အပိုင်း ၇၂၅-၇၂၆
Viewers 36k

Part 725


သူက လင်းလန်၏အလုပ်မှ ပြသနာများကို သိချင်မိသွားသည်။ဒါကြောင့် သူကပြောလိုက်၏။


“ အဖွဲ့ခေါင်းဆောင် တကယ်လို့ပြသနာ တစ်ခုခုရှိလို့ရှိရင် နည်းလမ်းရှာဖို့ လူတစ်ယောက်ပိုရှိတာက ကောင်းပါတယ် ”


လင်းလန်က ရယ်လိုက်၏။


“ အဲ့ဒါကအဆင်ပြေပါတယ်၊ ဒါနဲ့စကားမစပ် ယန်ယန်ရဲ့အမေ သူမက....”


သူမက ခေါင်းလှည့်လိုက်ကာ ဘေးနားမှာ ဘယ်သူမှမရှိအောင်ကြည့်လိုက်သည်။


“ သူမက နောက်အိမ်ထောင်ပြုတော့မယ်တူတယ် မင်းယန်ယန်ကို သတင်းပြောပြမှရမယ် အဲ့လိုမှသူမကစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသားဖြစ်ပြီး သတိမလွတ်ဘဲ ဝမ်းမနည်းနေရတော့ဘူးပေါ့။ကောင်မငယ်လေးတွေက သတိလက်လွတ်ဖြစ်ဖို့ လွယ်ကြတယ်လေ ”


ရှန်ယွီ :“ ကောင်းပါပြီ အမှန်တော့ နောက်အိမ်ထောင်ပြုတာက အဆင်ပြေပါတယ် ။ယန်ယန်ကစဉ်းစားတတ်တော့ သူမကထောက်ထားညှာတာတတ်မှာပါ ”


သူက တစ်စုံတစ်ယောက်က လမ်းတစ်ဖက်မှ သူ့ကိုကြည့်နေသည်ဟုခံစားလိုက်ရပြီး လှည့်ကြည့်လိုက်သောအခါ ဟန်ချင်စုန့်က သူ့ရှေ့မှလမ်းကြားထဲတွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရ၏။သူက နှုတ်ဆက်လိုက်သည်။လင်းလန်က ခေါင်းလှည့်လိုက်ကာ ဟန်ချင်စုန့်ကို တွေ့လိုက်ရလေသည်။သူမကအခုဘဲ လျိုကွေ့ဖာအိမ်ကို သွားသင့်ပြီထင်တယ်။


ရှန်ယွီ :“ အဖွဲ့ခေါင်းဆောင် ဒါဆိုကျွန်တော်အရင်သွားနှင့်ပြီ ”


လင်းလန်က သူ့ကို လက်ပြလိုက်သည်။

“ သွားလေ ”


ဟန်ချင်စုန့်က သူ့ကိုတစ်ချက်ကြည့်လိုက်ကာ ထို့နောက်လင်းလန်ကို ကြည့်လိုက်ပြီး သူမနှင့်ပုခုံးခြင်းယှဉ်ကာ အိမ်ပြန်သွားလိုက်ပြီး ပြန်သည့်လမ်းတွင် သူမလက်ကိုကိုင်ထားသည်မှာ အနည်းငယ်တင်းကြပ်နေ၏။


“ အရမ်းမြန်မြန်ကို ပြေးသွားတော့တာဘဲ ”


ခုနကလုပ်ခဲ့သည်ကို ပြန်ပြောနေခြင်းပင်။


လင်းလန်က ညည်းညူလိုက်၏။


“ စန်းကော ရှင်ကျွန်မနဲ့ ပြိုင်ချင်နေတာလား ”


သူအိမ်ထဲကို‌ ရောက်လာသောအခါ သူမချိုင်းအောက်တွင် သူလက်မောင်းကိုထလိုက်ပြီး သူမကိုချီလိုက်ကာ တံခါးကို သူ့ခြေထောက်ဖြင့် ကန်ပြီးပိတ်လိုက်သည်။


လင်းလန် :“...စန်းကော ”


တစ်ယောက်နဲ့တစ်ယောက်တူညီပြီး အချင်းချင်းလေးစားကြသည်ဟု ပြောခံရသော ခင်ပွန်းနှင့်ဇနီး။ အချိန်တိုင်းမှာ သူမကို ကလေးတစ်ယောက်လို ချီပွေ့နေရင် ဘယ်လိုပြောကြမလဲ။


သူကလက်မောင်းကိုဆန့်လိုက်ကာ သူ့ရင်ဘတ်ရှေ့မှ သူမကိုဖက်ထားလိုက်သည်။


“ မင်းရဲ့လက်ခွန်အားကို မင်းကိုစမ်းသပ်စေလိုက်တာလေ ”


လင်းလန်က သူ့လည်ပင်းကိုလက်ချိတ်လိုက်ကာ သူမမျက်လုံးများက စိမ့်စမ်းရေကဲ့သို့ နူးညံ့နေကာ သူ့အားတမင်တကာစလိုက်သည်။


“ စန်းကော~~ ” 


နှစ်လိုဖွယ်ကောင်းသောအသံက သူ၏အရေပြားများကို ထုံထိုင်းလာစေကာ မျက်လုံးများက နက်မှောင်နေပြီး သူ့အသံကလည်း နှစ်မှတ်စာလောက် ပိုအက်ရှလာ၏။


“ နောက်တစ်ခါထပ်ခေါ်ကြည့် ”


လင်းလန် :...ရှင်က ကျွန်မကို အရူးများထင်နေလား။ ကျွန်မထပ်ခေါ်မှာ မဟုတ်ဘူး။သူမက ပတ်ပတ်လည်ကိုကြည့်လိုက်ကာ သူ့ကိုပြောလိုက်၏။


“ အိုး ကြည့်ရတာ ကလေးတွေကျောင်းဆင်းရမယ့် အချိန်ရောက်ပြီဘဲ ချက်ပြုတ်ရအုန်းမယ် ”


သူက သူမကိုလွှတ်ဖို့ငြင်းဆန်ကာ ရှေ့နှစ်လှမ်းတိုးလိုက်ကာ သူမအား နံရံ၏ခါးတိုင်ပေါ်တင်လိုက်ပြီး နောက်အနည်းငယ်ပြန်ဆုတ်လိုက်သည်။


နံရံမှဘေးထွက်နေသော ခါးတိုင်က လုံလောက်အောင်မကျယ်နေရာ သူမက သူ့အကူအညီမပါဘဲမထိုင်နိုင်ပေ။ ထို့ကြောင့် သူမလက်နှင့် ခြေထောက်များကို အတူတူစုချိတ်ထားရ၏။

သူ၏ကိုယ်မှ အပူက အံ့ဩစရာပင်ဖြစ်သည်။ထိုအရာက သူမအား ရုတ်တရက်ပင် မအီမသာဖြစ်သွားစေလေသည်။


ဒီအချိန်တွင် နေစောင်းနေပြီဖြစ်ကာ လေပူများကလည်း သူမမျက်နှာဆီတိုးဝင်နေ၏။သူမကအလင်းထဲကိုမျက်နှာမူထားသဖြင့် သူမ၏ပါးများက ဖြူဖွေးကာ နူးညံ့နေ၏။သူမနှာခေါင်းထိပ်လေးများတွင် ချွေးစက်ငယ်လေးများရှိနေကာ ပါးချိုင့်များက နေရောင်ကြောင့် ထွင်းဖောက်မြင်ရသော လက်ဖက်ရည်အရောင်အဖြစ် ပြောင်းလဲနေပေသည်။


သူက သူမကိုကြည့်နေခဲ့ပေသည်။


လင်းလန်က သူ့ကြောင့်ရှက်ရွံ့သွားကာ ပါးပြင်များကနီရဲလာ၏။သူမစကားပြောလိုက်မည့်အချိန်မှာဘဲ သူကခေါင်းငုံ့ကာ သူမ‌ကိုနမ်းလာလေသည်။အနည်းငယ်အပြစ်ပေးသလိုအားမျိုးဖြင့် အရမ်းကိုလွှမ်းမိုးနိုင်စွမ်းရှိနေပေသည်။


ဟန်ချင်စုန့်က သူမကို ခနလောက်နမ်းလိုက်ကာ သူ့နှုတ်ခမ်းများကို သူမအပေါ်ဖိထားပြီး သူ့အသံကနိမ့်နေ၏။


“ ချစ်သူကောင်လေးဆိုတာ ဒီလိုမျိုးမဟုတ်လား ”


လင်းလန် : ...ရှင်ကဘာလို့ဒီကိစ္စကို အခုထိမှတ်မိနေသေးတာလဲ။


ပြန်လည်တုံ့ပြန်မှုအနေဖြင့် သူမက သူ့ခါးကို သူမခြေထောက်များဖြင့် ညှပ်ထားလိုက်ကာ နူးညံ့စွာပြောလိုက်၏။


“ ချစ်သူကောင်လေးက လေးနက်နေလို့မရဘူးလေ~ ”


တစ်ခနအတွင်းမှာပင် သူ၏တံတွေးမြိုချသံက ပိုပြီးလေးလံလာကာ သူ၏မျက်လုံးနက်များက သူမကိုစိုက်ကြည့်လိုက်၏။


“ အဆင်ပြေပါတယ် ကိုယ်တို့မှာလက်မှတ်ရှိတယ်လေ ”


သူက သူမကိုပွေ့လိုက်ကာ အိမ်ထဲကို တည့်တည့်ဝင်သွားပြီး  သူမအားတိုက်ရိုက်ပင် အနွေးကုတင်ပေါ်တွင် ဖိထားလိုက်သည်။


“ ရပ်လိုက်တော့...” 


လင်းလန်က အလန့်တကြားဖြစ်လာ၏။


“ ရှင်အလေးအနက်ကြီး ဖြစ်နေလို့မရဘူးလေ ကလေးတွေက ကျောင်းဆင်းလာတော့မှာ ”


သူက ထဖို့ငြင်းဆန်ကာ သူ၏လက်ကြီးများဖြင့် လုပ်ချင်သလိုလိုက်လုပ်လေသည်။


တစ်ခနကြာပြီးနောက် အပြင်ဘက်တွင် ရှောင်ဝမ်က သူငယ်ချင်းများအား နှုတ်ဆက်နေသည့်အသံကို ကြားလိုက်ရလေသည်။


“ တာ့တာ ငါတို့မနက်ဖြန်မနက်ကျရင် ကျောင်းတူတူသွားကြမယ်နော် ”


ထို့နောက် သူ၏ ကြွပ်ဆပ်သောအသံကထွက်လာ၏။


“ မားမား သားပြန်လာပြီ ”


လင်းလန်က စိတ်လှုပ်ရှားကာ တစ်ကိုယ်လုံးတင်းကြပ်သွားပြီး သူ့ကိုပြင်းပြင်းတွန်းလိုက်သည်။


ဟန်ချင်စုန့်က သူမဆီမှမော့ကြည့်လိုက်ကာ အလွယ်တကူပင် သူမကိုဆွဲထူလိုက်ပြီး သူမ၏ရှုပ်ပွနေသော အပေါ်ဝတ်အင်္ကျီများကို မပြင်ပေးခင် နှုတ်ခမ်းများကို နမ်းလိုက်၏။


လင်းလန်၏ခြေထောက်များက အနည်းငယ်အားနည်းနေဆဲဖြစ်ကာ သူမကခပ်မြန်မြန်ပင် မျက်နှာကိုပွတ်သပ်လိုက်ပြီး ရှောင်ဝမ်ကိုကြိုဖို့ ထွက်သွားလိုက်သည်။


ရှောင်ဝမ်က သူ့အဖြေလွှာစာရွက်ကိုထုတ်ပြလိုက်သည်။


“ မားမား သားတို့အတန်းက လောင်ရှီးပြောတာက သား တိုးတက်လာတယ်တဲ့ ”


လင်းလန်က စာရွက်ကိုယူလိုက်ကာ တစ်ချက်ကြည့်လိုက်သည်။ရှောင်ဝမ်က တရုတ်စာတွင်၈၀ရကာ သင်္ချာတွက် ၉၅မှတ်ရပေသည်။ ရှောင်ဝမ်၏ အဆင့်များက အလွန်ပင်မတည်ငြိမ်ဘဲ  တစ်ခါတစ်လေတွင် စာမေးပွဲ၌ ၉၀ထက်ကျော်တတ်သလို တစ်ခါတစ်ရံမှာကာ ၇၀လောက်သာရသည်။


လင်းလန်ကတော့ သူက နိုင်ငံရေးနှင့်ရောထားသောမေးခွန်းများ၊ သို့မဟုတ် သွယ်ဝိုက်စဉ်းစားဖို့လိုသည့်မေးခွန်းများအားလုံးကို မှန်ကန်စွာ နားမလည်၍ဖြစ်မည်ဟု ခန့်မှန်းမိပေသည်။ဥပမာအားဖြင့် သူ့ကို စာစီစာကုံးရေးခိုင်းလိုက်ပါက ပင်ကိုယ်စိတ်ဖြင့်သိနိုင်သော ခေါင်းစဥ်များကို ကောင်းကောင်းရေးနိုင်သော်ငြား အကယ်၍သင်က သူ့အား ဝါကျတစ်ကြောင်းပေးကာ သူ့ကို ယဉ်ကျေးစွာ စကားပြိုင်ငြင်းရန် သွယ်ဝိုက်ပြောဆိုခိုင်းပြီး ကိုးကားချက်များနှင့် လက်ရှိဖြစ်ရပ်များကို အသုံးချခိုင်းပါက သူလုပ်နိုင်မည်မဟုတ်ပေ။


ဘယ်လိုဘဲဖြစ်ဖြစ် သူကကိုးကားချက်များ၊တော်လှန်ရေးစာများ၊ တစ်ကိုယ်ကောင်းဆန်မှုနှင့် ပြန်လည်ပြုပြင်ရေးဝါဒကို ဝေဖန်ခြင်းများကို မှတ်မိနိုင်မှုအနည်းဆုံးဖြစ်သည့် ကျောင်းသားတစ်ယောက်ဖြစ်သည်။


သူ့ခေါင်းသေးသေးလေးထဲတွင် သံစဉ်နုတ်များ၊ထင်ရှားသည့် ပုံရိပ်များသာရှိ၏။ ကျန်သည့်အရာများက ပြသရန်မလွယ်ကူပေ။


Xxxxxx

Part 726


လင်းလန်က သဘာဝကျစွာပင် ရှောင်ဝမ်အား ချီးမွမ်းချင်ပေသည်။


“ သားကဒီတကြိမ်မှာတိုးတက်လာခဲ့ပြီ၊ သားမေးခွန်းအားလုံးကိုကောင်းကာင်းဖြေခဲ့တယ်၊ လက်ရေးကလည်း ပိုပိုပြီးတော့ကို လှလာတယ် ”


ရှောင်ဝမ်၏လက်ရေးမှာ သူ့ကိုယ်ပိုင် ပြိုင်ဘက်ကင်း ပုံစံရှိ၏။လက်ရေးလှလေ့ကျင့်သော အလှတရားမျိုးမဟုတ်ပေ။ဒါပေမယ့်...ချစ်ဖို့ကောင်းတယ် 


ရှောင်ဝမ်က သူ့မိခင်ဆီမှ‌ချီးကျူးခံလိုက်ရသဖြင့် အပျော်လွန်သွားကာ ဟန်ချင်စုန့်ကိုလည်း ပြလိုက်၏။


“ ဖေဖေ သားအဖြေလွှာစာရွက်ကို ဖတ်ကြည့် ”


ဟန်ချင်စုန့်က သူ့ကိုငုံ့ကြည့်လိုက်သည်။ကောင်လေး၏ ပါးလျသော အဖြူရောင်အသားရေပေါ်တွင် စပျစ်သီးကဲ့သို့အမည်းရောင် မျက်စိများက နစ်ဝင်နေကာ သူ၏မျက်တောင်ရှည်များက တဖျပ်ဖျပ်လှုပ်နေသည်မှာ သူ့အမူအရာက ချီးကျူးပေးဖို့တောင်းဆိုနေပေသည်။


သူ့သား၏ဆံပင်များကို သူ့လက်ဖြင့် ပွတ်ပေးလိုက်သည်။


“ တော်တယ် ”


ဘာစကားတစ်လုံးမှထပ်မရှိလာတော့ပေ။


ရှောင်ဝမ်က အလွန်ပျော်သွားကာ သူ့အဖြေလွှာစာရွက်ကို နမ်းလိုက်သည်။


“ ရေးး ‌ဖေဖေနဲ့ မားမားနှစ်ယောက်လုံးက မင်းကိုချီးကျူးလိုက်တယ်နော် ”


လင်းလန်ကလည်းရယ်ကာ သူ့ခေါင်းကိုပွတ်ပေးလိုက်သည်။


ဟန်ချင်စုန့်က လင်းလန်ကိုချက်ပြုတ်ရန်ကူညီပေးလိုက်သည်။


ရှောင်ဝမ်က သူ့ကီးဘုတ်ကိုလေ့ကျင့်နေလေသည်။အသံမထွက်သော်လည်း သူကမျက်‌စိများမှေးကာ တီးချက်လိုက်နေသည်မှာ သူကသံစဉ်များကို ကြားနေရသလိုပင်ဖြစ်သည်။ထိုအရာက တကယ်ပင်ထူးဆန်းသည်ဟု လင်းလန်တွေးလိုက်မိသည်။


စားစရာအဆင့်သင့်ဖြစ်သောအခါ သူမနှင့် ဟန်ချင်စုန့်တို့က ဟင်းသီးဟင်းရွက်များကို ရေလောင်းရန် ဟင်းရွက်ခြံသို့ သွားလိုက်ကြ၏။


“ စန်းကော ကျွန်မတို့သားကြီးက ဘာလို့ပြန်မလာသေးတာလဲ ”


သူမက နာရီကိုကြည့်လိုက်သောအခါ ငါးနာရီခွဲနေပြီဖြစ်ကာ သူကပုံမှန်ဆို အိမ်ပြန်ရောက်နေပြီဖြစ်သည်။


သူတို့ကျောင်းက ၄:၅၀လွှတ်ကာ အကယ်၍သူတို့က ကျောင်းမှာအချိန်တချို့ကုန်ခဲ့လျှင်တောင်မှ ငါးနာရီခွဲ တော့ အနောက်ကျဆုံးပြန်ရောက်လာကြပေသည်။


ဟန်ချင်စုန့်က ခေါင်းမမော့လာဘဲ ဟင်းရွက်များကြားထဲမှ မြက်ပင်များကိုနှုတ်လိုက်သည်။


"စိတ်ပူစရာမရှိပါဘူး..."

...


သူက စိတ်မပူသော်ငြား သူ့သားကမူ အခုချိန်တွင် တစ်စုံတစ်ယောက်ဖြင့် ရန်ဖြစ်နေပြီဖြစ်သည်။


ဒီကိစ္စအကြောင်းပြောရလျှင် ထိုအရာက ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပေါ်လာခဲ့သော ကိစ္စတစ်ခုပင်ဖြစ်သည်။


တဝမ်အထက်တန်းကျောင်းတက်သော သုံးနှစ်အတွင်းတွင် ဖြစ်ချင်တော့ သူတို့က လင်ထောက်ညွှန်မှုးယန်၏ သားယန်ကျီချန်းနှင့် အတန်းတူတူဖြစ်နေပေသည်။


ယန်ကျီချန်းသည် အခြေခံကျောင်းမှာကတည်းက ကျောင်း၏ယောက်ျားသားတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ သူကအတန်းဖော်များအား အနိုင်ကျင့်ရသည်ကို သဘောကျကာ သူတို့အား အလုပ်ကူလုပ်ခိုင်းပြီး ထင်းများရှာပေးခြင်း အစရှိသဖြင့်ဖြစ်သည်။


ကျောင်းတွင် သူကအထူးသဖြင့် မိန်းကလေးကျောင်းသူများကို အနိုင်ကျင့်ရတာ သဘောကျ၏။သူက  ပိုးကောင်၊တီကောင်နှင့် ကော့လီဘာများကို သူတို့ခေါင်းပေါ်တင်ကာ မိန်းကလေးများက အော်ဟစ်ကာ ကြောက်လန့်တကြား ပြေးလွှားနေကြတာကို ရယ်မောလေ့ရှိသည်။ဆယ်ကျော်သက်ကောင်လေးများက မိန်းကလေးများအားအနိုင်ကျင့်ရသည့်အပေါ် သာယာတတ်ကြကာ သူတို့မျက်နှာများက အော်ဟစ်ပြီးရင်း အော်နေကြသည်ကို ကြည့်ရတာကြိုက်ကြ၏။ထိုအရာအဒရီနယ်ဂလင်းများကို တစ်ဟုန်ထိုးမြင့်တက်လာစေကာ အလွန်မိုက်၏။

(Tn. : ကော့လီဘာ -နှစ်စဉ်နွေရာသီမှာထွက်ပြီး ဒေစီမျိုးနွယ်ဝင်ဖြစ်သည့် ပေါင်းပင်တစ်မျိုးပါ သူ့ပုံစံကအဆူးတွေနဲ့ မသိရင်ပိုးကောင်လို့ထင်ရပါတယ်

အဒရီနယ်ဂလင်း - စိတ်လှုပ်ရှားရလျှင် ဟော်မုန်းထွက်တတ်သော ကျောက်ကပ်ဂလင်းပါ )


အကယ်၍ ကျောင်းသားကောင်လေးတစ်ယောက်က ရှေ့ထွက်လာကာ သူ့ကို ဝေဖန်ရဲပါက သူက သူ့နောက်လိုက်များဖြင့် ထိုသူတို့ကိုရိုက်နှက်စေသောကြောင် ကျောင်းသားများက သူနှင့်ဆန့်ကျင်ပြီး စကားမပြောရဲတော့ပေ။


ရှန်ရွေ့ကွန်မြူနတီသို့ ပြောင်းလာပြီးနောက်တွင် သူက သူ့ကိုယ်သူ မထိန်းချုပ်နေဆဲ‌ပင်ဖြစ်သည်။ သူအလယ်တန်းကျောင်းဝင်လာပြီးနောက်တွင် သူ၏ဩဇာလွှမ်းမိုးမှုကို တည်ထောင်ဖို့အတွက် သူ့အင်အားများက ပို၍ပြင်းထန်လာလေသည်။ကျောင်းမှာဆိုလျှင် သူကဘေးတိုက်‌လမ်းလျှောက်ကာ ဆရာများကလည်း သူ့ကိုမထိန်းချုပ်ရဲပေ။


မူလတုန်းက သူကသူ့ဩဇာအာဏာကို အခြေချပြီးပြီထင်ခဲ့သော်ငြား သူတို့အတန်းထဲတွင် ထိုအရာကိုလက်မခံသည့် လူသုံးယောက်ရှိနေသည်ကို သူမသိခဲ့ပေ။


မိုင်စွေ့နှင့် အားဝမ်တို့ အရင်လာခဲ့ကြသည်။သူတို့က ပုံစံအားဖြင့် ဆယ်ပုံလျှင်ခုနှစ်ပုံလောက် တူညီကြ၏။မိန်းကလေးကလှပပြီး ယောက်ျားလေးက ‌ခန့်ညားကာ ချက်ချင်းပင် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိလိုက်လေသည်။ပုံမှန်အားဖြင့် ဒီနှစ်ယောက်က ကိုယ်ကျင့်တရားကောင်းကြပေသည်။မိုင်စွေ့က တက်ကြွပြီးကြင်နာတတ်ကာ အားဝမ်ကမူ နူးညံ့ကာ နှိမ့်ချတတ်၏။သူတို့က စာလေ့လာခြင်းကို အလေးအနက်ထားတတ်ကြကာ ဆရာများနှင့် အတန်းဖော်များက သူတို့ကိုသဘောကျကြလေသည်။


ယန်ကျီချန်းက လက်မခံနိုင်ကာ သူကထိုနှစ်ယောက်နှင့် လုံးဝအတူမပေါ်လာခဲ့ပေ။အစပိုင်းတွင် သူကအခြေခံကျောင်းမှနည်းလမ်းများကို အသုံးပြုခဲ့သော်ငြား ဘာသဘောထားကွဲလွဲမှု မှမဖြစ်လာခဲ့ပေ။သူက ဘယ်လိုဘဲ မဟုတ်တာလေးကို ငြင်းခုန်နေပါစေ ယန်ကျီချန်းက ၎င်းကိုအခွင့်ကောင်းမယူနိုင်ခဲ့ပေ။


တဝမ်ရောက်လာသောအခါ ယန်ကျီချန်းက တဝမ်ကိုသူနှင့်ပေါင်းစေချင်၏။ဒီလိုမှသာ သူ့အာဏာကိုပြနိုင်မှာဖြစ်သည်။သို့သော် တဝမ်က သူ့ကိုကျောပေးလိုက်လေသည်။


ယန်ကျီချန်း ဒေါသထွက်သွားသောအခါ သူကတဝမ်တို့ သုံးယောက်ကို ပေါ်တင်တစ်မျိုး၊ကွယ်ရာတစ်မျိုး သွားပုပ်လေလွင့်ပြောလေသည်။တချို့လူများက သူ့ကိုမျက်နှာလိုမျက်နှာရ လုပ်နေကြသော်လည်း တချို့ကကြောက်ရွံ့ကြပြီး တချို့ကသူ့ကိုမနာလိုဖြစ်ကြကာ ဘယ်သူမှ သူ့ကိုတကယ်သဘောမကျကြပေ။


ဆန့်ကျင်ဘက်တွင် တဝမ်က လူတိုင်းကို လျစ်လျူရှုထားသော်လည်း အကြောင်းရင်းတစ်ချို့ကြောင့် အတန်းဖော်များက သူ့ကိုသဘောကျကြ၏။


တလအတွင်းမှာပင် လူတချို့က သူ့ကို တွေ့ဟန်ဆောင်ကာ သူ့နောက်မှကျောင်းလိုက်လာခဲ့၏။သူတို့က တဝမ်သူတို့ရှေ့တွင် အိတ်ကပ်ထဲလက်ထည့်ပြီး လမ်းလျှောက်နေတာကို ကြည့်ရတာ သဘောကျသည်ဟုပြောလေသည်။ထိုသွယ်လျသော နောက်ကျောက တကယ်ကို လျစ်လျူရှုထားပေသည်။သူငါ့ကို တစ်ခါလောက်ဘဲ လှည့်ကြည့်လာပါစေလို့ ဆုတောင်းမိတယ်၊ သူ့မျက်လုံးထဲမှာ ငါကကွဲပြားနေပါစေလို့ ဆုတောင်းမိကြလေသည်။


ဟားဟား ငါအတွေးလွန်နေတာဘဲ။


သူကတစ်နေ့ကုန် သူ့လေ့ကျင့်ရေးအကြောင်းတွေးနေကာ သူကထိုအရာကိုဂရုမစိုက်ပေ။အကြည့်တစ်ချက်က ဒီအတိုင်းဖျတ်ခနဲမြင်လိုက်ရုံသာဖြစ်သည်။


သူကဒီလိုဖြစ်နေလေ လူများက သူ့နောက်ကို ပိုလိုက်လာကြ၏။ယောက်ျားလေးရော မိန်းကလေးများပါကာ သူတို့ထဲမှအများစုက ထူးဆန်းသော ‌ဆယ်ကျော်သက်စိတ်ကြောင့်ပင် ဖြစ်သည်။မည်သို့ပင်ဆိုကာမူ တဝမ်က လူအများစု၏အာရုံစိုက်မှုကို အမှတ်တမဲ့ပင် ခိုးယူလိုက်နိုင်ကာ ထိုအရာက ယန်ကျီချန်းအတွက် ကြီးမားသောထိုးနှက်ချက်ပင်ဖြစ်၏။


လူတိုင်းက ယန်ကျီချန်းကို မုန်းကြသော်ငြား သူ့စိတ်ကူးထဲတွင်မူ သူကခန့်ညားကာ မနာလိုစရာကောင်းလှသည်ဟု တွေးနေ၏။


Xxxxxxx