အပိုင်း ၇၀၇-၇၀၈
Viewers 37k

Part 707


 ညီအစ်ကိုနှစ်ယောက် သကြားလုံး စားနေသည်ကို ကြည့်ရင်းဖြင့် ကျီထင်းရှန်သည် တစ်ဒေါ်လာလောက်တောင်းကာ လိုက်၀ယ်စားချင်နေခဲ့တာ ဖြစ်သည် ။


သို့ပေမယ့်လည်း ရှက်နေခဲ့၍ ထုတ်မပြောနိုင်ခဲ့ချေ ။


ညီအစ်ကိုနှစ်ဦးမှာ စမ်းစားကြည့်လို့ ပြီးသွားခဲ့ပြိိဖြစ်သည်။


စန်း၀မ် : " ဘယ်ဟာ အကောင်းဆုံးလဲ "


စန်း၀မ်က စားကြည့်ပြီးနောက်တွင် ချိုသည်ဆိုသည်ကိုသာ သိလိုက်ပြီး ဘယ်ဟာက ပိုအရသာရှိသည်ကို မပြောတတ်ဖြစ်နေလေ၏။ သေချာမသိသော်ငြား အကုန်လုံးက အရသာရှိပေသည် ။


ကျီထင်းရှန် ပြန်ထွက်လာသည့်အခါတွင် ညီငယ်များကိုရှာရန် ထွက်လာသော တ၀မ်နှင့် ဆုံလိုက်ရသည် ။


ကျီထင်းရှန် : " ဘယ်သွားမလို့လဲ မင်းညီတွေက သကြားလုံး ၀ယ်နေကြတယ် "


ထိုသို့ကြားသည်နှင့် တ၀မ်က ထိုနေရာသို့ လျှောက်သွားပြီး ကျီထင်းရှန်က နောက်မှလိုက်သွားလေသည်။ 


လွမ်ယောင်ဟွေ့ : " ဟေး ... "


ကျိုးရှုကွမ်း : " အခန်းပဲ ပြန်နှင့်ကြရအောင် "


သို့ဖြစ်၍ နှစ်ဦးက အရင်ပြန်သွားကြသည် ။


တ၀မ်လည်း ကောရစ်တာတစ်ခုကို ဖြတ်လျှောက်ပြီးနောက်တွင် စကားများနေကြသော ညီနှစ်ယောက်ကို တွေ့လိုက်ရလေသည်။ 


" မင်းတို့နှစ်ယောက် ... "


ရှောင်၀မ်က ချက်ချင်း လှမ်းအော်သည်။ " အစ်ကိုကြီး သားတို့ကို ကူရွေးပေးဦး " 


တ၀မ်လည်း သွားကြည့်လိုက်သည်။ 


စန်း၀မ် : " အရသာက ခုနစ်မျိုး ရှစ်မျိုးလောက်ရှိတော့ ဘယ်ဟာကို ၀ယ်ရမလဲ မခွဲတက်တော့လို့ "


အရောင်း၀န်ထမ်းမလေးက ပန်းကန်ပြားပေါ်၌ သကြားလုံးများကို တင်ပေးပြီး ပြုံးပြလေသည်။ ညီအစ်ကိုသုံးယောက်လုံး ချောလွန်းကြတယ် ၊ အထူးသဖြင့် မျက်၀န်းနက်များနှင့် အကြီးကောင်လေးပင် ။ ကြည့်နေရင်းကို ရင်တွေ တစ်ဒိတ်ဒိတ်ခုန်လာမိသည် ။


တ၀မ်က တစ်ယွမ်ထုတ်ပေးကာ " အကုန် ယူလိုက်လေ " ဟုဆိုသည်။ ထို့နောက် နို့သကြားလုံးတစ်လုံးကိုယူကာ ရှောင်၀မ်အား ခွံ့လိုက်လေသည်။ ရှောင်၀မ်က သဘောကျသွားပြီး ပြုံးနေလေ၏။


အထူးပိတ်ရက်များတွင် လင်းလန်က ကလေးများကို မုန့်ဖိုးပေးတတ်သလို ကျောင်းတက်လျှင်လည်း မုန့်ဖိုးပေးလေသည်။ အား၀မ်နှင့် မိုင်ဆွေ့က မုန့်ဖိုးများစုကာ စာအုပ်များ၀ယ်တတ်ကြသော်လည်း တ၀မ်က သုံးစရာမရှိသဖြင့် စုထားလေသည်။ 


အရောင်း၀န်ထမ်းမလေးက ထူးထွေပြီး အံ့သြမသွားဘဲ စက္ကူအိတ်ဖြင့် ထုပ်ပေးလေသည်။ 


တ၀မ်က လက်တစ်ဆုပ်စာစီယူလိုက်ပြီး ရှောင်၀မ်နှင့် စန်း၀မ်အား ခွဲပေးလိုက်သည်။


ညီအစ်ကိုနှစ်ယောက်မှာ ပျော်သွားကြပြီး ပါးစပ်က နားရွက်တက်ချိတ်မတက် ရယ်နေကြလေသည်။ 


စန်း၀မ် : " အလကားစားရတာပဲ ဟားဟား "


ရှောင်၀မ် : " စန်း၀မ်ကော အစ်ကိုကြီး၀ယ်ကျွေးတာဆိုတော့ အလကားမဟုတ်ဘူးလေ "


ပြောပြီးနောက်တွင် နှစ်ယောက်လုံးက တခစ်ခစ် ရယ်နေကြလေ၏။ 


တ၀မ် လှည့်ကြည့်လိုက်သည့်အခါတွင် ကျီထင်းရှန်က သူတို့ကို ပြုံး၍ကြည့်နေသည်ကို တွေ့လိုက်ရသည်။


သူလည်း သကြားလုံးစားချင်လို့များလား ။ အစ်ကိုကြီးတစ်ယောက်၏ မုအပြည့်၀င်နေသောကြောင့် တ၀မ်လည်း သကြားလုံးနှစ်လုံးသုံးလုံးကိုနှိုက်၍ ကျီထင်းရှန်၏ လက်ထဲသို့ထည့်ပေးလိုက်သည်။ 


ကျီထင်းရှန် : " ....... "


မထူးတော့သဖြင့် တစ်လုံးကို ဖောက်ကာ ပါးစပ်ထဲထည့်လိုက်မိသည် ။ ချိုလိုက်တာ ...


ကျီထင်းရှန်နှင့် တ၀မ်က လုပ်ဖော်ကိုင်ဖက်များပမာ ပုခုံးချင်းယှဥ်၍ လျှောက်နေကြလေသည်။ သူတို့အခန်းရှေ့သို့ရောက်သောအခါ အထဲမှ သူငယ်ချင်းနှစ်ယောက်ကိုပါ ခေါ်လိုက်ပြီး တ၀မ်၏နောက်သို့ ဆက်လိုက်သွားလိုက်သည်။ 


ရှောင်၀မ်နှင့် စန်း၀မ်က အခန်းပြန်ရောက်သည့်အခါတွင် သကြားလုံးများကို ကျန်လူများကို ပြန်ဝေပေးနေလေ၏။ 


တ၀မ်၀င်သွားသောအခါတွင် ကျီထင်းရှန်တို့သုံးယောက်ကလည်း လိုက်၀င်သွားလေသည်။


သုံးယောက်သားသည် လင်းလန်အား ခါးညွတ်ကာ တစ်ညီတစ်ညာတည်း တောင်းပန်ကြလေသည်။ 


" တောင်းပန်ပါတယ် ဒေါ်လေးလင်း "


အခုကြ သိတတ်သွားကြပြိိပေါ့လေ ။ 


" ရပါတယ် တစ်ယောက်နဲ့တစ်ယောက် သိနေကြပြီပဲဟာ "


လင်းလန် မိုင်ဆွေ့အား အသီးများပေးလိုက်သည်။ လုကျင်းရှို့ပေးထားသည်များထဲ၌ ပန်းသီးများ ၊ သစ်တော်သီးများ ၊ လိမ္မော်သီးများ ၊ သလဲသီးနှင့် ကဗ္ဗလာသီးများပါလေသည် ။ အများစုမှာ ကျေးရွာများ၌  မရနိုင်သည့် သစ်သီးများဖြစ်သည်။ 


လူငယ်များသာ ဖြစ်ကြသည့်အတွက် ခဏအကြာတွင် အာလုံးသည် ဘာမှမဖြစ်သလို ရင်းရင်းနှီးနှီး စကားပြောနေကြလေသည်။


သူတို့သုံးဦးမှာ တ၀မ်တို့အား တောသားဟုတွေးကာ အထင်သေးခဲ့ကြမိသော်လည်း တကယ့်တကယ်တမ်းတွင် သူတို့ထက် အတွေ့အကြုံမနည်းဘဲ အချို့နေရာများတွင် ပိုတော်နေသည်ကို တွေ့လိုက်ရသည်။


ဘ၀င်လေဟပ်နေတက်သော ကျီထင်းရှန်သည်ပင် ပုံမှန်လိုမဟုတ်ဘဲ တ၀မ်အား မည်သို့မည်ပုံ လေ့ကျင့်သည်ဆိုတာမျိုးကို မေးနေလေသည်။ အား၀မ်နှင့်လည်း စာအုပ်များအကြောင်း ဆွေးနွေးနေပြီး ရံဖန်ရံခါလည်း မိုင်ဆွေ့ကို လှမ်းလှမ်းကြည့်နေလေ၏။


မိုင်ဆွေ့က သစ်သီးများကို ရေဆေးပြီးနောက်တွင် ကဗ္ဗလာသီးကို ယူလာလေသည် ။ ဘယ်လိုစားရမည်ကို မသိသည့်အတွက် အပြင်လူများရှေ့တွင် ရှက်နေလေသည် ။


ကျီထင်းရှန် ပြုံးလိုက်မိကာ အသီးကိုလှမ်းတောင်းလိုက်သည်။


 " ငါ လုပ်ပေးမယ် "


မိုင်ဆွေ့က တစ်ချက်ပြန်ကြည့်လာပြီး " ငါ့မှာ အစ်ကိုမရှိတာမှ မဟုတ်ဘဲနဲ့ " ဟုဆိုကာ တ၀မ်ထံ လှမ်းပေးလေသည်။ 


" အစ်ကိုကြီး ခွာပေး "


ကျီထင်းရှန် : " ........ " 


တ၀မ်မှာ ယူသာယူလိုက်ရသော်လည်း သေချာမသိသဖြင့် အခွံကို လက်နှင့်နွှာရန် လုပ်နေလေသည် ။


လင်းလန်လည်း လုကျင်းရှို့ပေးထားသော အသီးလှီးဓားကိုယူလာပေးလိုက်ရသည်။ 


" ရော့ လှီးလိုက် "


သစ်သီးစားပြီးနောက်တွင် ကလေးများအား လွတ်လွတ်လပ်လပ် ကစားခိုင်းထားလိုက်သည် ။ သူမကမူ ရေဒီယိုဖွင့်ကာ အားကစားသတင်းများကို နားထောင်နေလိုက်သည် ။ စန်း၀မ် ပြိုင်ပွဲ၀င်သည်ကို ကိုယ်တိုင်မြင်ထားပြီးသား ဖြစ်သော်လည်း နားထောင်ရခြင်းက စိတ်၀င်စားဖို့ကောင်းပေသည် ။ သူမလည်း မှတ်စုစာအုပ်ကိုယူ၍ အချို့အရာများကို ချရေးထားလိုက်သည်။ 


မနက်ဖြန် ထုတ်ဝေမည့်သတင်းစာတွင်လည်း စန်း၀မ်အကြောင်းကိုရေးသားထားသော သတင်းပါလာလောက်ပေသည်။ နှစ်စောင်လောက်၀ယ်ကာ သိမ်းထားဖို့ လင်းလန် တွေးထားသည် ။ ၄င်းအပြင် အားကစားဂျာနယ်များက အင်္ဂါနေ့နှင့် သောကြာနေ့တွင် ထုတ်ဝေတက်သဖြင့် ထိုသည်များကိုလည်း ၀ယ်ထားရပေမည်။ သားဖြစ်သူ၏ သတင်းများကို သူမ အားလုံးစုထားမည်ဖြစ်သည်။


အပြင်ရှိကလေးများက စကားကောင်းနေကြလေ၏။ တ၀မ်က စကားနည်းသော်လည်း တပ်အကြောင်းများကိုမူ စိတ်၀င်စားလေသည် ။ ကျီထင်းရှန်တို့တစ်စုသည် တပ်ထဲ၌ ကြီးပြင်းလာကြသူများဖြစ်၍ အတွေ့အကြုံများစွာရှိသဖြင့် တ၀မ်ကို ပြန်ပြောပြနေကြသည်။ ကျိုးရှုကွမ်းက စာအုပ်များနှင့် သီချင်းများကို သဘောကျသူဖြစ်၍ အား၀မ်နှင့် မိုင်ဆွေ့တို့နှင့်အတူ စကားလက်ဆုံကျနေကြသည်။ 


စန်း၀မ်နှင့် ရှောင်၀မ်ကလည်း ၀င်ပြောရင်းဖြင့် နောက်ဆုံးတွင် အကုန်လုံးသည် အသားကျကာ တစ်ရင်းတစ်နှီးဖြစ်သွားကြလေ၏။ 


မြို့တော်မှ အကြောင်းအရာများကို ပြောနေစဥ်တွင် အား၀မ်သည် ၀င်ပြောစရာ ဘာမှမရှိသဖြင့် ငြိမ်ငြိမ်လေး နားထောင်နေလေ၏။ 


ကျီထင်းရှန်က ယခင်က စိတ်မ၀င်စားသော်လည်း ယခုတွင်မူ အပြင်ထွက်ကာ လျှောက်လည်နေချင်လေ၏။ 


ကျိုးရှုကွမ်းက မြို့တော်နှင့် ပိုရင်းနှီးသဖြင့် အထင်ကရနေရာများနှင့် ရှုခင်းများအကြောင်းကို ပြောပြပေးသည်။ 


" တမင်ရေကန် ၊ ပေါင်ထုရေပူစမ်း၊ ပုလဲရေပူစမ်း နဲ့ ဟေးဟူ ဗုဒ္ဓတောင်က သွားကိုသွားလည်သင့်တဲ့နေရာတွေပဲ "


ကျီထင်းရှန် : " တော်လှန်ရေးကော်မတီကိုသွားပြီး ကင်မရာသွားငှားလာခဲ့လိုက်မယ် "


လွမ်ယောင်ဟွေ့က လက်မခံ ။ " မသွားနဲ့ " သူတို့အား တပ်တွင်းကိုသာ သွားခွင့်ပြုထားတာဖြစ်၍ အခြားနေရာသို့ သွားသည်ကိုသာ ကျီထင်းရှန်၏အဖေ သိသွားပါက အဆော်ခံရပေလိမ့်မည် ။


Xxxxxx

Part 708


ကျီထင်းရှန်က မကြောက်ပေ ။ " ငါက တစ်ခုခုအမှားလုပ်နေတာလည်း မဟုတ်ဘူးလေ ကင်မရာငှားရုံလေးပဲဟာကို "


မိုင်ဆွေ့က စိတ်၀င်စားသွားပြီး သူမတို့ တွေ့ခဲ့သော နိုင်ငံခြားသားနှစ်ဦး၏ အကြောင်းကို ပြောပြနေလေသည် ။ ကျီထင်းရှန်က မိုင်ဆွေ့တစ်ယောက် ဖြူဖြူ၀င်း၀င်း လက်လေးများကိုသုံး၍ လက်ဟန်ခြေဟန်ဖြင့် ပြောနေသည်အား ငေးနေမ်ိသည် ။ 


ဘာလို့ အဲ့လောက်တောင် တက်ကြွနေရတာတုန်း ။


ခဏအကြာတွင် လုကျင်းရှို့နှင့် ဟန်ချင်စုန့်တို့ ပြန်လာကြသည် ။ အားလုံးက တည့်နေသည်ကိုမြင်သောအခါ " လိမ်လိမ်မာမာ ရှိကြသားပဲ " ဟု လုကျင်းရှို့က ဆိုသည် ။ 


ကလေးများက ထရပ်ကာ နှုတ်ဆက်နေသဖြင့် ဟန်ချင်စုန့်က မလိုကြောင်းငြင်းလေသည်။


လုကျင်းရှို့ : " ဗိုက်ဆာနေကြမှာပေါ့ ညစာသွားစားကြရအောင် "


ဧည့်ဆောင်၏ဘေးတွင် စစ်တပ်ပိုင် စားသောက်ဆိုင်ရှိ၍ ကားမယူတော့ဘဲ လမ်းလျှောက်သွားလိုက်ကြသည်။ 


လင်းလန် ကူပွန်များနှင့် ပိုက်ဆံများကို ဟန်ချင်စုန့်၏ အိတ်ကပ်ထဲသို့ ထိုးထည့်ထားပေးလိုက်သည်။


ဟန်ချင်စုန့်က မယူလိုပေ ။ " ရပါတယ် "


လူအများကြီးဖြစ်သဖြင့် စားပွဲ၀ိုင်းအကြီး၌ ၀င်ထိုင်လိုက်ရပြီး ဟင်းပွဲများကလည်း အများကြီးဖြစ်ပေသည်။ သာမန်ဟင်းပွဲများဖြစ်သည့် ပေါက်စိီ ၊ ခေါက်ဆွဲတို့အပြင် အသားကြော် ၊ ကြက်သွန်ပန်ကိတ် ၊ ကန်းစွန်းဥအချိုကြော် ၊ အားလူးဟင်းအစရှိသည်များလည်း ပါသေးလေသည် ။ ကြက်ကင် ၊ ဘဲသားဟင်းနှင့် ၀က်သားဟင်းတို့ကလည်း မပါမဖြစ်ပင် ။


ဟန်ချင်စုန့်မှာ များလွန်းသည်ဟု ထင်သော်လည်း လုကျင်းရှို့ စိတ်ကျေနပ်အောင် လွှတ်ထားပေးလိုက်ရသည်။ 


ကျီထင်းရှန်တို့တစ်စုက မြင်ဖူးနေကြဖြစ်၍ မအံ့သြကြပေ။ လင်းလန်တို့က မည်သို့တုံ့ပြန်မည်ကို သိချင်နေသော်လည်း  သူမတို့သည် သာမန်လိုသာ ပြန်တုံ့ပြန်နေကြသဖြင့် စိတ်၀င်စားဖို့ကောင်းသည်ဟု တွေးနေလေ၏။ 


ဒါပေါ့ ၊ လင်းလန်က ဂရုမစိုက် ။


တ၀မ်ကလည်း စိတ်ထဲတွင်သာထားကာ ထုတ်မပြပေ ။ ဟင်းတစ်ပွဲလာချတိုင်း တစ်ခါအံ့သြနေတာ ဖြစ်ပေသည်။ ကြက်ကောင်လုံးကြော်ပဲ ... ဘဲကလည်း အကောင်လိုက်ပဲ ... ၀ါး ... သို့သော်လည်း ပင်လယ်မျော့(sea cucumber)ကို တွေ့သောအခါ ပို၍အံ့အားသင့်နေလေ၏။ ဘယ်လိုပိုးကောင်ကြီးလဲ ။


အား၀မ်နှင့် မိုင်ဆွေ့ကလည်း အံ့သြနေကြပြီး နှစ်ယောက်တည်း တိုးတိုး တိုးတိုး ဆွေးနွေးနေကြကာ သိသာအောင် မပြပေ ။


စန်း၀မ်နှင့် ရှောင်၀မ်ကမူ ကလေးများဖြစ်၍ ထည့်မတွက်လို့ရပေသည် ။


၀က်ခေါက်ကြော်ကိုလာချသောအခါတွင် ရှောင်၀မ်က ပြောသည်။ 


" စန်း၀မ်ကော ဒါ သားပြောတဲ့ဟာလေ "


စန်း၀မ်က ပျော်သွားလေ၏။ " ရှောင်၀မ်က ရက်ရောတာပဲ ငါ့ကို ဒီလောက်ကောင်းတဲ့ ဟင်းကိုလာကျွေးတာဆိုတော့ " 


ကျီထင်းရှန်နှင့် ကျန်လူများမှာ အံ့အားသင့်နေကြလေ၏။ ဘာတွေဖြစ်နေတာလဲ ။


ကြက်ကောင်လုံးကင် ရောက်လာပြန်သည် ။


စန်း၀မ် : "  ရှောင်၀မ် ဒါကရော ... "  


ရှောင်၀မ်က အိပ်မက်ထဲတွင် စားဖူးသည်များကို အပြင်တွင် တိတိကျကျ ပြန်ပြောပြတတ်လေသည်။ ဆော့စ်သုတ်ထားသည့် ကြက်သားကင်နှင့် ကြက်သံပုံးကင်အစရှိသဖြင့် ပြောပြဖူးကာ ဘယ်လိုအရသာရှိသည်ဆိုတာမျိုးကိုလည်း ပြောပြခဲ့ဖူးလေသည်။ 


ကျီထင်းရှန် တ၀မ်ထံ လှည့်ပြောလိုက်သည်။


 " မင်းတို့မိသားစုက ... အစားအသောက်တွေ ကောင်းကောင်း စားဖူးကြတာပဲနော် " တောက ကွန်မြူနတီအဖွဲ့၀င်တွေက ကြက်ဥကိုတောင် မစားချင်ကြဘူးဆိုတာက အမှန်တွေများလား ။


တ၀မ် : " ဒီလိုပါပဲ "


" နှိမ့်ချနေပြန်ပြိိ " ဟုဆိုကာ ကျီထင်းရှန်က တ၀မ်အား ပုခုံးပုတ်လိုက်လေသည်။


လုကျင်းရှို့က ဟန်ချင်စုန့်နှင့် လင်းလန်အတွက် ၀ိုင်ငှဲ့ပေးပြီး ကလေးများအား စစားကြရန် ပြောလေသည်။


 " စားကြနော် မရှက်ကြနဲ့ စားချင်တဲ့ဟာကိုသာစားကြ ဖွက်စားနေစရာ မလိုဘူး  "


စန်း၀မ်နှင့် ရှောင်၀မ် : " ဦးလေးလု သားတ်ို့က အဲ့လိုစားတယ်ဆိုတာကို ဘယ်လိုသိတာလဲ "


လုကျင်းရှို့ : " .... ? " စစ်သားတစ်ယောက်အဖြစ် တာ၀န်ထမ်းစောင်နေစဥ်က လေ့ကျင့်ရေးဆင်းရသည်မှာ ခက်ခဲသဖြင့် ဗိုက်ဆာလွယ်သော်လည်း ညစာစားခွင့်မပြုထားသဖြင့် စောင်အောက်တွင် ဖွက်ကာ စားခဲ့ကြရတာဖြစ်သည်။ 


သူရော ကျိုးရှောက်တုန်းရောကို ဟန်ချင်စုန့်က ကူညိိီပေးခဲ့တာဖြစ်သည်။ 


ညီအစ်ကိုနှစ်ယောက်က ပျော်ပျော်ကြီး စားနေကြလေပြီ ။


၀ိုင်ခွက်ကိုကိုင်ထားရင်း လုကျင်းရှို့ ဟန်ချင်စုန့်အား ကပ်ပြောလိုက်သည်။ 


" ချင်စုန့်ရေ ကလေးတွေကို အဲ့လိုမလုပ်နဲ့လေ ဟမ် တပ်ထဲမှာက တပ်ထဲမှာပဲလေ မိသားစုကိုကြ မိသားစုလို ဆက်ဆံရမှာပေါ့ "


ဟန်ချင်စုန့် : " ........ " သူ တစ်ခုခု အမှားလုပ်မိသွားလို့လား ။ နားမလည်နိုင်သဖြင့် လင်းလန်ကို လှည့်ကြည့်လိုက်မိသည် ။


လင်းလန် : " ကျင်းရှို့ လာပါ ခွက်ချင်းတိုက်ကြရအောင် ... ကျေးဇူးပဲနော် "


" မရီး ... " လုကျင်းရှို့က မျက်နှာချင်းဆိုင်မှ ထလာပြီး လင်းလန်ဘေးသို့လာ၍ ခွက်ချင်းတိုက်လေသည်။


 " မလုပ်ပါနဲ့ဗျာ ဘာပဲဖြစ်ဖြစ် ကျွန်တော်က မရီးကို လေးလေးစားစား ရှိရဦးမှာပေါ့ " ဟုဆိုကာ ခွက်ကိုတစ်ကျိုက်တည်း မော့ချလိုက်လေသည် ။


ထို့နောက် ဟန်ချင်စုန့်အား ပုခုံးပုတ်ကာ " မင်း ဘာလို့ အိမ်မှာနေရတာ သက်သောင့်သက်သာရှိနေလဲဆိုတာ ငါသိပြီ" ဟုဆိုသည်။


ဒီလိုမိန်းမမျိုးရှိနေမှတော့ အိမ်က ဘယ်ထွက်သွားချင်ပါ့မလဲ ။


ဟန်ချင်စုန့် လုကျင်းရှို့အား ၀ိုင်ငှဲ့ပေးလိုက်သည်။


 " သောက်ဦးလေ "


လုကျင်းရှို့ : " အဲ့ခွေးကောင် ကျိုးရှောက်တုန်းကတော့ ... " ထို့နောက် ကျိုးရှုကွမ်းအား လှမ်းပြုံးပြကာ " မင်း ဘာမှ မကြားလိုက်ဘူးမလား " ဟု မေးပြန်လေသည်။


ကျိုးရှုကွမ်း : " ...... " မကြားချင်ယောင်ဆောင်ကာ ကျီထင်းရှန်ဘက်ကိုသာ လှည့်နေလိုက်တော့သည် ။ မဟုတ်ပါက အချိန်တိုင်း အဆူခံနေရပေလိမ့်မည် ။


လုကျင်းရှို့က ဟန်ချင်စုန့်ကို ဆက်ပြောနေသည်။


 " ထားလိုက်ပါတော့ အဲ့ကောင်စုတ်ကတော့လေ ... မပြောတော့ပါဘူး နည်းနည်းလောက်တော့ သိက္ခာလေးချန်ထားပေးလိုက်ဦးမယ် မဟုတ်ရင် မင်းကို မတွေ့ရဲဘဲ နေနေပါဦးမယ်လေ " 


ဟန်ချင်စုန့်လည်း လုကျင်းရှို့အား ပြန်ထိုင်ခိုင်းလိုက်ရသည်။


လုကျင်းရှို့က ရဲဘော်ရဲဘက်ဟောင်းရှေ့တွင်မို့သာ ဤသို့ပြုမူနေခြင်းဖြစ်သည်ကို သူသိပေသည် ။ တပ်ထဲရောက်သွားလျှင်တော့ မြေခွေးအိုကြီး ပြန်ဖြစ်သွားပေလိမ့်မည် ။


ဟန်ချင်စုန့် တိုးတိုးလေးပြောလိုက်သည်။ 


" မင်းက မင်းရာထူးနဲ့ ကိုက်သားပဲ "


လုကျင်းရှို့က ရယ်လိုက်သည်။ " မရီးသိလား ခေါင်းဆောင်ဟန်ကလေ အရင်ကဆို လူကို လျှောက်ရိုက်လိုက် ဆူပူလိုက် လုပ်နေခဲ့တာဗျ "


လင်းလန် : " ရှင်တို့ခေါင်းဆောင်က ရှင့်ကို ချီးကျူးနေမှတော့ ကျွန်မတို့ပဲ ဒီ၀ိုင်းကို ရှင်းလိုက်ပါ့မယ်  "


အရသာရှိလှကာ ကလေးများ မစားဖူးခဲ့သေးသော အရာများလည်း ဖြစ်နေလေသည်။


လုကျင်းရှို့က ထင်သလောက် မရိုးရှင်းလောက်ဘူးဆိုသည်ကို လင်းလန် သိနေသည် ။ ဟန်ချင်စုန့် အလုပ်ပြောင်းချိန်တွင် လုကျင်းရှို့နှင့် ရာထူးတူတူပင်ဖြစ်သည် ။ လုကျင်းရှို့သည် တပ်ခွဲမှုးရာထူးကိုကျော်ကာ တပ်ရင်းမှုးအဖြစ် ချက်ချင်းရာထူးတိုးသွားခဲ့ပြီး နောက်ဆုံးတွင် အရာခံဗိုလ်အထိဖြစ်လာခဲ့တာဖြစ်၍ ရာထူးတိုးခြင်းက အလွန်မြန်ပေသည်။


 သို့ဖြစ်၍ ပြိုင်ဘက်ဘယ်နှစ်ယောက်လောက်ကို အလဲထိုးခဲ့မည်ကို မပြောနိုင်ပေ ။


Xxxxxx