အပိုင်း (၇၅)
Viewers 12k

Part-75


ကျိယန်နှင့်ကုကျန်းအန်းတို့ဆေးရုံကိုရောက်သည့်အချိန်၌ ထန်ထန်နှင့်ကျီယွဲ့တို့၏စစ်ဆေးမှုကပြီးဆုံးသွားလေပြီ။ထန်ထန်လဲသူမခဏသတိလစ်မေ့မြောသွားရာမှပြန်လည်နိုးလာပြီးယခု၌ဆေးချိတ်ထားပေသည်။


"မင်းဘယ်လို‌နေသေးလဲ..."


ကုကျန်းအန်း၏နဖူး၌ချွေးများစို့နစ်နေပြီးဂရုတစိုက်ဖြင့်မေးလိုက်သည်

ကျီယွဲ့၏မျက်နှာလေးပေါ်၌ခြစ်ရာများနှင့်ယောင်ယမ်းမှုများကိုမြင်လိုက်ရသည့်အချိန်၌ သူ့၏နှလုံးသားနာကျင်ကိုက်ခဲသွားလေသည်။


ကျိယန်၏အခြေအနေကလဲသူ့ထက်ကောင်းမနေပေ။ သူ့၏ဆောင်းတွင်းဝတ်အနွေးထည်မှချွေးများပင်စီးကျနေသည်။


ထန်ထန်၏နဖူးပေါ်မှပတ်တီးကိုမြင်လိုက်ရသည့်အချိန်၌သူ့လက်များကထိန်းမရနိုင်လောက်အောင်တုန်ရီနေပေသည်။သူ့လက်များကထန်ထန်၏မျက်နှာလေးကိုညင်သာစွာထိတွေ့လိုက်သည်ကျီယွဲ့သူတို့နှစ်ယောက်၏အသွင်အပြင်ကိုမြင်လိုက်သည့်အချိန်၌ သူတို့အလွန်ကြောက်ရွံ့ထိတ်လန့်ခဲ့ကြောင်းသိလိုက်လေသည်။

ထို့ကြောင့်သူအခြေအနေကိုရှင်းရှင်းလင်းလင်းသိရအောင်ပြောပြလိုက်သည်။


"ကျွန်မတို့အဆင်ပြေပါတယ်...ဆရာဝန်ကလဲကျွန်မတို့ကိုအားလုံးစစ်ဆေးပြီးသွားပြီ...အပြင်ဒဏ်ရာလေးနဲနဲပဲရတာရက်အနဲငယ်လောက်အနားယူလိုက်ပြီးတာနဲ့ကောင်းသွားလိမ့်မယ်...စိတ်မပူနဲ့..."


ထန်ထန်ကလဲ ကျိယန်ကိုညင်သာစွာပြုံးပြလိုက်ပြီးပြောလိုက်သည်။


"အချစ်ရေကျီယွဲ့ပြောတာအမှန်ပါပဲ...ကျွန်မအဆင်ပြေတယ်...ခေါင်းကဒဏ်ရာကလမ်းမနဲ့ရိုက်မိသွားတဲ့အတွက်ဖြစ်သွားတာပါအဲ့တာကလဲ နှစ်ရက်လောက်ကြာရင်ကောင်းသွားပါလိမ့်မယ်...မကြောက်နဲ့တော့နော်..."


"အင်း..."


ကျိယန်အသံနိမ့်နိမ့်ဖြင့်တုံ့ပြန်လိုက်သည်။ သို့သော်လဲ သူ့၏နက်ရှိုင်းလှသောမျက်ဝန်းအကြည့်များက သူမခေါင်းပေါ်ရှိပတ်တီးကိုအကြည့်မလွှဲပေ။


အမျိုးသမီးနှစ်ယောက်လုံးအဆင်ပြေကြောင်းစစ်ဆေးပြီးသွားမှ ကုကျန်းအန်းကကျိယန်ကိုစောင့်ခိုင်းထားလိုက်ပြီး မတော်တဆဖြစ်မှုကို‌ဖြေရှင်းရန်အပြင်သို့ထွက်သွားလိုက်သည်။


သူတို့ဆေးသွင်းမှုပြီးဆုံးသွားသည်နှင့် ကျိယန်ကအမျိုးသမီးနှစ်ယောက်လုံးကိုစစ်ဆေးရုံသို့ပြောင်းရွေ့လိုက်သည်။


အဘိုးကျိနှင့်ကလေးများကလဲသူတို့ကိုစိတ်ပူစွာဖြင့်စောင့်ဆိုင်းနေကြလေသည်။သူတို့ပြန်လာသည်ကိုမြင်လိုက်သည်နှင့်ကလေးနှစ်ယောက်ကအလျင်စလိုပင်ပြေးလာကြပြီး

ထန်ထန်၏ခြေထောက်တဖက်စီကိုဂရုတစိုက်ဖြင့်ဖက်ထားလိုက်ကြသည်။ ထို့နောက်သူမကိုစိုးရိမ်မှုအပြည့်ဖြင့်ကြည့်နေကြ၏။ကျိရှောင်ကျိုး၏မျက်လုံးဝိုင်းလေးများထဲ၌မျက်ရည်များပြည့်လျှံနေသည်။

 

"မာမီအဆင်ပြေရဲ့လားဟင်...နာနေသေးလား..."


ထန်ထန်ခါးညွတ်၍ကလေးနှစ်ယောက်ကို‌ပွေ့ဖက်လိုက်ပြီး သူ့၏ဆေးရုံပူပန်မှုများကိုပယ်ဖျောက်ပေးလိုက်သည်။


"မာမီကမနာပါဘူး...မာမီကဒဏ်ရာသေးသေးလေးပဲရသွားတာ...အဲ့တာလဲနောက်နှစ်ရက်လောက်နေရင်ပျောက်သွားမှာ အဲ့တာကလေပေါင်ပေါင်တို့ကစားရင်းချော်လဲတဲ့အခါကျရင်ခြစ်မိသလိုမျိုးပဲ..."


ထန်ထန်၏ရှင်းပြမှုကြောင့် ကလေးနှစ်ယောက်စိတ်သက်သာရာရသွားပြီးမျက်ဝန်းထဲမှမျက်ရည်များပျောက်ကွယ်သွားလေသည်။အနောက်တွင်ရပ်နေသောဘိုးဘိုးကျိက သက်ပြင်းတချက်ချလိုက်ပြီးထန်ထန်တို့နှစ်ယောက်ကိုသတိပေးလိုက်သည်။


"မိန်းကလေးနှစ်ယောက်ကတော့လေဂရုမစိုက်ဘူး...အခုကနေစပြီးနောက်တခါလမ်းကူးတော့မယ်ဆိုရင်သေချာကြည့်ရမယ်...လမ်းရှင်းနေပြီဆိုမှကူးရမယ်ဟုတ်ပြီလား..."


ကျီယွဲ့လဲထိုကိစ္စအတွက်အနဲငယ်ကူကယ်ရာမဲ့မှုမျိုးခံစားရသည်။


"အဖိုး အဲ့ဒီကားကလေရုတ်တရက်ကြီးဘယ်ကနေထွက်လာမှန်း ကျွန်မတို့မသိလိုက်ဘူး...တော်သေးတာပေါ့ ကျွန်မတို့မြန်မြန်နောက်ဆုတ်လိုက်နိုင်လို့အဲ့လိုမှမဟုတ်ရင် ကျွန်မတို့နှစ်ယောက်လုံးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလောက်တယ်..."


ထန်ထန်လဲသူမတို့အလွန်ကံကောင်းသွားသည်ဟုခံစားမိလေသည် အဖိုးကျိကလက်ကိုဝှေ့ယမ်းရင်းထပ်ပြောလိုက်သည်။


"ဒဏ်ရာပြင်းပြင်းထန်ထန်မရတာပဲ ကျေးဇူးတင်ရမယ်...တော်ပြီဒီအကြောင်းကိုထပ်မပြောတော့ဘူး...အခုကနေစပြီးတော့နောင်အနာဂတ်မှာပိုပြီးတော့ဂရုစိုက်ကြဖို့ပဲ..."


ထန်ထန်နှင့်ကျီယွဲ့တို့နှစ်ယောက်အလျင်အမြန်ပင်ခေါင်းညိမ့်ကြလိုက်ကြသည်။သူမတို့လဲလမ်းကူးလျှင်လမ်းရှင်းကြောင်းသေချာမှသာလျှင်ကူးပေတော့မည် ထိုသို့မှမဟုတ်လျှင်သူတို့ကအကြောက်လွန်ပြီးနှလုံးရောဂါဖြင့်သေသွားပေလိမ့်မည်။သူတို့၏နှလုံးသားကနောက်တချိန်အတွက်ခံနိုင်ရည်ရှိ‌တော့မည်မဟုတ်ပေ၊

ကျိယန်က ဘယ်သူမှသတိမပြုမိခင်မှာပင်ကုကျန်းအန်းကိုအကြည့်တချက်ပင့်လိုက်ပြီးနှစ်ယောက်သားကော်ရီဒါဆီသို့လျှောက်ထွက်သွားလိုက်သည်။


"ကိစ္စကဘယ်လိုဖြစ်သွားလဲ..."


ကုကျန်းအန်းကကျိယန်၏အမေးကိုမဖြေသေးပဲ အိတ်ထဲမှစီးကရက်တလိပ်ကိုထုတ်ယူလိုက်သည်။သူကျိယန်ဆီလဲတလိပ်ကမ်းပေးလိုက်ပြီးနောက် စီးကရက်နှစ်လိပ်လုံးကိုမီးညှိလိုက်သည်တဖွာမျှရှိုက်ဖွာလိုက်ပြီးမှစကားတုံ့ပြန်လိုက်သည်။


"ငါအခြေအနေကိုစုံစမ်းခဲ့တာတော့ ဒါကမတော်တဆပဲ ကားဒရိုင်ဘာကလဲအရမ်းပင်ပန်းနွမ်းနယ်နေတယ်...ဒါကြောင့်မို့သူကမီးနီနေတာကိုမသိလိုက်ဘူး...သူသတိပြုမိတဲ့အချိန်ကျတော့ ဘရိတ်နင်းလိုက်ပေမဲ့ဘရိတ်ကရုတ်တရက်ပြတ်တောက်သွားတယ်...

ဒါကြောင့်မို့လို့သူလက်‌ဖောင်းကိုဝင်တိုက်မိသွားတာ...သူ့ရဲ့ဒဏ်ရာတွေကလဲမနဲဘူး...ဒရိုင်ဘာရဲ့အကြောင်းကိုလဲစုံစမ်းပြီးပြီ...လုံးဝရှင်းတယ် ဒါကတကယ့်ကိုမတော်တဆဖြစ်ရပ်တခုပဲ..."


ကျိယန်သက်ပြင်းတချက်ချပြီးခေါင်းညိမ့်လိုက်သည် ထို့နောက်အမျိုးသားနှစ်ယောက်ကဆက်၍စကားမဆိုတော့ဘဲ တိတ်တဆိတ်စီးကရက်ဖွာရှိုက်နေကြလေသည်။


ကံကောင်းထောက်မစွာဖြင့်သူတို့အဆင်ပြေနေခဲ့ကြသည်။


 မတော်တဆဖြစ်ရပ်ဖြစ်သွားပြီးနောက်ကျိယန်ကဆေးရုံတွင်ဆက်လက်မနေလိုတော့ပေ။သူ၏ဒဏ်ရာကလှုပ်လှုပ်ရှားရှားလုပ်လို့ရအောင်ကိုသက်သာလာပြီဖြစ်လေသည် သူပြန်၍အားပြန်ပြည့်လာအောင်သာလုပ်ဖို့လိုတော့သည်။


ထို့ကြောင့်အိမ်မှာနေပြီးအားပြန်ပြည့်အောင်လုပ်လဲတူတူပင်ဖြစ်သည်။ဆရာဝန်ကလဲသူဆေးရုံမှဆင်းရန်အတွက်သဘောတူခွင့်ပြုပေးလိုက်သည် လိုအပ်သည့်ဆေးစာများကိုရေးပေးပြီးသည်နှင့်ဆေးရုံမှ‌ဆင်းခွင့်ရသွားလေသည်။မူလကဘိုးဘိုးကျိသည် သူတို့ကိုကျိမိသားစု၏ပင်မစံအိမ်သို့ပြန်လိုက်လာစေလိုခဲ့သည်။


ထိုနေရာတွင်ကျိယန်ကိုလဲပြုစုစောင့်ရှောက်ရန်လူများရှိ‌နေပေသည်။ သို့သော်လဲကျိယန်ကမူထိုသို့မတွေးထားပေ သူကစစ်တပ်ထဲကအိမ်သို့သာပြန်ချင်ပေသည်။ ထိုနေရာကသူတို့အတွက်ပိုပြီးသက်သောင့်သက်သာရှိပေသည်။ကျိယန်ကသူ့၏ဆုံးဖြတ်ချက်ကိုမပြောင်းပဲခေါင်းမာနေသောကြောင့် ဘိုးဘိုးကျိဒေါသထွက်သွားလေသည်။


ထန်ထန်နှင့်ကလေးများထိတ်လန့်မှုကြောင့်ပြေးပုန်းတော့မလိုပင်ဖြစ်သွား၏။ဘိုးဘိုးကျိကစိတ်ဆိုးဒေါသထွက်ပြီးနောက်သူ့၏ပစ္စည်းများကိုစတင်ထုတ်ပိုးလိုက်သည်။ စစ်တပ်အိမ်၌လူကြီးနှစ်ယောက်ကဒဏ်ရာရထားလေရောကလေးနှစ်ယောက်ကိုကြည့်ရှုရန်လူလိုပေလိမ့်မည် ထို့ကြောင့်သူ သူတို့နှင့်အတူလိုက်သွား‌ပေမည်။


အချိန်ခဏမျှတိတ်ဆိတ်သွားပြီးနောက်ထန်ထန်မထိန်းနိုင်တော့ပဲသူမပါးစပ်ကိုအုပ်ကာပြုံးလိုက်သည်။


ဒါက ဘိုးဘိုးကျိသူတို့နှင့်အတူတူနေချင်နေတယ်ဆိုတာ အသိသာကြီးပဲမဟုတ်လား...


ဘိုးဘိုးကျိလဲသေချာပေါက်ရှက်ရွံ့နေပေသည်။


ထို့နောက်တမိသားစုလုံးစစ်တပ်ထဲရှိနေအိမ်သို့ပြန်လာခဲ့ကြသည် ကလေးများကလဲစိတ်ပေါ့ပါးစွာဖြင့်ပြေးလွှားဆော့ကစားနေကြပြီး သူတို့လဲစိတ်သက်သာရာရမှုကိုခံစားလိုက်ရသည်။


"အိမ်ကသာ နွေးထွေးမှုအရှိဆုံးအကောင်းဆုံးပဲ..."


ထန်ထန် အဖိုးကျိ၏ခရီးဆောင်အိတ်ကိုဒုတိယအခန်းထဲသို့ရွေ့ထားလိုက်သည်။ ထို့နောက်စတင်ပူပန်လာမိသည်။

 

သူတို့ညကျရင်ဘယ်လိုအိပ်ကြမလဲ...အခန်းကလဲနှစ်ခန်းပဲရှိတယ်...သူမနဲ့အိပ်ချင်မှာဆိုတော့ကလေးနှစ်ယောက်နဲ့သူမတူတူအိပ်လိုက်မယ်...ဒါဆိုရင်ကျိယန်နဲ့အဘိုးကတူတူအိပ်ကမယ်...ဒါပေမဲ့အဘိုးကအဲ့လိုမျိုးလုပ်ဖို့ဆန္ဒရှိပါ့မလား...


သို့သော်လဲညအိပ်ချိန်ရောက်သည့်အခါ၌ ဘိုးဘိုးကျိကကလေးနှစ်ယောက်ကိုလက်ဆွဲ၍ဒုတိယအိပ်ခန်းထဲသို့ဝင်သွားကာ ထန်ထန်ဘာမှမပြောနိုင်ခင်မှာပင်တံခါးပိတ်လိုက်လေသည်။


ထန်ထန်အနဲငယ်ဆွံ့အစွာပင်ကျိယန်ကိုမေးခွန်းထုတ်လိုသောအကြည့်များဖြင့်ကြည့်လိုက်သည်။


ကျိယန်၏မျက်ဝန်းထဲ၌ပျော်ရွှင်မှုများဖြတ်သန်းသွားသည်။ သူထန်ထန်၏ဇဝေဇဝါအကြည့်များအောက်မှာပင်သူမအနီးသို့လျှောက်သွားလိုက်ပြီးပွေ့ချီလိုက်သည်။ထန်ထန်ဘာမှမပြောနိုင်ခင်မှာပင်အခန်းထဲဝင်သို့သွားလိုက်ပြီးအိပ်ယာပေါ်သို့ညင်သာစွာချပေးလိုက်သည်။ထို့နောက်သူမအပေါ်မှအုပ်မိုးကာမျက်နှာချင်းဆိုင်၍ကြည့်နေလိုက်သည်။


ထန်ထန်၏မျက်နှာကချက်ချင်းပင်နီရဲသွားလေသည် သူကျိယန်၏ရင်ဘတ်ကိုခပ်ဖွဖွတွန်းလိုက်ပြီးပြောလိုက်သည်။


"ရှင့်ရဲ့ဒဏ်ရာတွေက အရှင်းမကောင်းသေးဘူးနော်...ရှင့်ကိုရှင်ဂရုစိုက်ဖို့သတိရဦး...ရှင်အားစိုက်လို့မရသေးဘူး..."


ကျိယန်ကပြုံးလိုက်ပြီး သူမကိုစနောက်လိုက်သည်။


"အားမစိုက်ရပာဘူး...မင်းရဲ့ခန္ဓာကိုယ်ကဒီလောက်လေးပေါ့ပါးနေတာလေ...ကိုယ်ကဘယ်မှာအားစိုက်ရလို့လဲ..."


ထန်ထန်ကလက်မခံချင်သလိုမျိုးတီးတိုးငြင်းဆိုလိုက်သည်။


"ကျွန်မကမပေါ့ပါဘူးနော်...ကျွန်မရဲ့အလေးချိန်ကငါးဆယ်ကီလိုတောင်ရှိနေပြီ...ရှင်အားမစိုက်ပဲဘယ်လိုလို့ရမှာလဲ..."


"တကယ်ကြီးလား...ဘယ်လိုလုပ်ပြီးကိုယ်ကဘာမှမခံစားမိတာလဲ...ကြည့်ရတာတော့အသားတွေကပုန်းနေတာထင်တယ်..."


ကျိယန်ကရုပ်တည်ဖြင့်ပြောနေသော်လဲ သူ့၏အသံကတော့ရိုးသားမှုမရှိပေ။ ပြောနေစဉ်မှပင်သူ့၏လက်ကြီးတဖက်ကထန်ထန်၏အဝတ်စားများအောက်သို့ဝင်သွားပြီး သူမ၏ရင်သားကိုအုပ်ကိုင်လိုက်သည်။ထို့နောက်သူ့၏လက်ညှိုးနှင့်လက်မကိုအသုံးပြုပြီး သူမ၏နို့သီးလေးများကိုဆုပ်ချေလိုက်သည်။


ထန်ထန်မတည်မငြိမ်ဖြစ်သွားပြီးတီးတိုးငြီးငြူလိုက်သည်။


"အချစ်ရေ..."


သူမနောက်ထပ်စကားမဆိုနိုင်ခင်မှာပင် ကျိယန်ကငုံ့ကိုင်းလိုက်ပြီးသူမ၏နှုတ်ခမ်းပါးအစုံကိုငုံထွေးလိုက်သည်။ထို့နောက်သူမ၏လျှာကိုမြိုချပစ်ချင်သလိုမျိုးအားသုံး၍ဖိစုပ်လိုက်သည်။မကြာခင်ခဏအတွင်းမှာပင် ထန်ထန်၏အဝတ်အစားများချွတ်ခံလိုက်ရပြီးကျိယန်၏အောက်တွင်မလှုပ်မယှက်ရှိနေလေသည်။


ကျိယန်ကအိပ်ယာထက်တွင်အလွန်ကြမ်းတမ်းသည်။ သူ၏ပုံမှန်အေးဆေးတည်ငြိမ်သောပုံရိပ်နှင့်လုံးဝကွဲပြားခြားနားသွားသည်။အထူးသဖြင့်သူ့မျက်လုံးများကအခြားတယောက်ကိုထိုးဖောက်ဝင်ရောက်တော့မကဲ့သို့ စူးရဲနေတော့သည်။ထန်ထန်တယောက်မကြာခင်မှာပင်အစားခံရတော့မဲ့သားကောင်ငယ်လေးအလားခံစားလိုက်မိသည်။


"လောင်ကုန်းရှင်အခုထိဒဏ်ရာမပျောက်သေးဘူးလေ..."


ထန်ထန်သူ့၏ဒဏ်ရာအကြောင်းကိုပြန်သတိရလိုက်မိပြီးကျိယန်၏ပုခုံးကိုခပ်ဖွဖွတွန်းလိုက်သည်။ကျိယန်ရပ်တန့်သွားပြီးနောက်သူ့၏ခန္ဓာကိုယ်ကိုအနဲငယ်ပြန်မတ်လိုက်သည်။ ထန်ထန်က သူရပ်တန့်သွားပြီဟုထင်လိုက်သော်လဲထိုခဏမှာပင်သူကအက်ျီဆွဲချွတ်လိုက်လေသည်။


ထို့နောက်သူ့၏လက်ဖဝါးနှစ်ဖက်ကထန်ထန်၏ခါးပေါ်သို့ရောက်လာပြီး ဆတ်ခနဲလှုပ်ရှားလိုက်လေရာချက်ချင်းပင်သူတို့နှစ်ယောက်၏အနေအထားကပြောင်းလဲသွားပြီးထန်ထန်သူ့အပေါ်ရောက်သွားသည်။ထို့နောက်သူ့၏အက်ရှရှအသံဖြင့်ပြောလိုက်သည်။


"ဒီလိုဆိုမှ‌တော့အချစ်ကိုယ်တိုင်ပဲလှုပ်ရှားလိုက်လေ...ဒါဆိုရင်ကိုယ့်ရဲ့ဒဏ်ရာကိုထိခိုက်မှာမဟုတ်တော့ဘူး..."


ထန်ထန်အေးခဲသွားပြီးရှက်ရွံမှုကြောင့်သူမ၏ခန္ဓာကိုယ်တခုလုံးပန်းရောင်သန်းသွားလေသည်။၎င်းအမူအယာကကျိယန်ကိုလိုချင်တောင့်တမှုများပိုမိုပြင်းထန်လာစေမှန်းသူမမသိလိုက်ပေ။ကျိယန်ကသူမကိုတကိုက်ထဲကိုက်၍မြိုချပစ်ချင်နေပေသည်။


သူမကအရင်ကထက်ပင်ပိုမိုကြည့်ကောင်းလာသောကြောင့်သူ့၏လိုချင်တောင့်တမှုများကပို၍များပြားလာသည်။လှပသောသူမကိုကြည့်၍ထိန်းချုပ်နိုင်နေသေးလျှင်သူက သူတော်စင်သာဖြစ်ပေလိမ့်မည်။


"ဇနီးလေး...ကိုယ်မင်းကိုမထိရတာတော်တော်ကြာပြီလေ...ကိုယ်မင်းကိုအရမ်းလွမ်း‌နေပြီ..."


ဘာကြောင့်မှန်းမသိသော်လဲ ထန်ထန်ကျိယန်၏ထိုအသံကိုကြားလိုက်ရသည့်ခဏ၌ကျိယန်ကမတရားခံနေရသလိုမျိုးပင် သူခံစားမိသွားသည်။သူမကကျိယန်ကိုထိုသို့မခံစားစေချင်ပေ သူခဏမျှစဉ်းစားလိုက်သည်နှင့်ပထမဆုံးတကြိမ်ပြီးမြောက်ကထဲကသူတို့နောက်ထပ်တကြိမ်မရှိသေးသည်ကိုသတိပြုမိလိုက်သည်။

သူမတို့မထိတွေ့သည်မှာသုံးလကြာမြင့်ခဲ့လေသည် သူမကြားဖူးခဲ့သည်မှာအမျိုးသားတယောက်ကသုံးလကြာအောင်မထိန်းချုပ်နိုင်ဟူ၍ပေ။


ဒီ‌‌တော့တကယ်ကိုပဲသူ့အပေါ်မတရားဘူးပေါ့...


ထိုသို့တွေးလိုက်မိသည်နှင့်ထန်ထန်၏နှလုံးသားကနူးညံ့ပျော့ပျောင်းသွားကာငြင်းဆန်မည့်ခွန်အားများလျော့နဲသွားပေသည်။ကျိယန်၏မျက်ဝန်းထဲ၌ပျော်ရွှင်မှုအရိပ်အယောင်များဖြတ်ခနဲလင်းလက်သွားသည်


ဒီအရူးမလေးကတော့လေ...တကယ့်ကိုနှလုံးသားနူးညံ့တာပဲ...စကားလေးတခွန်းပဲဆိုရသေးတယ်...သူမကသူ့အတွက်စိတ်မကောင်းဖြစ်နေခဲ့ပြီ...ဒီလိုအရူးမလေးမျိုးကသူမကိုသူ့ရဲ့အရိုးထဲကနေချစ်လာအောင်လုပ်နေတာပဲ...


ထိုသို့တွေးလိုက်မိသည်နှင့်ကျိယန်လုံးဝမထိန်းချုပ်ထားနိုင်တော့ပေ။ထန်ထန်ခါးကိုလက်ဖြင့်ဆုပ်ကိုင်လိုက်ပြီးအသာမလိုက်သည်။


သူမ၏စိုးရိမ်ပူပန်နေသောအကြည့်များအောက်မှာပင် သူတို့၏အနေထားကိုချိန်ညှိလိုက်ပြီးသူမခန္ဓာကိုယ်ကိုတဖြေးဖြေးချင်းအောက်နှိမ့်ချလိုက်သည်။သူ သူမထဲသို့တဖြေးဖြေးချင်းဖိသွင်းလိုက်လေသည်။သူတို့၏ခန္ဓာကိုယ်များဆက်သွယ်သွားသည်နှင့်နှစ်ယောက်စလုံးမထိန်းနိုင်ဘဲ သာယာစွာငြီးငြူလိုက်မိကြသည်။


ထိုနေရာမှလျှပ်စီးလျှပ်သလိုခံစားမှုကတကိုယ်လုံးပြန့်နှံ့သွားသည်။ကျိယန်ကဆာလောင်နေသောဝံပုလွေတကောင်ကဲ့သို့ပင် သူ့၏မျက်ဝန်းများကအစိမ်း‌ရောင်တောက်ပနေလေသည်။သူ့၏သနားစရာသားကောင်လေးကိုဖမ်းမိသွားပြီးနောက်လောဘတကြီးဝါးမြိုစားသောက်နေတော့သည်။

ထိုသားကောင်ငယ်လေးကိုအနဲငယ်မျှပင်လွတ်‌မြောက်နိုင်မည့်အခွင့်အရေးမပေးပဲအနိုင်ယူလိုက်လေသည်။


ဒီညကလဲနောက်ထပ်အအိပ်မဲ့သောညတညဖြစ်ခဲ့ရပြန်လေပြီ။


ထိုအတောတွင်း၌တခြားအခန်းတွင်း၌လဲသူ့အဘိုး၏အတင်းအဓမ္မဆွဲခေါ်ခြင်းကိုခံခဲ့ရသောကျိရှောင်ကျိုးတယောက်မပျော်မရွှင်ဖြစ်နေလေသည်။


သူ့၏နှုတ်ခမ်းကိုဆူထော်ကာအိပ်ယာပေါ်တွင်ထိုင်နေလေသည်။ နောင်နောင်ကသူ့၏ကျောလေးကိုပွတ်သပ်ပြီးချော့မြူနေသော်လဲ သူ့၏ဒေါသများကမလျော့သွားပေ။သူတကယ်ကိုအရမ်းစိတ်ဆိုးနေတာပါနော် ဘိုးဘိုးကျိကထိုအသေးလေးနှင့်သူ့၏အမေတို့ကြားထဲမှသဘောတူညီချက်ကိုတွေ့ရှိသွားပြီးနောက် 

စိတ်ထဲတွင်ရီ‌မောမိသွားသည်။ထိုအသေးလေးစိတ်ဆိုးနေသည်ကိုအတော်ကြာအောင်စောင့်ကြည့်နေပြီးနောက် သူ့လက်ထဲမှစာအုပ်ကိုဘေးသို့ချကာမေးလိုက်သည်။


"အဘိုးကိုပြောစမ်းပါဦး...မင်းလေးကဘာကြောင့်မောင်နှမတွေမလိုချင်ရတာတုန်း..."


ကျိရှောင်ကျိုးကလက်ပိုက်ထားရင်းမကျေမနပ်ဖြင့်တီးတိုးရေရွတ်လိုက်သည်။


"မွေးချင်းမောင်နှမတွေကအရမ်းပြဿနာရှာလွန်းတယ်...သားကပြဿနာတွေမကြိက်ဘူး..."


ဘိုးဘိုးကျိကပြုံးလိုက်ပြီး ရှောင်ကျိုး၏ခေါင်းလေးကိုပုတ်လိုက်သည်။


"ဘိုးဘိုးထင်တာတော့ မင်းမှာ...ညီ‌လေးညီမလေးတွေရှိလာမယ်ဆိုရင်မင်းမိဘတွေက မင်းကိုနှစ်သက်မှုလျော့သွားမှာစိုးနေတယ်...ဟုတ်တယ်မလား..."


ကျိရှောင်ကျိုးက သူ့၏တကယ့်အကြောင်းပြချက်ပေါ်သွားသောကြောင့်အနဲငယ်ရှက်ရွံ့သွားလေသည်။ဘိုးဘိုးကျိကချက်ချင်းပင်စကားအကြောင်းအရာကိုပြောင်းလဲလိုက်သည်။


"ရှောင်ကျိုး...ဘိုးဘိုးမေးပါဦးမယ်...မင်းအရွယ်ရောက်လာရင်ဘာလုပ်ချင်လဲ..."


အသေးလေးကတုန့်ဆိုင်းမှုပင်မရှိပဲဖြေလိုက်သည်။


"သားက...ဒယ်ဒီ့လိုမျိုးစစ်သားလုပ်မှာ..."


ဘိုးဘိုးကျိကသူ့၏တုန့်ပြန်မှုကြောင့်ပျော်ရွှင်သွားပြီး ဂရုတစိုက်ဖြင့်ထပ်မေးလိုက်သည်။


"ဒီလိုဆိုရင် စစ်သားတွေကအလုပ်များတယ်လို့သားထင်လား..."


ကျိရှောင်ကျိုးခေါင်းညိမ့်လိုက်သည်။ စစ်သားများကတကယ့်ကိုအလုပ်များလှသည် သူတို့ကနေ့တိုင်းလေ့ကျင့်ခန်းလုပ်နေရသည့်အပြင် မစ်ရှင်များလဲထမ်း‌ဆောင်ရပေသေးသည်အိမ်မှာနေသည့်အချိန်နဲလှပေ၏။


"ကောင်းပြီ ဒီလိုဆိုရင်မင်းစစ်သားကြီးဖြစ်လာတဲ့အခါကျရင် နေ့တိုင်းအိမ်ကိုပြန်မလာနိုင်တော့ဘူး...မင်းကလဲအလုပ်များနေမယ် ဒယ်ဒီကလဲအလုပ်များနေမယ်ဆိုရင်...သားရဲ့မာမီကအိမ်မှာတယောက်ထဲဖြစ်နေမှာပေါ့...သူမတယောက်ထဲအားလုံးကိုလုပ်ဖို့လိုအပ်တယ်လေ...

ဘယ်သူမှလဲ သူမကိုအဖော်ပြုမပေးဘူးဆိုရင်...ဘိုးဘိုးကိုပြောပါဦးသူသနားဖို့မကောင်းဘူးလား..."


ထိုစကားကိုကြားပြီးနောက်အသေးလေးကမျက်မှောင်ကြုတ်လိုက်ပြီး လက်ပိုက်ထားပြီး ဖြေလိုက်သည်။


"မာမီသနားစရာကောင်းနေမှာမျိုးမဖြစ်စေချင်ဘူး..."


ဘိုးဘိုးကျိကသူ့အဖြေ‌ကြောင့်စိတ်ကျေနပ်သွားသည်။ သူစိတ်ရှည်ရှည်ဖြင့်ဆက်လက်ဖျောင်းဖျပြောဆိုလိုက်သည်။


"သားကယောက်ျားလေးတယောက်ဆိုမှတော့ အလုပ်လုပ်ပြီးအိမ်ကိုထောက်ပံ့ကမှာလေ...အခုသားသာအလုပ်သွားမယ်ဆိုရင်ဘယ်သူမှမာမီ့ကိုအ‌ဖော်ပြုမပေးတော့ဘူး... အဲ့တော့‌နောက်ထပ်ကလေးတယောက်ရှိတာပိုပြီးအဆင်မပြေဘူးလား...

အဲ့ဒီ့လိုဆိုရင်မာမီကအရမ်းသနားစရာကောင်းနေတော့မှာမဟုတ်ဘူးလေ...ဟုတ်တယ်မလား..."


ကျိရှောင်ကျိုးခေါင်းကုတ်၍စဉ်းစားလိုက်ပြီး ထိုအတွေးကမှန်သည်ဟုထင်လိုက်သည်။ အကယ်၍မာမီ့မှာသာနောင်နောင်လိုမျိုးချစ်စရာကောင်းပြီးနာခံတတ်သည့်ကလေးတယောက်ရှိနေမည်ဆိုလျှင် အိမ်မှာနေပြီးမာမီ့ကိုကူညီစောင့်ရှောက်ပေးနိုင်ပေလိမ့်မည်။


သူနှင့်ဒယ်ဒီတို့ကအပြင်ထွက်အလုပ်လုပ်ပြီး မာမီနှင့်ညီမလေးကိုစောင့်ရှောက်ပေးရပေမည်။ကျိရှောင်ကျိုးတယောက် ညီမလေးကသူ့ကိုအကိုကြီးဟုခေါ်လာမည့်ပုံရိပ်ကိုတွေးလိုက်မိသည်။ အကယ်၍မာမီနှင့်ဒယ်ဒီကသာချစ်စရာကောင်းသည့်ကလေးမလေးတယောက်မွေးပေးလာမည်ဆိုလျှင်သူဒါကိုလက်ခံဖို့ခက်ခဲလိမ့်မည်မဟုတ်ပေ။


ဘယ်လိုပဲဖြစ်ဖြစ်လေသူကယောက်ျားတယောက်ဖြစ်ပြီးအကိုကြီးလဲဖြစ်တယ်...ဘယ်လိုလုပ်ပြီးတော့ သူ့ရဲ့ညီမလေးပေါ်မှာခါးခါးသီးသီးဆက်ဆံနိုင်မှာလဲ...

အသိဉာဏ်ပြည့်ဝသောဦးနှောက်ကိုအသုံးပြုကာစဉ်းစားပြီးနောက်ညီမလေးတယောက်ထပ်ရှိခြင်းက မာမီ့အတွက်အကောင်းဆုံးဖြစ်သည်ကိုသူလက်ခံနိုင်သွားသည်။


သူ့၏စိတ်ထဲမှမာမီနှင့်ဒယ်ဒီတို့မချစ်တော့မှာကိုကြောက်ရွံနေသောစိတ်ကိုဖိနှိပ်လိုက်နိုင်ပြီး ညီမလေးလိုချင်သွားလေသည်။

သိုသော်လဲညီလေးဖြစ်မည့်အကြောင်းတော့ သူ့၏စိတ်ကူးထဲကိုယောင်လို့တောင်ဝင်မလာပေ။သူလက်သီးတင်းတင်းဆုပ်ပြီးပြောလိုက်သည်။


"ဘိုးဘိုးပြောတာမှန်တယ် သား...ညီမလေးတယောက်လိုချင်တယ်လို့ဆုံးဖြတ်လိုက်ပြီ..."


"ညီမ‌လေးပဲလား...ညီလေးကရော..."


ဘိုးဘိုးကျိထပ်မေးလိုက်သည်။


 ကျိရှောင်ကျိုးချက်ချင်းပင်ငြင်းပယ်လိုက်သည်။

 

"ညီလေးမလိုချင်ဘူး...ညီ‌လေးတွေကပြဿနာရှာတယ်...သားကညီမလေးပဲလိုချင်တယ်...သားမာမီ့ကိုညီမလေးသေးသေးလေးတယောက်မွေးပေးဖို့ပြောလိုက်မယ်..."


အဘိုးကျိ "....."ဒီကလေးကတော့လေ သူ့အမေကိုများမွေးမဲ့ကလေးရဲ့လိင်ကိုထိန်းချုပ်နိုင်တယ်များထင်နေလားမသိဘူး...


နောက်တနေ့၌ထန်ထန်ခါးနာနေခဲ့ပြီးအိပ်ယာပေါ်တွင်ဆယ်နာရီလောက်ထိရှိခဲ့သည်။ သူမအခန်းထဲကထွက်လိုက်သည့်အချိန်၌စိတ်လှုပ်ရှားပြီးနီရဲ့နေသောမျက်နှာနှင့်သူခိုးလေးတယောက်လိုချောင်းကြည့်နေသောအသားပေါက်စီလေးကိုတွေ့လိုက်ရလေသည်။


ထိုအသားတုံးလေးကသူမဆီသို့လှစ်ခနဲပြေးလာပြီးခြေထောက်တဖက်ကိုဖက်ကာ မော့ကြည့်ရင်းမေးလိုက်သည်။


"မာမီသားကိုညီမ‌လေးတယောက်လောက်ပေးမှာလား..."


ထန်ထန်၏မျက်နှာကကြက်ဥပြုတ်၍ရအောင်ပင်တမဟုန်ခြင်းနီရဲပူလောင်သွားလေသည်။အသေးလေး၏စကားကြောင့်အားလုံးကသူမရှိရာဆီသို့လှမ်းကြည့်လာကြသည်။၎င်းကတညလုံးအိပ်ရေးပျက်ခဲ့ပြီးမနက်အိပ်ယာထနောက်ကျနေသော သူမကိုရှက်ရွံသွားစေပြီးတွင်းထဲသို့ဝင်ပုန်းသွားချင်မိလေသည်။


အဲ့ဒါကျိယန်ရဲ့အမှားပဲ...ရှက်ဖို့ကောင်းလိုက်တာ..."


သူမဆိုဖာပေါ်တွင်ပြုံးပြုံးကြီးထိုင်နေ‌သောကျိယန်ကိုမျက်စောင်းလှမ်းထိုးလိုက်သည်။ကျိယန်ကထိုင်နေရာမှထလာပြီးကျိရှောင်ကျိုးကိုချီမလိုက်ကာထန်ထန့်ကိုလွတ်မြောက်ခွင့်ပေးလိုက်သည်။


"မာမီကညီမလေးမွေးပေးမှာမဟုတ်ပါဘူး..."


ကျိရှောင်ကျိုးတယောက်ချက်ချင်းပင်မကျေမနပ်ဖြစ်သွားပြီးပြောလိုက်သည်။


"ဒီလိုဆိုရင်မာမီကညီလေးမွေးပေးမို့လား..."


ကျိယန် ပေါင်ပေါင်၏ခါင်းလေးကိုဖွဖွပုတ်လိုက်ပြီး...


"ညီလေးဆိုတာလဲမရှိဘူး...မင်းတယောက်ထဲပဲ..."


ထိုတုံ့ပြန်မှုကြောင့်ကျိရှောင်ကျိုး၏စိတ်ထဲတွင်ချိုမြိန်မှုကိုခံစားလိုက်ရသော်လဲ ခဏအတွင်းမှာပင်သူမျက်မှောင်ကြုတ်လိုက်သည်။


"ဒါပေမဲ့...သားထင်တာကလေ တစ်ညလုံးဖြတ်ကျော်ပြီးပြီဆိုတော့မာမီကညီမ‌လေးမွေးပေးတော့မယ်လို့လေ ...ဒယ်ဒီ မာမီ့ရဲ့ဗိုက်ထဲမှာညီမလေးစိုက်ထားသင့်တယ်...ညီမလေးနော်...ညီလေးမဟုတ်ဘူးမမေ့လိုက်နဲ့..."


"စိုက်ရမယ်...ဘာကိုစိုက်ရမှာ..."


ဖူး...အဟွတ် အဟွတ်...


ရေသောက်နေသောထန်ထန်ရုတ်တရက်သီးနေပြီးအဆက်မပြတ်ချောင်းလိုက်မိသည်။ကျိယန်အလျင်အမြန်ပင်လှမ်းလာလိုက်ပြီးထန်ထန်၏နောက်ကျောကိုပုတ်ပေးလိုက်သည် သူမချောင်းဆိုးရပ်သွားတော့မှ မဲမှောင်သောမျက်နှာထားဖြင့်ကျိရှောင်ကျိုးကိုကြည့်လိုက်သည်။


"မင်းအဲ့လိုစကားလုံးတွေ ဘယ်သူ့ဆီကကြားလာတာလဲ..."


ကျိရှောင်ကျိုးကအပြစ်ကင်းစင်သည့်မျက်လုံးလေးများဖြင့်ကြည့်လိုက်ပြီး...


"သားရဲ့အတန်း‌ဖော်ကပြောတာလေ...သူ့ရဲ့ညီ‌လေးကိုသူ့ဒယ်ဒီက သူ့မာမီရဲ့ဗိုက်ထဲမှာမျိုးစေ့ချလိုက်တာတဲ့...တဖြေးဖြေးနဲ့အမြစ်တွေကကားလာပြီးတော့...အပင်ကြီးလာပြီးရင့်မှဲ့လာတဲ့အခါကျတော့ သူ့ညီလေးကိုမွေးလာတယ်တဲ့..."


လူကြီးများအားလုံး."....."


ထန်ထန်နီရဲနေသောမျက်နှာဖြင့်မီးဖိုခန်းထဲပြေးဝင်သွားပြီးတံခါးပိတ်ထားလိုက်သည်။ကျိယန်ဆွံ့အစွာဖြင့်သူ့၏နဖူးကိုရိုက်လိုက်မိပြီးနောက် အသေးလေးကိုကူကယ်ရာမဲ့စွာကြည့်လိုက်သည်။


"ပေါင်ပေါင်က မောင်နှမ မလိုချင်ဘူးမဟုတ်ဘူးလား...ဘယ်လိုဖြစ်လို့စိတ်ကူးပြောင်းသွားရပြန်တာလဲ..."


ကျိရှောင်ကျိုးရှက်ရွံ့စွာဖြင့်ပြန်ပြောလိုက်သည်။


"သားကမောင်နှမမလိုချင်ပါဘူး...ဒါပေမဲ့သားက ဒယ်ဒီ့လိုမျိုးတိုင်းပြည်ကိုကာကွယ်တဲ့စစ်သားကြီးဖြစ်ချင်တာ...အဲ့ဒီလိုဆိုရင်မာမီတယောက်ထဲအိမ်မှာကျန်ခဲ့ပြီးအရမ်းကိုသနားစရာကောင်းနေလိမ့်မယ်...တကယ်လို့ညီမလေးသာရှိမယ်ဆိုရင်မာမီ့ကိုအဖော်ပြုကူညီပေးနိုင်ပြီးမာမီလဲအရမ်းပင်ပန်းတော့မှာမဟုတ်ဘူးလေ..."


ကျိယန်အသေးလေး၏နားလည်စဉ်းစားပေးမှုများကြောင့်သူ့၏နှလုံးသားအောက်ခြေထိတိုင်အောင်နူးညံ့သွားလေသည်။သူကလေးများနားလည်အောင်ရှင်းမပြခင်ငုံ့ကိုင်း၍နဖူးကိုတချက်နမ်းမွှေးလိုက်သည်။


"ညီလေး ညီမလေးဆိုတာက မင်းစိုက်ပျိုးချင်တိုင်းစိုက်ပျိုးလို့ရတာမျိုးမဟုတ်ဘူး...မျိုးစေ့တွေအများကြီးရှိတာတောင်မှပဲအမြစ်တွယ်ချင်မှတွယ်တာ...အဲ့ဒာကကံကောင်းမှုအပေါ်လဲမူတည်သေးတယ်...သားရဲ့မာမီကအခုချက်ချင်းညီမလေးတယောက်မွေးပေးတာလဲဖြစ်နိုင်သလို ဒါမှမဟုတ်ရင်လဲ

အကြာကြီးကြာမှမွေးပေးတာလဲဖြစ်နိုင်တာပဲ..."


ဒါပေါ့...ထိုစကားများကကျိရှောင်ကျိုးစိတ်ကျေနပ်‌အောင်ပြောခြင်းသာဖြစ်လေသည်။အဘယ်ကြောင့်ဆိုသော်ထန်ထန်က နောက်ထပ်ကလေးတယောက်ထပ်မယူရန်ဆုံးဖြတ်ထားပြီးလေပြီ။


ကျိရှောင်ကျိုးကသူ့၏စကားများကိုနားလည်သဘောပေါက်စွာဖြင့်အလေးအနက်ပြောလိုက်သည်။


"ဒယ်ဒီ ဒီလိုဆိုရင်ကြိုးကြိုးစားစားနဲ့စိုက်ပျိုးရမယ်နော် မပျင်းနေနဲ့ဟုတ်ပြီလား..."


ကျိယန်မသက်သာစွာပြန်လည်တုံ့ပြန်လိုက်သည်။


"အာ...အိုကေ..."


ဆိုဖာပေါ်တွင် စာအုပ်ဖတ်နေသောအဘိုးကျိတယောက်ရီချင်မှုကိုထိန်းချုပ်ထားရသောကြောင့်မျက်နှာပင်နီမြန်းနေလေသည်။


အကယ်၍နောင်လာမည့်အနာဂတ်တွင်ကျိရှောင်ကျိုးတစ်ယောက် နေ့တိုင်းနေ့တိုင်း ဘာကြောင့်မျိုးစေ့တွေကအသုံးမဝင်တာလဲ... ဘာကြောင့်ညီမလေးကိုစိုက်လို့မရသေးတာလဲ ဆိုသည့်အကြောင်း

မေးနေမည်ကိုကြိုသိခဲ့ပါကဒီနေ့ပြောပြလိုက်ခဲ့သောအကြောင်းအရာအတွက် သူမလွဲမသွေနောင်တရပေလိမ့်မည်။