Part 673
" ၀ါးးး " အား၀မ်က တကယ်အကျင့်ယုတ်တာပဲ ၊ ပိုက်ဆံရှာဖို့ သွားမယ့်သူကို ဒီလောက်ထိ နှိပ်စက်မှဖြစ်မှာလား။
စန်း၀မ် တ၀မ်ထံ လှည့်လိုက်ပြန်သည်။ " အစ်ကိုကြီးရော ဘာပေးမှာလဲ "
တ၀မ်က စန်း၀မ် အမြဲလိုချင်နေခဲ့သည့် လောက်လေးခွက်ို ပစ်ပေးလေသည်။
" ဟားဟား အစ်ကိုကြိိး တကယ်ဒါကိုပေးမှာလား နောင်တမရမှာ သေချာလား ဟားဟားဟား သားအပိုင်ဖြစ်သွားပြီနော် "
ကလေးများက ရယ်ကာမောကာ ရှိနေကြသဖြင့် လင်းလန်လည်း ၀မ်းနည်းမနေတော့ဘဲ ပျော်လာမိသည်။ ထို့ကြောင့် စန်း၀မ်ကို လိုက်ပို့ပေးဦးမလားဟု လင်းလန် ဟန်ချင်စုန့်ကို မေးလိုက်သည်။
စန်း၀မ်က ကြားသွားသဖြင့် " မားမား အဖေ လိုက်မပို့လည်း ရတယ်နော် အစ်ကိုကြီးမင်လျန်နဲ့ ချူလောင်ရှီးက ခေါ်သွားပေးမှာပဲဟာ စိတ်ချပါ သားမကြောက်ပါဘူး "
သွားမယ်ဟု ဆုံးဖြတ်လိုက်ပြိိးကတည်းက စန်း၀မ်သည် ပူပန်နေခြင်း မရှိတော့ပေ ။ ဟန်ချင်စုန့် လိုက်ပို့ဦးမည်ဆိုပါက ရထားလက်မှတ်ခကုန်ဦးမည်ဖြစ်သဖြင့် စန်း၀မ်က ပိုက်ဆံကုန်မှာစိုး၍ လက်မခံခြင်း ဖြစ်သည် ။
လင်းလန် စန်း၀မ်ကို ဖက်လိုက်သည်။
" စန်း၀မ်က တော်လိုက်တာ အခုတည်းက လူကြီးလေးဖြစ်နေပြီပဲ "
စန်း၀မ် : " မားမား သား ပိုက်ဆံပြန်ပို့ပေးမှာကို စောင့်နေနော် "
ထို့နောက် တ၀မ် ၊ မိုင်ဆွေ့ ၊ အား၀မ်နှင့် ရှောင်၀မ်တို့ထံ လှည့်ကာ " ပိုက်ဆံရရင် သား ကိုကြီးတို့ကို မုန့်ဖိုးပေးမယ်နော် " ဟုဆိုပြန်သည်။
တ၀မ် : " ...... " ထွက်သွားစမ်း ၊ ဘယ်သူက လိုချင်လို့လဲ။
မိုင်ဆွေ့ : " စန်း၀မ်က ကြင်နာနေမှတော့ အရင်ကျေးဇူးတင်ထားလိုက်မယ်နော် ငါ ပိုက်ဆံမရှာနိုင်ခင် နင်က ပိုက်ဆံအရင်ရှာနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး "
စန်း၀မ် က " သားတို့က မောင်နှမတွေပဲလေ ပေးရမှာပေါ့ " ဟုဆိုကာ အား၀မ်ကို ကြည့်ပြန်လေသည်။ " အား၀မ် သား ကိုကြီးကိုလည်း စာအုပ်တွေ၀ယ်ဖို့ ပိုက်ဆံပေးမယ်နော် "
အား၀မ် : " မလိုဘူး ငါမှာ ဆပ်ပြာစက်ရုံကရတဲ့ ပိုက်ဆံရှိတယ် "
စန်း၀မ် : " ....ဒါဆိုလည်း ရှောင်၀မ်ကိုပဲ ပေးတော့မယ် "
ရှောင်၀မ်က ပျော်သွားလေသည်။
" ကျေးဇူးပဲနော် စန်း၀မ်ကော ဒါပေမယ့် မားမားကိုပဲ ပေးလိုက်ပါ မားမားကလည်း သားကိုပြန်ပေးမှာဲဟာ "
ကလေးများက အတည်ပေါက် ဆွေးနွေးနေကြသဖြင့် လင်းလန် နားထောင်ရင်း ကိုယ်စားရှက်နေမိသည်။
စန်း၀မ်က မြို့၌ကျောင်းသွားတက်ရမည်ဆိုကတည်းက သူ့ကိုယ်သူ အောင်နိုင်သူတစ်ယောက်လို ထင်နေလေ၏။
လူကြီးလေးလိုပဲ ရင့်ကျက်သွား၍ လင်းလန် စလိုက်မိသည်။
" စန်း၀မ် အခုကြတော့ သွားချင်လွန်းလို့ မစောင့်နိုင်ဖြစ်နေပြီလား "
စန်း၀မ်က ယုံကြည်ချက်ရှိရှိ ပြန်ဖြေလေသည်။
" မားမားကလည်း အသားနဲ့ပေါက်စီလည်း စားရမယ့်အပြင် တစ်လ ဆယ့်ငါးယွမ်လည်း ရမယ့်ဟာကို ဘယ်သူက မသွားချင်ဘဲ နေမှာလဲ "
မသွားတာက ငတုံးတွေပဲနေမှာပေါ့ ၊ မားမားရဲ့သား ကျွန်တော်က ဒီလောက် ဉာဏ်ကောင်းတဲ့ဟာကို ။
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ရွှယ်မင်လျန်နှင့် ချူယွင်ဖုန်းသည် ရွှယ်ကျားရွာမှ နွားလှည်းကိုငှားလာပြီး စန်း၀မ်ကိုလာခေါ်သည်။ ပြီးနောက် ခရိုင်သို့သွားကာ ရထားစီး၍ မြို့သို့ဆက်သွားမည်ဖြစ်သဖြင့် ညတွင် ကျောင်းသို့ရောက်လောက်ပေသည်။
စန်း၀မ်က တည်တည်ငြိမ်ငြိမ်ပဲရှိနေပြီး မိသားစု၀င်များအား ရွာထိပ်ထိပင် လိုက်မပို့ခိုင်းဘဲ ခြံပြင်သို့သာ လိုက်ပို့ခိုင်းသည်။ အိမ်နှင့် တဖြည်းဖြည်း ဝေးလာမှသာ စန်း၀မ်က အော်ငိုလေ၏။
ရွှယ်မင်လျန် စန်း၀မ်၏ မျက်ရည်များအား လက်ကိုင်ပု၀ါဖြင့် သုတ်ပေးလိုက်ပြီး ချော့ပေးလိုက်သည်။
" လောလောဆယ်တော့ လွမ်းနေမှာပေါ့ သုံးရက်ကနေ ငါးရက်လောက်ပါပဲ ပြီးရင် နေသားကျသွားမှာပါ "
ချူယွင်ဖုန်း : " အိမ်ကိုလွမ်းရင် စာရေးလို့ရတယ်လေ မင်းကို ဘယ်သူမှ ရယ်ကြမှာမဟုတ်ပါဘူး "
စန်း၀မ်က ချက်ချင်းအငိုတိတ်သွားလေ၏။
" ဘယ်သူက ငိုနေလို့လဲ သား မငိုပါဘူး လေတိုးလို့ မျက်ရည်ကျလာတာ "
ချူယွင်ဖုန်းက ပုခုံးပုတ်ပေး၍ " ကလေးပဲရှိသေးတာပဲဟာ ဟန်ဆောင်မနေလည်း ရပါတယ်ကွ ငိုရင်လည်း လောင်ရှီးတို့က မရယ်ပါဘူးကွာ "
စန်း၀မ် : " လောင်ရှီး လူကြီးဖြစ်ပြီးတော့ ပြောနေတာကို မယုံဘူးလား ဘယ်မှာ ငိုနေလို့လဲလို့ဆိုနေ သားက ကလေးမဟုတ်တော့ဘူးဗျ လူကြီးဖြစ်နေပြီ မိသားစုကို ပြန်ထောက်ပံ့ပေးမယ့် လူကြီးဗျ "
စန်း၀မ်က ပြောပြီးနောက်တွင် အိမ်၌ကျွေးမွေးရမည့် ကလေးများရှိနေသည့် အဖေအိုကြီးတစ်ယောက်နှယ် လုပ်နေလေ၏။
ရွှယ်မက်လျန်နှင့် ချူယွင်ဖုန်း : ဒီကလေးက တကယ်ပါပဲ ၊ တတ်လည်းတတ်နိုင်တယ် ။ ငိုနေတယ်ထင်လို့ ချော့နေတာကို ငါတို့ပဲ ပြန်အဟောက်ခံလိုက်ရတာပဲ ။
စန်း၀မ်က ပြီးနောက်တွင် ပြိုင်ပွဲများအကြောင်း ၊ အဆင့်များအကြောင်းနှင့် သတင်းစာရေဒီယိုထဲ၌ ထည့်ကြေညာခံရဖို့ မည်သို့လုပ်ရမည်ဆိုသည်များအား ချူယွင်ဖုန်းကို မေးလေ၏။
" လောင်ရှီး မြို့ပေါ်မှာ ရေဒီယိုအသံလွှင့်ရုံရှိတယ်ဆို ဟုတ်လား "
စန်း၀မ်သိသည့် ရေဒီယိုအသံလွှင့်ခြင်းသည် လျှပ်စစ်ဓာတ်အားသုံးရသည့် ခရိုင်ရှိ ရေဒီယိုစင်သာ ဖြစ်ပေသည်။
ချူယွင်ဖုန်းက ရေဒီယို ၊ ရေဒီယိုလှုင်းနှင့် ရေဒီယိုအသံလွှင့်ရုံများအကြောင်းကို သိသဖြင့် စန်း၀မ်အား မြို့ရှိ ရေဒီယိုအသံလွှင့်ရုံများမှ ရေဒီယိုလှိုင်းများက ပျံ့သွားပြီး ခရိုင်မှလည်း ကြားရတာဖြစ်ကြောင်းကို ရှင်းပြပေးလိုက်သည်။
ထိုအခါ စန်း၀မ်က ပေါင်ကိုပုတ်၍ " ဒါဆို သား ရေဒီယိုအသံလွှင့်တဲ့နေရာကို သွားကြည့်ချင်တယ် "
ချူယွင်ဖုန်း : " ပြိုင်ပွဲမှာနိုင်မှ ရေဒီယိုက မင်းအကြောင်းကို လွှင့်ပေးမှာ အဲ့လိုဖြစ်ဖို့ကလည်း မလွယ်ဘူး "
စန်း၀မ်က သင်ပေးရလွယ်ကူသည့် ကလေးဖြစ်သည်ကို ချူယွင်ဖုန်း သဘောပေါက်လိုက်သည်။ တစ်ခုခုကို မက်လုံးပေးလိုက်ပါက သေချာပေါက် ဖြစ်အောင်လုပ်မည့် ကလေးပင်ဖြစ်၏။
စန်း၀မ်က တက်ကြွသွားကာ ကျောင်းကိုသွား၍ ချက်ချင်းလေ့ကျင့်ရေး ဆင်းပစ်ချင်သွားလေသည်။ သတင်းစာထဲနှင့် ရေဒီယိုများထဲ၌ အမြန်ဆုံး ပါချင်နေပြီဖြစ်ကာ မိဘများနှင့် မောင်နှမများ ဂုဏ်ယူရအောင် လုပ်ပေးချင်နေလေ၏။
စောင့်ကြည့်လိုက်ကြစမ်းပါ ။
•••
နွားလှည်းက တဖြည်းဖြည်း အဝေးရောက်သွားသည်ကိုကြည့်ကာ လင်းလန် မခွဲချင်ဖြစ်လာပြီး သားဖြစ်သူအား ပြန်ခေါ်ချင်မိသည်။ သို့သော်လည်း သူမ မလုပ်သင့်ဘူးဆိုသည်ကို သိပေသည်။ သူမက အဲ့လိုဖြစ်နေရင် စန်း၀မ် အခက်တွေ့သွားမှာပေါ့ ။
ဟန်ချင်စုန့်က လင်းလန်၏ လက်ကိုခပ်တင်းတင်းလေး ဆုပ်ကိုင်လိုက်ပြီး " အိမ်ထဲ၀င်ကြရအောင် ဟင်းချက်ရဦးမယ်လေ "
လင်းလန်လည်း အခြားကလေးများ၏ အကြည့်များကို ကြည့်ရင်း ဟန်အိုက်ကော၏လက်ကို ပြန်ဖျစ်ညှစ်ပေးလိုက်သည်။ " အင်းပါ "
ဟန်ချင်စုန့်က စန်း၀မ်ထွက်သွားသည့်အတွက် ၀မ်းနည်းနေမှုကို ပြေပျောက်သွားစေရန် အာရုံလွှဲပေးချင်နေတာဖြစ်သည်။
Xxxxxxxx
Part 674
စန်း၀မ် ထွက်သွားသည့်အတွက် အခြားကလေးများကလည်း စိတ်ဓာတ်ကျနေကြလေ၏။ ကျောင်းသွားကျောင်းပြန် အတူတူဖြစ်ခဲ့သော်လည်း ယခုတွင်မူ တစ်ယောက်လျော့သွားသဖြင့် လစ်ဟာနေသလို ခံစားကြရမှာ မလွဲချေ ။ တစ်ခဏတွင် ရယ်မောနေကြသော်လည်း တစ်ခဏအကြာတွင် ငေးငိုင်သွားကြလေ၏။
ရှောင်၀မ် : " ဟူး .... "
မိုင်ဆွေ့ : " စန်း၀မ်က ပေးလိုက်တဲ့ လက်ကိုင်ပု၀ါလေးကိုရော ယူသွားရဲ့လား မသိဘူး "
အား၀မ် : " အိတ်ကပ်ထဲထည့်သွားတာ တွေ့လိုက်တယ် "
တ၀မ် : " ........ "
လင်းလန် ထိုတစ်စုကိုကြည့်ပြီး လက်ခုပ်တီး၍ ခေါ်လိုက်သည်။
" ရှောင်၀မ် လာပါဦး စန်း၀မ်အတွက် ရေးထားတယ်ဆိုတဲ့ သီချင်းကို လာဆိုပြပါဦး "
ရှောင်၀မ်က ဆိုပြလေ၏။ " စန်း၀မ်က ကတုံးလေးပါ ~ နည်းနည်းတော့ ဆိုးချင်တယ်ကွယ် ~ လပြည့်ရက်ဆို မြစ်ထဲ၀ယ် လိပ်ဖမ်းထွက်တယ်ကွယ် ~ " ရှောင်၀မ်၏ စပ်ဆိုပုံက အတော်လေး ဆိုလို့ကောင်းသဖြင့် မိုင်ဆွေ့နှင့် အား၀မ်ကပါ အတူလိုက်ဆိုကြလေသည်။
သီချင်းဆိုပြီးနောက်တွင် မနက်ခင်းလေ့ကျင့်ခန်းလုပ်ကြပြီးနောက် မနက်စာပြင်ဆင်လိုက်ကြသည်။ မိုင်ဆွေ့နှင့် အား၀မ်က ရှောင်၀မ်ကိုခေါ်၍ ကျောင်းသွားပြီး တ့၀မ်ကမူ ယာခင်းထဲသို့ ထွက်သွားလေသည်။ ပိုးများကျနေသဖြင့် သူ့ကိုယ်ပိုင် ပိုးသတ်ဆေးဖျန်းရန်အတွက် ဖြစ်ပေသည်။
ကလေးများက အလျှိုလျှိုထွက်သွားကြသော်လည်း ဟန်ချင်စုန့်က ထွက်မသွားသေးသဖြင့် " ယောက်ျား အလုပ်မသွားသေးဘူးလား " ဟု လင်းလန် မေးလိုက်သည်။
ဟန်ချင်စုန့် : " ကိုယ် မင်းကို ဆပ်ပြာစက်ရုံကို လိုက်ပို့ပေးမယ် "
လင်းလန်တစ်ယောက်တည်း အ်ိမ်၌ ၀မ်းနည်းပြီး ကျန်ခဲ့မည်ကို ဟန်ချင်စုန့် မလိုချင်ပေ ။
လင်းလန် : " အိမ်သန့်ရှင်းရေး အရင်လုပ်လိုက်ဦးမယ် စောင်ကိုလည်း မြစ်ဆိပ်သွားပြိိး လျှော်ရဦးမယ် "
" ကိုယ် ပြန်လာမှ အတူလိုက်ခဲ့ပေးမယ်လေ " ဟန်ချင်စုန့်က စက်ဘီးကိုယူ၍ လင်းလန်အား လာခဲ့ရန် ခေါ်နေသည်။
လင်းလန် ပြုံးပြလိုက်သည်။ " ချင်စုန့် ကျွန်မတကယ် အဆင်ပြေတယ် ကိုယ့်ဘာသာပဲ အလုပ်သွားလိုက်ပါ စောင်လျှော်ပြီးရင် ကျွန်မက လူထုလှုပ်ရှားရေးအသင်းကို သွားမလို့ "
ဟန်ချင်စုန့်က လင်းလန်၏ မျက်၀န်းများကိုသာ စိုက်ကြည့်နေပြီး နောက်ဆုံးတွင် လင်းလန်၏ပါးလေးကို ကိုင်လ်ိုက်လေသည်။
လင်းလန် ဟန်ချင်စုန့်က သူမအား စိတ်ပူနေသည်ကို သိသဖြင့် " ကျွန်မ ယာခင်းထဲကို သွားလိုက်ဦးမယ် " ဟုပြောပြီး လှည့်ထွက်လာလိုက်သည်။
ဟန်ချင်စုန့်က လင်းလန် သူ့မြင်ကွင်းထဲ၌ မရှိတော့မှသာ စက်ဘီးစီး၍ အလုပ်သို့သွားလေသည်။
လင်းလန် ဟင်းရွက်ခင်းထဲသို့ သွားနေစဥ်တွင် " မားမား " ဟုခေါ်သံကို ကြားလိုက်ရလေသည်။ စန်း၀မ်၏ အသံနှင့် တူလွန်းသဖြင့် " စန်း၀မ် ... " ဟုပြန်ထူးလိုက်မိပြီးမှ သူမ မှားသွားတာဖြစ်သည်ကို သတိထားမိသွားသည်။ ကျန်းချိုက်ဟုန်က သားဖြစ်သူကိုခေါ်၍ ဟင်းရွက်ခင်းထဲသို့ သွားနေခြင်းဖြစ်ပေသည်။
" မားမား သား နှံကောင်ဖမ်းလာတယ် " ကလေးက ပြောလေသည်။ ထို့နောက် လင်းလန်ထံ ပြေးလာကာ " တတိယဒေါ်လေး သား နှံကောင်ဖမ်းထားတယ် " ဟုလာပြောလေ၏။
လင်းလန် ပြုံးပြလိုက်သည်။ " တော်လိုက်တာ " စန်း၀မ်သာဆို ပိုကြီးတဲ့အကောင်က်ို ဖမ်းနိုင်မှာပဲ ။
လင်းလန် ကျန်းချိုက်ဟုန်နှင့် စကားစမြည် ပြောသည့်အခါ ကျန်းချိုက်ဟုန်က စန်း၀မ်အား ချီးကျူးနေလေသည်။
ထို့နောက် လင်းလန် တ့၀မ်ရှိသည့် ဟင်းရွက်ခင်းသိို့ သွားလိုက်သည်။
လင်းလန် ရွှံ့ထဲသို့ နင်းမိမည်စိုးသဖြင့် တ့၀မ်က သူခူးထားသည့် ဟင်းရွက်များထည့်ထားသော ခြင်းကိုသာ ကမ်းပေးလေသည်။
ဟင်းရွက်ခင်းက သိပ်မကျယ်သော်ငြား ဟင်းရွက်များ အများအပြားရှိလေ၏။ တ့၀မ်က တစ်ယောက်တည်း ဟိုလုပ်ဒီလုပ်ဖြင့် ရေလောင်းပေါင်းသင်လုပ်နေခဲ့တာဖြစ်သဖြင့် ဟင်းရွက်များက ဖြစ်ထွန်းလေသည်။
တ့၀မ်က ထကာ မြစ်ဆိပ်သို့သွား၍ ခြေထောက်ဆေးပြီးမှ ကောက်ရိုးဖိနပ်ကို၀တ်လာပြီး လင်းလန်လက်ထဲမှ ခြင်းကိုလာကိုင်ပေးလေသည်။
တ့၀မ်က ဘာမှမပြောသော်လည်း သူမနှင့်အတူ အိမ်၌တမင်နေပေးခြင်းဖြစ်သည်ကို လင်းလန် ခံစားမိသည်။ စန်း၀မ် ထွက်သွားသဖြင့် သူမ ၀မ်းနည်းနေမည်ကို စိုးရိမ်နေခြင်း ဖြစ်လောက်ပေသည်။
လင်းလန် ရင်ထဲထိသွားမိသည်။
အိမ်ပြန်ရောက်သည့်အခါ လင်းလန် စောင်ကိုယူပြီး လျှော်လိုက်သည်။ တ့၀မ်က သူမနှင့်အတူ စောင်ကို ရေလာညှစ်ပေးသည်။ ယခင်က ထိုသို့ တစ်ခါမှ မလုပ်ပေးခဲ့ဖူးချေ ။
လင်းလန် : " သားကြီး အပ်ချည်ကိုဖြတ်ဖို့ မလိုဘူး ဒီမှာကြည့် ဒါက ပြန်သုံးလို့ရသေးတယ် "
တ၀မ်က လင်းလန်ပြောသည်ကို နားထောင်၍ သေချာလိုက်လုပ်လေသည်။ ခဏအကြာတွင် လင်းလန်အတွက် အပ်ချည်များကို အရှည်ကြီး တပ်လို့ပြီးသွားကာ လင်းလန်ထက်ပင် မြန်နေလေ၏။
လင်းလန် ပြုံးလိုက်မိသည်။ " သားကြီး မင်းက မင်းအဖေနဲ့ တူတာပဲ ရည်ရည်မွန်မွန်နဲ့ နည်းစနစ်လည်း ကျတယ် "
သားဖြစ်သူအား ချီးကျူးပေးရခြင်းကို လင်းလန်က ကပ်စေးနည်းမနေပါ ။
တ၀မ်က ရှက်သွားလေသည်။
ယခုအချိန်က တိတ်ဆိတ်နေကာ တ၀မ်က သူမကိုလည်း သနားစိတ်၀င်နေသောကြောင့် ဦးနှောက်ဆေးဖို့ အကောင်းဆုံးအချိန်ပဲဟု လင်းလန်ထင်သည်။
တ၀မ်က တပ်ထဲ၀င်ချင်သည့် စိတ်ကူးရှိသူဖြစ်သည်ကို လင်းလန် သိထားတာကြာပြီ ဖြစ်သော်ငြား စာကိုသာ ပိုကြိုးစားခိုင်းနေခဲ့တာ ဖြစ်သည်။ တပ်ထဲ၀င်မည်ဆိုလျှင်တောင် စာတတ်သည့်စစ်သားနှင့် စာမတတ်သည့်စစ်သားကြားတွင် ကွာခြားချက်များရှိလေသည်။
" မားမား ရေဒီယိုနဲ့ သတင်းစာကနေ ဖတ်ဖူးကြားဖူးတာတော့ စစ်သားဆိုရင်တောင် စာတတ်တဲ့စစ်သားက ရှားတယ်တဲ့ ရွာကနေ စစ်မှုထမ်းသွားတဲ့သူတွေဆို သုံးနှစ်ပဲ စစ်မှုထမ်းခိုင်းပြီး လယ်ပြန်လုပ်ကြရတာပဲတဲ့ မင်းအဖေကသာ ဒုက္ခခံခဲ့လို့ ရာထူးတိုးတဲ့အထိ ဖြစ်လာတာ "
လင်းလန် တ၀မ်ကိုကြည့်၍ ဆက်ပြောလိုက်သည်။
" စာသင်ပြီး တက္ကသိုလ်တက်ပြီးလည်း စစ်သားလုပ်လို့ရတယ်တဲ့ သိလား စစ်တက္ကသိုလ်ကိုတက်ပြီး တပ်ထဲ၀င်တာက ပိုကောင်းတယ်တဲ့ ဘွဲ့ရတာနဲ့ ကေဒါတန်းဖြစ်မှာဆိုတော့ ခေါင်းဆောင်အဖြစ် ရာထူးတိုးဖို့ကလည်း သိပ်မကြာဘူးလေ ဒီအတိုင်း စစ်ထဲ၀င်တဲ့သူတွေက အဲ့လ်ိုဘယ်ဖြစ်နိုင်ပါ့မလဲ နော် "
တ၀မ်က တပ်ထဲ၀င်လျှင်တောင် လင်းလန်သည် ဉာဏ်စွမ်းရော ကိုယ်စွမ်းပါရှိသည့် စစ်သားတစ်ယောက် ဖြစ်စေချင်သည်။ ကြိုးကြိုးစားစားရှိသူဖြစ်၍ တ့၀မ်က ကျိန်းသေပေါက် ရာထူးတိုးနိုင်သည်ကို သိသော်လည်း နောက်တစ်နည်းက ပို၍သက်သောင့်သက်သာရှိပြီး အနာဂတ်ကလည်း အဆုံးမရှိဖြစ်နေမည့်လမ်း ဖြစ်နေသည် မဟုတ်ပါလား ။
တ၀မ်က ဘာမှပြန်မပြောသော်လည်း သူမ၏ ဆိုလိုရင်းကို သဘောပေါက်သည်ကို လင်းလန်သိသည်။
လင်းလန် ပြုံးလိုက်မိပြီးနောက် သေတ္တာလေးတစ်ခုကို သွားယူလိုက်ကာ တ၀မ်၏ ဘေးသို့ချပေးလိုက်သည်။
တ၀မ်က သူမကို ပြန်လှည့်ကြည့်သည်။
လင်းလန် ဖွင့်ကြည့်ခိုင်းလိုက်၏။
တ၀မ်က သော့ကိုဖြုတ်၍ အဖုံးကိုဆွဲဖွင့်လိုက်သည်။ အထဲ၌ ဆုတံဆိပ်များစွာရှိနေသဖြင့် တ၀မ် မျက်ခုံးပင့်လိုက်မိသည်။
လင်းလန် : " ဒါက မင်းအဖေရဲ့ အသက်နဲ့လဲပြီးမှ ရလာတဲ့ဟာတွေလေ မားမားတို့မိသားစုရဲ့ အမွေတွေပေါ့ "
တံဆိပ်တစ်ခုချင်းစီအတွက် သွေးစက်များရင်းနှီးခဲ့ရသော်လည်း ဟန်ချင်စုန့်က သူနှင့်မဆိုင်သလိုပင် ဘာတစ်ခွန်းမှကို မပြောပြချေ ။
Xxxxxcx