Part 771
စန်းဝမ်က ရုတ်တရက်ပျော်လာကာ ဖူကျန်းယွမ်ကို ဖက်လိုက်သည်။
“ ဖူကျန်းယွမ် မင်းက အရမ်းကောင်းတာဘဲ။ မင်းကစောစောသွားသင့်တာ။”
ဖူကျန်းယွမ် :“ သွားဖို့သာ ငါ့ကိုစောင့်နေလိုက် ပြောမရဘူး မင်းက သူငယ်ချင်းအသစ်တွေရပြီး ငါတို့ကို မေ့ချင်မေ့သွားမှာ”
စန်းဝမ်က ရယ်လာသည်။
“ ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းတို့အားလုံးက ငါ့မားမားရဲ့သားတွေ၊ မေ့နိုင်မှာတဲ့လား မဖြစ်နိုင်ဘူး”
ဝမ်ဖုပြောင်:“ ကောင်းပြီ ငါလောင်ရှီးဆီကနေ ကြားတာကတော့ ငါတို့အမျိုးသားအသင်းက ဒီနှစ်မှာနိုင်ငံခြားတိုင်းပြည်ဆီသွားပြိုင်ရမယ်တဲ့”
ဖူကျန်းယွမ် :“...အဲ့ဒါက အာရှအားကစားပါ အီရန်နိုင်ငံ၊တီဟီရန်မြို့မှာလေ။ ဒါက ငါတို့နိုင်ငံဝင်ပြိုင်ရမှာ ပထမဆုံးအကြိမ်ဘဲ ”
စန်းဝမ်:“ အာရှအားကစားပွဲက ငါတို့နဲ့မဆိုင်ပါဘူး၊ ငါတို့က အမျိုးသားအသင်းမှမဟုတ်တာ။”
ဖူကျန်းယွမ်က သူ့ကိုကြည့်လာ၏။
“ တစ်နေ့တုန်းက ချူလောင်ရှီး နဲ့ စီရင်စုအားကစားကျောင်းခေါင်းဆောင် စကားပြောနေကြတာကို ငါကြားခဲ့တယ်။ သူတို့က မင်းကိုအမျိုးသားအသင်းထဲဝင်ဖို့အရည်အချင်းမှီ၊မမှီ စစ်ဆေးကြမယ့်ပုံဘဲ”
စန်းဝမ်က သူ့နှာခေါင်းကို ထိုးပြလာသည်။
“ ငါ့ကိုလား”
သူက ပလုတ်တုတ်လိုပင် ခေါင်းရမ်းပြလိုက်သည်။
“ အဲ့ဒါကအဆင်မပြေဘူးနော်။ ငါနိုင်ငံခြားတိုင်းပြည်တွေကို မသွားဘူး၊ အဲ့ဒါကအရင်းရှင်ဝါဒဘဲဖြစ်ဖြစ်၊ မီးသွေးခဲရှင်ဝါဒပဲဖြစ်ဖြစ်ကွာ။ ငါ့ထက်ပိုမဲတယ်လို့ ကြားတယ်။ ငါ့ကိုမဖျက်စီးခိုင်းနဲ့ ”
ဘယ်လိုဘဲဖြစ်ဖြစ် လောင်ရှီးက သူ့ကိုဘာမှမပြောလာဘူးဆိုမှတော့ သူ့မှာအဲ့ဒါနဲ့ပတ်သက်ပြီး အကြံမရှိလို့နေမယ်။
စန်းဝမ်အတွက်ရေကူးခြင်းသည် အကြီးမားဆုံးသောဝါသနာဖြစ်သည်။ ရက်ပေါင်း350၊ ဒါမှမဟုတ် 360လုံး ရေကူးနေနိုင်သရွေ့ အဆင်ပြေသည်။ အကယ်၍ ရေကူးခြင်းမှ လစဉ်ထောက်ပံ့ကြေးရကာ မိသားစုအား စားစရာတံဆိပ်ခေါင်းများ ပိုပေးနိုင်ပါက ပိုကောင်းသေးသည်။
ထို့ကြောင့်ပင် သူကဒီနေရာတွင် အနိုင်ရရန်ကြိုးစားကာ ပြိုင်ပွဲတွင် ပထမရခဲ့ခြင်းဖြစ်သည်။ သူက ထိုကဲ့သို့ခံစားချက်များမရှိပေ။
(Tn: သူပြောချင်တာက ချန်ပီယံကြီးဖြစ်ချင်တယ်လို့ ခံစားချက်မရှိဘူးပေါ့၊ ထောက်ပံ့ကြေးရလို့ဝင်ပြိုင်တာ။ သူကရေကူးနေရရင်ကျေနပ်တယ်လို့ ဆိုလိုချင်တာ)
စီရင်စုအားကစားကျောင်းသို့ သွားမည်မှာလည်း ပိုမိုများပြားသော ပြိုင်ပွဲများတွင် ဝင်ပြိုင်နိုင်၍ဖြစ်သည်။ စားစရာကူပွန်များက 30ကတ်တီလောက်ထိရနိုင်ကာ ထောက်ပံ့မှုက တစ်လလျှင်25ကတ်တီဖြစ်သည်။ သူ့ဘာသာစားသည်မှာ တစ်လလျှင်30ကတ်တီးလောက်ရှိသည်ဟုပြောကြသည်။ အမှန်တွင် သူက ဘာစားရမည်ဟူ၍ ကန့်သတ်ချက်မရှိပေ။ ထို့ကြောင့် သူမသွားချင်ပေ။
ဖူကျန်းယွမ် :“ စန်းဝမ် တကယ်လို့ မင်းသာနိုင်ငံခြားမှာ သွားပြိုင်နိုင်ရင် မင်းကထောက်ပံ့ကြေးအနေနဲ့ အနည်းဆုံး 50ကနေ60ကတ်တီလောက်ရမယ်လို့ ပြောကြတာဘဲ ”
ဤအချိန်တွင် တဝမ်က အထဲဝင်လာ၏။ သူတို့ ဘယ်သောအခါမှ တံခါးမပိတ်သောကြောင့် တွန်းလိုက်ရုံဖြင့်တင် အထဲဝင်နိုင်၏။
စန်းဝမ်က လှည့်ကြည့်လိုက်သာအခါ သူ့အစ်ကိုကြီးကိုတွေ့လိုက်သည်။ သူက မိသားစုကို ရက်အနည်းငယ်ကြာ မတွေ့ခဲ့ရသောကြောင့် ပျော်ရွှင်စွာခုန်လိုက်ကာ အော်ပြောလာ၏။
“ အစ်ကိုကြီးး”
ကလေးတုန်းကလိုပင် သူက တဝမ်ပေါ်တွင် ကိုအာလာလေးလို ဖက်တွယ်ထား၏။
တဝမ်:!!!!!!
အကယ်၍သူသာကလေးဖြစ်နေပါက စန်းဝမ်ကို ကန်ထုတ်လိုက်ပြီဖြစ်သည်။
အခုချိန်တွင် သူကဆာလောင်ကာ ပင်ပန်းနေပြီး စန်းဝမ်ကြောင့် လဲကျသွားမလိုပင်။ သူ့ကိုယ်ကိုပြန်ထိန်းရန် နောက်တစ်လှမ်းဆုတ်လိုက်ရကာ သူ့ဆီတွင် စန်းဝမ်ကိုဖယ်ထုတ်ရန် အင်အားမရှိတော့ပေ။
စန်းဝမ် ကြမ်းပြင်ပေါ်ပြန်ဆင်းလိုက်ကာ သူ့အဖေ၊မားမား၊ မောင်နှမများနှင့် ရှောင်ဝမ်တို့ ဘယ်လိုနေလဲဆိုသည်ကို ကျည်ကျည်ကျာကျာဖြင့် တွတ်ထိုးသလိုမေးလာလေသည်။ သူက စီရင်စုအားကစားကျောင်းသို့ သွားရမည်ကိုပြောပြကာ သူမသွားချင်သည့်ကာ အနည်းငယ်သံယောစဉ်တွယ်နေသည့်အကြောင်း တဝမ်ကို ပြောပြလာ၏။
တဝမ်:“....အားလုံးကအဆင်ပြေနေပါတယ်”
ဖူကျန်းယွမ်က ဂရုတစိုက်ရှိကာ တဝမ်မျက်နှာက ကြည့်ရမကောင်းနေသည်ကို မြင်သောအခါ စိုးရိမ်မှုနှင့် အလျင်အမြန်မေးလာ၏။
“ အစ်ကိုကြီးက နေမကောင်းဘူးလား”
တဝမ်:“ မဟုတ်ပါဘူး၊ ဒီမှာ စားစရာတစ်ခုခုရှိလား”
စန်းဝမ်:“ ဟုတ်သားဘဲ၊ အကိုကြီးက ညစာတောင်မစားရသေးဘူး။ ညစာသွားစားရအောင်၊ ကန်တင်းမှာတာဝန်ကျနေတဲ့သူရှိတယ်”
တဝမ်က သူတို့ကိုအရမ်းနှုတ်မဆက်နေတော့ဘဲ စန်းဝမ်နှင့်အတူ ကန်တင်းသို့လိုက်သွားလိုက်သည်။
သူတို့ကျောင်းက သေးသော်ငြား ဆက်ဆံမှုများက ကောင်းပေသည်။ ဆရာ3ယောက်ရှိကာ နေ့တိုင်းတွင်အလှည့်ကျ ဆရာတစ်ဦးစီက ကျောင်းတွင်နေလေ့ရှိသည်။
စန်းဝမ်က ဆရာများနှင့် ဆက်ဆံရေးကောင်းမွန်၏။ ဘယ်လိုဘဲဖြစ်နေပါစေ အခုချိန်တွင် သူကကျောင်း၌နာမည်ကြီးနေပြီဖြစ်သည်။ စီရင်စုပြိုင်ပွဲတွင် အနိုင်ရခြင်းမှလွဲလျှင် သူကအချိန်တိုင်းတွင် ကျောင်းအတွက် ဂုဏ်ဆောင်ပေးနိုင်သည်။ သူရှိနေပါက အခုချိန်တွင်စီရင်စု၌ မျက်နှာမပြရဲသော သူတို့ကျောင်းသည် ထူးချွန်ကျောင်းသားများအတွက် အခြားဒေသများနှင့် ယှဉ်ပြိုင်နိုင်သည်။ ကျောင်းခေါင်းဆောင်များက သူ့ကိုအလွန်သဘောကျကြကာ စန်းဝမ်စားချင်သရွေ့ ကန်တင်းတွင် အပြည့်ဖြစ်နေရမည်ဟု မီးဖိုချောင်ကိုပြောထား၏။
စန်းဝမ်:“ ဦးလေးဝမ်...အခုထိမအိပ်သေးပါလား”
ဦးလေးဝမ်က ဖရုံစေ့များကိုစားနေပြီး စန်းဝမ်နှင့်တဝမ်ဝင်လာသည်ကို မြင်သောအခါ ပြုံးပြကာ ထိုင်ခိုင်းလာ၏။
“ ဖရုံစေ့စားကြဦးမလား။ ငါကိုယ်တိုင်လှော်ထားတာ”
မီးဖိုချောင်ထဲတွင် ဖရုံသီးအများကြီးရှိနေသောကြောင့် အစေ့များကိုထုတ်ကာ နေခြောက်လှန်းပြီး သဲတစ်ချို့ထည့်ကာ လှော်ထားခြင်းဖြစ်သည်။ ၎င်းက သွားများအတွက် သားရေစာအဖြစ်ဝါးရန် အဆင်ပြေပေသည်။
စန်းဝမ်:“ ဦးလေးဝမ် သားအစ်ကိုကြီးအတွက် တစ်ခုခုလုပ်ပေးပါလား။ သူညစာမစားရသေးလို့ ”
တဝမ်က ပိုက်ဆံနှင့် စားစရာတံဆိပ်ခေါင်းများကို ထုတ်ပေးလိုက်သည်။
ဦးလေးဝမ်က ပြုံးကာပြောလာ၏။
“ မလိုပါဘူး၊ ဒီအတိုင်း စန်းဝမ်ကိုဒီနေ့အတွက် အပိုကျွေးတယ်ဘဲမှတ်လိုက်ပါ”
စန်းဝမ်က သူ့ကိုကူညီပေးလာသည်။
“ သားဦးလေးအတွက် မီးမွှေးပေးမယ်”
တဝမ်:“ အလုပ်ရှုပ်မခံပါနဲ့ ဦးလေးဝမ်၊ ဒီအတိုင်း အစာခြောက်ဘဲပေးလိုက်ပါ”
ဦးလေးဝမ်:“ အဲ့လိုဆိုအဆင်ပြေလို့လား။ ဦးလေးမင်းအတွက် ခေါက်ဆွဲတစ်ပန်းကန်ယူလာပေးမယ်”
တဝမ်က အစားကြီးသည်ကို သူသိပေသည်။ အရပ်1.8မီတာရှည်သော ဤလူငယ်ကိုတွေ့လိုက်ကတည်းက သူကြီးလာသောအခါ လေ့ကျင့်ခန်းအများပြားလုပ်ထားသည်ကို သိ၏။ သူ၏အစာအိမ်က အောက်ခြေမရှိသောတွင်းလိုဖြစ်နေမှာပင်။ အကယ်၍ မင်းသာဝဝလင်လင် မစားရပါက စားသောက်ပြီး သန့်စင်ခန်းသွားပြီးသောအခါ ဗိုက်ထပ်ဆာလာလိမ့်မည်။
သူက လျင်မြန်စွာလှုပ်ရှားလိုက်၏။ ဂျုံမှုန့် တစ်ဇွန်းခတ်ကာ ကြက်ဥခေါက်လိုက်ပြီး ရေထည့်လိုက်သည်။ ထို့နောက် ခေါက်ဆွဲများကို နှယ်လိုက်သည်မှာ လွင့်ပစ်လိုက်မလိုပင်ဖြစ်နေလေသည်။
တဝမ်နှင့် စန်းဝမ်:“........”
စန်းဝမ်:“ ဦးလေးဝမ် အသံနည်းနည်းလျှော့လေ။ တကယ်လို့လူတွေကြားသွားရင် ဦးလေးကိုခိုးနေတယ်လို့ ထင်ကြဦးမယ်”
ဦးလေးဝမ်က ရယ်ကာ သူ့ဗိုက်ကိုပုတ်လိုက်သည်။
“ မင်းပဲဒီလိုပြောခဲ့တာမဟုတ်ဘူးလား။ သုံးနှစ်လောက်မိုးခေါင်ခြင်းထဲမှာ စားဖိုမှူးတစ်ယောက်က ဆာလောင်ပြီးမသေဘူးဆို။ ဗိုက်ခေါက်ကြီးကြီး၊ လည်ပင်းထူထူနဲ့ သူက မီးသတ်သမားဖြစ်ဖို့ ဦးတည်နေတာ။ လူတိုင်းက ဒါကိုသိကြတယ်၊ ဘယ်သူကများ င့ါကိုရယ်ကြမှာလဲ”
တဝမ်:....ဒါဆိုရင် ဘယ်သူမှ အာကျယ်အာကျယ်နဲ့ မပြောကြဘူးပေါ့။
စန်းဝမ်ကလည်း ဦးလေးဝမ်၏ဗိုက်ခေါက်ကို ဆွဲညှစ်လာ၏။
“ ဦးလေးဝမ် ပိန်အောင်လုပ်သင့်တယ်။ သားမားမားပြောဖူးတယ်၊ လူတွေက ဝလို့မရဘူးတဲ့။ အသက်ကြီးလာတဲ့အခါ ပိန်ပါးဖို့နဲ့ပိုက်ဆံက ဝယ်ရတာခက်ခဲတယ်တဲ့။ တကယ်လို့လူကဝနေရင် အလွယ်တကူနေမကောင်းဖြစ်တတ်တယ်။ သွေးတိုးမယ်၊သွေးအဆီပမာဏမြင့်မယ်၊ သွေးတွင်းသကြားပမာဏမြင့်မယ်၊ဘယ်လိုဆီးချိုရောဂါမျိုးစုံ...”
လင်းလန်က ဤအရာများကို ယန်ဟန်အားပြောပြခြင်းဖြစ်ကာ ကလေးများကိုလည်း အကယ်၍ဘဝသာပို၍ အဆင်ပြေချော့မွေ့စွာနေနိုင်လာပါက ဘာတွေဖြစ်လာနိုင်သည်ကို ဟာသအနေဖြင့် ပြောပြလေ့ရှိသည်။
Xxxxxxx
Part 772
လင်းလန်က ဤအရာများကို ယန်ဟန်အားပြောပြခြင်းဖြစ်ကာ ကလေးများကိုလည်း အကယ်၍ဘဝသာပို၍ အဆင်ပြေချော့မွေ့စွာနေနိုင်လာပါက ဘာတွေဖြစ်လာနိုင်သည်ကို ဟာသအနေဖြင့် ပြောပြလေ့ရှိသည်။
သေချာသောအနာဂတ်ဟူ၍မရှိကာ လူတိုင်းက အနာဂတ်တွင် ပို၍ကောင်းလာရမည်ဟု မျှော်မှန်းထားကြသည်။ သို့သော်သူတို့လုံးဝမတွေးဖူးထားသည်မှာ အလှတရားနှင့် အကျည်းတန်မှု၊အန္တာရယ်များနှင့် တွဲဖက်နေပြီး မကောင်းသောအကျိုးသက်ရောက်မှုရှိသည့် အရာများ၏ ပေါများလာမှုကိုလည်း လျော့တွက်၍မရပေ။
သူက ဦးလေးဝမ်အား လူသိများသောသိပ္ပံပညာ၏ ရောဂါပိုးမျိုးစုံနှင့် ထိုရောဂါများ၏ လက္ခဏာများကို ပြောပြလိုက်သည်။ မနက်အိပ်ရာထချိန်တွင် ဘာလို့ခေါင်းခဲနေရသည်၊ ညဘက်တွင်ဘာကြောင့်ဟောက်သည်၊ ဒေါသထွက်ချိန်တွင် ခေါင်းထဲသွေးထိုးတက်လာသည်က ဘာကြောင့်....အစရှိသဖြင့်ပင်။ မည်သို့ပင်ဖြစ်ပါစေ သူအဓိပ္ပါယ်မရှိသောအရာများပြောသောအခါတွင်လည်း ဦးလေးဝမ်က ပညာမဲ့နေပေသည်။ သူက ဒီကလေးများကိုတော်သည်၊ သူတို့ပြောသမျှကမှန်သည်ဟုတွေးသောကြောင့် သူကထိတ်လန့်သွား၏။ သူကိုယ့်သူ နေမကောင်းဖြစ်နေသည်ဟု ခံစားလာရသည်။
စန်းဝမ်ကြောင့် ကြောက်ရွံ့သွားကာ ဦးလေးဝမ်က ဂျုံပိုင်းအစကြီးကို ချန်မထားတော့ဘဲ ဂျုံအားလုံးကို တဝမ်အတွက် လက်လှိမ့်ခေါက်ဆွဲများပြုလုပ်ပေးလိုက်သည်။
အိုးကြီး၏အောက်တွင် အိုးအသေးလေးတစ်လုံးအား လယ်တောအိမ်တွင်စားလေ့ရှိသည့် ဆော့စ်နယ်အသားဖက်ထုပ်လုပ်ရန် အသုံးပြုလိုက်သည်။ ထိုအရာအားလုံးကို အိုးထဲမှ တစ်ပြိုင်တည်းထုတ်လိုက်၏။ အသားဖက်ထုပ်ကို ဇွန်းကြီးတစ်ဇွန်းစာခတ်လိုက်ကာ ခေါက်ဆွဲပန်းကန်လုံးထဲလောင်းထည့်လိုက်သည်။ ၎င်းကဆီဝေ့နေလေသည်။ ခေါက်ဆွဲပေါ်တွင် လက်တစ်ဆုပ်စာနံနံပင်ဖြူးလိုက်ပြီးနောက် ကြက်သွန်စိမ်းနှင့် ဆားရည်စိမ်များ လှီးထည့်လိုက်ရာ အနံ့မွှေးမွှေးက နှာခေါင်းဆီဝေ့တက်လာ၏။
တဝမ်က ပို၍ဗိုက်ဆာလာလေသည်။
ဦးလေးဝမ်က ကြက်သွန်ဖြူတစ်ခုယူလိုက်၏။
“ ကောင်လေး တစ်ခုယူမလား”
တဝမ်က ကြက်သွန်ဖြူမကြိုက်ပေ။ ထို့အစား တစ်ဖက်ရှိ ငရုတ်သီးကိုကြည့်လိုက်သည်။
ဦးလေးဝမ် :“ ငါ့မှာ ငရုတ်ဆီရှိတယ်၊ ဝှက်ပြီးသေချာသိမ်းထားတာ။ ဟီးဟီး”
သူက သူကိုယ်တိုင်လုပ်ထားသော ငရုတ်ဆီတစ်အိုးကို ထုတ်လိုက်သည်။
တဝမ်က သူ၏အရသာဖုများသည် 10ကြိမ်၊အကြိမ်100လောက်ထိနိုးထလာသလိုခံစားမိလာကာ ခေါက်ဆွဲကိုစစားလိုက်သည်။
သူဗိုက်ဆာနေသော်လည်း ခေါက်ဆွဲအား ချက်ချင်းဆိုသလို အလောတကြီးမစားပေ။ လင်းလန်၏စကားများကို မှတ်မိနေကာ အရင်ဆုံးရေနွေးနွေးတစ်ခွက်သောက်လိုက်ပြီး ထို့နောက်မှ ခေါက်ဆွဲကိုစစားသည်။ ဦးလေးဝမ်က အရင်ချိန်တွင် စားဖိုမှူးကောင်းတစ်ကောင်းဖြစ်ခဲ့မှန်းသိသာသည်။ ခေါက်ဆွဲသားက ကျွတ်ဆတ်ဆတ်လေးဖြင့် ဝါးရသောအရသာရသည်။ မီးအေးအေးဖြင့် တည်ထားသော ဆော့စ်နယ်အသားဖက်ထုပ်ကလည်း အနံ့မွှေးက ဆီဝေ့နေ၏။ လယ်သမားဆောစ့်သည် နူးညံ့ကာအရသာကောင်းသည်။ လျို့ဝှက်ငရုတ်ဆီနှင့်ဆိုပါက တဝမ်မျက်လုံးများကျဉ်းမြောင်းသွားရသည်အထိ အလွန်အရသာရှိပေသည်။
ဦးလေးဝမ်က တဝမ်ကောင်းကောင်းစားနေသည်ကို မြင်သောအခါ တံတွေးမြိုချလိုက်မိသည်။ ဤလူငယ်လေးက စိတ်ဝိဉာဉ်ထဲကကိုခန့်ညားကာ ကောင်းမွန်စွာစားသောက်သည့် ပုံစံရှိပြီး ဖြောင့်မတ်စွာထိုင်နေ၏။ ခေါက်ဆွဲစားရာတွင် တရွှတ်ရွှတ်မြည်သံများမရှိသည်မှာ လူအိုကြီးများနှင့် ကွဲပြားပေသည်။
သို့သော်သူ့အမူအရာက နှေးလည်းမနှေးနေပေ။ ဦးလေးဝမ်က တိတ်တဆိတ်ကြည့်နေရင်းဖြင့်တင် ခေါက်ဆွဲတစ်ပန်းကန်ကုန်သွား၏။
ချီးးးငါကအတော်အစားကြီးတဲ့ ပါးစပ်ရှိတာဘဲ။
ဦးလေးဝမ်က ခေါက်ဆွဲထပ်ထည့်ပေးလာ၏။
“ လူငယ်လေး တစ်ပန်းကန်ကုန်အောင်စားနိုင်လား”
တဝမ်က ခေါင်းညိတ်ပြလိုက်သည်။
ဦးလေးဝမ်က သူ့ဆီယူလာပေး၏။
“ များများစား၊ ထပ်ပြီးဗိုက်ဆာသေးလားကြည့်ရမယ်”
သူက ကျေးလက်ဒေသများတွင် စားစရာများများစားစားမရှိဟု တွေးလိုက်မိသည်။ ဤကလေးက အစားကြီးသောကြောင့် သူကဗိုက်ဆာနေလိမ့်မည်။
စန်းဝမ်က ရင်ထဲတွင် စတင်ကာခါးသီးလာလေသည်။ ကြည့်ရသည်မှာ မိသားစုထဲတွင်စားစရာမလုံလောက်သည့်ပုံပင်။ အစ်ကိုကြီးဗိုက်ဆာနေသည်ကို မြင်လိုက်ရသောအခါ အိမ်မှာဘယ်လိုဖြစ်နေပါ့မလဲ။
ရှောင်ဝမ်ကဗိုက်ဆာလွန်းလို့ သူ့မှာမျက်ဆံနက်နက်များရှိသည့် ခေါင်းကြီးကြီးလေးသာကျန်နေလိမ့်မည်။ သူတို့ကိုမိဘများက ချစ်သောကြောင့် တစ်စုံတစ်ခုအရသာရှိတာရလာပါက ကလေးများကို အရင်ကျွေးကာ ဗိုက်ဖြည့်စေလိမ့်မည်။ အကယ်၍ သူတို့ဗိုက်မပြည့်ပါက မိဘများကဆာလောင်နေကြမှာဖြစ်သည်။
အိမ်တွင် သူ့မားမားတစ်ယောက် ဗိုက်ဆာနေမည်ကိုတွေးလိုက်မိသောအခါ စန်းဝမ်တစ်ယောက် သူ့ရင်ထဲကိုလက်သည်းဖြင့် အကုတ်ခံလိုက်ရသလိုပင် နာကျင်ပြီး သက်တောင့်သက်သာမရှိတော့ပေ။
တဝမ်က အသံမထွက်စေဘဲ ပန်းကန်လုံးကြီးတစ်ပန်းကန်စာ စားလိုက်သည်။
ဦးလေးဝမ်က ကရုဏာသက်စွာမေးလိုက်လေသည်။
“ လူငယ်လေး ငါနောက်ထပ်တစ်ပန်းကန်ချပေးရမလား”
တဝမ်က ခနလောက်တွန့်ဆုတ်မိကာ အနည်းငယ်ရှက်ရွံ့သလို ခံစားလိုက်မိသည်။
ဦးလေးဝမ်က ချက်ချင်းပင် အားလုံးကိုလောင်းထည့်ပေးလိုက်သောအခါ နောက်ထပ်တစ်ပန်းကန်စာ ရလာ၏။
“အပေါ်ကဖြူးတဲ့ အဆာပလာတွေရှိသေးတယ်၊ အကုန်ရောလိုက်လို့ရတယ်”
တဝမ်:“ ကျေးဇူးပါ ဦးလေး”
သူက ထပ်မံကာ စားလာပြန်သည်။
စန်းဝမ်:“ အစ်ကိုကြီး လမ်းမှာဘာမှမစားခဲ့ဖူးလား”
အစ်ကိုကြီးက ဒီကိုရောက်ရန် အနည်းဆုံးနှစ်ရက်ကြာလိမ့်မည်ဖြစ်ကာ ဒါကနှစ်ရက်ကြာအောင် ဗိုက်ဆာနေခဲ့လို့များလား။
တဝမ်က ခနရပ်သွားကာ ပါးစပ်ထဲမှခေါက်ဆွဲများကို မြိုချလိုက်သည်။ ခေါက်ဆွဲကပူကာ ငရုတ်ဆီကစပ်သောကြောင့် သူ့နဖူးနှင့်နှာခေါင်းတွင် ချွေးစက်ကလေးများထွက်လာ၏။ သူကအဆင်ပြေသလို ပါးစပ်သုတ်လိုက်သည်။
“ ဒီတစ်ကြိမ်လာတာ ငါဘာအစာခြောက်မှမယူခဲ့ဘူး”
အစာခြောက်တောင် ယူမလာခဲ့ဘူးလားးး
စန်းဝမ်က အလန့်တကြားထခုန်လိုက်မိသည်။ နှစ်ရက်လောက်လမ်းလျှောက်လာရတာကို ဘာအစာခြောက်မှယူမလာခဲ့ဘူးတဲ့လား။ မားမားကတော့ အစ်ကိုကြီးအပေါ် ကပ်စီးနှဲမည်မဟုတ်ပေ။
အမှန်တရားက- သူတို့မိသားစုက စားစရာမရှိတော့တာလား။
စန်းဝမ်က ငိုချမိတော့မည်ဖြစ်သည်။
ကြည့်ရတာ သူပိုက်ဆံနည်းနည်းဘဲ ရှာနိုင်တဲ့ပုံဘဲ။
ထိုအကြောင်းပြောမိကာမှ အစ်ကိုကြီး၊အားဝမ်၊မိုင်စွေ့နှင့် ရှောင်ဝမ်တို့အားလုံးက လူကောင်ထွားကာ အစားကြီးကြသည်။ လူတွေပြောကြသည်မှာ ကလေးတစ်ဝက်က ဆင်းဆင်းရဲရဲစားရပါက မိသားစုမှအခြားကလေးတိုင်းကလည်း ဆင်းရဲစွာစားရသည်ဟုဆို၏။ သူတို့မိသားစုတွင် ကလေးငါးယောက်ရှိကာ လူတစ်ဝက်လောက် ကျောင်းတက်နေကြတာကြောင့် အလုပ်မှတ်များစုရန် အချိန်ပေးနိုင်မည်မဟုတ်ပေ။
ထို့အပြင် သူက အနာဂတ်တွင် ရှောင်ဝမ်ကို စန္ဒရားတီးသင်စေချင်သေးသည်။
မဖြစ်ဘူး၊ ငါပိုက်ဆံရှာမှရမယ်။
ခေါက်ဆွဲများကိုစားလိုက်ပြီးနောက် တဝမ်က သူ့တစ်ကိုယ်လုံးအသက်ရှင်လာသလို ခံစားမိလာသည်။ ထို့နောက် ခေါက်ဆွဲအရည်တစ်ပန်းကန်လုံးစာသောက်လိုက်သည်။
ဦးလေးဝမ်က ဒူးထောက်လုမတက်ဖြစ်နေပြီဖြစ်သည်။
“ လူငယ်လေး....မင်းတကယ်ကို ခံစားခဲ့ရပြီ”
တဝမ်:“....” တစ်ခုခုများ နားလည်မှုလွဲနေတာလား။
စန်းဝမ်က ဦးလေးဝမ်ကို သူ့ဆီဆွဲကာ တိုးတိုးပြောလိုက်သည်။
“ ဦးလေး သားရဲ့ထောက်ပံ့ကြေးတွေကို စားစရာတံဆိပ်ခေါင်းဝယ်ဖို့သုံးလို့ရမလား”
ကျေးလက်ဒေသတွင် စားစရာပြတ်လပ်နေခြင်းက အဓိကဖြစ်သလို ပိုက်ဆံကလည်းနောက်တစ်ခုဖြစ်သည်။ အကယ်၍ပိုက်ဆံကို စားစရာအတွက် လဲလို့ရပါက အကောင်းဆုံးပင်ဖြစ်သည်။
ဦးလေးဝမ်က ခေါင်းညိတ်လိုက်သည်။
“ ခနလောက်စောင့်ပေး၊ ငါဒီမှာ တစ်ခုခုရှိတယ်”
သူက စားစရာတံဆိပ်ခေါင်း 30ကတ်တီကိုယူလာကာ စန်းဝမ်ကိုပေးလိုက်သည်။
စန်းဝမ်:“ ဦးလေးဝမ်က အရမ်းသဘောကောင်းတာဘဲ။ သားထောက်ပံ့ကြေးရပြီးရင် ဦးလေးကို လစဉ်ပြန်ပေးပါ့မယ်”
Xxxxxx