အပိုင်း ၇၁၉-၇၂၀
Viewers 37k

Part 719


သူ့အကြောင်းစိတ်ဝင်စားစရာ‌ပုံပြင်များနှင့် အတန်းဖော်များနှင့် ဆရာများအကြောင်းကို ပြောပြလေသည်။စကားမစပ်ပင် သူက ကိုယ်ရေးကိုယ်တာအကြောင်းအရာများကို ပြောပြရမည့်အစား အချိန်နဲ့အမျှ သူက မိဘများ၊အကို၊ညီ၊ညီမများအကြောင်းကိုပါ ပြောပြလာလေသည်။


‘‘ကျွန်တော့်မားမားက ပြောခဲ့ဖူးတယ်。。。’’


‘‘ကျွန်တော့်‌အဖေက လေးနက်တယ် ဘာအရှူပ်မှလုပ်လို့မရဘူး。。。。’’


ရေဒီယိုမှဟောပြောတင်ဆက်သူက သူ့ကိုမေးမြန်းလာသော ဆယ်မိနစ်အတွင်းတွင် အစပိုင်း၌သူ့ကိုယ်သူမိတ်ဆက်ကာ ရေကူးခြင်းအကြောင်းပြောခဲ့ပြီး နောက်ပိုင်းတွင်မူ သူက စိတ်ဝင်စားစရာကောင်းသော ဘယ်လိုအမျိုးအစားကိုမဆို ပြောလာလေသည်။


လင်းလန် :ရှောင်စန်းကတော့လေ ဟာသလူရွှင်တော် တစ်ယောက်ပါပဲ မင်းလုပ်နိုင်ပါပေတယ်။


သို့သော် ရေဒီယိုတင်ဆက်သူက သူ့ကိုမတားလာပေ။ ထိုအစား သူနှင့်အတူ အားတက်သရော ပြောလာလေသည်။ကြည့်ရတာ အကျိုးသက်ရောက်မှုကောင်းသလားလို့။ တွေးကြည့်မည်ဆိုလျှင် လူသိများသည့်နာမည်ကျော်များကို  လူတွေ့မေးမြန်းကြည့်သောအခါ  အကယ်၍သင်က ဒီအတိုင်းစီးပွားရေး၊စာလေ့လာမှုနှင့် အလုပ်အကြောင်းသာပြောနေပါက နားဆင်သူများက စိတ်ဝင်စားမည်မဟုတ်ချေ။အကယ်၍ သင်က အတင်းအဖျင်း၊စိတ်ဝင်စားစရာများ၊နေ့စဉ်ဘဝအကြောင်းနှင့် ပို၍စိတ်လှုပ်ရှားစေသော အငြိုးအတေးနှင့်အတင်းအဖျင်းများ အကြောင်းကိုပြောမည်‌ဆိုပါက နားဆင်သူများသည် သေချာပေါက်ပင် စိတ်ဝင်စားလာမည်ဖြစ်သည်။


အစီအစဉ်ပြီးဆုံးသွားသောအခါ စန်းဝမ်က အလွန်နာခံမှုရှိစွာပင် နားဆင်သောသူငယ်ချင်းများအား နှုတ်ဆက်လိုက်၏။


နောက်ဆုံးတွင် သူကခနရပ်သွားကာ သူဘယ်သောအခါမှမကြားဖူးသော နူးညံ့သောအသံဖြင့် ပြောလိုက်လေသည်။


‘‘ကောင်းသောညပါ’’


လင်းလန်က ဤနှုတ်ဆက်စကားသည် မိသားစုအတွက်ဆိုသည်ကို သိပေသည်။သူမရင်ထဲမှ တိတ်တဆိတ် ပြန်ပြောလိုက်သည်။


‘‘ကောင်းသောညပါ မားမားရဲ့သားလေး’’


ရှန်ယွီက မတတ်နိုင်ဘဲ ချီးမွှမ်းလိုက်လေသည်။


‘‘စန်းဝမ်က အရမ်းတော်လိုက်တာ၊ သူကတကယ်ဘဲ ကျွန်တော်တို့နဲ့ ဆက်သွယ်ဖို့နည်းလမ်းတစ်ခုရှာတွေ့သွားတယ်’’


သရဲလိုစိတ်ဓာတ်တက်ကြွမည်ဆိုလျှင် ဘယ်သူကမှသူ့ထက်ပိုပြီး စိတ်ဓာတ်တက်ကြွနိုင်မှာမဟုတ်ပေ။


လူတိုင်းကရယ်လိုက်မိကြလေသည်။


ရှောင်ဝမ် :‘‘အခုတော့ အဆင်ပြေသွားပါပြီ၊ နောက်တစ်ကြိမ်သားတို့စာရေးလို့ရှိရင် ပြောစရာတွေပိုပြီးရလာပြီ’’


အချိန်က နောက်ကျနေပြီကို ရှန်ယွီမြင်လိုက်ရလေသည်။


‘‘ကျွန်တော်တို့ မနက်ဖြန်မှဆက်လုပ်ကြတာပေါ့’’

ဟောင်ဟုန်ကျန်းကလည်း နှုတ်ဆက်စကားပြောလာကာ သူတို့အတူတူထွက်သွားလိုက်ကြ၏။


အားဝမ်က သူတို့ကိုလိုက်ပို့လိုက်ကာ တံခါးပိတ်လိုက်ပြီး ပြန်ဝင်လာ၏။ထို့နောက် မိသားစုတစ်ခုလုံးက ကိုယ်လက်ဆေးကြောကာ အိပ်ရာဝင်လိုက်ကြလေသည်။


မိုင်စွေ့၏အနွေးကုတင်က မီးမဖိုသည်မှာ အချိန်အကြာကြီးရှိနေပြီမို့ ကုတင်ကအနည်းငယ်စိုထိုင်းနေပေသည်။ထို့ကြောင့်သူမက ယာယီအားဖြင့် ခနလောက် သူ‌မမောင်ငယ်လေး၏အနွေးကုတင်ပေါ်ရွှေ့လိုက်ကာ အလယ်ထဲတွင် အနွေးကုတင်၏ အံဆွဲ‌ပါသောဗီဒိုဖြင့် ခြားထားလိုက်သည်။


တဝမ်နှင့် စန်းဝမ်တို့က အိမ်တွင်မရှိသောကြောင့်  အနွေးကုတင်ပေါ်တွင် နေရာလွတ်အများအပြားကျန်နေသေးပေသည်။


ရှောင်ဝမ် :‘‘ဘယ်သူမှ ဒီညအိပ်ရင်းနဲ့ စကားပြောကြမှာမဟုတ်ဘူး’’


အားဝမ်က သူစန်းဝမ်ကိုရည်ရွယ်နေသည်ကို သိကာ ပြုံးလိုက်ပြီး သူ့အပေါ်တွင်စောင်ခြုံပေးလိုက်သည်။


‘‘မင်းရဲ့ တတိယအကိုက အရွယ်ရောက်လာတဲ့အခါကျရင် သူကအိပ်မက်ယောင်ပြီး ပြောတော့မှာမဟုတ်ဘူး’’


ကလေးအများစုက သူတို့အိပ်မက်များထဲတွင် စကားပြောကြကာ သူတို့အရွယ်ရောက်လာသည်နှင့်အမျှ နည်းသထက်နည်းလာကြမှာဖြစ်သည်။


ရှောင်ဝမ်က ထပ်ပြီးစိတ်ပူသွားပြန်၏။


‘‘အစ်ကို သားကိုပြောပါအုန်း သားတို့တတိယအစ်ကိုက အဆောင်ကကုတင်မှာအိပ်ရင် သူကြမ်းပြင်ပေါ်ကို ပြုတ်ကျမှာလား’’


အိမ်မှာအိပ်နေတုန်းက‌ဆိုလျှင် အကြီးဆုံးအကိုက တတိယအကိုသည်အမြဲတမ်း ချိန်သီးလိုပင် ပတ်ပတ်လည်ကို ကန်နေတတ်သည်ဟု ပြောခဲ့ပေသည်။ ဒါဆိုတကယ်လို့အိပ်ရာက ‌ပြုတ်ကျသွားရင်ရော။


မိုင်စွေ့ကရယ်ကာ ပြန်ပြောလိုက်၏။


‘‘စန်းဝမ်က အောက်ထပ်အိပ်ရာမှာအိပ်တယ်လို့ သူပြောခဲ့တယ်လေ အဲ့ဒါကနိမ့်လွန်းလို့ ပြုတ်ကျမှာမဟုတ်ပါဘူး’’


ပထမဆုံးညတွင် စန်းဝမ်ကအပေါ်အိပ်ရာတွင်အိပ်ခဲ့ပြီးနောက် တစ်ဆောင်လုံးက သူ့ကိုအောက်အိပ်ရာတွင်အိပ်ပါရန် တောင်းဆိုလာကြလေသည်။ ဝမ်ဖုပြောင်ဆိုလျှင် မွေ့ရာနှင့်စောင့်များအထပ်လိုက်ခင်း ပေးသည့်အလုပ်ကိုတောင် တာဝန်ယူလိုက်၏။


အမှန်တွင် စန်းဝမ်က သူ့အပေါ်ကြင်နာပေးသော ညီအစ်ကိုအခန်းဖော်များအကြောင်းကို သူ့အကို၊ညီမနှင့် ညီလေးတို့ကို ကြွားလုံးထုတ်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံးညတွင်သူ ကြမ်းပြင်ပေါ်သို့ ကျလုနီးပါးဖြစ်ခဲ့သည့် ရှက်ရွံ့မှုကို ဘယ်သောအခါမှ ထုတ်ပြောမှာမဟုတ်ပေ။သူ၏အမြင်တွင် သူ့အခန်းဖော်များ သူ့အပေါ်ကြင်နာကြခြင်း၏ အကြောင်းရင်းမှာ သူ၏အကန့်အသတ်မရှိသော နှစ်လိုဖွယ်ဆွဲဆောင်မှုများတွင် စိတ်နှလုံးသိမ်းပိုက်အနိုင်ယူခံလိုက်ရသောကြောင့် ဖြစ်သည်။သူ့အတွက် စာရေးပေးကြသော ဖုကျန်းယွမ်နှင့် အခြားသူများကတောင် သူတို့က သူ့ကိုဂရုစိုက်လို့ပါဟု ပြောလာကြပြီး ဘယ်တော့မှ စိတ်အဆင်မပြေဖြစ်စေမည့် အကြောင်းရင်းများကို မပြောခဲ့ကြပေ။


လင်းလန်က ဆေးကြောရန်ရေချိုးခန်းသို့သွားလိုက်သည်။ထို့နောက် ထွက်လာကာသူမအဝတ်များကို လျှော်ချင်သော်လည်း ဟန်ချင်စုန့်က အဝတ်များကို ယူလိုက်လေသည်။


သူမကတိုးတိုးပြောလာ၏။

‘‘စန်းကော  ကျွန်မအဝတ်လျှော်မလို့လေ’’


‘‘မနက်ဖြန်မနက်ကျရင် ကိုယ်မင်းကိုကူလုပ်ပေးမယ်’’


ကြီးမားသောအင်အားဖြင့် သူကသူမကိုလက်တစ်ဖက်ထဲနှင့်ပင် ချီလိုက်ကာ တံခါးအဖွင့်နှင့်အပိတ်ကို သူမအပေါ်တွင် အနည်းငယ်မျှ သက်ရောက်မှုမရှိစေဘဲ လုပ်သွားလေသည်။


လင်းလန်က သူ့ပုခုံးပေါ်တွင် တွယ်ကပ်နေလိုက်သည်။သူ၏အရပ်ရှည်လျားသော ခန္ဓာကိုယ်က မာကြောကာ ကြွက်သွားအပြည့်ရှိပြီး သူကသူ့လက်ချောင်းများကို ဖျစ်ညှပ်လိုက်သောအခါ ကြွက်သားများကပြန်ကန်ထွက်လာကာ လျောဆင်းသွားလေသည်။


စောင်ဖြန့်ရန် နောက်ကျသွားပြီဖြစ်ပြီး သူမကအနွေးကုတင်ပေါ်တွင် ဖိခံလိုက်ရသည်။သူက သူမကိုငုံ့ကြည့်လာကာ သူ့မျက်ဝန်းများက နက်မှောင်ကာ လေးလံနေ၏။သူ့မျက်ဝန်းနက်များထဲရှိ မီးတောက်များက သူမအား နစ်မြုပ်သွားအောင် ပြုလုပ်နေပေသည်။


သူမလည်ချောင်းက အနည်းငယ်ခြောက်ကပ်လာ၏။

‘‘。。。စန်းကော’’


သူက သူမအားနက်ရှိုင်းစွာ နမ်းရှိုက်လာပြီး သူ၏နှစ်လိုဖွယ်ကောင်းသော ခန္ဓာကိုယ်ကသူမအပေါ်တွင်ထပ်နေသည်မှာ သူမကိုလုံခြုံသည့် ခံစားချက်ပေးနေသလို တချိန်တည်းမှာပင် သူမအား ဖိနှိပ်ခံနေရသလို ဖိအားပေးသည့် ခံစားချက်များကိုလည်း ပေး‌နေပေသည်။သူက သူမနှင့် ရင်းနှီးကျွမ်းဝင်နေလျှင်တောင်မှ သူမရင်ဘတ်က တဒုတ်ဒုတ်ခုန်နေဆဲဖြစ်ကာ လှုပ်ရှားနေတုန်းပင်ဖြစ်လေသည်။


သူက ခက်ထန်ပြီး မာန်ပါနေကာ သူမအားခုခံ၍မရအောင် ပြုလုပ်နေ၏။


....


ရက်အနည်းငယ်ကြာသွားပြီးနောက် နေ့လယ်ခင်းတွင် ကလေးများကကျောင်းသွားကြကာ လင်းလန်နှင့်ဟန်ချင်စုန့်တို့က ကွန်မြူနတီမှ ပြန်လာကြသည့်အချိန်တွင် တဝမ်ကလည်း စီရင်စုမှ အိမ်ပြန်လာသည်နှင့် ဆုံသွားလေသည်။


သူက ဟန်ချင်စုန့်အား စစ်သားတပ်ဖွဲ့များအကြောင်း အစီရင်ခံရာတွင် အာရုံစိုက်နေ၏။ထိုညတွင် သူတို့က ဆယ်နာရီထိုးနီးပါး မတိုင်ခင်အထိ စစ်တပ်ဌာနချုပ်ကို အစီရင်မခံခဲ့ရပေ။


 


Xxxxxxxx

Part 720


တ၀မ်က ဟန်ချင်စုန့်အား စစ်သားတပ်ဖွဲ့များအကြောင်း အစီရင်ခံလိုက်သည်.ထိုညတွင် သူတို့က ဆယ်နာရီထိုးနီးပါး မတိုင်ခင်အထိ စစ်တပ်ဌာနချုပ်ကို အစီရင်မခံခဲ့ရပေ။


နောက်တစ်နေ့မနက်စောစောတွင် သူတို့အား မြို့ဆင်ခြေဖုံးမှ တပ်စုဆီသို့ တိုက်ရိုက်ပင်ခေါ်သွားကြလေသည်။ သူက လေ့ကျင်ရေးတွင် သုံးရက်လောက်လိုက်ပါခဲ့၏။ ပထမဆုံးနေ့တွင် လေ့ကျင့်ရေးပမာဏက အတော်လေးများသည်ဟု ခံစားမိခဲ့သော်လည်း အဆုံးတွင်မူ ၎င်းအားခံနိုင်ရည်ရှိသွား၏။ ကျီထင်းရှန်ကအနည်းငယ် လွှမ်းမိုးခံလိုက်ရသော်လည်း သူကအစုအဝေးထဲတွင် မဆုတ်မနစ်ကြိုးစားရန် စီစဉ်နိုင်ခဲ့ပေသည်။ကျိုးရှူကွမ်က ပင်ပန်းလာကာလဲကျသွားပြီး လွမ်ယောင်ဟွေ့ကမူ မနက်ပိုင်းလေ့ကျင့်ရေးပြီးသောအခါ ပင်ပန်းပြီး မသန်မစွမ်းဖြစ်ယောင်ဆောင်လိုက်လေသည်။ ထို့သို့သေချင်ယောင်ဆောင်မှုကြောင့် အပြစ်ပေးခံခဲ့ရ၏။ နှစ်ရက်ကြာ အကျဥ်းချခံထားခဲ့ရပေသည်။


စစ်တပ်၏အကျဉ်းခန်းက အိပ်ရာတစ်ခုထဲဖြင့် အခန်းကျဉ်းလေးဖြစ်ကာ သန့်စင်ခန်းတစ်ခုနှင့် အပေါ်ဘက်တွင် ပြတင်းပေါက်တစ်ခုပါရှိပေသည်။လွမ်ဟောင်ဟွေ့ က ထိုသို့သောနေရာတွင် အိပ်လိုက်၊အိပ်ရာထလိုက်လုပ်လိုက်ရပြီးနောက်တွင် သည်းမခံနိုင်တော့ပေ။


ဟန်ချင်စုန့်က တိတ်ဆိတ်စွာနားထောင်နေလိုက်သည်။သူအစီရင်ခံတာ ပြီးသွားသောအခါ သူကမေးခွန်းအနည်းငယ်မေးလိုက်ပြီး‌ ထို့နောက်တွင် ပြောလိုက်၏။


‘‘နှစ်နှစ်လောက်တော့ ပြင်းထန်တဲ့ တောလမ်းဖြတ်ပြေးပြိုင်ပွဲတွေကို မပြေးနဲ့’’


အသက်ဆယ့်လေးနှစ်အရွယ်တွင် အရိုးများက ကောင်းကောင်းမကြီးထွားသေးပေ။ပြင်းထန်သော တောလမ်းဖြတ်ပြေးပြိုင်ပွဲနှင့် အားအလွန်အကျွံသုံးရသည့် လေ့ကျင့်ရေးများက သူ၏ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပေသည်။


မူလက တဝမ်သည် ပြန်ရောက်လာပြီးသောအခါ စတင်လေ့ကျင့်ရေးဆင်းချင်သော်လည်း သူ့အဖေက မလုပ်ရဟုပြောနေသောကြောင့် သူကထိုအကြံကိုခဏလက်လွှတ်ထားလိုက်လေသည်။


ဟန်ချင်စုန့်က လင်းလန်ကိုပြောလိုက်၏။


‘‘သူ့ကို နောက်လတစ်ဝက်လောက်ကျ နယ်မြေ‌ဆိုင်ရာ စပ်တပ်ကို သွားခိုင်းလိုက်ပါ’’


နယ်မြေဆိုင်ရာစစ်တပ်နှင့် တပ်သားသစ်လေ့ကျင့်ရေးစခန်းတို့တွင် ဘာလျို့ဝှက်မှုမှမရှိပေ။တဝမ်က ထိုနေရာသို့ တစ်ခါရောက်ဖူးကာ တပ်သားသစ်အုပ်ချုပ်ရေးတပ်ခွဲမှူး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပေသည်။ သူကဟန်ချင်စုန့်၏သား‌ဖြစ်နေသောကြောင့် သူကသဘာဝကျစွာပင် သူ့ကိုလွှတ်ပေးလိုက်တာဖြစ်သည်။


လင်းလန် :‘‘ဟုတ်ပါပြီ သွားမယ့်အချိန်ကျလာရင် သားနဲ့အတူ ပိုက်ဆံနဲ့စားစရာတံ‌ဆိပ်ခေါင်း‌တွေ ယူသွားလိုက်နော် လက်မှတ်ကတော့ စန်းကောက ဝယ်ပေးလိမ့်မယ်’’


ဟန်ချင်စုန့် :‘‘လက်မှတ်ဝယ်ပေးဖို့မလိုပါဘူး’’


လင်းလန်က အံ့အားသင့်သွား၏။


‘‘ကျွန်မတို့သားကို ခြေကျင်သွားခိုင်းမလို့လား’’


‘‘ဝေးမှမဝေးတာ’’


လင်းလန် ‘‘...’’ မိုင်နှစ်ရာကျော်ဝေးတာလေ ဘယ်နေရာမှမဝေးလို့လဲ ဒါ၊ဒီလိုမျိုး ရက်အနည်းငယ်လောက် သွားလိုက်လို့မဖြစ်ဘူးမလား။


သူမက ဟန်ချင်စုန့်ကို ပြုံးပြလိုက်ကာ ကြားဝင်ဖျန်ဖြေပေးဖို့လုပ်လိုက်သည်။


ဟန်ချင်စုန့် :‘‘ခရီးဆောင်အိတ်နဲ့ အစာခြောက်နည်းနည်းဘဲ အဲ့လောက်ဆိုလုံလောက်ပြီ’’


လင်းလန်က ပြောတာရပ်လိုက်သည်။ သူမက ပို၍ကျဉ်းကြပ်စေသော အခြေအနေများကို ပြောလာမှာကြောက်လို့ဖြစ်သည်။ထားလိုက်ပါတော့ ဒါကသူ့သားဘဲလေ။


တဝမ်ကမူ ထိုသို့မတွေးပေ။သူ့အဖေက အိမ်မှာမရှိပဲ သူ့မားမားက သေခြင်း၊ရှင်ခြင်းတို့ကိုရှာဖွေနေရသောအချိန်များကနှင့် ယှဉ်လိုက်လျှင်

သူဘယ်လောက်ဘဲအခက်အခဲကြုံနေရပါစေ ကျော်ဖြတ်ရန် ဆန္ဒရှိပေသည်။


သူက လင်းလန်ကို စန်းဝမ်အကြောင်းထပ်ပြောပြလိုက်သည်။


‘‘သူ အောက်အိပ်ရာအကန့်မှာ အိပ်တယ်လေ အကြိမ်အနည်းငယ်လောက်ပြုတ်ကျခဲ့ပေမယ့် အခုမပြုတ်ကျပါဘူး’’


လင်းလန်:‘‘ဒါဆိုရင် အဲ့ဒါကိုအိပ်ရာနဲ့ကာထားမှရမယ်’’


‘‘အသုံးဝင်မှာမဟုတ်ဘူး’’

တဝမ်နှုတ်ခမ်းထောင့်များက ကွေးလာ၏။


လင်းလန် :‘‘ဒီကလေးကတော့လေ နောက်ပိုင်းကျသူအိပ်ရင် လုံခြုံရေးဦးထုပ်ဆောင်းထားမှရတော့မှာလား အဲ့လိုသူ့ခေါင်းကိုမခိုက်မိမှာ’’


တဝမ်ကချက်ချင်းပင် သူမကြောင့် ရယ်လိုက်မိ၏။


လင်းလန်က ဟန်ချင်စုန့်ကို လှည့်ပြောလိုက်သည်။


‘‘ကျွန်မရဲ့ သားကြီးကလည်း ရယ်တတ်သားဘဲနော်’’


တဝမ်က ချက်ချင်းပင် သူ့အမူအရာကို ထိန်းချုပ်လိုက်၏။ခေါင်းငုံ့လိုက်ကာ သူ့ပါးစပ်ကို လက်သီးဆုပ်နှင့်ကာပြီး ချောင်းဟန့်လိုက်သည်။


လင်းလန်က ဟန်ချင်စုန့်ကို လှည့်ကြည့်လိုက်၏။


‘‘စန်းကော ရှင်ကရောဘာဖြစ်လို့ မရယ်တာလဲ’’


ဟန်ချင်စုန့် :‘‘ကိုယ်မင်းကို ပိုပြီးရယ်စရာကောင်းတာတစ်ခု ပြောပြရမလား’’


လင်းလန်ကသူ့အား စူးရှစွာကြည့်လိုက်၏။

‘‘မြန်မြန်ပြောပြ’’


‘‘ကိုယ်ပထမဆုံးအကြိမ်ရိုင်ဖယ်ပစ်တာလေ့ကျင့်တုန်းက ကိုယ်ကသစ်ကိုင်းပေါ်မှာထိုင်နေတာ ကိုယ်ကနောက်ပြန်ထွက်တတ်တာကို နားမလည်ခဲ့ဘူး အဲ့တော့ကိုယ်ပစ်လိုက်တဲ့အခါ လူကလွင့်ထွက်သွားတာဘဲ’’


လင်းလန်က သူမရင်ထဲတွင်ရယ်လိုက်မိသော်လည်း သူ့ကျောဘက်ကို စိတ်ပူစွာထိလိုက်လေသည်။


‘‘အဲ့ဒါကနာလား’’


အိုးးးစန်းကောရဲ့စကားတွေမှာပါတဲ့ သတင်းအချက်အလက်တွေက အတော်လေးများသား။ပထမဆုံးရိုင်ဖယ်ပစ်ကာ နောက်ပြန်ကန်ထွက်မှာကို နားမလည်ခဲ့ဘူးတဲ့လား။အဲ့ဒါကို ခိုးလုပ်ခဲ့တာလို့ဆိုလိုချင်နေတာပေါ့။စန်းကော ရှင်ကဆိုးခဲ့တာလား၊နောက်ပိုင်းမှာ အကျဉ်းချခံလိုက်ရလား။


သူမသားရှေ့တွင် မမေးလိုက်ပေ။အနာဂတ်ကျမှ ဒီအကြောင်းကို ပျော်ပျော်ကြီးပြောရပေမည်။


‘‘အဲ့ဒါကမနာပါဘူး ပိုပြီးရှက်ဖို့ဘဲကောင်းတာ’’


ဟန်ချင်စုန့်က သူ့နှုတ်ခမ်းထောင့်များကို ကွေးညွှတ်ကာ ရယ်လိုက်၏။


‘‘အဲ့ဒီနောက်ပိုင်းမှာတော့ ကိုယ်က ကိုယ့်ဘာသာကိုယ်လေ့လာဖို့ထဲ စိတ်နစ်ထားလိုက်ပြီး လက်နက်ပစ္စည်းမျိုးစုံကို စပြီး ရှာဖွေသုတေသနလုပ်နေခဲ့တာ’’


လင်းလန်က သူ့နောက်ကျောကို ပုတ်ပေးလိုက်သည်။


‘‘စန်းကော အရှက်ရတာကိုသိပြီးနောက်မှာ ရဲရင့်လာတာက ချီးကျူးစရာကောင်းတယ်’’


သူမက ခေါင်းလှည့်ကာ တဝမ်ကိုပြောလိုက်၏။

‘‘ဒါနဲ့စကားမစပ် အနာဂတ်မှာ မိုင်စွေ့နဲ့အားဝမ်ကလည်း သားနဲ့အတူကျောင်းတက်လိမ့်မယ်’’


တဝမ်က ခနလောက်ကြောင်သွားလေသည်။


‘‘သူတို့လား’’


လင်းလန်က အလွန်ဂရုစိုက်စွာ ပြုံးပြလိုက်သည်။


‘‘ဟုတ်တယ် သူတို့ဘာသာသူတို့က အတန်းကျော်တက်ဖို့ကို တိုင်ပင်ခဲ့ကြတယ်လေ ပြီးရင်သူတို့က သားနဲ့အတူအလယ်တန်းကျောင်းကိုလိုက်တက်ကြလိမ့်မယ် အခြေခံကျောင်းက သူတို့အတွက်မသင့်တော်တော့ဘူးလေ ။ဒါဆိုသားကြီးက သူ့ညီနဲ့ညီမကို ဆက်ပြီးခေါ်သွားလို့ရပြီပေါ့’’


တဝမ်:‘‘。。。’’


ကြည့်ရတာ ငါက ငါ့ထက်နှစ်နှစ်ငယ်တဲ့ ညီ၊ညီမနဲ့ တစ်တန်းထဲရှိမယ့် ကံတရားကို မဖယ်ထုတ်နိုင်ဘူးထင်ပါတယ်။ကံကောင်းစွာဖြင့် သူတို့က အတန်းတူတူတွင်ရှိကြပေသည်။ သူက နောက်ဘက်တွင်မဟုတ်ပေ။


လင်းလန်က စန်းဝမ်ရေဒီယိုမှာပါလာသည့်အကြောင်းကို ထပ်သတိရသွားကာ တဝမ်ကိုပြောပြလိုက်၏။


တဝမ်က ညဘက်တွင် စန်းဝမ်တစ်ယောက် စားစရာတံဆိပ်ခေါင်းများကောက်ရကာ ရဲစခန်းသွားအပ်လိုက်သည့်အကြောင်းနှင့် သူသိသလောက် ရေဒီယိုဌာနခေါင်းဆောင်အကြောင်းကို လင်းလန်အားပြောပြလိုက်၏။


သူကပြောပြလိုက်သည်။


‘‘နောက်တစ်နေ့မှာ စန်းဝမ်က တစ်ယောက်ယောက်နဲ့ ကစားဖို့သွားလိုက်တော့ ရေဒီယိုဌာနခေါင်းဆောင်က သူ့ကိုမှတ်မိသွားတယ်လေ ဒါကြောင့် လူတွေ့မေးမြန်းတဲ့အစီအစဉ်ကို လုပ်ပေးလိုက်တာ’’


လင်းလန်က ခေါင်းညိတ်လိုက်၏။

‘‘ဒါက ကောင်းမှုကုသိုလ်လုပ်လို့ ကောင်းတာဆုပေးခံလိုက်ရတာဘဲ’’


Xxxxxx