Part 637
သူမကထိုနေရာတွင် ရပ်နေသည်မှာ ကျောင်းသားများကို သင်ခန်းစာပို့ချနေသော ဆရာမတစ်ယောက်လိုပင်ဖြစ်သည်။ဟာသဉာဏ်ရွှင်သော မှတ်ချက်များနှင့် လက်ခုပ်ဩဘာတီးစေကာ အချိန်နှင့်အမျှ ရယ်မောနေစေပေသည်။
ဟန်ချင်စုန့်စိတ်အေးသွားကာ လျှောက်လမ်းရှိပြတင်းပေါက်တွင် မှီနေလိုက်ကာ သူမအား အစည်းအဝေးခန်း၏ သေးငယ်သောစတုရန်းပုံစံဖန်ပြတင်းပေါက်လေးများမှ ဖြတ်ကြည့်နေလိုက်သည်။ဖန်သားနှစ်ခုက ကွဲနေကာသူမ၏ပုံရိပ်က ယိုဖိတ်နေ၏။သူအနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ပြည့်စုံစွာရှိနေသောမှန်သားပြတင်းပေါက်နား ရွှေ့သွားလိုက်သည်။ဒီလိုမှသာ သူမမျက်နှာက ကြွကြွရွရွနှင့် ပြီးပြည့်စုံစွာ သူ့မျက်လုံးထဲတွင် အရောင်ပြန်နေမည်ကိုတွေ့မြင်ရမှာဖြစ်သည်။
လင်းလန်စကားပြောနေသောအခါ စွမ်းအင်အပြည့်နှင့်ဖြစ်ပြီး နူးညံ့သိမ်မွေ့သော ကိုယ်အမူအရာရှိကာ သူ့အား သူမထံမှအကြည့်မလွှဲနိုင်အောင် ပြုလုပ်နေပေသည်။
ထိုအချိန်တွင် လက်ထောက်ညွှန်မှူးလီနှင့် လင်ထောက်ညွှန်မှူးကောင်းတို့က အတူထွက်လာကြကာ မှားယွင်းနေသည်မှာမရှိသလိုပင် ခင်ခင်မင်မင်ရှိသည့်ပုံစံဖြင့် စကားပြောလိုက်၊ရယ်မောလိုက်လုပ်နေကြ၏။
သူတို့ကချက်ချင်းပင် လျှောက်လမ်းစင်္ကြံပေါ်ရှိ ဟန်ချင်စုန့်ကို တွေ့လိုက်လေသည်။သူက ပြတင်းပေါက်ကိုမှီနေပြီး သူ့ခြေထောက်တစ်ဖက်ကို အနည်းငယ်ကွေးထားကာ တစ်ဖက်ကိုဆန့်ထား၏။သူက အကြောင်းရင်းမသိစွာပင် မျက်လုံးမှေးထားလေသည်။နေက သူ့အပေါ်တောက်ပနေပြီး ခန့်ညားပြီးနူးညံ့သည့်ပုံစံပေါ်နေကာ သွေးအေးပြီးနှလုံးသားမဲ့သော လက်ထောက်ညွှန်မှူးဟန်ဟုမထင်ရပေ။
‘‘ဟိတ်လက်ထောက်ညွှန်မှူးဟန် ခင်ဗျားဒီမှာဘလုပ်နေတာလဲ’’
လက်ထောက်ညွှန်မှူးလီက သိချင်စိတ်ဖြင့်မေးလိုက်သည်။
လက်ထောက်ညွှန်မှူးကောင်းက ဖန်ပြတင်းပေါက်ဆီသို့ သူ့ခေါင်းကိုလှည့်လိုက်သောအခါ စင်ပေါ်တွင်စကားပြောနေသော လင်းလန်ကိုတွေ့လိုက်ရလေသည်။သူက မတတ်နိုင်စွာ ဒုတိယအကြိမ်ထပ်ကြည့်လိုက်မိသည်။
သူ့မြင်ကွင်းက ပိတ်ဆို့ခံလိုက်ရလေသည်။ဟန်ချင်စုန့်က အနည်းငယ်စိတ်ရှုပ်သွားကာ မျက်မှောင်ကြုတ်လိုက်ပြီးစိတ်အနှောင့်ယှက်ခံလိုက်ရသလိုအမူအရာက ပြန်ထွက်ပေါ်လာလေသည်။
‘‘သွားရအောင် ညစာအတူတူသွားစားရအောင်လေငါအချိန်တိုင်း မင်းကိုရှာမတွေ့ဘူးဖြစ်နေတာ’’
လက်ထောက်ညွှန်မှူးလီက သူ့ပုခုံးအား ကြင်နာစွာပုတ်လိုက်၏။
‘‘သက်သာချောင်ချိရေး စားသောက်ဆိုင်ကိုသွားကြရအောင်’’
ဟန်ချင်စုန့်က မလှုပ်လာပေ။
‘‘ခင်ဗျားတို့နှစ်ယောက်အရင်သွားနှင့်ကြပါ၊ ကျွန်တော်လူတစ်ယောက်ကို စောင့်နေတာ’’
လက်ထောက်ညွှန်မှူးကောင်းက လှပသောအမျိုးသမီးဝန်ထမ်းအား တစ်ချက်ကြည့်လိုက်ကာ ရုတ်တရက်နားလည်သွား၏။
‘‘အိုးး ရှောင်ကျန်းက ညွှန်မှူးဟန်က အစည်းအဝေးကို မိန်းမလှတစ်ယောက်ခေါ်လာခဲ့တယ်လို့ ပြောတုန်းက ထူးတော့ထူးဆန်းနေပါတယ်လို့၊ ပြီးတော့ အဲ့ဒါက လက်မှုအနုပညာအဖွဲ့ထဲကလားလို့ မေးလာသေးတယ်’’
လင်းလန်နှင့် ဟန်ချင်စုန့်က ဤနေရာသို့ အကြိမ်အနည်းငယ်ရောက်ဖူးသော်လည်း ကောင်းဝေတုန်က ထိုလူနှစ်ယောက်အား တစ်နေရာထဲတွင် မတွေ့ခဲ့ဖူးပေ။ဒီတကြိမ်က ပထမဆုံးပင်ဖြစ်သည်။
လက်ထောက်ညွှန်မှူးလီကလည်း ကြည့်လိုက်လေသည်။
‘‘ဒီအမျိုးသမီးဝန်ထမ်းက ဘယ်ကလာတာလဲဟ၊ သူမကလှလိုက်တာ’’
ဟန်ချင်စုန့် မျက်မှောင်ကြုတ်လိုက်၏။
‘‘အဲ့ဒါက ငါ့ဇနီး...’’
လက်ထောင်ညွှန်မှူးလီသည် ဟန်ချင်စုန့်က သူ့စကားလုံးများကို အလေးပေးပြီးပြောလာသည်ကို ကြားလိုက်ရလျှင် ရယ်လိုက်မိလေသည်။
‘‘ဒါဆိုညွှန်မှူးဟန်ရဲ့ ချစ်သူက သွေးသောက်ရဲဘော်ဖြစ်နေတာပေါ့၊ ညွှန်မှူးဟန်က အရမ်းကံကောင်းလိုက်တာဗျာ’’
သူက ညွှန်မှူးကောင်းအား ကြည့်လိုက်ကာ
‘‘ငါတို့စောင့်လိုက်ရင်ရော ဘယ်လိုလဲ’’
ဟန်ချင်စုန့် :‘‘နှစ်ယောက်ဘဲအရင်သွားလိုက်ကြပါ’’
သူက ရှင်းလင်းစွာပင် အတူတူစားကြဖို့ကို ငြင်းဆန်လိုက်လေသည်။
လက်ထောက်ညွှန်မှူးလီက စိတ်အနှောင့်ယှက်မဖြစ်သွားပေ။ဘယ်လိုဘဲဖြစ်ဖြစ် ဟန်ချင်စုန့်က ကောင်းဝေ့တုန်းနှင့် မရင်းနှီးတာကြောင့် ကိစ္စမရှိပေ။သူသွားလိုက်လျှင် ကောင်းဝေ့တုန်းက ဟန်ချင်စုန့်အား တစ်ခုခုပြောလိုက်မည်ကို စိုးရိမ်မိသောကြောင့် ကောင်းဝေ့တုန်းအား သူနှင့်အတူသွားရန်ပြောလိုက်သည်။
ညွှန်မှူးကောင်းကလည်း သဘာဝကျစွာပင် သူတွေးနေသည်ကိုသိပေသည်။လက်တလောတွင် ဒီနှစ်ဦးကြားရှိဆက်ဆံရေးမှာ တိကျသေချာသောအရာတစ်ချို့ကြောင့် ချေဖျက်သွားပေသည်။ထို့ကြောင့် သူတို့က စကားပြောဟန်ဆောင်လိုက်ကြပြီး ရယ်မောကြကာ အတူထွက်သွားလိုက်၏။
ဤအချိန်တွင် လင်းလန်နှင့်အခြားသူများသည် အစည်းအဝေးမှထွက်လာပြီဖြစ်သော်လည်း ကေဒါအနည်းငယ်၏ ဖမ်းယူခြင်းကိုခံလိုက်ရကာ တစ်ခနလောက် အပြင်ထွက်လို့မရတော့ပေ။
နောက်ဆုံးတွင် ခေါင်းဆောင်ထွက်သွားသောအခါ သူမအားစကားလာပြောသော အခြားကွန်မြူနတီနှင့် တပ်မဟာများမှ ဝါဒဖြန့်ချီရေးအဖွဲ့ဝင်များရှိနေသေး၏။တချို့က သူမအပေါ်နှစ်သက်မှုအား ဖော်ပြကာ၊တချို့က မယုံကြည်လက်မခံဖြစ်နေကြပြီး စကားရည်လုရန် ရန်စလာကြကာ တချို့ကမူ ရိုးသားစွာပင် သူမနှင့် အဆက်အသွယ်လုပ်ချင်ကြပေသည်။လင်းလန် က အကြိမ်အနည်းငယ်ကိုင်တွယ်ဖြေရှင်းလိုက်ကာ အပြင်မထွက်ရသေးဘဲ စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
သူမသည်လည်း ဟန်ချင်စုန့် အပြင်တွင်စောင့်နေသည်ကို တွေ့နေရသောကြောင့် စောစောပင်အပြင်ထွက်ချင်နေ၏။
‘‘ရဲဘော်တို့ နေ့လယ်ကျမှစကားဆက်ပြောကြရအောင်၊နေ့လယ်ကျရင် စားပွဲသောက်ပွဲလည်းရှိနေသေးတယ်လေ’’
နေ့လယ်ခင်းတွင် အဖွဲ့ဝင်ဝန်ထမ်းများ၏ အတွေ့အကြုံ ဖလှယ်မှုအစည်းအဝေးရှိကာ လူတိုင်းက လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးနိုင်ကြမှာဖြစ်သည်။
သူမနှင့် ပို၍ရင်းနှီးစွာ အဆက်အဆံပြုလုပ်လိုသော အမျိုးသားဝန်ထမ်းအနည်းငယ်လည်း ရှိနေသေးပေသည်။သူတို့က သူမပြောသည်အား နားထောင်ကြကာ အလွန်ပင်ပညာရှိကြ၏။သူတို့က ဘယ်ကျောင်းမှဘွဲ့ရလာသည်ကို သိချင်စိတ်ဖြစ်မိကြကာ ဘယ်မှကျောင်းသားဟောင်းဖြစ်သည်ကို မေးချင်နေကြ၏။အမျိုးသားရဲဘော်များထဲမှ တစ်ယောက်က လက်ဆန့်လာကာ လင်းလန်အား အပြုံးတစ်ခုနှင့် ပြောလာ၏။
‘‘ရဲဘော်လင်းလန် ကျွန်တော့်နာမည်က ချီဖုန်းပေါ်ပါ ၊ကျားရှန်းတပ်မဟာကပါ။ ဟေး တဆိတ်လောက် ခင်ဗျားဘယ်သူလဲဆိုတာ မေးလို့ရမလား’’
ချီဖုန်းပေါ်က အံ့အားသင့်စွာပင် သူ့ရှေ့ဖြတ်ပေါ်လာသော ယောက်ျားအားကြည့်လိုက်လေသည်။ သူ့မျက်နှာက အေးစက်ပြီး လေးနက်နေကော ပထမတကြိမ်ကြည့်လိုက်ရုံဖြင့်တင် သူကကိုင်တွယ်ပြောဆိုရန် မလွယ်ကူဘူးဟုထင်ရအောင်ပြုလုပ်နေ၏။အထူးသဖြင့် သူကစစ်သားတစ်ယောက်ဖြစ်နေပေသည်။
ချီဖုန်းပေါ်က ချက်ချင်းပင် လက်ပြန်ရုတ်လိုက်သည်။
ဟန်ချင်စုန့်က အမူအရာကင်းမဲ့နေပေသည်။
‘‘အားလုံးပဲ စိတ်မကောင်းပါဘူး ခေါင်းဆောင်လင်းလန်က နေ့စဉ်လေ့လာမှုနဲ့ အလုပ်မှာ အရမ်းအလုပ်ကြိုးစားတတ်ပြီး သွေးအားနည်းတဲ့ဝေဒနာကိုခံစားနေရပါတယ်။ဒီနေ့ကျွန်တော်တို့ထွက်လာခဲ့တုန်းက စားဖို့အချိန်မရခဲ့ဘူး၊ကျွန်တော်တို့ အရင်ဆုံးသွားစားလိုက်ပါ့မယ်’’
သူက လင်းလန်လက်မောင်းအား တစ်ဖက်မှဆွဲလိုက်ကာ အခြားတစ်ဖက်အား သူမကျောအောက်ဘက်တွင်တင်ထားလိုက်သည်။သူကသူမအား အခြားဘယ်သူမှ မထိစေချင်သလို ကိုင်ထားလေသည်။
လင်းလန်:‘‘。。。’’
ကျွန်မမနေ့ညတုန်းက မုန်လာဥနဲ့အသားအစာသွပ်ထားတဲ့ ဘန်းမုန့်ပေါင်းအကြီးကြီးကို စားခဲ့တာလေ၊ပြီးတော့ လာတဲ့လမ်းမှာ သခွားသီးတစ်လုံးနဲ့ ခရမ်းချဉ်သီးနှစ်လုံးလည်း စားခဲ့သေးတယ်။
သူမ ဝန်ထမ်းများအား တောင်းပန်ပြုံးပြုံးပြလိုက်ကာ ပူးပေါင်းဆောင်ရွက်မှုအပြည့်ဖြင့် သူမဗိုက်အား မလုံမလဲစိတ်ဖြင့်ကိုင်လိုက်သည်မှာ အခုလေးတင် အားအင်အပြည့်ဖြင့် လေကြောရှည်စွာ စကားပြောခဲ့သော ဟောပြောသူနှင့်မတူတော့ပေ။
Xxxxxxxxx
Part 638
‘‘အိုး ရဲဘော်လင်းလန်ကတော့လေ အလုပ်မှာအရမ်းကိုနှစ်မြုပ်ထားတာဘဲ၊ကြည့်ပါအုန်း သူ့ရဲ့မျက်နှာသေးသေးလေး ဗိုက်ဆာလို့ ဖြူဖျော့နေပြီ’’
တစ်စုံတစ်ယောက်က ချက်ချင်းပင် လင်းလန်၏အားနည်းနေမှုအား သတိပြုမိသွားလေသည်။
‘‘အဲ့ဒါက ကိစ္စကြီးမဟုတ်ပါဘူး၊ မင်းရဲ့နှုတ်ခမ်းက သွေးရောင်တောင်မရှိတော့ဘူး သွားစားလိုက်လေ’’
‘‘ဒါကမှ တကယ့်ကို ငါတို့ရဲ့စံပြပုဂ္ဂိုလ်ဘဲ ရဲဘော်လင်းလန်ဆီကနေ ငါတို့သင်ယူရမယ်’’
နှုတ်ခမ်းနီစွေးစွေး၊သွားဖြူဖြူနှင့် အဖြူရောင်ပါးပြင်တို့ရှိနေသော လင်းလန်သည် အပြစ်ရှိစိတ်ဖြင့် သူမခေါင်းအား အနည်းငယ်ငုံ့ချလိုက်ကာ ဟန်ချင်စုန့်ကကူတွဲကာ အစည်းအဝေးခန်းထဲမှ ထွက်သွားနေသည်ကို ခွင့်ပြုပေးလိုက်လေသည်။
သူမက တိုးတိုးပြောလာ၏
‘‘စန်းကော ဒါကအရမ်းလွန်နေပြီ’’
ဟန်ချင်စုန့်က စိုးရိမ်ကြောင့်ကြစွာ ပြောလာလေသည်။
‘‘မင်းခေါင်းမူးနေတာလား၊ မင်းကိုပွေ့သွားစေချင်လား’’
လင်းလန် :‘‘!!!’’
သူမ ဟန်ချင်စုန့်အား ဝမ်းနည်းစွာကြည့်လိုက်လေသည်။
‘‘စန်းကော ရှင်မကောင်းတာတွေကို သင်ယူခဲ့တာဘဲ’’
သူက တကယ်ပင် သူမကြောက်သွားအောင် ခြောက်လှန့်လာလေသည်။ထို့နောက်သူက နောက်နေခြင်းမဟုတ်သည်ကို သူမ သိလိုက်ရ၏။သူကတကယ်ပင် လမ်းတစ်လျှောက်အတွက် သူမက ပွေ့သွားချင်နေတာဖြစ်၏။သူမက အလွန်ပင်ထိတ်လန့်သွားတာကြောင့် အလျင်အမြန်ပင် ‘အလွန်အားနည်းနေသည်’ဟူသောစကားစုကို သင်ယူလိုက်ကာ သူ့လက်မောင်းများကို မှီထားလိုက်လေသည်။
လမ်းတွင် အစည်းအဝေးမှ အသိအကျွမ်းများက ဟန်ချင်စုန့်အားနှုတ်ဆက်လာလျှင် သူကလည်း ပြန်နှုတ်ဆက်ကာ သူ့မိန်းမအား မိတ်ဆက်ပေးပေလိမ့်မည်။အမှန်တွင် အချို့လူများက ဤအရာအား ဘယ်တော့မှမမြင်ခဲ့ဖူးပေ။
ထို့နောက်သူက လင်းလန်က ကိုယ်ထူကိုယ်ထစားသောက်ဆိုင်သို့ခေါ်သွားလိုက်လေသည်။
သူတို့နောက်တွင် လူနှစ်ယောက်က တိုးတိုးပြောနေကြ၏။
‘‘ညွှန်မှူးဟန်က သူ့မိန်းမကိုများကြောက်နေတာလား’’
‘‘ဟမ်၊မင်းက ဘယ်လိုလုပ်သိတာလဲ’’
‘‘ပုံမှန်အားဖြင့် ငါတို့သူ့ကိုနှုတ်ဆက်ရင် သူ့ကြည့်ရတာ အရမ်းကြောက်စရာကောင်းတာလေ၊ဒီနေ့ကျ သူ့ဇနီးနဲ့အတူလည်းရှိရော သူ့မျက်နှာက သာယာနေပြီးရယ်တော့မလိုဘဲ
လေ ’’
‘‘အိုးး မင်းဘာလို့ ကြောက်တာတွေကိုပြောနေရတာလဲ၊ ညွှန်မှုးဟန်က ရယ်မယ်တဲ့လား ၊ငါကတော့ မင်းစိတ်ကယောင်ချောက်ချားဖြစ်နေမှာကို ကြောက်လာပြီနော်’’
ဤယောက်ျားနှစ်ယောက်၏ တိုးတိုးပြောသံများကို ကြားသောအခါ လင်းလန်ကမတတ်နိုင်ဘဲ သူမပါးစပ်များကိုဖုံးကာ ရယ်လိုက်မိလေသည်။
ဟန်ချင်စုန့်ကမူ မျက်နှာထားမပြောင်းသွားဘဲ လင်းလန်အား စားသောက်ဆိုင်ထဲဝင်ရန် ကူညီပေးလိုက်သည်။
အခုချိန်တွင် စားသောက်ဆိုင်က လင်းလန်အပေါ်တွင် အလွန်ယဉ်ကျေးနေပြီဖြစ်သည်။အစားအစာချက်သည့် စားဖိုမှူးက လက်ကိုင်ရှည်ဇွန်းကို ယူလိုက်ကာ ကြီးမားသောဇလုံတစ်ခုပြီးတစ်ခုတွင်ရှိသည့် အဆီများပြည့်နေသော အသားများကို တိကျစွာယူလိုက်သည်။သူကဇွန်းကြီးတစ်ဇွန်းစာခပ်လိုက်ကာ ဇွန်းအား လင်းလန်ရင်ဘတ်နားတွင် ဂွက်ခနဲခေါက်ချလိုက်သည်။သူမ၏နေ့လည်စာဘူးထဲကိုဖြစ်သည်။
လင်းလန်:‘‘。。。’’အကုန်လုံးက အဆီတွေချည်းဘဲဆရာရေ၊ ကျွန်မက အဆီနည်းတဲ့ဟာကိုဘဲလိုချင်တာပါ။
အခုချိန်တွင် လူများသည် အဆီများသောအသားအား မွှေးကြိုင်သည်ဟု ယူဆထားကြပေသည်။အကယ်၍လူများက မင်းအပေါ်ကောင်းသည်ဆိုပါက သူတို့ကအဆီများသော အသားများပေးကြမှာဖြစ်သည်။လင်းလန်သည်လည်း သူမရင်ထဲအောက်ခြေကနေ ကျေးဇူးတင်သည့်ပုံစံကို ဖော်ပြနေရ၏။
မိန်းမတစ်ယောက်က လက်တစ်ဆုပ်အပြည့်ယူလာသော အနီရောင်စွံပလွံသီးများကို လင်းလန်အားပေးကာ အလွန်နူးညံ့စွာပြုံးပြလာလေသည်။
‘‘ရဲဘော်လင်း အာဟာရဖြစ်စေတဲ့အစားအစာတွေပါ’’
လင်းလန်:‘‘。。。ကျေးဇူးပါ’’
စားနေစဉ်အတွင်းတွင် လူများက သူမကိုဆက်ဂရုစိုက်နေကြကာ တချို့ဆိုလျှင် သူမအား ကြက်ဥပြုတ်တောင်ပေးလာလေသည်။
လင်းလန်:‘‘。。。ကျေးဇူးအများကြီးတင်ပါတယ် စန်းကော’’
တကယ်တမ်းမှာ ယခုအချိန်တွင် လူတိုင်းက စားစရာမပေါများနေကြပေ။လူအများအပြားကဆာလောင်နေကြကာ အကုန်လုံးသည်ပမာဏတစ်ခုအထိ သွေးအားနည်းခြင်းများကိုခံစားနေရ၏။သူမက ဘယ်နေရာမှာများ အထူးတလည်ဖြစ်နေလို့လဲ၊ အဲ့ဒါကဟန်ချင်စုန့်မျက်နှာကြောင့်ဘဲမလား ။တော်လှန်ရေးကော်မတီ၏ ဝါဒဖြန့်ချီရေးဌာနမှ ဝန်ထမ်းများသည်သဘာဝအားဖြင့် သူမအားမျက်နှာချိုသွေး၍ ပျော်ရွှင်နေကြကာ သူမဟောပြောချက်အားသဘောကျသော ကွန်မြူနတီတပ်မဟာများ၏ ဝါဒဖြန့်ချီသူများကလည်း သူတို့၏သဘောကျမှုကိုဖော်ပြရန် ဘာအားစိုက်ထုတ်မှုမှ ထားနေစရာမလိုပေ။
လင်းလန်က ဟန်ချင်စုန့်အား သူမနေ့လည်စာဘူးထဲရှိ အဆီများသော အသားများအားလုံးကို ထည့်ပေးလိုက်သည်။ဟန်ချင်စုန့်ကလည်း အဆီနည်းသောအသားများနှင့် ဝက်ဗိုက်သားများကို သူမနေ့လည်စာဘူးထဲပြန်ထည့်ပေးလာလေသည်။
လူတချို့က လင်းလန်သည် အဆီများသောအသားကိုမစားသည်ကို တွေ့လိုက်ရသောအခါ လောကအသစ်တစ်ခုကိုရှာတွေ့သွားသလိုပင်ဖြစ်သည်။
‘‘ရဲဘော်လင်း စားသောက်ဆိုင်ကအသားကအရသာရှိပါတယ် ဘာလို့မကြိုက်တာလဲ’’
အစည်းအဝေးလာတက်သောသူများသည် အစည်းအဝေးအား သူတို့ဘဝများတိုးတက်အောင် နှစ်သစ်ကူးအဖြစ် မှတ်ယူထားကြပေသည်။အကြောင်းမူကား သူတို့သည် အသားများစားနိုင်သောကြောင့်ဖြစ်သည်။အာလူးနှင့် ဝက်သားကင်ဖြစ်စေ၊ ပင်လယ်ရေမှော်နှင့် ဝက်သားကင်ဖြစ်နေပါစေ ထိုအထဲတွင် အသားလေးပိုင်းမှငါးပိုင်းအထိပါနေပေသည်။ထပ်ပေါင်းပြောရလျှင် သူတို့က အဆီများသည့်အသားစားရသည်ကို အကြိုက်ဆုံးပင်ဖြစ်သည်။
အဆီများသည့် စားစရာများကို သူတို့ပါးစပ်ထဲတွင် ဝါးလိုက်ရသည့်အခါ ပျော်ရွှင်လွန်းလို့ မေ့တောင်လဲကျသွားမှာဖြစ်သည်။
လင်းလန်ရှင်းပြလိုက်မည့်အချိန်မှာဘဲ ဟန်ချင်စုန့်ကပြောလာလေသည်။
‘‘ရဲဘော်လင်းလန်က အလုပ်လည်းအရမ်းကြိုးစားသလို ရိုးလည်းရိုးသားတဲ့သူပါ၊အချိန်တိုင်းလိုလို သူမက အဆီများတဲ့အသားကို ရဲဘော်တွေအတွက်ချန်ထားပေးတတ်ပြီး သူကိုယ်တိုင်ကျ အဆီနည်းတာတွေကိုဘဲ စားတာ’’
ထိုစကားကိုကြားလိုက်ရသောသူတို့သည် ရင်ထဲထိသွားလေသည်။
‘‘ရဲဘော်လင်း မင်းကအရမ်းကောင်းတာဘဲ၊အရမ်းကောင်းလွန်းလို့ တကိုယ်ကောင်းမဆန်မှုရဲ့စံပြပုဂ္ဂိုလ်ဘဲ။ငါနဲ့ငါတို့တွေအားလုံးက မင်းဆီကနေ သင်ယူကြရမယ်’’
လင်းလန်:‘‘。。。’’ကျေးဇူးပြုပြီး ကျွန်မကိုလွှတ်ပေးကြပါတော့ ကျွန်မသေတော့မယ်။
‘‘ညွှန်မှူးဟန် ခင်ဗျားက ညွှန်မှူးလင်းကို တော်လှန်ရေးလက်တွဲဖော်အဖြစ်ရထားတော့ တကယ်ကိုပျော်နေမှာဘဲ’’
တချို့လူများက ဟန်ချင်စုန့်အား စတင်မနာလိုဖြစ်လာလေသည်။
ဟန်ချင်စုန့်က ခေါင်းညိတ်လာလေသည်။
‘‘အမှန်ပါဘဲ’’
လင်းလန်:တကယ်လို့ ရှင်တို့သာ ကျွန်မနဲ့တူတူစားရင် ရှင်တို့ကိုလဲ အဆီများတဲ့အသားနဲ့ အဆီနည်းတာကို လဲပေးမှာပါ။
ဟန်ချင်စုန့် သူမကိုဂုဏ်မြှောက်လိုက်ပြီးနောက်တွင် လူတိုင်းကဒီနေ့တွင် ဤခက်ထန်ကာ လေးနက်နေသောညွှန်မှူးသည် ဒီနေရာကို သူ့ဇနီးအားခေါ်လာခဲ့သည်ကို သိသွားကြရုံသာမက သူ့ဇနီးကလည်း အလွန်ပင်ပါရမီနှင့်ပြည့်စုံကာ၊ လုပ်နိုင်စွမ်းလည်းရှိ၊ တကိုယ်ကောင်းလည်း မဆန်ဘဲ တကယ်ကိုပင် ကွန်မြူနတီအတွက် ကောင်းမွန်သော ရဲဘော်တစ်ယောက်ဖြစ်သည်ကိုပါ သိလာကြလေသည်။
ထို့ကြောင့်နေ့လယ်ခင်းစားသောက်ပွဲတွင် လင်းလန်က ရုတ်တရက်ပင် သူမ၏အတွေ့အကြုံရှိကာ၊လှုပ်ရှားတက်ကြွပြီး ထူးချွန်ထက်မြက်သော ရဲဘော်လင်းကနေ ချစ်စရာအကောင်းဆုံးသူ၊လှုပ်ရှားတက်ကြွမှုအများဆုံး၊လုပ်နိုင်စွမ်းအရှိဆုံးသော စံပြပုဂ္ဂိုလ်၊ တကိုယ်ကောင်းမဆန်ဆုံးသောသူ စသဖြင့် အဆင့်တက်သွားလေသည်။
Xxxxxxx