အပိုင်း ၆၄၉-၆၅၀
Viewers 21k

Part 649


လင်းလန်ကလည်း ဆပ်ပြာလုပ်ရန် အကြံကို အရင်ထဲက တွေးထားခဲ့တာဖြစ်သည်။ အိမ်၌ လုပ်ကြည့်ချင်သော်လည်း အခြေအနေမပေးသလို အဆီများကို ဖြုန်းတီးမိသလိုဖြစ်သွားမှာစိုး၍ မလုပ်ခဲ့တာပင် ။ သို့သော်လည်း စီးပွားရေးအနေနှင့် လုပ်မည်ဆိုပါက တပ်မဟာနာမည်အောက်တွင် ဆီစက်ရုံကို ဆက်သွယ်နိုင်ပြီး လက်ကျန်ဆီများကို ဆပ်ပြာလုပ်ရန်အတွက် ၀ယ်နိုင်သွားပြီဖြစ်လေသည်။ 


ရှန်ယွီက အတူသွားရန် အကြံပေးသည် ။


 " ကျေးလက်ဘက်ကိုသွားပြီးလည်း ဆီလက်ကျန်တွေ စုဆောင်းလို့ရလောက်တယ် "


လင်းလန် : " ရွာတွေက ဆီကို ကိုယ်တိုင်ထုတ်ကြတာ ကျန်တာတွေကိုလည်း ကျွဲတွေနွားတွေကျွေးဖို့ ထားကြလောက်တယ် ဒါကြောင့် ငါတို့ကို မရောင်းလောက်ဘူး "


ရှန်ရွေ့ရွာ၌ မြေပဲဆီနှင့် ပဲပိစပ်ဆီကိုရနိုင်ပြီး တပ်မဟာသည် ထိုသည်များကို အဖွဲ့၀င်များကို ပြန်ခွဲဝေပေးတာဖြစ်သည်။ အဖွဲ့၀င်များကလည်း ကောက်ပဲသီးနှံ စီမံရေးဌာန သို့မဟုတ် ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေးဌာနတွင်ဖြစ်ဖြစ် လက်မှတ်ရှိပါက သွား၀ယ်နိုင်လေသည်။ လုံလုံလောက်လောက်ရှိပါက သာမန်အဖွဲ့၀င်များသည် မြေပဲကိုကြိတ်ကာ ကိုယ်တိုင်ဆီထုတ်တက်ကြသေးသည်။ 


ရှန်ယွီ : " ၀ါစေ့ဆီဆိုရင်ရော ကျန်နေတဲ့ ၀ါစေ့တွေကို ၀ယ်လို့ရလောက်တယ် အဲ့ဒါတွေက်ိုတော့ တိရစ္ဆာန်တွေလည်း သိပ်မစားကြဘူးမလား " 


တစ်ချို့သော တပ်မဟာများက ၀ါစေ့မှနေ ၀ါစေ့ဆီထုတ်ကြသည်ဟု ရှန်ယွီ ကြာဖူးထားသည်။ 


လင်းလန်က မျက်မှောင်ကြုံ့သွားလေ၏။ " ၀ါစေ့ဆီ ..."


ရှန်ယွီ : " ဘာဖြစ်လို့လဲ "


ကြမ်းတမ်းစွာ ကြိတ်ထားသော ၀ါစေ့ဆီသည် အဆိပ်ရှိကာ စားသုံးမိပါက သန္ဓေမအောင်နိုင်တော့ဟု ရေးထားသော စာတမ်းတစ်ခုကို ဖတ်ဖူးသည်အား လင်းလန်သတိရသွားသည်။ အဲ့လိုသာဆို ရတာနဲ့ ဆုံးရှုံးတာနဲ့ကို ကာမိမှာမဟုတ်ဘူး ။ ထို့ကြောင့် ခဏ စဥ်းစားပြီးနောက်တွင် လင်းလန် ပြောပြလိုက်သည်။ 


" စာအုပ်ဆိုင်ထဲမှာတုန်းက သတင်းစာထဲမှာ တွေ့လိုက်တာ ၀ါစေ့ဆီက သေချာထုတ်ထားတာမဟုတ်ရင် အဆိပ်ရှိတက်ပြီးတော့ စားရင်လည်း ..... အင်း ကလေးမရနိုင်တော့ဘူးတဲ့ "


ရှန်ယွီက ရှက်သွားကာ ပါးလည်းရဲလာလေ၏။ မျက်နှာကို လက်ဖြင့်အုပ်သွားပြီးမှ " တကယ်လား အဲ့တာသာမှန်ရင် အချိန်မီ သတိပေးကြရမှာမဟုတ်ဘူးလား " ဟူ၍ ပြန်ပြောလေသည်။ 


လင်းလန် : " အင်း အဲ့ဒါက လူထုအမြင်အတွက် အစ်ီအစဥ်ထဲမှာ ပါတယ် " နောက်တစ်ခုသည် ဒီကိစ္စအတွက်ပဲ ဖြစ်လေသည်။ 


လင်းလန် ထိုအကြောင်းအား ခရိုင်မှ တော်လှန်ရေးကော်မတီရှိ သိပ္ပံနှင့် နည်းပညာအဖွဲ့နှင့် တိုင်ပင်ပြီး စမ်းသပ်ချက်လုပ်ခိုင်းကာ တရား၀င်ထုတ်ပြန်ခိုင်းရမည်ဟု တွေးထားသည်။ ခရိုင်၌ ထိုသို့လုပ်နိုင်သော နည်းပညာရှိနေပြီလားဆိုသည်ကို မသေချာသော်လည်း သူမသာ ထုတ်ပြောလိုက်ပါက ပါးစပ်သတင်းဖြင့် ပြန့်သွားလောက်ပေသည်။ မသေချာသော်လည်း ပါးစပ်သတင်းပြန့်သွားပါက သို့လောသို့လောဖြစ်ကာ လူတွေလည်း ရှောင်ကြမည်ဖြစ်သည်။ 


ဖန်းရှောင်က ဆပ်ပြာဘယ်လိုလုပ်ရမည်ကို မသိသော်လည်း အကြံ၀င်ပေးလေသည်။


 " ခေါင်းဆောင်လင်း ဆပ်ပြာလုပ်မယ်ဆိုရင် ကရင်မ် ဒါမှမဟုတ် မျက်နှာနဲ့ လက်ကိုဆေးလို့ရမယ့်ဟာပါ လုပ်ကြည့်ရင်ရော ဘယ်လိုလဲ " ဤဒေသသည် ခြောက်သွေးလွန်းသောကြောင့် မျက်နှာနှင့် လက်များက အသားပက်နေတက်သောကြောင့် ထိုသို့အကြံပေးတာဖြစ်သည်။ 


လင်းလန် ပြုံးပြကာ  ပြန်ဖြေပေးလိုက်သည်။ " ဆပ်ပြာလုပ်တာ စမ်းသပ်ပြီးရင် အဲ့ဒါကိုပါ လုပ်ကြည့်ကြတာပေါ့ " ဘာပဲဖြစ်ဖြစ် အခြေခံ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေအတွက် ဖော်မြူလာကလည်း အတူတူပဲဟာ ။ 


ဖန်းရှောင်က ပျော်သွားကာ လက်ခုပ်ထတီးလေ၏။ " ခေါင်းဆောင်လင်း ကျွန်မ လျို့၀ှက်နည်းလမ်းတွေ အများကြီးသိတယ် ပြီးရင် ခေါင်းဆောင်လင်းက်ို ပေးဦးမယ် " 


ရှေးနည်းလမ်းတွေ အများကြီးရှိသဖြင့် စမ်းသပ်ကြည့်မယ်ဆိုရင် ပျော်စရာကြီးပဲ မဟုတ်ဘူးလေ ။ တကယ် မျှော်လင့်နေမိသည်။


ဖန်းရှောင်၏ ပျော်နေသည့်ပုံကိုကြည့်ကာ လင်းလန်က တိုးတိုးလေးပြောသည်။


 " ပညာတတ်လူငယ်လေးရှန်ကို ပေးထားလိုက်လေ ၊ ငါက နားမလည်ဘူး "


တစ်ဖက်ရှိ ချီမင်နှင့် ကောင်းလုက မပျော်မရွှင် ဖြစ်နေလေသည်။ လင်းလန်တို့ စကားပြောနေကြသည်ကိုကြည့်ကာ ဖန်းရှောင်က နည်းပညာအဖွဲ့ထဲကို၀င်ပြီး ဘာမှမလုပ်ဘဲ အကျိုးလိုချင်နေတာဟု တွေးနေကြလေ၏။ 


အစည်းအဝေးပြီးသွားသည့်အခါ အဖွဲ့ခေါင်းဆောင်က နည်းပညာအဖွဲ့အား ဆေးပေးခန်း၏ ဘေးခန်းကိုပေးပြီး ထိုနေရာ၌ စမ်းသပ်မှုများလုပ်ရန် ပြောလေသည်။ တစ်ခုခုလိုပါက သူ့ကိုလာပြောရန်မှာကာ လင်းလန်နှင့် ရှန်ယွီအား သော့တစ်ချောင်းစီ ပေးသွားလေသည်။ 


ရှန်ယွီ : " ခေါင်းဆောင်လင်း ကျွန်တော်တို့ ဆွေးနွေးကြည့်ကြမလား "


လင်းလန် : " မင်းပဲ ဆုံးဖြတ်လိုက်ပါ ပြီးမှ ငါ့ကိုအသိပေး "


အချိန်ကိုကြည့်ပြီးသောအခါ လင်းလန် အိမ်ပြန်ချင်နေပြီဖြစ်သည်။ အလုပ်မရှိပါက လင်းလန်သည် အိမ်တွင်ချည်ထိုးနေတတ်လေသည်။ သူမသာ ဆက်မထိုးဖြစ်ပါက ဆွယ်တာကို ဟန်ချင်စုန့် ဒီနှစ်အတွင်း ၀တ်ရတော့မည် မဟုတ်ပါ ။ 


ရှန်ယွီက ခေါင်းညိတ်ပြသည် ။ " ကောင်းပါပြီ "


အိမ်ပြန်ရောက်သောအခါ လင်းလန် သန့်ရှင်းရေးလုပ်လိုက်ပြီး ကလေးများ ကျောင်းမှပြန်မလာသေးခင်တွင် ဆွယ်တာဆက်ထိုးနေလိုက်သည်။ 


ဆွယ်တာထိုးပြီးသွားသောအခါ မိုင်ဆွေ့က ကူညီပေးလေသည်။ ဟန်ချင်စုန့်၏ ခန္ဓာကိုယ်အချိုးအစားမှာ ရင်အုပ်ကျယ်ကာ အောက်ပိုင်းတွင် သိမ်သွားတက်သည့် ပြောင်းပြန်ကြိဂံပုံဖြစ်သောကြောင့် ခါးကိုအရမ်းကြီးဖို့ မလိုအပ်ပေ ။ သို့သော်လည်း ရင်အုပ်နေရာတွင် ကျဥ်းမနေစေရန် အပြင်မှနေ ထပ်ထိုးထားဖို့လိုလေသည်။ 


မူလတွင် လင်းလန်က ရိုးရိုးလေးပဲ ပြောင်းပြန်ထိုးသွားမည်ဟု တွေးထားသော်လည်း မိုင်ဆွေ့က ရိုးလွန်းသည်ဟုဆိုကာ ပုံစံဆန်းလေးများကို ရှာချင်လေသည်။ ထို့ကြောင့် မိုင်ဆွေ့က တ၀မ်ကို အကူအညီတောင်းကာ မသုံးတော့သောတူများဖြင့်  ချည်ထိုးရန် တုတ်များကိုလုပ်ခိုင်းလေသည်။ အား၀မ်နှင့် ရှန်ယွီကိုလည်း ပုံစဲဆန်းဆန်းလေးကို ကူ၍ရှာခိုင်းသေးသဖြင့် ထိုနှစ်ယောက်က အားလပ်ချိန်တွင် ရိုးရှင်းသော်လည်း ဆွဲဆောင်မှုရှိသည့် ပုံစံများကို ဒီဇိုင်းဆွဲပေးကြသည်။ 


လင်းလန် ယွမ်ပေါင်ချည်ထိုးလက်ရာကို ကြည့်လိုက်မိသည်။ ထိုသည်က အစင်းများလည်း ပိုသိသာပြီး ရိုးရှင်းသော်လည်း ဆန်းသစ်နေသဖြင့် ဟန်ချင်စုန့်နှင့် လိုက်ဖက်ပေသည်။ 


သို့သော်လည်း လင်းလန်က နှစ်ကြောင်းသာထိုးရသေးသဖြင့် ပြီးဖို့ရန် လိုသေးလေ၏။ 


နေ့လယ်ခင်းတွင် ကလေးများက ကျောင်းမှပြန်ရောက်လာကြသည်။ လင်းလန် အား၀မ်အား တပ်မဟာမှ ဘေးထွက်စီးပွားရေးအဖြစ် ဆပ်ပြာလုပ်ကြမည်ကို ပြောပြကာ အဖွဲ့သို့၀င်ရန် ပြောလိုက်သည်။ 


ဆပ်ပြာလုပ်မည်ဟုကြားသောအခါ ကလေးတစ်စုသည် စိတ်၀င်စားသွားကြပြီး တ၀မ် ၊ စန်း၀မ်နှင့် ရှောင်း၀မ်တို့ပါ အဖွဲ့ထဲလိုက်၀င်လိုကြ၏။ တကယ့်တကယ်တွင် ဆပ်ပြာလုပ်ရုံပဲဖြစ်ကာ ဆော့လို့လည်းမရ ၊ စားလို့လည်းမရ ဟူသည်ကို သိသွားကြပြီးနောက်တွင် စိတ်မ၀င်စားကြတော့ချေ ။ 


သို့သော်လည်း မိုင်ဆွေ့က စိတ်၀င်စားဆဲဖြစ်ပြီး သုတေသနလုပ်ရန် လိုက်ပါလိုလေသည်။ 


ညစာစားပြီးချိန်တွင် ရှန်ယွီ ရောက်လာကာ မှတ်စုစာအုပ်ကိုထုတ်၍ သူဆွဲထားသည့် အစီအစဥ်ကို ပြောပြသည်။


 " ခေါင်းဆောင် တစ်ချက်ကြည့်ကြည့်ပါဦး "


လင်းလန် : " ပညာတတ်လူငယ်လေးရှန်က တကယ်တော်တာပဲ " အလုပ်ကို ကြိုးကြိုးစားစား လုပ်တက်တဲ့သူပဲ ။ 


" စမ်းသပ်ချက်တွေ မြန်မြန်လုပ်ချင်လို့ပါ "


 တပ်မဟာထဲမှာ အပိုစီးပွားရေးလည်း ရှိလာပြီဆိုတော့ ပညာတတ်လူငယ်တွေအတွက် အရည်အချင်းတွေ ချပြဖို့ အခွင့်အရေးပဲလေ ။ 


လင်းလန် မှတ်စုကို ယူကြည့်လိုက်သည်။ ရှန်ယွီ၏လက်ရေးသည် သေသပ်ကာ စာလုံးများလည်း ပီသလေသည်။ အစီအစဥ်ကလည်း အသေးစိတ်ကျကာ စနစ်တကျရှိလှသဖြင့် သေချာအားထုတ်ထားမှန်း သိသာပေသည်။ 


လင်းလန် ပြုံးပြလိုက်သည်။ " အချိန်ပေးပြီး လုပ်ထားတဲ့ပုံပဲ "


အား၀မ်နှင့် မိုင်ဆွေ့ကလည်း လာကြည့်ကြသည် ။ 


ရှန်ယွီက ရှက်သွား၏။ " အား၀မ်နဲ့ အရင်က အကြမ်းဖျင်းပြောထားဖူးလို့ပါ  ခေါင်းဆောင်လင်း ညွှန်ကြားချင်တာရှိရင်လည်း ပြောလို့ရပါတယ် "


လင်းလန် : " အရမ်းကောင်းတယ် ဒီလိုပဲ လုပ်ကြတာပေါ့ ကုန်ကြမ်းတွေ အရင်သွား၀ယ်ကြမယ် "


 ကုန်ကြမ်းများက အခြားမဟုတ်ပါ ။ ဆီလက်ကျန်၊ ကော့စတစ်ဆိုဒါနှင့် အိမ်သုံးဆားများသာဖြစ်ပြီး မရှားပါးသော်လည်း ၀ယ်ယူနိုင်သော အရေအတွက်က ကန့်သတ်ချက်ရှိလေသည်။ 


Xxxxxxx

Part 650


လင်းလန် အစီအစဥ်အား ခွင့်ပြုသည့်အနေဖြင့် လက်မှတ်ထိုးပေးလိုက်သည်။ ထိုအခါမှ ရှန်ယွီက စာရင်းကိုင်ဆီမှ ကုန်ကျစရိတ်အတွက် ပိုက်ဆံတောင်းနိုင်မည်ဖြစ်ပေသည်။ အဖွဲ့ခေါင်းဆောင်က ယွမ်နှစ်ဆယ်မကျော်သရွေ့ သူ့ကို တင်ပြဖို့မလိုဘူးဟု ပြောထားလေသည်။ ပစ္စည်းများ၏ စျေးနှုန်းမှာလည်း ပုံသေဖြစ်ကာ အရေအတွက်နှင့် စျေးနှုန်းကိုတိတိကျကျ ရေးထားသောကြောင့် စာရင်းလိမ်မည်ကို စိုးရိမ်ဖို့မလိုပေ ။ 


ထိုသို့ပဲ ဆုံးဖြတ်လိုက်ပြီးနောက်တွင် ရှန်ယွီက ဆောင်ရွက်ရန် ပြန်သွားသည်။ 


ကလေးများက ကျောင်းမသွားရသဖြင့် ညနေခင်းတွင် အားနေကြလေသည်။ အား၀မ်နှင့် မိုင်ဆွေ့က ပညာတတ်လူငယ်များဆုံရာသို့ သွားလိုသဖြင့် တ၀မ်ကို ပြောလိုက်သည် 


" အစ်ကိုကြီးက အိမ်ပြန်ပြီး မားမားကို ချက်ပြုတ်ဖို့ ကူညီပေးလိုက်ဦး " 


တ၀မ် : " ! " ငါလက်မခံဘူး ။


စန်း၀မ်နှင့် ရှောင်၀မ်က တ၀မ်ကိုလက်ဆွဲခေါ်လိုက်သည်


" အစ်ကိုကြီး သွားကြမယ် "


တ၀မ်က " ငါ့ဘာသာပဲ သွားမယ် " ဟုပြန်ပြောကာ အသံကလည်း မလုပ်ချင်နေသည့်အသံဖြင့် ဖြစ်နေလေ၏။ 


သူတို့သုံးယောက် အိမ်သို့ရောက်သောအခါ လင်းလန်က ဆွယ်တာထိုးနေဆဲဖြစ်သည်။ သူတို့သုံးယောက်ကို မြင်သောအခါ လင်းလန်က သူမ လုပ်လက်စကို ချထားခဲ့ကာ " ကျောင်းပြီးသွားပြိိီဆိုတော့ ချက်ပြုတ်ရတော့မှာပဲ "


ထို့နောက် သူတို့အနောက်ကို တစ်ချက်ကြည့်ကာ " မိုင်ဆွေ့နဲ့ အား၀မ်ကရော ဘယ်မှာလဲ " ဟုမေးလေသည်။ 


" ကိစ္စရှိလို့တဲ့ "


လင်းလန် : " ကောင်းပြိိလေ ဒါဆိုလည်း ချက်ကြရအောင် "


လင်းလန်၏ မျက်၀န်းများက ရယ်ချင်စိတ်များဖြင့် ပြည့်နေလေသည်။ သားအကြီးဆုံးအား ဖက်ထုပ်ဘယ်လိုလုပ်ရမည်အား သင်ပေးဖူးသော်လည်း ထိုကောင်လေးက ဘယ်လိုမှ မလုပ်တက်ခဲ့ ။ မိုင်ဆွေ့နှင့် အား၀မ်တို့ အိမ်မှမရှိမှတော့ သူ့ကိုပဲ ထပ်သင်ပေးရတော့မှာပေါ့ ။ 


" သားကြိိီးရေ ညနေစာအတွက် စားကြမလဲ "


တ၀မ် : " .... " ကျွန်တော့်ကို မေးနေတာလား ။ ခဏစဥ်းစားပြီးနောက်တွင် " 

ကန်စွန်းဥပြုတ်ရော " ဟုပြန်မေးလိုက်သည် ။ ကန်စွန်းဥပြုတ်တာက အလွယ်ဆုံးပဲလေ မဟုတ်ဘူးလား ။ 


ဆောင်းဦးရာသီ၌ ကန်စွန်းဥများကို ခွဲဝေပေးသောကြောင့် ထိုတစ်လျှောက်လုံးတွင် ကန်စွန်းဥများကိုသာ စားရတတ်သည်။ ကန်စွန်းဥများက အဆာလည်းခံကာ စျေးလည်းသက်သာလေသည်။ လင်းလန်တို့မိသားစုက ကန်းစွန်းဥကို ခေါက်ဆွဲနှင့်ရောစားတတ်ကာ သူ့ချည်းပဲစားခဲသည်။ ကန်စွန်းဥက ရင်ပြည့်ရင်ကယ် ဖြစ်စေတတ်သောကြောင့်ပင် ။ ကန်စွန်းဥကိုသုံးကာ ဂျုံ သို့မဟုတ် အခြားသောပုံစံများကိုလည်း လင်းလန် လုပ်ဖူးသည်။ တစ်မူလည်း ထူးခြားကာ အရသာလည်း ရှိပေသည်။ 


တ၀မ်က ပြောင်းဖူးရိုးများကို သွားယူရန်ပြင်လိုက်သည်။ ပြောင်းပင်များကိုလည်း ဆောင်းဦးတွင်ပဲ ခွဲဝေပေးတာဖြစ်ပြီး ပြောင်းခွံများကို တိရစ္ဆာန်အစာအဖြစ်ကျွေးကာ ပြောင်းဖူးရိုးကိုတော့ အဖွဲ့၀င်များ ထင်းအဖြစ်သုံးနိုင်ရန် ပေးလေသည်။ 


လငးလန် : " စန်း၀မ်က မီးမွှေးလိုက် တ၀မ်က မားမားကို ၀ိုင်းပြီး ဂျုံနယ်ပေး ဒီနေ့ ပန်ကိတ်လုပ်ကြမယ် "


တ၀မ် : " ....... " ကျွန်တော် ဂျုံမနယ်ချင်ဘူးလို့ ။ သို့သော်လည်း အမေဖြစ်သူကို ငြင်းဆန်ခြင်းတော့မပြု ။ လင်းလန်က လုပ်ခိုင်းပါက သူ သဘောမကျလည်း တ၀မ်က လိုက်လုပ်ပေးတတ်သည်။ တော်သေးသည်က ကျောင်းသွားရခြင်းနှင့် ဟင်းချက်ခြင်းမှလွဲကာ အခြားသော တ၀မ်မကြိုက်သည့်အရာများကို လင်းလန်က လုပ်မခိုင်းခြင်းပင် ။ 


လင်းလန်က တ၀မ်ကို ဂျုံတစ်ဇွန်း ပြောင်းဖူးမှုန့်တစ်ဇွန်းကို ရောခိုင်းကာ ရေနည်းနည်းထည့်၍ နယ်စေလိုက်သည်။ ဂျုံက အဆင်သင့်ဖြစ်ပြီဆိုမှသာ နာနာနယ်၍ အချိန်ကုန်သက်သာအောင် လုပ်လိုက်သည်။ 


ထို့အပြင် တ၀မ်က အားရှိသူဖြစ်သဖြင့် ဂျုံနယ်သည့်အချိန်သိပ်မကြာလိုက်ပေ ။ 


ထို့နောက်တွင် အနည်းငယ်စီခွဲလိုက်ကာ လိပ်လိုက်ပြိီး ဆီသုတ်၍ ဆားထည့် ကြက်သွန်မြိတ်ထည့်လုပ်ပြီး နှစ်ထပ်ပြန်လိပ်လိုက်သည်။ ပြီးနောက် ပါးပါးလေးတွေ ဖြစ်အောင်လုပ်ကာ ဒယ်အိုးထဲတွင် ထည့်ကြော်လိုက်သည်။ 


ဒယ်အိုးထဲသို့ ဆီတစ်ဇွန်းထည့်လိုက်ပြီး ပန်ကိတ်ကိုထည့်လိုက်သည်။ 


" စန်း၀မ် အရမ်းပူလွန်းနေတယ် တူးကုန်တော့မယ် " လင်းလန်က စန်း၀မ်ကို သတိပေးသည်။ 


စန်း၀မ်က စိတ်မရှည်သူဖြစ်သဖြင့် မီးဖိုထဲသို့ ရှိသမျှထင်းကို ထိုးထည့်ထားတာဖြစ်၏။ မီးပြင်းပြင်း မပြင်းပြင်း သူ စိတ်မ၀င်စား ။ 


အခန်းထဲတွင် ပန်းချီဆွဲနေသော ရှောင်၀မ်က ကြားသွားကာ ထွက်လာပြီး စန်း၀မ်ကို ကူညီပေးလေသည်။ ရှောင်၀မ်က စိတ်ရှည်တတ်သူဖြစ်သဖြင့် ညီအစ်ကိုနစ်ယောက်သည် အတော်လေး အတွဲညိီကြသည်။ မီးဖိုရှေ့တွင် ညီအစ်ကိုနှစ်ယောက်သည် စကားတစ်ပြောပြော လုပ်နေကြကာ မြေအောက်ခန်းထဲမှ ကန်စွန်းဥအနည်းငယ်ကို ယူလာပြီး မီးဖိုထဲ ပစ်ထည့်လိုက်သည်။ ကန်စွန်းဥမီးဖုတ် စားချင်၍ ဖြစ်လေသည်။ 


စန်း၀မ်က နောက်ထပ် ပြောင်းဖူးရိုးများကို ထိုးထည့်မည်လုပ်နေသဖြင့် ရှောင်၀မ်က တားလိုက်သည်။ 


" စန်း၀မ် မားမားကပြောတာ မီးနည်းနည်းလေးဆို ရပြီတဲ့ တစ်ချောင်းပဲထည့် "


စန်း၀မ်က ထိုအခါမှ တစ်ချောင်းကိုယူကာ မထည့်ချင်ထည့်ချင်ဖြင့် ထည့်လိုက်သည်။ " အဲ့လိုဆို သွားကြားညပ်ရုံလောက်ပဲ ရှိမှာပေါ့ "


ခဏအကြာတွင်  ပန်ကိတ်၏ ရနံ့က မွှေးလာလေသည်။ " မွှေးနေတာပဲ "


လင်းလန် ပြုံးလိုက်မိသည်။ " အစ်ကိုကြီးလုပ်ပေးထားတာဆိုတော့ မွှေးမှာပေါ့ "


စန်း၀မ် : " သားနဲ့ ရှောင်၀မ်လည်း မီးမွှေးပေးထားတယ်လေ "


" ဟုတ်တယ် ညီအစ်ကိုသုံးယောက်လုံး လုပ်ထားတာပါ  ဟုတ်ပြီလား မိသားစုအတွက် အားကြိုးမာန်တက် ချက်ပြုတ်ပေးကြတာ ဘယ်လောက်တောင် တော်လိုက်ကြသလဲ "


လင်းလန်နှင့် ကလေးတစ်စု ရယ်လိုက်မိကြသည်။ 


ပန်ကိတ်များ အဆင်သင့်ဖြစ်သွားသောအခါ ဒယ်အိုးကို သန့်ရှင်းရေးလုပ်ပြီး ရေထည့်ကာ ကင်းမွန်နှင့် ဘူးသီးဟင်း ချက်လိုက်သည်။ တို့စရာအချဥ်များလည်း ရှိသဖြင့် ညစာမှာ အရမ်းကြီး မဆိုးလှပေ ။ 


လင်းလန် တ၀မ်ကို ထပ်၍ညွှန်ကြားလိုက်သည်။ 


" သားကြီးရေ ခေါက်ဆွဲလေး လုပ်ကြရအောင် မနက်ဖြန်ကြရင် ခေါက်ဆွဲနဲ့ ဖရုံသီးလိပ်တွေ စားကြရအောင်လို့လေ "


နောက်တစ်နေ့တွင် ဂျုံထည့်လိုက်ပါက ဂျုံနယ်ဖို့အတွက် အသင့်ဖြစ်သွားမည်ဖြစ်၏။ ထိုသို့လုပ်ထားသော ခေါက်ဆွဲများက အလွန်အရသာရှိလေသည်။ သို့သော်လည်း မီးကိုထိန်းရသည်က မလွယ်ကူပေ ။ မီးပြင်းသွားပါက အယ်ကာလီထည့်ဖို့လိုပြီး မီးနည်းသွားပါက ဆိုဒါထည့်ပေးရတတ်လေသည်။ ဘယ်လိုပင်ဖြစ်ပါစေ ပြင်နိုင်ရန် နည်းရှိသဖြင့် ထိုသို့သာ လုပ်စားလေ့ရှိကြသည်။ 


တ၀မ်က လင်းလန်ပြောသမျှကို နားထောင်သော်လည်း ခေါက်ဆွဲများကို ပြတ်အောင်ဆွဲမိတော့မလိုဖြစ်နေ၍ လင်းလန် တားလိုက်ရသည်။ 


လင်းလန် : " တ၀မ်ရေ ဘာပဲလုပ်လုပ် ညင်ညင်သာသာလေး လုပ်ကြရအောင်နော် မဟုတ်ရင် မသိတဲ့သူတွေက မလုပ်ချင်တာကို အတင်းလုပ်နေရတယ် ထင်ကုန်ဦးမယ် "


စန်း၀မ်နှင့် ရှောင်၀မ်က ထရယ်ကြလေသည်။ 


တ၀မ်က လင်းလန်ကိုကြည့်ကာ နှုတ်ခမ်းပင့်၍ ပြုံးပြဟန်လုပ်ပြလေ၏။ 


လင်းလန် : " ....... "


Xxxxxxxx