အပိုင်း ၆၄၅-၆၄၆
Viewers 37k

Part 645


လင်းလန်တွင် ဂန္ဓာမာပန်းကိတ်လုပ်ရန် လိုအပ်သော အဆင့်သင့်ပါဝင်ပစ္စည်းများ မရှိနေပေ။ထို့နောက် သူမက နည်းလမ်းရှာရုံသာ တတ်နိုင်၏။ သူမက ကန်စွန်းဥချိုများကို ယူကာ အစိတ်လေးများလှီးလိုက်ပြီး ဟန်ချင်စုန့်အား ကန်စွန်းဥများ ပျော့ဖတ်ဖတ်ဖြစ်သွားအောင် ကြိတ်ခိုင်းလိုက်သည်။ကြိတ်ပြီး‌သွားသောအခါ သကြား၊ဆားအနည်းငယ်ထည့်ကာ ရောမွှေလိုက်ပြီး ခေါက်ဆွဲအေးလုပ်သည့်နည်းလမ်းကို အသုံးချလိုက်၏။


သူက ရေနွေးတည်လိုက်ကာ သန့်ရှင်းသောဂန္ဓာမာပန်းပွင့်ဖတ်များကို ရေနွေးဖြောလိုက်ကာ နောက်မှသုံးရန် ထုတ်ထားလိုက်၏။ထို့နောက် အခြားအိုးတစ်အိုးဖြင့် ညစာချက်လိုက်လေသည်။


ဟန်ချင်စုန့်လုပ်တာ ပြီးသွားသောအခါ သူမအား မီးမွှေးရန် ကူညီပေးလာ၏။ သူမက ကန်စွန်းဥအနှစ်များထားရန် လက်ဖက်ရည်လင်ဗန်းကို အသုံးပြုလိုက်ပြီး ဂန္ဓာမာပန်းဖတ်များနှင့် ဝတ်‌ဆံများကို ထိုထဲပစ်ထည့်လိုက်၏။ထို့နောက် အိုးထဲတွင် အတူတူပေါင်းထားလိုက်လေသည်။


ချက်ပြီးသွားသောအခါ ဂန္ဓမာကိတ်က အကောင်အထည်ပေါ်လာမှာဖြစ်၏။ ကန်စွန်းဥများအခဲဖြစ်လာအောင် စောင့်ပြီးလျှင် ထုတ်လိုက်ပြီး ခနလောက်အေးအောင်ထားလိုက်ကာ ဘုတ်ပြားပေါ်တင်ပြီး ပုံစံမျိုးစုံဖြစ်အောင် လှီးလို့ရပြီဖြစ်သည်။အဝိုင်းပုံများကို ဝိုင်ခွက်ဖြင့်ပုံစံဖော်ကာ တိုက်ရိုက်ပင်လှီးကာစိန်တုံးပုံစံ အစရှိသဖြင့် ပုံစံဖော်နိုင်၏။


သူမ တစ်စိတ်လောက် ဖဲ့လိုက်ပြီး ဟန်ချင်စုန့်ကို လှမ်းပေးလိုက်သည်။


‘‘စန်းကော စားချင်လား’’


ထိုအချိန်မှာဘဲ ‌စန်းဝမ်နှင့် ရှောင်ဝမ်တို့က ပြေးလာခဲ့ကြလေသည်။


‘‘မားမားရေ သားအရမ်းပျော်တယ် သားအရမ်းပျော်ခဲ့ရတယ် အိုးးးးဒါလေးတွေကဘာလဲ မားမား အရသာရှိလား’’


ဟန်ချင်စုန့်က ကလေးများပြန်လာသည်ကို ကြည့်လိုက်သောအခါ လင်းလန်က သူ့အားလှမ်းပေးထားသော ဂန္ဓာပန်းကိတ်များအား ပြန်ယူရန်လုပ်လိုက်၏။ထို့ကြောင့် သူကသူမလက်ကိုကိုင်ကာ ဂန္ဓာမာကိတ်အားစားလိုက်သည်။ဝါးလိုက်ပြီးနောက်တွင် ကိတ်ကနူးညံ့ပြီး စေးကပ်နေကာ ချိုကာအရသာရှိ၏။


‘‘အရသာရှိတယ်’’


လင်းလန်က အလျင်အမြန်ပင် သူမလက်ကိုပြန်ဆုတ်လိုက်ကာ ကျောင်းမှပြန်လာသော ကလေးများအား ကြိုဆိုလိုက်၏။


‘‘ဘာပျော်စရာမို့လို့လဲ ဒီကလေးကတော့ တဆိတ်ကို တအိတ်လုပ်ပြောနေပြန်ပြီ’’


ဤအရာက သူမအား တီဗွီဒရာမာများထဲမှ ချဲ့ကားပြောတတ်သော အောင်သွယ်တော်များကို သတိရသွားစေ၏။


ထိုအချိန်တွင် မိုင်စွေ့၊အားဝမ်နှင့် တဝမ်တို့ကလည်း ပြန်လာကြပြီဖြစ်ကာ တဝမ်တောင်မှ ပျော်နေသည့်ပုံပေါ်နေပေသည်။သူတို့အား ညစာစားပွဲပေါ်မှ လှပသောဒေလီယာပန်းများကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြလေသည်။


လင်းလန် :‘‘အဲ့ဒါက တကယ်ဘဲ ကောင်းတာလား’’


အားဝမ် :‘‘မားမား ခန့်မှန်းကြည့်လေ’’


ရှောင်ဝမ်က ရုတ်တရက်ပင် လင်းလန်ကို သတိပေးရန် သူ၏မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြလာ၏။


လင်းလန်က ဒါကိုကြည့်ကာ ထိုအရာအားကြည့်လိုက်ပြီး ရယ်လိုက်လေသည်။


‘‘မားမားသိပြီ၊ အဲ့ဒါကမင်းတို့တွေ。。。。’’


‘‘ဟုတ်တယ် သားတို့ စာစီစာကုံးအတွက် ဆုရခဲ့တယ်’’


စန်းဝမ်က ပျော်ရွှင်စွာ အော်ပြောလိုက်သော်ငြား လင်းလန်က အလွန်စနောက်သည့်ပုံစံမျိုးဖြင့် ပြုံးနေသည်ကို တွေ့လိုက်ရလေသည်။


‘‘ဝါးးး မားမားကလှည့်စားတယ်’’


ရှောင်ဝမ် :‘‘မားမားက အရသာရှိတွေစားစရာတွေလုပ်ထားတာလား ဒါကဘာလဲ’’


မိုင်စွေ့နှင့်အခြားသူများကလည်း ကြည့်ရန်အပြေး‌လာကြလေသည်။


‘‘မားမား ဒါကအရမ်းလှတာဘဲ ဘာကြီးလဲ ပြီးတော့ အပေါ်မှာ ပွင့်ဖတ်တွေလည်းရှိနေတယ်’’


စန်းဝမ်က ခေါင်းလှည့်လိုက်သောအခါ စားပွဲပေါ်ရှိဒေလီယာပန်းကို မြင်လိုက်ရပြီး အံ့အားသင့်စွာပြောလာလေသည်။


‘‘ဘယ်လိုတောင် ကြီးတဲ့ဂန္ဓာမာပန်းကြီးလဲ အဲ့ဒါကအရမ်းလှတာဘဲ သားတစ်ခါမှမမြင်ဖူးသေးဘူး’’


လင်းလန် :‘‘ဒါကို ကန်စွန်းပန်းလို့ခေါ်တယ် မင်းတို့ဖေဖေက အပြင်ကနေယူလာပေးတာ’’


ဟင်းးဒေလီယာပန်းကိုလည်း နေကြာပန်းမျိုးရင်းထဲကတစ်ခုအဖြစ် မှတ်ယူလို့ရမလား။


ကလေးများသည် အရင်က တစ်ခါမှမမြင်ခဲ့ဖူးသောကြောင့် အံ့အားသင့်နေကြပေသည်။


ရှောင်ဝမ် :‘‘တတိယအကို ဒါက အကို့ရဲ့မိန်းမဖြစ်သင့်တယ်၊ အဲ့ဒါကကြည့်ကောင်းရုံတင်မကဘူး ကန်စွန်းဥတွေကိုလည်း မွေးထုတ်ပေးတယ်’’


စန်းဝမ် :‘‘အဲ့ဒီကိစ္စက မပြီးနိုင်တော့ဘူးလား ဒါက အမေ့အတွက်ဘဲ’’


လင်းလန်က ခပ်မြန်မြန်ပင် ကိတ်အားထုတ်လိုက်ကာ ကလေးများစားရန် ပေးလိုက်၏။အားဝမ်နှင့် မိုင်စွေ့က ကိတ်ကို ဘယ်လိုလုပ်ထားသည်ဆိုတာကို လေ့လာလိုက်ကြသည်။


တဝမ်က ကိတ်ကိုတချက်ကြည့်လိုက်ပြီး တစ်ပိုင်းယူလိုက်သောအခါ ကိတ်ကခပ်ပြင်းပြင်းညှစ်ရန် အရမ်းနူးအိနေလွန်းနေ၏။သူကပြန်ချလိုက်ရန် တုံ့ဆိုင်းသွားသော်လည်း စန်းဝမ်ကမူ သူ့လက်ကိုဆွဲကာ ပါးစပ်ထဲထည့်ဖို့လုပ်နေပြီဖြစ်သည်။


‘‘အကိုကြီးမစားချင်ရင် သားကိုကျွေးလိုက်ပါလား’’


တဝမ်က ချက်ချင်းပင် သူ့ပါးစပ်ထဲထိုးထည့်လိုက်၏။ကြာဆံကိုစားလိုက်ရသလိုပင် ခံစားရသော်ငြား ဒီကိတ်ကမူ ပိုနူးအိကာ ပိုလည်းချိုပေသည်။


သူတို့အားလုံး စားရတာကြိုက်သည်ကို တွေ့လိုက်ရသောအခါ ချုံယန်းပွဲတော်တွင်ထင်ရှားသော ကိတ်ကို သူတို့အားပေးလိုက်၏။


‘‘မင်းတို့အဖေနဲ့ မားမားက တောင်တက်ဖို့သွားကြမှာ ‌ဒါကြောင့်ကျောင်းမှာစာကောင်းကောင်းလေ့လာကြနော်’’


‘‘မားမား သားလည်းလိုက်ချင်တယ်’’


စန်းဝမ်က စိတ်လှုပ်ရှားသွား၏။ဘယ်လိုဖြစ်လို့ သူတို့ကိုမခေါ်ဘဲ အပြင်မှာသွားကစားရက်ရတာလဲ။


ရှောင်ဝမ်ကလည်း လင်းလန်အား မျှော်လင့်တောင့်တစွာ ကြည့်လာလေသည်။


လင်းလန်က ငြင်းလိုက်၏။

‘‘အခုချိန်မှာ ဆောင်းတွင်းအားလပ်ရက်က ပြီးသွားပြီလေ၊ မင်းတို့လေးတွေ စာကိုကြိုးစားပြီး လေ့လာသင့်ပြီ’’


မိုင်စွေ့က အားဝမ်ကိုတချက်ကြည့်လိုက်သောအခါ အားဝမ်ကနားလည်ကာ ပြုံးလာ၏။


‘‘မနက်ဖြန်ကျရင် ဆရာမကို မေးကြည့်လိုက်မယ် သားတို့ကို တောင်တက်ဖို့များ ခေါ်သွားပေးနိုင်မလားလို့ ။ဒါနဲ့ ချုံယန်းပွဲတော်နဲ့ ပတ်သက်တဲ့ သမိုင်းတွေနဲ့ ကဗျာတွေကို ပြောကြည့်ရအောင်လေ’’


သူတို့က သမိုင်းကိုမသင်ရသော်လည်း သူတို့ထံတွင် တရုတ်စာအတန်းများရှိနေကာ ဟန်ချင်စုန့်ကလည်း သူတို့ကိုကဗျာအလွတ်ရွတ်ရန် ဦးဆောင်ပေလိမ့်မည်။


စန်းဝမ်က ချက်ချင်းပင်ပြောလာ၏။


‘‘သားသိတယ်အဲ့ဒါက ငါက‌ရေမြေခြားကုန်းမြေပေါ်မှာ တစ်ယောက်တည်းပါဘဲ ပွဲတော်အခါရောက်ရင်တော့ ငါ့ဆွေမျိုးတွေကို လွမ်းမိသား ၊ အဲ့ဒါဟုတ်တယ် ဟီးဟီး’’


ရှောင်ဝမ် :‘‘သားလည်းပြောမယ် ချုံယန်းပွဲတော်ရောက်ရင် ငါဂန္ဓာပန်းတွေရလိမ့်မယ်’’


သူက ဘယ်လိုလုပ်ရမည်ကို မသိသော်ငြား ရိုးရှင်းသောတစ်ခုကပင် ကောင်းနေပြီဖြစ်သည်။


မိုင်စွေ့နှင့် အားဝမ်တို့ကလည်း အချိန်အခါနှင့်‌သင့်တော်သော ကဗျာနှစ်ကြောင်းလောက်ကို ပြောလာကြ၏။


ထို့နောက် လူတိုင်းက တဝမ်အား အတူတူကြည့်လိုက်ကြလေသည်။


ဂန္ဓာမာပန်းကိတ်အား ကိုင်ကာ သူ့ပါးစပ်ထဲထည့်ဖို့လုပ်နေသော တဝမ် :‘‘。。。’’


မင်းတို့ငါ့ကို ဘာအတွက်ကြည့်နေကြတာလဲ။


လင်းလန် :‘‘အကြီးဆုံးလေး ချုံယန်းပွဲတော်နဲ့ ပတ်သက်တာဘာမဆိုရတယ် အမြင့်တက်တာ ၊စက်တင်ဘာလ၊ ပြီးတော့ ဂန္ဓာမာပန်းတွေလည်းရှိတယ်လေ’’

လင်းလန်က တဝမ်၏ကန့်သတ်ဘောင်များကို ဖြေလျော့ပေးလိုက်၏။


တဝမ်က ဂန္ဓာမာကိတ်ကို ပါးစပ်ထဲထိုးထည့်လိုက်ကာ နှစ်‌ကြိမ်လောက်ဝါးလိုက်ပြီး အချိုအရသာက သူ့ပါးစပ်ထဲ လိမ့်ဝင်လာကာ နူးအိမှုများက သူ့ဗိုက်ထဲရောက်သွားသည်အထိ စောင့်နေလိုက်သည်။


Xxxxxxxx

Part 646


တဝမ်က ဂန္ဓာမာကိတ်ကို ပါးစပ်ထဲထိုးထည့်လိုက်ကာ နှစ်‌ကြိမ်လောက်ဝါးလိုက်ပြီး အချိုအရသာက သူ့ပါးစပ်ထဲ လိမ့်ဝင်လာကာ နူးအိမှုများက သူ့ဗိုက်ထဲရောက်သွားသည်အထိ စောင့်နေလိုက်သည်။


‘‘အရှေ့ဘက်စည်းရိုးအောက်က ဂန္ဓာမာတွေကို ကောက်နေရင်း နန်ရှန်း(တောင်အရပ်ကတောင်)ကိုလည်း စိမ်ပြေနပြေကြည့်လို့ရတယ်’’


‘‘အားး ငါဘာလို့ဒီလိုရိုးရှင်းတာမျိုးကို မမျှော်လင့်ထားမိပါလိမ့်’’


စန်းဝမ်က စိတ်ညစ်သွားလေသည်။


‘‘သေချာပေါက် ဒါကို ငါလည်းမှတ်မိနေခဲ့တာကို’’


ရှောင်ဝမ်ကမူ ချက်ချင်းပင် စာအုပ်စင်သို့သွားကာ သူတို့မိသားစုတွင် ရှိသည့် တန်ခေတ်မှကဗျာပေါင်း၃၀၀ စာအုပ်အားသွားရှာလိုက်သော်လည်း ရှာမတွေ့လာပေ။


လင်းလန်က သူမခေါင်းကိုလှည့်ကာ ဟန်ချင်စုန့်အား တချက်ကြည့်လိုက်သောအခါ  သူကချက်ချင်းပင် သူ့နှာခေါင်းနှင့် ပါးစပ်အား ငုံ့ကြည့်လိုက်လေသည်။(မျက်လွှာချပြီးအကြည့်လွှဲတာ) သူက ကဗျာအလွတ်ဆိုရတဲ့နေရာမှာ မတော်ဘူးလို့။


လင်းလန်က သူ့အတွက် ခက်ခဲအောင် လုပ်မနေတော့ဘဲ ကလေးများအား သူတို့အနိုင်ရခဲ့သော စာစီစာကုံးများကို မေးလိုက်၏။


ဟန်ချင်စုန့်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။


ရှောင်ဝမ် :‘‘မားမား အကိုကြီးကလေ အံ့အားသင့်ဖို့ကောင်းတယ်သိလား၊ သူက ကောင်တီမှာ ဒုတိယဆုရခဲ့တာ’’


လင်းလန်က အားရကျေနပ်စွာပင် အံ့အားသင့်သွားလေသည်။


‘‘အကြီးဆုံးလေးက တကယ်ကိုတော်လိုက်တာ’’


တဝမ် :。。。ဒီတိုင်း အိမ်မှာဘဲရေတွက်နေလိုက်တာ။


လင်းလန်က မိုင်စွေ့နှင့် အားဝမ်ကို ထပ်ကြည့်လိုက်သော်လည်း စန်းဝမ်က သူမအားလက်ကနေဆွဲလိုက်လေသည်။


‘‘မားမား သားကိုရော ဘာလို့မမေးတာလဲ’’


လင်းလန် :‘‘ဟမ် သားလည်းဝင်ပြိုင်ခဲ့တာလား’’


အတန်းငယ်လေးတွေက ဝင်မပြိုင်ရဘူး မဟုတ်ဘူးလား။


စန်းဝမ်က ဂုဏ်ယူစွာ ပြောပြလာ၏။


‘‘ဆရာမကပြောတယ် သားကိုကောင်းကောင်းရေးနိုင်ခဲ့လို့ ပေးဝင်ပြိုင်လိုက်တာတဲ့’’


လင်းလန်က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

‘‘ဒါဆို。。。သားကရော ဆုဘယ်လောက်များများရခဲ့လဲ’’


ကလေးများက ရယ်လိုက်သော်လည်း တဝမ်ကမူ လေးနက်နေလေသည်။လင်းလန်က ခနလောက်တွေးလိုက်ပြီး ပြောလိုက်၏။


‘‘ရှောင်စန်း မင်းလုပ်နိုင်ခဲ့တာက ဒုတိယဆုလား၊ ပထမ‌ဆုလား’’


စန်းဝမ်က ချက်ချင်းပင် သူရလာသောဆုကို ထုတ်လိုက်သောအခါ ထိုအရာက သူရဲကောင်းတံဆိပ်ဖောင်တိန်တစ်ချောင်းဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။


လင်းလန် :‘‘စန်းဝမ်လေး သားလုပ်နိုင်ခဲ့တာဘဲ ၊ သားကိုယ်တိုင်ဖောင်တိန်တစ်ချောင်းကို ယူနိုင်ခဲ့ပြီ’’


ထိုအရာသာမာန်ဖောင်တိန်တစ်ချောင်းဖြစ်သော်လည်း အခုချိန်တွင်မူ သာမာန်မဟုတ်တော့ပေ။ထိုဖောင်တိန်က အဆင့်အတန်း၏သင်္ကေတပင်ဖြစ်ကာ သာမာန်ကျောင်းသားများတွင် မရှိသောအရာဖြစ်သည်။


သူမက တဝမ်ကိုကြည့်လိုက်၏။

‘‘သားကြီးကရော ဘာဆုရလဲ’’


တဝမ်က သူ့လွယ်အိတ်ထဲမှ စာမျက်နှာ၃၂ရွက်ပါသော မှတ်စုစာအုပ်ထူအား ထုတ်ပေးလာလေသည်။


လင်းလန်က ချီးကျူးလိုက်လေသည်။

‘‘ဒါကကောင်းတယ်လေ၊ တကယ်ကောင်းတာ ဒီလောက်တောင်ကြီးတဲ့ စာအုပ်ကြီးက’’


တဝမ်က သူမလက်ထဲထိုးထည့်ပေးလာ၏။

‘‘ဒီမှာ မားမားယူလိုက်’’


လင်းလန်က ချက်ချင်းပင် စိုက်ကြည့်လိုက်လေသည်။


‘‘သားကြီး မင်းတကယ်ဘဲ ဒါကို မားမားကိုပေးမလို့လား၊တကယ်ကြီးလား ဒါဆိုမားမားအားမ‌နာနေတော့ဘူးနော်’’


သူမဆီတွင် စာအုပ်အများအပြားရှိသော်လည်း ဒါကမူ သူမ၏သားကြီးထံမှ လက်ဆောင်ဖြစ်သောကြောင့် မတူညီသော အဓိပ္ပါယ်ရှိနေပေသည်။


တဝမ်:‘‘ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော့်အတွက် မလိုနေဘူးလေ’’


လင်းလန်က ပြုံးကာလက်ခံလိုက်ပြီးနောက် မိုင်စွေ့နှင့် အားဝမ်ကိုမေးလိုက်၏။


မိုင်စွေ့က ပြုံးကာပြန်ဖြေလိုက်သည်။

‘‘မားမား သမီးတို့ကဒုတိယဆုရခဲ့တယ်’’


‘‘ဒုတိယဆုလား’’


လင်းလန်က မယုံနိုင်ပေ။

‘‘မဟုတ်တာ၊ စန်းဝမ်က ပထမဆုရတယ်လေ ဘာလို့သမီးတို့က အထူးဆုမရကြတာလဲ’’


အားဝမ်က ရှင်းပြလာ၏။


‘‘မားမား သားတို့က ခရိုင်အဆင့်မှာရလာတာပါ’’


‘‘ဝိုးးးး’’လင်းလန်က အံ့ဩသွားက ဟန်ချင်စုန့်ဘက်ကိုလှည့်လိုက်ကာ ပြောလိုက်၏။


‘‘စန်းကော ကြားလိုက်လား’’


ဘယ်လိုတောင် အားရစရာကောင်းတဲ့ အံ့ဩစရာကြီးလဲ။


ဟန်ချင်စုန့်ကလည်း ခေါင်းညိတ်လာ၏။


‘‘ကောင်းတယ်’’


ဘာစကားတစ်လုံးမှ ထပ်ထွက်မလာတော့ပေ။


လင်းလန် :‘‘。。。’’သူတို့က အရမ်းကိုတော်တယ်လို့ ရှင်မထင်ဘူးလား။


မိုင်စွေ့နှင့် အားဝမ်တို့က အထူးကောင်းမွန်သော ရုန်ရှန်းတံဆိပ်ဖြစ်သည့် သတ္တုဒြပ်စင်များ‌ဖြင့် လုပ်ထားသော ဖောင်တိန်နှစ်ချောင်းကို ထုတ်ပြလိုက်လေသည်။အခုချိန်တွင် ထိုဖောင်တိန်များသည် အထက်တန်းစားများဖြစ်၏။ယဉ်ကျေးမှုဆိုင်ရာလူများတောင်မှ ထိုဖောင်တိန်ကိုသူတို့ဘာသာဝယ်ရန် တွန့်ဆုတ်နေကြတာဖြစ်သည်။


သူတို့နှစ်ယောက်က လင်းလန်အား ဖောင်တိန်ကိုပေးလာကြ၏။သူတို့က ထိုအရာအား နေသားကျနေပြီဖြစ်ကာ လင်းလန်ကသာ သူတို့အား ဆုပေးလေ့ရှိပေသည်။


လင်းလန်က ပြုံးကာ ပြောလိုက်၏။


‘‘ဒါကိုမင်းတို့ဘဲ သိမ်းထားပြီးတော့ မင်းတို့တွေ အလယ်တန်း၊ဒါမှမဟုတ် အထက်တန်းရောက်တဲ့အခါ သုံးကြပေါ့’’


သူမက တကယ်ပျော်နေကာ စာအုပ်ကိုပိုက်၍ ပျော်မြူးစွာပြောလာ၏။


‘‘ငါတို့မိသားစုက တကယ်ကို စွမ်းအားကြီးတာဘဲ၊ အားလုံးက ဖောင်တိန်တွေနဲ့ပညာတတ်တွေချည်းဘဲ ’’


ကျေးလက်မှတပ်မဟာများတွင် တပ်မဟာအတွင်းရေးမှူး၊ ရုံးစာရေးဝန်ထမ်းနှင့် မူလတန်းဆရာမများကသာ ဖောင်တိန်ရှိကြမည်ဖြစ်ကာ အခြားသူများတွင် မရှိပေ။အိတ်ကပ်လေးခုဖြင့် အဝတ်များဝတ်ကာ ဖောင်တိန်ကို ချိတ်ထားလိုက်ပါက ဤကာလတွင် မနာလိုစရာကောင်းနေပြီဖြစ်သည်။အကယ်၍မင်းသာ သားရေဖိနပ်များကို စီးနိုင်ပါက မင်းကအတော်လေးပင် ကေဒါကဲ့သို့ အဆင့်ရောက်နေမှာဖြစ်၏။


သူတို့မိသားစုက ဖောင်တိန်ကို မလိုအပ်သော်ငြား အခုတွင်မူ ရှောင်ဝမ်မှလွဲ၍အားလုံးတွင် ဖောင်တိန်များရှိနေကြပြီဖြစ်သည်။ဒါက တကယ်ကို မှတ်သားရလောက်စရာပင်ဖြစ်သည်။


စန်းဝမ် :‘‘မားမား အနာဂတ်မှာ သားလည်းဖောင်တိန်သုံးလို့ရမှလား’’


လင်းလန် :‘‘ဆရာမက သားကို သုံးလို့ရပြီလို့ပြောလား’’


စန်းဝမ်က အလွန်ပြင်းပြင်းရေးတတ်ကာ ခဲတံနှင့်ဆိုလျှင် စာရွက်ကပျော့ပြဲသွားတတ်၏။အခုချိန်တွင် အတော်လေးပြောင်းလဲသွားပြီဖြစ်သော်ငြား အခုကာလတွင် သာမာန်ဖောင်တိန်များ၏ အရည်အသွေးက မကောင်းတော့ဘဲ မှင်စိမ့်ထွက်တတ်၏။သူကအလွန်သန်မာသောကြောင့်  ရေးလျှင် အနည်းငယ် ပြသနာဖြစ်နိုင်ပေသည်။


စန်းဝမ်:‘‘ဆရာမက သားကို လေးတန်းရောက်မှ ထပ်သုံးကြည့်ဖို့ ပြောတယ်’’


‘‘ဒါဆိုလည်း နောက်တစ်နှစ်ထပ်စောင့်လိုက်ပေါ့ ဘယ်လိုဘဲဖြစ်ဖြစ် ဖောင်တိန်က ကျိုးသွားမှာမှ မဟုတ်တာ ၊ ဒီအတိုင်းထားထားလိုက်’’


စန်းဝမ်က ခနလောက်တွေးကြည့်လိုက်၏။


‘‘ဒါဆိုရင်လည်း သား ဖေဖေ့ကိုပေးလိုက်မယ်’’


နောက်နှစ်ကျရင် ဖေ‌ဖေက သူ့ကိုပိုကောင်းတဲ့တစ်ခု‌ဝယ်ပေးလာမှာဘဲ။


ဟန်ချင်စုန့်က ယူလိုက်လေသည်။

‘‘ကောင်းပြီလေ’’


လင်းလန်က လျို့ဝှက်စွာ ပြုံးလိုက်လေသည်။နင်တို့ကလေးတွေက ကလေးအတွေးနဲ့ဘဲလုပ်တတ်ကြတယ်။နင်တို့‌အဖေက ခေါင်းကြောမာတဲ့လူဆိုတာ မသိကြဘူး၊တကယ်လို့ သူ့ကိုပေးပြီးပြီဆိုရင်တော့ ပြန်လိုချင်လို့မရတော့ဘူး။


ကလေးများက ဆုရခဲ့သောကြောင့် လင်းလန်က‌အတော်လေးပျော်နေပေသည်။


‘‘လာကြ၊ကလေးတွေ ဘာလိုချင်ကြလဲ’’


ကလေးများက သူတို့ကျောင်းကဆုရသည်ထက်ပင် ပိုပျော်သွားကြလေသည်။


Xxxxxxx