အပိုင်း ၆၆၇-၆၆၈
Viewers 36k

Part 667


လင်းလန်လည်း စိတ်လှုပ်ရှားနေမိသည်။ စန်း၀မ်က ငယ်သော်လည်း ရွာထဲရှိ လူကြီးများက သူနှင့် ယှဥ်မကူးနိုင်ပေ ။ တ၀မ်သည်ပင် စန်း၀မ်နှင့် ရေကူးပြိုင်ပါက မနိုင်ချေ ။ 


ရွှယ်မင်လျန် ပြိုင်ရန်စည်းကမ်းများကို ရှင်းပြလိုက်သည်။ အသွားအပြန်ကို တစ်ခေါက်ဟု သတ်မှတ်ပြီး သုံးခေါက်ပြိုင်ရမည်ဖြစ်သည်။ မြစ်သည် မီတာတစ်ရာမျှ ကျယ်သဖြင့် နှစ်ဦးအတွက် ထိုအကွာအဝေးသည် သင့်တော်ပေသည်။ 


ရွှယ်မင်လျန် ထိုနှစ်ယောက်အား အသင့်ပြင်ခိုင်းလိုက်ပြီး အဆင်သင့်ဖြစ်သည့်အခါ ၀ီစီမှုတ်၍ စတင်၍ ပြိုင်ကူးခိုင်းလိုက်သည်။ စန်း၀မ်နှင့် ချူယွင်ဖုန်းတို့နှစ်ယောက်လုံးသည် ရေထဲမှ ငါးလေးများနှယ် ကူးခတ်နေကြလေ၏။


" ကြိုးစားထား စန်း၀မ် "


" စန်း၀မ် စန်း၀မ် "


စန်း၀မ်က ရှိသမျှအားကိုသုံး၍ ပြိုင်ပွဲစလိုက်သည်နှင့် မြှားတစ်ချောင်းလို အလျင်ဖြင့် ကူးနေလေသည်။ 


စာရင်းစစ်လေးက ရယ်ကာ " စန်း၀မ် ကူးနေတာကို ကြည့်ရတာ တကယ်ကောင်းတာပဲ ဘီးလှိမ့်နေတာ ကျနေရောပဲ " 


အခြားသူများကလည်း လိုက်ရယ်ကြသည်။ 


" စန်း၀မ်ကို ကြည့်ပါလား လူကြီးထက်တောင် မြန်မြန်ကူးနေတာနော် ဒါတောင် တစ်ဖက်ပြိုင်ဘက်က အားကစားတက္ကသိုလ်က ဆရာတဲ့ "


ရွှယ်မင်လျန်က ပြုံးရုံသာပြုံးနေပြီး ဘာမှတ်ချက်မှမပေးပေ ။ စန်း၀မ်က ကူတာမြန်သော်ငြား အနေအထားမမှန်သလို တိတိကျကျလည်း မရှိသဖြင့် ပင်ပန်းလာကာ အရှိန်နှေးလာပေလိမ့်မည် ။ ထို့ကြောင့် ရွှယ်မင်လျန်က သုံးခေါက်တိတိ ပြိုင်ကူးခိုင်းလိုက်တာဖြစ်သည်။ ပထမနှစ်ခေါက်တွင် သိပ်မသိသာသော်လည်း တတိယအကြိမ်တွင်မူ ပင်ပန်းလာပြီး အရှိန်လျော့သွားပေလိမ့်မည် ။ 


တစ်ဖက်ရှိ ချူယွင်ဖုန်းက အလျင်လိုနေခြင်းမရှိဘဲ မှန်မှန်ပဲ ကူးခတ်နေပြီး စန်း၀မ်အား အနောက်မှနေ အကဲခတ်နေလေသည်။ နောက်ဆုံးအခေါက်ကြမှသာ ချူယွင်ဖုန်းက အစွမ်းများကို ထုတ်သုံး၍ စန်း၀မ်ကိုကျော်တက်လိုက်လေသည်။ 


ချူယွင်ဖုန်းသည် လူကြီးတစ်ယောက်ဖြစ်သဖြင့် ကလေးများထက် သက်လုံကောင်းလေသည် ။ အကယ်၍ စန်း၀မ်သာ သေသေချာချာ လေ့ကျင့်ရေးဆင်းပြီးသွားပါက ယခုထက် ပိုကောင်းကောင်း လုပ်နိုင်လာပေလိမ့်မည် ။ 


စန်း၀မ်က အရှုံးကိုလက်ခံကာ လူကြီးနှင့်ပြိုင်ရတာဖြစ်၍ ရှုံးသွားသည်ဟုလည်း မကျေမနပ်ဖြစ်မနေပေ ။ ကမ်းပေါ်သို့တက်လာကာ ခုန်ပေါက်နေပြီး " ချူလောင်ရှီးက အရမ်းတော်တာပဲ သားကိုလည်း သင်ပေးပါလား " 


ချူယွင်ဖုန်းက ပြုံးသွားလေ၏။ " ဒါပေါ့ မင်းသာ သင်ချင်တယ်ဆိုရင် သင်ပေးမှာပေါ့ကွ "


စန်း၀မ် : " သင်ချင်တယ် ကျွန်တော် တကယ်သင်ချင်တယ် ! " ထို့နောက် စန်း၀မ်က လင်းလန်ထံပြေးသွားကာ လင်းလန်၏ လက်ကိုဆွဲ၍ ပြောပြန်လေသည်။ 


" မားမား သား ချူလောင်ရှီးဆီကနေ ရေကူးသင်ရင် ပိုက်ဆံပေးရမှာလား စျေးကြီးမှာလား "


လင်းလန် ၀ဲတက်နေသည့်မျက်ရည်များကို သုတ်လိုက်ကာ ပြန်ဖြေလိုက်သည်


" ဘယ်လောက်စျေးကြီးကြီး မားမားက ထားပေးမှာပေါ့ "


သို့သော်လည်း စန်း၀မ်က လက်မခံ ။ 


" သားအရင်မေးကြည့်လိုက်မယ် စျေးကြီးတယ်ဆိုရင် ထားလိုက်ပါတော့ ဘာပဲဖြစ်ဖြစ် သားက ရွာမှာအမြန်ဆုံးဖြစ်နေပြီပဲဟာ လူကြီးတွေထက်တောင် မြန်တာပဲ သားကို မနိုင်နိုင်ပါဘူး "


ထို့နောက် ချူယွင်ဖုန်းထံ ပြန်ပြေးသွားပြန်၏။


 " ချူလောင်ရှီး သင်မယ်ဆိုရင် ဘယ်လောက်ကျမှာလဲဟင် "


ချူယွင်ဖုန်းက ပြုံး၍ ပြန်ဖြေသည် ။ " ပိုက်ဆံပေးဖို့ မလိုဘူး "


စန်း၀မ်က ပျော်သွားလေသည်။ " မားမား ချူလောင်ရှီးက ပိုက်ဆံမယူဘူးတဲ့ ဟားဟား ဒါဆို သား ချူလောင်ရှီးဆီမှာပဲ သင်မယ်နော် "


ချူယွင်ဖုန်းက စန်း၀မ်ကို ထပ်ပြောပြပြန်သည်။ 


" ပိုက်ဆံပေးစရာမလိုတဲ့အပြင် လခပါ ရဦးမှာ "


စန်း၀မ်က အံ့သြသွားလေ၏။ " ဟမ် ? " နောက်နေတာမလား ။ အလကားလည်း သင်ရဦးမယ့်အပြင်ကို ပိုက်ဆံပါ ပေးဦးမယ်တဲ့ ။ ဒီလောက်တောင် တုံးတာလား ၊ ချူလောင်ရှီးကလေ ။ စန်း၀မ်က လင်းလန်ထံသို့ လှည့်၍ ပြုံးပြနေလေသည်။ 


လင်းလန် : " ...... " ဒီငတုံးကောင်လေးကတော့ ။ 


ရွှယ်မင်လျန် : " စန်း၀မ် ချူလောင်ရှီးမှာက ရေကူးကန်လည်းရှ်ိတယ် မင်း တစ်နှစ်လုံးရေကူးချင်လည်း ကူးလို့ရတယ် "


" တကယ်လား အဲ့လိုဆိုကောင်းတာပေါ့ဗျ ဟားဟား " စန်း၀မ်က သဘောကျလွန်း၍ ခုန်ပေါက်နေလေ၏။ " မားမားရေ ပိုက်ဆံလည်းပေးစရာမလိုတဲ့အပြင် လခလည်းပေးဦးမှာတဲ့ ပြီးတော့ နေ့တိုင်းလည်း ရေကူးကန်ထဲမှာ ရေကူးလို့ရဦမှာတဲ့ ဟားဟားဟားဟား ..." 


ဒါက တုံးလွန်းတာမဟုတ်ဘူးလား ဟားဟား ။ 


စန်း၀မ်ပြုံးနေရင်းဖြင့် လင်းလန်က မူမမှန်သည်ကို သတိထားမိသွားလေသည် ။ ပြုံးနေသော်ငြား မျက်ရည်များက ၀ဲနေသဖြင့် ပျော်လွန်းလို့ငိုနေတာပဲနေမှာဟု ထင်သွားလေသည်။ 


သားဖြစ်သူ၏ စိတ်ထဲရှ်ိ တုံးတုံးအအ ငိုနေသော လင်းလန် : ..........


ချူယွင်ဖုန်း : " စန်း၀မ် ဒါတွေတင်မကဘူးနော် ဂျုံဖြူပေါက်စီ ၊ အသားတွေ ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေကိုလည်း စားရဦးမှာနော် " 


ထိုသို့ကြားသည့်အခါ စာရင်းစစ်လေးနှင့်အခြားလူများအားလုံး အံ့သြသွားကြလေ၏။ အဲ့လိုဆိုရင် အရင်းရှင်မိသားစုထက်တောင် ကောင်းကောင်းစားရတာ မဟုတ်ဘူးလား ။ 


စန်း၀မ်က ပိုသဘောကျသွားကာ တစ်ဟားဟားအော်ရယ်နေလေ၏။


 " မားမား ကြားလိုက်လား " 


ဟားဟား ဒီချူလောင်ရှီးက တုံးတာပဲ ၊ ပိုက်ဆံလည်း မယူဘဲ ပိုက်ဆံလည်းပေးမယ့်အပြင် အစားအသောက်တွေပါ ကျွေးဦးမှာတဲ့ ဟားဟားဟား။


ချူယွင်ဖုန်းက ဒါဆို သွားမှာပေါ့နော် " ဟုပြောပြိိီး လင်းလန်ကို လှမ်းကြည့်လေသည်။ 


ယခုတစ်ခေါက်၌ အလောသုံးဆယ်ထွက်လာရတာဖြစ်သည့်အပြင် လိုက်ကြည့်ရမည့် ကလေးသုံးယောက်လည်း ကျန်သေးသဖြင့် တတ်နိုင်သမျှ မြန်မြန်ပြန်ခေါ်သွားကာ လေ့ကျင့်ရေးဆင်းပေးချင်နေပြီဖြစ်သည်။ အကြောင်းမှာ နောက်တစ်လခွဲအကြာတွင် ခရိုင်အဆင့် ပြိုင်ပွဲရှိလာမှာ ဖြစ်သောကြောင့်ပင် ။ 


လင်းလန် စန်း၀မ်၏လက်ကိုဆွဲ၍ အကြည့်ချင်းဆုံအောင် ကြည့်လိုက်သည်။


 " စန်း၀မ် သေချာပြောကြရအောင် ကျောင်းသွားတက်မယ်ဆိုရင် ဆရာတွေပြောတာကို နားထောင်ပြီး သေချာကြိုးစားရမှာနော် လွယ်လွယ်နဲ့ အလျှော့ပေးလို့လည်းမရသလို ပြဿနာရှာလို့လည်း မရဘူးနော် "


စန်း၀မ်က သူ့အတွေးထဲမှာပင် နစ်မြုပ်နေဆဲဖြစ်ပြီး ခေါင်းတွင်တွင် ညိတ်ပြလေသည်။


 " မားမား စိတ်ချပါ သားက ပြဿနာမရှာပါဘူး ပြီးတော့ ငတုံးလည်း မဟုတ်ဘဲနဲ့ အဲ့လောက်​ကောင်းနေတဲ့ကိစ္စကို ဘာလို့ပြဿနာရှာရမှာလဲ မဟုတ်ရင် လခလည်းမရတော့ဘဲ ပေါက်စီနဲ့အသားတွေပါ ဘယ်စားရတော့မှာလဲ "


ထို့နောက် လင်းလန်အား ကပ်ပြောပြန်လေသည်။


 " မားမား သား လခရရင် ရှောင်း၀မ်ကို အရင်ဆုံးမျက်လုံးကို ဆရာ၀န်နဲ့ ပြပေးမယ်နော် ပေါက်စီနဲ့ အသားတွေကိုလည်း မားမားဖို့ နေ့လယ်စာဘူးနဲ့ ပြန်ထည့်လာပေးမယ် " 


အ​ဖေဖြစ်သူကဲ့သို့ပင် အိမ်သို့ နေလယ်စာများပြန်ယူလာပေးမည်ဟုဆိုနေသဖြင့် စန်း၀မ်က ကျောင်းက ဘယ်မှာရှိသည်ကို မသ်ိသေးသည်မှာ ထင်ရှားပေသည်။ 


လင်းလန် ခေါင်းကိုပုတ်ပေး၍ " မလိုဘူး အိမ်မှာလည်း ရှိတယ် ကိုယ့်ဘာသာပဲစား ဟုတ်ပြိိီလား စားပြီးအားရှိမှ ရေလည်း ကောင်းကောင်းကူးနိုင်မှာပေါ့ မဟုတ်ဘူးလား  " 


Xxxxxxxxx

Part 668


တပ်မဟာကိုပြန်သွားနေကြစဥ် လမ်း၌ ချူယွင်ဖုန်းက ရွှယ်မင်လျန်ကို ပြောလေသည်။


 " ဒီကလေးက ဒီလောက်စကားများမယ်လို့ မထင်ထားဘူး အစက စိုးရိမ်နေတာ "


တောမှကလေးများသည် အိမ်နှင့်မခွဲဖူးကြသဖြင့် နေရာစိမ်းသို့သွားရမည်အား အကြောက်အကန်ငြင်းမည်ကို စိုးရိမ်နေခဲ့တာဖြစ်သော်လည်း စန်း၀မ်က ညီဖြစ်သူ၏ မျက်လုံးက်ိုကုပေးဖို့အထိ စဥ်းစားပေးတတ်သည့် ကလေးဖြစ်နေလေသည်။ အစားအစာများကမူ ထားပါတော့လေ ၊ အိမ်ကို ပြန်သယ်လာလို့မှ မရတာ ၊ ပုပ်သိုးကုန်မှာပေါ့ ။ 


ရွှယ်မင်လျန် : " အပျော်လွန်မနေပါနဲဦး အဖြေသေချာ မရသေးဘူးလေ နှစ်ရက်သုံးရက်လောက် စောင့်ကြည့်လိုက်ပါဦး "


ချူယွင်ဖုန်းက မစိုးရိမ်ပါ ၊ နှစ်ရက်သုံးရက်လောက်တော့ နေလို့ရသေးလေသည် ၊ မြို့ပေါ်မှ အခြေအနေများသည် ရွာမှအခြေအနေထက် ကောင်းသဖြင့် ဘယ်သူမဆို ပျော်ပျော်ကြီး လိုက်ကြမှာပဲမလား ။


လင်းလန်က အလျင်လိုနေခြင်းမရှိပေ ။ အထက်တန်းတက်ဖို့သွားရမည်ဆိုလျှင်ပင် ကြိုတင်ပြင်ဆင်ထားဖို့ အချိန်လိုအပ်သေးတာပဲ မဟုတ်ပါလား ။ 


တပ်မဟာသို့ အရင်ပြန်လာလိုက်ကြပြီး စန်း၀မ်က အလွန်ပင်တက်ကြွနေကာ ချူယွင်ဖုန်းအား မေးခွန်းများ တရဆက်မေးနေလေ၏။ နည်းပြတစ်ယောက်ဖြစ်သော ချူယွင်ဖုန်းသည် ဤကဲ့သ်ို့ မျိုးစေ့ကောင်းလေးတစ်စေ့ကို တွေ့ရသဖြင့် အလွန်ကျေနပ်နေလေသည် ။ သို့သော်လည်း အားလုံးကို မဖြေပေးဘဲ စန်း၀မ်အား ပို၍သိချင်စိတ်ဖြစ်လာအောင် ဆွပေးနေပြန်၏။ 


ထိုအချိန်တွင် တ၀မ်ကလည်း သတင်းကြား၍ အခင်းထဲမှပြန်လာလေသည်။ စန်း၀မ်က အရူးလေးတစ်ယောက်နှယ် ပျော်ရွှင်နေသည်ကိုမြင်သောအခါ ငြိမ်ကျသွားလေ၏။ 


စန်း၀မ်က တ၀မ်အားတွေ့သည့်အခါ ၀မ်းသာအားရဖြင့် အစ်ကိုဖြစ်သူထံ အပြေးသွားလေသည်။


 " အစ်ကိုကြီး ချူလောင်ရှီးက ကျွန်တော့်ကို ရေကူးလည်းသင်ပေးမယ် လစာလည်းပေးမယ်တဲ့ ပြီးတော့ ပေါက်စီနဲ့အသားလည်း ကျွေးဦးမှာတဲ့ ဟားဟား "


တ၀မ်က ညီဖြစ်သူအား ငုံ့ကြည့်လိုက်ကာ " ကောင်းတာပေါ့ "


စန်း၀မ် : " အစ်ကိုကြိိီးလည်း ကောင်းတယ်လို့ထင်တယ်မလား ကျွန်တော်လည်း အဲ့လ်ိုပဲ ထင်တယ် "


" ငါတို့ဆီကိုလည်း ပြန်လာလည်ဦးပေါ့ " 


အိမ်မှထွက်သွားပြီးနောက် မကြာခဏ မတွေ့နိုင်တော့မည်ကို တ၀မ် ကြောက်မိသည်။ 


စန်း၀မ် : " ပြန်လာလည်ရမယ် ဟုတ်လား သားက စစ်သားမှ မဟုတ်တဲ့ဟာ " 


စန်းဝမ်က စစ်သားများသာလျှင် အိမ်သို့ပြန်လာလည်ရန်လိုအပ်တာဟု ထင်နေတာဖြစ်ချေ၏။ 


တ၀မ် : " ...... " ဒီငတုံးကောင်လေးက ဘာမှကို မသိတာပါလား ။ 


စန်း၀မ်က လင်းလန်အား မေးလေသည်။


 " မားမား ပြန်လာလည်ရမယ်ဆိုတာက ဘာကိုပြောတာလဲ ရေကူးသင်တဲ့ဟာကို ဘာလို့ပြန်လာလည်ဖို့လိုတာလဲ "


ချူယွင်ဖုန်းက ပြုံးပြကာ ၀င်ဖြေပေးသည်။


 " ကျောင်းမှာပဲ နေရမှာမို့လို့ပေါ့ကွ မိသားစုဆီပြန်လည်တာက စိုးရိမ်ဖို့ မလိုပါဘူး ပြိုင်ပွဲတွေနဲ့ အရေးပေါ်လေ့ကျင့်ရေးတွေမရှိရင် အားလပ်ရက်ယူလို့ရတယ် အိမ်ကိုပြန်လည်းရသလို အိမ်ကမိသားစုတွေကို အလည်ခေါ်ချင်လည်း ရတာပဲလေ " 


" ဟမ် ..." စန်း၀မ်က အံ့သြနေလေ၏။ " ကျောင်းမှာ....နေရမှာလား ကျောင်းက ခရိုင်စုမှာရှိတာလား "


စန်း၀မ်က အကွာအဝေးများအကြောင်းကို သေချာမသိပေ ။ အလွန်ဆုံးရှိမှ ခရိုင်လောက်ထိကိုသာ သိတာဖြစ်၍ ခရိုင်ထက်ဝေးမည်ဆိုသည်ကိုပဲ သဘောပေါက်သွားလေသည်။ အဲ့လိုဆို အိမ်ကိုနေ့တိုင်းပြန်မလာနိုင်ဘဲနေမှာပေါ့ ၊ မဖြစ်ဘူးလေ ။ 


ချူယွင်ဖုန်း : " ဒီနဲ့ သိပ်မဝေးပါဘူး ရထားစီးသွားရင် ..."


" ရထားပါ စီးရဦးမှာလား "


 စန်း၀မ်က လက်တစ်ခါခါဖြင့် ငြင်းတော့သည်။


 " မသွားတော့ဘူး သား မသွားချင်တော့ဘူး " အိမ်မပြန်ရဘူးဆိုရင် လုံး၀မဖြစ်နိုင်ဘူး ၊ စန်း၀မ်က မျက်နှာပျက်နေကာ ဖြူဖျော့လို့နေလေ၏။ 


ချူယွင်ဖုန်းက လန့်သွားသော်လည်း ပြန်ပြုံးပြလေသည်။ 


" ဒီလောက်ထိကြီးနေတာကို မိသားစုကို ခင်တွယ်နေတုန်းပဲလားကွ ကြီးလာရင်လည်း ထွက်သွားရမှာပဲလေ "


စန်း၀မ် : " အဲ့လိုလည်း မသွားဘူး အစ်ကိုကြီး အား၀မ်နဲ့ မိုင်ဆွေ့တို့အကုန်လုံးက ပြီးရင် အိမ်ကထွက်သွားကြမှာ ရှောင်၀မ်ကလည်း စန္ဒယားတီးသင်ဦးမှာ သား အိမ်မှာမရှိရင် မားမားတို့မှာ သားသမီးမရှိတော့ဘဲ နေမှာပေါ့ မသွားနိုင်ဘူး မားမားတို့ကို စောင့်ရှောက်ပြိိး အိမ်မှာပဲနေမှာ "


ဘာလို့ ဒီကလေးက မိဘတွေကို စောင့်ရှောက်မယ်ဘာညာပြောနေရတာတုန်း ၊ လင်းလန် ရယ်လိုက်မိကာ မျက်ရည်များလည်း ကျလာမိသည်။


တ၀မ် : " ....... "


တပ်မဟာမှ အခြားသူများသည်လည်း ရယ်ကုန်ကြလေသည်။ 


" ဒီလောက်ငယ်ငယ်လေးရှိသေးတာကို မိဘတွေကို စောင့်ရှောက်ပြီးနေဖို့ ပြောနေတာလား " 


စန်း၀မ်က ယုံကြည်ချက်ရှိရှိဖြင့် ပြန်ဖြေ၏။ 


" မဟုတ်ဘူးလား သားက မိသားစုထဲမှာ အညံ့ဆုံးသူလေ ကောလိပ်လည်း တက်နိုင်မှာမှမဟုတ်တဲ့ဟာ အိမ်မှာပဲ မားမားတို့ကို စောင့်ရှောက်ပြီးနေရမှာပေါ့ " 


ထို့နောက် လင်းလန်ထံ ပြေးသွား၍ ဖက်လိုက်လေသည်။


 " မားမား သား အဝေးကြီးမသွားချင်ဘူး အိမ်မှာပဲ မားမားတို့ကို စောင့်ရှောက်ပြီးနေချင်တယ် "


လင်းလန် မျက်ရည်များကိုသုတ်လိုက်ကာ ရယ်လိုက်မိပြန်သည်။ " ငတုံးလေး မားမားက ခုနစ်ဆယ်ကျော်အရွယ်လည်း မဟုတ်ဘဲနဲ့ စောင့်ရှောက်ပေးဖို့ မလိုသေးဘူးလေ "


" ဒါပေမယ့်လည်း မရဘူး အိမ်မှာ သားသမီးတစ်ယောက်မှ မရှိလို့ဆိုပြီး အခြားလူတွေက အနိုင်ကျင့်နေရင် ဘယ်လိုလုပ်မလဲ " စန်း၀မ်က လက်မခံသေးပေ ။


အခြားလူများ : " ....... " ဘယ်သူက မင်းအမေကို အနိုင်ကျင့်ရဲမှာလဲကွ ၊ တစ်ရွာလုံးပေါင်းရင်တောင် မထိရဲဘူးကွ ၊ ပြီးတော့ မင်းအဖေရှိသေးတယ်လေ ၊ မင်းအဖေကိုရော ဘယ်နားသွားထားလိုက်လို့တုန်း ။ 


အခြားသူများက ဘယ်လိုပင် ဖျောင်းဖြပါစေ စန်း၀မ်က အိမ်ကနေ ထွက်မသွားချင်ဘူးဟုသာ တစ်တွင်တွင်ဆိုနေလေသည်။ 


ချူယွင်ဖုန်း : " စန်း၀မ် မင်း အားကစားကျောင်းတက်မယ်ဆိုရင် လစာရမှာနော် တစ်လကို ဆယ့်ငါးယွမ်လေ ပြီးတော့ စားချင်တာလည်း စားလို့ရဦးမှာ ဒါ့အပြင်ကို မင်းညီလေးရဲ့ မျက်လုံးကိုရော ကုမပေးချင်ဘူးလား မင်းတို့မိသားစုမှာက ကလေးတွေများတော့ မင်းမိဘတွေလည်း ရှာကျွေးရတာ ပင်ပန်းနေမှာပေါ့ မင်းတစ်ယောက်ဖြစ်ဖြစ် လျော့သွားရင် မင်းမိဘတွေလည်း သက်သာမသွားဘူးလား "


စန်း၀မ် : " သားကို အရူးလုပ်မနေနဲ့ သားက မားမားကို ထားခဲ့မှာ မဟုတ်ဘူး "


ချူယွင်ဖုန်း ရွှယ်မင်လျန်နှင့် လင်းလန်အား ကြည့်လိုက်မိသည်။ 


လင်းလန်က ချူယွင်ဖုန်းအား စိတ်အေးအေးထားပါဟူသော အကြည့်မျိုးဖြင့် ပြန်ကြည့်ပေးလိုက်ကာ ကလေးကို စဥ်းစားဖို့ အချိန်နှစ်ရက်လောက်ပေးရန် ပြောလိုက်သည်။ 


ချူယွင်ဖုန်း : " ရတယ်လေ ဒါဆိုလည်း ကျွန်တော်က မင်လျန်တို့အိမ်မှာ သုံးရက်တည်းပြိိီး စောင့်နေပါ့မယ် ဆုံးဖြတ်ပြီးရင် အကြောင်းပြန်ပေးပါ နောက်တစ်နေရာကို ဆက်သွားရမှာမို့လို့ပါ နောက်ထပ်လုပ်ရမှာတွေလည်းရှိသေးလို့ အချိန်အများကြီး မပေးနိုင်တာ အားနာပါတယ်ဗျာ " စန်း၀မ်အား ဖိအားတစ်ခုပေးချင်၍ အချိန်ကန့်သတ်ချက် ပေးလိုက်တာဖြစ်သည်။ တကယ်က ဆယ်ရက်ကျော်ကျော် လ၀က်လောက်ထိ အချိန်ရသေးပေသည်။ စန်း၀မ်သာ ဆန္ဒရှိပါက သူ ခေါ်သွားပေးဦးမှာပဲဖြစ်သည်။ 


လင်းလန် အားနာနာဖြင့် ပြုံးပြလိုက်သည်။ 


" ကျေးဇူးတင်ပါတယ် ချူလောင်ရှီး ကလေးက ငယ်သေးလို့ပါ ကျွန်မ သေချာမေးထားလိုက်ပါ့မယ် "


Xxxxxxx