Part 727
လူတိုင်းက ယန်ကျီချန်းကို မုန်းကြသော်ငြား သူ့စိတ်ကူးထဲတွင်မူ သူကခန့်ညားကာ မနာလိုစရာကောင်းလှသည်ဟု တွေးနေ၏။
မြက်စိမ်းရောင်စစ်တပ်ယူနီဖောင်း၊ ကြယ်ငါးပွင့်ကို ချိတ်ထိုးထားသော စစ်ဦးထုပ်တစ်ခုနှင့်အတူ စစ်လွယ်အိတ်လွယ်ကာ ကျယ်ဖန်းတံဆိပ်ရှူးဖိနပ်နှင့် စက်ဘီးစီးလာသည်ကို တွေးကြည့်လိုက်ပါ။လူဘယ်လောက်များများက ထိုအရာကို မနာလိုကာ မုန်းကြလိမ့်မလဲ။အထူးသဖြင့် အနည်းငယ်ကြည့်ကောင်းသော ကျောင်းထဲမှ ကျောင်းသူများဖြစ်သည်။ဘယ်သူကများ သူ၏မြက်စိမ်းရောင်ယူနီဖောင်းနှင့် စက်ဘီးကို မကြည့်ဘဲနေနိုင်ပါ့မလဲ။
အခုသွားပြီးတော့ ဟိုမောင်နှမသုံးယောက်ကို ကြည့်ရပေမည်။ချီးလိုဘဲ၊ ငါဒါကိုသည်းမခံနိုင်တော့ဘူး။
ယန်ကျီချန်းက အလွန်ဒေါသထွက်သာ သူ့အင်အားတချို့ပြချင်လာ၏။သူက မိုင်စွေ့နှင့် အရင်စဖို့လုပ်လိုက်သည်။မိန်းကလေးများက အမြဲလိုလို အနိုင်ကျင့်ဖို့ လွယ်ကူပေသည်။
ထိုနေ့တွင် တဝမ်ကကျောင်းတွင်ရှိမနေပေ။အားဝမ်နှင့် ကျောင်းသားအနည်းငယ်ကိုမူ ဆရာမကခေါ်ထားပေသည်။
ယန်ကျီချန်းက မိုင်စွေ့နှင့်မိန်းကလေးတစ်ချို့ ကျောင်းဝင်းထဲတွင် ကြက်တောင်အားကစားဆော့နေသည်ကို ကြည့်လိုက်သည်။သူမက သွယ်လျပြီး ခြေထောက်ပေါ့ကာ ကြက်တောင်ကန်လိုက်သည့်အခါတွင် သမင်မငယ်လေးတစ်ကောင်လိုပင်ဖြစ်သည်။အထူးသဖြင့် သူမခေါင်းမော့လိုက်လျှင် သူမ၏ရှည်သွယ်ကာ ဖြူဖွေးသောလည်တိုင်ပေါ်လာပြီး ထိုအရာက ပတ်ဝန်းကျင်မှ စိတ်နေသဘောထားများနှင့် ကွဲပြားနေပေသည်။
သူမ၏ လူလတ်တန်းစားဖြစ်သော်လည်း နှစ်လိုဖွယ်ကောင်းသည့် ပုံစံကို သူနားမလည်နိုင်ပေ။
သူက သူ့နောက်လိုက်သုံးယောက်အား ကော့လီဘာများများ ကောက်ခဲ့ဖို့ လှုံ့ဆော်လိုက်သည်။ထိုမျှမကသေးဘဲတီကောင်အနည်းငယ်ကိုဖမ်းကာ မိုင်စွေ့၏ခဲတံဘူးထဲတွင် လျို့ဝှက်စွာထည့်လိုက်လေသည်။
သူတို့က အတန်း၏အစွန်းတွင် ပုန်းလိုက်ကြပြီး မိန်းကလေးများအတန်းထဲဝင်လာသောအခါ ကော့လီဘာများကို သူတို့ခေါင်းပေါ်သို့ ပစ်လိုက်၏။
မိုင်စွေ့က သူမခေါင်းပေါ်တွင် တစ်ခုခုကိုခံစားလိုက်ရကာ ထို့ကြောင့် သူမကသတိလက်လွတ်ပင်ထိကြည့်လိုက်သည်။သို့သော် အကယ်၌သူမ မထိလိုက်လျှင်အဆင်ပြေသော်ငြား ထိလိုက်သောအခါ ကော့လီဘာများက သူမဆံပင်များကြားထဲဝင်သွားကာ တတ်နိုင်သမျှမြန်မြန်ဖယ်လိုက်ဖို့က ခက်ခဲသွား၏။
အတန်းဖော်တစ်ယောက်က သူမကို သတိပေးလိုက်သည်။
“ မဖမ်းလိုက်နဲ့ ဟန်မိုင်စွေ့၊ အဲ့ဒါတွေအားလုံးက ကော့လီဘာတွေ ”
စိတ်ထားကောင်းသည့် အတန်းဖော်တချို့က သူမကိုဖယ်ပေးရန် ကူပေလာကြ၏။ကော့လီဘာများသည် ဆံပင်အတွက်ပြေးမရသော အကုသိုလ်များပင်ဖြစ်သည်။ထိုအရာကိုဖယ်သောအခါ ဆံပင်ကိုဆွဲဆုတ်သလိုဖြစ်ကာ နာကျင်၏။အကယ်၍ထိုအရာက အလွန်ရှုပ်ထွေးစွာငြိနေပါက ဆံပင်များကို ကတ်ကြေးဖြင့်ဖြတ်ရမှာဖြစ်သည်။
အလွန်ကို ဒုက္ခများပေသည်။
မိုင်စွေ့က အရမ်းနာတာကြောင့် မျက်လုံးထဲမှ မျက်ရည်များပါကျလာလေသည်။
“ ကျေးဇူးပါ အတန်းပြီးမှဘဲ ဖယ်ကြရအောင် လောင်ရှီးလာတော့မယ် ”
တခြားသူများက သူမကိုအရမ်းနာစေသောကြောင့် သူမက အားဝမ်ပြန်လာပြီးကူတာကို စောင့်ချင်မိပေသည်။
သူမစားပွဲတွင်ထိုင်လိုက်ပြီး ခဲတံဘူးကိုဖွင့်လိုက်သောအခါ အထဲတွင် တွန့်လိမ်တွန့်လိမ်သွားနေသည့် ကြီးမားသည့်တီကောင်အနည်းငယ်ကို တွေ့လိုက်ရကာ ထိုအထဲတွင် ပါကျားအမျှင်များတောင်ပါနေ၏။
ပါကျားအမျှင်များကို ငရုတ်ကောင်းပုအပင်ဟုလည်း ခေါ်၏။ထိုအရာများက ပိုးဖလံသားလောင်းများဖြစ်ကာ ၎င်းကလည်း ပုံမှန်အားဖြင့်လူများမုန်းကြသောအရာဖြစ်သည်။ အကယ်၍ ဆံပင်များသာ ကပ်မိသွားပါက စူးနေမည်ဖြစ်သည်။ထိုအရာစူးနေသောအခါ နာကျင်ပြီး ယားယံ၏။၎င်းက ရက်အနည်းလောက်ထိသက်သာမည်မဟုတ်ပေ။
မိုင်စွေ့က လယ်အလုပ်များလုပ်ကာ ကြီးပြင်းလာသောကြောင့် ဘယ်လိုဖြစ်ပြီး ပိုးကောင်များကိုကြောက်မှာတဲ့လဲ။
သူမထရပ်လိုက်သည်။
“ ဘယ်သူလုပ်တာလဲ ”
အတန်းဖော်တစ်ယောက်က တိတ်တဆိတ်ပင် ခဲတံဖြင့် ယန်ကျီချန်းအား ထိုးပြလိုက်သည်။
မိုင်စွေ့က ပြေးထွက်လာ၏။
အတန်းဖော်များက သူမငိုတော့မည် ထင်သွားတာကြောင့် သူမနှင့်ခင်သူများက ချော့ရန် အပြေးသွားလိုက်လေသည်။
ယန်ကျီချန်းနှင့် အခြားသူများက ပျော်မြူးစွာအောင်ပွဲခံပြီး ရယ်လိုက်ကြသည်။နံစော်နေတဲ့ မိန်းကလေးတစ်ယောက်ဘဲ၊ ငါနင်နဲ့ မဖြေရှင်းနိုင်ဘူး။
ခဏလောက်ကြာသောအခါ ဆရာမကရောက်မလာသေးပေ။ သို့သော် မိုင်စွေ့က အပြင်မှအထဲကို လေလိုပင် ပြေးဝင်လာကာ ယန်ကျီချန်းဆီပြေးသွားလိုက်သည်။
“ နင်ငါ့ကိုနစ်နာအောင်လုပ်တာမလား”
ယန်ကျီချန်းက အနိုင်ယူလိုက်၏။
“ ငါကကြီးမြတ်တယ်ဆိုတာ သိရင်ပြီးရော ”
သူ့ကို ဤကဲ့သို့မြင်လိုက်ရသောအခါ မိုင်စွေ့က ပြင်းထန်စွာ သူ့ကိုပါးရိုက်ချလိုက်သည်။
“ နင်ကဘာတွေများ ကြီးမြတ်နေလို့လဲ နင်ကမိန်းကလေးတွေကို အနိုင်ကျင့်ဖို့ဘဲသိတဲ့ အယုတ်တမာကောင်ဘဲ ”
အတန်းတစ်တန်းလုံးက တိတ်သွားကြလေသည်။
ကျောင်းသားများက ကြောင်အနေကြ၏။သူတို့က ပုံမှန်အားဖြင့်အနည်းငယ်ပြုံးနေတတ်သော မိုင်စွေ့က ယန်ကျီချန်းကို ပါးရိုက်ရဲဖို့ အသာထား၊အရမ်းအင်အားကြီးလိမ့်မည်ဟုပင် မမျှော်လင့်ထားခဲ့ပေ။
အမြဲတမ်းယန်ကျီချန်းကသာ အခြားသူများကိုရိုက်နှက်သောသူဖြစ်ပြီး ဘယ်သူမှသူ့ကိုမရိုက်ရဲကြပေ။
ယန်ကျီချန်း၏ထိုင်ခုံဖော်က ကြောက်လန့်ပြီး ထခုန်လိုက်၏။သူပါအရိုက်ခံရမှာ ကြောက်နေပေသည်။
“ နင့်အမေတဲ့မှ၊ ဘယ်သူ့ကိုနင်ရိုက်လိုက်တာလဲ ”
ယန်ကျီချန်းက သူမကိုရိုက်ဖို့လက်ဆန့်လိုက်သည်။
မိုင်စွေ့က သူ့ကိုညှပ်ထားရန် စားပွဲကိုတွန်းလိုက်ကာ သူ့အိတ်ကပ်ထဲမှ လက်တစ်ဆုပ်အပြည့် ကော့လီဘာများယူလိုက်ပြီး သူ့ဆံပင်နှင့် မျက်နှာ ပေါ်ကိုရိုက်ချလိုက်ကာ သူ့ကိုနောက်တစ်ကြိမ်ပါးထပ်ရိုက်လိုက်၏။
“ လူယုတ်မာ နင်ငါ့ကိုထပ်ပြီးလာရှုပ်ရဲလို့ကတော့ ငါနင့်ကို သတ်ပစ်မယ် ”
သူမက စားပွဲကိုကန်လိုက်ပြီး သူ့ကိုရိုက်လိုက်သောအခါ နာကျင်လွန်း၍ညည်းညူသွားစေလေသည်။
ယန်ကျီချန်း၏ နှာခေါင်းက ဒေါသကြောင့် ကောက်ကွေ့လာလေသည်။
“ မင်းတို့ကောင်တွေက အပျော်ကြည့်နေကြတာလား ဘာလို့မြန်မြန်ထပြီး အဲ့မိန်းမကို မရိုက်ကြတာလဲ ေသာက်ကောင်မ ”
သူ့အတန်းဖော်များအတွက် အခြားကျောင်းသူများကို အနိုင်ကျင့်ရသည်မှာ အဆင်ပြေသော်လည်း ဘယ်လိုလုပ်ပြီး သူတို့ကမိုင်စွေ့ကို အနိုင်ကျင့်ရဲမှာလဲ။မိုင်စွေ့အဖေက ပြည်သူ့လုံခြုံရေးဗျူရိုမှ ညွှန်မှူးဖြစ်ကာ ထိုအချိန်တွင် သူမက ယန်ကျီချန်းကိုမထိနိုင်ပါက သူတို့ပေါ်ကိုဒေါသမပုံချလာနိုင်ဘူးလား။ထို့ကြောင့် သူတို့ကဒီအတိုင်း အော်ဟစ်လိုက်ကြကာ ဘာလှုပ်ရှားမှုမှ မလုပ်လိုက်ကြပေ။
ဒီအချိန်တွင် အားဝမ်နှင့် လောင်ရှီးတို့က စကားပြောလိုက်၊ရယ်လိုက်ဖြင့် လျှောက်လာကြကာ အတန်းထဲရှိလှုပ်ရှားမှုများကို ကြားလိုက်ရသောအခါ ချက်ချင်းပြေးဝင်လာခဲ့ကြသည်။
အားဝမ်က အခန်းထဲဝင်လိုက်ချင်းမှာဘဲ ဆံပင်များရှုပ်ပွနေသည့် မိုင်စွေ့ကိုတွေ့လိုက်ရလေသည်။ သူမက ယန်ကျီချန်းအား ရင်ဆိုင်တွေ့နေတာကြောင့် သူမအနိုင်ကျင့်ခံနေရသည်ဟု ထင်သွား၏။သူကဘာမှမပြောနေတော့ဘဲ ရှေ့ကိုပြေးသွားလိုက်ကာ ယန်ကျီချန်းကိုဆွဲထိုးလိုက်သည်။ထိုအရာက ယန်ကျီချန်းအား ဝုန်းခနဲပင် ကြမ်းပြင်ပေါ်သို့ ကျသွားစေပြီး ထိုင်ခုံကလည်း ဗုန်းခနဲ လဲကျသွား၏။
သူကယန်ကျီချန်းထက် နှစ်နှစ်ငယ်သော်ငြား သူက ကလေးဘဝတည်းက ဟန်ချင်စုန့်နှင့် လေ့ကျင့်ခန်းများလုပ်နေခဲ့တာဖြစ်သည်။သူက တဝမ်လောက်မတော်လျှင်တောင်မှ သာမာန်ကလေးများထက် သာနေတုန်းပင်ဖြစ်သည်။
Xxxxxx
Part 728
လောင်ရှီးက ရန်ဖြစ်နေသည်ကိုပင် ဆွဲဖို့ မေ့သွားလေသည်။
အရင်က ယန်ကျီချန်းအနိုင်ကျင့်တာခံရသော်လည်း အတန်းဖော်များက ဘာမှမပြောရဲကြပေ။သို့သော် တချို့သူများက ဒီတကြိမ်တွင် သူတို့ဒေါသများကို ဖြေလျော့ပေးလာသောအခါ သဘာဝကျစွာဘဲ သူတို့က ဝင်တားကြမည်မဟုတ်ပေ။
ယန်ကျီချန်းက လျင်မြန်စွာထရပ်လိုက်၏။
“ ချီးတဲ့မှဘဲ၊ ဟန်ဝမ်ကျွင်း မင်းတော့သေပြီသာမှတ် ”
သူက အားဝမ်ကိုတွန်းလိုက်သော်လည်း အားဝမ်က လှုပ်တောင်မလှုပ်သွားပေ။သူက လက်မောင်းကိုမြှောက်လိုက်ကာ လက်သီးပြင်းပြင်းတစ်ချက်ကိုခုခံလိုက်သည်။ သူ၏အခြားလက်ဖြင့် လက်သီးဆုပ်ကာ ပို၍ပြင်းပြင်းပင် ပြန်ထိုးလိုက်လေသည်မှာ ယန်ကျီချန်း၏ပါးစပ်ကို တစ်ချက်ထဲဖြင့် စုတ်ပြတ်သွားစေလေသည်။
အားဝမ်က ယန်ကျီချန်းအား စားပွဲများတွင် ကြမ်းပြင်ပေါ်သို့ဖိထားလိုက်ကာ သူ့ဒူးကို ယန်ကျီချန်းအစာအိမ်ပေါ်တွင် ထောက်ထားလိုက်သည်။သူက လက်သီးဖြင့်နှစ်ခါထိုးလိုက်ကာ ကျိန်ဆဲလိုက်၏။
“ အမှိုက်ကောင် အနာဂတ်မှာ မင်းငါ့ညီမကိုအနိုင်ကျင့်ရဲလို့ကတော့ ငါမင်းကိုသတ်ပစ်မယ် ”
မိုင်စွေ့ :“ မိန်းကလေးတွေကို အနိုင်ကျင့်ရတာနဲ့ ဘယ်လောက်တောင် ကြီးမြတ်နေလဲဆိုတာ သူ့ကိုသိစေလိုက် ”
သူမက အားဝမ်ကို ဆွဲခေါ်လိုက်ကာ သူ့လက်နောက်ဘက်က စုတ်ပြတ်နေသည်ကိုမြင်လိုက်ရသောအခါ အလျင်အမြန်ပင် သူမ၏လက်ကိုင်ပုဝါကို သူ့လက်ပေါ်တွင်ပတ်ပေးလိုက်၏။
“ ဘာလို့အားအများကြီးသုံးနေရတာလဲ၊ အနာဂတ်ကျရင် ခြေထောက်နဲ့ကန် ”
အားဝမ်က သူ့ထိုင်ခုံသို့ပြန်သွားလိုက်သောအခါ တီကောင်နှင့် ပါကျားမျှင်ကိုသူမ၏ခဲတံဘူးတွင် တွေ့လိုက်ရလေသည်။အကယ်၍သူသာ အခြားကျောင်းသားများနာကျင်သွားမှာကို မစိုးရိမ်ဘူးဆိုပါက ဒါတွေအားလုံးကို ယန်ကျီချန်းအင်္ကျီထဲ သွားထည့်လိုက်ပြီးပြီဖြစ်သည်။
ယန်ကျီချန်းက ပြန်သွားကာ သူ့အဖေနှင့်အမေကို ငိုပြောလိုက်ကာ သူ့ဖေကိုကူညီပေးဖို့တောင်းဆိုလိုက်၏။ သို့သော် သူ့အဖေက အခုလေးတင် ဖန်းပိရှန်း၏အရေးကိစ္စများကြောင့် ရာထူးလျှော့ခံလိုက်ရတာဖြစ်သည်။ သူကဘယ်လိုလုပ်ပြီး ဟန်ချင်စုန့်ကို စိန်ခေါ်ရဲမှာလဲ။ထို့ကြောင့် ဤအရာများကို သည်းခံလိုက်ရုံသာတတ်နိုင်ပေသည်။
ဤအကြောင်းများကြောင့် ယန်ကျီချန်းက သူတို့သုံးယောက်ကို ပိုလို့တောင်မုန်းတီးသွားလေသည်။သူတစ်ဖက်များကို ရိုက်လို့မရသည်မှာ နှမြောစရာပင် ဘယ်သူကမှစာလေ့လာရာတွင်မတော်ကြပေ။သူ့မှာရာထူးရှိသောအဖေရှိသလို တစ်ဖက်သူများမှာလည်း အဖေရှိပေသည်။၎င်းက အတန်းဖော်များကို အနိုင်ကျင့်သလိုမျိုး မဟုတ်တော့ပေ။
အတန်းဖော်များအနေဖြင့် တခုခုပြောရန်မဝံ့ရဲသောကြောင့် ယန်ကျီချန်း၏ဖိနှိပ်မှုကို တစ်နှစ်ကြာခံစားခဲ့ရကာ သူတို့က မြင့်မားစွာမကြီးပြင်းလာနိုင်ခဲ့ကြပေ။
ယခု အခွင့်အရေးက ရောက်လာပြီဖြစ်သည်။
ဒီနှစ်၏မတ်လတွင် သူက လူယုတ်မာအနည်းငယ်နှင့်တွေ့ခဲ့ပေသည်။သူတို့ထဲမှ နှစ်ယောက်မှာ သူနှင့်ဆက်ဆံရေးကောင်း၏။ကြီးမားကာ အရပ်ရှည်သည့်ယောက်ျားတစ်ယောက်၊ ငါးခုကကြီးကာ သုံးခုလောက်ကထူထဲသော ကြွက်သားများရှိနေ၏။တစ်ယောက်ကအရပ်ပုသော်ငြား အလွန်ဖျတ်လတ်မြန်ဆန်ကာ နံရံကျော်တက်နိုင်ပြီး သော့ဖျက်တတ်၏။သူတို့၏ဆက်ဆံရေးကြောင့် ထိုသူနှစ်ယောက်က စစ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့၏။သို့သော် စစ်မှုမထမ်းဘဲမနေရသော သုံးနှစ်တာဝန်ထမ်းဆောင်ရန် ကျရှူံးသွားပြီး နှစ်နှစ်အတွက် စစ်တပ်စည်းမျဉ်းများကို မလိုက်နာခဲ့သောကြောင့် အိမ်ပြန်မောင်းထုတ်ခံလိုက်ရပေသည်။
သူတို့ပြန်ရောက်လာပြီးနောက်တွင် အလုပ်သေသေချာချာမလုပ်ကြပေ။စွန့်စားရင်းနှီးခြင်း၊ သေးငယ်သောခိုးမှုများ၊ မရိုးဖြောင့်သောကေဒါများ၏ ကြေးစားအဖြစ်လုပ်ဆောင်ခြင်း အစသဖြင့်လုပ်ကြ၏။ဘယ်လိုဘဲဖြစ်ဖြစ် သူတို့က အကာအရံအမိုးရှိခြင်းကို မကြောက်ကြပေ။
သူတို့က ဖန်းပိရှန်းမှတစ်ဆင့် လက်ထောက်ညွှန်မှူးယန်၏ လိုင်းထဲဝင်ရောက်လာပြီး အလွန်ဂုဏ်ယူနေကြပေသည်။ သူတို့က မတတ်နိုင်ဘဲ ယန်ကျီချန်းကို ချီးမွှမ်းနေကြ၏။နောက်ဆုံးတွင် သူကကောင်ငယ်လေးတစ်ယောက်ဖြစ်နေတုန်းပင်ဖြစ်သည်။
ကောလိပ်ကျောင်းသားများက စိတ်ထဲတွင်အော်ဟစ်နေကြသော်လည်း သူတို့က ယန်ကျီချန်းအား အလွန်မြင့်မားစွာ ချီးမြှောက်ကြကာ သူတို့ကိုအလုပ်အကျွေးပြုကြပြီး တဝမ်တို့သုံးယောက်ကို ကိုင်တွယ်ရန်တောင်းဆိုလိုက်သည်။
ရက်အနည်းငယ်လောက်က ယန်ကျီချန်းက သူတို့နှင့် ချိန်းထားခဲ့၏။ဒီနေ့ကျောင်းဆင်းသောအခါ သူကတဝမ်တို့သုံးယောက်ကို ရန်ဖြစ်ဖို့ အချက်ပြမှာဖြစ်သည်။
သူကကောင်းကောင်း လျို့ဝှက်ထားနိုင်သည်ဟု ခံစားနေရသော်လည်း လွှမ်းမိုးချယ်လှယ်တတ်သောသူတစ်ယောက်က သူ့စိတ်ကိုဟန်မပျက်အောင် ထိန်းထားဖို့ခက်ခဲပေသည်။အထူးသဖြင့် သူကအနိုင်ရမည့်လက်မှတ်ကိုကိုင်ထားသောအခါဖြစ်သည်။သူ၏ဂုဏ်ယူနေသော အမြှီးက ကောင်းကင်ဆီသို့ပျံသွားမတတ်ပင်ဖြစ်နေ၏။
မိုင်စွေ့တို့သုံးယောက်က ယန်ကျီချန်းက လူရမ်းကားနှစ်ယောက်နှင့်အတူရှိနေသည်ကို အကြာကြီးကတည်းသိနေ၏။ယန်ကျီချန်းတစ်ယောက် ဒီနေ့ဘယ်လောက်တောင်ပျော်မြူးနေသည်ကို တွေ့လိုက်ရသောအခါ အားဝမ်ကချက်ချင်းပင် တစ်ခုခုတော့ဖြစ်တော့မည်ဟု ခန့်မှန်းလိုက်သည်။သူက တဝမ်ကိုသွားပြောလိုက်သောအခါ တဝမ်ကလည်း သူသိသည်ဟုပြောလာလေသည်။
ကျောင်းဆင်းသောအခါ ယန်ကျီချန်းနှင့် အခြားသူများက အပြင်ဘက်တွင်ပုန်းကာ စောင့်ကြည့်နေကြ၏။သူတို့ထွက်လာသည်နှင့် စာကိုသွားပေးရန်ပြင်ထားလိုက်သည်။
တဝမ်တို့သုံးယောက်က ထွက်သွားရန်အလျင်မလိုပေ။အတန်းဖော်များ ထွက်သွားသောအခါ သူထရပ်လိုက်ပြီး အိမ်စာလုပ်နေသော မိုင်စွေ့နှင့် အားဝမ်တို့ကိုပြောလိုက်၏
“ သွားကြရအောင် ”
သူတို့သုံးယောက်က ကျောင်းဆင်းလိုက်ကာ ကျောင်းလွယ်အိတ်များကို ထုပ်ပိုးလိုက်ကြသည်။
အတန်းထဲမှထွက်လာပြီးနောက်တွင် တဝမ်က ခေါင်းလှည့်လိုက်ကာ ထောင့်နားမှချောင်းကြည့်နေသော ယန်ကျီချန်းကိုမြင်လိုက်ရ၏။သူက လမ်းလျှောက်သွားလိုက်ကာ သူတို့ကိုလမ်းပိတ်ထားလိုက်သည်။သူကအခု ၁၈၀စင်တီရှိနေပြီဖြစ်ကာ ယန်ကျီချန်းထက်ခေါင်းတစ်လုံးစာ ပိုမြင့်နေပြီး လုံလောက်အောင် ဖိနှိပ်နိုင်သည်ဟု သူ ခံစားလိုက်ရသည်။
ယန်ကျီချန်းက တံတွေးမြိုချလိုက်၏။
“ ဟန်ဝမ်ကော မင်းဘာလုပ်တာလဲ”
တဝမ် :“ မင်းငါတို့ကိုရိုက်ဖို့အတွက် လူရှာထားတယ်ဆို ”
ယန်ကျီချန်း :“ အဓိပ္ပါယ်မရှိတာမပြောနဲ့ ငါ့ကို မစော်ကားနဲ့ ”
ဒါပေါ့ သူထိုအရာကို ဝန်ခံလိုက်လို့မဖြစ်ပေ။
တဝမ်က သူ့ကိုနားမထောင်ဘဲ ကန်လိုက်၏။ယန်ကျီချန်းက တစ်ဖက်ကိုလွင့်ကာ ကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။
“ မင်းအနိုင်ကျင့်တဲ့ကောင် ”
ယန်ကျီချန်းက ဒေါသတကြီးထလာသော်လည်း တဝမ်ကိုရန်မဖြစ်ရဲပေ။သူကအားဝမ်ကိုတောင်မနိုင်တာ၊ ပြီးတော့ သူ့အပေါင်းအသင်းများကလည်း ဝင်ပါရဲမည်မဟုတ်ပေ။သူတို့က ဒီအတိုင်း သူ့ကိုကာကွယ်ကာ နောက်ဆုတ်သွားကြမှာဖြစ်သည်။
မိုင်စွေ့နှင့် အားဝမ်တို့က သူတို့လမ်းကို ပိတ်လိုက်လေသည်။ မိုင်စွေ့က ပြောလိုက်၏။
“ ဘာလို့ပြေးနေရတာလဲ နင်တို့ပဲ ငါတို့ကိုရိုက်နှက်ဖို့ လူရှာထားတာမဟုတ်ဘူးလား ”
ယန်ကျီချန်းက စတင်ပြီး လှည့်ကွက်များကစားလာ၏။
“ နင်တို့အဖေက ပြည်သူ့လုံခြုံရေးဗျုရိုကဖြစ်နေတာနဲ့ဘဲ လူတွေကို အနိုင်လိုက်မကျင့်နဲ့ ”
တဝမ် :“ သွားလေ၊မင်းလူတွေကို သွားတွေ့ရအောင် ”
ယန်ကျီချန်း :“ ဘယ်သူလဲ ဘာမှမရှိပါဘူးဆိုနေမှဘဲ ”
တဝမ်က သူ့ကိုထပ်ကန်လိုက်၏။အားစိုက်မှုအနည်းငယ်မျှ မသုံးထားသော်လည်း ယန်ကျီချန်းက နံရံနှင့်ရိုက်မိသွားကာ သူ့နောက်လိုက်တစ်ချို့က အော်ပြောလာလေသည်။
“ မင်းတို့တွေ အနိုင်မကျင့်နဲ့နော် ”
တဝမ်က သူ့အားဖိအားများဖြင့် ကြည့်လိုက်ပြီး သူ့မျက်လုံးက ထိုးဖောက်မတတ်ပင်ဖြစ်နေလေသည်။
“ ငါ့ကိုလှုပ်ရှားရအောင် မလုပ်နဲ့နော် နာမည်တွေပေး ”
နောက်လိုက်အနည်းငယ် : တကယ်လို့ မင်းကခြေထောက်တွေနဲ့လှုပ်ရှားလိုက်ရင်လည်း ထည့်မတွက်ဘူး ဟုတ်တယ်မလား။
Xxxxxxx