အပိုင်း (၇၂)
Viewers 12k

Part 72


ယန်ရှောင်ချင်း လျှင်မြန်စွာရောက်လာပြီး ပြန်ထွက်သွားသည်။  သူမ၏သားက အခြားဆေးရုံတစ်ခုတွင် သူမကို စောင့်ဆိုင်းနေပြီဖြစ်သည်။သူမ အချိန်အကြာကြီး မနေနိုင်ပေ။ 


ထိုညတွင်ပင် ယန်ရှောင်ချင်း ကျိယန်ပေးသော အသက်ကယ်ပိုက်ဆံများယူကာ မြို့မှ လေယာဉ်ဖြင့် ထွက်ခွာသွားတော့သည်။ သူမ၏ အရိပ်အယောင်ပင် မကျန်တော့ပဲ အရာတိုင်းက အိပ်မက်လေလားဟု ထင်မိသွားစေသည်။


ထန်ထန် နောင်နောင်၏စိတ်ထဲတွင် မသက်မသာဖြစ်သွားလေမလားဟု စိတ်ပူမိသွားသော်လည်း ကလေးမလေးက  သူမထင်သလောက် မပျော့ညံ့ပေ။ ကလေးမလေး ထန်ထန်၏ ပွေ့ဖက်မှုထဲ သူ့ကိုယ်သူ မြှုပ်နှံထားရင်း ပြောလိုက်သည်။ 


"သူက နောင်နောင်ကိုမလိုချင်ရင် .. နောင်နောင်ကလည်း သူ့ကိုမလိုချင်ဘူး... နောင်နောင်က နောင်နောင်ကိုသဘောကျတဲ့ ကိုကိုရှောင်ကျိုး၊ အန်တီ၊ အန်ကယ်နဲ့ ဘိုးဘိုးကြီးကိုပဲ သဘောကျတာ.."


ထန်ထန်က ဝမ်းလည်း ဝမ်းနည်းသလို ဝမ်းလည်းသာမိသွားပြီး သူမ၏ နှဖူးလေးကို နမ်းလိုက်သည်။


"နောင်နောင်လေး မှန်တယ်... သူတို့ကတို့တွေကို မကြိုက်မှတော့ တို့တွေက သူတို့ကို မလိုဘူးလေ.."


ကျိယန် သူတို့နှစ်ယောက်စလုံးကို ဖက်လိုက်သည်။ သူ ကလေးမလေး လျှိုမိသားစုမှရသော လျော်ကြေးများကို ကြည့်ခိုင်းလိုက်သည်။ သူမ နားမလည်သော်လည်း သူက ရှင်းပြလိုက်သည်။


"နောင်နောင် ဒါ သမီးမိထွေးဆီက လျော်ကြေးပဲ.. သမီးကို ရိုက်မိလို့ တောင်းပန်တဲ့အနေနဲ့ ပေးတာ...ဒါက ဗီလာတစ်ခုပဲ အခုကစပြီးတော့ သမီး ဗီလာကြီးတစ်ခု ပိုင်ရှင်ဖြစ်သွားပြီ... ဒါက ဈေးဝယ်စင်တာတစ်ခုရဲ့ ထိပ်တန်းဈေးဆိုင်တစ်ဆိုင်..ဒါက လျှိုမိသားစုပိုင်တာဆိုပေမဲ့ အခုကစပြီး သမီးပိုင်တာဖြစ်သွားပြီ... သမီးလိုချင်တဲ့အချိန် စီမံခန့်ခွဲလို့ရတယ်... ဒါက ငွေသား နှစ်သန်းပါတဲ့ ကတ်...သမီးအနာဂတ်မှာ အသုံးလိုလာရင် သုံးလို့ရတယ်..."


ကျိယန် ပြောပြီးသည်နှင့်  ကလေးမလေး၏ ခေါင်းကို အသာပုတ်ကာ ပြောလိုက်သည်။


"သမီးက ငယ်သေးတော့ ဒါတွေ မထိန်းနိုင်သေးဘူး အန်ကယ် သေတ္တာထဲထည့်ပြီး သော့ခတ်ပေးထားမယ်နော်.. သမီး ဆယ့်ရှစ်နှစ်ပြည့်တာနဲ့ အဲ့တာတွေသုံးပြီး ကြိုက်တာလုပ်လို့ရပြီ...."


နောင်နောင် မျက်တောင်ခတ်၍ အလေးအနက်နားထောင်နေသည်။ အချိန်အတော်ကြာမှ ကျိယန်ပြောသည်ကို သဘောပေါက်သွားဟန်ဖြင့် ခေါင်းခါလိုက်သည်။ ထို့နောက် ထိုဖိုင်တွဲများကို ကျိယန်ဆီ တွန်းပေးလိုက်သည်။


"နောင်နောင် မလိုချင်ဘူး... နောင်နောင် ဒါတွေကို အန်တီနဲ့ အန်ကယ်ကို ပေးမယ်..."


ထန်ထန်နှင့် ကျိယန်တို့က ကလေးမလေး ဤအရေးကြီး ကိစ္စများကို နားလည်လိမ့်မည်ဟု မထင်ခဲ့ပေ။ သူမက ဤအရာများကို သကြားလုံးလေးများလောက်သာ အရေးကြီးသည်ဟုထင်နေပြီး သူတို့ကို ပေးနေသည်ဟုသာ တွေးမိလေသည်။


"နောင်နောင် ဒါဘာတွေလဲ သမီးသိလား..."

ထန်ထန် မေးလိုက်သည်။


ကလေးမလေးက ခေါင်းငြိမ့်ပြလိုက်သည်။


"သမီးသိတယ်လေ... ဒါတွေက ပိုက်ဆံအများကြီး တန်ကြေးရှိပြီး ဒါတွေနဲ့ ပစ္စည်းတွေအများကြီး ဝယ်လို့ရတယ်.... သမီးက ဒါတွေကို အန်တီနဲ့ အန်ကယ်သုံးဖို့ပေးတာပါ... သမီးကငယ်သေးတယ်... ပိုက်ဆံမလိုဘူးလေ..."


သူမ၏ အဖြေက မမှားပေ။ သူမက နားလည်နေပုံ ပေါ်လေသည်။ သိနေလျက်နှင့် သူတို့ကို ပေးသည်ဟူသော ခံစားချက်က ရင်ထဲထိရှသွားစေသည်။


သို့သော် ထန်ထန်က နောင်နောင်၏ ခေါင်းလေးကို နမ်းလိုက်ပြီး ပြောလိုက်သည်။


"အန်ကယ်နဲ့ အန်တီမှာ ပိုက်ဆံတွေရှိပါတယ်... နောင်နောင် အန်တီတို့ကို ပိုက်ဆံပေးစရာမလိုပါဘူး... နောင်နောင် ဒီပိုက်ဆံတွေကို သိမ်းထားသင့်တယ်နော်... ဒါတွေကို နောင်နောင် အနာဂတ်မှာ ကျောင်းတက်ဖို့အတွက် သုံးပေါ့... ဒါဆို သူများဆီက ပိုက်ဆံတောင်းစရာ မလိုတော့ဘူးလေ..."


နောင်နောင် ခဏမျှ လေးလေးနက်နက် စဉ်းစားလိုက်ပြီး မေးလာသည်။


"နောင်နောင် ဒါတွေနဲ့ တက္ကသိုလ်တက်လို့ရမှာလား..."


"ဒါပေါ့... နောင်နောင် တက္ကသိုလ်တက်လို့ ရရုံတင်မဟုတ်ဘူး.. မာစတာတွေ PhDတွေ အထိပါလေ့လာလို့ရပြီး... နိုင်ငံခြားမှာ ပညာတော်သင်သွားလို့တောင်ရသေးတယ်..."


နောင်နောင် မာစတာ၊ PhDနှင့် နိုင်ငံခြား ပညာတော်သင်ဟူသော အရာများကို မသိပေ။ သို့သော် သူမ၏ အကန့်အသတ်ရှိသော ဗဟုသုတလေးအရ ဤပိုက်ဆံများဖြင့်ဆိုလျှင် အနည်းဆုံး သူမ တက္ကသိုလ်သွားလို့ရကြောင်း သိပေသည်။ တက္ကသိုလ်သွားနိုင်လျှင် သူမ၏ အနာဂတ်အတွက် အခွင့်အလမ်းများ ရလာမည်ဖြစ်ပြီး ပိုက်ဆံပင် ရှာနိုင်မည်ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် သူမ အန်တီ၊ အန်ကယ်၊ ဘိုးဘိုးကြီးနှင့် ကိုကိုရှောင်ကျိုးအတွက် ပစ္စည်းများ ဝယ်ပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နောင်နောင် ထိုအရာများကို လက်ခံရန် ဆုံးဖြတ်ချက်ချလိုက်ပြီး ကျိယန်နှင့် ထန်ထန်ကို ပြောလိုက်သည်။


"အန်ကယ်... သမီး အဲ့ပိုက်ဆံတွေသုံးပြီးတော့ တက္ကသိုလ်သွားမယ်... ပြီးရင် အန်ကယ်တို့သုံးရအောင် ပိုက်ဆံတွေရှာမယ်... အများကြီး အများကြီးကို ရှာပေးမယ်..."


ကလေးမလေး၏ စကားကြောင့် လူကြီးများအားလုံး ရယ်မောမိသွားကြသည်။ ကျိယန် ပြူံလိုက်ကာ ခေါင်းငြိမ့်လိုက်သည်။


"ကောင်းပါပြီဗျာ... အန်ကယ်ဒါတွေကို နောင်နောင်လေး တက္ကသိုလ်သွားတဲ့အထိ သိမ်းပေးထားပါ့မယ်...."


ကလေးမလေး ပျော်ရွှင်စွာ သဘောတူလိုက်သည်။


ထန်ထန် ကျိယန်၏ လက်မောင်းကို ပျော်ရွှင်စွာ တို့လိုက်သည်။


"ယောက်ျား... နောင်နောင် စကားတွေ အများကြီးပြောလာတာ ရှင်သတိထားမိလား...."


ကျိယန် ကျိရှောင်ကျိုးကို ကြည့်လိုက်သည်။


"ကျိရှောင်ကျိုးနဲ့ ပေါင်းတာများမှတော့ စကားများတဲ့လူတစ်ယောက် မဖြစ်လာတာကမှ ထူးဆန်းဦးမယ်...."


ထန်ထန် သူ့စကားများက အဓိပ္ပါယ်ရှိသည်ဟု တွေးမိလိုက်သည်။ သူမတို့၏ ပေါင်ပေါင်က အခြားသူများကို စကားများသောလူတစ်ယောက် ဖြစ်လာစေသည့် အရည်အချင်းရှိနေပေသည်။


သူတို့မိသားစုက ပျော်ရွှင်စွာ ရယ်မောနေကြသော်လည်း ဝမ်ကျန်းရီဘက်တွင် ဆန့်ကျင်ဘက်ဖြစ်နေသည်။


လျှိုဇီရွှမ် ပြင်းပြင်းထန်ထန် ဒေါသထွက်နေသည်။ ထိုနှစ်များမှ မိန်းမက ဝမ်နောင်နှင့်အတူလာပြီး သူမကို အရှက်ခွဲရဲမည်ဟု မထင်ထားခဲ့ချေ။

ဘယ်လိုလုပ်ပြီး လုပ်ရဲတာလဲ... လုပ်ရဲတယ်လား..


ဝုန်း... ဒုန်း...

အိမ်ထဲရှိ အရာဝတ္ထုများက ပစ်ခွဲခံနေရသော်လည်း မည်သူမှ သူမကို မတရားရဲကြပေ။

ဂုဏ်သိက္ခာရှိပြီး လူတကာလေးစားကြသော လျှိုမိသားစုက ဘာမှမဟုတ်သည့် မိန်းမတစ်ယောက်ကြောင့် ခြိမ်းခြောက်ခံခဲ့ရသည်ကို တွေးရင်း အမေလျှို အသဲခိုက်လုမတတ် ဒေါသထွက်နေသည်။ သို့သော် သူတို့တွင် ရွေးချယ်စရာ မရှိဘဲ ထိုအရှက်ကွဲမှုကို လက်ခံကာ ဝမ်နောင်ကို ပစ္စည်းများစွာပေးလိုက်ရသည်။ အလွန် ရှက်ဖွယ်လိလိဖြစ်ပေသည်။


အမေလျှို မခံမရပ်နိုင်ဖြစ်ပြီး လျှိုဇီရွှမ်ကို ဆူပူကြိမ်းမောင်းလိုက်သည်။


"အမေတို့ သမီးကို ဝမ်ကျန်းရီနဲ့ ဖြတ်ပါလို့ပြောတယ်လေ... ဒါပေမဲ့ နားမထောင်ခဲ့ဘူး... သူနဲ့လက်ထပ်ပြီးတော့ သမီးရဲ့ သိက္ခာကိုချနင်းပြီး သူ့ကိုစောင့်ရှောက်ပေးခဲ့တယ်လေ... နောက်ဆုံးတော့ ဘာရလိုက်လဲ... အခုတော့ အခြားလူတွေက သူနဲ့သမီးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကနေ အမေတို့ လျှိုမိသားစုဆီက အကျိုးအမြတ်ယူနေပြီ... အမေတို့လျှိုမိသားစုက ဘယ်တုန်းကများ ဒီလို ရှုံးနိမ့်ဖူးလို့လဲ..."


လျှိုဇီရွှမ် ဒေါသထွက်ထွက်ဖြင့် မတ်တတ်ရပ်လိုက်သည်။


"အမေအခု သမီးကို အပြစ်တင်နေတာလား... အမေနဲ့ အဖေသာ သမီးကျန်းရီနဲ့ အတူရှိနေတာကို မခွဲဘူးဆိုရင် ဒီလိုတွေဖြစ်လာမတဲ့လား..."


အမေလျှို ဒေါသထွက်ပြီး မတ်တတ်ရပ်လိုက်သည်။


"နင်အခု ငါတို့ကို အပြစ်တင်နေတယ်ပေါ့လေ... ငါတို့ ဒါတွေကို ဘယ်သူ့အတွက် လုပ်ခဲ့တာလို့ ထင်လဲ.. ဝမ်ကျန်းရီဆိုတာ ဘာမှမရှိတဲ့ ဆင်းရဲသား စစ်သားလေးတစ်ယောက်ပဲ... အဲ့လိုလူမျိုးနဲ့ နင်လက်ထပ်ရင် နင့်ဘဝဘာဖြစ်သွားမှာလဲ... နင့်အဖေနဲ့ ငါ့ကြောင့်သာမဟုတ်ရင် အခုလိုကောင်းကောင်းမွန်မွန် နေနေရမယ်ထင်လား... နင့်မှာ အသိစိတ်ရော ရှိသေးရဲ့လား..."


အမျိုးသမီးနှစ်ယောက်က အဆုံးမရှိ စကားများနေကြသည်။ ထိုင်ခုံပေါ်တွင် တည်ငြိမ်နေသော အမူအယာဖြင့် ထိုင်နေသော အဖေလျှိုက ရုတ်တရက် ဒေါသ သံကြီးဖြင့် အော်ဟစ်လာသည်။


"တော်တော့... ဆက် စကားမများနဲ့တော့..."


ချက်ချင်းပင် အမျိုးသမီးနှစ်ယောက်က တိတ်ဆိတ်သွားတော့သည်။ သူတို့ စကားမပြောရဲတော့ချေ။


အဖေလျှို စိတ်ပင်ပန်းမှုများ ဖြေဖျောက်ရန် သူ၏ နှာရိုးပေါ်ကို နှိပ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။


"ကိစ္စက ဖြစ်ပြီးသွားပြီ... ထပ်ပြီး ငြင်းခုန်နေကြစရာ အကြောင်းမရှိတော့ဘူး... အဲ့ဒီ့အစား ဘာလို့ ဒီလိုဖြစ်သွားလဲဆိုတာ စဉ်းစားနေသင့်ပြီ.. အဲ့ဒီ့မိန်းမထွက်သွားတုန်းက အသံလေးတစ်သံတောင် မထွက်ရဲဘူး... သူ ပြန်လာပြီး ငါတို့ကို ဆန့်ကျင်ရဲမှတော့ ငါတို့နောက်မှာ တစ်ခုခုလုပ်နေတဲ့ တစ်ယောက်ယောက်တော့ရှိရမယ်..."


အမေလျှို့ ဒေါသထွက်စွာ ပြောလိုက်သည်။


"ဘယ်သူများ လုပ်နိုင်မှာလဲ.. ကျိယန်ဆိုတဲ့ အကောင်ပဲပေါ့... ကျွန်မ အစကတည်းကပြောပါတယ် ကျိယန်က ကျွန်မတို့လျှိုမိသားစုကို မျက်လုံးထဲတောင် မထည့်ပါဘူးလို့... သူ ကျွန်မတို့ကို တမင်တကာ ရန်စနေတာ..."


အဖေလျှို၏ အမူအယာ ပိုမိုဆိုးဝါးသွားသည်။ သူ့စိတ်ထဲတွင် ကျိယန်ကို အတော်လေး စိတ်ကုန်နေပြီဖြစ်သည်။ တပ်မှူးလေးတစ်ယောက်ဖြစ်၍ ကောင်းကင်နှင့် မြေပြင်ကြား ခြားနားချက်ကို ကောင်းကောင်း သိပုံမပေါ်ပေ။ လျှိုမိသားစုက သူတို့ကို မျက်နှာသာပေးထားသော်လည်း သူတို့က မလိုချင်သည်ဖြစ်ရာ သူတို့ကို ဘာမှမပေးလျှင် အပြစ်တင်၍မရပေ။ အချိန်ကြလာလျှင် သူတို့တွေ ဆက်လက်ပြီး ဖြောင့်မတ်နေပါစေဟုသာ မျှော်လင့်နေမိသည်။


အဖေလျှို အပိုင်းပိုင်းအစစ ကွဲအက်နေသောနေပြီဖြစ်သော ပစ္စည်းများပေါ် နင်းလျှောက်၍ ထွက်သွားလိုက်သည်။


––––––––––


နောင်နောင်၏ကိစ္စက ဖြေရှင်းပြီးပြီဖြစ်သော်လည်း လျှိုဇီရွှမ်က နောင်နောင်ကို ကောင်းကောင်း မဆက်ဆံပေ။ နောင်နောင် အိမ်မှ ထွက်လာသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း မည်သူမှ လာမခေါ်သဖြင့် ထိုအချက်က ရှင်းလင်းလှပေသည်။ သို့သော် ၎င်းက ထန်ထန်တို့မိသားစုအတွက် သတင်းကောင်းဖြစ်နေသည်။ ဖြစ်နိုင်လျှင် နောင်နောင်တို့ သူတို့ မိသားစုဖြင့်သာ နေစေချင်သည်။ အဆုံးတွင် သူမ လျှိုဇီရွှမ်းတို့ဖြင့် နေပါက အနိုင်ကျင့်ခံရမည်ဖြစ်သည်။


ယခုတွင် နောင်နောင်က သူမတို့၏ သမီးလေးသဖွယ်ဖြစ်နေပြီဖြစ်သည်။ အဘိုးကျိပင် သူမကို အတော်လေး သဘောကျပေသည်။ မသိသောလူများဆိုလျှင် ကျိယန်နှင့် ထန်ထန်တို့၌ အမွှာနှစ်ယောက် ရှိသည်ဟု ထင်ကြပေလိမ့်မည်။ သူတို့နှစ်ယောက် အခြားလူများကို မရှင်းပြတော့ပဲ နောင်နောင်က သူတို့သမီးလေးဟုသာ အထင်ခံလိုက်ကြသည်။


သားတစ်ယောက်၊ သမီးတစ်ယောက်၊ အကြီးတစ်ယောက်၊ နူးညံ့ချိုမြိန်ပြီး သူ့ကိုဂရုစိုက် စောင့်ရှောက်ပေးသာ ဇနီးလေးတစ်ယောက်ဖြင့် ကျိယန် အရင်ကဒဏ်ရာရသော အချိန်များနှင့် ယှဉ်လျှင် ယခုအချိန်က အပျော်ဆုံး အချိန်ဖြစ်နေသည်။ သူ ဆေးရုံတွင် နေရသည်က သိပ်မဆိုးလှဟု ပထမဆုံး ထင်မိသောအကြိမ်ဖြစ်သည်။ သူ့မိသားစုဖြင့်သာ အတူရှိနေလျှင် အချိန်တိုင်းက အဖိုးတန်လှပေသည်။


သို့သော် လှပသောအချိန်များက အမြဲတမ်း တိုတောင်းတတ်သည်။ ကျိယန် မမြင်ချင်ဆုံးလူတစ်ယောက်က သူ့ဆီရောက်လာသည်။


ကျိဝေ့ဖန်း လူနာဆောင်သို့ ပထမဆုံး လာလည်ချိန်တွင် သူ့နောက်၌ သင့်တင့်လျောက်ပတ်စွာ ဝတ်စားထားသော လင်းလန်က လိုက်လာခဲ့သည်။ လင်းလန်နောက်တွင် အမျိုးသမီးငယ်လေးတစ်ဦး ရှိနေသေးသည်။ ထန်ထန် ထိုအမျိုးသမီးငယ်လေးနှင့် ရင်းနှီးသလို ခံစားလိုက်ရသည်။ သူမက မူလပိုင်ရှင်၏ အစ်မ ထန်မိဖြစ်သည်။


ကျိယန်နှင့် ထိုလူသုံးယောက်၏ ဆက်ဆံရေးက သိပ်မကောင်းလှ၍ သူတို့ကို အခြားဧည့်သည်များကဲ့သို့ နှုတ်ဆက်မတော့ပေ။ ယင်းအစား ဘာမှမလုပ်ပဲ ကျိယန်ဘေးတွင် တိတ်ဆိတ်စွာထိုင်နေလိုက်သည်။ 


မည်သူမှ သူတို့ကို မနှုတ်ဆက်ချင်နေပေ။


အခန်းထဲရှိ လေထုက ရုတ်တရက်ကြီး ကိုးယိုးကားယားဖြစ်လာသည်။


အဘိုးကျိက ထိုအုပ်စုကို မြင်သောအခါ အလွန်စိတ်တိုသွားပြီး သူ၏ ကြိမ်တုတ်ကို အကြိမ်ရေအနည်းငယ်မျှ ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်သည်။ 


"မင်းတို့ ဘာလို့ အခုမှလာတာလဲ.. ကျိယန်ကဖြင့် ဒီရောက်နေတာကြာလှပြီ... မင်းတို့ကတော့ သူ့ဒဏ်ရာတွေ လုံးဝပျောက်ခါနီးမှ ရောက်လာတယ်... ငါမြင်ရအောင် တမင်လာတာပဲဖြစ်ရမယ်...."


ကျိဝမ်ဖန်း ခေါင်းကိုက်သွားသလို ခံစားလိုက်ရပြီး ရှင်းပြလိုက်သည်။

.

"အဖေ အရမ်း မသင့်တော်တာမျိုး မပြောပါနဲ့လား... ကျွန်တော် အခုတလော အရမ်းကို အလုပ်များနေတာ သိရဲ့သားနဲ့.. ကျွန်တော့်မှာသာ အချိန်ရှိရင် မလာပဲ နေပါ့မလားဗျ..."


အဘိုးကျိအေးစက်စက် နှာမှုတ်လိုက်သည်။


"မင်းအလုပ်များနေတယ်ဆိုရင်တောင်.... မင်းရဲ့ သေမလိုဖြစ်သွားတဲ့ သားကိုလာကြည့်ဖို့ နှစ်နာရီလေးတောင် အချိန် မပေးနိုင်ဘူးလား...ကုတင်ပေါ်လှဲနေတဲ့သူက ရှီယွဲ့သာဖြစ်လို့ကတော့ မင်းတို့ တစ်နေ့အကြိမ်သုံးရာလောက် လာကြည့်မယ်ဆိုတာ ငါခန့်မှန်းလို့ရတယ်..."


လူသုံးယောက်၏ အမူအယာက ချက်ချင်းပြောင်းလဲသွားသည်။ ကျိဝေ့ဖန်းက အဘိုးကျိ၏စကားများကြောင့် အလွန်အမင်း မကျေမနပ်ဖြစ်သွားသည်။


"အဖေ... ဘာလို့ ရှီယွဲ့ကို ဒီကိစ္စထဲ ဆွဲထည့်နေရတာလဲ... အဖေ ရှီယွဲ့ကို တကယ်ထိခိုက်စေချင်တာလား... သူကလည်း အဖေ့ရဲ့ မြေးအရင်းပါဗျာ.."


"ဘာ... ငါ အဲ့ဒီ့အကြောင်း ပြောလို့မရဘူးလား... မင်းရဲ့ နောက်ထပ်သားတစ်ယောက်က သေမလိုဖြစ်နေတဲ့အချိန်မှာ နောက်တစ်ယောက်ကို ဒီအတိုင်းလေးပြောရုံနဲ့ နာတယ်ပေါ့လေ... မင်းတစ်ဘက်ကို သမုဒ္ဒရာလောက်ကြီးကို ဘက်လိုက်နေတာမဟုတ်ဘူးလား... နှစ်ယောက်လုံးက မင်းရဲ့ သားအရင်းတွေဆိုပေမဲ့ မင်းဘက်ကရော ညီညီမျှမျှဆက်ဆံပေးလို့လား... ဒီလိုဆိုမှတော့ မင်း ဒီကလေးကို ပထမဆုံးနေရာမှာ မထားသင့်ဘူးကွ... ဒါဆိုရင် သူလည်း သူ့ကို ဘယ်သူမှမချစ်ပေးတာကို ဂရုစိုက်စရာ မလိုတော့ဘူး..."


ကျိဝေ့ဖန်း အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။


"အဖေ... ကျွန်တော်လည်း သူတို့ကို ညီညီမျှမျှဆက်ဆံချင်ပါတယ်... ဒါပေမဲ့ သူကျွန်တော့်အပေါ် ဘယ်လိုသဘောထားလဲ ကြည့်ဦးလေ... သူ ကျွန်တော့်ကို သူ့အဖေလို့ကို မမြင်တာ... ကျွန်တော် သူတို့ကို ဘယ်လိုလုပ် ညီညီမျှမျှဆက်ဆံပေးနိုင်မှာလဲ..."


"ဒီတော့ အဲ့ဒါ သူ့အမှားလို့ မင်းကပြောချင်တာလား... သူမင်းကို သူ့အဖေလို့ ဘာလို့ မမြင်လဲသိလား... ခံစားချက်ရှိတဲ့ ဘယ်ကလေးမဆို အဲ့လိုဖြစ်မှာမပါဘူးကွ..."


အဘိုးကျိ၏ စကားများက ကျိဝေ့ဖန်းကို စကားမပြောနိုင်ဖြစ်သွားစေသည်။ ထိုအချိန်က သူဤကိစ္စတွင် လုံးဝမှားယွင်းခဲ့သည်။ သူနောင်တမရခဲ့သော်လည်း သူ ပြန်လည်ချေပနိုင်စွမ်း မရှိပေ။


မည်သူမှ ကျိယန်၏ ဒဏ်ရာအကြောင်း ဂရုပင်မစိုက်ပဲ အားပါးတရငြင်းခုန်နေကြသည်ကို ကြည့်ရင်း ထန်ထန် စိတ်တိုသွားပြီး ကျိယန်အတွက် နာကျင်မိသွားသည်။ သူမ သူ့လက်ကိုကိုင်ပြီး အေးစက်စွာပြောလိုက်သည်။


"ရှင်တို့ လာလည်ကြတာဆိုရင်... လာလည်ချိန်ပြီးသွားပြီ... ပြန်ကြပါတော့... ကျိယန်က အနားယူဖို့လိုသေးတယ် ဆူညံနှောင့်ယှက်နေလို့ မရဘူး.."


လူသုံးယောက်လုံး ထန်ထန်၏ စကားများကြောင့် အရှက်ရသွားကြသည်။ သူတို့ ဝင်လာကတည်းက ကျိယန်ကို မေးဖော်ပင်မရဘဲ အငြင်းပွားနေမိကြောင်း သတိထားမိသွားသည်။


ချက်ချင်းပင် လင်းလန်က သူမဝယ်လာသောပစ္စည်းများကို စားပွဲပေါ်တင်လိုက်ပြီး ပြုံး၍ပြောလိုက်သည်။ 


"အမေတို့ ကျိယန်အတွက် အားဖြည့်စာတွေဝယ်လာခဲ့တယ်... ဒါတွေက ပြန်လည်ကုသပေးနိုင်စွမ်း အတော်လေးကောင်းတယ်... ကုန်သွားရင် ထပ်ဝယ်ပြီးပို့ပေးမယ်နော်..."


ထန်ထန် လင်းလန်နှင့် ကျိယန်တို့ကြားရှိ ဆက်ဆံရေးကို အတော်လေး နားလည်ပေသည်။ သူမတွင် လင်းလန်အတွက် ခံစားချက်ကောင်းများမရှိ၍ မျက်နှာသာပင် မပေးလိုက်ပေ။


"ကျွန်မတို့ တစ်ခုခုလိုအပ်ရင် ဝယ်နိုင်တယ်.. ရှင်တို့ကို ဒုက္ခပေးစရာမလိုပါဘူး... ဒါတွေ ပြန်ယူသွားပေးပါ...."


ပစ္စည်းများ ချပေးနေသော လင်းလန် တောင့်ခဲသွားသည်။ သူမ ကိုးယိုးကားယားပြုံးလိုက်ပြီး ဘာပြောရမှန်းပင် မသိတော့ချေ။


တုံ့ပြန်သည့်အနေဖြင့် ကျိဝေ့ဖန်းက ထန်ထန်ကို မကျေမနပ်ဖြစ်ကာ ဒေါသထွက်စွာ ရှုံ့ချလိုက်သည်။


"ဒါ မင်းတို့ ဧည့်သည်ကို ဆက်ဆံတဲ့ ပုံစံလား... ယဉ်ကျေးမှုတွေ ဘယ်ရောက်ကုန်လဲ..."


သူပြောပြီးသည်နှင့် မျက်လုံးမှိတ်၍နေနေသော ကျိယန်က ခွက်တစ်ခွက်ယူလိုက်ပြီး ပစ်ထည့်လိုက်သည်။


 "ဘန်း"


 ၎င်းက ကျိဝေ့ဖန်း နောက်ကျောဘက်ရှိ နံရံကို မှန်သွားပြီး အစိတ်စိတ်အက်ကွဲသွားသည်။ မည်သူမှ မထိခိုက်သွားသော်လည်း ကျိဝေ့ဖန်းအပါအဝင် လူတိုင်း ထိတ်လန့်သွားကြသည်။


ကျိယန် မျက်လုံးဖွင့်လိုက်ကာ အေးစက်စွာပြောလိုက်သည်။


"ကျွန်တော့မိန်းမကို သင်ကြားပေးဖို့ ခင်ဗျားနဲ့ မဆိုင်ဘူး... သူ့မှာ ယဉ်ကျေးမှု ရှိရှိ မရှိရှိ ခင်ဗျား ဝေဖန်စရာကို မလိုတာ... ဧည့်သည်တွေကို ဘယ်လိုဆက်ဆံလဲ ဆိုတာကတော့... ဟာသပဲ... ခင်ဗျားတို့က ကျွန်တော်တို့ရဲ့ ဧည့်သည်လို့ မှတ်ယူလို့ ရလို့လား... မကြိုက်ဘူး သဘောမကျဘူးဆိုရင်လဲ ပြန်လေ... ဘယ်သူမှ မတားဘူး..."


"မင်း...မွေးရကျိုး မနပ်တဲ့သား..."


ကျိဝေ့ဖန်း ဒေါသထွက်လွန်း၍ တုန်ရီနေသည်။ လင်းလန်က သူ့ရင်ဘတ်ကို ဖိပေး၍ စိတ်လျော့ရန်ပြောလိုက်သည်။


ကျိယန် သူ့စကားများကို ဂရုပင်မစိုက်ပဲ တံခါးကို လက်ညှိုးထိုး၍ ပြောလိုက်သည်။


"ဂရုစိုက်ပါ... လိုက်မပို့တော့ဘူး..."


ကျိဝေ့ဖန်း ထိုမွေးရကျိုးမနပ်သည့်သည်ကို သေသည်အထိ ရိုက်ပစ်လိုက်ချင်သည်။ သို့သော် ကံမကောင်းစွာဖြင့် သူဘာမှမလုပ်နိုင်ပေ။ သူဒေါသတကြီးဖြင့် ထွက်သွားရုံသာ တတ်နိုင်သည်။


လင်းလန်က ကျိဝေ့ဖုန်းနောက်သို့ အမြန်ဆုံးပြေးလိုက်သွားသည်။ ထန်မိသာ ထိုနေရာတွင် ရပ်၍ ကျန်ခဲ့သည်။ သူမ ထွက်သွားရန် အစီအစဉ် ရှိပုံ မပေါ်ပေ။


ထန်ထန် မျက်မှောင်ကြုတ်ကာ ထန်မိကို ကြည့်၍ ပြောလိုက်သည်။


"နင် ထွက်မသွားသေးဘူးလား..."


ထန်မိ လက်သီးတင်းတင်းဆုပ်၍ မေးလိုက်သည်။


"ထန်ထန် ငါနင့်ကို တမင်လာရှာတာ... ငါတို့ စကားပြောလို့ရမလား..."


ထန်ထန် ထန်မိကို တွေ့ချိန်တိုင်း သူမတွင် ပြောစရာရှိနေသလို ဖြစ်နေသည်။ ထန်ထန်ဘာတွေဖြစ်နေလဲ မသိသလို သိလဲ မသိချင်ပေ။ မူလပိုင်ရှင်၏ မိသားစုနှင့် သက်ဆိုင်သော ကိစ္စမှန်သမျှ သူမနှင့် မဆိုင်ပေ။ ထို့အပြင် မူလကိုယ်က သူ၏မိဘများနှင့် အဆက်မပြေ၍ သူတို့ချင်းအဆင်ပြေရန်မှာ မလိုအပ်လှပေ။ ထို့ကြောင့် ထန်ထန် တိုက်ရိုက်သာ ငြင်းဆိုလိုက်သည်။


"ငါ့မှာ အချိန်မရှိဘူး... ကျေးဇူးပြုပြီး ပြန်ပါတော့..."


ထန်မိ ဖြူဖျော့သွားသည်။ သူမ၏ နှုတ်ခမ်းများက ဖိကိုက်ခံထားရလွန်း၍ သွေးပင်ထွက်လုမတတ်ဖြစ်နေသည်။ သူမ ထန်ထန်ကို တောင်းဆိုနေဟန် ကြည့်လိုက်သည်။


"ထန်ထန် ငါနင့်ကို တောင်းဆိုနေတာပါ... ငါ့မှာ နင်ကလွဲလို့ အခြားနည်းလမ်းမရှိတော့လို့ပါဟာ... နင် ငါတို့ရဲ့ အမေကို နင့်ကို မွေးဖွားပေးခဲ့တယ် ဆိုတဲ့ အချက်လေးကိုပဲ ငဲ့ပြီးကူညီပေးလို့ ရမလားဟင်... အမေက အဆုံးသတ်ရောက်လုနီးနေပြီ... နင်ပဲ သူ့ကို ကယ်နိုင်စွမ်းရှိပါ... အမေ့ကိုကယ်ပေးပါနော်.. နင်ဘာလိုချင်ချင် ငါ့ကို ထန်မိသားစုကထွက်သွားစေချင်ရင်တောင် ငါထွက်သွားပါ့မယ်..."


ထန်ထန် ဇာတ်ကြောင်းကို နားလည်သွားလေပြီ။ 

မူလပိုင်ရှင်ရဲ့ အမေက နေမကောင်းလို့ ဆေးကုဖို့လိုနေတာပဲ... ဒါပေမဲ့ သူမက ဆရာဝန်မှမဟုတ်တာ... သူမကို လာမေးပြီး ဘာလုပ်တာလဲ...


"ငါက ဆရာဝန်မှမဟုတ်တာ... ရောဂါကုမပေးနိုင်တဲ့ ငါ့ကို လာရှာတာအဓိပ္ပါယ်မရှိဘူးလေ.. ဆရာဝန်ကောင်းတစ်ယောက်လောက် ဘာလို့သွားမရှာရတာလဲ..."


ရုတ်ချည်းပင် ထန်မိ မျက်ရည်များစီးကျလာပြီး ဒူးထောက်လာသည်။


"ထန်ထန် ငါနင့်ကို တောင်းဆိုပါတယ်... ငါနင့်ကို ဒူးထောက်တောင်းဆိုပါတယ်... နင်ပဲ အမေပြန်ကောင်းလာဖို့ ကျောက်ကပ်ပေးလို့ရမှာ... ငါနဲ့လိုက်ခဲ့ပြီး ကိုက်ညီလားစစ်ဆေးပေးပါဟာနော်... နင်ပဲ တူညီနိုင်ခြေအများဆုံးရှိနေတာ..."


ကျောက်ကပ်ပေးရမယ်... သူမကျောက်ကပ်ပေးလို့ရတာလား... သူမ သေမသွားဘူးလား...


ထန်ထန် စိတ်ပင်မဝင်စားသော်လည်း တစ်ယောက်ယောက် သူမရှေ့တွင် ဒူးထောက်နေသည်ကို မကြည့်ရက်နိုင်ချေ။ သူမပြန်ထရန် သွားကူညီခါနီးတွင် ကျိယန်က သူမလက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။


"မစ်ထန်.. ကျွန်တော့်မိန်းမက ခင်ဗျားတို့မိသားစုနဲ့ ပတ်သတ်ဆက်နွယ်မှု မရှိတော့လို့ ခင်ဗျားနောက်လိုက်ပြီး ကိုက်ညီမညီ စစ်ဆေးစရာ မလိုဘူးထင်တယ်... ကျွန်တော်တို့ကို ထပ်ပြီး မနှောင့်ယှက်ပါနဲ့တော့...ဒီလိုမှမဟုတ်ရင် မယဉ်ကျေးလို့ဆိုပြီး ကျွန်တော့်ကို အပြစ်မတင်နဲ့ပေါ့ဗျာ...."


"ထန်ထန် နင်တကယ်ပဲ နင့်ရဲ့ အမေအရင်း သေတာကို ထိုင်ကြည့်နေမလို့လား... နင်တကယ်ကြီး နှလုံးသားမဲ့လို့လား.."


ထန်ထန် မေ့လဲကျတော့မလိုဖြစ်နေသော်လည်း ကျောမတ်စွာဖြင့် ဒူးထောက်နေဆဲဖြစ်သည်။ သူမ မည်သည့်အခွင့်အရေးကိုမှ လက်မလွှတ်ချင်ပေ။


သူမထွက်မသွားသည်ကို မြင်သောအခါ ကျိယန် ဖုန်းကောက်ကိုင်၍ လုံခြုံရေးများခေါ်ပြီး သူမကို မောင်းထုတ်လိုက်သည်။


သူတို့ တုံ့ဆိုင်းမှုပင် မရှိဘဲ သူမကို မောင်းထုတ်လိုက်သည်ကို မြင်သောအခါ ထန်မိ၏ မျက်နှာတွင် ရှက်ရွံ့မှုတို့ ပြည့်နှက်သွားပြီး သူမ ထွက်မသွားခင် ပြောလိုက်သည်။


"ထန်ထန် ကျေးဇူးပြုပြီး ထပ်စဉ်းစားပေးပါဦး... နင်သာ ကူညီဖို့ဆန္ဒရှိရင် နင်လိုချင်တာဘာမဆို ပေးပါ့မယ်..."


ထန်ထန် နားထင်ကိုသာ ခပ်ဖွဖွ နှိပ်လိုက်မိသည်။ ဤကိစ္စက လွယ်လွယ်နှင့် မပြီးဟု သူမ အာရုံခံမိနေသည်။


––––––––––


ထန်ထန်၏ အာရုံက အမြဲတမ်း မှန်ကန်ပေသည်။ နောက်တစ်နေ့တွင် သူမ ကျိယန်ကို နေရောင်ခံရန် အပြင်ခေါ်သွားပေးချိန်တွင် ထန်မိထပ်ရောက်လာ၍ သူမထပ် မငြင်းမချင်း ဒူးထောက်လေသည်။ သူမ မကျေမနပ်ဖြင့် ထပ်ပြန်သွားရသည်။


သူမ၏ စိတ်ဓာတ်ကျနေသော အမူအယာကို မြင်ပြီး ထန်ထန် နေရာတွင် ကြောင်အ၍ ရပ်နေမိသည်။ သူမ ယခုကဲ့သို့ ငြင်းဆိုနေမိသည်ကို မှန်သလား မှားသလား မသိတော့ပေ။

မူလကိုယ်ဆိုပါက သူမ၏ အမေကို ကယ်မည်လားဟု မေးခွန်းထုတ်နေမိသည်။

မူလကိုယ်က သူ့အမေကို ကယ်ချင်တယ်ဆိုရင်ရော...


"မင်းဘာတွေ တွေးနေတာလဲ...."

ကျိယန် မျက်မှောင်ကြုတ်လိုက်သည်။


"ကျွန်မ မူလထန်ထန်သာဆို ဒီတိုင်း ငြင်းလိုက်ပါ့မလားလို့ တွေးနေတာ...."


ထန်ထန် ကျိယန်၏စိတ်အခြေအနေကို သတိမထားမိဘဲ ရိုးရိုးသားသားဆက်ပြောနေလိုက်သည်။

"ယောက်ျား... ကျွန်မတစ်ယောက်ယောက်ကို ကျောက်ကပ်ပေးရင် ကျွန်မ သေမှာလားဟင်..."


သူမ၏ စကားများကိုကြာပြီးနောက်တွင် ကျိယန်၏ မျက်နှာက ပိုမိုမှောင်မဲလာသည်။ သူ သူမ၏ မေးစေ့ကို ညှစ်ကာ သူ့ကို ကြည့်မိအောင် လုပ်လိုက်သည်။ ဤသည်က သူ သူမကို ပထမဆုံးအကြိမ် အေးစက်စွာပြောခြင်းဖြစ်သည်။


"ထန်ထန် သေသေချာချာနားထောင် ... မင်းလုပ်ရမယ့် တစ်ခုတည်းသောအရာက ငြင်းဖို့ပဲ... မင်းရဲ့ကြင်နာမှုက ဒါနဲ့ သက်ဆိုင်လို့မရဘူး နားလည်လား...."


ဤသည်က ထန်ထန်တစ်ယောက် ကျိယန် သူမအပေါ်တွင် ကြမ်းတမ်းစွာဆက်ဆံသည်ကို ပထမဆုံး ခံစားမိဖူးခြင်းဖြစ်သည်။ သူဘာကြောင့်စိတ်ဆိုးသွားလဲ မသိသော်လည်း သူမသူ့ကို စိတ်မဆိုးစေချင်ပေ။ သူမ စိတ်လှုပ်တရှားဖြင့် သူ့ကိုဖက်လိုက်ပြီး တောင်းပန်လိုက်သည်။


"ကျွန်မတောင်းပန်ပါတယ် ယောက်ျားရယ်.. ကျွန်မလက်မခံတော့သလို ထပ်မစဉ်းစားတော့ပါဘူး.. စိတ်မတိုပါနဲ့တော့ ဟုတ်ပြီလား...."


ကျိယန် ရင်ထဲရှိ ဒေါသများ တမုဟုတ်ချင်း ပျောက်ကွယ်သွားရတော့သည်။ သူ၏ တုံ့ပြန်မှုက လွန်ကြူးသွားသည်ကို သိ၍ မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူ သူမကို ထွေးပွေ့လိုက်ပြီး နမ်းလိုက်သည်။


"ထန်ထန် မင်း မူလကထန်ထန်ကို ထည့်စဉ်းစားပေးစရာမလိုပါဘူး.... မင်း ထည့်တွေးရမှာက ကိုယ်နဲ့ ရှောင်ကျိုးကိုပဲ.. မင်း မူလထန်ထန်ရဲ့ မိသားစုအပါအဝင် ဘယ်တာဝန်ဝတ္တမှ ထမ်းဆောင်ပေးစရာမလိုဘူး...."


ထန်ထန် သူ၏ ထွေးပွေ့ထားမှုကြားထဲမှ နာခံစွာ ခေါင်းငြိမ့်လိုက်သည်။


"ကျွန်မ နားလည်ပါတယ် ယောက်ျားရယ်... ကျွန်မအဲ့လိုတွေ ထပ်မစဉ်းစားတော့ပါဘူး...."


ကျိယန် သူမ ခေါင်းလေးကို ဖွပြီး ပြောလိုက်သည်။


"ထန်ထန်... မူလထန်ထန်ဆိုရင်တောင် သူ့အမေကို မကယ်မှာမလို့ မင်းကသူ့ကို ပိုလို့ကောင် ကယ်ပေးစရာမလိုသေးတယ်..."


ထန်ထန် သူ့ကို ပဟေဠိဖြစ်စွာ ကြည့်လိုက်သည်။


မူလက ကျိယန် သူမကို ထန်မိသားစု အရှုပ်အထွေးထဲ မပါဝင်စေချင်သော်လည်း မတတ်နိုင်တော့ဘဲ ရှင်းပြလိုက်ရတော့သည်။


"မူလထန်ထန်က ထန်မိသားစုဆီကနေ ကန်ထုတ်ခံထားရတာ... သူ့ရဲ့ မိဘအရင်းတွေကတောင် သူ့ကို စွန့်ပစ်ထားတာ... ထန်မိသားစုက  သူ့ကို အသိအမှတ်မပြုသလို သူကလည်း ထန်မိသားစုကို မုန်းတယ်..."


ထို့ကြောင့် မူလထန်ထန်က သူ့ကိုဤကဲ့သို့လုပ်ခဲ့ခြင်းဖြစ်ပြီး သူ၏ နောက်ဆုံးသော အသက်ရှင်ရန် ရုံးကန်မှုလေးဖြစ်နိုင်သည်။


ထန်ထန်မျက်လုံတို့ ပြူးကျယ်သွားရသည်။

.

"ကန်ထုတ်ခံထားရတာ...သူတို့ရဲ့ သမီးအရင်းကိုတောင် ဘာလို့ လုပ်ရတာလဲ.."