Part 759
ငါလည်းခေါင်းကြိမ်းတယ်၊ ငါ့ကိုယ်ငါ့ဖော်ပြဖို့ ချီးမြှောက်ခံရအောင် အရမ်းလုပ်ချင်နေခဲ့တာ၊ ဒါကိုမမျှော်လင့်ထားမိဘူး '
ယွီရှင်းလည်း ထွက်လာ၏။ ဝါဒဖြန့်ချီရေးဌာနမှ ဟန်ချင်စုန့်ထွက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် သူမ စကတ်စကိုဆွဲကာ မြန်မြန်လျှောက်လိုက်၏။
သူမက ကျစ်ဆံမြီးကျစ်ထားဆဲဖြစ်ကာ ရှေ့ဆံမြိတ်များကို တူဖြင့်လိမ်ပြီးအပူပေးကာ ကောက်ထား၏။ သူမက အပြာနုရောင် အင်္ကျီလက်တိုနှင့် အောက်ဘက်တွင် စကတ်အပြာရောင်ဝတ်ထားသည်။ ခြေအိတ်ဖြူနှင့် ပလတ်စတစ်ကြိုးသိုင်းဖိနပ်ကို စီးထား၏။
ဤအရာများက သူတို့ကောင်တီတွင် ဖက်ရှင်အကျဆုံး ဝတ်ဆင်ပုံများဖြစ်သည်။ အနှစ်၇၀လောက်ကြာပြီးနောက်တွင် မိန်းမသားများက အလှအပနှင့် အရောင်အသွေးပေါ်တွင် ထပ်မံလိုက်စားလာကြပြီဖြစ်သည်။ စကတ်များကိုလည်း အလွန်အမင်းမဖွယ်မရာမဖြစ်ပဲ လုံလောက်အောင်ရှည်သရွေ့ ဝတ်ဆင်နိုင်ပေသည်။ သို့သော်ငြား ကောင်တီမှ အမျိုးသမီးများသည် အလုပ်လုပ်ရကာ အပိုအထည်စများမရှိသောကြောင့် ဘယ်သူမှစကတ်မဝတ်လုနီးပါးပင်ဖြစ်သည်။ ပုံမှန်အားဖြင့် ကျောင်းသွားတက်သော မိန်းကလေးများသာ စကတ်ဝတ်ကြ၏။
အမျိုးသမီးကေဒါများအနေဖြင့် စကတ်ဝတ်သည်မှာ အလွန့်အလွန်ကိုနည်းပါး၏။ အကြောင်းမှာ သူတို့၏ပုံရိပ်ကို ဂရုစိုက်ရသောကြောင့် ဖြစ်သည်။
ယွီရှင်းက သူမကိုယ်သူမ လှပကာ ဘယ်တုန်းကမှ ကလေးမရှိခဲ့သောကြောင့် လင်းလန်ထက်စာလျှင် ပိုပြီးသွယ်လျကာ စမတ်ကျသည်ဟု ဂုဏ်ယူနေပေသည်။ မည်သို့ပင်ဆိုကာမူ သူမဝတ်ဆင်ပုံများက အလွန်အမင်းကို လွှမ်းမိုးနိုင်ရပေမည်။
သူမနှုတ်ခမ်းစေ့ကာ ဟန်ချင်စုန့်ဆီလျှောက်သွားလိုက်ပြီး ခြေလှမ်းအနည်းငယ်အကွာသို့ ရောက်လျှင် ပြုံးပြီးနှုတ်ဆက်လိုက်သည်။
“ ညွှန်မှူးဟန်...”
ဟန်ချင်စုန့်က မမြင်ချင်ယောင်ဆောင်ကာ သူမရှေ့တွင် တိုက်ရိုက်လှည့်သွားလိုက်သည်။
ယွီရှင်းက ချက်ချင်းပင် ဘေးဖက်သို့ နှစ်လှမ်းလိုက်ရွှေ့လာပြီး အပြုံးတစ်ခုနှင့် ကျီစယ်လိုက်၏။
“ ညွှန်မှူးဟန် လူတိုင်းက ရဲဘော်ရဲဖက်တွေဘဲလေ ရှင်ဘာလုပ်....”
“ ထွက်သွား ”
ဟန်ချင်စုန့်က စိတ်မရှည်စွာ အော်လိုက်သည်မှာ ယွီရှင်းအား နောက်သို့ခြေနှစ်လှမ်းဆုတ်သွားစေပြီး ဒေါသကြောင့်ဖြူဖျော့သွားစေ၏။
ထွက်သွားသော ဟန်ချင်စုန့်၏ ရှည်လျားသော နောက်ကျောကိုကြည့်ကာ ယွီရှင်းက ဒေါသဖြင့်ခြေဆောင့်လိုက်မိသည်။
“ ဘာလို့ရှင်က....”
........
ဟန်ချင်စုန့် ရုံးခန်းဆီသို့ပြန်ရောက်လာသောအခါ ချောင်ကွမ်းရုန်က လင်းလန်ကို တောင်းပန်နေ၏။
“ အရာရှိလင်း ကျွန်တော်မှားသွားပါတယ်၊ ကျွန်တော် မင်းမှတ်စုကိုမဖြဲသင့်ပါဘူး ပြီးတော့မကူးသင့်ဘူး။ ကျွန်တော် တောင်းပန်ပါတယ် ”
သူက တံတွေးမြိုချလိုက်သည်။
“ ကျွန်တော်၊ ကျွန်တော် စာမူကမင်းဟာဆိုတာကို ညွှန်မှူးဆီသွားဝန်ခံပြီးပါပြီ၊ အကုန်မင်းဟာပါပဲကျွန်တော်မယူပါဘူး ”
လင်းလန်က သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ သူဘယ်လိုဘဲ တောင်းပန်သည်ဖြစ်စေ၊ မတောင်းပန်သည်ဖြစ်စေ ဟန်ချင်စုန့်ကြောင့် ကြောက်သွားသည့်ပုံပေါ်၏။ အနာဂတ်တွင် သူက သူမကိုလာရှုပ်ရဲတော့မည် မဟုတ်ပေ။
ချောင်ကွမ်းရုန်က အလွန်စိတ်လှုပ်ရှားနေသောကြောင့် ခွင့်လွှတ်မှုဆိုသည့် စကားတစ်လုံးကိုမှ မပြောရဲပေ။
လင်းလန် :“ ရှင်တကယ်ဘဲ မှားလား ”
ချောင်ကွမ်းရုန် :“ မှားပါတယ် ”
လင်းလန် :“ ကောင်းပြီလေ ရှင်က ကျွန်မစာမူကိုခိုးကူးတယ် ၊ ကျွန်မကရှင့်ကို ရိုက်လိုက်တယ်။ ပြီးတော့ ရှင့်အမှားအတွက် ကျွန်မကိုတောင်းပန်တယ် ဒါဆိုအဆင်ပြေသွားပြီလား ”
ချောင်ကွမ်းရုန်က ခေါင်းငုံ့လိုက်၏။
“ မဟုတ်ပါဘူး.....”
လင်းလန် :“ စာမူကြမ်းကိစ္စကရှင်းပြီးသွားပြီ၊ ဒါပေမယ့် ရှင်ကျွန်မကို ကန်ချက်တစ်ခု အကြွေးတင်နေသေးတယ် ”
လင်းလန်က ဟန်ချင်စုန့်ကို လှည့်ကြည့်လိုက်၏။
သူက နေရာတွင်ရပ်နေသည်မှာ ရှည်လျားကာ ဖြောင့်တန်းနေ၏။ သူမအား အလွယ်တကူပင် လေဒဏ်၊မိုးဒဏ်မှ ကာကွယ်ပေးနိုင်ပေသည်။ ဟန်ချင်စုန့်က သူမကိုကြည့်ကာ သူမကြိုက်သလိုလုပ်ရန် ပြောလိုက်သည်။
လင်းလန် ချောင်ကွမ်းရုန်ကိုပြောလိုက်၏။
“ ထလိုက်၊ ကျွန်မရှင့်ကို ပြန်ကန်မယ်။ တကယ်လို့ ကျွန်မကန်တာရှင်မကြိုက်ဘူးဆိုရင် ခေါင်းဆောင်ဟန်ကို ကန်ခိုင်းလိုက်မယ်”
ချောင်ကွမ်းရုန်က အလွန်ကြောက်သွားကာ ချက်ချင်းထရပ်ပြီး လင်းလန်ကို ပေးကန်လိုက်သည်။ သူ ဟန်ချင်စုန့်ဆီက အကန်မခံချင်ပေ။
အခုလေးတင် ရုံးခန်းထဲ၌ ဟန်ချင်စုန့်က သူ့ကိုတုတ်ယူခိုင်းသည့်ပုံစံက ကြောက်ရွံ့သွားစေ၏။ ထို့အပြင် သူဟန်ချင်စုန့်ခြေထောက်နှင့် ရိုက်မိသောအခါ ဟန်ချင်စုန့်အဝေးလွင့်သွားမည့်အစား သူကသာ ပြန်ကန်ထွက်သွား၏။ သူသိသည်မှာ သူ့အနေဖြင့် ဟန်ချင်စုန့်ဆီမှ လက်ညှိုးဖြင့်တောင် အထိုးမခံချင်ပါ။
ထို့အပြင် လင်းလန်ကလည်း အရပ်မရှည်ပဲသွယ်လျသည့် ပုံစံရှိသောကြောင့် သူမတွင် အားသိပ်ရှိမည်မဟုတ်ပေ။ ထို့ကြောင့် သူမဆီမှ အကန်ခံရပါက အလွန်အမင်းနာမည်မဟုတ်ချေ။
လင်းလန်က သူ့ကိုပြန်ကန်လိုက်သောအခါ သူမတစ်ကိုယ်လုံးက ကြွက်သားနှင့်အရိုးများက ဆန့်ထွက်သွားကာ သက်တောင့်သက်သာရှိသလို ခံစားလိုက်ရသည်။ သူမ၏ ရန်တုဒန်ထျန်ကို ဖွင့်လိုက်ရသလိုပင် သူမတစ်ကိုယ်လုံးဆီမှ တောင့်တင်းနေမှုများက ပွင့်ထွက်သွား၏။
(Renduဒန်ထျန်/မရီဒန်- တရုတ်သိုင်းလောကသားတွေ အတွင်းအားကျင့်ကြံချင်ပါက ရှိရတဲ့ စွမ်းအင်အမြုတေပါ ဝမ်းဗိုက်မှာရှိပြီး ဒန်ထျန်ကိုဖွင့်နိုင်ပြီဆိုရင် သာမာန်လူသားအဖြစ်မှ အဆင့်တက်သွားပြီဟု ဆိုလိုသည်)
“ ကောင်းပြီလေ ကြေသွားပြီ ”
အကယ်၍ သူမကသာ ပြသနာပြန်မရှာပါက တုံးအမှုကြောင့် ခံစားရပေမည်။ အကယ်၍ ဟန်ချင်စုန့်သာ မရှိပါက သူမအတွက် တရားမျှတမှုကို ရှာနိုင်မည် မဟုတ်ပေ။
' လူဘယ်လောက်များများက သူတို့မှားယွင်းခံရရင် နှုတ်ဆိတ်ပြီးနေနိုင်လဲ။ သူမကတော့ မပါပေ။ လက်ထောက်ညွှန်မှုးမကလို့ ညွှန်မှုးဘဲဖြစ်ဖြစ် အကုန်ချီးဘဲ။'
ချောင်ကွမ်းရုန်က မူးဝေကာ ယိုင်သွားသော်လည်း သူ့ဘဝကို သူပြန်ရသွားသည့်အတွက် စိတ်သက်သာရာရသွား၏။
ဟန်ချင်စုန့် :“ ဒါကိုဥပမာဖြစ်အောင် မလုပ်နဲ့”
(Tn:ဥပမာယူပြီး ထပ်မလုပ်နဲ့ပြောချင်တာပါ )
သူက ဒီအရာကိုဥပမာမဟုတ်ဘူးပြောသည်မှာ အားလုံးက ချောက်ကွမ်းရုန်အဖေကို မျက်နှာသာပေးရန်သာဖြစ်၏။ မဟုတ်ပါက ရုံးခန်းမှာကတည်းက သူကအရင် ကန်လိုက်ပြီဖြစ်သည်။
သူအသက်ရှင်ပြီကို သိသောအခါ ချောင်ကွမ်းရုန်က နှုတ်ဆက်ပြီး ထွက်ပြေးသွား၏။ သူရုံးခန်းထဲသို့ ပြန်ရန် ရှက်မိပေသည်။ နောက်ဆုံးတွင် သူက အမြဲတမ်းသာလွန်သည်၊ အထူးတလှယ်ဖြစ်သည်၊ တော်လှန်ရေးအတွက် ကြီးမြတ်စွာအသက်ပေးသွားသည့် အာဇာနည်၏သားဖြစ်သောကြောင့် ဦးစားပေးဆက်ဆံမှုများကို ရရှိသင့်သည်ဟု ခံစားနေမိခဲ့ပေသည်။
သို့သော် အခုဟန်ချင်စုန့်နှင့် ဆုံလိုက်ရသောအခါ ကြောက်သွားမိ၏။
သူထပ်မံကာ အရှက်ရသွားပေသည်။
ဤအချိန်တွင် ဝန်ကြီးကျွမ်းရောက်လာကာ သူ့ကိုတစ်ချက်ကြည့်လာ၏။
“ ဘာများလဲ ၊ အရာရှိချောင် မင်းမကျေနပ်ဘူးလား ”
'ဟမ့် တကယ်လို့မင်းသာ မရှင်းထုတ်ခံရရင် ငါ့စည်းမျဉ်းတွေကို လိုက်နာပါ့ဦးမလား။ ငါကဝန်ကြီး၊ တကယ်လို့ မင်းကတပ်မဟာဆီပြန်မသွားပဲ ဝါဒဖြန့်ချီရေးဌာနမှာဘဲ နေချင်တယ်ဆိုရင် လောင်ဇူရဲ့စကားကိုနားထောင်ရမယ်'
(Tn:လောင်ဇူ- ကိုယ့်ကိုကိုယ်အမြင့်ထားကာ ခေါ်ဝေါ်သောနာမ်စား )
Xxxxx
Part 760
ချောင်ကွမ်းရုန်မျက်လုံးများက နီရဲနေကာ သူ့ကို လျစ်လျူရှုလိုက်၏။
ဝန်ကြီးကျွမ်းက လက်နောက်ပစ်ကာ ပူလောင်နေသောလေကို မျက်နှာချင်းဆိုင်ပြီး ခံစားချက်အပြည့်ဖြင့် ပြောလာ၏။
“ မင်းအဖေက လူငါးယောက်ကယ်ခဲ့တာကို အံ့ဩစရာလို့ မင်းထင်တယ်မလား ”
ချောင်ကွမ်းရုန်: တကယ်လို့ ခင်ဗျားသာအရည်အချင်းရှိရင် တစ်ယောက်လောက်ကယ်နိုင်လားဆိုတာ ပြကြည့်ပါလား၊ သိပ်ကောင်းမှာဘဲ။
ဝန်ကြီးကျွမ်း :“ တကယ်ပြောတာ မင်း ခေါင်းဆောင်ဟန်ရဲ့ မှတ်တမ်းတွေကိုကြည့်သင့်တယ်။ ဒါပေါ့အချို့မှတ်တမ်းတွေက အများပြည်သူကို ချပြလို့မရသလို တချို့တာဝန်တွေကိုလည်း လျို့ဝှက်အဆင့်အဖြစ်သတ်မှတ်ထားတာကြောင့် မင်းကြည့်လို့မရဘူး။ ဒါပေမယ့် တကယ်လို့ မင်းအနေနဲ့ ကျန်တဲ့မှတ်တမ်းတွေကိုဘဲ ကြည့်လို့ရရင်တောင်မှ ကောင်းကင်တစ်ခုအပေါ်မှာ နောက်ထပ်ကောင်းကင်ရှိသေးတယ်ဆိုတာကို မင်းသိလာလိမ့်မယ် ”
ချောင်ကွမ်းရုန် : ဒါဆိုရင် သူက ကျွန်တော့်အဖေလောက်မတော်လို့နေမှာ
ဝန်ကြီးကျွမ်း :“ မင်းအဖေ လူငါးယောက်ကယ်ခဲ့ဝာာကို မပြောနဲ့၊ လူငါးရာ၊အယောက်ငါးထောင်ကယ်ခဲ့ရင်တောင်မှ မင်းက ကိုယ့်လမ်းကိုယ်လျှောက်ရမှာ။ အာဇာနည်တွေရဲ့သားသမီးတွေဟာ အာဇာနည်တစ်ယောက်ယူဆောင်လာပေးတဲ့ ဂုဏ်သရေကို နှစ်သက်ပျော်မွေ့ရရုံတင်မကဘူး၊ သူတို့ဖခင်အတွက်လည်း ဆက်ပြီးဂုဏ်ဆောင်ပေးသင့်တယ်။ သူတို့ဖခင်တွေကို အသရေပျက်စေမယ့်အရာမျိုးကို ပေးလို့မရဘူး ”
ထိုသို့ပြောပြီးနောက် ဝန်ကြီးကျွမ်းက လှည့်ထွက်သွားလိုက်သည်။
ချောင်ကွမ်းရုန်က အနည်းငယ်လက်ခံနိုင်ဆဲပင်ဖြစ်သည်။ ဟန်ချင်စုန့်က အင်အားကြီးလာကာ သူက မသေသွားပေ။ သူ၏ဖခင်ကမူ သေသွား၏။ တွေးကြည့်လိုက်သောအခါ သူ့မိသားစုက နာကျင်ခံစားနေရပေသည်။ အကယ်၍သူ့ဖခင်သာ အသက်ရှင်နေပါက ပြန်ရောက်လာလျှင် အနည်းဆုံးရွာ၏ကေဒါတစ်ဦးတော့ဖြစ်လာလိမ့်မည်။ ထိုသို့ဆိုလျှင် သူကဒီလိုမျိုးအနိုင်ကျင့်ခံရမှာ မဟုတ်ပေ။
ဟန်ချင်စုန့် ဘယ်လောက်အင်အားကြီးသည်ကို တွေးမိသောအခါ သူခွန်အားလျော့သွား၏။ အနာဂတ်တွင် သူက အမြီးဝှက်ထားသည့် ယောက်ျားတစ်ယောက်ကဲ့သို့ နေထိုင်ရမှာဖြစ်သည်။ လင်းလန်ကိုလည်းထပ်ပြီး မထိပါးရဲတော့ပေ။
နေ့လယ်စာစားပြီးသောအခါ ညွှန်မှူးယန်က ယွီရှင်းကို လင်းလန်ဆီသွားခေါ်ခိုင်းလိုက်ကာ နှစ်သိမ့်ပေးယောင်ဆောင်လိုက်၏။ သူကသေချာဖတ်ကြည့်ရန် အလွန်အလုပ်များနေသောကြောင့်ဖြစ်သည်ဟုဆိုကာ သူမကိုအလုပ်ဆက်ကြိုးစားပြီး ဒီအကြောင်းဆက်မတွေးတော့ရန် ပြောလာသည်။
လင်းလန်က ဝတ်ကျေတမ်းကျေသာ နားထောင်လိုက်ပြီး အလုပ်သွားပြန်လုပ်လိုက်၏။
လက်ထောက်ညွှန်မှူးယန်၊ချောင်ကွမ်းရုန်တို့အပေါ် ဒေါသထွက်တာကြောင့်နှင့် သူမ၏အလုပ်ချိန်များကို ပြုန်းတီးမခံနိုင်ပေ။ သူမ၏စိတ်ဝိဉာဉ်ကို တက်ကြွအောင်ပြောင်းပြန်လှန်လိုက်ကာ အစည်းအဝေး ၏အကြောင်းအရာနှင့် တစ်လက်စဝာည်း ကျေးလက်ဒေသမှ သတင်းပြန်ကြားရေးကိစ္စကိုပါ စီစဉ်လိုက်သည်။ လင်းပိယောင်နှင့် ကွန်ဖြူးရှပ်၏ အတွေးအခေါ်များကို ဝေဖန်သုံးသပ်ရန်အဆင်ပြေသော်လည်း အရင်းရှင်းစနစ်တိုက်ဖျက်ရေးကို နောက်ခံထားပါက အလွန်ကောင်းမှာဖြစ်သည်။ အခုကာလတွင် ကျေးလက်ရှိအမျိုးသမီးများနှင့် ကလေးများကိုထိခိုက်စေသော ရှေးရိုးထုံးတမ်းတစ်ချို့ရှိနေဆဲဖြစ်သည်။ ဤအခွင့်ကောင်းကိုယူကာ အားစိုက်ထုတ်ပြီး တစ်ချို့မကောင်းသောအရာများကို တိုက်ထုတ်ပြီး အမျိုးသမီးနှင့်ကလေးတစ်ချို့ကို။ကယ်တင်နိုင်ရန်အရေးကြီး၏။
အလုပ်ဆင်းသောအခါ လင်းလန် ဟန်ချင်စုန့်ကို သွားရှာလိုက်၏။
ဟန်ချင်စုန့်၊ စွန်းကျောက်ဝမ်နှင့် ဟန်ချင်းယွမ်တို့သည် တပ်မဟာထဲရှိ ထန်ကျားရွာ၌ နွားအသတ်ခံခြင်းနှင့်ပတ်သက်ပြီး စစ်ဆေးနေကြ၏။
စွန်းကျောက်ဝမ် :“ ခေါင်းဆောင်ဟန် နွားကအဆိပ်မိသေတယ်လို့ထင်လား ပြောတာတော့ ပါးစပ်ကအမြုပ်တွေထွက်လာတယ်တဲ့”
ဟန်ချင်းယွမ် :“ လက်ထောက်ဗျူရိုမှူးစွန်း ခင်ဗျားက မှုခင်းနေရာကို မတွေ့ခဲ့ရလို့ပါ၊ နွားက လည်ပင်းမှာ ဓားထိုးခံထားရတာ”
ဟန်ချင်စုန့် :“ သေသွားစေတဲ့ဒဏ်ရာက နွား
လက်ပြင်ပေါ်က အပေါက်သေးသေးလေးဘဲ”
သူက မှတ်တမ်းပေါ်မှ နေရာတစ်ခုကို ထောက်ပြလာသည်။ ထို့နောက် ၎င်းပေါ်တွင် ရိုးရိုးရှင်းရှင်းပုံတစ်ပုံဆွဲကာ အမှတ်အသားလုပ်လိုက်သည်။
“ ရှည်လျားပြီး ထက်ရှတဲ့အရာတစ်ခုနဲ့ ထိုးသွင်းခံထားရတာ၊ ဓားထက်စာရင် ဒါကပိုပြီးသေစေနိုင်တယ် ”
ဟန်ချင်းယွမ်က ၎င်းကိုကြည့်ကာ ပဟေဠိဖြစ်သွား၏။
“ ကော ဘယ်သူကများ နွားတစ်ကောင်ကိုသတ်ဖို့ ဒီလောက်ခက်ခက်ခဲခဲလုပ်လိမ့်မယ်လို့ ထင်လဲ ”
စွန်းကျောက်ဝမ် :“ နွားကိုသတ်ပြီး အမဲသားစားချင်လို့များလား၊ တစ်ယောက်ယောက်က အသားစားချင်လို့ ထုတ်လုပ်ရေးအဖွဲ့ရဲ့နွားကို တမင်သတ်တာလား ”
ဟန်ချင်းယွမ် :“ ဒီလိုကြီးဘဲ ဖြစ်မှရမယ်တော့ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား။ အဲ့ဒီလိုလုပ်ရင် အရူးတောင်သိလိမ့်မယ်၊ ဘာလို့မစုံစမ်းကြည့်တာလဲ ”
ဆာလောင်မွတ်သိပ်မှု ခံစားရဆုံးဖြစ်သော ကာလများတွင် ကွန်မြူနတီအဖွဲ့ဝင်များက စားစရာလုံလုံလောက်လောက်မရှိကာ တပ်မဟာက ကျွဲနွားများကိုမွေးမြူရလေသည်။ တစ်ချို့လူများက သူတို့ဦးနှောက်ကိုအသုံးချကာ နွားများကို ကျင်းထဲသို့မောင်းချပြီး ဒဏ်ရာရကာ သေဆုံးစေ၏။ ဒီလိုမှသာ တစ်ရွာလုံးက အသားစားနိုင်ကြမှာဖြစ်သည်။ သို့သော် ကျင်းထဲကျပြီးသေဆုံးသည်မှာ မတော်တဆမှုလို လုပ်ဆောင်ထားပြီး ဒီဓားထိုးခြင်းကမူ အတော်လေးကို ကျိုးကြောင်းသင့်လျော်မှု ရှိမနေပေ။
ဟန်ချင်စုန့် :“ ထန်ကျားရွာကိုပြန်သွားပြီး အနီးနားတစ်ဝိုက်က သားသတ်သမားတွေကို စစ်ဆေးကြည့်လိုက်၊ အထူးသဖြင့် ကျွဲနွားပေါ်ရာမှာ ကျွမ်းကျင်တဲ့သူတွေ၊ ကွန်မြူနတီအုပ်စုထဲမှ အလုပ်လုပ်နေတဲ့ သားသတ်သမားတွေလည်းပါတယ်။ တစ်ယောက်ချင်းဆီစစ်ဆေးကြည့်ပြီးတော့ သံသယရှိသူအားလုံးကိုခေါ်လာခဲ့လိုက် ”
သူမော့ကြည့်လိုက်ပြီး တံခါးဝရှိလင်းလန်ကို မြင်သောအခါ ထရပ်လိုက်သည်။
“ အလုပ်ဆင်းတော့ ”
ဟန်ချင်းယွမ် :“ စန်းကော ကျွန်တော့်အဖေကို အိမ်မပြန်လာနိုင်လောက်ဘူးလို့ ပြောပေးပါဦး ”
စွန်းကျောက်ဝမ်က ဟန်ချင်းယွမ်ကို ပုတ်ပေးလိုက်သည်။
“ အလုပ်ကြိုးစားလိုက်ပါဦး ချင်းယွမ်၊ ဒီအမှုက ကိစ္စအကြီးကြီးဖြစ်နိုင်တယ် ”
ဟန်ချင်စုန့်က သန့်ရှင်းရေးလုပ်ကာ စက်ဘီးကိုတွန်းပြီး လင်းလန်နှင့်အတူပြန်သွား၏။
လင်းလန်က စက်ဘီးနောက်ခုံတွင်ထိုင်ကာ ချောင်ကွမ်းရုန်နှင့် ရှင်းပြီးနောက်တွင် ခံစားချက်ကောင်းနေသောကြောင့် ဟန်ချင်စုန့်ကို ထပ်ပြီးစနောက်လာ၏။
“ စန်းကော ရှင်က ဘာလို့စည်းမျဉ်းတွေအပြင်မှာ ရောက်နေတာလဲ ”
ဟန်ချင်စုန့် :“ ဘာကိုလဲ ”
လင်းလန်: “ ရှင်က ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ ခေါင်းဆောင်လေ လူဆိုးတွေကိုဖမ်းရမှာ ရှင့်တာဝန်ဘဲပေါ့ ”
ဟန်ချင်စုန့် :“ တာဝန်ဝတ္တရားကို တမင်တကာ မပျက်ကွက်ရဲပါဘူးကွာ ”
လင်းလန် :“ ဒါဆိုရင် ရှင်ကဘာလို့ ရှင့်ရဲ့အားနည်းချက်တွေကို အရမ်းကာကွယ်နေရတာလဲ။ တကယ်လို့ ကျွန်မက လူတစ်ယောက်ကိုရိုက်လိုက်ရင် ရှင်ကကူပြီးဖြေရှင်းပေးတယ်။ အဲ့ဒါက အာဏာကို ကိုယ်ရေးကိုယ်တာကိစ္စအတွက် အလွှဲသုံးစားလုပ်နေတာမဟုတ်ဘူးလား ”
ဟန်ချင်စုန့် :“ မင်းက လူတွေကို ရိုက်နေကြလား ”
လင်းလန် :“ အဲ့လိုကြီးတော့လဲ မဟုတ်ပါဘူး
အစက သူမက သူ့ကိုနောက်ချင်တာဖြစ်သော်ငြား တွေးကြည့်လိုက်သောအခါ သူမက စည်းကမ်းတကျနှင့် နှိမ့်ချပြီးနေ၏။ အကယ်၍ အခြားသူများက သူမကို လာမထိပါးပါက သူမလည်း ပြန်လုပ်မည်မဟုတ်ပေ။ သူမဘက်အရင်စကာ လူတစ်ယောက်ကိုရိုက်မှာမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေသူက သူမကို အတိုင်းထက်အလွန် ကာကွယ်ပေးသောကြောင့် တကယ်ပျော်ရ၏။
Xxxxx