Part 729
ယန်ကျီချန်းက မပြေးနိုင်တော့ပေ။သူတို့နှစ်ယောက်ကို သူစာသွားပို့ရန် အချိန်မရတော့ပေ။ထို့ကြောင့် သူကနံရံတွင်လဲနေပြီး အလွန်အမောတကောပင် ကုတ်ခြစ်နေလေသည်။
“ အနိုင်ကျင့်နေပါတယ်၊ အနိုင်ကျင့်နေပါတယ်ဗျို့ ”
အခြားကျောင်းသားတစ်ယောက်က ကြောက်ရွံ့သွား၏။
“ တစ်ယောက်က ဝမ်တပန်လို့ခေါ်ပြီး နောက်တစ်ယောက်က ဟန်ရှူကန်းပါ ”
တဝမ် :“ ဘယ်ကသူတွေလဲ ”
“ ဟုတ်၊ အဲ့ဒါကအနောက်ဘက်က ဟုန်နျိုးထောင်ရွာကပါ ”
တဝမ် :“ ကျေးဇူးဘဲ ”
သူက မိုင်စွေ့နှင့် အားဝမ်ကိုပြောလိုက်၏။
“ မင်းတို့နှစ်ယောက် အရင်ပြန်နှင့်လိုက် ”
နှစ်ယောက်က သဘာဝကျစွာပင် ငြင်းဆန်လိုက်ကြကာ တဝမ်ကလည်း ဘာမှမပြောလိုက်တော့ပေ။
ဒီလိုကျေးလက်မှလူရမ်းကားမျိုးက သိပ်မတော်ဘူးဆိုတာ သူသိပေသည်။မဟုတ်လျှင် လော်ဟိုင်ချန်းက အစောကတည်းက ဂရုစိုက်နေပြီဖြစ်သည်။သို့သော် ယန်ကျီချန်းက သူတို့ကိုကိုင်တွယ်ဖို့ တစ်ယောက်ယောက်ကိုပြောထားပေသည်။အကယ်၍ သူကတစ်ခါတည်းမဖြေရှင်းလိုက်ပါက အနာဂတ်တွင် သူပိုပြီးဖြေရှင်းရကာ အားဝမ်နှင့် မိုင်စွေ့တို့၏ စာလေ့လာမှုကို နှောင့်နှေးစေလိမ့်မည်။
တဝမ်က ထိုသူများအား တစ်ညသိပ်ထားချင်မနေတော့ပေ။
တဝမ်က သူ့အစွမ်းပြချင်သည်ကို ကြားလိုက်ရသောအခါ ယန်ကျီချန်းက အပျော်လွန်သွားလေသည်။
“ အဲ့ဒါက ငါတစ်ယောက်ယောက်ကို မင်းကိုရိုက်ခိုင်းတာမဟုတ်ဘူးနော် ၊ မင်းကိုယ်တိုင်က အရိုက်ခံဖို့သွားနေတာဘဲ”
တဝမ်က သူ့ကိုခေါင်းဆတ်ပြလိုက်သည်။
“ လမ်းပြ ”
ယန်ကျီချန်းက ချက်ချင်းပင် စိတ်ကြီးဝင်ကာ ရှေ့မှလျှောက်သွားပြီး လမ်းပြလိုက်သည်။ဟမ့် ၊ငါမင်းကို သေအောင်မရိုက်နိုင်ဘူး ။
သူတို့ကျောင်းဝင်းထဲမှ မထွက်လာခင် ဝမ်တပန်နှင့် ဟုန်ရှူကန်းတို့က လမ်းတစ်ဖက်တွင်ရှိနေသည်ကို မြင်ခဲ့ပေသည်။
သူတို့နှစ်ယောက်က လက်များကိုပွတ်တိုက်လိုက်ကြသည်။
“ ကောင်လေး မင်းကအံ့ဩဖို့တော့ ကောင်းသား ”
တဝမ် :“အပြင်သွားမယ် ”
ယန်ကျီချန်းက သူလူတွေကိုမရှာခဲ့ဘူးလို့ ထပ်မပြောလာတော့ဘဲ ချက်ချင်းပင် အားပေးရန် အပြေးသွားလိုက်သည်။
“ သွားရအောင် ”
မိုင်စွေ့နှင့်အားဝမ်တို့က တဝမ်အပေါ်ယုံကြည်ချက်ရှိပေသည်။
တဝမ်က နယ်မြေဆိုင်ရာစစ်တပ်သို့သွားခဲ့ရာ ပထမလအနည်းငယ်တွင် သူပြန်ရောက်လာသောအချိန်တိုင်း၌ ဒဏ်ရာရနေခဲ့၏။နှစ်သစ်ကူးနောက်ပိုင်းတွင်မူ ဒဏ်ရာအနည်းငယ်သာရလာပြီး အထူးသဖြင့် ပြီးခဲ့သည့်သုံးလတွင် သူကဘာဒဏ်ရာမှရမလာခဲ့ပေ။
သူတို့က တဝမ်သူတို့အဖေနှင့် တိုက်ခိုက်တာကိုလည်းမြင်ဖူးပေသည်။အတိတ်တွင် သူကဟန်ချင်စုန့်လက်ထဲ၌ တစ်လှည့်ပြီးအောင် လျှောက်မနေနိုင်ပေ။သို့သော်ဒီနှစ်ထဲတွင် သူကကောင်းမွန်လာပေသည်။ဒါပေါ့ ဟန်ချင်စုန့်ကလည်း သူ့ခွန်အားတစ်ဝက်ကို လျှော့ထားရတာပေါ့။
အရင်တုန်းက မိုင်စွေ့နှင့်အားဝမ်က တဝမ်ဘယ်လောက်အားကြီးသည်ကို မသိခဲ့ကြပေ။သူတို့က စမ်းကြည့်ချင်ကြကာ တဝမ်မြင်းထိုင်ထိုင်နေသောအချိန်တွင် အတူသွားလိုက်ကာ သူ့ကိုဆွဲချဖို့လုပ်လိုက်ကြ၏။ဘယ်သူသိမှာလဲ တဝမ်က လက်တစ်ဖက်ထဲနှင့်ပင် ကိုင်တွယ်လိုက်ကာ မိုင်စွေ့ကို ဘာအားမှစိုက်မထုတ်လိုက်ရဘဲ လဲကျသွားစေပြီး အားဝမ်ကလည်း ငါးစက္ကန့်တောင် မခုခံနိုင်ဘဲ မြေကြီးပေါ်ကျသွားလေသည်။
သူတို့အကိုကြီးက တကယ်အားကြီးသည်ဆိုတာ သိသော်လည်း သူကအလွန်သန်မာနေရုံသာမက သူ့စွမ်းရည်များကိုလည်း ကောင်းကောင်းလေ့ကျင့်ထားပေသည်။
မိုင်စွေ့က သူ့အကိုကြီးလွယ်အိတ်ကိုပိုက်ထားကာ နှစ်ယောက်သား သိပ်မဝေးသောနေရာတွင် ရပ်လိုက်ကြသည်။
ယန်ကျီချန်းနှင့် လူအနည်းငယ်က ဘေးတွင်ဂုဏ်ယူစွာရပ်လိုက်ကြ၏။
“ အကိုဝမ် ကြိုဆိုပါတယ် ”
သူကတိတ်တဆိတ်အမူအရာပြလိုက်သည်။အကယ်၍ အကိုဝမ်သာ တဝမ်ကိုနိုင်ပါက သူ့ကိုငါးယွမ်ပေးမှာဖြစ်သည်။
ဝမ်တပန်က သူ့အသားကပ်စွပ်ကျယ်ကို ဆွဲဖြဲကာ မြေကြီးပေါ်ပစ်ချလိုက်ပြီး သူ၏လေ့ကျင့်ထားသောရင်အုပ်များနှင့် သန်မာသောဗိုက်သားများကိုဖော်ပြလိုက်ပြီး သူ့ရင်အုပ်များကို လက်သီးဖြင့်ထိုးလိုက်သည်။သူကတဝမ်နှင့် အရပ်တူတူဖြစ်သော်ငြား သူက ကြီးမားသောလက်မောင်းနှင့် လုံးဝန်းသောခါးရှိကာ သစ်သားတိုင်ကြီးတစ်ခုကဲ့သို့ပင် တဝမ်ထက်နှစ်ဆလောက်ကြီးမားနေ၏။
“ ကောင်လေး ငါမင်းကိုအနိုင်ကျင့်တယ်လို့တော့ မပြောနဲ့နော် တကယ်လို့ မင်းငါ့ကိုမနိုင်လို့ကတော့ မင်းအဖေကိုသာ သွားရှာလိုက်တော့ ”
တဝမ်က သူ့အင်္ကျီလက်များကို လိပ်လိုက်ကာ သူ၏လှပသောကြွက်သားလိုင်းများနှင့် လက်ဖျံကြွက်သားများကိုဖော်ပြလိုက်သည်။သူ၏လက်ဖျံက သာမာန်လူများထက် ပိုရှည်ပေသည်။
“ မင်းကိုရိုက်ဖို့ ငါ့အဖေကိုခေါ်စရာမလိုပါဘူး ”
ဝမ်တပန်က တဟားဟားရယ်ကာ ပုံစံတစ်ခုလုပ်လိုက်၏။
သူကစစ်သားတစ်ယောက်ဖြစ်ခဲ့သည်ကို တဝမ်သိပေသည်။အပေါ်ယံတွင် ဂရုမစိုက်သော်လည်း သူ့ရင်ထဲတွင်မူ သတိအပြည့်ရှိနေ၏။
ဝမ်တပန်က အခုလေးတင် သူ့ရင်ဘတ်ကို မျောက်ဝံတစ်ကောင်ကဲ့သို့ တဖုန်းဖုန်းထိုးလိုက်ကာ ရုတ်တရက်ပင် သူကတဝမ်ခေါင်းကို လေလိုဘဲ ထိုးလာလေသည်။ သူကလျင်မြန်သော်လည်း တဝမ်က သူ့ထက်ပိုမြန်မြန်လှုပ်ရှားနိုင်၏။သူ၏ဘယ်လက်ကိုခုခံရန်ကွေးလိုက်ကာ သူ့ညာခြေထောက်ကို ရန်သူ၏ကိုယ်အောက်ပိုင်းသို့ ကန်လိုက်သည်။ နှစ်ယောက်က တခနအတွင်းမှာပင် တိုက်ခိုက်ကြလေသည်။
လက်သီးထိုးလိုက်၊ကန်လိုက်ဖြင့် တဝမ်၏လှုပ်ရှားမှုများက မြန်ဆန်ကာ အရိုင်းဆန်၏။ ဝမ်တပန်က အလွန်မဖျတ်လတ်သော်ငြား သူ့လက်သီးများက လေးလံကာ သူ၏ကြမ်းတမ်းကာအရေထူသောကိုယ်က အနာခံရတာမကြောက်ပေ။
မင်းသူ့ကိုအနိုင်ချင်ပါက သူ့ပျော့ကွက်များကိုသာ တိုက်မှရပေမည်။
သူကစစ်သားကောင်းတစ်ယောက်ဖြစ်နေသော်ငြား တဝမ်ကသူ့အားနည်းချက်များကို ရှာရန်လွယ်ကူ၏။ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ကနေရာတစ်ခုတည်းမှ ထွက်လာကြတာဖြစ်သည်။
မျက်စိတမှိတ်အတွင်းမှာဘဲ လှုပ်ရှားမှုဒါဇင်လောက်ပြုလုပ်သွားကာ တဝမ်က ကွာဟနေမှုကိုတစ်ချက်ကြည့်လိုက်ပြီး ဝမ်တပန်၏ခြေကျင်းဝတ်ကို ကန်လိုက်သည်။ ဝမ်တပန်က နာကျင်မှုကြောင့် အော်လိုက်ကာ တဝမ်ခါးပတ်ကို ဆွဲလိုက်ပြီး ခြေထောက်တစ်ဖက်ကို ဖက်ထားလိုက်သည်။သူကတဝမ်ကိုမကာ လွင့်ပစ်ချင်နေတာဖြစ်သည်။
လျင်မြန်သောပြိုင်ဘက်များအတွက် သူကသဘာဝကျစွာပင် ပြိုင်ဘက်၏အရှိန်ကို ကန့်သတ်ရမည်ဖြစ်သည်။
တဝမ်က အထိတ်တလန့်မဖြစ်သွားဘဲ ရုတ်တရက်ထခုန်လိုက်ကာ သူဖက်ထားခံရသောခြေထောက်ဖြင့် ဝမ်တပန်ဒူးကိုကန်လိုက်ပြီး အခြားတစ်ဖက်ဖြင့်လည်း ဝမ်တပန်ကိုထကန်လိုက်၏။ ထိုကန်ချက်က ဝမ်တပန်၏မျက်နှာကို ဖောင်းခနဲရိုက်မိသွားကာ ကန်ချက်တစ်ခုဖြင့် ဝမ်တပန်အား အဝေးကိုကန်ထုတ်လိုက်လေသည်။
ထို့နောက် သူကသွက်လက်ကျွမ်းကျင်စွာ ခြေချလိုက်ပြီး မြေကြီးအား ဒူးတစ်ဖက်ထောက်ထိထားလိုက်ကာ ဝမ်တပန်အား ခြေလှမ်းအနည်းငယ်အဝေးရောက်သွားအောင် သိမ်းကျုံးကန်လိုက်၏။
“ အားးအီးး” ဝမ်တပန်၏နှာခေါင်းက ခနလောက်နာကျင်လာကာ ချက်ချင်းပင် နှာခေါင်းသွေးနှစ်ကြောင်းစီးကျလာလေသည်။
သူသုတ်လိုက်သောအခါ သူ့လက်ထဲတွင် သွေးများကိုမြင်လိုက်ရ၏။
“ အားးငါမင်းကိုရိုက်မယ် ”
သူက တဝမ်ဆီသို့ အပြေးသွားလိုက်သည်။
တဝမ် :“ ရပ်လိုက် ”
ဝမ်တပန်က တခနလောက်ထိတ်လန့်သွား၏။
“ မင်းဘာလုပ်ချင်တာလဲ ”
တဝမ် :“ သွားပြီးတော့ ခင်ဗျားသွေးတွေကိုအရင် ဆေးလိုက် ”
သွေးတွေက သူ့အင်္ကျီပေါ်ပေသွားလျှင် လျှော်လို့ရမည်မဟုတ်ပေ။ဒီရှပ်အင်္ကျီက သူ့မားမား သူ့အတွက်လုပ်ထားပေးတာဖြစ်သည်။ညစ်ပတ်သွား၍မရပေ။
Xxxxxx
Part 730
ဝမ်တပန်က ဒေါသတကြီးအော်ဟစ်လိုက်၏။သူက အမွှေးအတောင်မစုံသော ကောင်လေးတစ်ယောက်ကို မရိုက်နိုင်ခဲ့ပေ။ဘာလို့သူက အရူးလုပ်နေရမှာလဲ။သူက တဝမ်ဆီပြေးဝင်သွားကာ အရှုံးမပေးခင် တမင်သက်သက်သူ့သွေးများကို ပွတ်သွားလိုက်၏။
တဝမ်က နေရာမှာတစ်ပတ်လှည့်လိုက်ကာ တိုက်ခိုက်မှုကိုရှောင်လိုက်ပြီး ဝမ်တပန်၏စွပ်ကျယ်ကိုဆွဲလိုက်၏။ဝမ်တပန်က ၎င်းအားပြန်ဆွဲလာသောအခါ သူကတိုက်ရိုက်ပင် ထိုသူလက်များကိုပတ်လိုက်၏။ခလုတ်ကန်သင်းတစ်ခုက ဝမ်တပန်ခြေထောက်အောက်တွင်ရှိနေကာ ယိုင်သွားပြီး သူ့လက်များကပါလာလေသည်။သူက အခွင့်ကောင်းယူကာ ဝမ်တပန်လက်ကိုနောက်ပြန်ဆွဲလိုက်ပြီး ခေါက်ထားလိုက်၏။
“ ဖုန်းးး” ဝမ်တပန်က မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။
တဝမ်က သူ့လက်ကိုဆွဲလိုက်ကာ သူ့နှာခေါင်းသွေးများကို ဖြစ်သလိုဆွဲသုတ်လိုက်၏။ထို့နောက် လျော့ကျနေသော ခါးပတ်ကိုယူလိုက်ကာ ဝမ်တပန်၏လည်ပင်းတစ်ဝိုက်ပတ်ထားလိုက်သည်။အထည်စချွေတာရန်အတွက် စွပ်ကျယ်ကိုအရှေ့နှင့်အနောက်တွင် နှစ်ပိုင်းခွဲထားကာ ပုခုံးနှင့် လက်မောင်းအောက်များတွင် လျှော်ကြိုးများဖြင့် ဝတ်ထား၏။ထိုအရာက တဝမ်အတွက် ဝမ်တပန်ကို ကြိုးချည်ရန် အဆင်ပြေသွား၏။
ဝမ်တပန်က ရုန်းကန်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဟုန်ရှူကန်းတွေဝေသွားကာ ကူပေးဖို့လာချင်သော်လည်း တဝမ်၏ထက်ရှသောမျက်လုံးများကို မြင်လိုက်ရသောအခါ သူ့စိတ်ကိုပြောင်းလိုက်သည်။
တဝမ်က ထိုလူသူ့နားမလာရဲဘူးဆိုတာသိကာ ဟုန်ရှူကန်းအား တစ်ချက်ကြည့်လိုက်၏။ထို့ကြောင့် သူကဘယ်လက်ဖြင့် ဓားကိုဆွဲလိုက်ကာ ဝမ်တပန်၏ မေ့ကြောသွေးကြောမကြီးကို ဖြတ်ဆွဲလိုက်ပြီး အေးစက်စွာပြောလိုက်၏။
“ မင်းတော့ သေပြီဘဲ ”
ဝမ်တပန်က တကယ်ပင် တုန်ယင်လာသည်မှာ သူကဓားထိုးခံလိုက်ရသကဲ့သို့ပင်ဖြစ်သည်။
တဝမ်က ထရပ်လိုက်ကာ ဘေးတွင်ရှိနေသော ဟုန်ရှူကန်းကိုပြောလိုက်၏။
“ ခင်ဗျားအလှည့်ဘဲ ”
ဟုန်ရှူကန်းက ပြုံးလိုက်ကာ သူ့လက်များကို ထပ်ခါထပ်ခါယမ်းပြလိုက်ပြီး အလျင်အမြန်ပင် ရှင်းလင်းပြလာ၏။
“ အထင်လွှဲတာပါ ၊ကျွန်တော့်အကိုကြီးက မင်းကတော်တယ်လို့ပြောတာကြားဖူးတော့ တွေ့ဖို့လာခဲ့တာပါ ။မင်းက ညွှန်မှူးဟန်ရဲ့သားလေ ။ဘယ်သူက မင်းကိုရိုက်ရဲမှာလဲ။ ဘာကိစ္စမှမရှိပါဘူး တခြားအရာတွေကို နားမထောင်ပါနဲ့ လူတွေကဒီတိုင်း အဓိပ္ပါယ်မရှိတာတွေ ပြောနေကြတာ ”
သူက အလျင်အမြန်ပင် ဝမ်တပန်ကို ကြိုးဖြည်ပေးရန် လာလိုက်သော်လည်း ဘယ်လိုဘဲဖြစ်ဖြစ် ဖြည်လို့မရတာကြောင့် လျှော်ကြိုးများကို ဖြတ်လိုက်သည်။
ဝမ်တပန်က ထရပ်လာ၏။
“ ကောင်လေးမင်း ...”
တဝမ် :“ လှည့်ကွက်တွေမကစားနေနဲ့ လာခဲ့လေ ”
ဝမ်တပန်က ပါးစပ်ပိတ်သွား၏။
တဝမ်က ယန်ကျီချန်းကို လှည့်ကြည့်လိုက်သည်။
“ မင်း ”
ယန်ကျီချန်း :“ ငါကဘာဖြစ်လို့လဲ ငါကဒီအတိုင်းပျော်စရာကြည့်နေတာ ”
ဟုန်ရှူကန်းက ဝမ်တပန်ကိုဆွဲကာ အမြန်ထွက်သွားလိုက်သည်။
“ ဘာမှမဟုတ်ပါဘူး၊ ငါတို့က မင်းကို အခုရောနောင်ရော ဘယ်တုန်းကမှ လာမရှာချင်ခဲ့ဘူး အရင်ဆုံးခြေတစ်လှမ်းလောက်ဆုတ်လိုက်ကြရအောင် ”
နှစ်ယောက်သား ထွက်ပြေးသွားကြ၏။
ယန်ကျီချန်းလည်း ထွက်ပြေးချင်သော်ငြား မိုင်စွေ့နှင့်အားဝမ်တားတာကို ခံလိုက်ရ၏။
“ ဘာလို့ပြေးနေတာလဲ ”
ယန်ကျီချန်း :“ငါတကယ်ဘဲ....”
သူကရုတ်တရက်ပင် မျက်ရည်များထွက်ကျလာလေသည်။
“ ငါတောင်းပန်ပါတယ် ငါတောင်းပန်ပါတယ် ငါဒီလိုမျိုးထပ်မလုပ်ရဲတော့ပါဘူး ”
တဝမ်က သူ့ခြေထောက်ကို မြှောက်လိုက်၏။သို့သော် သူမလှုပ်ရသေးခင်မှာဘဲ ယန်ကျီချန်းက မြေကြီးပေါ်ထိုင်ချလိုက်လေသည်။တဝမ်က သူကြောက်နေတာကို သိလိုက်၏။အနာဂတ်တွင် သူက မိုင်စွေ့ကို အနိုင်ကျင့်ရဲတော့မည် မဟုတ်ပေ။
“ အတန်းဖော်တွေကို ထပ်ပြီးအနိုင်မကျင့်နဲ့တော့ ”
တဝမ်က အေးစက်စွာပြောလိုက်၏။
ယန်ကျီချန်း :“...ငါသိပါပြီ ”
တဝမ်က လှည့်သွားကာ မိုင်စွေ့နှင့် အားဝမ်ဆီသွားလိုက်ပြီး မိုင်စွေ့လက်ထဲမှ ကျောင်းလွယ်အိတ်ကိုယူလိုက်သည်။
မိုင်စွေ့ :“ အကိုကြီးကတော့ တော်ပြီးရင်း တော်လာတော့တာဘဲ ”
အားဝမ်က ညွှန်ပြလိုက်၏။
“ အကိုကြီး အဲ့ဒါကို ဘယ်လိုချည်လိုက်တာလဲ ”
အဲ့ဒါက မယုံနိုင်စရာဟု သူတွေးလိုက်မိသည်။ဘယ်လိုဖြစ်ပြီး အကိုကြီးက ဒီလိုအဝတ်စတစ်ခုကိုသုံးပြီး ဟိုလူလက်တွေကို လည်ပင်းနားမှာ ချည်လိုက်နိုင်တာလဲ။ ရုန်းလို့လည်းမရဘူး။
တဝမ် :“ နောက်နေ့ကျ မင်းကိုသင်ပေးမယ် ”
မိုင်စွေ့က သူ့ခေါင်းကိုမြှောက်ကာ အနောက်ဘက်ကောင်းကင်ရှိ နေဝင်နေတာကို တစ်ချက်ကြည့်လိုက်သည်။
“ သွားပြီပဲ နေဝင်နေပြီ ”
ဤရာသီ၌ ခြောက်နာရီခွဲလောက်တွင်နေဝင်ကာ သူတို့က ပုံမှန်ထက် တစ်နာရီနောက်ကျကာ အိမ်ပြန်ရောက်လာခဲ့ကြ၏။
တဝမ် ထိုအရာကိုကြားလိုက်သောအခါ သူက မိုင်စွေ့လွယ်အိတ်ကို လွယ်လိုက်ပြီး ပြေးထွက်သွား၏။အားဝမ်နှင့် မိုင်စွေ့တို့လည်း အလျင်အမြန်ပြေးလိုက်သွားကြလေသည်။
မောင်နှမသုံးယောက်က တတ်နိုင်သမျှမြန်မြန်အိမ်သို့ ပြန်လာခဲ့ကြရာ အဝေးမှ ပုလွေသံတစ်ခုကိုကြားလိုက်ရလေသည်။ရှောင်ဝမ်၏ကိုယ်ပိုင်သီချင်းဖြစ်သော အေးမြသောနွေရာသီ သီချင်းများကို တီးမှုတ်နေတာဖြစ်သည်။ပုလွေသံထဲတွင် ပုစဉ်းရင်ကွဲသံများ၊ ဖားအော်သံများနှင့် စန်းဝမ်နောက်လိုက်တတ်သော ဘဲငန်းကြီးတစ်ကောင်အသံတို့ ပါဝင်နေ၏။ပုလွေအသံများက နားဝင်ချိုပြီးလှပကာ တစ်ခါတလေတွင် ဆိုးသွမ်းကာ လျင်မြန်သွားတတ်၏။
ထို့နောက်က သူတို့က လမ်းမဘေးရှိသစ်ပင်အောက်တွင် ထိုင်နေသော လင်းလန်နှင့် ရှောင်ဝမ်ကိုမြင်လိုက်ရ၏။ရှောင်ဝမ်က ပုလွေမှုတ်နေပြီး လင်းလန်က တေးသွားမှုတ်နေ၏။သူတို့ပြန်လာသည်ကို မြင်သောအခါ လင်းလန်က လက်ရမ်းပြလာ၏။
သူတို့က တစ်လမ်းလုံးမရပ်ဘဲ ပြေးလာခဲ့ကြတာဖြစ်သည်။တဝမ်က အဆင်ပြေသော်ငြား မိုင်စွေ့နှင့်အားဝမ်တို့က အနည်းငယ်အမောဆို့နေကြပြီဖြစ်၏။
လင်းလန်က လက်ကိုင်ပုဝါထုတ်ကာ သူတို့ချွေးများကို သုတ်ပေးလိုက်သည်။
“ ဘာလို့ ဒီလောက်အလျင်စလိုပြေးလာရတာလဲ ”
မိုင်စွေ့နှင့်အားဝမ်က တံတွေးမြိုချလိုက်ကာ စကားမပြောနိုင်ပေ။
တဝမ်က သူ့နဖူးမှ ချွေးများကိုသုတ်လိုက်၏။
“ တစ်ခုခုဖြစ်နေခဲ့လို့ပါ ”
လင်းလန်က သူ့ကိုကြည့်လိုက်၏။
“ ရန်ဖြစ်ခဲ့တာလား ”
မိုင်စွေ့နှင့်အားဝမ်က အနည်းငယ်စိတ်လှုပ်ရှားနေကြ၏။သူတို့မားမားက ဒေါသထွက်သွားပြီး အကြီးဆုံးအစ်ကိုကို ရိုက်လိုက်မှာကြောက်နေကြသည်။
တဝမ်က မငြင်းဆန်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
လင်းလန်က ခပ်မြန်မြန်ပင် သူ့လက်မောင်းကိုဆွဲလိုက်ကာ စစ်ဆေးကြည့်ဖို့ အရှေ့အနောက်လှည့်ကြည့်လိုက်သည်။ထို့နောက် တဝမ်ကုတ်အင်္ကျီ၏ အနားခေါက်များကိုလည်း မ ကြည့်လိုက်ပြီး တဝမ်မျက်နှာကိုကြည့်ရန် ခြေဖျားထောက်လိုက်၏။
“ ဒဏ်ရာမရခဲ့ဘူးမလား ”
တဝမ်၏မျက်လုံးများက သူကိုယ်တိုင်ပင်သတိမမူမိစွာ သိမ်မွေ့သောအလင်းကို ထုတ်ဖော်ပြလာပြီး ခေါင်းခါပြလိုက်၏။
“ မရခဲ့ဘူး ”
ရှောင်ဝမ်က ပြုံးကာပြောလာလေသည်။
“ အစ်ကိုကြီး ဒဏ်ရာရလို့မဖြစ်ဘူးနော် မားမားက အစ်ကိုကြီးကိုအရမ်းချစ်တာ”
တဝမ်က သူ့ခေါင်းကိုဆွဲဖွလိုက်ကာ သူ့လက်သေးသေးလေးကိုဆွဲပြီး အိမ်ပြန်သွားလိုက်သည်။
Xxxxx