အပိုင်း ၇၂၃-၇၂၄
Viewers 37k

Part 723


ဟန်ချင်စုန့်က ယူနီဖောင်းကိုခါးပတ်ဖြင့် ဝတ်ထားပေသည်။သူကအခုဘဲ တိုက်ခိုက်ရေးအတန်းသင်ပေးပြီးတာဖြစ်ကာ အဖွဲ့၏လေ့ကျင့်မှုကို ကြီးကြပ်ပေးနေတာဖြစ်သည်။


ဟန်ချင်းယွမ်က အစီရင်ခံရန် အပြေးလာခဲ့လေသည်။


“အကိုရေ အနာဂတ်မှာ အကိုက မရီးကို အလုပ်အတူတူလာပြီး အလုပ်အတူဆင်းဖို့ ခေါ်လာလို့ရပြီ”


ဟန်ချင်စုန့်က လက်နောက်ပစ်ကာ ရပ်နေပြီး သူ့ကိုတစ်ချက်ကြည့်လိုက်သောအခါ သူကတတိယအကိုသူ့ကိုချီးကျူးရမည်ဆိုသည့် အမူအရာမျိုးရှိနေတာကို မြင်လိုက်ရကာ ခေါင်းညိတ်ပြလိုက်သည်။


“ကောင်းပါပြီကွာ”


ဟန်ချင်းယွမ်က တတိယအကိုကို တစ်ခုခုကောင်းတာပြောအောင်လုပ်နိုင်လိုက်၍ အလွန်ပျော်သွားကာ ထိုအရာက အတော်လေးကောင်းပေသည်။


ဟန်ချင်စုန့်က အဖွဲ့ကိုကြည့်လိုက်ကာ ဟန်ချင်းယွမ်ကို လက်မြှောက်ရန် အမူအရာပြလိုက်ပြီး နာရီကြည့်လိုက်သည်။


“ကောင်းပြီလေ မင်းအဖွဲ့ကို ဦးဆောင်ထားလိုက်၊ငါအရင်ပြန်နှင့်မယ်”


သူကဘယ်လောက်မြန်မြန်သွားနေသည်ကို တွေ့လိုက်ရသောအခါ ဟန်ချင်းယွမ်: ...မိန်းမရှိတဲ့သူတွေက အတော်လေးကွာခြားသွားတာဘဲ။


“တတိယအကို၊ ညွှန်မှူးချုပ်ကြီးခင်‌ဗျ နာရီတစ်လုံးဝယ်လို့ရတယ်လေ”


ဖြစ်နိုင်တာကတော့ တတိယအကိုလောက် ရိုးရှင်းတဲ့ ညွှန်မှူးကို တွေ့ရတော့မှာ မဟုတ်ဘူး။


ဟန်ချင်စုန့်ပြန်သွားသောအခါ ဝန်ထမ်းက အစိုးရပြန်တမ်းကြော်ငြာသင်ပုန်းတွင် သတိပေးချက်တစ်ခု ကပ်ထားနေပေသည်။သူ့မျက်လုံးများက စကားလုံးအနည်းငယ်ကို အထိမခံဖြစ်ကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူကလင်းလန်နာမည်ကို တွေ့လိုက်ရ၏။


ထိုကြေညာချက်က မဲပေးဆုံးဖြတ်ပြီးနောက်တွင် ရှန်ရွေ့ရွာ၏ ဝါဒဖြန့်ချီရေးခေါင်း‌ဆောင်ဖြစ်သော ရဲဘော်လင်းလန်သည် ရှန်ရွေ့ကွန်မြူနတီ၏ တော်လှန်ရေးကော်မတီ၊ဝါဒဖြန့်ချီရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံလိုက်ရကာ USဆန့်ကျင်ရေးတပ်မဟာမှ ရဲဘော်ယွီရှင်းကမူ တော်လှန်ရေးကော်မတီ၏ ရုံးတွင် ယုံကြည်ရသောအတွင်းရေးမှူးအဖြစ်လုပ်ဆောင်ရမည်ဟု ကြေညာထားခြင်းဖြစ်သည်။


သူက ဘာအမူအရာမှမပြဘဲ ဖြတ်သွားလိုက်သည်။


တစ်ခနကြာပြီးနောက် လင်းလန်ပြန်ရောက်လာကာ ဟန်ချင်စုန့်က အလုပ်ပြီးလျှင်အတူပြန်ဖို့အတွက် သူ့ကိုစောင့်ရန် ဒီနေရာသို့ရောက်နေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။


ဟန်ချင်စုန့် :“အနာဂတ်ကျရင် ကိုယ်မင်းကို စက်ဘီးတစ်စီးပေးမယ် မဟုတ်ရင်လည်း နောက်တစ်စီးဝယ်ပေးမယ်”


တစ်ခါတစ်လေတွင် သူမကအစည်းအဝေးတက်ရန် ကောင်တီသို့လာရကာ စက်ဘီးမရှိပါက အဆင်ပြေမည်မဟုတ်ပေ။


လင်းလန် :“နောက်မှပြောကြတာပေါ့”


သူမက ပိုက်ဆံစုကာ ဟန်ချင်စုန့်အတွက် လက်ပတ်နာရီတစ်လုံးဝယ်ပေးချင်ပေသည်။ဒေသခံစက်ဘီးများအတွက် စက်မှုကူပွန်များနှင့် ပိုက်ဆံလိုအပ်ကာ လက်ပတ်နာရီအတွက်လည်း အတူတူပင်ဖြစ်သည်။သူတို့အားလုံးက ၁၅၀ယွမ်နှင့် စက်မှုကူပွန် ၆၀ထက် ပိုကုန်ကျပေသည်။ပြီးခဲ့သည့် နှစ်ကုန်ကတည်းက ဟန်ချင်စုန့်က လတိုင်းတွင် စက်မှုကူပွန်လေးခုရ၏။သူမကလည်း စုထားကာ နှစ်ကုန်မတိုင်ခင်ထိ တချို့တလေကိုလည်း ချေးလို့ရနိုင်ပေသည်။


သို့သော်ငြား အကယ်၍မင်းမှာ ပိုက်‌ဆံနှင့် ကူပွန်များရှိနေလျှင်တောင်မှ ထိုအရာများကို ဝယ်နိုင်မည်မဟုတ်ပေ။အကြောင်းမှာ ကောင်တီထောက်ပံ့ရေးနှင့် ဈေးကွက်တင်ပို့ရောင်းချရေး သမဝါယမအသင်းများက တစ်ခါတစ်လေတွင် ရောင်းလို့ကုန်သွားတတ်တာကြောင့်ပင်။ထို့ကြောင့် လူအများစုက ပိုက်ဆံနှင့်လက်မှတ်များကို မြို့တော်သို့ပြန်သည့် ပညာတတ်လူငယ်များကဆီသို့ ယူသွားကာ သူတို့ကိုဝယ်ပေးရန် ကူညီပေးခိုင်းကြ၏။ကံကောင်းထောက်မစွာဖြင့် ဟန်ချင်စုန့်ကလည်း ကေဒါတစ်ယောက်ဖြစ်နေပေသည်။အကယ်၍ကုန်ပစ္စည်းကောင်းရှိလာပါက သူတို့က အခြေခံကျစွာပင် ထိုအရာများအား အရင်ဆုံးသူ့ဆီပေးလာကြမှာဖြစ်သည်။


အရင်တုန်းက အကယ်၍သူမက ကွန်မြူနတီသို့ ကိုယ်တိုင်လာ၍အလုပ်လုပ်လျှင် တစ်လလျှင် လစာ၁၈ယွမ်၊ စားစရာကူပွန် ၂၈ကတ်တီ၊ အခြားလက်မှတ်များနှင့် စက်မှုကူပွန်တစ်ခုကို ရရှိမှာဖြစ်သည်။


ဤအချိန်တွင် ဝါဒဖြန့်ချီရေးဌာန၏ဝန်ကြီးက ရောက်လာကာ အပြုံးတစ်ခုနှင့်ပြောလာ၏။


“ရဲဘော်လင်းလန် ကြိုဆိုပါတယ်‌၊အခုကစပြီး မင်းက ကျွန်တော်တို့ဝါဒဖြန့်ချီရေးဌာနရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာလိမ့်မယ်”


လင်းလန်က သူ့အား အံ့အားသင့်စွာကြည့်လိုက်၏။


“ညွှန်မှူးကျွမ်း အဲ့ဒါက ယွီရှင်းမဟုတ်ဘူးလား”


“အိုးး ဒါကမဲပေးပြီးဆုံးဖြတ်လိုက်တာပါ ယွီရှင်းက ညွှန်မှူးရုံးကို သွားလိမ့်မယ် မင်းကတော့ ကျွန်တော်တို့ရဲ့ ဝါဒဖြန့်ချီရေးဌာနမှာပါ ကြိုဆိုပါတယ်”


“ကျေးဇူးတင်ပါတယ် ဝန်ကြီးကျွမ်း ”


လင်းလန်မျက်လုံးများက မရိုးဖြောင့်ဘဲ ဝန်ကြီးကျွမ်းထွက်သွားသောအခါ သူမက ဟန်ချင်စုန့်အားကြည့်ကာ ပျော်ရွှင်စွာပြောလိုက်၏။


“စန်းကော ရှင်ကျွန်မကို ကူပေးခဲ့တာလား”


ဟန်ချင်စုန့် :“ချင်းယွမ်လုပ်တာပါ”


လင်းလန်က သူမလက်များကိုပွတ်လိုက်၏။


“ဒါဆို ကျွန်မကသူ့ကို ကောင်းကောင်းလေး ကျေးဇူးတင်ရမှာပေါ့”


ဟန်ချင်စုန့်က သူမလက်ကိုကိုင်လိုက်ကာ သူမအား နက်မှောင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။


“ဒီအတိုင်းကိုယ့်ကိုဘဲ ကျေးဇူးတင်လိုက်”


သူက သူမယူလာသည့် ပစ္စည်းများကို သယ်လိုက်၏။


“အိမ်ပြန်ကြစို့၊ မင်းကိုယ့်ကို ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာ စဉ်းစားဖို့ တစ်လမ်းလုံး အချိန်ရှိတယ်”


လင်းလန် :“...” သူက သူမအားအလေးအနက်ထားစွာ အရိပ်အမြွက်ပြ‌နေသောအခါ ကြောက်စရာကောင်းပေသည်။


နေသာနေတုန်းဘဲဖြစ်ကာ သူတို့တပ်မဟာသို့ ပြန်ရောက်သောအခါ သုံးနာရီခွဲသာရှိသေး၏။


လင်းလန်က သူက သူမကိုကျေးဇူးတင်ခိုင်းဖို့ ချက်ချင်းအိမ်ပြန်ခေါ်မှာ‌ကြောက်မိပေသည်။ထို့ကြောင့် သူမကလျင်မြန်စွာပင် စက်ဘီးပေါ်မှခုန်းဆင်းလိုက်ကာ ထွက်သွားလိုက်သည်။


“ စန်းကော ကျွန်မ ဌာနခွဲအတွင်းရေးမှူးဆီ စကားသွားပြောလိုက်အုန်းမယ် ”


လျင်မြန်စွာပြေးထွက်သွားသော သူမ၏နောက်ကျောအား မြင်လိုက်ရသောအခါ ဟန်ချင်စုန့် :“ ... ”


လင်းလန်က အရင်ဆုံးဟန်ရုံဖန်ဆီသွားလိုက်ကာ သူမ၏ ကွန်မြူနတီ၏ ဝါဒဖြန့်ချီရေးအသင်းမှ အရွေးခံလိုက်ရကာ နောက်ပိုင်းတွင် ကွန်မြူနတီမှာ အလုပ်သွားလုပ်ရမည့်အကြောင်း ပြောပြလိုက်သည်။


ဟန်ရုံဖန်က သူမအတွက်ပျော်သွားက အကြိမ်အနည်းငယ်လောက် ချောင်းဆိုးလိုက်၏။


“ ကောင်းတဲ့ကိစ္စဘဲ၊ တပ်မဟာထဲမှာ လူတွေအများကြီးရှိပါတယ် မင်းအဲ့ဒါနဲ့ပတ်သက်ပြီး စိုးရိမ်နေစရာမလိုဘူး အဲ့ဒီမှာဘဲ အလုပ်ကို အာရုံစိုက်ပြီးလုပ် ”


လင်းလန်က ပြုံးကာ ပြန်ပြောလိုက်၏။


“ ဒါပေါ့ ရှင်က တပ်မဟာထဲက ကိစ္စတွေကိုဘဲ စိတ်ပူသင့်တယ် ဘယ်လိုဘဲဖြစ်ဖြစ်က အလုပ်က ပေါ့ပေါ့ပါးပါးဘဲလေ ”


၎င်းက ရုံးတွင်နေရသော အေဂျင်စီဝန်ထမ်း၊ အတွင်းရေးမှူးကဲ့သို့ အလုပ်မဟုတ်ပေ။ အချိန်က နှိုင်းယှဉ်ရလျှင် အားလပ်ပေသည်။


ဟန်ရုံဖန်က ချောင်းထပ်ဆိုးလာ၏။သူက စီးကရက်တစ်အိတ်စာလောက် သောက်ချင်သော်လည်း သူမကိုဆေးလိပ်မွှန်သွားစေမှာ ကြောက်ကာ


“ လာပါ မြန်မြန်လုပ် ”


လင်းလန် :“ ဆရာကြီးရေ ဆေးလိပ်မသောက်ပါနဲ့တော့ ရှင်ချောင်းဆိုးတာလဲ ကြည့်အုန်း ဆရာဝန်သွားပြလိုက်တော့ ”


ဟန်ရုံဖန် :“ ရောဂါဟောင်းပါကွာ ချောင်းဆိုးရင်ကြပ်နာလေ ”


လင်းလန် :....သိရဲ့သားနဲ့ အဲ့လိုဆေးလိပ်သောက်နေသေးတယ်ပေါ့။


သူမက ဟန်ရုံဖန်အား စကားအနည်းငယ်ပြောကာ စည်းရုံးလိုက်ပြီး သူက သူမပြောတာကို နားမထောင်မှာ သိသောကြောင့်လက်လျော့ကာ ဝါဒဖြန့်ချီရေးအဖွဲ့ဆီသွားလိုက်သည်။


အရင်ဆုံးအနေဖြင့် သူမကရှုယွင်အား 

ဝါဒဖြန့်ချီရေးအဖွဲ့၏ ခေါင်းဆောင်လုပ်စေချင်၏။ ပြီးခဲ့သည့်နှစ်နှစ်အတွင်း ရှုယွင်က အလွန်လျင်မြန်စွာပင် ကြီးပြင်းလာခဲ့ကာ ကိုယ်တိုင်လေ့လာသောဗဟုသုတများနှင့် သူမဆီမှ ဝါဒဖြန့်ချီရေးအတွေ့အကြုံများကို သင်ယူခဲ့ပေသည်။သူတို့က ကေဒါများမဟုတ်ဘဲ ဘယ်တုန်းကမှ ကျောင်းမတက်ခဲ့ဖူးသောကြောင့် သူက စာရွက်ဖြူပြောင်လေး တစ်ခုကဲ့သို့ပင် လင်းလန်၏ ရင်းနှီးခြင်းများကို လိုက်ပါလုပ်ဆောင်ခဲ့၏။သူက တော်သင့်သလောက်တော်ကာ လင်းလန်၏ လမ်းညွှန်မှုနှင့်ဆိုလျှင် အနာဂတ်၌ သူ့အလုပ်တွင် ကြီးကြီးမားမားပြသနာ ရှိလာမည်မဟုတ်ပေ။


Xxxxxx

Part 724


သူက တော်သင့်သလောက်တော်ကာ လင်းလန်၏ လမ်းညွှန်မှုနှင့်ဆိုလျှင် အနာဂတ်၌ သူ့အလုပ်တွင် ကြီးကြီးမားမားပြသနာ ရှိလာမည်မဟုတ်ပေ။


တစ်ခုတည်းသောအချက်က  သူမ၏လက်ထပ်မှုဖြစ်သည်။


သို့သော်အရင်တုန်းကဆို သူမ၏ဒုတိယယောင်းမက ကန့်ကွက်ခဲ့သော်ငြား နောက်ပိုင်းတွင် ရှုယွင်က လုပ်နိုင်စွမ်းရှိကာ သူမ၏ယောင်းမများထကိ အလုပ်မှတ်ပိုစုနိုင်ကာ မိသားစုကို ထောက်ပံ့ပေးနိုင်သောကြောင့် ဒုတိယယောင်းမက ဘာမှမပြောလာတော့ပေ။


ဒီအချိန်များတွင် အရွယ်နောက်ကျမှလက်ထပ်ခြင်းက မြို့များတွင် ကျော်ကြားလာကာ လူအများစုက အစောပိုင်း သူတို့အသက်နှစ်ဆယ်အပိုင်းခြားတွင် လက်ထပ်ကြကာ ကျေးလက်မှ အလုပ်အကိုင်ရှိသူများကိုလည်း စတင်ပြီးသက်ရောက်မှုရှိလာ၏။ဘယ်လိုဘဲဖြစ်ဖြစ် လူအနည်းစုက အသက်ဆယ့်ငါး၊ဆယ့်ခြောက်တွင် လက်ထပ်ကြသည်။သူတို့က အသက်နှစ်ဆယ်ကျော်သွားသောအခါ ဘယ်လိုများပြောနိုင်ပါ့မလဲ ၊အသက်နှစ်ဆယ့်ငါးကျော်သော ‌သူများတောင်ရှိသေးပေသည်။


......


လင်းလန် ဖြတ်သွားသောအခါ ချန်ဖုယွီ၊လျိုချွင်းချိုက်နှင့် ရှုယွင်တို့အားလုံးရှိနေကြကာ သူမလာသည်ကို သူတို့တွေ့လိုက်ရသောအခါ အားလုံးက နှုတ်ဆက်လာကြသည်။


“ အစ်မ နင်ရွေးချယ်ခံရတယ်မလား ”


လျိုချွင်းချိုက်က လင်းလန်အပေါ်ယုံကြည်ချက်ရှိ၏။


လင်းလန် ခေါင်းညိတ်ပြလိုက်သည်။

“ နင်တို့တွေ စိတ်ကိုပြင်ဆင်ထားသင့်တယ် ”


လျိုချွန်းချိုက် :“ ငါမလုပ်နိုင်ဘူး ”


ချန်ဖုယွီ :“ ငါက ဒီကို ကာလတိုအတွက်ဘဲရောက်နေတာ ”


ရှုယွင် :“ ညွှန်မှူးကို လုပ်ခိုင်းလိုက်ရအောင် ”


လင်းလန် :“ ယောင်းမက မိန်းမတစ်ယောက်ပါဘဲ ညွှန်မှူးမှာလည်း အလုပ်တွေအများကြီးရှိတယ် ဒါကြောင့် နင်လုပ်ကြည့်သင့်တယ် ”


ရှုယွင်က ရှက်သွား၏။


“ ဒေါ်လေး သမီးမလုပ်နိုင်ဘူး သမီးက စာအုပ်တစ်အုပ်မှ ဖတ်ဖူးတာမဟုတ်ဘူး ”


လင်းလန်က ပြုံးကာပြန်ပြောလိုက်သည်။


“ ငါကရော ‌ဘယ်တုန်းကကျောင်းတက်ခဲ့ဖူးလို့လဲ ”


ရှုယွင် :“ ဘယ်လိုလုပ်ပြီး ဒေါ်လေးနဲ့ သမီးကို ယှဉ်ကြည့်လို့ရမှာလဲ ”


လင်းလန် :“ အဲ့ဒါပဲလေ ”


လင်းလန်က စတင်ပြီးအချို့အရာများကို ရှင်းပြလိုက်သည်။ဘယ်လိုဘဲဖြစ်ဖြစ် သူမကရွာထဲတွင်နေတာကြောင့် အကယ်၍သူမမှာ လုပ်စရာမရှိပါက လာပြီးလမ်းညွှန်ပေးလို့ရပေသည်။ ခနလောက်ပြောပြီးနောက် အစည်းအဝေးကို အဆုံးသတ်လိုက်ကာ ချန်ဖုယွီက အရင်ဆုံးပြေးထွက်သွား၏။


လျိုချွန်းချိုက်က လင်းလန်ကို မျက်စိမှိတ်ပြလိုက်သည်။


လင်းလန် :“ နင့်မျက်လုံးက ဘာဖြစ်နေတာလဲ ”


လျိုချွန်းချိုက်က အနားကပ်လာကာ ပြုံးပြလိုက်၏။


“ အစ်မရေ အတင်းအဖျင်းတွေ ”


လင်းလန် သူမအားတစ်ချက်ကြည့်လိုက်သည်။

“ နင်ကအတင်းအဖျင်းတွေ ကြိုက်တယ်ဆိုတာ ငါသိတယ် ”


ရှုယွင်က ရယ်လိုက်မိလေသည်။


လျိုချွန်းချိုက် :“ ချန်ဖုယွီက ဘယ်သူနဲ့တွဲနေလဲဆိုတာ အမသိလား ”


လင်းလန် သူ့ကိုကြည့်လိုက်မိ၏။ချန်ဖုယွီ၏ဇနီးထွက်ခွာသွားသည်မှာ နှစ်နှစ်ကျော်ပြီဖြစ်၍ အခုက ဒုတိယနွေဦးရောက်လာပြီလား။ဒီယောက်ျားက တကယ်ကို မထိန်းနိုင်ဘူးဘဲ၊ သူမရယ်လိုက်မိသည်။ထို့နောက် သူမက တခြားသူ၏ကိုယ်ပိုင်စီးပွားရေးမှာ လာရောက်စွက်နေရသလို ခံစားလိုက်မိသည်။အခုချိန်တွင် ယောက်ျားအများစုက သူတို့ဇနီးများနှင့် နေကြကာ ဒီနေရာ၌တကယ်ပင် ခံစားချက်များအကြောင်း ပြောနေစရာမရှိပေ။ဇနီးတစ်ယောက်ရှိခြင်းက သိပ်မကောင်းဘူးဆိုသော်ငြား ဇနီးမရှိပါက ဘဝကြီးက ကန္တာရလိုပင်ခြောက်ကပ်ကာ ရှုပ်ယှက်ခပ်နေမည်ဖြစ်သည်။အိမ်ကိုထိန်းသိမ်းစောင့်ရှောက်ရန် ဇနီးမရှိပါက ပုံမှန်ကျေးလက်ယောက်ျားများက တကယ်ကိုလုပ်နိုင်ကြမည်မဟုတ်ပေ။


“ ဘယ်သူနဲ့လဲ ”


“ ဝူချိုက်ရှန်းနဲ့တဲ့ ”


လျိုချွန်းချိုက်က လျို့ဝှက်ဆန်းကြယ်စွာပြောလာ၏။


“ အစ်မ အဲ့ဒါငါဘဲသိတာနော် အခြားဘယ်သူမှမသိကြဘူး ”


လင်းလန်က မျက်မှောင်ကြုတ်လိုက်၏။


“ နင်ကဘာလို့ ခိုးကြောင်ခိုးဝှက်လုပ်နေရတာလဲ တကယ်လို့နင်စိတ်ဝင်စားရင် ကောင်းကောင်းလုပ်လိုက်လေ၊ လူတွေကိုအတင်းဖျင်းလိုက်မပြောနဲ့   ”


မုဆိုးမနှင့် မုဆိုးဖိုများကို အကယ်၍ လူများက ခိုးကြောင်ခိုးဝှက်လုပ်တာကိုထား၊ ပုံမှန်လုပ်နေကျအတိုင်း ‌အတင်းတုပ်ကြလျှင်တောင်မှ ဘယ်လိုဘဲဖြစ်ဖြစ် အရင်ဘဝတုန်းက သူတို့က ဇနီးမောင်နှံဖြစ်ခဲ့ကြကာ သင့်တော်ပေသည်။ကြည့်ရတာ မူလဇာတ်ကြောင်းမှ အဓိကဇာတ်ကောင်းများ၏ စာသားများက ဘယ်လိုဘဲဖြစ်ဖြစ် ပြောင်းလဲလာမည်မဟုတ်ပေ။အခုချိန်တွင် သူမက ကိုယ့်ကိုကိုယ်သာ ယုံကြည်အားထားကာ အကယ်၍ ဝူချိုက်ရှန်းက ပြန်လည်လက်ထပ်မည်ဆိုလျှင်တောင်မှ ကိစ္စမရှိပေ။


လျိုချွန်းချိုက် :“ ငါက ကလေးသိသွားမှာ ကြောက်လို့ပါဟယ် ”


“ တကယ်လို့သိသွားရင် ငါကြောက်တယ် ”


လျိုချွန်းချိုက် :“ ဒါဆိုငါသူ့ကို ပြောပြသင့်လား ၊သူကိုအနမ်းပေးတဲ့အခါ ပိုပြီးကြင်ကြင်နာနာရှိဖို့ကိုလေ ”


လင်းလန် :“ငါအခြားသူတွေရဲ့ ကိစ္စမှာ ဝင်မပါချင်ဘူး။ငါကြိုတင်ပြီးတော့ ပြန်သွားဖို့လိုတယ် နင်တို့အလုပ်များနေလိုက်ကြတော့ ”


သူမနောက်လှည့်လိုက်ကာ ထွက်လာပြီးအိမ်ပြန်သွားလိုက်သည်။သူမစိတ်ထဲတွင် တစ်ခုခုရှိနေသောကြောင့် သူမခြေလှမ်းများက နှေးကွေးနေလေသည်။


ရှုယွင်က သူမနောက်ကျောအား စိုးရိမ်တကြီးကြည့်နေလိုက်သည်။

“ ဒေါ်လေးက မပျော်နေဘူးလား ”


လျိုချွန်းချိုက်က ပြောလာ၏။

“ အဓိပ္ပါယ်မရှိတာတွေ ငါတို့အစ်မက ဘာလို့မပျော်နေရမှာလဲ ပြီးတော့ သူမက ချန်ဖုယွီ၊ဝူချိုက်ရှန်းတို့နဲ့ပတ်သက်ပြီး ဘာမှလုပ်စရာ မရှိနေဘူး ”


ရှန်ယွီက စက်ဘီးစီးလာကာ လင်းလန်ကိုမြင်သောအခါ နှုတ်ဆက်ရန်လုပ်လိုက်သော်လည်း သူမကစိတ်လွင့်နေသည်ကို တွေ့လိုက်ရလေသည်။

“ အဖွဲ့ခေါင်းဆောင် ”


လင်းလန်က အသံကိုကြားသွား၏။

“ အာ ရှန်ယွီပါလား ”


” ကိစ္စတစ်ခုခုရှိလို့လား ” 


သူက သူမအား ဒီလိုပုံစံမျိုးဖြင့် မြင်ရသည်မှာ ရှားပါးပေသည်။ရှန်ယွီက စက်ဘီးပေါ်မှဆင်းလိုက်ကာ စက်ဘီးကိုတွန်းပြီးသွားလိုက်သည်။


လင်းလန်က ခေါင်းခါလိုက်၏။

“ မဟုတ်ပါဘူး မင်းရောစက်ရုံက ပြန်လာတာလား ”


ရှန်ယွီက ခေါင်းညိတ်ပြလိုက်ကာ သူမအား တစ်ချက်ကြည့်လိုက်ပြန်၏။သူကစက်ဘီးကိုတွန်းကာ စကားမပြောဘဲ သူမဘေးမှတိတ်ဆိတ်စွာ လမ်းလျှောက်နေလိုက်သည်။


လင်းလန် :“ ရှန်ယွီ ”


ရှန်ယွီက သူမကိုကြည့်လိုက်၏။ 


“ဟမ် ”


လင်းလန်သူ့အား ပြုံးပြလိုက်သည်။

“ မင်းအခုတလော အထည်အလိပ်စက်ရုံကို သွားဖြစ်သေးလား ”


စက်ရုံက ကျန်းရွာမှဖြစ်ကာ သူတို့ကလည်း အထည်အလိပ်စက်ရုံငယ်လေးအဖြစ် ပြောင်းလဲထားပေသည်။


“ သွားဖြစ်တယ်၊ ကျွန်တော် လွန်ခဲ့တဲ့နှစ်ရက်ကတောင် အဲ့ဒီကို သွားခဲ့သေးတယ် ”


လင်းလန် :“ ယန်ယန်အဆင်ပြေရဲ့လား ”


“ အဆင်ပြေပါတယ် သူမက လေ့လာသင်ယူတတ်ပြီး အားကောင်းတယ်လေ အခုဆို သူမက စာလေ့လာတာရော ချည်ထည်ရက်လုပ်တာမှာပါ တော်နေပြီ သူမက အဖွဲ့ခေါင်းဆောင်က သူမကိုကူညီပေးလို့ ကျေးဇူးတွေတင်နေတာ ”

ရှန်ယွီက ပွင့်လင်းစွာ ပြုံးပြလိုက်သည်။


လင်းလန်က အနည်းငယ်ခေါင်းညိတ်လိုက်၏။


“ သူမကကောင်းတဲ့သူ တစ်ယောက်ပါ သူမကို‌ပိုပြီး ကူညီပေးတာ မင်းပဲ လေ ”


လင်းလန်ကိုကြည့်ရတာ ပုံမှန်ဖြစ်နေသော်လည်း ရှန်ယွီက စိတ်ထဲ၌ အထိမခံစွာပင် တစ်ခုခုမှားနေသည်ဟု ခံစားနေရတုန်းပင်ဖြစ်သည်။အဲ့ဒါက သူဒီကိုပထမဆုံးအကြိမ်ရောက်လာတုန်းကကဲ့သို့ပင်ဖြစ်သည်။ထိုအချိန်တုန်းကဆိုလျှင် သူမက ရှင်းမပြနိုင်လောက်အောင် သူ့အပေါ်စိမ်းကားနေခဲ့၏။အခုလဲ ထိုရှင်းမပြနိုင်လောက်သည့် ခံစားချက်မျိုးကို ရနေပေသည်။


Xxxxxx