစင်ထဲတွင် သန့်ရှင်းနေသောသခွားသီးများနှင့် ခရမ်းချဉ်သီးများကို မြင်လိုက်တာကြောင့် သခွားသီးနှစ်လုံးနှင့် ခရမ်းချဉ်သီးလေးလုံးလောက်ယူလိုက်၏။အကုန်လုံးကို သူမအိတ်ထဲတွင်ထည့်လိုက်ကာ သူ့အားပြုံးပြလာလေသည်။


‘‘ဒါတွေကို သရေစာအဖြစ်ယူသွားရအောင်’’


ဟန်ချင်စုန့် :‘‘。。。’’ငါ့ဇနီးက နိုင်ငံခြားဖြစ်တည်သီးတွေနဲ့ သခွားသီးတွေကို တော်တော်လေးကြိုက်တာဘဲ.


သူကစက်ဘီးတွန်းရန်သွားလိုက်ပြီး လင်းလန်ကတံခါးသော့ခတ်လိုက်ကာ သော့အား မိသားစုဝင်အားလုံးသိသည့် သတ်မှတ်ထားသောနေရာတွင်ထားလိုက်သည်။


Xxxxxxx

Part 636


ကလေးများက ဆောင်းရာသီအားလပ်ရက်ရှိနေ‌ဆဲဖြစ်သည့်အပြင် သူတို့မိဘများက အပြင်သွားမည်ဖြစ်သောကြောင့် အလုပ်လုပ်စရာမလိုပေ။သူတို့ကဒီအတိုင်း ထုတ်လုပ်ရေးအသင်းနောက်တွင် လိုက်ရမှာဖြစ်သည်။တဝမ်နှင့် အားဝမ်က ပြောင်းရိုးချိုးရန်သွားကြကာ မိုင်စွေ့ကမူဝါဂွမ်းကောက်ပြီး စန်းဝမ်နှင့်ရှောင်ဝမ်တို့က တစ်ခါတစ်လေတွင် ဝါဂွမ်းကောက်သလို တစ်ခါတစ်လေတွင် မြက်ရိတ်ကြ၏။


လင်းလန်က ကလေးများအား နေ့လယ်ရောက်လျှင်အိမ်ပြန်ကြပြီး ချက်ပြုတ်ကာ အတူတူစားကြရန် ရှင်းပြထားပြီးသားဖြစ်သည်။အားဝမ်နှင့် မိုင်စွေ့ရှိနေသောကြောင့် အခြားသားသုံးယောက်က အငတ်နေနေရမည်ကို သူမမစိုးရိမ်မိပေ။


သူမက စက်ဘီးပေါ်တက်ကာ ဟန်ချင်စုန့်ကျောကိုမှီလိုက်၏။


‘‘စန်းကော သွားရအောင်’’


ဝါဒဖြန့်ချီမှုဌာနမှာ ပြောသည်မှာ ယနေ့တွင် အကောင်းဆုံးဝါဒဖြန့်ချီမှုအသင်းနှင့် ကောင်တီထဲတွင် အ‌တော်ဆုံးဝါဒဖြန့်ချီသူကို ရွေးချယ်ဖော်ပြမည်ဖြစ်‌သောကြောင့် လူတိုင်းက လွတ်လွတ်လပ်လပ်ပြောဆိုဆွေးနွေးနိုင်သည်ဟူ၍ဖြစ်သည်။


လင်းလန်က အတော်‌ဆုံးအဖြစ်ရွေးခံရမည်ဟူ၍ အလွန်အကျွံမျှော်လင့်နေမှုမျိုး မရှိပေ။သူမက ထိုအရာသည်ဆွေးနွေးမှုကောင်းတစ်ခုဖြစ်မည်ဟုသာ ထင်မိပေသည်။ဥက္ကဠမြောင်၏ မျိုးစုံသောကိုးကားချက်များ၊ အဓိကကျသော စာရွက်စာတမ်းမျိုးစုံများနှင့် သူမ၏ရှန်ရွေ့ရွာတွင် ကျော်ကြားမှုများ ၊ ကွန်မြူနတီနှင့် အခြားတပ်မဟာများ ဤအရာများအားလုံးသည် သဘာဝကျကျပင် လင်းလန်အား အနှောင့်အယှက်မပေးနိုင်ပေ။


သူမက ရေဒီယိုနားထောင်ပြီး နိုင်ငံရေးကြွေးကြော်မှုများကို စုဆောင်း‌ထားပေသည်။ရက်ကျော်သတင်းစာများကိုဖတ်ကာ အသေးစိတ်ကျသော မှတ်စုများကိုလည်း ပြုလုပ်ထား၏။အကြိမ်အနည်းငယ်လောက် ချေဖျက်ပြီးသောအခါ သူမက ယခုချိန်တွင် ကျေးလက်စကားစုနာမ်များကို တစ်ဝက်လောက်‌တတ်မြောက်လာခဲ့၏။သူမပြောရန်အလှည့်ရောက်လာသောအခါ သူမ၏ဟာသဉာဏ်ရွှင်သော မှတ်ချက်များကို ပြောနိုင်ကာ နွေးထွေးသော လက်ခုပ်တီးသံကို လက်ခံရရှိပြီး သူမ၏အထက်လူကြီးများဆီမှလည်း ခေါင်းတညိတ်ညိတ်ဖြင့် အသိမှတ်ပြုလက်ခံမှုကို ရရှိခဲ့ပေသည်။


သူမက အကျော်ကြားဆုံးဖြစ်ကာ အတွေ့အကြုံ ၊သတ္တိနှင့် သတင်းထုတ်ယူနိုင်မှုများကလည်း သံသယမရှိစွာပင် အကောင်း‌‌ဆုံးဖြစ်၏။


ပြည်သူ့လုံခြုံရေးဌာန၏ အစည်းအဝေးသည် ဘေးအခန်းတွင်ဖြစ်သည်။သူတို့က ‌တော်လှန်ရေးလှုပ်ရှားမှု ကော်မတီနှင့် ဘယ်လိုပူးပေါင်းကာ ထင်မြင်သဘောထားချက်များကို ဆွေးနွေးကြမည်ဖြစ်၏။အရင်းရှင်ဝါဒအား အမြစ်ဖြတ်ကာ တစ်ကိုယ်တည်းပါတီများကို တိုက်ထုတ်ခြင်း၊ အကျင့်ပျက်ခြစားမှုများကို ဖျက်စီးခြင်းနှင့် လူများကြားတွင်ကွယ်ဝှက်နေသော မဲမှောင်သောအရာများကို ပြန်လည်တော်လှန်ရေးပြုလုပ်ခြင်းတို့အကြောင်း ဆွေးနွေးကြမှာဖြစ်၏။


ဤခေါင်းစဉ်၏ရှုပ်ထွေးမှုကြောင့်‌ ဟောပြောမှု၏ကြာချိန်သည် အလွန်ရှည်လျားပြီး စိတ်ညစ်စရာကောင်းလှသည် လူတိုင်းကခေါင်းကိုက်ကိုက် နှင့်ပင် နားထောင်နေကြပြီး မြန်မြန်ပင်အဆုံးသတ်ချင်နေကြပေသည်။သို့သော် မည်သူကမှထိုသို့ပြောရန်မလုပ်ရဲပေ၊မဟုတ်ပါက လူအများ၏ဥပမာတစ်ခုအဖြစ် ဝေဖန်ပြခံရမည်ဖြစ်ကာ သည်းခံရန်အလွန်ခက်ခဲ‌မည်မှာ မလွဲဧကန်ပင်ဖြစ်၏။


အခုအချိန်တွင် သူတို့က ဟန်ချင်စုန့်အားကြည့်လိုက်ကာ တည့်တည့်မတ်မတ်ထိုင်နေသည်ကိုမြင်လျှင် စတင်၍လေးစားလာလေသည်။ယွမ်ထင်းယွဲ့၏ အမူအရာကနက်ရှိုင်းနေကာ စိတ်မရှည်မှု တစိုးတစိလေးမျှရှိမနေပေ။ထိုအရာက တကယ်ပင်ခံစားချက်များမရှိသလို ဒေါသဟုလည်း မရှိနေပေ။


အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ပေ။ဟန်ချင်စုန့်သည်လည်း နားထောင်နေရသည်ကို နာကျင်နေကာ ဒီအတိုင်းသူ့အမူအရာက အေးစက်ပြီး ကွာခြားမှုမရှိတာဖြစ်သည်။ထိုအရာက အခြားသူများအား အသေးစိတ်မရှာဖွေနိုင်အောင် ပြုလုပ်နေခြင်းဖြစ်သည်။


ထိုအချိန်တွင် ဘေးအခန်းထဲမှ နွေးထွေးသောလက်ခုပ်တီးသံများနှင့် ပျော်ရွှင်နေသည့်ရယ်သံများက ချက်ချင်းပင် သူ့အာရုံကိုဆွဲဆောင်သွားကာ သူက အခုစကားပြောနေသောသူသည် သူ့မိန်းမပဲဖြစ်ရမည်ဟု တိတ်တဆိတ်ခန့်မှန်းလိုက်၏။


သူက သူမ၏လက်ရေးစာမူကို ဖတ်ပြီးသွားပြီဖြစ်ကာ သူ့ပညာရေးအဆင့်အရအကဲဖြတ်ရမည်ဆိုလျှင် အတော်လေးကို ကောင်းနေပေသည်။သူ့အား ထူးဆန်းသလိုခံစားစေသောအရာမှာ သူမကထိုဟောပြောချက်ထဲတွင်ပညာသားပါစွာ သုံးထားသောစကားလုံးများကို ဖြတ်ထုတ်လိုက်ကာ တူညီသော နေ့စဉ်သုံးဗန်းစကားဖြင့် အစားထိုးလိုက်ခြင်းဖြစ်သည်။ထိုသို့လုပ်ခြင်းမှာ ကျေးလက်မှကေဒါများအား ပို၍ ကောင်းကောင်းမွန်မွန်နားလည်သွားစေ၏။


သူ့စိတ်ထဲတွင် သိချင်မိလာ၏။ သူမအား စောင်ဘယ်လိုချုပ်ရကာ ဘယ်လိုရေးဖတ်ရမည်ကို လွန်ခဲ့သည့်တစ်နှစ်ကျော်လောက်က သင်ပေးခဲ့ရသည်ကို မှတ်‌မိနေပါသေးသည်။မမျှော်လင့်စွာပင် နှစ်နှစ်သာကြာပြီးနောက်တွင် သူမက လျင်မြန်စွာတိုးတက်လာကာ လူတိုင်းအားနောက်တွင်ချန်ရစ်နိုင်ခဲ့၏။


သူလည်း စာအုပ်များများပိုဖတ်ရန်လိုအပ်နေပြီဟု ခံစားလိုက်ရသည်။


အမှန်အားဖြင့် သူသည် ဘယ်သောအခါမှ စာလေ့လာခြင်းကို မရပ်တန့်ခဲ့ပေ။သူက စာအုပ်နှင့်သတင်းစာများကို ဖတ်နေဆဲဖြစ်သော်လည်း ကျောင်းကိုမူတစ်ခါမှ မတက်ခဲ့ဖူးပေ။စစ်တပ်ထဲဝင်ပြီးနောက်တွင် သူ့ဘာသာလေ့လာခဲ့ခြင်းဖြစ်သည်။သူ၏အခြေခံမှာ သိပ်မခိုင်မာရာ တချို့ပို၍လေးနက်သော အရာများကိုမူ သင်ယူရန်ခက်ခဲနေပေသည်။


ကြည့်ရတာ သူ့ဇနီးဆီမှ ပြန်သင်ရမည့်ပုံပင်၊ သူမက လွယ်ကူစွာပင် တတ်မြောက်သွားလေသည်။


သူ့စိတ်ထဲတွင် ပို၍လွန်လွန်ကဲကဲတွေးနေမိလေ အပြင်ဘက်မှသူ့အမူအရာသည် ပို၍တည်ငြိမ်နေပြီး ဖြောင့်မတ်နေသည်မှာ အစည်းအဝေး၏လုပ်ငန်းစဥ်များအတွက် သင့်လျော်သည့်ပုံစံပင်ဖြစ်သည်။


လက်ထောက်ညွှန်မှူးလီက သူ့အားတိတ်တ‌ဆိတ်ကြည့်နေခဲ့ပေသည်။လျို့ဝှက်စွာတွေးနေမိသည်မှာ ဒီ‌ကျေးလက်မှရိုးအသော တောသားသည် တကယ်ပင် စိတ်ဝင်စားစရာကောင်းသည်ဟူ၍ဖြစ်သည်။တစ်နာရီမှနှစ်နာရီထိ ကောင်းကောင်းထိုင်နေနိုင်သေးသည်မှာ သူ့ဖင်က တကယ်ပင်လေးလံနေလို့ပင်။...


နောက်ဆုံးတွင် ဟန်ချင်စုန့် ပြောရမည့်အလှည့်ရောက်လာ၏။လက်ထောက်ညွှန်မှူးလီက ဟန်ချင်စုန့်က ပြောမည့်ပုံစံမရှိသည်ကို တွေ့လိုက်ရသောအခါ သူ့လက်မောင်းကိုပုတ်လိုက်၏။


‘‘လက်ထောက်ဗျူရိုမှူးဟန် ခင်ဗျားအလှည့်ရောက်ပြီ’’


ဟန်ချင်စုန့် ဖြည်းဖြည်းချင်းထရပ်လိုက်ကာ အစည်းအဝေးခန်း၏နံရံပေါ်မှ နာရီကိုကြည့်လိုက်သည်။၁၁နာရီခွဲတောင် ကျော်နေပြီဖြစ်သည်။ဒီမှာရှိနေသော လူတိုင်း၏မျက်နှာများသည် ထုံထိုင်းမှိုင်တွေနေသော်လည်း သူတို့က‌ရယ်မောရန်ကြိုးစားနေကြကာ တကယ်ကိုပင်ပန်းနေကြ၏။


ဟန်ချင်စုန့် :‘‘ကျွန်တော်အနေနဲ့ ခနလောက်အနားယူပြီးနေ့လယ်စားအရင်စားလိုက်ကြဖို့ကိုအဆိုပြုချင်ပါတယ်’’


နေ့လယ်တွင် သူကလူတိုင်း၏အချိန်ကို နှစ်မိနစ်ထက်ပိုပြီးယူမှာမဟုတ်ပေ။


ညွှန်မှူးချင်နှင့် အဝေးမှာရှိနေသောညွှန်မှူးဟောင်းတို့က ချက်ချင်းပင် အပြုံးများဖြင့် အကြည့်ဖလှယ်လိုက်ကြကာ အနားယူပြီးနေ့လယ်စားကြရန် သဘောတူလိုက်လေသည်။သူတို့က နေ့လယ်တွင် ပြန်စတင်မည်ဖြစ်ကာ အနားယူရန်ထွက်သွားလိုက်ကြသည်။


ဟန်ချင်စုန့်သည် အစည်းအဝေးခန်းမှထွက်လိုက်ကာ ဘေးအခန်းဆီသို့ အလှမ်းသွားလိုက်၏။မျှော်လင့်ထားသလိုပင် လင်းလန်ကသူ့ရှေ့တွင်ရပ်နေကာ စကားပြောနေ၏။သူမ၏ပြောဆိုပုံဘာသာစကားသည် လက်ရှိပုံစံနှင့် တူနေသေးသော်ငြား မျက်နှာအမူအရာနှင့် လုပ်ဆောင်ပုံတို့သည် အတော်လေးကွာခြားသွားနေပေသည်။


အခြားကေဒါများက သူတို့ခေါင်းများကို မြှောက်ထားကြကာ လှုပ်ရှားမှုတိုင်းတွင် သူတို့၏လက်များကကွေးဆန့်ကာ အင်အားပြနေကြ၏။ နိုင်‌ငံ၏ ကောင်းကျိုး၊ဆိုးကျိုးနှင့် ပတ်သက်တာကိုပြောပြီဆိုလျှင် သူတို့ကအံကြိတ်နေပြီး ဖြောင့်မတ်ကာ ထိတ်လန့်အံ့ဩဖွယ်ကောင်းနေပေသည်။လူတကိုယ်လုံးက ရန်လိုမှုများနှင့် ခေတ်သစ်ဒရာမာများထဲကလိုပင်ဖြစ်၏။


Xxxxxxx