အပိုင်း ၇၆၅-၇၆၆
Viewers 36k

Part 765


ကလေးများပြန်ရောက်လာသောအခါ လင်းလန်က ချက်ချင်းပင် အပြုံးဖြင့်ကြိုဆိုလိုက်သည်။


“ ပြန်လာကြပြီလား၊ ဘယ်လိုနေလဲ ”


ကလေးများက အောင်မြင်မှုရလာသော ပုံစံကို သူမဆီပြလာကြ၏။


ရှောင်ဝမ် :“ မနက်ဖြန်ကျရင် သားတစ်ယောက်တည်း တတိယအကိုဆီစာရေးမှာ ”


ကလေးများက စိတ်လှုပ်ရှားစွာ တွတ်ထိုးနေကြပြီး သူတို့အဖေက ကြားသွားမှာစိုးရိမ်နေကြသည်။


ကိုယ်လက်ဆေးကြောပြီးသောအခါ လင်းလန်က တဝမ်အား တိုးတိုးလေးပြောလာ၏။


“ သားကြီး မားမားမှာ အသားခြောက်တစ်ပိုင်းရှိသေးတယ် ”


တဝမ်က သူမကိုခေါင်းခါပြလိုက်သည်။


“ မားမား သားကစားဖို့ တစ်ခုခုကိုရှာလို့ရပါတယ်”


လင်းလန်က သူလိမ်နေသည်ဟုမထင်ပေ။ သူမစိတ်သက်သာအောင် နှစ်သိမ့်ပြောလာမှာကို ကြောက်သော်လည်း တဝမ်က နည်းလမ်းရှိပါသည်ဟု ဆိုလာ၏။ ထို့ကြောင့် သူမလည်း စိတ်သက်သာရာရသွားလေသည်။


“ ကောင်းပြီလေ၊ ဒါဆိုရင် မားမားစိတ်မပူတော့ပါဘူး၊ ဒီအတိုင်းလာမေးကြည့်ကာ အိပ်ကြတော့လေ ”


သူမအခန်းဆီသို့ပြန်လာသောအခါ ဟန်ချင်စုန့်က ခြင်ထောင်တောင်ချပြီးနေပြီဖြစ်သည်။ သူမက အနွေးကုတင်ပေါ်တက်ကာ သူ့ကို အောင်ပွဲခံလာသလို ကြည့်လိုက်သည်။


သူမ၏ အနည်းငယ်ရန်စနေသောအကြည့်များကို တွေ့သောအခါ ဟန်ချင်စုန့်က ထိန်းမထားနိုင်တော့ဘဲ လင်းလန်ကို အနွေးကုတင်ပေါ်ဖိချထားလိုက်သည်။


လင်းလန် :“ ဝောာင်းပန်ပါတယ်၊ ကျွန်မထပ်ပြီးမလေ့လာချင်တော့ဘူး ”


ကျွန်မသားက ဘယ်လိုလုပ်ရမလဲသိသွားပြီ။ဟီးဟီး။


ဟန်ချင်စုန့်က မနက်ဖြန်ကျ သူမအိပ်ရာစောစောထပြီး ချက်ပြုတ်ရမည်ကို စဉ်းစားပေးကာ ဒီအတိုင်းဖက်ထားလိုက်ပြီး အိပ်ရာစောစောဝင်လိုက်သည်။ သူက သူမကိုဝောာင် ယပ်ခပ်ပေးလာ၏။


လင်းလန်က သူ့လက်ကိုဖယ်ကာ ကျောရိုးရှိပြီး ကျောရိုးမရှိသလိုနေနေသည်ဟု ဖော်ပြလာ၏။ လူတိုင်းက ကိုယ့်ဘာသာအိပ်ရမည်ဟု ဆိုလာလေသည်။


'ဘယ်သူက ရှင့်ကို အရမ်းခက်ထန်ပြီး ကျွန်မသားကို အစာခြောက်ယူသွားခွင့် မပေးခိုင်းလို့လဲ။ စစ်သားတွေ ရှေ့တန်းထွက်ရင်တောင် ကိုယ်စီခွဲတမ်းတွေယူသွားကြတာ။ အချိန်တွေက ဘယ်လိုပဲခက်ခဲနေပါစေ ရှစ်ခုမြောက်တပ်ကစစ်သားတွေက သူတို့ကိုယ်စီမှာ ခေါက်ဆွဲခြောက်ပါတဲ့ကျောပိုးအိတ်တွေရှိကြတယ်။ အဲ့လိုမှသာ ဗိုက်ဆာလာရင် စားလို့ရတာပေါ့။ '


သူမကအခုချိန်တွင် တဝမ်က အန္တရာယ်ကကြားသွားခြင်းမဟုတ်သည်ကို လျစ်လျူရှုထား၏။ ဟန်ချင်စုန့်ကလည်း တဝမ်ကိုတောရိုင်းထဲတွင် ရှင်သန်ရန်လေ့ကျင့်ပေးလိုခြင်းသာဖြစ်သည်။


'သူက ဘာလို့ သူမနှင့်ဆွေးနွေးပြီး တစ်ဆင့်ချင်းစီ မလုပ်တာလဲ။ အကယ်၍ ရှင့်မှာအရည်အချင်းရှိရင် အစာခြောက်လည်းမယူ၊ မီးခြစ်ဆံလည်းမယူဘဲ ကျွန်မသားကို ခေါ်သွားပေလေ။ အခုကျသူ့ကိုတစ်ယောက်တည်းသွားခိုင်းတယ် '


ဟန်ချင်စုန့်က ခနလောက်တိတ်ဆိတ်သွားကာ စိတ်ဆိုးရမည်လား၊ ဆွံ့အရမည်လားတောင် မသိတော့ပေ။ နောက်ဆုံးတွင် သူမဘက်လှည့်ကာ သူမကို လက်မောင်းကြားထဲဆွဲသွင်းလိုက်သည်။


လင်းလန် :“.....” ရှင်ကတကယ်ကို အပူမကြောက်ဘူးပဲ။ ရှင့်ကိုရှင် ဘယ်လိုပူလဲဆိုတာ မသိဘူးလား။ ကျွန်မက ရှင့်ထက်ပိုအေးနေတယ်လို့ ဆိုလိုတာလား။


သူမရင်ထဲတွင် တွတ်ထိုးနေသော်ငြား သူ၏လူသားခေါင်းအုံးပေါ်တွင် သူမက ချိုမြိန်စွာအိပ်ပျော်သွား၏။


နောက်တစ်နေ့တွင် ဟန်ချင်စုန့်က နွားသတ်ခံရမှုကို သွားဖြေရှင်းရကာ လင်းလန်ကမူဝါဒဖြန့်ချီရေးဌာနတွင် အလုပ်များနေ၏။ သူတို့နှစ်ယောက်လုံးက အလွန်အလုပ်ရှုပ်နေကြသည်။ ချောင်ကွမ်းရုန်သည်လည်း သူ့ဘက်မှအရင် လင်းလန်ကိုကူညီလာကာ ကျေးလက်ဒေသများသို့ သတင်းပြန်ကြားရန်တာဝန်ယူပေးလာ၏။ ထို့နောက် တပ်မဟာတစ်ခုဆီမှ ဝါဒဖြန့်ချီရေးဌာနခေါင်းဆောင်များကို ကွန်မြူနတီသို့အစည်းအဝေးလာတက်ရန် ဖိတ်ခေါ်လိုက်သည်။


ညနေခင်းတွင် ဟန်ချင်စုန့်က ပုံမှန်အချိန်တွင် အလုပ်မဆင်းလာဘဲ ခုနစ်နာရီခွဲမှသာ အိမ်ပြန်ရောက်လာ၏။


လင်းလန်က သူ့ကိုအမြန်လက်ဆေးကာ ညစာစားခိုင်းလိုက်သည်။ သူတို့စားပြီးသွားကာ သူ့အတွက်ကိုအိုးထဲ၌ ချန်ပေးထား၏။


ဟန်ချင်စုန့်က သူ့ခါးပတ်၌ချည်ထားသော ဓားအိမ်ပါသောဓားမြှောင်‌အသေးလေးကို ဖြေလိုက်ကာ တဝမ်ကို ပေးလာ၏။ ထို့နောက် နှုတ်ဆက်စာနှင့် သက်သေထောက်ခံချက်တစ်ချို့ကို သူ့လွယ်အိတ်မှထုတ်ပေးလိုက်သည်။


“ တစ်ယောက်ယောက်က စစ်မေးလာရင် ဒါတွေကိုပြလိုက်”


တဝမ်ကိုယ်တိုင်၌ စစ်တပ်မှပေးထားသည့် ယာယီထောက်ခံစာရှိသော်ငြား ဟန်ချင်စုန့်က ‌သေချာစဉ်းစားကာ ကွန်မြူနတီထဲ၌ ဓားကိုင်ဆောင်နိုင်သည့် ထောက်ခံစာထပ်ပေးလာခြင်းဖြစ်သည်။


ကလေးများက အလွန်သိချင်လာကြကာ သူတို့အကိုကြီးအား ဓားထုတ်ခိုင်းကြည့်လာကြ၏။ 


ဓားအိမ်က ရှည်သွယ်ပြီး ကြေးဝါဖြင့်ပြုလုပ်ထားကာ ဓားလက်ကိုင်ကလည်း ကြေးဝါနှင့်ပင်ဖြစ်သည်။ ဓား‌မြှောက်ထွက်ကျမည်ကို တားဆီးရန်အတွက် ဓားအိမ်တွင် အပိတ်ဆို့တစ်ခုပါရှိ၏။


တဝမ်ကို အပိတ်ဆို့ကိုဖိကာဖွင့်လိုက်ပြီး ဓားကိုဆွဲထုတ်လိုက်ရာ အေးစက်သော‌အလင်းရောင်တစ်ခုက ရုတ်တရက်ထွက်ပေါ်လာ၏။ ဓားသွားက‌ ငွေဖြူရောင်သန်းနေပြီး ရှည်လျားကာ တစ်‌ဖက်တွင် ငေါထွက်နေသော အစွန်းသုံးခုနှင့် အခြားတစ်ဖက်တွင် သွေးကာတစ်ခုရှိသည်။ ထိပ်ဖျားက ထက်ရှပြီး ချွန်သွယ်နေကာ အနည်းငယ်ဗျက်ကျယ်သော ဆွစ်သုံးဓားနှင့် ပိုတူ၏။


တဝမ်၏မျက်လုံးများတွင် အံ့ဩမှုများဖြတ်ပြေးသွားက ချက်ချင်းပင် ထိုဓားကိုသဘောကျသွား၏။


ကလေးများက အံ့အားတကြီးဆိုလာကြ၏။

“ ဝါးးဒီလောက်တောင် မြန်မြန်ဖြစ်လာပြီလား”


ဟန်ချင်စုန့်က တဝမ်အားဓားနှင့်အပြင်ထွက်လာရန်ပြောလိုက်ကာ ဓားကိုဘယ်လိုကိုင်ရမည်နှင့် အခြားအသေးစိတ်ပတ်အရာများကို ပြောပြလိုက်သည်။


ကျန်ကလေးသုံးယောက်က သိပ်မဝေးသောနေရာတွင် ပုန်းကာ ဟန်ချင်စုန့်ဓားဘယ်လိုသုံးရမည်ကို သင်ပေးနေသည်အား ကြည့်နေကြ၏။ ဟန်ချင်စုန့်ဓားကိုင်လိုက်သည်ကို မြင်သော်ငြား ဘယ်လိုလုပ်လိုက်သည်ကို မတွေ့လိုက်ရပေ။ ဖောက်ခနဲအသံနှင့်အတူ ဘေးနားက သစ်ပင်ကိုစိုက်သွားလေသည်။


“ဝါးးးး” ကလေးများက မျက်လုံးပြူးသွားကြလေသည်။


ဟန်ချင်စုန့်က ဓားကို အပေါ်အောက်ပုံစံကိုင်လိုက်ကာ တဝမ်ကိုပေးလိုက်သည်။


“ သတိထား ”


တဝမ်က ဓားကိုယူလိုက်သည်။ သူ့အမူအရာက တည်ငြိမ်နေသော်ငြား စမ်းသုံးကြည့်လိုစိတ်နှင့် ထိန်းမချုပ်နိုင်သော အမူအရာများက သူ့မျက်လုံးထဲမှ လျှံထွက်နေလေသည်။ စစ်တပ်ထဲတွင် သူဤဓားမြှောင်ကို မြင်ခဲ့ဖူးသည်။ သူတို့ကတော့ ဤအရာများကို ကင်းထောက်လူငယ်များအတွက်ဖြစ်ကာ အများအပြားမရှိဘူးဟုဆို၏။


အခုသူက အခြေခံစကေးများကို တတ်ကျွမ်းသွားပြီဖြစ်ကာ အားကိုဘယ်လိုစိုက်ထုတ်ရမည်ကို သိနေပြီဖြစ်သည်။ သူက ဓားကိုဓားအိမ်ထဲထည့်ကာ တစ်ကြိမ်ပြီးတစ်ကြိမ်လေ့ကျင့်နေလိုက်သည်။


အားကို ဘယ်သောအခါမှ လက်တစ်ဖက်တည်းနှင့်သာ စိုက်မထုတ်ရပေ။ ခြေထောက်နှင့်ခြေဖဝါးကို အခြေခံယူကာ ခါးကအဓိကထိန်းချုပ်သောနေရာဖြစ်သည်။ နောက်ကျော၊ပုခုံးနှင့် လက်မောင်းခွန်အားတို့ကို သဘာဝကျစွာ အသုံးပြုပြီးအားစိုက်နိုင်မှ  ထွက်လာသောအားသည် လုံလုံလောက်လောက်သန်မာကာ လေးနက်မှာဖြစ်သည်။


ဟန်ချင်စုန့်က တဝမ်လေ့ကျင့်နေသည်ကို ခနလောက်စောင့်ကြည့်လိုက်ကာ ဂရုတစိုက်ရှင်းပြလိုက်ပြီးနောက် ညစာစားရန်ပြန်သွားလိုက်သည်။ သူအထဲဝင်လာသောအခါ လင်းလန်ကမျက်နှာပေါ်တွင် အပြုံးတစ်ခုတင်ထားပြီး အလွန်စိတ်ဓာတ်တက်ကြွနေသည်ကို တွေ့လိုက်ရ၏။


လင်းလန် ကျေးဇူးတင်စွာညစာပြင်ပေးလာသောအခါ သူက သူမကိုတစ်ချက်ကြည့်လိုက်ပြီး တိတ်တိဆိတ်သာ ညစာစားနေလိုက်သည်။ 


ဟန်ချင်စုန့် :“ ဘာလို့ကိုယ့်ကို ခွံ့မကျွေးတာလဲ”


လင်းလန်က ပြုံးကာ တူကိုချလိုက်သည်။


“ ညွှန်မှူးဟန်က အရမ်းအလုပ်ကြိုးစားတာဘဲ၊ နွားသတ်သမားကိုရော ဖမ်းမိသွားပြီလား”


ဟန်ချင်စုန့် :“.....ရလုနီးပါးပါဘဲ ”


Xxxxxxx

Part 766


သားသတ်သမားအဖွဲ့က အလောင်းကိုခွဲစိတ်ခဲ့ရာ ဒဏ်ရာက သာမာန်ဆူးချွန်မျိုးကြောင့်မဟုတ်ဘဲ၊ စစ်တပ်သုံးဆူးချွန်ကြောင့်ဖြစ်သည်ကို တွေ့လိုက်ရသည်။ ဤလက်နက်မျိုးကို ပြုလုပ်နိုင်သူမှာ သာမာန်လူများမဟုတ်ဘဲ စစ်တပ်အရာရှိများနှင့် စစ်မှုထမ်းဟောင်းများသာ ဖြစ်သည်။ ထို့ကြောင့် သူ၏မှန်ပြောင်းကို ပန်းပဲသမားများဆီသို့ တိုးချဲ့လိုက်ကာ တစ်ယောက်ယောက်ကများ ဒီလိုအရာမျိုးကို လုပ်ခဲ့ဖူးသလားဆိုသည်ကို စစ်ဆေးမှာဖြစ်သည်။


သို့သော်ငြား စုံစမ်းမှုက ငြီးငွေ့ဖွယ်ကောင်းကာ အချိန်လိုသောအရာဖြစ်သောကြောင့် လွယ်တော့မလွယ်ကူပေ။


သူယုံကြည်ချက်အပြည့်ရှိနေသည်ကို လင်းလန်ကြည့်လိုက်ကာ သူမ‌အနေဖြင့် မည်သို့ဖြေရှင်းရမည်ကိုမသိသောကြောင့် ဘာမှမပြောလိုက်ပေ။ သူ့ကိုများများစားရန်သာ ပြောလိုက်သည်။


“ စိတ်မဆိုးတော့ဘူးလား ”

ဟန်ချင်စုန့်က သူမကိုကြည့်လာ၏။


လင်းလန်:“ ဘယ်သူကစိတ်ဆိုးနေလို့လဲ ၊ တစ်ယောက်ယောက်ကစိတ်ဆိုးနေတယ်ဆိုတာကို ကျွန်မလဲမသိရပါလား ”


မိုင်စွေ့၊အားဝမ်နှင့် ရှောင်ဝမ်က ညကိုးနာရီတွင် အပြင်မှပြန်ရောက်လာကြကာ သူတို့ပြင်ဆင်ထားခဲ့သော ကျောက်တုံးများအားလုံးကိုယူလာကြသည်။


လင်းလန်က သူတို့ကို ပုစဉ်းရင်ကွဲများသွားရှာနေသည်ဟုထင်ခဲ့သော်ငြား တကယ်တမ်းတွင်ကျောက်တုံးများသွားစုနေကြခြင်းဖြစ်သည်။ သူမက လက်သီးဆုပ်လောက်ရှိကာ အပြာရောင်တစ်လက်လက်တောက်ပနေသော ကျောက်တုံးကိုကြည့်လိုက်ပြီး လှမ်းယူလိုက်သည်။


ရှောင်ဝမ်က စိတ်လှုပ်ရှားစွာပြောပြလာသည်။

“ မားမား ဒီအပြာရောင်ကျောက်တုံးက  အကောင်းဆုံးဘဲ၊ မီးထွက်တယ် ”


လင်းလန်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် မိုင်စွေ့နှင့်အားဝမ်ကို ကြည့်လိုက်သည်။

“ ဘယ်ကရလာတာလဲ ”


မိုင်စွေ့ :“ အားဝမ်နဲ့ သမီးတို့ နေ့လယ်ခင်းတုန်းက ကွန်မြူနတီရဲ့ မြစ်နုန်းမြေပေါ်မှာသွားရှာလာခဲ့ဝာာ ”


လင်းလန်က ချက်ချင်းပင် အပျော်လွန်သွား၏။


“ အဲ့ဒီမှာထပ်ရှိသေးလား။ မားမားလည်း မနက်ဖြန်ကျရင်သွားရှာမလို့ ”


ဟားဟား၊ ငါသိပြီ။ ဒါက နီ‌လာကျောက်ရိုင်းတွင်းဘဲ။


သူမ၏အရင်ဘဝတွင် ကျောက်မျက်နှင့် တွင်းထွက်ပစ္စည်းဆိုင်ရာစာအုပ်များကို ခွဲခြမ်းလေ့လာခဲ့ဖူးကာ တိကျသေချာသောပမာဏတစ်ခုအထိ နားလည်မှုရှိပေသည်။ ဤအရာက ‌နီလာကျောက်ရိုင်းတွင်းဆိုတာ သေချာသည်။


အဲ့ဒါကို တင်ပြမှာလား။


လင်းလန်၏စိတ်က လျင်မြန်စွာလည်ပတ်နေပြီး ရုတ်တရက်ပင် ဖိုင်တွဲပေါင်းများစွာမှတစ်ခုကို သတိရသွားသည်။


‌၎င်းကပြောထားသည်မှာ ဝေ့ဖန်း‌တွင်ရှိသော ချန်လဲ့တောင်တန်းဒေသသည် နီလာများပေါကြွယ်ဝသည်ဟုဆိုသည်။ ဤကာလများတွင် သေးငယ်သောအပြာရောက်ကျောက်တုံးများကို တောင်ပေါ်တွင်တွေ့ရတတ်ကာ တစ်ချို့တစ်လေက မြစ်ထဲသို့ရောက်သွားလေ့ရှိသည်။ ပြောကြသည်ကတော့ မိုးရွာပြီးသွားကာ ရွာသူရွာသားများသည် တောင်ပေါ်တက်သွားရုံဖြင့် နီလာကျောက်များကို ရရှိနိုင်သည်ဟုဆိုသည်။


သို့သော်ငြား ထိုအချိန်တွင် လူတိုင်းကဤအရာကိုနားမလည်ခဲ့ကြပေ။ လူတစ်ယောက်က ကျောက်တုံးကိုကောက်ခဲ့ကာ အိမ်တွင်မီးခတ်ကျောက်အဖြစ်အသုံးပြုလိုက်သည်။ မီးပွင့်အများအပြားထွက်သောကြောင့် အပြာရောင်မီးခတ်ကျောက်ဟုခေါ်ကြ၏။ မည်သို့ပင်ဖြစ်စေကာမူ ဒေသခံရွာသားများက နီလာကျောက်အများအပြားကိုကောက်ယူထားကြကာ တစ်ချို့ဆိုလျှင် ကြက်ဥတစ်လုံးနီးပါးကြီးကာ တစ်ချို့က ခိုဥအရွယ်လောက်ရှိသည်။ သို့သော် သူတို့ကနားမလည်သောကြောင့် ပျောက်သွားသည်များလည်းရှိသဖြင့် နောက်ပိုင်းတွင် အပြင်လူများက ဈေးပေါပေါဖြင့် ‌ယူသွားကြသည်။


1980ခုနစ်အလယ်ကာလများတွင် တရုတ်လူမျိုးများသည် နီလာကျောက်တန်ဖိုးကို သိရှိလာကြလေသည်။ ဗဟုသုတရှိသူများက နီလာကျောက်များကို ဈေးနိမ့်နိမ့်ဖြင့် ဝယ်စုလာကြသည်။ ကျောက်တစ်တုံးက လေး၊ငါးယွမ်ဖြင့် ဝယ်ယူနိုင်ကာ အရည်အသွေးအလွန်ကောင်း၏။ 1990ခုနစ်များတွင် အစိုးရက နီ‌လာကျောက်များကို အာရုံစိုက်လာခဲ့သည်။ ကျောက်မျက်မြို့တော်ကို 1993ခုနစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင့်တင့်လျောက်ပတ်သော မိုင်းတူးမှုများပြုလုပ်ရန်  အများပြည်သူဆိုင်ရာ ကျောက်မျက်ရတနာအစည်းအရုံးကို 1996ခုနစ်တွင် တည်ထောင်ခဲ့သည်။


ကြည့်ရသည့်မှာ သူမရောက်နေသောနေရာသည် ထိုအခြေအနေနှင့် တူညီပုံပေါ်သည်။ သူမ၏အိမ်သည် နီလာကျောက်တွင်းသို့မဟုတ်၊ နီလာကျောက်များကပ်ပါ‌နေသော မြစ်ကြမ်းပြင်နားတွင် ရှိနေနိုင်ပေသည်။ ဖျင်းတင်းတောင်ကများလား။


ရုတ်တရက်ပင် သူမ ကွန်မြူနတီတွင် အလုပ်သွားမလုပ်ချင်တော့ပေ။ ဤကဲ့သို့နီလာကျောက်တုံးများကိုသာ တိတ်တဆိတ်သွားရှာချင်မိသည်။


မနက်ဖြန်ကျ သွားရှာရမယ်။


ကလေးများက လင်းလန်ကိုကြည့်လာကာ သူတို့က ဝက်ဝဝနှစ်ကောင်နှင့် ဆန်‌များကတ်တီတစ်ထောင်ရလာခဲ့သလိုပင် မျက်လုံးများတောက်ပလာကြသည်။


ရှောင်ဝမ်က လင်းလန်အင်္ကျီစကိုဆွဲကာ အသံတိုးတိုးဖြင့်မေးလာ၏။


“ မားမား ဘာဖြစ်လို့လဲ”


လင်းလန်က ချက်ချင်းပင်သတိပြန်ဝင်သွားကာ ပြုံးပြလာ၏။


“ လုပ်ပါ၊ သားဒီကျောက်တုံးကို ဘယ်နေရာကရခဲ့တာလဲဆိုတာ အတိအကျပြောပြ၊ မားမားထင်တာတော့ ဒါကအတော်လေးကြည့်ကောင်းသလားလို့။ မားမားဒါကိုအရမ်းကြိုက်တယ်၊ နောက်ပိုင်းကျ မားမားလည်း သွားရှာကြည့်မလို့ ”


အားဝမ်:“ မားမားရှာတွေ့မှာမဟုတ်ဘူး၊ ဒါကသုံးလို့ရတာကို သားတို့ရှာတွေ့တော့ နေရာအများကြီးမှာလိုက်ရှာသေးပေမယ့် ထပ်မတွေ့တော့ဘူး”


ချမ်းသာတော့မည်ဟူသော လင်းလန်၏အိပ်မက်မှာ ချက်ချင်းပင်ကွဲကြေသွားလေသည်။ ဟင်း ဒါကတကယ်ကို လူတွေကြားထဲမှာ လူပုလေးတစ်ယောက်နေတယ်ဆိုတာမျိုးပါလား။ ကြည့်ရတာတော့ ကျောက်‌မိုင်းကြောက သူတို့အိမ်နှင့်မနီးပုံပင်။ ဒီကျောက်ရိုင်းတုံးက မတော်တဆရောက်လာတာဖြစ်မည်။ 


ထို့နောက် သူမက..ဘယ်နေရာမှာများ ဤကျောက်များပို၍တွေ့နိုင်မည်ကို တိတ်တဆိတ်စုံစမ်းနေလိုက်သည်။


သူမတိုးတိုးလေးပြောလာ၏။


“ မားမားမြင်တာတော့ ဒီကျောက်တုံးက တော်တော်လေးကြည့်ကောင်းတာဘဲ။ အနာဂတ်မှာ ဒီလိုကျောက်မျိုးရှာတွေ့ရင် မားမားအတွက်ကောက်လာပေးလို့ရမလား”


ကလေးများက ခေါင်းညိတ်ပြလိုက်ကြသည်။

“ ကောက်ပေးမယ် ”


လင်းလန်က သူမကံကြမ္မာတစ်ခုလုပ်ယူနိုင်လိုက်သလိုပင် အလွန်ပျော်သွား၏။


“ ဒါကိုမီးခတ်အဖြစ်သုံးဖို့ သားတို့ရဲ့ အကြီးဆုံးအကိုကို အရင်ပေးလိုက်”


သူမက ကလေးများကို အိပ်ရာစောစောဝင်ခိုင်းလိုက်သည်။ သူတို့ကမနက်ဖြန်တွင် စော‌စောထရမှာဖြစ်သည်။


ကလေးများ အနွေးကုတင်ပေါ်သို့တက်သွားကြကာ မီးငြိမ်းလိုက်ပြီးနောက်တွင် သူမကပြုံးလျက်ပင် အခန်းဆီသို့ပြန်လာပြီး အနွေးကုတင်ပေါ်သွားလိုက်သည်။


ဟန်ချင်စုန့်က မှတ်စုစာအုပ်‌ကိုလက်ပေါ်မှချလိုက်ကာ သူမအားကြည့်လာ၏။


“ အရမ်းပျော်နေပါလား ”


လင်းလန်က သူ့ပုခုံးပေါ်တွင်မှီကာ ပြုံးနေလိုက်သည်။ သူတို့အိမ်တွင် လက်သီးဆုပ်အရွယ်နီလာကျောက်ကြီးရှိနေပေသည်။ ၎င်းအားနှစ်နှစ်ဆယ်ကြာအောင် ဖြန့်ဖြူးရောင်းချ၍မရနိုင်သော်ငြား မိသားစုအမွေအနှစ်ပစ္စည်းပင်ဖြစ်သည်။ အနာဂတ်တွင် ၎င်းအား နီလာကျောက်ဖြစ်အောင် သွေးနိုင်ပါက ကြည့်ရုံနှင့်တင် စိတ်ကျေနပ်ရပေလိမ့်မည်။ ဘယ်လိုတောင်ပျော်စရာကောင်းတဲ့အရာလဲ။ အိပ်မက်မက်ရင်တောင်ပြုံးနေမိမှာ။


ဟန်ချင်စုန့်က သူမကို လက်မောင်းထဲဆွဲသွင်းလိုက်ကာ ပွတ်သပ်လာ၏။


“ အတူတူပျော်ရအောင်လေ ”


လင်းလန်: “.....တော်လိုက်တော့၊ ရှင့်ပျော်ရွှင်မှုက ကျွန်မရဲ့ပျော်ရွှင်မှုနဲ့ မတူဘူး”


သူ၏နက်မှောင်နေသော မျက်လုံးများက သူမအပေါ်တွင်သာ အခြေချနေပြီး စကားမပြောသော်ငြား သူ့မျက်လုံးများက သူ့စိတ်ကိုဖော်ပြနေကာ တိတ်တဆိတ်ဖြင့် နစ်နာချက်အနည်းငယ်ရှိနေပေသည်။


Xxxxxx