အပိုင်း (၇၁-၂)
Viewers 12k

part 71.2


နောင်နောင်၏အမေအရင်းက ကြိုတင်အသိပေးခြင်းပင်မရှိပဲ မြန်မြန်ရောက်ရှိလာလေသည်။ နောက်တနေ့မနက်၌သူမကဆေးရုံအခန်းတံခါးအရှေ့၌ရပ်ပြီးတံခါးခေါက်လိုက်သည်။သူမ၏အသံထဲမှစိတ်လှုပ်ရှားတုန်ရီမှုကိုထိန်းချုပ်ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။


"ဟဲလို...ကျွန်မဝမ်နောင်ကိုလာရှာတာပါ..."


ထန်ထန်အံ့အားသင့်သွားသည်။


"ရှင်က..."


ထိုအမျိုးသမီးကသူမ၏ဆံပင်များကိုနားနောက်သိမ်းညှပ်လိုက်ပြီး အနဲငယ်သဘာဝမကျစွာဖြင့်နှုတ်ဆက်လာလေသည်။


"ကျွန်မကဝမ်နောင်ရဲ့အမေ ယန်ရှောင်ချင်းပါ တယောက်ယောက်ကဒီနေရာမှာဝမ်နောင့်ကိုလာရှာဖို့ပြောလို့ပါ..."


နောင်နောင်၏အမေရုတ်တရက်ရောက်လာမှုကြောင့် ထန်ထန်အံအားသင့်စွာမျက်လုံးများပြူးကျယ်သွားသည်။


 ထန်ထန့်ဆီမှစကားသံထွက်မလာသောကြောင့်သူမကထပ်မံဆိုလိုက်သည်။


"ကျေးဇူးပြုပြီးဒီနေရာမှာ ဝမ်နောင်များရှိနေလားရှင်..."


ထန်ထန်သတိပြန်ဝင်လာပြီးပြောလိုက်သည်။


"နောင်နောင်ရှိပါတယ်...သူအခုသွားဆော့နေတယ်...မကြာခင်ပြန်လာမှာပါ...အထဲဝင်ပြီးလာထိုင်ပါဦး..."


သူမကနှုတ်ခမ်းကိုတချက်ဖိကိုက်လိုက်ပြီး အခန်းထဲသို့မဝံ့မရဲဝင်လာလေသည်။ ထို့နောက်မသေချာမှုအပြည့်ဖြင့်ကုတင်ပေါ်တွင်လဲနေသောကျိယန်ကိုဝေ့ဝဲကြည့်လိုက်ပြီးမေးလိုက်သည်။


"ရှင်ကနောင်နောင့်ကိုလာရှာဖို့ပြောတဲ့လူလား..."


ကျိယန်ကတည်ငြိမ်စွာဖြင့်ခေါင်းညိမ့်လိုက်ပြီး...လိုချင်သည့်အချက်ကိုသာတန်းပြောလိုက်သည်။


"ခဏနေရင် ကျွန်တော်ခဗျားကိုလမ်းပြခေါ်သွားဖို့ တယောက်ယောက်ကိုညွှန်ကြားလိုက်မယ်...ခင်ဗျားဝမ်ကျန်းရီနဲ့လျိုဇီရွှမ်တို့ကိုတွေ့ရင်ဘာပြောရမယ်ဆိုတာကိုသိတယ်မဟုတ်လား..."


ထိုနာမည်များကိုကြားလိုက်သည်နှင့် ယန်ရှောင်ချင်း၏မျက်လုံး၌ဒေါသအငွေ့သက်များဖြတ်ပြေးသွားပြီးတုံ့ပြန်လိုက်သည်။

 

"စိတ်မပူပါနဲ့ ကျွန်မဘာပြောရမယ်ဆိုတာသိပါတယ်..."


သူမစကားဆုံးသည့်အချိန်မှာပင်အပြင်ဘက်မှခြေသံတချို့ကြားလိုက်ရပြီး ကျိရှောင်ကျိုးတယောက်လေအလျင်ကဲ့သို့ပြေးဝင်လာလေသည် သူ့လက်ထဲ၌နှင်းဆီပန်းပုံသကြားရုပ်လေးတခုကိုကိုင်ထားခဲ့သည်။


"မာမီ ဒီမှာကြည့်ပါဦး ဘိုးဘိုးဝယ်ပေးလိုက်တဲ့ နှင်းဆီပန်းပုံလေးလေ မလှဘူးလားနီရဲနေတာပဲ..."


ကလေးနှစ်ယောက်ကပျော်ရွှင်နေသောပဲစေ့လေးများကဲ့သို့လှိမ့်ဝင်လာကြသည်။


 သူတို့ရောက်လာသည့်အချိန်၌ ယန်ရှောင်ချင်း၏မျက်လုံးများကက‌လေးမလေးပေါ်သို့ကျရောက်သွားသည်။


သူမကကလေးကိုခြေဆုံးခေါင်းဆုံးသေချာအကဲခတ်ကြည့်လိုက်၏ ကလေးကပိန်ပါးနေသည်ကိုတွေ့လိုက်သည့်အချိန်၌

သူမအက်ျီအောက်မှလက်များကတုန်ယင်လာပြီးမျက်ဝန်းများနီရဲလာလေသည်။သူမကလေး၏နားမကြားမှုကိုကြားလိုက်ရသောအချိန်တုန်းကလဲမထိန်းချုပ်နိုင်လောက်‌အောင်စို့နင့်ငိုကြွေးခဲ့ရသည်။သူမကတချက်ရှိုက်ပြီးနောင်နောင်ဆီသို့သွားကာခေါ်လိုက်သည်။


"နောင်နောင်..."


နောင်နောင်နေရာမှာပင်အေးခဲသွားသည်သူမ၏မျက်ဝန်းလေးထဲ၌စိတ်ရှုပ်ထွေးမှုများဖြတ်ခနဲပေါ်လာပြီး ပျောက်ကွယ်သွားလေသည်။ ဒီနေရာတွင်ပေါ်ထွက်လာသောအမျိုးသမီးကမည်သူဖြစ်မည်မှန်းသူမသိပေသည်။ကလေး၏မျက်နှာပေါ်မှအပြုံးများကလွင့်ပါးသွားပြီးတည်ငြိမ်တိတ်ဆိတ်သောအကြည့်များဖြင့်အမျိုးသမီးကိုကြည့်နေလေသည်။


အံ့အားသင့်ခြင်းမရှိသလို ကြောက်ရွံ့မှု သို့မဟုတ် နာကျင်ခံစားမှုများလဲလုံးဝမရှိပဲတည်ငြိမ်အေးဆေးမှုသာရှိနေလေသည်။


သို့သော်လဲ ထိုတည်ငြိမ်မှုကပင်အားလုံးကိုစိတ်မကောင်းဖြစ်သွားစေသည်။ ထန်ထန်ထိုမြင်ကွင်းကိုဆက်မကြည့်နိုင်ပဲမျက်နှာလွှဲလိုက်သည်။


ယန်ရှောင်ချင်းကသူမ၏သမီး‌လေးကိုဖက်လိုက်ချင်သော်လဲ သူမလက်လှမ်းဖို့မဝံ့မရဲဖြစ်နေလေသည်။သူမလက်မောင်းကိုမြှောက်လိုက်သော်လဲ ဘာဆက်လုပ်ရမည်မသိဖြစ်နေသည်။ကလေး၏မျက်ဝန်းများကလုံးဝစိမ်းသက်နေသည်ကိုတွေ့လိုက်ရသောကြောင့်သူမကိုမထိရဲဖြစ်နေမိသည်။


ဒါက သူမကိုယ်တိုင်ကိုးလလွယ်ဆယ်လဖွားမွေးဖွားခဲ့ရသည့်ကလေးလေးပေ။တစ်ချိန်တုန်းကသူမသူ့ကိုမွေးဖွားခဲ့သည်တစ်ချိန်တုန်းကသူမ‌လေးကိုချစ်ခင်မြတ်နိုးစွာကြည့်ခဲ့ဖူးသည် တစ်ချိန်တုန်းကသူမကိုအကောင်းဆုံးဘဝလေးကိုပေးအပ်ချင်ခဲ့သည်။ သို့သော်အရာအားလုံးကပြောင်းလဲသွားခဲ့သည်။မူလကဖြစ်ပျက်ခဲ့သမျှအရာရာအားလုံးကို သူမမေ့ပျောက်နိုင်သွားသည်ဟုသူမထင်ခဲ့မိသည်။သို့သော်လဲ ကလေးမလေးကိုမြင်လိုက်ရသည့်အချိန်၌သူမနှလုံးသားထဲပုန်းအောင်းနေသောအပြစ်ရှိစိတ်များကနှလုံးသားကိုပြင်းထန်စွာဝင်ဆောင့်လာလေသည်။


"နောင်နောင် မာမီက နောင်နောင့်ရဲ့ မာမီပါ..."


နောင်နောင်ကသူမကိုအာရုံစိုက်ဖို့အစီအစဉ်မရှိပုံပေါ်လေသည်။ သူ ထန်ထန့်ဆီသို့လျှောက်လာပြီး‌ခြေထောက်ကိုဖက်လိုက်သည် သူမကိုကြည့်ရသည်မှာပုန်းကွယ်နေချင်ပုံရလေသည်။


ထန်ထန်ထိုအ‌ခြေအနေကိုမည်ကဲ့သို့ကိုင်တွယ်ရမည်မသိဖြစ်သွားလေသည်။သူမကလေးမလေးကိုမခ‌ျီလိုက်ပြီး ညင်သာစွာပြောလိုက်သည်။


"နောင်နောင်မကြောက်နဲ့နော် အန်တီဒီမှာရှိနေတယ်..."


နောင်နောင်ကခေါင်းအသာညိမ့်ပြလိုက်ပြီး သူမရဲ့မျက်နှာလေးကိုထန်ထန်၏လက်ကြားထဲဝှက်ထားလိုက်သည်။


ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်အချိန်၌ယန်ရှောင်ချင်း၏မျက်ရည်များပိုမိုကျဆင်းလာလေသည်။သူမ၏နှလုံးသားထဲ၌သူမကိုယ်သူမမုန်းတီးမှုများတိုးပွားလာသည်၎င်းကဝမ်ကျန်းရီကြောင့်လဲမဟုတ်သလို လျိုဇီရွှမ်ကြောင့်လဲမဟုတ်ပေ။


ခွေးတကောင်လောက်ပင်တန်ဖိုးမရှိ‌သောသူမကလွတ်လပ်သွားသည်နှင့်အဝေးဆုံးသို့ထွက်‌ပြေးသွားခဲ့သည်။ သူမက သူမကိုယ်တိုင်မွေးထုတ်ထားသောက‌လေးလေးကိုပင်မကြည့်ရှုခဲ့ပေ။ဒါကြောင့်လဲ ဒီတကြိမ်၌သူမရောက်လာခဲ့ခြင်းဖြစ်သည်တဝက်ကသူမ၏လက်ရှိသားငယ်ကိုပြုစုပျိုးထောင်ဖို့အတွက်ငွေလိုအပ်၍ဖြစ်ပြီး တဝက်ကနောင်နောင့်ကိုကူညီပေးချင်၍ဖြစ်သည်။


သူမနောင်နောင့်အပေါ်ပျက်ကွက်ခဲ့ခြင်းများအပေါ်အလျော်ပေးခြင်းဟုတွေးနိုင်ပေသည်။


ကျိယန်ကထိုအမျိုးသမီး၏ငိုကြွေးမှုကိုဂရုမစိုက်သော်လဲ ထိုကိစ္စကြောင့်နှင့်ကလေးကိုမနာကျင်စေချင်ပေ။ထို့ကြောင့်သူငိုကြွေးနေခြင်းကိုကြားဖြတ်၍ပြောလိုက်သည်။


"ကောင်းပြီ အခုခ‌ဗျားနောင်နောင့်ကိုခေါ်ပြီးသွားလို့ရပြီ...အဲ့ဒီမှာခဗျားကိုကာကွယ်ပေးမဲ့တစုံတယောက်ရှိနေလိမ့်မယ်...ခဗျားလျိုမိသားစုကိုကြောက်စရာမလိုဘူး...ကျွန်တော်တို့သဘောတူထားတဲ့အတိုင်းပြောစရာရှိတာကိုပြောရုံပဲ..."


ယန်ရှောင်ချင်းကမျက်ရည်များကိုသုတ်လိုက်ပြီးသူမလှည့်ထွက်မသွားခင်နောင်နောင့်ကိုတချက်စူးစိုက်၍ကြည့်လိုက်သည်။ 


ထန်ထန်နောင်နောင့်ကိုအောက်ချလိုက်သည်နှင့်ကျိရှောင်ကျိုးကသူမ၏လက်ကလေးအားဆုပ်ကိုင်လိုက်ပြီးလျင်မြန်စွာပြောလိုက်သည်။


"မကြောက်နဲ့နော် ငါလဲနင်နဲ့အတူတူလိုက်လာမှာ ဘယ်သူမှနင့်ကိုအနိုင်ကျင့်လို့မရဘူး..."


နောင်နောင်အသာအယာခေါင်းညိမ့်လိုက်သည်နှင့် ကျိရှောင်ကျိုး၏ဆွဲယူခြင်းကိုခံလိုက်ရပြီးယန်ရှောင်ချင်းအနောက်သို့လိုက်ပါသွားကြသည်။


 ‌ခြေလှမ်းအနဲငယ်မျှလှမ်းပြီးနောက် သူမကထန်ထန်နှင့်ကျိယန်တို့ဆီသို့လှည့်ကြည့်လိုက်သည်။ သူမ၏အကြည့်များကသူတို့ကိုနောက်တကြိမ်ထပ်မတွေ့ရမည်အားစိုးရိမ်ပူပန်နေပုံပေ။


ကလေး၏အကြည့်ကိုမြင်ပြီးနောက်ထန့်ထန့်၏မျက်ဝန်းများနီရဲသွားသည်။ သူမလိုက်သွားချင်ခဲ့သော်လဲ ထိုကိစ္စထဲတွင်ဝင်မစွက်ဖက်ရန်ကျိယန်ကတားထားခဲ့သည်။ထို့ကြောင့်သူမကို သူမထိန်းချုပ်၍သူတို့ပြန်လာမည့်အချိန်ကိုသာစိုးရိမ်ပူပန်စွာစောင့်ဆိုင်းနေလေသည်။


သူမမငြိမ်မသက်ဖြစ်နေသောကြောင့်ကျိယန်လက်ကိုတင်းတင်းဆုပ်ကိုင်ကာပြောလိုက်သည်။


"စိတ်မပူပါနဲ့သူတို့မကြာခင်ပြန်လာမှာပါ..."


"ဘယ်လိုလုပ်ပြီးစိတ်မပူပဲနေလို့ရမလဲ...လျိုမိသားစုကယန်ရှောင်ချင်းရဲ့ခြိမ်းခြောက်မှုကိုမကြောက်ရင်ရော...သူတို့ကလေးတွေကိုအနိုင်ကျင့်နေရင်ရော..."


"သူတို့ကိုကာကွယ်ဖို့တစုံတယောက်လွှတ်လိုက်ပါတယ်...လျိုမိသားစုကလဲလေကလေးတွေရဲ့ဆံပင်တချောင်းတောင်ထိလို့ရမှာဟုတ်ဘူး...ပြီးတော့လဲသူတို့ဘယ်လိုပဲဆန္ဒမရှိရှိ လျိုမိသားစုနစ်နာကြေးပေးဖို့လိုအပ်တယ်...ဒီလိုမှမဟုတ်ဘူးဆိုရင်ကိစ္စတွေကရိုးရိုးရှင်းရှင်းပြီးသွားမှာမဟုတ်ဘူးလေ.."


ရာထူးတိုးမည့်အချိန်ကနီးကပ်လာပေပြီ ဝမ်ကျန်းရီဖြစ်စေလျိုမိသားစုဖြစ်စေမကောင်းသည့်သတင်းများထွက်ပေါ်လာမည်ကိုခွင့်ပြုနိုင်လိမ့်မည်မဟုတ်ပေ။လျိုမိသားစုကအေးဆေးစွာဖြေရှင်းလိုလျှင်သူတို့ငွေအမြောက်အမြားသုံးရပေလိမ့်မည်။


ထန်ထန်ကလှည့်ကွက်များနှင့်အပြောင်းအလဲများအားလုံးကိုနားလည်လိုက်သည်။

၎င်းကဂိမ်းတခု၏မမြင်နိုင်သောစည်းကမ်းများကဲ့သို့ပင်...သူမကိုယ်တိုင်ဘာမှဝင်မကူညီနိုင်သောကြောင့်ကလေးများကောင်းကောင်းမွန်မွန်လုံခြုံခြုံပြန်ရောက်လာဖို့ဆုတောင်းရုံသာတတ်နိုင်လေသည်။


သူညနေအထိစိုးရိမ်ပူပန်နေပြီးနောက်ဆုံးကလေးများပြန်‌ရောက်လာလေသည်။


သူတို့နှစ်ယောက်စလုံးကအခန်းထဲဝင်လာသည်နှင့်ထန်ထန်ဆီသို့ပြေးဝင်လာကြပြီးခြေထောက်တဖက်ဆီကိုဖက်ထားကြလေသည်၊ ၎င်းကထန်ထန့်ကိုအကြာကြီးမမြင်မတွေ့ပဲရှိနေကြသကဲ့သို့ပင်။ထပ်တူညီစွာပင်ထန်ထန်ကလဲသူ့၏အချစ်ကလေးတွေကိုလွမ်းနေခဲ့သည် ထို့ကြောင့်သူမခါးကိုင်းလိုက်ပြီးသူတို့၏နဖူးကိုအနမ်းတပွင့်စီကြဲလိုက်သည်။


"ပေါင်ပေါင်တို့နှစ်ယောက်စလုံးဘာမှမဖြစ်လာဘူးမဟုတ်လား..."


ကျိရှောင်ကျိုးကသူ့၏ရင်ဘတ်လေးကိုကော့ကာရင်ဘတ်ကိုပုတ်ပြီးပြောလိုက်သည်။


"ဒါပေါ့ မာမီသားတို့နှစ်ယောက်လုံးအဆင်ပြေတယ်...မာမီသိလားနောင်နောင်ရဲ့မကောင်းတဲ့မိထွေးဆိုးနဲ့ မိထွေးအဘွားလေသူတို့ဒီနေ့လည်မှာရှုံးနိမ့်သွားတယ်...သူတို့ရဲ့မျက်နှာတွေကလေ...စိတ်ဆိုးလွန်းလို့အရမ်းကိုပဲရုပ်ဆိုးလာတယ်..."


"ဟုတ်လား...ဒါဆိုရင်နောင်နောင်နဲ့ပေါင်ပေါင်တို့ကပျော်လား..."


"ပျော်တယ် ...နောင်နောင်ကသူမအတွက်လက်စားချေလိုက်နိုင်ပြီ..."


နောင်နောင်ကလဲကျိရှောင်ကျိုး၏ပြောစကားကိုစိတ်လှုပ်ရှားစွာဖြင့်ထောက်ခံလိုက်သည်။သူမ၏မျက်နှာသေးသေးလေးများပေါ်တွင် ပျော်ရွှင်မှုများပြည့်နှက်နေပြီးအစာကောက်နေသောကြက်ပေါက်ကလေးကဲ့သို့ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်၏။


ထန်ထန်၏နှလုံးသားပေါ်ပိနေသောကျောကကျောက်တုံးကြီးပြုတ်ကျသွားသကဲ့သို့

ပေါ့ပါးမှုကိုခံစားလိုက်ရပြီး သူတို့ကိုနောက်ထပ်တခါနမ်းမွှေးလိုက်သည်။


ယန်ရှောင်ချင်း၏မျက်ဝန်းထဲ၌မနာလိုမှုအရိပ်အယောင်လေးဖြတ်သန်းသွားသော်လဲ လျင်မြန်စွာပဲပြန်လည်ပျောက်ကွယ်သွားသည်။သူမကလျိုမိသားစုမှပေးလိုက်သောစာချုပ်အမျိုးမျိုးကိုကျိယန်ဆီသို့လှမ်းပေးလိုက်သည်။


"ဒါတွေကလျိုမိသားစုကပေးလိုက်တာ နောင်နောင်ကအခုအရမ်းငယ်နေသေးတဲ့အတွက်အခု ဒီအရာတွေကိုသူမကိုလွှဲပြောင်းပေးလို့မရသေးဘူး...သူမအသက်ပြည့်တဲ့အခါကျရင်တော့ ဒါတွေအားလုံးကိုသူမပိုင်ဆိုင်လိမ့်မယ်..."


ကျိယန်ကထိုစာချုပ်စာတမ်းများကိုကြည့်လိုက်သည်။ ၎င်းအပေါ်တွင်လျိုမိသားစု၏လက်မှတ်နှင့်ရှေ့နေ၏သက်သေပြုချက်ပါရှိနေသည် ၎င်းတို့တွင်အမှားအယွင်းမရှိကြောင်းစစ်ဆေးပြီးမှသူခေါင်းမော့၍ပြောလိုက်သည်။


"မနက်ဖြန်ကျရင် ခဗျားအကောင့်ထဲကိုငွေလွှဲလိုက်မယ်..."


ယန်ရှောင်ချင်းကအနဲငယ်တုံ့ဆိုင်းစွာဖြင့်ပြောလိုက်လေသည်။


"ကျွန်မ...ကျွန်မနောင်နောင်နဲ့နှစ်ယောက်ထဲစကားပြောလို့ရမလား..."


ကျိယန်ကခေါင်းညိမ့်ခေါင်းခါမလုပ်ပဲ


"ခဗျားကျွန်တော်တို့ကိုမေးဖို့မလိုပါဘူး...ခဗျားနောင်‌နောင့်ကိုပဲမေးလိုက် သူမဆန္ဒရှိတယ်ဆိုရင်ပြောနိုင်တယ်..."


ထိုတုံ့ပြန်မှုကြောင့်ယန်ရှောင်ချင်း နောင်နောင်ဘက်သို့ချက်ချင်းလှည့်ကြည့်လိုက်သည်။


သို့သော်လဲနောင်နောင်ကမူ သူမကိုအကြည့်တချက်ပင်စွန့်ကြဲမလာပဲ...ထန်ထန်၏ပွေ့ဖက်မှုထဲ၌သူမမျက်နှာလေးကိုမြုပ်ထားလေသည်။


ယန်ရှောင်ချင်း၏မျက်ဝန်းထဲမှအလင်းရောင်ကပြန်လည်ပျောက်ကွယ်သွားသည်။

သူမ တစုံတရာပြောလိုဟန်ဖြင့်ပားစပ်ဖွင့်ဟလိုက်သော်လဲ နောက်ဆုံး၌ပြန်ပိတ်လိုက်သည်။သူမထန်ထန်၏ပွေ့ဖက်မှုထဲမှနောင်နောင်ကိုကြည့်လိုက်ပြီးနောက် မျက်ရည်များကိုချုပ်ထိန်းကာလှည့်ထွက်သွားလိုက်သည်။


သို့သော်လဲဆေးရုံခန်းပြင်ပသို့ရောက်သောအခါ၌ဆက်လက်ထိန်းချုပ်မထားနိုင်တော့ပဲခါးသီးစွာငိုကြွေးလိုက်လေသည်။


"နှုတ်ဆက်ပါတယ် မာမီ့ရဲ့သမီး‌လေးရေ...မာမီကဒါလေးတခုပဲသမီးအတွက်လုပ်ပေးနိုင်ခဲ့ပါတယ်...မာမီတို့တယောက်နဲ့တယောက်နောက်ထပ်မတွေ့ဆုံနိုင်တော့မှာလဲဖြစ်နိုင်ပါတယ်...သမီးအဆင်ပြေပြေကောင်းကောင်းမွန်မွန်ကြီးပြင်းလာဖို့ပဲမာမီမျှော်လင့်ပါတယ်..."