အပိုင်း ၆၄၃-၆၄၄
Viewers 36k

Part 643


မျက်စိတစ်မှိတ်အတွင်းမှာပင် ဆောင်းလယ်ပွဲတော်ကို ရောက်ရှိခဲ့ပြန်၏။


ဆောင်းဦးရိတ်သိမ်းမှုအခြေအနေက မဆိုးသောကြောင့် ထုတ်လုပ်ရေးအသင်းက ကလေးများအား အနားယူရန် အားလပ်ရက်တစ်ရက်ပေးလာလေသည်။


လင်းလန်က အိမ်ကိုကောင်းကောင်းသန့်ရှင်းလိုက်ကာ စုဆောင်းထားသော အသားလက်မှတ်များ၊သကြားလက်မှတ်များနှင့် အခြေခံမဟုတ်သောစားသောက်ကုန်လက်မှတ်များကို ထောက်ပံ့ရေးနှင့် ဈေးကွက်ပူးပေါင်းရေးတွင် အသုံးပြုလိုက်၏။


ပထမဆုံးအနေဖြင့် သူမက ဈေးကွက်ပူးပေါင်းရေးသို့သွားကာ သကြား၊ လမုန့်နှင့် ဆန်ခေါက်ဆွဲများ ဝယ်လိုက်သည်။ထို့နောက် သားသတ်ရုံသို့သွားကာ ဝက်ဗိုက်ခေါက်သားတစ်ပိုင်း၊ ဝက်အသည်းတစ်ပိုင်း၊ ဝက်အရေခွံတစ်ပိုင်းနှင့် ဝက်မြှီးတစ်ခု ဝယ်လိုက်လေသည်။သူမက ဖက်ထုပ်များလုပ်ဖို့ ပြင်ဆင်မည်ဖြစ်တာကြောင့် အကြီးဆုံးအကိုဆီသို့သွားကာ ဖက်ထုပ်အကာများကို ကျစ်လျစ်စေကာ ဘယ်လိုဖက်ထုပ်လုပ်ရမည်ကို  သင်ခဲ့လိုက်၏။ထပ်ပေါင်းရမည်ဆိုလျှင် သင့်အနေဖြင့် ကြက်သွန်နီနှင့်ဝက်အသည်းကြော်ကာ ကလေးများအား သံဓာတ်ရအောင် ထောက်ပံ့ပေးနိုင်ပြီး အာလူးနှင့်မုန်လာဥအား ဝက်မြှီး၊ဝက်အရေခွံတို့နှင့် တွဲကာ စတူးဟင်းလုပ်နိုင်ပေသည်။


လင်းလန်အိမ်ပြန်ရောက်လာသောအခါ စန်းဝမ်နနှင့် ရှောင်ဝမ်တို့က သလဲသီးပင်အောက်တွင် သူတို့ခေါင်းများကိုမော့ကာ သလဲသီးများရေနေသည်ကို တွေ့လိုက်ရ၏။


‘‘ရှောင်ဝမ်တိတိ ငါရေနေတာ ခြောက်လုံးပါ မင်းကဘာလို့ ငါးလုံးလို့ပြောရတာလဲ’’


‘‘ရှောင်စန်းကော သားရေတာလည်း ခြောက်လုံးပါ အခုလေးတင် တစ်လုံးပျောက်သွားပြီ’’


‘‘အားးးးအရမ်းဝမ်းနည်းဖို့ကောင်းလိုက်တာ’’


လင်းလန် ပြုံးလိုက်မိ၏။


အခုလိုဆောင်းရာသီမျိုးတွင် လေက အေးစိမ့်စိမ့်ဖြစ်ပြီးလတ်‌ဆတ်နေကာ ကောင်းကင်ပြာရောင်က နက်‌ရှိုင်းကာတိတ်ဆိတ်နေ၏။တရုတ်ဆီးသီးများ၊ တည်သီးများ၊ သလဲသီးများနှင့် အခြားအသီးများက ဆောင်းရာသီ၏ ကောင်းကင်ပြာကြီးအောက်တွင် ရွေ့လျားနေသလိုပင်။သူမမိသားစုမှ စိုက်ထားသော အသီးနှံများက တရုတ်‌ဆီးသီးများကိုသာ ထုတ်လုပ်ပေသည်။သလဲသီးပင်၏အပွင့်များက နွေရာသီတွင် ရဲရဲတောက်နေကာ ဆောင်းရာသီတွင်မူ သူတို့က သလဲသီးဒါဇင်အနည်းငယ်လောက် ထုတ်လုပ်ပေး၏။ရလဒ်အနေဖြင့် အသီးများကနေ့တိုင်းကြွေကျနေကာ ကြည့်ရသည်မှာ သူတို့ထဲမှ ဘယ်တစ်ခုကိုမှ သိမ်းထားလို့ မရနိုင်သည့်ပုံပင်။


ထိုအရာက စန်းဝမ်၏ ကလေးဖြစ်နေသကဲ့သို့ပင်သူ့အား စိတ်ဆင်းရဲအောင် ပြုလုပ်နေပေသည်။


စန်းဝမ်က အလွန်ပင်စိတ်ဓာတ်ကျနေလေသည်။


‘‘ဖြစ်နိုင်တာက ငါတို့အကြိမ်အများကြီးမြင်နေခဲ့ကြလို့များ လွဲသွားတာလား ဟေးး’’


ရှောင်ဝမ်သည်လည်း မော့ကြည့်လိုက်၏။

‘‘ဖြစ်နိုင်တာကတော့ အကို့ဇနီးက တကယ်ကို ရှက်တတ်လို့ဘဲနေမှာ’’


စန်းဝမ် :‘‘。。。ငါကအရမ်းချောတော့ ရှက်နေတာကဖြစ်သင့်ပါတယ်’’


လင်းလန်:。。。


တစ်ယောက်ယောက်များ ငါ့ကိုပြောပြနိုင်ကြမလား အဲ့ဒီမှာများ ငါမသိသေးတဲ့ နာကျင်မှုကိုသာယာပြီး သူများနာကျင်တာကို ကြိုက်တဲ့ ကြက်ခြေခတ်အမျိုးအစား ပုံပြင်များရှိနေခဲ့တာလား။


လင်းလန်ပြန်ရောက်လာသည်ကို မြင်သောအခါ ရှောင်ဝမ်က အပြေးရောက်လာကာ သူမလက်ကိုဆွဲလိုက်ပြီး တိုးတိုးလေးပြောလာ၏။


‘‘မားမား တတိယကိုကိုက အချစ်ကြောင့်အသဲကွဲနေတာ သားစိတ်အားငယ်လာပြီ’’


လင်းလန် ‘‘!!!!’’


သူပြောတာကို စန်းဝမ်ကြားလိုက်သောအခါ နောက်လှည့်လာပြီး သူမအားခါးသီးစွာ ပြုံးပြလာကာ မျက်ရည်များကို သုတ်လိုက်လေသည်။


‘‘မားမား သားအချစ်မှာအသဲကွဲနေရပြီ’’


ရှူတုန်ရှင်းက လတ်တလောတွင် သူဘာဖြစ်နေမှန်းမသိသော်ငြား စိတ်အားငယ်သည်ဟုသော စကားလုံးအား မကြာခဏပြောလေ့ရှိပေသည်။ကျောင်မင်ကျယ် ပြောသည်မှာ သူက အချစ်ကြောင့်အသဲကွဲနေသည်ဟုဆို၏။ ဖြစ်နိုင်သည်မှာ ကျေးလက်ဒေသသို့ အတူမလာသော လျို့ဝှက်ချစ်သူနှင့် ပြတ်သွားလို့ပင်ဖြစ်ရမည်။ဖြစ်နိုင်သည်မှာ သူကအခြားသူများငြင်းဆန်ခံရသည်ကို ကြိုက်ခြင်းကြောင့်ဖြစ်နိုင်၏။ဘယ်လိုဘဲဖြစ်ဖြစ် သူ့ပုံစံက အချစ်ကြောင့်အသဲကွဲနေသည်နှင့်တူနေပေသည်။အမှန်ပင် ကျောက်မင်ကျယ်က အသိပညာမရှိဘဲ မိုက်မဲပေသည်။သူက ဤစကားလုံးများကို ဘယ်ကလေ့လာခဲ့သည်ကို မသိဘဲ စန်းဝမ်နားထောင်ရန် ထိုစကားလုံးများကို ပြောခဲ့လေသည်။


စန်းဝမ်က အသဲကွဲနေသော ဆက်ဆံရေးကို နားမလည်သော်ငြားသူက စိတ်အားငယ်တာကိုမူ သင်ယူခဲ့ပေသည်။


လင်းလန်က ပြုံးလိုက်ကာ သူ့အားတချက်တွန်းလိုက်၏။


‘‘နင့်မျက်နှာပေါ် ရွှေမတင်ထားစမ်းနဲ့ ၊နင်ကမချစ်ဖူးသေးဘဲ ဘယ်လိုလုပ်ပြီး အချစ်ကြောင့် အသဲကွဲရမှာလဲ’’(ကိုယ့်ကိုယ်ကိုယ်အထင်မကြီးနဲ့)


ရှောင်ဝမ် :‘‘မားမား အချစ်ဆိုတာဘာလဲ’’


လင်းလန်က စည်းရုံးလှုပ်ရှားမှုများအတွင်းတွင် ကလေးများကြား နာမည်ကြီးခဲ့သောကြောင့် ကလေးများက သူမကိုမေးရန်မကြောက်ကြပေ။သူမကလည်း ကလေးများမေးမြန်းသည်ကို မကြောက်ရွံ့ဘဲ သူတို့နားလည်သင့်သောအရာများကို ပေးနားလည်စေလိုက်သည်။


‘‘အချစ်ဆိုတာက လူငယ်ကောင်လေးနဲ့ ကောင်မလေးတစ်ယောက်က ကြီးပြင်းလာပြီး တစ်ယောက်နဲ့တစ်ယောက် ကြိုက်သွားကြတဲ့အခါ လက်ထပ်ချင်လာကြပြီး မိသားစုတစ်ခုတည်ထောင်ကြတာမျိုးကိုပြောတာ’’


ရှောင်ဝမ် :‘‘ဒါဆို မားမားနဲ့ ဖေဖေလိုဘဲပေါ့’’


လင်းလန်က ခေါင်းညိတ်လိုက်၏။

‘‘。。。အဲ့လိုနီးပါးပါဘဲ’’


စန်းဝမ်က ထက်ရှစွာပြောလာလေသည်။


‘‘အဲ့ဒါက ဒီအတိုင်းတစ်ယောက်ယောက်နဲ့ ဘလိုင်းဒိတ်တွေ့တာမျိုးမဟုတ်ဘူးလား ၊မြို့ထဲကလူတွေက တကယ်ဘဲ စကားပြောတာကို စိတ်ဝင်စားကြတာဘဲ’’


ချစ်နေကြပြီး ချစ်ဒုက္ခရောက်နေကြတယ်။


လင်းလန်က ပြုံးကာ စန်းဝမ်အား သူမလက်ညှိုးဖြင့် ပုတ်လိုက်သည်။


‘‘ဒါဆိုရင် အခုထိချစ်ဒုက္ခရောက်နေတုန်းဘဲလား ၊ဒါကိုအပြင်မှာထုတ်ပြောလို့မဖြစ်ဘူးနော် ရှက်ဖို့ကောင်းတယ်’’


စန်းဝမ်က ကြွေကြနေသော သလဲသီးများကို ပြလိုက်ကာ စိတ်အားငယ်စွာဆိုလာ၏။


‘‘ဟေး ငါဒါကိုချစ်ဒုက္ခလို့ မခေါ်တော့ဘူး၊ငါရဲ့ သလဲသီးအရုပ်က မရှိတော့ဘူး’’


ရှောင်ဝမ်က ပြုံးဖြဲဖြဲလုပ်လာလေသည်။


‘‘မားမား တတိယအကိုက သလဲသီးစားချင်နေတာ သူက သလဲသီးအပင်က သူ့ဇနီးဖြစ်တယ်လို့ အိပ်မက်မက်လာပြီးတော့ သလဲသီးအပင်က သူ့ကို သလဲသီးအရုပ်ပေးမယ်လို့ပြောတယ်တဲ့ ဟားဟားဟား’’


လင်းလန် :‘‘。。。’’


မျက်စိတစ်မှိတ်အတွင်းမှာပင် ဆောင်းဦးရိတ်သိမ်းမှုက ပြီးဆုံးသွားကာ အများပြည်သူဆိုင်ရာ စပါးစေ့များကိုပေးအပ်လိုက်ပြီး အပိုအလျှံအစေ့ဆံများကိုလည်း ဖြန့်ဝေးပေးလာပြီး အိမ်တိုင်း၏ စပါးစေ့များက ကုန်လှောင်ရုံသို့ ပြန်ရောက်လာခဲ့လေသည်။စက်တင်ဘာလထဲရောက်လာသောအခါ ရာသီဥတုအေးလာပြီး ယောက်ျားသားများက ဂျုံစိုက်ရင်းအလုပ်များနေကြသော်လည်း မိန်းမ‌နှင့်ကလေးများကမူ တစ်ဖန်အနားရနေကြ၏။


ဝါဒဖြန့်ချီရေးအသင်းက အလုပ်များနေပေသည်။‌လင်းလန်က အစည်းအဝေးအနည်းငယ်တက်ရန် ကောင်တီနှင့်ကွန်မြူနတီသို့ သွားခဲ့ရ၏။တစ်ချိန်တည်းမှာဘဲ အခြားတပ်မဟာများနှင့် ကွန်မြူနတီများမှ ဝါဒဖြန့်ချီရေးကေဒါများကလည်း အတွေ့အကြုံလေ့လာကြရန် ရောက်လာကြလေသည်။ကံကောင်းထောက်မစွာဖြင့် တုန်းဟွိုင်ဟွနှင့် လျှိုချွန်းချိုက်တို့က ထိုသူများကို လက်ခံရန် ကူညီပေးခဲ့သောကြောင့် သူမက အရမ်းမပင်ပန်းသွားရပေ။


မနက်ဖြန်သည် စက်တင်ဘာကိုးရက်နေ့တွင် ကျရောက်သည် ချုံယန်းပွဲတော်ဖြစ်သည်။ဤပွဲတော်က ကျေးလက်ဒေသတွင် ကြီးမားသောပွဲတော်မဟုတ်ကာ ကွန်မြူနတီ၏အဖွဲ့ဝင်များက ထိုပွဲကို မကျင်းပကြပေ။လင်းလန်က လယ်ထဲတွင် လုပ်စရာအလုပ်သိပ်မရှိတော့သည်ကို တွေးလိုက်၏။ထို့ကြောင့် သူမအနေဖြင့် အပန်းဖြေရန် အရသာရှိသောမုန့်တစ်ချို့ကို လုပ်နိုင်ပေသည်။ထို့ပြင် တောင်တက်ခြင်းနှင့် အမြင့်တက်ခြင်းတို့ကို ပြုလုပ်လျှင် ပျော်စရာကောင်းမည်ဖြစ်သော်ငြား ကလေးများက ကျောင်းစတက်နေရပြီဖြစ်ကာ အားလပ်ရက်တစ်ရက်မှ မရှိကြပေ။


Xxxxxxx

Part 644


ညနေခင်းတွင် လင်းလန်အပြင်မှ အိမ်သို့ပြန်လာသောအခါ ဝမ်ဝမ်နှင့်ရှောင်ပိုင်တို့က ချက်ချင်းပင် အမြှီးနှံ့ကာပြေးလာကြကာ သူမခြေထောက်အား တရှုတ်ရှုတ်အနံ့ခံကြပြီး ရင်းနှီးစွာညည်းသံများပေးလာကြလေသည်။လင်းလန်က ထိုနှစ်ကောင်အား သူမခြေထောက်ဖြင့် ပွတ်သပ်ပေးလိုက်၏။


‘‘သွားကစားကြလေ’’


သူမတံခါးကို ဖွင့်ပေးလိုက်သောအခါ ရှောင်ပိုင်က ချက်ချင်းပင် ‌ပြေးထွက်သွားပြီး ဝမ်ဝမ်ကမူ အလျင်မလိုဘဲ ဖြည်းဖြည်းချင်းလျှောက်လာလေသည်။


လင်းလန်က အရင်ဦးဆုံး အပြင်ဘက်ရှိ နေခြောက်လှန်းထားသောမြက်များအား တဲထဲကို ယူသွားလိုက်သည်။အခုချိန်များတွင် နှင်းဖုံးကာ မြူဆိုင်းနေတတ်သောကြောင့် မြက်များက အလွယ်တကူစိုသွားနိုင်ကာ မီးမွှေးမရဖြစ်တတ်ပေသည်။


သူမပြန်လာသည်ကို ဘဲအနည်းငယ်ကတွေ့သွားသောအခါ သူတို့လည်ပင်းများကိုဆန့်ကာ တကွက်ကွက်အော်လိုက်ကြပြီး ခြံစည်းရိုးအပြင်မှ ပန်းမျိုးစုံကို နှုတ်သီးဖြင့် ထိုးဆိတ်နေကြ၏။


ထိုအရာအား လင်းလန်မြင်လိုက်ရသောအခါ အလျင်အမြန်ပင် ရပ်ခိုင်းဖို့အပြေးလာလိုက်၏။


‘‘အဲ့ဒါကိုမဆိတ်ကြနဲ့လေ၊ နောက်ကျမှ ငါနင်တို့အတွက် ဂေါ်ဖီလှီးပေးမယ်’’


အခုကာလတွင် ဘဲများစားရန်အတွက် လတ်ဆတ်ကာ နူးညံ့သောအသီးအရွက်ရိုင်းများ ရှိမနေပေ။ထို့ကြောင့် သူတို့အတွက် သူမ၏ ကိုယ်ပိုင်ဟင်းရွက်ခြံမှသာ ရှာရ၏။


သူမက ဘဲဆိတ်ခံလိုက်ရသော ပန်းပွင့်အနည်းငယ်ကို ကြည့်လိုက်သည်။နှမြောစရာပင် ။ဤလှပသော ဂန္ဓာမာပန်းများကို ဟန်ချင်စုန့်ယူလာခဲ့ခြင်းဖြစ်သည်။


ဆောင်းရာသီတွင် နှစ်သက်စရာ ပန်းအများအပြားရှိ၏။အရောင်မျိုးစုံရှိသော ဂန္ဓာမာပန်းများက ကြော့ကြော့မော့မော့ ပွင့်လန်းနေကြကာ အသက်ဝင်နေပေသည်။ထို့ပြင် ဘေးဘက်တွင်လည်း ရက်တစ်ရာပန်းနီနီများ တစ်အုပ်လိုက်ရှိနေ၏။ထိုပန်းများက အလွန်လှပကာ သုံးလထက်ပိုကာ အသက်ရှင်နိုင်ကြ၏။ထိုပန်းများကို သူမအား ရန်ဟုန်ရှားမှ ပေးလာခဲ့ခြင်းဖြစ်သည်။ထို့အပြင့် ရာသီအလိုက်ပွင့်သော ပန်းအများအပြားနှင့် ကြက်အမောက်ပင်ဖြစ်သော  အနီရောင်အသီးများတခိုင်လိုက်ရှိနေသော အပင်များလည်း ရှိနေပေသည်။၊ထိုပန်းများနှင့် အပင်များကို သူမစုဆောင်းထားခဲ့ခြင်းဖြစ်သည်။


ပန်းများနှင့် အပင်များ နံရံ၏မီးခိုးရောင်ထောင့်ကို ပန်းဥယျာဉ်တစ်ခုအဖြစ် အလှဆင်ထားပေသည်။


လင်းလန်အတွက် ဂန္ဓာမာပန်းများ ပျက်စီးသွားသည်ကိုမြင်ရသည်မှာ နှမြောစရာပင်ဖြစ်၏။ဒီလိုဆို အခါ‌သင့်လျော်နေမှတော့ သူမက ဘာလို့ဂန္ဓာမာပန်းကိတ် မလုပ်လိုက်ရမှာလဲ။ရိုးရှင်းစွာပင် သူမက ကပ်ကြေးသုံးကာ နောက်ထပ်ဂန္ဓာမာပန်းအနည်းငယ်ကို ညှပ်လိုက်ပြီး ဘဲများကို ကပ်ကြေးဖြင့် ချိန်းခြောက်လိုက်၏။


‘‘ထပ်လုပ်လာရင် နင်တို့ဘဲခေါင်းတွေ၊ဘဲလည်ပင်း‌နဲ့ ဘဲခြေထောက်တွေကို ဆော့စ်နဲ့ ဘဲကောင်လုံးကင်လုပ်ပစ်လိုက်မယ် 。。。’’


‘‘ကွက် ’’ ဘဲများက လှည့်သွားကာ အလျင်အမြန်ပင် ပြေးသွားကြလေသည်။


ထိုအချိန်တွင် ဟန်ချင်စုန့်ပြန်ရောက်လာပြီး သူမက ကတ်ကြေးကိုင်ကာခါးကိုင်း၍ စကားပြောနေပြီး ဘဲအနည်းငယ်အား လက်ဟန်ခြေဟန်နှင့်လုပ်ပြနေသည်ကို တွေ့လိုက်ရလေသည်။


ဟန်ချင်စုန့် :‘‘。。。’’


သူပြန်လာသည်ကို လင်းလန်မြင်သောအခါ အလွန်ပျော်သွား၏။


‘‘စန်းကော ရှင်အစောကြီးပြန်ရောက်လာတာဘဲ’’


ဟန်ချင်စုန့်က ဝင်ပေါက်အောက်တွင် သူ့စက်ဘီးအား ရပ်ထားလိုက်ကာ ခြင်းထဲမှ ပစ္စည်းအနည်းငယ်ကို ထုတ်လိုက်ပြီး လက်တစ်ဖက်အား သူ့နောက်ကျောတွင် ဝှက်ထားလိုက်၏။သူက သူမဆီသို့ လက်တစ်ဖက်လွှဲ၍သာ လျှောက်လာခဲ့လေသည်။


လင်းလန်က သူကန်စွန်းပန်းများ ယူလာသည်ကို တွေ့လိုက်ရသောအခါ ပြုံးကာပြောလိုက်၏။


‘‘စန်းကော ဒီကန်စွန်းပန်းတွေကို ဘယ်ကရလာတာလဲ’’


ဟန်ချင်စုန့် :‘‘ဒါတွေက ကိုယ်မင်းကိုပေးမယ့်ပန်းတွေဘဲ’’


ပန်းတွေလားးး


လင်းလန် ချောင်းဟန့်ကာ ရယ်လိုက်မိ၏။


‘‘ကန်စွန်းပန်းလားး’’


ဟန်ချင်စုန့်က ခေါင်းညိတ်လိုက်လေသည်။


‘‘ဟုတ်တယ် ကန်စွန်းပန်းတွေ ဒီပန်းတွေက ဇလုံတစ်ခုလောက်ကိုကြီးတယ် အရမ်းလှနေရော’’


လင်းလန်က သူမနှုတ်ခမ်းအားစေ့ကာ ပြုံးလိုက်၏။


‘‘ဒါဆိုရင် ကျွန်မနောက်နှစ်ထိ ဒါတွေကို မြင်ရမှာမဟုတ်ဘူး’’


ထို့နောက် သူကနောက်တွင် လက်တစ်ဖက်ဝှက်ထားသည်ကို မြင်သောအခါ သူမမျက်လုံးများက ရုတ်တရက်တောက်ပ‌လာလေသည်။ ထိုထဲတွင် အလွန်လှပသော ဒေလီယာပန်းသုံးပွင့်ရှိနေသည်အနီရောင်ပန်းများက မီးတောက်ကဲ့သို့ပင် အရောင်တောက်ပနေသော်လည်း လုံးဝကိုမှ အရောင်အရမ်းတောက်နေတာမျိုးမဟုတ်ပေ။ထို့အပြင် အလွန်လတ်ဆတ်ကာ တောက်ပနေသော ပန်းရောင်ပန်းများလည်း ရှိနေပေသည်။


တစ်ခနအတွင်းတွင် လင်းလန်မျက်လုံးများ ပြူးသွားလေသည်။


‘‘ဒေလီယာပန်းတွေ အရမ်းလှတာဘဲ’’


အမှန်ပင် သူမက ဒေလီယာပန်းများအကြောင်းသိပေသည်။သို့သော်လည်း ထိုပန်းများ၏ မြေကြီးထဲမှအပိုင်းကိုမူ သူမတစ်ခါမှ မမြင်ခဲ့ဖူးပေ။ထိုအရာက ကန်စွန်းပန်းများဟုသာထင်မိခဲ့သည်


(T/N အဲ့ဒီပန်းနှစ်ခုက ဘယ်လိုပတ်သက်လဲတော့ ဘာသာပြန်သူလဲမသိပါဘူး )


ဟန်ချင်စုန့်က သူမအားကမ်းပေးလိုက်ကာ သူမခေါင်းပေါ်တွင် ပန်းရောင်တစ်ခုကို ပန်ပေးလိုက်သော်ငြား ပန်းပွင့်က သူမမျက်နှာထက် ကြီးနေသောကြောင့် သူလက်လျှော့လိုက်ရ၏။


လင်းလန် :‘‘。。。’’


သူမက အလွန်ပျော်နေကာ ပန်းများကိုပွေ့ပြီး တစ်ပတ်လှည့်လိုက်လေသည်။


‘‘ပန်းတွေပေးလို့ ကျေးဇူးပါ စန်းကော’’


သူမပျော်လွန်း၍ ကလေးတစ်ယောက်လို ခုန်ပေါက်နေသည်ကို တွေ့လိုက်ရလျှင် ဤခရီးက သွားရတာတန်သည်ဟု သူတွေးလိုက်မိသည်။


‘‘ဒါနဲ့ ကျွန်မတို့ အခုဒါတွေကို စိုက်လို့ရသေးရဲ့လား’’


လင်းလန်က ထိုကန်စွန်းဥချိုများအားလုံးကို ကြည့်လိုက်သည်။


ဟန်ချင်စုန့် :‘‘မြုပ်ဖို့အတွက် တစ်ခုခုရှာလိုက်မယ်’’


အခုချိန်တွင် ထိုကန်စွန်းဥချိုပန်းများက တောက်ပစွာ ပွင့်နေဆဲဖြစ်၏။သူတို့ကို တူးထုတ်ကာ နှင်းကျပြီး အေးခဲနေသောအချိန်တွင် မြေအောက်ခန်းထဲတွင် သိမ်းထားပြီး နောက်နှစ် ဧပြီလရောက်လျှင် အပင်စိုက်ကြမှာဖြစ်သည်။


လင်းလန်က ချက်ချင်းပင် သတိတထားနှင့်‌ပြောလာ၏။


‘‘ဒါတွေကို ကောင်းကောင်းယူသွားနော် ကြွက်တွေမစားသွားစေနဲ့’’


သူမက ကြီးမားသော ဘူးသီးခွံကွဲတစ်ခုကို သွားရှာလိုက်ကာ မြေကြီးများဖြည့်လိုက်ပြီး ကန်စွန်းအနည်းငယ်အား ထိုထဲတွင် မြုပ်ထားလိုက်သည်


သူမက အိမ်မှဝိုင်ပုလင်းကို ထပ်ယူလာပြီး ထိုအထဲတွင် ဝိုင်ဖြူအနည်းငယ်ရှိနေသေး၍ ရေနှင့်ဖြည့်လိုက်ကာ ဒေလီယာပန်းသုံးပွင့်ကို ထည့်ထားလိုက်သည်။ထို့နောက် ခြံထဲသို့သွားကာ အနီရောင်ပန်းအစည်းအနည်းငယ်နှင့် ပန်းသေးသေးလေးများဖြစ်သော ဒေါင်းဖန်ဝါပန်းအနည်းငယ်ကို ဖြတ်လိုက်ပြီး ဝိုင်ပုလင်းထဲတွင် အတူတူထည့်လိုက်၏။ဝိုင်ပုလင်းထဲတွင် တောက်ပပြီးရင်းတောက်ပနေကာ ၎င်းအားအချိန်အတော်ကြာထိ ညစာစား‌သည့်စားပွဲတွင်တွေ့နိုင်ပေသည်။


ဟန်ချင်စုန့်က ဝင်လာပြီး ပြန်ထွက်သွားကာ ဒီပန်းများက အလွန်လှပကာ ကြီးပြီး ရွှန်းစိုနေသည့်အကြောင်းကို တွေး‌လိုက်လေသည်။ဒီပန်းများက တောရိုင်းပန်းများအားလုံးထက် ပိုလှပေသည်။


သူ၏အနည်းငယ် စိတ်ကျေနပ်နေသော အမူအရာကို တွေ့လိုက်ရေသော်လည်ူ လင်းလန်က သူ‌ဘာတွေး‌နေသည်ကို မသိနိုင်ပေ။ သူကအရမ်းရယ်ရကာ သဝန်တိုတတ်သည်ဟု သူမခံစားလိုက်မိ၏။သို့သော် သူကထိုအရာအား ထုတ်မပြမိရန် ထိန်းချုပ်လိုက်ကာ သူမအလုပ်တွင် အနှောင့်ယှက်မဖြစ်စေလိုက်ပေ။သူက ဒီအတိုင်း သူမအားစိတ်ကျေနပ်အောင် ပြုလုပ်ရန်တာ အခွင့်အရေးရှာတတ်ပေသည်။


အမှန်ပင် သူမပျော်နေရတာ ထိုအရာက သူ့ဆန္ဒပင်ဖြစ်၏။


‘‘စန်းကော ဂန္ဓာပန်းကိတ်‌လုပ်ဖို့ ကူညီပေးပါအုန်း မနက်ဖြန်ကျ ချုံယန်းပွဲတော်လေ။ဒါဆိုကျွန်မ တောင်တက်သွားလို့ရပြီ’’


ဟန်ချင်စုန့် :‘‘ကိုယ်မနက်ဖြန်အလုပ်သွားရမယ်လို့ မမြင်မိဘူး’’


လင်းလန်က သူ့ကိုတစ်ချက်ကြည့်လိုက်၏။

‘‘စန်းကောအလုပ်သွားလို့ရပါတယ်နော် ၊ညီမက မဖြစ်မနေသွားရမယ်လို့ မဆိုလိုဘူး၊ ကလေးတွေလည်း အားလပ်ရက်ရှိမနေဘူး’’


‘‘သွားကြမယ်’’ 

သူကဒီတိုင်းပင် ဆုံးဖြတ်လိုက်၏။


Xxxxxxx