Part 769
လင်းလန်ကို အနိုင်ကျင့်၍မရပေ။ အခြားသူများကိုဖိနှိပ်ရန် အာဏာသုံးရန်မလွယ်ကူပေ။ သူမဘက်တွင် ဟန်ချင်စုန့်ရှိကာ ရန်ဖြစ်မည်ဆိုလျှင် သူမယောက်ျားကို ရိုက်နိုင်သောသူမရှိသေးပေ။
ထို့ကြောင့် မဖြစ်နိုင်ပေ။
ယွီရှင်းက သူမကိုဂရုစိုက်ပေးသော ညွှန်မှုးသည် စက်ဘီးတစ်စီးအတွက် သူမကိုစိတ်ကျေနပ်အောင်မလုပ်ပေးသည်ကို မြင်သောအခါ မကျေမနပ်ဖြစ်သွားပြီး တတွတ်တွတ်ပြောနေလိုက်သည်။
အလုပ်ဆင်းသောအခါ လင်းလန်က အရင်နေ့များတွင်အချိန်ပိုဆင်းထားသောကြောင့် ဒီနေ့အိမ်စောစောပြန်ရန် ဆုံးဖြတ်လိုက်သည်။ အရင်နေ့များတွင် သူမနှင့် ဟန်ချင်စုန့်တို့က အိမ်ပြန်နောက်ကျကြ၏။ နေ့တိုင်းလိုလိုပင် အားဝမ်နှင့်မိုင်စွေ့က ရှောင်ဝမ်ကို သွားကြိုရကာ သူမအနေဖြင့် အလွန်စိတ်မကောင်းဖြစ်မိပေသည်။
ပြည်သူ့လုံခြုံရေးဗျူရိုသို့ သူမရောက်လာသောအခါ စွန်းကျောက်ဝမ် တစ်ယောက်တည်းရှိသည်။
လင်းလန်ဝင်လာသည်ကို မြင်သောအခါ စွန်းကျောက်ဝမ်က ပြုံးကာနှုတ်ဆက်၏။
“ အရာရှိလင်း ဒါကကျွန်တော်တို့ ကွန်မြူနတီမှာပထမဆုံးစက်ဘီးဘဲ ၊ ညွှန်မှူးရဲ့စက်ဘီးဆို 156ယွမ်ဘဲရှိတာ”
လင်းလန်: “ ဒါကဝါဒဖြန့်ချီရေးဌာနကပေးတာလေ။ ငါ့အတွက်မဟုတ်ဘူး။ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်ပဲ ငါစီးလို့ရတာ။ လက်ထောက်ညွှန်မှူးစွန်း ညွှန်မှူးဟန်က ဘယ်မှာလဲ ”
စွန်းကျောက်ဝမ်:“ အိုး။ ခေါင်းဆောင်ဟန်က ကွင်းဆင်းနေတယ်။ ခင်ဗျားလည်းသိမှာပါ။ ကျွန်တော်တို့ ပြည်သူ့လုံခြုံရေးဗျူရိုက လူအင်အားနည်းနေတယ်လေ။ ခေါင်းဆောင်ဟန်လည်း ကိုယ်တိုင်ကိုယ်ကျ ပြည်သူ့လုံခြုံရေးအတွက် လုပ်နေရတယ်။ မင်းခနလောက်စောင့်နေလိုက်လေ။ ခနနေရင် ခေါင်းဆောင်ဟန် ပြန်လာတော့မှာပါ။ သူညဆိုင်းဆင်းမှာမဟုတ်ဘူး”
သူက လင်းလန်ကို အပြင်လူအဖြစ်မသတ်မှတ်ထားသောကြောင့် စတင်ကာ စကားပြောလာ၏။
“ အခုတလောထူးဆန်းနေတယ်၊ တစ်လောတုန်းက နွားသတ်ခံရပြီး ခေါင်းဆောင်ဟန်က နွားသတ်တဲ့သူတွေကို ဖမ်းလိုက်တယ်။ နောက်တော့ရက်အနည်းငယ်အကြာမှာဘဲ နောက်ထပ်မြည်းတစ်ကောင်သေပြန်ရော။ ပြောကြတာတော့ နောက်ထပ်သတ်ခံရတာတဲ့”
ဟန်ချင်စုန့်က အခြားကွန်မြူနတီများကို စစ်ဆေးရန်သွားမည်ဖြစ်သော်ငြား သူတို့ကွန်မြူနတီတွင် တိရစ္ဆာန်တစ်ချို့သတ်ခံနေရသောကြောင့် မသွားဖြစ်ချေ။
လင်းလန်:“ လူတစ်စုက ပြစ်မှုတွေကျူးလွန်နေကြတယ်၊ အထူးသဖြင့် တိရစ္ဆာန်တွေကို သတ်တယ် ဘာကြောင့်လဲ ”
စွန်းကျောက်ဝမ်:“ ကျွန်တော်လည်း မသိတော့ပါဘူး။ ဖြစ်နိုင်တာတော့ ခေါင်းဆောင်ဟန်ကတော့ လူတွေအထိတ်တလန့်ဖြစ်အောင်လုပ်ချင်တယ်လို့ ထင်တယ်တဲ့။ ဒါမှမဟုတ် သူတို့ရဲ့ဒေါသတွေကို ဖြေလျှော့ဖို့ တိရစ္ဆာန်တွေကို သတ်တာများလား ”
လင်းလန်:“...မြေအောက်လောကရဲ့ မကောင်းတဲ့ဒြပ်စင်တွေက ပြသနာဖြစ်စေတာများလား”
အကယ်၍ သူတို့က ဒေါသတွေကို ဖြေလျှော့ရန် တိရစ္ဆာန်တွေကို သတ်မည်ဆိုပါက ဘာလို့ တပ်မဟာအနည်းငယ်မှာ ပေါ်လာရတာလဲ။ ၎င်းက ကြိုတင်စီစဉ်ကာ ခန့်မှန်းလုပ်ဆောင်ထားသော လှုပ်ရှားမှုနှင့် ပိုတူ၏။
စွန်းကျောက်ဝမ်က ခေါင်းခါပြလာသည်။
“ အရာရှိလင်း မင်းမသိလို့ပါ။ အခုဆို ကျွန်တော်တို့ကွန်မြူနတီမှာ ဘာလူဆိုးမှမရှိတော့ဘူး။ ကောင်တီကိုထူထောင်တဲ့အချိန်မှာ သူတို့တွေက အစောပိုင်းမှာသတ်ဖြတ်ခံရပြီး ဖမ်းဆီးခံထားရတဲ့သူတွေကလည်း ပြုပြင်ပြောင်းလဲသွားကြပြီ”
ထိုအချိန်ကာလများတွင် ' တစ်စုကိုသတ်၊ တစ်စုကိုပိတ်ပင်နှင့် တစ်စုကိုစီစဉ်'ဟူသောပေါ်လစီကို တောက်ဓမ္မပညာရှင်များနှင့် တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ကြသည်။ လျို့ဝှက်အေးဂျင့်များ၊ ဓားပြ၊ အနိုင်ကျင့်သူနှင့် တိုးတက်မှုကိုမလိုလားသော ပါတီခေါင်းဆောင်များ ကို ထုတ်ပယ်ခြင်း၊ ဓားပြ၊ ခေါင်းဆောင်များ၊ ဒေသအလိုက်ကျက်စားသောဓားပြ၊ နိုင်ထက်စီးနင်းပြုသူများ အထောက်အထားခိုင်မာစွာရှိသော ပြည်သူလူထုဆိုင်ရာ ခေါင်းဆောင်များနှင့် လျို့ဝှက်စပိုင်များကို ဆန့်ကျင့်ခြင်း အစရှိသည်ကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ထို့ကြောင် ပြီးခဲ့သည့် အနှစ်20အတွင်းတွင် ဘယ်လူဆိုးကမှ မဦးဆောင်ရဲကြခြင်းဖြစ်သည်။
၎င်းက လူဆိုးလူမိုက်များမရှိရခြင်း၏ အကြောင်းပြချက်အဖြစ် ရပ်တည်နေသည်။
ဒါပေါ့၊ နက်နက်ရှိုင်းရှိုင်းပုန်းကွယ်ကာ ဖမ်းဆီခြင်းမခံရသောလူများရှိသော်လည်း သူတို့က ဤအရာများက မအုပ်စိုးနိုင်ပေ။ မဟုတ်ပါက ဖော်ထုတ်ခံရကာ ဖမ်းဆီးခံရမည်ဖြစ်သည်။
စွန်းကျောက်ဝမ်က နည်းပါးသောအရာများထက်စာရင် များပြားသောအရာများကပိုကောင်းသည်ဟုထင်သောလူများ၏ဥပမာတစ်ခုပင်ဖြစ်သည်။ တောက်ဓမ္မဂိုဏ်းများ၏ ပြသနာများကို တွေးကြည့်လိုက်သောအခါ သူတို့မရှိသည်က ပို၍ကောင်းပေသည်။ မင်းအနေဖြင့် မရှိဘူးဟုတွေးနေသ၍ သေချာပေါက်ရှိလာမည်မဟုတ်ပေ။ ၎င်းတို့က ပြန်လည်စုစည်းရန်မှာလည်း မလွယ်ကူပေ။
လင်းလန်က သိပ်နားမလည်သောကြောင့် သူမ ဘာမှသိပ်မပြောပေ။ သူမကိုယ်၌လည်း လုပ်ဆောင်ရမည့်အရာများရှိသေးပေသည်။
ဤအချိန်တွင် ဟန်ချင်စုန့်နှင့် လော့ဟိုင်ချန်တို့က လက်ထိပ်ခတ်ထားသောယောက်ျားတစ်ယောက်ကိုခေါ်ကာ အပြင်မှပြန်လာကြသည်။ ထိုယောက်ျား နေလောင်နေသောမျက်နှာရှိကာ သာမာန်ကွန်မြူနတီအဖွဲ့ဝင်များဝတ်သလို ဝတ်စားထားပြီး တစ်ကိုယ်လုံးက ညစ်ပေနေသည်။ သူက အသက်လေးဆယ်ကျော်ဟုထင်ရကာ အလယ်အလတ်အရွယ်ကိုယ်ရှိပြီး သာမာန်အဖွဲ့ဝင်တစ်ယောက်ဟုထင်ရ၏။ သူက လူအုပ်ထဲတွင်ဆိုပါက သတိမူစရာမရှိပေ။
လင်းလန်က သူ့ကိုတစ်ချက်ကြည့်လာသည်။နွားသတ်သမားကို ဖမ်းမိပြီလား
သူမက ဟန်ချင်စုန့်ဆီသွားလိုက်သည်။
“ စန်းကော....”
သူမက ဟန်ချင်စုန့်အား စန်းကောဟုခေါ်သံကို ကြားလိုက်သောအခါ ထိုယောက်ျားက ချက်ချင်းပင် သူမကို ခက်ထန်စွာစိုက်ကြည့်လာ၏။ သူမက မိန်းမလှတစ်ယောက်ဖြစ်နေသည်ကို မြင်သောအခါ သူမက လူကောင်းတစ်ယောက်မဖြစ်နိုင်ဟု သူခံစားလိုက်မိသည်။
သူက သူ့ကိုဖမ်းထားသော ရဲဝန်ထမ်းလက်မှ ရုန်းထွက်လိုက်ကာ လင်းလန်အား ပြင်းထန်စွာရိုက်ချလာ၏။____
စွန်းကျောက်ဝမ်က သူ့ကိုအရူးတစ်ယောက်လို့ကြည့်လာကာ သတိလက်လွတ်ဖြင့် ပုန်းလိုက်သည့်အချိန်တွင် ဟန်ချင်စုန့်နှင့် လော့ဟိုင်ချန်က သူနှင့် သိပ်မဝေးသည့်နေရာတွင် စက်ဘီးပေါ်မှဆင်းလာနေတုန်းဖြစ်သည်။သူ့အားဖမ်းထားသော ရဲဝန်ထမ်းသည် အမြဲတစေကျိုးနွံနေသောလူက ရုတ်တရက်ကြီး ရူးသွပ်သွားလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် တစ်ခဏလောက်ထိတ်လန့်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုယောက်ျားက လင်းလန်ဆီပစ်ဝင်လာ၏။ လင်းလန်က အလျင်အမြန်ပင် ရှောင်လိုက်သော်ငြား ထိုယောက်ျားက လက်မလျှော့ဘဲ အော်ဟစ်လာ၏။
“ သောက်ခွေးကေဒါတွေ နင်တို့ကိုသတ်မယ်”
သူက လက်ထိပ်ကိုမြှောက်ကာ လင်းလန်ကို ရိုက်လိုက်သည်။
ဟန်ချင်စုန့်က စက်ဘီးပေါ်မှ မဆင်းခင်မှာဘဲ စက်ဘီးကို လမ်းတစ်လျှောက်အတိုင်း တွန်းလာလိုက်သည်။ စက်ဘီးက ထိုယောက်ျားကို ရိုက်မိသွားကာ ယိမ်းယိုင်သွားစေပြီး လင်းလန်ကိုကယ်တင်ရန် အချိန်မှီလေးတင်ဖြစ်သည်။။
လင်းလန်က တစ်ဖက်လှည့်ကာ ထွက်ပြေးလိုက်သည်။
ထိုယောက်ျားက အော်ဟစ်လာ၏။
“ မကောင်းတဲ့ ကေဒါ ငါနင့်ကိုသတ်မယ်”
သူက လင်းလန်နောက်ကို လိုက်ဖမ်းဖို့ လုပ်လေသည်။
ထိုအချိန်တွင် ယွီရှင်းက ထောင့်ဘက်မှကွေ့လာကာ လင်းလန်နှင့် တိုက်မိသွားသည်။
“ အားးးနင်ဘာတွေအလျင်လိုနေတာလဲ။ သရဲတစ်ကောင်လိုက်နေတယ် အားးး”
ထိုလူကြီးကမူးရူးထိုးပြေးလာသည်ကို မြင်သောအခါ ကြောက်လွန်းသောကြောင့် ခေါင်းငုံ့ကာ ပုန်းလိုက်သောအခါ သူမက လင်းလန်၏လမ်းကို ပိတ်မိနေပေသည်။ ထိုယောက်ျားက လင်းလန်ဆီပြေးဝင်လာသောအခါ လင်းလန်က သူ့ကိုယ်သူကာကွယ်ရန် ချက်ချင်းပင် ခေါင်းကိုဖွက်ကာ ထိုင်ချလိုက်သည်။
ဘန်းခနဲအသံနှင့်အတူ ဟန်ချင်စုန့် ထိုယောက်ျားကို ကန်လိုက်သည်။ သူမဆီပြေးလာနေသောသူက နံရံဆီသို့ကျသွားကာ တွန့်လိမ်တွန့်လိမ်ဖြစ်သွားပြီးနောက် မလှုပ်ရှားတော့ပေ။
Xxxxxx
Part 770
စွန်းကျောက်ဝမ်: ချီးးး သူသေသွားတဲ့အထိ ကန်လိုက်တာလား။
သေချာပေါက်ပင် ထိုယောက်ျားက စတင်ကာ သွေးအန်လာ၏။
ယွီရှင်းက ကြောက်လန့်တကြားအော်ဟစ်ကာ ထွက်ပြေးသွားလေသည်။
“ သူသေပြီ၊ သူသေပြီ”
လော့ဟိုင်ချန်က လျင်မြန်ပင် စစ်ဆေးကြည့်လာ၏။
“ နံရိုးသုံးခုကျိုးသွားတယ်၊ သေတော့မသေပါဘူး”
ထိုလူအား ဖမ်းထားရမည့် ရဲဝန်ထမ်းကတာဝန်ပျက်ကွက်မှုအတွက် အလျင်အမြန်ပင် လင်းလန်နှင့်ဟန်ချင်စုန့်အား တောင်းပန်လာသည်။
ဟန်ချင်စုန့်:“အခုကစပြီးတော့ လက်ထိပ်ကို နောက်ပြန်ခတ်လိုက်ပါ ”
သူက လင်းလန်ကို ကူပေးရန် လှစ်ခနဲပြေးသွားပြီး သူမအဝတ်ပေါ်မှ ဖုန်များကို သုတ်ပေးလိုက်သည်။သူမကို မကြောက်စေရန် မျက်နှာကိုထိလာ၏။ လင်းလန်ကမကြောက်ဘဲ စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။ သူမက မြေကြီးပေါ်မှ ထိုလူကိုတစ်ချက်ကြည့်လိုက်ကာ သူမကိုဘာကြောင့် အလွန်မုန်းနေသည်ကို နားမလည်တော့ပေ။
စွန်းကျောက်ဝမ်က ထိုလူကို စစ်ဆေးခန်းသို့ ခေါ်သွားရန် အမိန့်ပေးလိုက်ပြီး သူ့အရိုးများကို ပြန်ဆက်ပေးရန် ကျန်းမာရေးစင်တာမှ ဆရာဝန်တစ်ယောက်ကို ခေါ်လိုက်သည်။
လင်းလန်:“ စန်းကော ကျွန်မသူနဲ့ ဘာရန်ငြိုးမှလည်းမရှိဘဲနဲ့ ဘာလို့ ကျွန်မကို အသေသတ်ချင်နေရတာလဲ။ သူကစိတ်ဖောက်ပြန်နေတာလား”
ဟန်ချင်စုန့်:“သူကမိန်းမလှတွေကို မြင်ရင် လိုက်ရိုက်တယ် ”
လင်းလန်:“... "ကျေးဇူးပါ၊
" သူက နွားသတ်တဲ့သူလား.."
ဟန်ချင်စုန့်က ခေါင်းညိတ်ပြလာသည်။
လင်းလန်:“....” ငါက နွားနဲ့များတူနေလို့လား။
သူမက အနည်းငယ်စိတ်ဓာတ်ကျသွားသည်။
“သူက ကေဒါတွေကိုလက်တုံ့ပြန်ဖို့အတွက် ကျွဲနွားတွေကို သတ်တာလား ”
လင်းလန်က သူကေဒါများကိုသတ်မည်ဟု အော်ဟစ်နေသည်ကို ကြားလိုက်သည်။ ဖြစ်နိုင်တာက သူ့မှာတပ်မဟာက ကေဒါတွေနဲ့ ရန်ငြိုးရှိလို့များလား။
ဟန်ချင်စုန့်:“ ဒီကျွဲနွားတွေကိုသတ်တဲ့ လူအနည်းငယ်က တပ်မဟာကကေဒါတွေကိုမကျေနပ်ဘူး၊ အဲ့ဒါကြောင့် သူတို့ဒေါသတွေကို ဖြေထုတ်ပစ်ဖို့ တမင်သက်သက် တိရစ္ဆာန်တွေကိုသတ်တာ ”
လင်းလန်:“ ဒါဆို တပ်မဟာထဲမှာရော လူတွေကိုလိုက်ရိုက်ခဲ့လား။”
သူမကိုလိုက်ရိုက်သလိုမျိုးလေ။
“ ဘယ်သူ့ကိုမှလိုက်မရိုက်ဘူး”
လင်းလန်က ပိုပို၍စိတ်ဆင်းရဲသွား၏။ လူတွေပိုပြီးမုန်းအောင် သူမကိုလာပူးပေါင်းတာလား။
လင်းလန်မသိသည်မှာ ထိုလူ၏မျက်လုံးထဲ၌ ကေဒါရာထူးမြင့်လေလေ၊ ထိုမိန်းမကလှလေလေဖြစ်ကာ အလွန်ဆိုးဝါးသည်ဟု မှတ်ယူထားခြင်းပင်ဖြစ်သည်။ တပ်မဟာ၏ကေဒါများက ကွန်မြူနတီမှကေဒါများကို နာခံရကာ ကွန်မြူနတီမှကေဒါများက ပို၍ဆိုးပေလိမ့်မည်။ ထို့ပြင် သူမြင်ဖူးသမျှတွင် ဟန်ချင်စုန့်က အာဏာအရှိဆုံးကေဒါဖြစ်ကာ သူကလင်းလန်နှင့်အလွန်ရင်းနှီးပုံပေါ်သောကြောင့် သူကသူမအပေါ်တွင် ဒေါသပုံချလိုက်ခြင်းဖြစ်သည်။
ဟန်ချင်စုန့်က လော့ဟိုင်ချန်ကို တာဝန်ချပေးလိုက်ပြီးနောက် လင်းလန်နှင့်အတူ အလုပ်ဆင်းသွားသည်။
လင်းလန်က စက်ဘီးအသစ်အကြောင်းကိုတွေးကာ တစ်ဖန်ပျော်လာလေသည်။
“ စန်းကော၊ ကျွန်မမှာလည်း အထူးတလယ်ဖြစ်တဲ့စက်ဘီးတစ်စီးရှိလာပြီ၊ အသစ်ကြီးနော်”
ဟန်ချင်စုန့်လက်များက အနည်းငယ်ယားယံလာကာ သူမခေါင်းကိုပွတ်ချင်လာ၏။ သူက သူ့လက်ကိုပြန်ထိန်းလိုက်ကာ
“ မဆိုးပါဘူး”
သူ့ဆီတွင် အထူးထုတ်ပေးထားသည့် စက်ဘီးမရှိသောကြောင့် ကိုယ်ပိုင်စက်ဘီးကိုသာစီးလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးက အတူတူပြန်သွားကြသည်။
တဝမ်က သူ့ထွက်ခွာမှု၏ ဒုတိယနေ့ရှစ်နာရီတွင် ခရိုင်သို့ရောက်သွား၏။ သူကစိတ်သက်သာရာစွာ သက်ပြင်းချလိုက်ပြီး ချက်ချင်းပင် ဒေသအားကစားကျောင်းသို့ သွားလိုက်သည်။
ဤအရာကလည်း သူ၏ထုံးစံပင်ဖြစ်သည်။စစ်တပ်ထဲသို့မသွားခင်နှင့် အိမ်သို့မပြန်ခင်တွင် သူ့ညီလေးကိုဝင်တွေ့လေ့ရှိသည်။ တဝမ်ကို နှစ်ခါလောက်တွေ့ပြီးသွားပါက စန်းဝမ်က အိမ်ကို အရမ်းမလွမ်းနေတော့ပေ။
ဒီတစ်ကြိမ်ထက်နောက်ကျသော အချိန်များရှိခဲ့သော်ငြား တဝမ်က စိတ်မပူပေ။ သို့သော် ဒီနေ့က သူပထမဆုံးအကြိမ်ရောက်လာသည်နှင့် ဆင်တူသည်။......အရှုပ်ထုပ်ပင်။
ပထမဆုံးအကြိမ်၏အဓိကပြသနာမှာ လမ်းရှာကာ၊ အမှတ်သားများပြုလုပ်ပြီး ကိုယ့်လမ်းကြောင်းကိုယ် ပြုလုပ်ရခြင်းဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာခွန်အားက အမှီမလိုက်နိုင်ပေ။ နောက်ပိုင်းတွင်နေသားကျသွားသောအခါ သူက လမ်းကြောင်း၊ အချိုးအစား၊ ခွန်အားအရာအားလုံးက အဆင်ပြေလာကာ အလွယ်တကူလျှောက်သွားနိုင်လာသည်။ ဒီတစ်ကြိမ်တွင် သူကလမ်းကြောင်းကိုရင်းနှီးသော်ငြား သူ့အစာအိမ်ကိုဖြည့်ရန် အစားအစာကိုလုယူခြင်း၊ခိုးယူခြင်းမပြုရန်မှာ မလွယ်ကူပေ။
မည်သို့ပင်ဆိုကာမူ သူကအစားကြီးသောသူတစ်ယောက်ဖြစ်နေပေသည်။
လမ်းတစ်လျှောက်တွင် သူဘာစားခဲ့သလဲဆိုသည်ကိုမူ ပြန်တောင်မပြောပြချင်တော့ပေ။ တစ်ချို့ကကောင်းသလို၊ တစ်ချို့ကျဒီအတိုင်း..... ပြန်မတွေးချင်တော့ဘူး။
အားကစားကျောင်း၏ ဧည့်ကြိုဌာနမှ ဦးလေးသည် တဝမ်နှင့်ရင်းနှီးနေပြီဖြစ်သည်။ သူကတဝမ်ကိုမြင်သောအခါ ချက်ချင်းပင် ဝမ်းသာအားရနှုတ်ဆက်လာ၏။
“ စန်းဝမ်တို့အကို ထပ်ရောက်လာတာလား”
တဝမ်:“....မင်္ဂလာပါ ဦးလေး”
တဝမ်က စန်းဝမ်တို့အဆောင်ဆီရောက်သွားသောအခါ အခန်းတစ်ခုလုံးပွက်လောရိုက်နေ၏။
သူကအဝေးကနေ စန်းဝမ်အော်ဟစ်နေသည်ကို ကြားလိုက်သည်။
“ ငါတို့အမေဆီကို စာရေးဖို့ ဒီနေ့က ဘယ်သူ့အလှည့်လဲ၊ မမေ့နဲ့နော်”
“ ကျောင်းသားစန်းဝမ်ရေ ဒီနေ့မင်းအလှည့်လေ”
“ ဟမ်၊ မဖြစ်နိုင်တာ။ ငါပြီးခဲ့တဲ့ ရက်အနည်းငယ်ကဘဲ ရေးပြီးပြီလေ”
“ချီးးး အဲ့ဒီတစ်ခါ မင်းမိဘတွေဆီကို စာရေးဖို့လုပ်နေတုန်း လောင်ရှီးက မင်းကို စီရင်စုအားကစားကျောင်းကို ပြောင်းမယ့်ကိစ္စနဲ့ပတ်သတ်ပြီး ဆွဲခေါ်သွားတယ်လေ၊ မင်းလည်း ပြေးထွက်သွားတာဘဲ”
“ ဟုတ်လား၊ ဖူကျန်းယွမ် အဲ့ဒါအမှန်ဘဲလား”
ဖူကျန်းယွမ် :“ အဲ့ဒါအမှန်ဘဲ”
စန်းဝမ်:“ ငါပြောချင်တာကကွာ ငါတကယ်ဘဲ စီရင်စုကအားကစားကျောင်းကိုပြောင်းရမှာလား၊ အမှန်တိုင်းပြောရရင် ငါမှမသွားချင်တာ”
“ ဟေ့ ယုံချင်ယုံ၊မယုံချင်နေ မင်းအရွေးခံရပြီး မသွားလို့ကတော့ ငါတို့အသေရိုက်သတ်မှာနော်။ ဘာလို့ မသွားချင်တာလဲ”
စန်းဝမ်:“ ငါသည်းမခံနိုင်တော့ဘူး၊ ငါအိမ်ပြန်ချင်တယ်”
တကယ်လို့ ငါသွားရင် မားမားဆီဘယ်သူစာရေးပေးမှာလဲ။
အဆောင်ခန်းထဲရှိညီအစ်ကိုများက သူ့ကိုအလျင်အမြန်ပင် ဝိုင်းဖက်လိုက်ကြသည်။
“ စန်းဝမ် ညီအစ်ကိုကောင်းလေး”
ဖူကျန်းယွမ် :“ ဒါပေါ့၊ မင်းအဲ့ဒီကိုပြောင်းသွားရင်လည်း မင်းအတွက်စာရေးပေးမယ့်သူရှိလာမှာပါ”
စန်းဝမ်:“..ဒါဆို ငါမင်းတို့ဆီစာရေးရမှာလား။ ဘုရားရေ၊ ငါတို့ညီအစ်ကိုတွေပဲဟာ စာမရေးလို့မရဘူးလား။ ငါသေလောက်အောင်ကြောက်နေတော့မှာဘဲ ”
လူတိုင်း : “....”ငါတကယ် မင်းကိုသတ်ချင်တယ်။
ဖူကျန်းယွမ် :“ ငါလည်း မင်းသွားပြီးတစ်နှစ်ကြာရင် စီရင်စုအားကစားကျောင်းကိုလာခဲ့မှာပါ”
Xxxxxx