Ch 7
Viewers 55

ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ်


အခန်း ၇




ရှဝေ့ အခုမှ တကယ် သေချင်စိတ်ပေါက်သွားသည်။ အောက်ထပ်ဝရံတာမှာ တင်နေတာ အပေါ်ဝတ်ဆို တော်သေးသည်။ အခုတော့ အောက်ခံအင်္ကျီတဲ့။ အောက်ထပ်က အပေါက်ဆိုးတဲ့ Mr. ကျန်း ဖြစ်နေ တော့ ပိုပြီးသေချင်စိတ်ပေါက်သည်။ အခု ဘာလုပ်ရပါ့မလဲ။ သူမအဝတ်ကို သွားယူသင့်လား။ အောက်ထပ်ကို သွားယူလိုက်ရင် အရှက်ကွဲမည်။ ဘယ်သူ့ဟာမှန်းမသိပေမယ့် အပေါ်ထပ်က ကျလာတာပဲ ဆိုပြီး Mn!



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  ငါ့ bra အောက်ထပ်က ဝရံတာပေါ်ကျသွားတယ်။ သွားယူသင့်လား။



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း -......



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ငါ ကိုယ်ချင်းစာပါတယ်ဟယ် ဒါပေမယ့် ငါးမိနစ်လောက်တော့ ရယ်ခွင့်ပြု ha..ha.ha.ha.ha.ha.ha.ha.ha



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ဂွတ်ဘိုင်  



ချစ်စရာ ဆွိတီလေး - ဟယ်.. နင် သွားယူလေဟယ်။ bra တစ်ထည် တန်ဖိုးက မနည်းဘူးလေ   



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ဒါပေမယ့် အောက်ထပ်ကလူက ဟိုလူ့ဂွစာ Mr. ကျန်းဟ.. ယောက်ျားကြီးလေ ငါ အရှက်ကွဲမှာပေါ့



5kg မကျရင် နာမည်မပြောင်း - နင် သွားမယူရင် နင့် bra က သူ့ဆီမှာ ရှိနေမှာလေ။ သူက bra ကို ဘာလုပ်မလဲ မပြောနိုင်ဘူးလေ   



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -........



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း -  နင် သွားယူရင် ငါတို့ group chat ထဲ live လွှင့်ဖို့ မမေ့နဲ့နော် ha..ha..ha..ha..ha  



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ရတနာရှစ်ပါးမ နင်နဲ့ငါ ရှင်ခန်းပြတ်ပြီပဲ (ပြုံး)



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - အိုး.. ဒါဆို နင် ငါ့ဆီက ချေးထားတဲ့ ၁၀ ယွမ်လေး ပြန်ပေးခဲ့ဦးလေ



ရှဝေ့ - "..." လက်ဖြန့်ပြီး ¥10. 50 တန် အနီရောင်စာအိတ်ပို့ 



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - နင့်ကို ¥0. 50 ပိုပေးလိုက်တယ်။ နားလိုက်တော့ (ပြုံး)



စိတ်ပူပန်စွာနဲ့ ဖုန်းပိတ်လိုက်သည်..သူမ အောက်ခံဝတ်ကို သွားယူသင့် မယူသင့် စဉ်းစားနေမိသည်။ Twiggy ပြောတာကို ပြန်တွေးမိသွားသည်။ Mr. ကျန်းက လူကြီးလူကောင်းပုံပေါက်ပေမယ့် နှာဗူး မဟုတ် ဘူးလို့လဲ ပြောမရပေ။ သူမ အောက်ခံဝတ်ကို အဲ့လိုလူလက်ထဲ ထားလို့ မဖြစ်ပါ။



သူမ အသက်ကို ဝဝရှူ၍ စိတ်ကို ပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းခဲ့သည်။ ကျန်းကျစ်ကျိုး အခန်း တံခါးကို ခေါက်တော့ ဘယ်သူမှ မရှိပါ။



ရှဝေ့ နည်းနည်း စိတ်အေးသွားသည်။ အနည်းဆုံးတော့ Mr. ကျန်းက သူမအောက်ခံဝတ်ကို မမြင်သေးဘူးလေ။ ဒါပေမယ့် Mr. ကျန်း အလုပ်ကပြန်လာပြီး ဝရံတာက အပင်တွေ ရေလောင်းရင်း အရမ်း မိန်းမဆန်နေတဲ့ ပန်းရောင်အတွင်းခံကို မြင်မှာပဲလေ။



မကောင်းဘူး... ဒီမြင်ကွင်းက လုံးဝကို ရှင်းလင်းနေလို့ သူမ ဆက်မတွေးရဲတော့ဘူး။ သူပြန်လာတာကို သူမ စောင့်နေမှဖြစ်မှာ။ ငါးမိနစ်လောက်ကြာတော့ ရှဝေ့ စောင့်ရတာ သည်းမခံနိုင်ဖြစ်လာသည်။ သူက ဘယ်အချိန်မှ ပြန်လာမလဲ မသိပေ။ သူမ တိုက်ခန်းစီမံခန့်ခွဲရေးကို ဖုန်းခေါ်လိုက်သည်။



တိုက်ခန်းစီမံခန့်ခွဲရေးက တာဝန်ခံမိန်းမငယ်က အခန်း 1908 က Miss ရှဝေ့ ဖုန်းနံပါတ်ကို မြင်တော့ နည်းနည်းစိတ်ညစ်သွားသည်။ ဒီတစ်ခါ ဘာဖြစ်ကြပြန်ပြီလဲမသိပေ။



"ဟဲလို... တိုက်ခန်းစီမံခန့်ခွဲရေးကပါ"



"အာ.. ကျွန်မက တိုက်ခန်း 1908 ကပါ။ ကျွန်မ အဝတ်တွေ အောက်ထပ် ဝရံတာကို ကျသွားလို့။ အောက်ထပ်ကလူ ပြန်မလာသေးတော့လေ။ ကျွန်မ အဝတ်လေးပြန်ယူချင်လို့ သူ့အခန်းတံခါးကို  ဖွင့်ပေးလို့ ရမလားလို့ပါ"



"...ဟဲလို..Miss ရှ ကျွန်မတို့မှာ သော့မရှိပါဘူးရှင့်"



ဒါဆို သူမက တံခါးဖွင့်ပေးနိုင်မယ့်သူကို ရှာရမှာလား။

တိုက်ခန်းစီမံခန့်ခွဲရေးက "Miss ရှင် Mr. ကျန်း ပြန်လာတဲ့အထိ စောင့်လိုက်ပါ"



"သူက ဘယ်အချိန်မှ ပြန်လာမလဲ မသိဘူးလေ.."



"သူ့အခန်းတံခါးမှာ စာကပ်ခဲ့လိုက်ပါလားရှင်"



"...အာ...အဲ့ဒီစာက ကလေးတွေ ဖြဲသွားရင် ဘယ်လိုလုပ်မလဲ"



တိုက်ခန်းစီမံခန့်ခွဲရေးက မိန်းမငယ်လေးစိတ်ထဲမှာ မြင့်မြင့်လေး ကပ်ပေါ့လို့ ပြောနေမိသည်။



"Mr. ကျန်း ပြန်လာတာမြင်ရင် ရှင့်အဝတ်သွားပေးပေးဖို့ ပြောပေးရမလား"



"အမလေး..... မလုပ်ပါနဲ့ရှင်"



"..." ဒါဆိုလဲ ဘာလို့ ဖုန်းဆက်နေသေးလဲနော်။ တိုက်ခန်းစီမံခန့်ခွဲရေးက မိန်းမငယ်လေးက ပြုံးရင်း "ဒါဆို ဘာ ကူညီပေးရမလဲရှင်"



"ကျွန်မကို သူ့အခန်းတံခါး ဖွင့်ပေးပါလား..."



"တောင်းပန်ပါတယ် ကျွန်မတို့ လုပ်ပိုင်ခွင့်မရှိပါဘူး" တိုက်ခန်းစီမံခန့်ခွဲရေးက မိန်းမငယ်စိတ်ထဲမှာ မူကြိုကလေးတစ်ယေက်ကို ချော့နေရသလို ခံစားမိသည်။ "Mr. ကျန်း ပြန်လာရင် အကြောင်းကြားပေးပါ့မယ်"



"ဒါဆိုရင်လေ သူအိမ်ယာဝင်းထဲရောက်တာနဲ့ ကျွန်မကို အကြောင်းကြားပေးနော်။ ကျွန်မ သူ့အခန်းရှေ့က စောင့်နေမလို့"



"...ကောင်းပါပြီ"



ရှဝေ့ တစ်ယောက် တစ်ညနေလုံး ယောက်ယက်ခတ်နေသည်။ တိုက်ခန်းစီမံခန့်ခွဲရေးက သူမကို အကြောင်းမကြားမှာ စိုးရိမ်နေမိသည်။ သူသာ ပြန်ရောက်လာပြီး ဝရံတာဖက်ထွက်ရင် သူမ bra ကို မြင်မှာသေချာပေါက်ပင်။ ထို့ကြောင့် တိုက်ခန်းစီမံခန့်ခွဲရေးကို ခဏခဏ ပြောနေမိခြင်းပါ။



ညနေ ၆ နာရီမှာ ရှဝေ့ ညစာစားဖို့ပြင်နေတုန်း ဖုန်းမြည်လာသည်။ သူမ အပြေးအလွှား ဖုန်းကိုင်လိုက်တော့ "ဟဲလို Miss ရှ ရှင့် တိုက်ခန်းစီမံခန့်ခွဲရေးကပါ Mr. ကျန်း ပြန်လာတာမြင်လို့ အကြောင်းကြား တာပါ" 



တိုက်ခန်းစီမံခန့်ခွဲရေးက မိန်းကလေးက အရင်တစ်ခါ ရေချိုးခန်း ရေယိုတဲ့ကိစ္စတုန်းက Mr. ကျန်းက အကဲပိုလွန်းတယ်လို့ထင်မိသည်။ သို့သော် ဒီ Miss Xia မှာလဲ အားနည်းချက်အချို့ရှိနေတာကို အခုမှ သိရသည်။



Mr. ကျန်း ပြန်ရောက်ပြီဆိုတဲ့အသံ ကြားတာနဲ့ ရှဝေ့ လဲ တိုက်ခန်းစီမံခန့်ခွဲရေးကို ကျေးဇူးတင်ကြောင်း ပြောပြီး အောက်ထပ်ကို ကမန်းကတန်းဆင်းခဲ့သည်။ ဓာတ်လှေကားမစောင့်နိုင်တာနဲ့ ရိုးရိုးလှေကားက ပြေးဆင်းခဲ့သည်။ အခန်း 1908 ရှေ့ရောက်တော့ အခန်းတံခါဖွင့်နေတဲ့ ကျန်းကျစ်ကျိုး ကို တွေ့သည်။



"ခဏလေး" သူမ အသံကုန်အော်ပြီး ပြေးသွားလိုက်သည်။ ကျန်းကျစ်ကျိုး လန့်ပြီး သော့လွတ်ကျမလို ဖြစ်သွားသည်။



မျက်ခုံးတွန့်လိုက်ပြီး သူမကို ကြည့်ရင်း "ဘာဖြစ်တာလဲ"



ရှဝေ့ တစ်ယောက် ကျန်းကျစ်ကျိုး အခန်းတံခါးကို လက်နဲ့ကာလိုက်ပြီး စကားမပြောခင် အသက် တစ်ချက်ရှူလိုက်သည်။ "ကျွန်မ.. ရှင့်အခန်း ဝရံတာမှာ ကျွန်မ ပစ္စည်းတစ်ခုကျသွားလို့"



"ဘာပစ္စည်းလဲ"



"...အဝတ်"



ကျန်းကျစ်ကျိုး ဘာမှမပြောခင် သူမကို နှစ်ခါလောက် ကြည့်လိုက်ရင်း "မင်း ဒီမှာစောင့်နေလေ ကျွန်တော် သွားယူပေးမယ်"



"ရတယ်" ရှဝေ့ က တံခါးဝမှာ သူမ ကိုယ်လုံးနဲ့ ပိတ်ရပ်နေရင်း "ကျွန်မဘာသာ ဝင်ယူလိုက်ပါ့မယ်"



"..." ကျန်းကျစ်ကျိုး တစ်ယောက် သူမအပြုအမူက သံသယဖြစ်စရာပဲလို့ တွေးမိနေသော်လဲ ဘာမှတော့  မမေးဖြစ်ပေ။ "မင်း ငါ့အခန်းတံခါးကို ကာထားနေတာလေ"



ရှဝေ့ ဘေးဖက်တိုးဖယ်ပေးရင်း ကျန်းကျစ်ကျိုး တံခါးပြန်မပိတ်ခင် အထဲကို ဝင်လိုက်သည်။



ကျန်းကျစ်ကျိုး - "..." တကယ့်ကို သံသယဖြစ်စရာကောင်းနေသည်။



သူ့မျက်ခုံးတွေကို တွန့်ချိုးလိုက်ရင်း အခန်းတွင်းဖိနပ်လဲပြီး အခန်းထဲဝင်လိုက်သည်။ ရှဝေ့ကတော့ ဝရံတာဆီ တန်းတန်းမတ်မတ်ပြေးသွားပြီး သစ်ပင်စိမ်းစိမ်းပေါ်က မျက်စိကျဖွယ် သူမရဲ့ ပန်းရောင် bra ကို ဆွဲယူလိုက်ပြီး ပြန်ပြေးမလို့ ပြင်လိုက်ပေမယ့် ကျန်းကျစ်ကျိုးက ပိတ်ရပ်ထားသည်။



"ဘာယူတာလဲ" ကျန်းကျစ်ကျိုး ဝရံတာမှာ ရပ်ရင်း သူမကို စိုက်ကြည့်နေသည်။



 ရှဝေ့ သူမ bra နောက်မှာ ဖွက်လိုက်ရင်း "ကျွန်မအဝတ်ပါ"



ကျန်းကျစ်ကျိုးက သိပ်မကျေနပ်ပေ။ "မင်း ယူလာတာ ပြပါ"



ရှဝေ့ မျက်ခုံးပင့်လိုက်ရင်း "ဘာလို့ပြရမလဲ"



"မင်း အပြုအမူက သံသယဖြစ်စရာကောင်းနေလို့လေ။ ငါ့ပိုင်ဆိုင်မှုတစ်ခုခုကို မင်းယူထားတာဆို ဘယ် လိုလုပ်မလဲ"



"အာ" ရှဝေ့ စိတ်ဆိုးမာန်ဆိုး ပြုံးပြရင်း "ကျွန်မ ယူချင်စရာ ရှင့်မှာ ဘာများရှိလို့လဲ"



ကျန်းကျစ်ကျိုး - "အဲ့လိုဆိုရင်တော့ မင်းယူထားတဲ့အရာကို ထားခဲ့ပြီး ပြန်လိုက်တော့"



သူတို့နှစ်ယောက် စက္ကန့်အနည်းငယ်ကြာအောင် တောင့်တောင့်ကြီး ရပ်နေမိကြသည်။ ရှဝေ့ လွတ် မြောက်ဖို့ ကြိုးစားပေမယ့် ကျန်းကျစ်ကျိုးက လမ်းပိတ်ထားသည်။ နောက်ဆုံးတော့ သူမလဲ နောက် မှာ ဖွက်ထားတဲ့ အတွင်းခံကို မြှောက်ပြရင်း စိတ်ဆိုးမာန်ဆိုးနဲ့ပြောလိုက်သည်။ "ကြည့်.. ကြည့်. ဒီလောက် တောင် ကြည့်ချင်နေတာ..နှာဗူးကောင်"



ကျန်းကျစ်ကျိုးလဲ သူမပြလိုက်တဲ့အရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးတဲ့နောက် ကျန်းကျစ်ကျိုး စိတ်က ဗလာကျင်းသွားသည်။ ရှဝေ့လဲ သူ့ကို တိုးတိုက်ပြီး အလာတုန်းကထက် ပိုမြန်တဲ့ အလျင်နှုန်းနဲ့ ထွက်သွားသည်။ ကျန်းကျစ်ကျိုး စိတ်က အသဲအသန်တိုက်ခိုက်ခံလိုက်ရသလို အခုထိ အဆင်မပြေဖြစ် နေသည်။ သူ့ဘဝမှာ အမျိုးသမီး အတွင်းခံကို ဒီလောက်နီးနီးကပ်ကပ် မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ဖြစ် သည်လေ။



ဝရံတာမှာ ရပ်နေမိတာကြာတော့ လေအေးတွေတိုက်လာတာ ခံစားမိသည်။ စိတ်ကို စုစည်းလိုက်ပြီး ရှဝေ့ ဝင်လာတုန်းက ကြမ်းပြင်မှာ ပေကျံနေခဲ့တဲ့ ဖိနပ်ရာတွေကို သန့်ရှင်းလိုက်ရသည်။ 



ရှဝေ့ မျက်နှာ နီရဲလျက် သူမအခန်းဆီ ပြန်ရောက်လာသည်။ တကယ့် နှာဗူးကောင်... ရဲခေါ် ပြီး ဖမ်းခိုင်းလိုက်ရမှာ။



သူမ လက်ထဲက အတွင်းခံကို ဆိုဖာပေါ် ပစ်တင်လိုက်သည်... best friends chat ထဲမှာ ရှစ်ပါးရတနာနဲ့ Twiggy က သူမအတွင်းခံ ပြန်ယူနိုင် မယူနိုင်ကို ပြောနေကြဆဲဖြစ်သည်။ ရှဝေ့လဲ ဘာပြောချင်စိတ်မှ မရှိတာနဲ့ ဝင်မပြောဘဲ နေလိုက်သည်။



ညဖက်ရောက်တော့ ဇာတ်ကားကြည့်နေတုန်း သူမ ဖုန်းက သတိပေးချက်မြည်လာသည်။ ဒီတော့မှ ရှဝေ့လဲ ထီကံထူးရှင် ကြော်ငြာတော့မှာကို သတိရသွားပြီး ထီဖွင့်ပွဲတိုက်ရိုက် ထုတ်လွှင့်မှုကို စိတ်လှုပ်ရှား စွာဖြင့် ကြည့်လိုက်သည်။ သူမ ထီလက်မှတ်နံပါတ်နဲ့ တစ်လုံးတောင် မတူပေ။



ထင်ထားတဲ့အတိုင်းပဲ... ထျန်းရှ ပိုင်ရှင်သူဌေးကိုယ်တိုင် ချက်တဲ့ ဟင်းပွဲဆိုတာ ရောင်းအားမြှင့်တင်ဖို့ သက်သက် နည်းဗျူဟာပဲ။ သူမ အိပ်ယာထဲလူးလှိမ့်နေမိသည်။



နောက်နေ့ အလုပ်သွားဖို့ အောက်ဆင်းလာတေ့ ဓာတ်လှေကားမှာ Mr. ကျန်း နဲ့ ဆုံနေပြန်သည်။ သူတို့ အလုပ်သွားချိန်က တူနေတော့ မကြာခဏ ဆုံမိတတ်ကြသည်။ ဒီတစ်ခါတော့ ရှဝေ့လဲ မျက်မှောင် ကုတ်ပြီး ရပ်နေတဲ့ ကျန်းကျစ်ကျိုးကို ဓာတ်လှေကားထဲ ဝင်လာမှာ စောင့်မနေဘဲ တံခါးပိတ်ဖို့ ခလုတ် နှိပ်လိုက်သည်။



မျက်စိလျင်တဲ့ ကျန်းကျစ်ကျိုး က တံခါးရွက်တွေကို ပိတ်မသွားအောင် လက်နဲ့ကာလိုက်သည်။ ရှဝေ့ တစ်ယောက် စူပုတ်ပုတ်မျက်နှာနဲ့ ရပ်ကြည့်နေမိသည်။



 ကျန်းကျစ်ကျိုးလဲ တောင့်တောင့်ကြီး ရပ် နေမိရင်း ဓာတ်လှေကားထဲ ဝင်သင့် မဝင်သင့် စဉ်းစားနေမိသည်။ ဓာတ်လှေကား တံခါးပိတ်မလိုဖြစ် တော့ ဘာရယ်မဟုတ် တားမိလိုက်ပေမယ့် အခုလို တံခါးပြန်ပွင့်သွားတော့လဲ နောက်မှ သွားရမလား တွေးမိနေပြန်သည်။



"မဝင်ဘူးလား" ရှဝေ့ လဲ စိတ်တိုတိုနဲ့မေးလိုက်သည်။



 ကျန်းကျစ်ကျိုး ရဲ့ နှုတ်ခမ်းပါးတွေ ဖိပိတ်သွားရင်း လေးကန်တဲ့ခြေလှမ်းတွေနဲ့ဝင်လာခဲ့သည်။ တံခါးပိတ်သွားတော့ ဓာတ်လှေကားက အရင် ကထက် ပိုပြီးမွန်းကျပ်စရာကောင်းနေသည်။ ရှဝေ့လဲ သူနဲ့ဝေးသထက်ဝေးအောင် တစ်ဖက်ကို အတင်းတိုးကပ်ရပ်နေလိုက်သည်။ နှာဗူးကောင်ကို သတိထားသင့်သည်လေ။



ကျန်းကျစ်ကျိုး ဒါကို သတိထားမိသွားတော့ နေရခက်သွားသည်။ သူလဲ သူမကို အခုလို နှစ်ယောက် တည်းတွေ့တုန်း တောင်းပန်ရကောင်းမလား စဉ်းစားနေမိသည်။ မနေ့က ဖြစ်တဲ့ကိစ္စက တကယ့်ကို ရှက် စရာကောင်းသည်။ သူက သူမအတွင်းခံကို ဖိအားပေးပြီး ပြခိုင်းသလိုဖြစ်သွားတာကိုး။



ကျန်းကျစ်ကျိုး နှုတ်ခမ်းကတော့ စကားတစ်ခွန်းမှ ထွက်ကျမလာခဲ့ပေ။ မနေ့ကကိစ္စက သူ့အပြစ်ချည်းလဲ မဆိုသာ။ သူမသာ ခိုးကြောင်ခိုးဝှက်မလုပ်ရင် သူလဲ ဇွတ်ပြခိုင်းဖြစ်မှာ မဟုတ်ချေ။ ဒါပေမယ့်လဲ သူမက မိန်းကလေးကိုး.... သူမ အတွင်းခံကို ပြရတာက ရှက်စရာပေါ့လေ။



ဒင်.....



ကျန်းကျစ်ကျိုး အတွေးထဲချာချာလည်နေတုန်း ဓာတ်လှေကားက ပထမထပ်ကို ရောက်လာသည်။



ကျန်းကျစ်ကျိုး - "..."



ရှဝေ့က ထုံးစံအတိုင်း နောက်ကို တစ်ချက်မှ လှည့်မကြည့်ဘဲ ထွက်သွား၊ ကျန်းကျစ်ကျိုး လဲ ဓာတ် လှေကားထဲမှာ သူမ ပုံရိပ်သေးငယ်ပျောက်ကွယ်တဲ့အထိ ကြည့်နေမိရင်း သက်ပြင်းချလိုက်မိသည်။.



ကားပါကင်မှာ မိုးရွာရွာ နေပူပူ နှင်းကျကျ သူ့ကို စောင့်နေကျ လိမ္မော်ရောင်ကြောင်လေးကို တွေ့ရသည်။ ကြောင်ကို ကြောင်စာပိုကျွေးလိုက်ရင်း မလုပ်စဖူး သူ့ကိုယ်ကို ဖျစ်ညှစ်လိုက်မိသည်။



မြောင် ~



လိမ္မော်ရောင်ကြောင်လေးက သူအစာစားနေတုန်း စနောက်တာကို မကြိုက်သလို မော့ကြည့်လာသည်။ ကျန်းကျစ်ကျိုးလဲ သဘောကျပြီး ရယ်လိုက်မိသည်။ ဒီကြောင်လေးက သူ အစာစားရဖို့အတွက် နေ့တိုင်း စောင့်နေလေ့ရှိသညယ သူ့ကို သူ့သခင်လို မှတ်ယူထားပုံပင်။



သူ့ဖုန်းမှာ စာတစ်စောင်ဝင်လာသည်။.ကျန်းကျစ်ကျိုး မတ်တပ်ရပ်လိုက်ရင်း သူ့ဖုန်းကို ထုတ်ကြည့် လိုက်သည်။



ဖန့်ဝမ် - ကျွန်မတို့ ရုပ်ရှင်ကြည့်ဖို့ ပျက်ကွက်တဲ့အတွက် တကယ်တောင်းပန်ပါတယ်။ မနက်ဖြန် ရှင် အချိန်ရလား? ကျွန်မ ရုပ်ရှင်ပြပြီး ညစာကျွေးမယ်လေ (နောက်ပြောင်)  



ကျန်းကျစ်ကျိုး - မနက်ဖြန် ဘယ်အချိန်လဲ?



ဖန့်ဝမ် - ညနေခင်း အဆင်ပြေလား? Starlight General Merchandise မှာပဲလေ



ကျန်းကျစ်ကျိုး - အဆင်ပြေပါတယ်...  



ဖန့်ဝမ် - ဒါဆို ကျွန်မ နေရာယူထားလိုက်မယ်နော် (လက်နှစ်‌ချောင်းထောင်)