အပိုင်း ၆၄၁-၆၄၂
Viewers 37k

Part 641


အ‌စေ့အဆံများကို သယ်ယူပို့ဆောင်သောအခါ လိုအပ်ချက်များသည် အလွန်စည်းမျဉ်းတင်းကြပ်ပြီး ပါဝင်သောရေပမာဏကိုဖယ်ထုတ်ရသလို အချွဲကျိများကိုလည်း ဖယ်ရ၏။အကယ်၍ ပဲပိစပ်စေ့များက မခြောက်နေလျှင်၊သို့မဟုတ် ရွတ်တွနေသည့် အစေ့များရှိနေပါက အဆင့်နိမ့်ကာ ထိုပဲပိစပ်၏ဈေးကလည်း အလွန်နိမ့်ပေသည်။ထိုအခါ လုပ်ရကျိုးနပ်မည်မဟုတ်ပေ။ထို့ကြောင့်တပ်မဟာသည် သက်ကြီးရွယ်အိုနှင့် ကလေးတစ်ချို့ကိုခေါ်ကာ ချို့ယွင်းနေသော အစေ့များကိုရွေးစေလိုက်သည်။ မင်းအနေဖြင့် စပါးလှေ့သလိုလုပ်၍ရသော်ငြား ပဲပိစပ်စေ့များက အလွန်လေးလံကာ ကြီးမားသောကြောင့် ထိုသို့လုပ်ကိုင်ရန်မလွယ်ကူပေ။ရွေးထုတ်လိုက်ခြင်းကသာ ပိုမြန်မှာဖြစ်သည်။သို့သော် ပဲစေ့များရွေးခြင်းသည်လည်း ပင်ပန်းသောအလုပ်ပင်ဖြစ်သည်။နေ့တိုင်းပင် မင်းခေါင်းကိုငုံ့ကာ ပဲစေ့များကိုရွေးနေရမည်မှာ တကယ်ကိုသည်းမခံနိုင်စရာပင်ဖြစ်သည်။


‌စန်းဝမ်နှင့် ရှောင်ဝမ်တို့သည် ခနလောက်သာ ရွေးလိုက်ကြပြီး ထွက်ပြေးသွားကြလေသည် ။သူတို့အတွက် မြက်ရိတ်တာ၊သစ်ကိုင်းချိုးတာနှင့် ဝါဂွမ်းကောက်ခြင်းတို့ကသာ ပို၍သင့်လျော်ပေသည်။


မိုင်စွေ့သည်လည်း သည်းမခံနိုင်တော့ပေ။


‘‘ယန်ယန် ငါတို့ပြောင်းဖူးဘဲသွားချိုးရအောင်လေ၊ငါပဲစေ့ရွေးရင်းနဲ့ ခေါင်းမူးလာပြီ၊ပြီးတော့ ငါဘယ်လိုရေရမလဲဆိုတာမသိဘူး ’’


ယန်ယန်လည်း ရယ်လာလေ၏။


‘‘ငါရောဘဲ၊ နင်တို့နှစ်ယောက်လုံးက တွဲလောင်းဆွဲထားသလိုဘဲ။ဘယ်လိုလုပ်ရမလဲ ဒီမှာအများကြီးကျန်နေသေးတယ်’’


ဤအချိန်တွင် အားဝမ်နှင့် ရှန်ယွီတို့က ပြောင်းဖူးများသယ်လာသော ကုန်တင်ကားဖြင့် အတူ‌ပြန်လာကြလေသည်။


အားဝမ်က မိုင်စွေ့မျက်နှာဖြူဖျော့နေကာ သူမမျက်လုံးက လျော့ရဲနေသည်ကို မြင်လိုက်သောအခါ သူမနေမကောင်းဖြစ်နေသည်ဟု ထင်သွားလေသည်။


‘‘ဘာဖြစ်တာလဲ’’


ယန်ယန်က ပြုံးကာ ပြန်ဖြေလိုက်၏။


‘‘ငါတို့တွေ ပဲစေ့ရွေးရလို့ ပင်ပန်းနေတာ’’


အားဝမ်က ကုန်တင်ကားပေါ်ကုန်များကို ဖြေချနေသော ရှန်ယွီဆီသို့ ဆွေးနွေးရန် အပြေးသွားလိုက်၏။


‘‘အကိုရှန်ယွီ ကျွန်တော့်ညီမနဲ့ အခြားသူတွေက ပဲစေ့ရွေးရလို့ ပင်ပန်းနေကြပြီ၊ သူတို့ဒုက္ခကို သက်သာစေဖို့ နည်းလမ်းရှာပေးရအောင်’’


ရှန်ယွီက လယ်သုံးပစ္စည်းများ‌အကြောင်းသိပ်မသိသော်ငြား သူက အားဝမ်နှင့်လိုက်သွားလိုက်ဆဲပင်ဖြစ်သည်။


ထိုအချိန်တွင် ယန်ယန်က ပဲစေ့တစ်ဂေါ်ပြားစာကို မတော်တဆ မြေပြင်ပေါ်တွင် ပြန့်သွားအောင် လုပ်လိုက်မိလေသည်။လုံးဝန်းနေသော ပဲစေ့များက အဝေးကိုလွင့်ထွက်သွားကာ သူမကရှက်ရွံ့လာ၍ အလျင်အမြန်ပင် တံမြက်စည်းလှဲလိုက်၏။


အားဝမ်က လုံးဝန်းနေသော ပဲပိစပ်စေ့များ လိမ့်ထွက်သွားပြီး ရွတ်တွနေသောအစေ့များက နဂိုရှိနေသောနေရာတွင်သာ ရှိနေသည်ကို   မြင်လိုက်ရလေသည်။သူက အကြံတစ်ခုရလာလေသည်။


‘‘တကယ်လို့ ကျွန်တော်တို့ တစ်ခုခုလုပ်ကြည့်လိုက်ရင်ရော၊အဲ့ဒါက လုံးပြည့်နေတဲ့ ပဲစေ့တွေကိုထွက်သွားစေပြီး ရွတ်တွနေတာတွေကိုဘဲ ချန်ထားခဲ့တာမျိုးလေ’’


သူက လူတိုင်းမြင်နိုင်အောင် မြေကြီးပေါ်ကို ညွှန်ပြလိုက်သည်။သေချာပေါက်ပင် လုံးဝန်းနေသော ပဲစေ့များက အဝေးကို‌ရောက်နေပြီး ရွတ်တွနေသော ပဲစေ့များကမူ မလွင့်သွားနိုင်ဘဲ သူတို့ရှိသောနေရာတွင်သာ ရှိနေကြ၏။


ရှန်ယွီကလည်း စိတ်ကူးပေါ်လာလေသည်။

‘‘ငါတို့တွေ ရိုးရှင်းတဲ့ကိရိယာတစ်ခုလုပ်ကြည့်ရအောင် အဲ့ဒါက လုံးပြည့်တဲ့ ပဲစေ့တွေကို လိမ့်ကျသွားစေပြီး ရှုံ့တွနေတဲ့ဟာတွေကို အပေါ်မှာဘဲ ချန်ထားခဲ့လိမ့်မယ်’’


သူက ပုံစံတစ်ခုလုပ်ပြလိုက်ကာ အားဝမ်နှင့် မိုင်စွေ့တို့က ချက်ချင်းပင် နားလည်သွားကြလေသည်။


ယန်ယန်သည်လည်း အလွန်စိတ်ဝင်စားလာလေသည်။လူအနည်းငယ်က စိတ်နောက်သွားကြကာ  အလျင်အမြန်ပင် နည်းလမ်းမျိုးစုံကို ထုတ်ပြလာ၏။စစ်ဆေးကြည့်လိုက်ပြီးနောက်တွင် ပိုပြီးအဆင်ပြေနိုင်သောတစ်ခုကို ဆုံးဖြတ်လိုက်ကာ ဒီဒေသ၏ ထုတ်လုပ်ရေးအသင်းခေါင်းဆောင်ဆီ အကြံဉာဏ်အတွက်သွားလိုက်ကြလေသည်။


ထုတ်လုပ်ရေးခေါင်းဆောင်က အားဝမ်ကိုမြင်သောအခါ အတွင်းရေးမှူး၏အချစ်တော်လေးများကို သဘာဝကျစွာပင် မငြင်းဆန်လိုက်ပေ။ ထို့ကြောင့် သူတို့က သူနှင့်ဆွေးနွေးလိုက်နိုင်ကြ၏။


မကြာခင်မှာပင် သူတို့ကရှေ့ပြေးပုံစံကို လုပ်လိုက်ကြသော်လည်း ပဲပိစပ်စေ့များက အတူတူညှပ်မိနေကြကာ မလိမ့်လာကျပေ။


မိုင်စွေ့ ‘‘ငါတို့တွေ ပိတ်စကို ဆင်ခြေလျှောပုံစံရွေ့သွားအောင်လုပ်ကြည့်ရအောင် စက်ဘီးလိုဘဲလှည့်ကြည့်လိုက်မယ် အဲ့လိုဆို ငါတို့ကပဲပိစပ်စေ့တွေကို အောက်ကျလာအောင်လုပ်လို့ရပြီ’’


ရှန်ယွီက ပြုံးလိုက်၏။


‘‘ဟုတ်တယ် ငါတို့အနေနဲ့ လက်ကိုင်ဒါမှမဟုတ် ခြေနင်းရှိဖို့ဘဲလိုတယ် အဲ့ဒါရှိမှ ပိတ်စကွင်းကြိုးကို ဆက်တိုက်လှည့်နေလို့ရမှာ’’


ရွာထဲတွင် လက်သမားတစ်ယောက်ရှိနေပေသည်။မင်းပြောရန်သာလိုအပ်ပြီး လက်သမားက အဆင့်သင့်ရှိနေသော သစ်သားဂီယာအသေးလေးကို ရှာပေးလာမှာဖြစ်ကာ သူတို့အတွက်ဖိထည့်ပေးပြီးလျှင် ပဲစေ့ရွေးခြင်းကို စလုပ်နိုင်ပြီဖြစ်သည်။


အစွန်းတစ်ဖက်ကမြင့်ကာ တစ်ဖက်ကနိမ့်နေ၏။

 ပဲပိစပ်စေ့များကို အမြင့်ဘက်မှ သိမ်မွေ့စွာ လောင်းထည့်လိုက်ကာ ပိတ်စသိုင်းကြိုးကို ပိတ်လိုက်ပြီး ရွေ့ပြောင်းရန်အတွက် စတင်လှုပ်ခါလိုက်သည်။ပြည့်ဝိုင်းကာ အသားပေါသော ပဲပိစပ်စေ့များက လိမ့်ကျလာကာ ခြင်းတောင်းအကြီးထဲသို့ ရောက်သွားပြီး ရှူံ့တွနေသော အစေ့များကမူ ကျန်နေခဲ့ပြီး သူတို့က တိုက်ရိုက် ဆန့်ထွက်လာကာ တစ်ချက်တည်းနှင့်  ဘေးတွင်ရှိနေသော အိတ်ထဲကျသွားလေသည်။


ထိုကဲ့သို့ ထပ်ခါတလဲလဲဖြစ်နေလေ၏။


‘‘ဝါးးးအဲ့ဒါက အလုပ်ဖြစ်တယ်’’

လူတိုင်းက ပျော်ရွှင်သွားကြလေသည်။


ရှန်ယွီနှင့် အားဝမ်တို့က လက်ချင်းရိုက်လိုက်ကြ၏။


‘‘ကောင်းမွန်တဲ့ ပူးပေါင်းမှုဘဲ’’


အားဝမ်သည်လည်း အလွန်ပျော်နေခဲ့၏။အကြောင်းမှာ သူတို့၏ဗဟုသုတများကိုသုံးကာ ထုတ်လုပ်ရေးနှင့် ဘဝရှိ ပြသနာများကို ဖြေရှင်းလိုက်နိုင်သောကြောင့်ဖြစ်သည်။ဤအရာက ဗဟုသုတသည် အမှန်တကယ် အသုံးဝင်သည်ကို ဖော်ပြနေပေသည်။


‘‘တကယ်လို့ အကိုရှန်ယွီသာ အများကြီးသိမနေခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး’’


ရှန်ယွီက ပြုံးကာ ပြန်ပြောလိုက်၏။


‘‘ကိုယ့်ကိုကိုယ် မနှိမ့်ချနေပါနဲ့ကွာ၊ ဒါကမင်းရလာတဲ့ အကြံလေ’’


ယန်ယန်က သူတို့အား မနာလိုစွာကြည့်လိုက်မိသည်။


သူတို့အကုန်လုံးက ပညာတတ်များဖြစ်ကြလေသည်။ရှန်ယွီဆိုလျှင် အထက်တန်းမှဘွဲ့ရပြီးပြီဖြစ်၏။ အခုအချိန်များတွင် အထက်တန်းဆိုသည်မှာ မှတ်သားရလောက်သော အဆင့်တစ်ခုဖြစ်သည်။လူကြီးများ၏ စကားနှင့်ဆိုရလျှင် 

ထိုအရာက ပညာရှင်ကဲ့သို့ပင်ဖြစ်၏။နောက်ဆုံးတွင် လူအများစုက ကျောင်းမတက်ခဲ့ရကာ၊မဟုတ်လျှင်လည်း အများဆုံးအဖြစ် မူလတန်းကိုသာ နှစ်နှစ်၊သုံးနှစ်လောက်တက်ခဲ့ကြရပြီး အများစုက အလယ်တန်းကို မတက်နိုင်ခဲ့ကြပေ။

အားဝမ်နှင့် မိုင်စွေ့တို့က စာဆက်လေ့လာကြ၏။သူတို့သွားချင်နေသရွေ့ ခေါင်းဆောင်လင်းက ထောက်ပံ့ပေးမှာဖြစ်သည်။သူတို့က အလွန်ပင်ပျော်သွားကြ၏။


မိုင်စွေ့က မနာလိုကာဝမ်းနည်းသည့် မျက်လုံးများဖြင့် ကြည့်နေသော ယန်ယန်အား တွေ့လိုက်ရသောအခါ သူမကိုအားပေးလိုက်သည်။


‘‘နင်စာလေ့လာချင်သရွေ့ ငါတို့ကို အချိန်မရွေးလာမေးလို့ရတယ်၊ ကျောင်းသွားပြီး သင်နေစရာမလိုပါဘူး’’


ယန်ယန်က သူမအား ကျေးဇူးတင်စွာ ပြုံးပြလာ၏။


‘‘ကျေးဇူးပါ’’


မိုင်စွေ့က ရှန်ယွီကို လက်ညှိုးထိုးပြလိုက်သည်။


‘‘နင်အကြံဉာဏ်တွေ တောင်းချင်တယ်ဆို အကိုရှန်ယွီကိုမေးလို့ရတယ်’’


ရှန်ယွီကလည်း ပြုံးကာ ပြန်ဖြေလိုက်၏။


‘‘ဒါပေါ့ မိုင်စွေ့ပြောတာမှန်တယ်၊ စာလေ့လာတယ်ဆိုတာ ကျောင်းမှာဘဲလုပ်ရမယ်လို့ မကန့်သတ်ထားဘူး။ ဥက္ကဌမော်ကလည်း ပြောခဲ့ဖူးတယ် မင်းအသက်ရှင်နေသရွေ့ အချိန်နဲ့အမျှလေ့လာသင်ယူနေလို့ရတယ်တဲ့။ ခေါင်းဆောင်လင်းကလည်း ကိုယ့်ဘာသာကိုယ် သင်ယူခဲ့တာဘဲ၊ မင်းလည်းလုပ်နိုင်ပါတယ်’’


ယန်ယန်က ပျော်ရွှင်စွာ ရယ်မောလာကာ သူမမျက်လုံးထဲတွင် မျှော်လင့်ချက်များ ပြည့်လာလေသည်။


Xxxxxx

Part 642


အားဝမ်နှင့်ရှန်ယွီတို့က ပဲစေ့ရွေးခြင်းပြသနာကို ရိုးရှင်းသောပစ္စည်းတစ်ခုဖြင့် ဖြေရှင်းလိုက်သည်သောကြောင့် တပ်မဟာ၏ ကေဒါများက အံ့အားသင့်သွားကြကာ ပျော်ရွှင်သွားကြ၏။ သူတို့က တစ်ယောက်ပြီးတစ်ယောက် လာကြည့်ရန် ရောက်လာကြလေသည်။


ဟန်ရုံဖန်အနေဖြင့် ဤမျှအထိ ပျော်ရွှင်စွာ ပြုံးနေရသည်မှာ ရှား၏။


‘‘ဒီနှစ် ငါတို့ ပဲပိစပ်စေ့တွေ ပေးတဲ့အခါ ပထမတန်းအဆင့်တစ်ကိုဖြစ်နေမှာဘဲ ပြီးတော့ ကလေးတွေ ကောင်းကောင်းလုပ်ခဲ့ကြတယ်’’


အရင်တုန်းကဆိုလျှင် ပဲစေ့ရွေးရန် နေ့တိုင်းညတိုင်း လူအများအပြားကို စီစဉ်ခဲ့ရကာ အခုတွင်မူ အကုန်အဆင်သွားပြီဖြစ်သည်။ကလေးနှစ်ယောက်သုံးယောက်လောက်ဖြင့် အလုပ်ပြီးနိုင်ပြီဖြစ်တာကြောင့် လုပ်သားအင်အားနှင့် အချိန်ကို ချွေတာသွားနိုင်၏။


‘‘ဒီမှာမင်း。。。’’


ဟန်ရုံဖန်က သူတို့ကိုကြည့်လိုက်ကာ အဖွဲ့ခေါင်းဆောင်အား ပြောလာ၏။


‘‘ငါတို့မှာ ဒီရပိုင်ခွင့်ရှိလား၊ ပြီးတော့ ဆုတွေကရော ဘာတွေလဲ’’


အဖွဲ့ခေါင်းဆောင်က ကြင်နာစွာပြောလာလေသည်။


‘‘ကျွန်တော်သိပါတယ် သူတို့ကို အလုပ်မှတ်၁၀၀ချီးမြှင့်လိုက်ပြီး အချင်းချင်းမျှယူခိုင်းလိုက်မယ်’’


ဤကိရိယာဖြင့်ဆိုလျှင် အရာအားလုံးအတွက် တစ်ခါတည်းနှင့် ပြီးမြောက်သွားမည်ဖြစ်ကာ အနာဂတ်တွင် ဘာပြသနာမှ ရှိလာတော့မည်မဟုတ်ပေ။


အလုပ်မှတ်တွေကို ‌ဆုပေးလိုက်တာက ဘယ်လိုနေလဲ။ကလေးများက အလွန်ပျော်ရွှင်သွားကြ၏။


အဆုံးတွင် အားဝမ်နှင့် ရှန်ယွီက တစ်ယောက်လျှင် အလုပ်မှတ်၃၀စီရကြကာ မိုင်စွေ့နှင့် ယန်ယန်က အလုပ်မှတ်၂၀စီရသွားကြ၏။


ကောင်မလေးနှစ်ယောက်က အလွန်ပျော်သွားကြလေသည်။


‘‘ငါတို့လည်း ရမှာလား ဟားဟားး’’


အားဝမ် :‘‘ကျွန်တော်‌တို့တွေ လက်သမားကိုလည်းပေးသင့်လား’’


အဖွဲ့ခေါင်းဆောင်က ပြောလာ၏။

‘‘လက်သမားကို ပေးစရာမလိုပါဘူး၊ဒါကသူလုပ်သင့်တဲ့အရာဘဲကို’’


ကလေးများက စိတ်သက်သာရာရသွားကြ၏။မိုင်စွေ့နှင့် အားဝမ်က လင်းလန်အား သတင်းကောင်းပြောပြရန် အလျင်အမြန်ပင် အိမ်ပြန်သွား၏။သူတို့က ချက်ချင်းပင် အလုပ်မှတ်၅၀ရသွားကြတာဖြစ်ပေသည်။


သူတို့ပြောသည်အား ကြားပြီးနောက်တွင် လင်းလန်က ဂုဏ်ယူသွားလေသည်။


‘‘အဲ့ဒါက အကိုကြီးရှန်ယွီတော်လို့ဘဲ သူကဒုတိယအကို ပြောပြောချင်းဘဲ လုပ်ဖို့နည်းလမ်းရှာနိုင်သွားတာ’’


မိုင်စွေ့က ပြုံးလာ၏။


လင်းလန်က သူမအားတချက်ကြည့်လိုက်သည်။


‘‘ရှန်ကျီချင်က တော်သလို မင်းတို့လည်းတော်ကြပါတယ်၊ အနာဂတ်မှာ ပိုပြီးတောင် တော်လာကြအုန်းမှာ’’


သူမ၏ ချီးကျူးမှုက အားဝမ်နှင့် မိုင်စွေ့အား ပျော်သွားစေပေသည်။


လင်းလန် :‘‘အခုက နှစ်နာရီတောင်ရှိတော့မယ်၊ မင်းတို့နှစ်ယောက်က အခုထိမစားရသေးဘူး မြန်မြန်လုပ်ကြ’’


သူမကကြည့်ရန် လယ်ထဲသို့ စားစရာပြန်ပို့လာသောအခါ ကလေးများက အလုပ်များနေ၍ သူတို့ကိုမနှောင့်ယှက်တော့ဘဲ စားစရာများကိုသာ ပြန်နွှေးထားလိုက်သည်။အခုတွင် သူတို့ကဒီအတိုင်း စားလိုက်ရုံသာဖြစ်သည်။


မိုင်စွေ့ :‘‘ယန်ယန်နဲ့ အကိုရှန်ယွီကလည်း မစားရသေးဘူး၊ သူတို့အတူလာစားဖို့ ပြောလိုက်မယ်လေ’’


လင်းလန် :‘‘。。。အင်းပါ’’


ခနကြာသောအခါ ယန်ယန်နှင့် ရှန်ယွီက မိုင်စွေ့နှင့်အတူပြန်ရောက်လာ၏။လင်းလန်က သူတို့အတွက်ပြင်ပေးလိုက်ကာ အတူတူစားစေလိုက်သည်။


ရှန်ယွီက ပန်းအိုးတစ်အိုးယူခဲ့လာခဲ့၏။ပန်းအိုးက ပုံမှန်စည်သွပ်ဘူးလို့ ကရားဖြစ်ကာ ဒေစီ၊အနီရောင်ပိုလီဂိုနန်၊ နှင်းဆီပန်းတချို့နှင့် အမျိုးမည်မသိရသော ဗင်နီလာပန်းတချို့ရှိနေကာ အရောင်အဆင်းက နူးညံ့သိမ်မွေ့နေပြီး မွှေးကြိုင်နေ၏။


‘‘ခေါင်းဆောင်လင်းက ပန်းတွေကိုနေရာချရတာ ကြိုက်တယ်ဆိုလို့လေ ဒါကခေါင်းဆောင်လင်းအတွက်ပါ’’


သူက လင်းလန်၏ အိမ်နံရံ‌တွင် ရာသီအလိုက်ပန်းများနှင့် အပင်များ စိုက်ထားသည်ကို တွေ့ခဲ့ရပေသည်။ထို့အပြင် အဓိကအခန်း၏ မြောက်ဘက် ပြတင်းပေါက်တွင်လည်း ပန်းကရားများနှင့် ရွှံ့အိုးများရှိနေသေး၏။ထို့ကြောင့် သူမက ပန်းကြိုက်သည်ဟု သူခန့်မှန်းလိုက်သည်။ဖြစ်ချင်တော့ ယမန်နေ့ကတင် သူပန်းတစ်အိုးဝယ်လာခဲ့သည်ဖြစ်ရာ ယူခဲ့လိုက်လေသည်။အခုချိန်တွင် ပန်းစိုက်ရန်မှာ မကျော်ကြားသေးသော်ငြား ကျေးလက်မှ တောပန်းရိုင်းများသည် ဆိုရှယ်လစ်မြက်များဖြစ်တာကြောင့် ဘာပြသနာမှရှိမည်မည်မဟုတ်ပေ။


လင်းလန်က လက်ခံလိုက်ကာ ပြောလာ၏။

‘‘ဒါတွေက အရမ်းလှတာဘဲ ကျေးဇူးပါ ရှန်ကျီချင်’’


မိုင်စွေ့က ပြုံးကာပြောလိုက်၏။

‘‘အကိုရှန်ယွီက တောပန်းရိုင်းတွေကို ‌ခူးရတာသဘောကျနေတုန်းဘဲလား ၊ကျွန်မက မိန်းကလေးတွေဘဲ ပန်းခူးရတာကြိုက်တယ် ထင်နေတာ’’


အခုချိန်များတွင် အိမ်တွင်းပန်းနှင့် တောရိုင်းပန်းများဟူ၍ ဘာအဓိပ္ပါယ်မှမရှိသေးပေ။သေချာပေါက်ကို ရှန်ယွီက အဓိပ္ပါယ်ကွဲပြားနေမှုကိုမသိပေ။ထို့ကြောင့် သူက မရှက်သွားပေ။သူကပြုံးကာ ပြန်ဖြေလိုက်၏။


‘‘ရှုတုန်ရှင်းက ခုတလောမပျော်နေဘူးဖြစ်နေတာလေ ငါသူ့ကို စိတ်သက်သာရာရအောင်လုပ်ပေးနေတုန်း ဟိုးဘက်ကတောင်ကမူလေးမှာ ပန်းတွေပွင့်နေတာကို တွေ့လိုက်တော့ မတတ်နိုင်ဘဲ နှစ်ခုလောက်ခူးခဲ့လိုက်တာ’’


လင်းလန်က ပန်းများကိုထုတ်ကာ သူမပန်းအိုးထဲထည့်လိုက်သည်။အိုးကိုမူ ရှန်ယွီအား ပြန်ယူသွားခိုင်းလိုက်၏။အခုချိန်များတွင် ဖန်ပုလင်းများကလည်း ကောင်းသောအရာများပင်ဖြစ်သည်။


ညစာစားပြီးနောက်တွင် လူတိုင်းကအ‌လုပ်ဆက်လုပ်လိုက်ကြသည်။မိုင်စွေ့နှင့် အားဝမ်ကလည်း ဟန်ချင်စုန့်နှင့် အခြားသူများကိုရှာရန် လယ်ကွင်းဆီသို့ သွားလိုက်ကြ၏။


ညနေခင်းတွင် ဟန်ချင်စုန့်နှင့် ကလေးများက အလုပ်မှ ပြန်လာခဲ့ကြလေသည်။ရှောင်ဝမ်က ဇလုံးတစ်ခုစာလောက် ပန်းများနှင့် တောရိုင်းပန်းကိုသုံး၍လုပ်ထားသော ကောက်ရိုးဦးထုပ်ထုတ်လာပြီးနောက် လင်းလန်အား ခြေဖျားထောက်ကာ ဆောင်းပေးရန်လုပ်လိုက်သည်။


‘‘မားမား ဖေဖေက မားမားကို ပန်းဦးထုပ်လေးပေးတယ်တဲ့’’


လင်းလန်က လျင်မြန်စွာပင် ဆောင့်ကြောင့်ထိုင်လိုက်ကာ ရှောင်ဝမ်အား ပေးဆောင်းလိုက်သည်။


ရှောင်ဝမ် :‘‘မားမားက အရမ်းလှတာဘဲ’’

သူမက ခေါင်းညိတ်လိုက်သော ဟန်ချင်စုန့်အား ကြည့်လိုက်၏။


‘‘အရမ်းလှတယ်’’


လင်းလန်ရယ်လိုက်မိ၏။


စန်းဝမ် :‘‘အခုကစပြီးတော့ ငါတို့တွေ ပန်းခူးပြီး နေ့တိုင်း လုပ်ပေးကြမယ်’’


လင်းလန်က ခနလောက်ဆောင်းထားလိုက်ပြီးနောက် ချွတ်လိုက်ကာ တံခါးဘောင်တွင် အလှဆင်စရာအဖြစ်ချိတ်ထားလိုက်သည်။၎င်းကအတော်လေးကို လှပေသည်။


ပဲပိစပ်စေ့ရွေးသည့်ပစ္စည်း၏ အကူအညီကြောင့် သူတို့ကိုယ်ပိုင်အသင်းသာ အဆင်ပြေသွားရုံသာမက အနီးအနားက အသင်းများကပါ လေ့လာရန်လာခဲ့ကြလေသည်။ဤနှစ်တွင် ပေးဆောင်သော သူတို့တပ်မဟာအနည်းငယ်၏ ပဲပိစပ်စေ့များအားလုံးက ထိပ်တန်းအဆင့်ပင်ဖြစ်သည်။သူတို့က ကွန်မြူနတီ၏ ချီးကျူးမှုကို ခံရရုံတင်မက ပိုက်ဆံအများအပြားအတွက်ပါရောင်းရလေသည်။


ရှန်ယွီနှင့် အားဝမ်တို့က ပစ္စည်းကိရိယာများကို တိုးတက်အောင်လုပ်ပေးလိုက်သည့်အတွက် ဆုချီးမြှင့်ခံလိုက်ရသည်ကို အခြားပညာတတ်လူငယ်များကြားလိုက်ရသောအခါ သူတို့ကလည်း တစ်ယောက်ပြီးတစ်ယောက် သူတို့ဦးနှောက်များကို အသုံးချလာကြလေသည်။အကြံဉာဏ်များပေးကာ လယ်သုံးကိရိယာများကို တိုးတက်အောင်ပြုလုပ်ပေးလိုက်တာ၊ ဒါမှမဟုတ်လျှင်လည်း အသစ်များကိုတီထွင်လိုက်ကြကာ တစ်လှိုင်းပြီးတစ်လှိုင်း စိတ်အားထက်သန်မှုများ ဖြစ်ပေါ်လာကြလေသည်။


အနည်းငယ်သာ အောင်မြင်မှုရကာ အများစုက မအောင်မြင်ခဲ့ကြသော်ငြား ထိုအရာများက တပ်မဟာ၏ကေဒါများနှင့် အဖွဲ့ဝင်များကြား ပို၍သဟဇာတဖြစ်လာအောင် ပြုလုပ်ပေးခဲ့လေသည်။


Xxxxxxx