Part 711
အား၀မ်က ကတ်မကောင်းဘဲ စန်း၀မ်က ကတ်ကောင်းနေပါက သူအရင်ချသင့်တာဖြစ်သော်လည်း တစ်လွဲတွေ လျှောက်ချနေတတ်သဖြင့် အား၀မ််မှာ ခါးသီးနေတော့သည် ။
ထိုသည်ကို ကျီထင်းရှန်နှင့် ကျိုးရှုကွမ်းက ကြည့်ကာ ရယ်နေကြသည်။
မိုင်ဆွေ့ : " စန်း၀မ် နင် ဆော့ရောဆော့တတ်ရဲ့လား ငါတို့က တစ်ဖွဲ့တည်းလေ ပူးပူးပေါင်းပေါင်း ဆော့ရမှာကို ဘာလို့ချချင်တိုင်း လျှောက်ချနေတာလဲ "
ကျီထင်းရှန်က မိုင်ဆွေ့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး မိုင်ဆွေ့အား လက်ထောက်မေးတင်ကာ ကြည့်နေလေ၏။ " အမှန်ပဲ "
မိုင်ဆွေ့ ပြုံးလိုက်မိသည် ။ " ဆော့နေတာ ကြာလှပြီကို နားမလည်သေးဘူးလား "
စန်း၀မ် : " ဒီိလိုပဲ ကစားရတာမဟုတ်ဘူးလား ဘာလို့ မသိရမှာလဲ မျက်လုံးလေးနဲ့ ကြည့်လိုက်ရုံပဲကို "
အား၀မ် နဖူးလက်ပြန်ရိုက်လိုက်မိသည် ။ မျက်လုံးလေးနံ ကြည့်ရုံနဲ့ ဆော့တတ်သွားရောလား ... စန်း၀မ်ကတော့ ငတုံးပဲ ၊ တကယ့်ငတုံးပဲ ။ " ခေါင်းကို သုံးရတာကွ "
စန်း၀မ် : " ဘာကို ခေါင်းသုံးရမှာလဲ ခေါင်းသုံးဖို့အထိ လိုလို့လား "
ခေါင်းသုံးစေချင်ရင် အရင်သာ သတ်လိုက်တော့ ။
လွမ်ယောင်ဟွေ့ စားပွဲကို ရိုက်လိုက်တော့သည်။
" ဟုတ်တာပေါ့ ဆော့တာများရင် ဆော့တတ်သွားလိမ့်မယ် "
မိုင်ဆွေ့ မျက်လုံးလှန်ပြလိုက်မိသည် ။
" ဒါဆိုလည်း နင်တို့ မျက်လုံးမှိတ်ပြီး ဆော့ကြပါလား "
ယောင်ဟွေ့က မိုင်ဆွေ့အား လှမ်းချောင်းကြည့်သည်။ " အဲ့လိုလုပ်ဖို့ မလိုပါဘူး ဒီမှာကြည့်ကြည့်လေ နှစ်ဖက်လုံးက အဲ့ကတ်ကိုသာ မချဘူးဆိုရင် ဘာမှမဖြစ်ပါဘူး "
ကျီထင်းရှန်က မိုင်ဆွေ့အား မျက်စိမှိတ်ပြကာ ကတ်ကိုလှမ်းပြသည် ။ မိုင်ဆွေ့က အနားသို့ကပ်ကာ လာကြည့်သည့်အခါတွင် သူမ၏ နှာခေါင်းအား ခပ်ဖွဖွ လာဆွဲလိုက်လေသည် ။
မိုင်ဆွေ့ မျက်စောင်းထိုးပြလိုက်သည်။ " အခုထိ မရှုံးသေးဘူး "
ကျီထင်းရှန်က ပြုံးပြပြီး ဘုရင်ကတ်ကို ပြန်ထည့်လိုက်ပြီး ငါးပွင့်တစ်ကတ်ကိုချလိုက်လေသည်။
လွမ်ယောင်ဟွေ့ : " ကျီထင်းရှန် သစ္စာဖောက်ကောင် "
မိုင်ဆွေ့က ထိုအခါမှ သူမလက်ထဲရှိ ကတ်ကိုချလိုက်ပြီး လွမ်ယောင်ဟွေ့အား ပြုံးပြလေသည်။
" ဟားဟား "
ကျိူးရှုကွမ်း : " ဒါဆိုလည်း အသင်းပြောင်းကြရအောင် အဲ့လောက်တောင် ဖြစ်နေရင်လည်း အား၀မ်ကို ငါတို့ကိုပေးလိုက် ကျီထင်းရှန်ကို မင်းတို့ယူသွားလိုက် "
မိုင်ဆွေ့ : " ဟင့်အင်း စန်း၀မ်နဲ့ပဲလဲမယ် "
လွမ်ယောင်ဟွေ့က လက်မခံ ။
မိုင်ဆွေ့ : " နင်တို့နှစ်ယောက်က မျက်လုံးနဲ့ဆော့တာကို သဘောကျတာမဟုတ်ဘူးလား ဘာလို့တစ်ဖွဲ့တည်း မနေလိုက်လဲ "
မိုင်ဆွေ့ လွမ်ယောင်ဟွေ့နှင့် နေရာချင်းလဲလိုက်သည်။
အား၀မ်ရှိမည့်အသင်းက နိုင်မည်မှာ မသေချာသော်လည်း စန်း၀မ်ရှိသည့်အသင်းက ရှုံးမည်ကတော့ သေချာပေသည်။
ကျိူးရှုကွမ်းနှင့် လွမ်ယောင်ဟွေ့မှာ အခက်တွေ့သွားသည် ။ သို့သော်လည်း စန်း၀မ်ကမူ ပို၍အနိုင်လိုချင်စိတ် ပြင်းပြလာသည်။
အား၀မ်နှင့် ကျိီထင်းရှန်က အတွဲညီညီကစားနေသဖြင့် မိုင်ဆွေ့က မလိုက်နိုင်လျှင်တောင် အရမ်းကြီး မဆိုးပေ ။
ကျိုးရှုကွမ်းလည်း မတတ်နိုင်ဘဲ ရှောင်၀မ်နှင့် အိပ်နေသော တ၀မ်ကို အကူအညီလှမ်းခေါ်လိုက်ရသည်။ " ညီအစ်ကိုရေ လာကယ်မပေးချင်ဘူးလား "
ယခုရက်များတွင် အကုန်လုံးသည် ရင်းနှီးနေကြပြီဖြစ်သည်။
တ၀မ်က သူတို့နှင့် မဆော့သော်လည်း လှည့်ကွက်များစွာကို သိထားသူဖြစ်သည် ။
လွမ်ယောင်ဟွေ့နှင့် စန်း၀မ်က အိမ်သာသို့ထွက်သွားရင်း အကြံထုတ်နေကြသည် ။
ကျီထင်းရှန်က ပိုကာကတ်များကို မွှေနေလေသည် ။ လက်ချောင်းသွယ်သွယ်လေးများက ကိုင်တွယ်ရာ၌ အကျင့်ပါနေသလိုဖြစ်နေသဖြင့် ကြည့်လို့အလွန်ကောင်းပေသည်။
မိုင်ဆွေ့ : " ဒီလောက်တော်နေတာ ကျောင်းမသွားဘဲ ကတ်တွေပဲ ထိုင်ဆော့နေခဲ့တာလား "
ကျီထင်းရှန်က ကတ်များကို ချလိုက်ပြီး မိုင်ဆွေ့အား ချိုးခိုင်းသည်။
မိုင်ဆွေ့လည်း ယူလိုက်ကာ ချိုးလိုက်ပြီး ပြန်ပေးလိုက်သည်။
ကျီထင်းရှန်က ပြန်မွှေလိုက်ပြီး မိုင်ဆွေ့အား ကတ်လှန်ခိုင်းသည်။
မိုင်ဆွေ့လည်း ယူလိုက်ပြီးနောက် " ဘာအဓိပ္ပာယ်လဲ "ဟုမေးလိုက်သည်။
ကျီထင်းရှန် : " မင်းမှာ ချယ်ရီပန်းတွေ အများကြီးရှိနေတာလို့ ဆိုလိုနေတာ "
မိုင်ဆွေ့ : " အိမ်မှာက ချယ်ရီပန်းပင် မရှိဘူး သလဲသ်ိီးပင်နဲ့ တရုတ်ဆီးသီးပင်ပဲရှိတာ "
ကျီထင်းရှန် : " ......... " မိုင်ဆွေ့အား လက်ဖြန့်ပြကာ လက်ကိုလှမ်းတောင်းလိုက်သည်။
မိုင်ဆွေ့နားမလည်သော်လည်း ညာလက်ကို စားပွဲပေါ်ပေးလိုက်သည်။
သူမ၏ လက်များက ဖြူဖြူသွယ်သွယ်လေးဖြစ်ပြီး လက္ခဏာများလည်း ထင်ရှားလေသည်။ လက်များက နူးနူးညံ့ညံ့တော့ ရှိမနေဘဲ အသားမာတက်နေသော နေရာတစ်ချို့ရှိလေ၏။
ကျီထင်းရှန်က ပြောသည်။ " မင်းက အနာဂတ်မှာ ဉာဏ်ပညာကြီးပြီး ချမ်းသာလာမှာ "
မိုင်ဆွေ့က သိချင်သွားလေသည်။ " ဘယ်လိုသိလဲ "
" လက္ခဏာကြည့်တာလေ "
" ပြကြည့် "
ကျီထင်းရှန်လည်း လက်ဖ၀ါးဖြန့်ပြလိုက်သည်။ သူ့လက်များက ဖြူဖြူနုနုလေးဖြစ်ပြီး ရေပင်စိုဖူးသည့်ပုံ မပေါက်ပေ ။
" ငါက မင်းထက် ရိုးရှင်းပြီး ပိုတိကျတယ် "
" ငါကကြ ပြောဖို့လွယ်တယ် အချစ်ရေးလမ်းကြောင်းကတော့ သေချာမပြောတတ်ပေမယ့် မင်းက ချမ်းသာပြီး ဉာဏ်ပညာကြီးမယ်ဆိုတာကိုတော့ ပြောနိုင်တယ် "
" ဘာက တိကျပြီး ဘာက မတိကျတာလဲ "
မိုင်ဆွေ့က နားမလည် ။
ကျီထင်းရှန် သူမလက်မှ အချစ်ရေးလမ်းကြောင်းကို ဆွဲပြလိုက်သည် ။
" မင်း သဘောကျတဲ့လူတွေကို ပြောကြည့် "
မိုင်ဆွေ့က အတည်ပေါက် စဥ်းစားနေလေသည်။
" အများကြီးပဲ မားမား အဖေ အစ်ကိုကြီး အား၀မ် စန်း၀မ် ရှောင်၀မ် တတိယဒေါ်လေး ... အစ်ကိုကြီးရှန်ယွီ အစ်မဖန်းရှောင် ဦးလေးလု ..."
ကျီထင်းရှန် : " ..... ဘာလို့ ငါမပါတာလဲ "
မိုင်ဆွေ့က လက်ချိုးရေနေရင်း ပြန်မေးသည် ။ " မသိဘူးလေ မျက်လုံးထဲမှာ ကြည့်မရလို့ ဖြစ်ချင်ဖြစ်မှာပေါ့ "
" ဘာလို့ ကြည့်မရတာလဲ "
" နင်က ... " မိုင်ဆွေ့က ဆက်ပြောသည်။
" ရှောင်၀မ်က ပြောတယ် နင်က ကြည့်ကောင်းပေမယ့်လညး လူဆိုးနဲ့တူတယ်တဲ့ ဟိုလိုမျိုးလေ ... "
ကောင်စုတ်လိုမျိုးတဲ့ ။ ပထမဆုံးတွေ့တုန်းကဆို ပါးချည်း ဆယ်ချက်လောက် ရိုက်ပစ်လိုက်ချင်တာ ။
" ဟုတ်တယ် ငါ မှားတာပါ တောင်းပန်ပါတယ် ဟုတ်ပြီလား "
ကျီထင်းရှန်၏ ချယ်ရီပွင့်သဖွယ် မျက်၀န်းများက တစ်လက်လက်တောက်လို့နေသည်။
မိုင်ဆွေ့ : " ခွင့်လွှတ်ပါတယ် "
ဘေးတွင် ထိုင်နေခဲ့သော အား၀မ်က ကတ်များကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ်တွင် ဖြန့်လိုက်လေသည်။ နေရာများကို ပြောင်းလိုက်ပြိိးနောက်တွင် တစ်ခုကိုကောက်ကိုင်လိုက်ပြီး " မှန်းကြည့် " ဟုဆိုသည်။
မိုင်ဆွေ့ : " ခုနစ် "
ကျီထင်းရှန်လည်း မှန်းနိုင်သည်။
အား၀မ်က နှစ်ကတ်ထပ်ထည့်ပြီး ရွှေ့သည့်အရှိန်ကိုလည်း မြှင့်လိုက်ပြီး ထပ်မှန်းခိုင်းပြန်လေသည်။ နှစ်ယောက်လည်း မှန်အောင် မှန်းနိုင်နေဆဲပင် ။
ကျီထင်းရှန် : " တွေ့လား ငါတို့က အချင်းချင်း နားလည်မှု ရှိကြတယ် "
အား၀မ် : " ထင်းရှန် အချင်းချင်း နားလည်တယ်ဆိုတာက ဘာလဲဆိုတာကို သေချာပြပေးမယ် "
ကျီထင်းရှန်အား ကတ်ကိုဆွဲခိုင်းလိုက်ပြီး အား၀မ်က သူကိုယ်တိုင်မကြည့်ဘဲ မိုင်ဆွေ့ကိုသာ ကြည့်ခိုင်းလေသည်။ သူကိုယ်တိုင်က မိုင်ဆွေ့ကိုပဲ ကြည့်နေလေ၏။
မိုင်ဆွေ့က ပြုံးပြသည်။
အား၀မ် : " ကိုး နှစ်ဆ "
ကျီထင်းရှန် : " ...... " မဖြစ်နိုင်တာကြီး ။
Xxxxxxx
Part 712
ကျီထင်းရှန်၏ အမူအရာကိုကြည့်ကာ မိုင်ဆွေ့သည် အား၀မ်၏ ပုခုံးကိုမှီ၍ ရယ်နေလေ၏။ အား၀မ်က ပိုကာကစားရင်း ကြီးလာတာဖြစ်ပြီး မိုင်ဆွေ့နှင့် လျို့၀ှက်သင်္ကေတများ လုပ်ထားတာဖြစ်သည်။
သူမတို့နှစ်ဦးသည် အတူတူကျောင်းတက် အတူတူစာလုပ်ပြီး ကြီးပြင်းလာကြတာဖြစ်၍ ကျန်လူများထက် အချင်းချင်း နားလည်ကြသည် ။
လင်းလန်နှင့် ဟန်ချင်စုန့်က တိုင်ပင်နေကြသည်။ စန်း၀မ်ကို အရင်ပြန်ပို့ပြီးမှ ကျီထင်းရှန်တို့တစ်စုကို တပ်ထဲသို့ လိုက်ပို့ကြမည် ။
လုကျင်းရှို့ ဖြတ်လာသည့် လက်မှတ်သည် တပ်သုံးလက်မှတ်ဖြစ်ပြီး နေရာတိတ်ိကျကျမပါဘဲ ဆင်းချင်တဲ့အချိန်ဆင်းကာ တက်ချင်တဲ့အချိန် ပြန်တက်လို့ရပေသည်။
ဟန်ချင်စုန့် လက်မှတ်ကို တ၀မ်ကိုပေးလိုက်သည်။
တ၀မ် : " ကျွန်တော် လိုက်ပို့ရမှာလား "
ဟန်ချင်စုန့် : " အင်း "
လင်းလန်က စိုးရိမ်နေသည်။ " ဖြစ်ပါ့မလား သားကြီးက သူတို့ထက်ငယ်တယ်လေ သူ့ကို လိုက်ပို့ခိုင်းလို့ဖြစ်ပါ့မလား "
ဟန်ချင်စုန့် : " ၁၄နှစ်က မငယ်တော့ပါဘူး ကိစ္စတွေကို ကိုယ်တိုင်ကိုင်တွယ်တတ်ဖို့ သင်ယူရတော့မယ်လေ "
ထိုသည်ကလည်း အမှန်ပဲဖြစ်၍ လင်းလန်လည်း ဆက်မပြောဖြစ်ပေ။
မိဘများက အားလုံးလိုက်လုပ်ပေးနေ၍ မဖြစ်ပေ ။ ကလေးများကိုလည်း သူ့ဘာသာ ကြီးပြင်းခွင့်ပေးထားဦးမှ ဖြစ်ပေမည် ။ သို့မှသာ အနာဂတ်တွင် ဘေးမတွေ့မှာ ဖြစ်သည်။
လင်းလန် ယွမ်ဆယ်ယွမ်နှင့် ကူပွန်ဆယ်ပေါင်ကိုထုတ်ကာ တ၀မ်ကို ပေးလိုက်သည်။ " ယူထားလိုက် "
တ၀မ် : " မလိုပါဘူးဗျာ "
" လိုလိုပိုပိုပေါ့ "
ထိုအခါမှ တ၀မ်က လက်ခံထားသည်။
ဟန်ချင်စုန့် : " တပ်ထဲရောက်ရင် မေးသမျှကို အမှန်အတိုင်းပဲ ပြောပြလိုက် ပြောစရာရှိတာကိုပဲ ပြောခဲ့ "
တ၀မ်က ခေါင်းညိတ်ပြသည်။ " ဟုတ်ကဲ့ "
ထိုသည်က တပ်ထဲတွင် နှစ်ရက်ကြာပြီး အားကစားကျောင်းတွင်လည်း နှစ်ရက်ကြာမည်ဟု ဆိုလိုနေခြင်းပင် ။
တ၀မ်မှာ အဖေဖြစ်သူ၏ စကားကို သေချာနားမလည်သော်လည်း ပြန်မမေးရဲသဖြင့် နာခံလိုက်သည်။
တ၀မ်က လိုက်ပို့မည်ဖြစ်သည်ကို သိသွားသောအခါ ကျီထင်းရှန်တို့ သူငယ်ချင်းတစ်စုက ပျော်သွားကြသည်။ အား၀မ်နှင့် မိုင်ဆွေ့တို့ကိုလည်း လာလည်ကြဖို့ ပြောနေကြသေးသည်။
မိုင်ဆွေ့ : " တပ်ထဲမှာ ကစားဖို့ အချိန်ရှိလို့လား "
လုကျင်းရှို့က သူတို့အား မြို့တွင်မနေစေဘဲ အခြားနေရာသို့ ပို့လိုက်တယ်ဆိုမှတော့ သက်သောင့်သက်သာ မနေရစေရန်ဖြစ်ပြီး ပို၍ပြင်းပြင်းထန်ထန် လေ့ကျင့်ကြစေလို၍ ဖြစ်ပေသည်။
" ငါတို့ အားရင်ရော မင်းတို့အိမ်ကို လာလည်လို့ရမလား "
မိုင်ဆွေ့ : " မားမားတို့ကိုမေးကြည့်လေ "
ကျိုးရှုကွမ်း : " ဒေါ်လေးလင်းက သဘောတူမှာပါ "
လွမ်ယောင်ဟွေ့က တ၀မ်ကိုပါ တပ်ထဲ၀င်စေချင်နေလေ၏။ ကျေးရွာမှလူများအတွက်က တပ်ထဲ၀င်ရန် ခက်ခဲသည်ကို သူတို့ သိထားပေသည်။ ယခုအချိန်တွင် တပ်ထဲ၀င်ခြင်းက ၁၉၅၀ ၊ ၁၉၆၀ ခုနှစ်များထက် ပို၍ခေတ်စားလေသည်။ မိန်းကလေးများက အိမ်ထောင်ပြုလိုပါကလည်း စစ်သားများကိုသာ ရွေးချယ်လိုကြသည် ။
သို့သော်လည်း လင်းလန်နှင့် ဟန်ချင်စုန့်က သားသမီးများ စိတ်ကြိုက်လုပ်ခွင့်ပြုထားကြလေသည်။ စစ်တက္ကသိုလ်ကို တက်ရရင်လည်း ရသလို မတက်ရပါကလည်း ကိစ္စမရှိချေ ။
စန်း၀မ်က တ၀မ် သူ့ကိုလိုက်ပို့မည်ဟု သိသောအခါ အပျော်ဆုံးဖြစ်နေလေ၏။ " အစ်ကိုကြီးကို သား ရေကူးကန်ကို ခေါ်သွားပေးမယ် ရေချိုးဖို့ ရေချိုးခန်းလည်းရှိတယ် ပထမဆုံးအကြိမ်တုန်းကဆို သား ရေပူရေအေးမလုပ်တတ်လို့ ကျောတွေစုတ်သွားတော့မလို့ "
ရှောင်၀မ်နိုးသည့်အခါတွင် လင်းလန် ဆေးထည့်ပေးလိုက်သည်။ ဆေးလည်းတိုက်လိုက်ပြီးမှ ကျန်ကလေးများနှင့် ဆော့ခိုင်းလိုက်သည်။
ယခုတစ်ခေါက်တွင်မူ ရထားပေါ်မှ ၀ယ်မစားဘဲ လုကျင်းရှို့ထည့်ပေးလိုက်သော ပေါက်စီများ ၊ ဘ်ီစကစ်များကိုသာ စားကြလေသည်။ ဆင်းရမည့် ဘူတာသို့ရောက်သောအခါ တ၀မ်က စန်း၀မ်၏ ကျောပိုးအိတ်ကို လွယ်ပေးပြီး ကျန်သုံးယောက်ကလည်း ကိုယ့်အိတ်ကို ကိုယ်လွယ်လိုက်ကြပြီး လင်းလန်တို့အား နှုတ်ဆက်ကြသည်။
စန်း၀မ်က နှုတ်ဆက်သည့်အခါတွင် မျက်ရည်များ ၀ဲနေလေ၏။
ရှောင်၀မ်က စန်း၀မ်ကိုဖက်ကာ " ကိုယ့်ကိုယ်ကို ဂရုစိုက်နော် " ဟုဆိုသည်။
စန်း၀မ် : " ရေဒီယို နားထောင်ဖို့ မမေ့နဲ့နော် "
"သေချာတာပေါ့ "
တ၀မ်လည်း အားလုံးကို နှုတ်ဆက်ပြီး ရထားပေါ်မှ ဆင်းရန်ပြင်လိုက်သည်။ တ၀မ်၏ လက်မှတ်က ထူးခြားသဖြင့် ရထား၀န်ထမ်းသည် အတော်လေး ဂရုတစ်စိုက်ရှိသည် ။ လူကြီးများ မပါသော်လည်း သာမန်ကလေးမဟုတ်ဘူးဆိုသည်ကိုသိ၍ သေချာလိုက်လုပ်ပေးလေသည်။
ယခုတစ်ကြိမ်တွင်မူ လုကျင်းရှို့က သူတို့ကို စမ်းသပ်ချင်၍ ကြိုရန်လူလွှတ်မပေးထားဘဲ ကိုယ့်ဘာသာ သတင်းပို့ကြရန် မှာလိုက်လေသည်။ မည်သို့မည်ပုံ သတင်းပို့မည်ကိုတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြဟု ဆိုသည် ။
ကျီထင်းရှန် : " ၀မ်ကော ငါတ်ို့ဘာသာပဲ တပ်ကိုသွားလိုက်မယ် မင်းက စန်း၀မ်ကို ကျောင်းပြန်ပို့လိုက်လေ ငါတို့လည်း အချိန်ရရင် စန်း၀မ်ကို သူ့ကျောင်းမှာ သွားတွေ့လိုက်မယ် "
တ၀မ် : " ခဏလေး "
လိပ်စာကိုထုတ်၍ လက်မှတ်စစ်ဆေးသူကို ပြကာမေးကြည့်ပြီးမှ တ၀မ်က ပြန်ရောက်လာသည်။
" ကျောင်းက ပိုနီးတယ် စန်း၀မ်ကို ပို့ပေးပြီးမှ တပ်ကို တူတူသွားကြတာပေါ့ "
သို့မှသာ သူ့အဖေပြောလိုက်သည့်အတိုင်း ဖြစ်သွားပေမည်။ တပ်ထဲ၌ နှစ်ရက်နေပြီး စန်း၀မ်ထံ နှစ်ရက်ပြန်သွားကာ လေ့ကျင့်ရေးဆင်းတာကို စောင့်ကြည့်ပြီးမှ ပြန်လာရန်ဖြစ်ပေသည်။
စန်း၀မ်ကလည်း တ၀မ်နှင့် မခွဲချင်သေးသဖြင့် အစ်ကိုဖြစ်သူက ပြန်လာဦးမည်ကို သိသောအခါ ပျော်နေလေ၏။
လျှောက်နေရင်းဖြင့် စန်း၀မ်က တစ်ခုခုကို နင်းမိသွားလေသည်။ ငုံ့ကြည့်လိုက်ပြီးနောက်တွင် " ၀ါး ... အစ်ကိုကြီး ကူပွန်အကြီးကြီးကို ကောက်ရပြီ " ဟု ထအော်လေသည်။
တဝမ်က ထိုအရာကို အကြိမ်အနည်းငယ်ကြည့်လိုက်မိ၏။ထိုအခါ ထိုပစ္စည်းက အလိပ်ကြီးမဟုတ်ဘဲ အစားအစာတံဆိပ်ခေါင်းများ ဆင့်စီထားသည့် အပုံလိုက်ဖြစ်နေသည်ကို တွေ့လိုက်ရပေသည်။ထို့နောက် သားရေကွင်းများဖြင့် အစည်းလိုက်ကြီးဖြစ်အောင် ချည်ထားခြင်းဖြစ်သည်။
ကျီထင်းရှန်က တချက်စိုက်ကြည့်လိုက်၏။
‘‘အကြမ်းဖျင်းခန့်မှန်းရရင် ဒါတွေက အဖွဲ့အစည်းတချို့က ပျောက်သွားတာဖြစ်မယ်။လူအများစုက ဒီလိုအစားအစာတံဆိပ်ခေါင်းအများကြီး မရှိနိုင်ဘူး’’
ဤထဲတွင် ဆယ်ကတ်တီ၊ ငါးကတ်တီနှင့် တစ်ကတ်တီတို့ပါရှိနေကာ သူ့အနေဖြင့် တစ်ထောင်ကတ်တီလောက်ရှိနေမှာကို ကြောက်မိပေသည်။
စန်းဝမ်က ပြုံးဖြဲဖြဲလုပ်လာ၏။
‘‘ဒါဆို သားတို့က ဒါတွေကို ဘယ်လိုလုပ်ကြမလဲ’’
တဝမ် :‘‘ပြည်သူ့လုံခြုံရေးဗျူရိုကိုဘဲ လွှဲပေးလိုက်မယ်’’
အခုချိန်မျိုးတွင် ဤမျှများပြားသော အစားအစာတံဆိပ်ခေါင်းများ ရှိနိုင်သည်မှာ သေချာပေါက်ကို လူတစ်ယောက်တည်းအင်အားဖြင့် မဖြစ်နိုင်ပေ။အဖွဲ့အစည်းတချို့မှဖြစ်နိုင်ပေသည်။သူတို့သာ ပြည်သူ့လုံခြုံရေးဗျူရိုလက်ထဲအပ်လိုက်ပါက ဗျူရိုမှသူများက သူတို့နည်းသူတို့ဟန်ဖြင့် စုံစမ်းနိုင်မှာဖြစ်သည်။
......
စာရေးသူမှာ ပြောစရာရှိပါတယ် :
ကျီထင်းရှန် : တ၀မ် မင်း အခုချက်ချင်း တပ်ထဲမ၀င်ဘဲ နောက်နှစ်နှစ်မှဆိုရင် ငါ့လက်အောက်ကို ရောက်လာလိမ့်မယ်နော်
တ၀မ် : ရတယ် အဲ့အချိန်ကြရင်လည်း မင်း ငါ့ကို နိုင်ဦးမှာ မဟုတ်ဘူး
Xxxxxx