အခန်း(၆၇)နှစ်သစ်ကူးပွဲတော်အကြိုနေ့
Viewers 38k

အခန်း (၆၇) - နှစ်သစ်ကူးပွဲ‌တော်အကြိုနေ့


လင်းချင်းဟယ်က သူမမျက်ခုံးကိုပင့်ရင်း ပြောလိုက်သည်။ “အကယ်၍ နင့်ယောက္ခမက အကျင့်မကောင်းဘူးဆိုရင် နင့် ပိုက်ဆံမပေးတဲ့အခါကျ ကဲ့ရဲ့ခံရလိမ့်မယ်။”


ကျိုးရှောင်မိန်က ခဏလောက်‌ အေးခဲသွားသည်။


“အစကတည်းက မြို့ပေါ်ကလူနဲ့ လက်ထပ်တယ်ဆိုရင် နင့်အဆင့်အတန်းကို မြှင့်တင်ပေးတယ်လို့ သူတို့က မှတ်ယူကြမှာ။ အနည်းဆုံးတော့ မြို့သူမြို့သားတွေရဲ့ အမြင်မှာ နင့်ရဲ့ အလုပ်ကြောင့် နင်နဲ့ လက်ထပ်ဖို့ကို စဥ်းစားတာ။ သူတို့ကြောင့် နင့်ရဲ့ လူနေမှု အဆင့်အတန်းက မြင့်မားလာတဲ့အတွက် ဒါကို နင် ကျေးဇူးတင်ရမယ်၊ နင့်ယောက္ခမတွေကို ကောင်းကောင်းပြုစုရမယ် ပြီးတော့ နင့်ခင်ပွန်းရဲ့ ဆွေမျိုးတွေကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်။ မဟုတ်ရင် နင်က ကိုယ်ကျင့်တရား မကောင်းမွန်ပဲ မသိတတ်တဲ့သူ ဖြစ်သွားလိမ့်မယ်။ အငယ်ဆုံးကူကျစ် နင် ငါဆိုလိုတဲ့ အဓိပ္ပာယ်ကို နားလည်လား။” လင်းချင်းဟယ်က နားရှင်းအောင် ပြောပြလိုက်သည်။


ကျိုးရှောင်မိန်က အံတင်းတင်းကြိတ်ကာ “သူတို့ လုပ်ရဲလား။” လို့ ဆိုလိုက်သည်။


“ရူးမိုက်လိုက်တ” လင်းချင်းဟယ်က တည်ငြိမ်စွာ ပြောလိုက်သည်။ “အဲ့အချိန်ကျရင် နင်က လက်ထပ်ထိမ်းမြားပြီးသား ဖြစ်သွားပြီ။ နင် အဲ့တာကို ဆန့်ကျင်လို့ မရနိုင်တော့ဘူး။ နင်က ကွာရှင်းလိုက်မယ်ဆိုရင်တောင် နင် ကွာရှင်းခြင်းရဲ့ နောက်ဆက်တွဲ အကျိုးရလဒ်ကို နင် တတ်နိုင်ပါတော့မလား။” 


ကျိုးရှောင်မိန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ “ဒါဆို ငါ မြို့ကိုပြန်သွားတဲ့အခါကျရင် ငါ သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ဖြတ်ပစ်လိုက်မယ်။”


“နင် ပြန်သွားတဲ့အခါကျရင် အဲ့အကြောင်းကို သေချာပြန်စဥ်းစားကြည့်။ နင်ကိုယ်တိုင် ပိုလေ့လာ စမ်းစစ်ကြည့်သင့်တယ်။ ငါက နင့်အတွက် ခွဲခြမ်းစိတ်ဖြာတာမျိုးပဲ လုပ်ပေးနိုင်တာ။ ဆက်တွဲမလား၊ စွန့်လွှတ်လိုက်မလားဆိုတာ နင့်အပေါ်မှာပဲ မူတည်တယ်။ ဒါပေမယ့် ငါ့အမြင်အရတော့ အငယ်ဆုံးကူကျစ် နင်က ဒီထက် ပိုကောင်းတာမျိုးနဲ့ ထိုက်တန်တယ်။” လင်းချင်းဟယ်က ပြောသည်။


“ငါ့နောက်ခံနဲ့ဆို ဘယ်လိုလုပ်ပြီး ပိုကောင်းတဲ့လူမျိုးကို ငါ ရှာတွေ့နိုင်ပါ့မလဲ။” ကျိုးရှောင်မိန်က ချက်ချင်းဆိုသလို ငိုကြွေးလိုက်မိသည်။


“နင့်နောက်ခံက ဘာဖြစ်နေလို့ပဲ။ ဆင်းရဲတဲ့ တောင်သူလယ်သမားတွေက အခုခေတ်မှာ အကောင်းဆုံး ပုံရိပ်ပဲ။ မင်း အပြင်ထွက်ရင်တောင် ဘယ်သူကများ နင့်ကို လာထိဝံ့ရဲမှာလဲ။” လင်းချင်းဟယ်က ခပ်ပြုံးပြုံးဖြင့် စကားဆိုသည်။ “နင်က ရုပ်ရည်လည်း ချောမောတယ်။ အလုပ်အကိုင်ကလည်း ကောင်းမွန်တယ်။ အခုအချိန်မှာ နင်က အထွတ်အထိပ်ကို ရောက်နေတဲ့ အရွယ်ပဲ။ ဒီလိုမျိုး မိသားစုကို နင်က ဘာဖြစ်လို့ မှားယွင်းရွေးချယ်ရမှာလဲ။”


ကျိုးရှောင်မိန်ကို သူမက နှစ်သိမ့်ပေးလိုက်တော့ အငယ်ဆုံးကူကျစ်သည် စိတ်အားတက်ကြွလာခဲ့သည်။


“အဲ့ကောင်လေးက နင့်ကို ဘယ်လိုမျိုး လိုက်လံပိုးပမ်းခဲ့တာလဲ ဆိုတာ ငါ့ကို ပြောပြစမ်းပါဦး။” လင်းချင်းဟယ်က ရေနွေးပူပူတစ်ခွက်ကို ငှဲ့သောက်လိုက်သည်။ သူမသည် စကားအများကြီး ပြောလိုက်ရ၍ ရေငတ်နေခဲ့သည်။


“သူက ငါ့ကို ဆံညှပ်တစ်ခု လက်ဆောင်ပေးခဲ့တယ်။” ကျိုးရှောင်မိန်က ဖွင့်ဟပြောဆိုခဲ့သည်။


“အဲ့တာ ပြီးတော့ရော” လင်းချင်းဟယ်က ခေါင်းညိတ်ပြပြီး သူမကို ဆက်ပြောရန် လှုံ့ဆော်ခဲ့သည်။


ကျိုးရှောင်မိန်က သူမကိုကြည့်ပြီး “ထပ် မရှိတော့ဘူးလေ” လို့ ပြောလိုက်သည်။


လင်းချင်းဟယ်က သူမကို စိုက်ကြည့်လိုက်သည်။ “ဒါက နင့်ရဲ့ ပိုးပန်းခံရတဲ့ နည်းလမ်းပေါ့။ သူက နင့်ကို ဆံညှပ်တစ်ချောင်းပဲ ပေးခဲ့တာလား။ ဒါဆို နင် သူနဲ့ ဘယ်လို တွဲဖြစ်သွားတာလဲ။”


သူမရဲ့လေသံတွင် အံ့သြထိတ်လန့်မှုများ ထင်ရှားစွာ ပါဝင်နေခဲ့သည်။


သူမသည် ကျိုးရှောင်မိန်၏ မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူအရာမျိုးကို မတွေ့ရပဲ တည်ငြိမ်နေတာကို မြင်တွေ့လိုက်ရသည်။ “ငါ့ကို ဆံညှပ်တစ်ချောင်းပေးတယ်၊ အဲ့တာပဲလေ။”


“ဘုရားရေ” လင်းချင်းဟယ်က သူမ ကြားလိုက်ရတာကို မယုံကြည်နိုင်ပေ။


အစပိုင်းတွင် ကျိုးရှောင်မိန်သည် သူမရဲ့ စတုတ္ထယောင်းမဖြစ်သူ အရမ်းအံ့သြသွားတာကို မြင်ပေမယ့် ဘာအတွေးမှ မတွေးမိခဲ့ဘူး။ နောက်မှ သူမ တဖြည်းဖြည်း နားလည်သဘောပေါက်သွားခဲ့သည်။ သူမက ရှင်းပြလိုက်သည်။ “သူက ငါ့ကို ရုပ်ရှင်ကြည့်ဖို့ ခေါ်မသွားခဲ့ဘူး။”


လင်းချင်းဟယ်က နှာခေါင်းရှုံ့လိုက်သည်။ “နင်နဲ့ တွဲနေစဥ်မှာ ဆံညှပ်တစ်ချောင်းကိုပဲ လက်ဆောင်ပေးပြီးတော့ နင့်လို လစာမြင့်တဲ့ မိန်းမငယ်လေးနဲ့ လက်ထပ်ဖို့ ကြံစည်နေတာပဲ၊ သူနဲ့ သူ့မိသားစု တစ်ခုလုံးရဲ့ ကျွန်တစ်ယောက်အဖြစ် ထားဖို့ ကြံစည်နေတာပဲ။ သူ့မှာ အကြံဥာဏ်ကောင်း ရှိတာပဲ။”


ထို့နောက် သူမက ဆက်ပြောသည်။ “နင် အဲ့အကြောင်းကို တွေးနေစရာ မလိုတော့ဘူး။ နင် သူ့ကို လုံးဝ ကန်ထုတ်သင့်တယ်။ နှစ်သစ်ကူးအတွက် ဘာဖြစ်လို့ သိမ်းထားရမှာလဲ။”


ဒီခေတ်အချိန်အခါက ဆင်းရဲပေမယ့် ဖြူစင်ရိုးရှင်းကြသည်။ ဒေါသထွက်စရာ ကောင်းလောက်အောင်ကို ရိုးရှင်းကြတယ်။


နှစ်ယောက်စလုံးက အလုပ်သမားတွေ ဖြစ်ကြပြီး ရည်းစားထားချိန်မှာ ဆံညှပ်တစ်ခုတည်းကိုပဲ လက်ဆောင်ပေးတာက လုံလောက်ပြီလား။ ဟာသပဲ။ ဒီလိုပုံစံမျိုးနဲ့ သူက ဇနီးမယားတစ်ယောက်ကို လက်ထပ်ချင်နေတာလား။ သူတို့မိသားစု အိမ်ထောင်စုစာရင်းထဲ ဝင်ရောက်သွားတာနဲ့ သူမ ကောင်းမွန်သောဘဝမျိုးကို ရရှိနိုင်ပါ့မလား။


 “အဲ့ဒီအချိန်တုန်းက စတုတ္ထယောင်းမ နင် အစ်ကိုကြီးကို လက်ထပ်တဲ့အချိန်တုန်းကလည်း မျက်မမြင်ချိန်းတွေ့ခြင်းကနေ အစပြုခဲ့တာ မဟုတ်လား။” ကျိုးရှောင်မိန်က ရည်ညွှန်းပြောဆိုသည်။


“နင်က ငါနဲ့ ဘယ်လို နှိုင်းယှဥ်လို့ရမှာလဲ။ ငါက အခု အိမ်မှာ ဒီအတိုင်းထိုင်နေတာ။ နင်ကရော လက်ထပ်ပြီးရင် အလုပ်ထွက်မှာမို့လား။” လင်းချင်းဟယ်က ပြောသည်။ “နင်က သူ့မိသားစုနဲ့အတူ နေရမယ်။ အဲ့ဒီအချိန်မှာဆို နေ့တိုင်း ဆူညံ့ပွက်လောရိုက်နေလိမ့်မယ်။ တော်ပြီ၊ ငါ နင်နဲ့ ဆက်မပြောတော့ဘူး။ အကယ်၍ နင် လက်ထပ်ချင်နေတယ်ဆိုရင် လက်ထပ်လိုက်ပေါ့။ ပြီးမှ နင် ငါ့ကို အပြစ်လာမတင်နဲ့။ ငါ ဒီနေ့ပြောခဲ့တဲ့ စကားတွေက ငါတို့ရဲ့ နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ ဆက်ဆံရေးကြောင့် အမှန်အတိုင်းသိအောင် ပြောဆိုပေးတာပဲ။ နင့်အနာဂတ်က နင့်ကိုယ်ပိုင်ပဲ၊ နင့်ဖာသာနင် သေချာဆုံးဖြတ်ပေါ့။”


မထွက်ခွာခင် ကျိုးရှောင်မိန်က သတိပေးခဲ့သည်။ “နင် ဒီအကြောင်းကို အမေ့ကို သွားမပြောနဲ့ဦး။”


“ဘာလို့ ငါက ဒီအကြောင်းကို လျှောက်ပြောရမှာလဲ။ မြန်မြန်ပြန်တော့။ နင့်ရဲ့ အသုံးမကျတဲ့ မျက်နှာကို မြင်ရတာ ငါ့ကို အသက်ရှုကြပ်စေတယ်။” လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းကာ စကားဆိုလိုက်သည်။


ကျိုးရှောင်မိန်က မည်သည့်စကားကိုမျှ ပြန်မပြောနိုင်ခဲ့ပေ။ “စတုတ္ထယောင်းမ နင် ဘာဖြစ်လို့ ဒီလိုမျိုး ပြောရတာလဲ။”


“ဘာဖြစ်လဲ။” လင်းချင်းဟယ်က နှာခေါင်းရှုံ့သည်။ “နင်သာ ကောင်းကောင်းနေရင် ငါ နင့်ကို ဘာမှ ပြောစရာ မလိုအပ်ဘူးလေ။ ငါ နင့်ကို ကိုယ်ရည်သွေးပြနေတာ မဟုတ်ဘူး။ ဒီမိသားစုမှာဆို ငါက တစ်လို့ပြောရင် ဘယ်သူမှ နှစ်လို့ မပြောရဲဘူး။ အကယ်၍ နင် ကောင်းကောင်းနေချင်ရင် နင် နည်းနည်းလောက် လေ့လာသင်ယူသင့်တယ်။ ဥပမာအနေနဲ့ နင် ချိန်းတွေ့နေတဲ့ အမျိုးသားကို ပြောမယ်။ နင့်နေရာမှာ ငါဆိုရင် သူ့ကို ကန်ထုတ်ပစ်တာ ကြာလှပြီ။ ဆံညှပ်လေးတစ်ခုတည်းနဲ့ သူက လက်ထပ်ချင်တယ်ပေါ့။ သူက နင့်ကို ဂေါ်ဖီထုပ်လို ဆက်ဆံနေတာပဲ။”


ကျိုးရှောင်မိန်သည် သူမရဲ့ စိတ်ထဲတွင် သူမရဲ့ စတုတ္ထယောင်းမကသာ အကောင်းဆုံးဖြစ်ကြောင်းကို သိလေသည်။ ဒါပေမယ့် အခုအချိန်မှာ သူတို့အားလုံးက နှစ်သစ်ကူး အားလပ်ရက် ရရှိထားတာ ဖြစ်သည်။ သူမ အလုပ်သို့ ပြန်မရောက်ချင်း စောင့်ရဦးမယ်၊ သူမ သူ့ကို ရှင်းပြရလိမ့်မယ်။


သူမရဲ့ စတုတ္ထယောင်းမဖြစ်သူက ဤသို့ သတိပေးပြီးသည့်နောက်တွင် သူမသည်လည်း အတော်လေး စိတ်မဝင်စားတော့ပေ။


လင်းချင်းဟယ်က ဒါကို မထိန်းချုပ်နိုင်ပဲ ကျိုးချင်းပိုင်ထံတွင် နားပူနားဆာတိုက်တော့သည်။ “တကယ့်ကို ကျွန်မ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ဆံညှပ်တစ်ခုတည်းနဲ့ သူက မိသားစုကို ကျွေးမွေးဖို့ လူတစ်ယောက်ကို လက်ထပ်ချင်နေတာ။ သူ့ဆံညှပ်က ရွှေနဲ့လုပ်ထားတာလား။”


ကျိုးချင်းပိုင်က ဒီကိစ္စကို သိပ်စိတ်မဝင်စားသော်လည်း သူ့ဇနီးဖြစ်သူက ရှောင်မိန်အပေါ် တော်တော်လေး ကောင်းတယ်ဆိုသည်မှာ ထင်ရှားပါသည်။ မဟုတ်ရင် သူမအတွက် လင်းချင်းဟယ်က ဒီလိုစစ်ဆေးပေးမှာတဲ့လား။


“နောက်ဆုံးတော့ ဒီအမျိုးသားက သူက မြို့သားဖြစ်တာနဲ့ သာလွန်တယ်လို့ ထင်နေတဲ့လူစားမျိုးပဲ၊ ဒါမှမဟုတ်ရင် ရှောင်မိန်အပေါ် သူက ဒီလိုမျိုးလုပ်ဖို့ သတ္တိရှိမှာတဲ့လား။ မြို့သားတွေက အသံကောင်းဟစ်နေရုံပဲ။ လူတိုင်း အခန်းတစ်ခုတည်းမှာ ပြည့်သိပ်နေရပြီးတော့ တစ်ယောက် လေလည်ရင် တစ်အိမ်လုံး အနံ့ရှုနေရတယ်။ အဲ့တာကိုမျိုး ဝံ့ကြွားနေချင်သေးတယ်လား။” လင်းချင်းဟယ်က ဆက်လက်လှောင်ပြောင် ပြောဆိုနေသည်။


 “သေချာတာကတော့ ကျေးလက်မှာလောက် နေရာမကျယ်ဝန်းဘူး။” ကျိုးချင်းပိုင်က အသံယောင်လိုက်သည်။


တကယ်တော့ ကျေးလက်ဒေသနှင့် အတူတူလောက်ပါပဲ။ အိမ်တစ်လုံးဆောက်ဖို့ဆိုတာ မလွယ်ကူလှဘူး။ အိမ်အသစ်တစ်လုံးကို မဆောက်မီ လူတစ်ယောက်ရဲ့ ဘဝတစ်ဝက်စာ ငွေကြေးပမာဏကို စုဆောင်းထားရမည်။


သို့သော်လည်း ဤအချက်သည် အဓိကအချက်ကို မထိခိုက်စေပဲ သူ့ဇနီးဖြစ်သူရဲ့ မကျေနပ်ချက်တွေကို လိုက်လံထောက်ခံနိုင်ခဲ့သည်။


“နေရာထိုင်ခင်းက မကောင်းရုံတင်မကဘူး၊ ကျွန်မတို့လို မစားသောက်နိုင်ဘူး။ သူတို့ လိုချင်တာ လုပ်ချင်တာ အားလုံးအတွက် ကူပွန်တွေ လိုအပ်တယ်။ မှောင်ခိုစျေးကွက်မှာဆိုရင် အရမ်းစျေးကြီးတယ်။ ကျွန်မတို့ ကျေးလက်ဒေသလောက် မကောင်းဘူး။” ဟု လင်းချင်းဟယ်က ဆက်ပြောသည်။


လင်းချင်းဟယ်သည် သူမ ကျိုးချင်းပိုင်ထံ ညီးညူပြောဆိုပြီးမှသာ လုံလောက်တယ်လို့ ခံစားလိုက်ရသည်။ ထိုအချိန်၌ သူမ ဖက်ထုပ်များ ထုပ်နေသည်မှာ ပြီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။


“ဒီနှစ် အိမ်မပြန်ဘူးလား။” ကျိုးချင်းပိုင်က သူမကို ကြည့်လိုက်သည်။


“မသွားဘူး။ ကျွန်မ နောင်အနာဂတ်မှာ မပြန်တော့ဘူး။ ကျွန်မရဲ့ တတိယမောင်ငယ်မှအပ သူတို့အားလုံးနဲ့ ကျွန်မ အဆက်အသွယ်ဖြတ်လိုက်ပြီ။” လင်းချင်းဟယ်က မယိုင်မလဲ သူမစိတ်ကို ထိန်းထားလိုက်သည်။


အစကတည်းက သူမသည် မူလခန္ဓာပိုင်ရှင် မဟုတ်ပေ။ လင်းမိသားစုဟောင်းက ဘယ်လိုပုံစံ အကျင့်စရိုက်မျိုးရှိလဲ ဆိုတာကို သူမ သိလိုက်ရတော့ သူမက သူတို့နဲ့ ဆက်လက် ပတ်သတ်ဆက်နွယ်နေတော့မှာ မဟုတ်ဘူး။ သူမသည် သူတို့အားလုံးနှင့် ဝေးရာမှာ နေထိုင်ရပေလိမ့်မည်။


ကျိုးချင်းပိုင်က သူမရဲ့ စိတ်သဘောထားကို သိသည်။ ဒါက ဟာသတစ်ခုပဲ ဖြစ်နိုင်တယ်၊ သူမ စိတ်ဆိုးပြေသွားတဲ့အခါကျရင် ပြန်ပြီး အဆင်ပြေသွားကြလိမ့်မည်။


သို့ပေမယ့် ရှင်းနေသည်မှာ လင်းချင်းဟယ်ရဲ့ ‌ဒေါသတွေ ပြေသွားသည်ဖြစ်စေ မပြေသွားသည်ဖြစ်စေ အရေးကြီးကိစ္စတစ်ခုတော့ မဟုတ်ပါ။ သူမသည် လင်းမိသားစုဟောင်းမှ မျက်လုံးဖြူဝံပုလွေများနှင့် အဆက်အသွယ် မလုပ်ချင်တော့ပေ။ ဒါ့ကြောင့် သူမကိုယ်တိုင် သူတို့ထံသို့ သွားရောက်လည်ပတ်ခြင်း ပြုလုပ်တော့မှာ မဟုတ်ဘူး။


သူများတွေ ဘာပြောကြမလဲဆိုတာ အရေးမကြီးဘူး။ ကျိုးချင်းပိုင် အိမ်သို့ ပြန်ရောက်ကတည်းက မကောင်းသော အတင်းစကားများ အပြောမခံရပေ။ မိန်းမတစ်ယောက်အနေဖြင့် သူမက ဘာကြောင့် နည်းနည်းလောက် တစ်ကိုယ်ကောင်းဆန်ခွင့် မရနိုင်မှာလဲ။


နှစ်သစ်ကူးအကြိုနေ့တွင် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့နှင့်အတူ ကျိုးမိသားစု အိမ်တော်ဟောင်းသို့ သွားရောက်လည်ပတ်ကာ အတူညစာ စားသောက်ကြသည်။


သူတို့သည် ညစာအတူစားရန် သွားရောက်ခြင်း ဖြစ်သောကြောင့် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို ဟင်းလျာနှစ်မျိုး ယူဆောင်လာခိုင်းသည်။ ဟင်းလျာများမှာ ဝက်အသားလုံးနှင့် ကြက်ဥကြော်ချက်တို့ပင် ဖြစ်သည်။


သူတို့နှစ်မျိုးစလုံးက အရမ်း အရသာရှိကြသည်။ ဒီဟင်းလျာနှစ်မျိုးက ကျိုးအိမ်တော်ဟောင်း၏ နှစ်သစ်ကူး အကြိုညစာစားပွဲအတွက် အရောင်အသွေးကို ပိုမိုစုံလင်စေသည်။


ကလေးများသာမက လူကြီးများပါ ထိုဟင်းလျာတွေရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရသည်။


“စတုတ္ထယောင်းမ နင် ဒါတွေကို ချက်ထားတာလား။ နင် ဟင်းချက်လက်ရာ ဘယ်တုန်းကနေစပြီး ကောင်းလာတာလဲ။” ညစာစားချိန်အတွင်း ကျိုးရှောင်မိန်သည် အသားလုံးဟင်းကိုစားပြီး ချီးမွမ်းပြောဆိုလေသည်။


“ငါတစ်ယောက်တည်း ဒါကို ချက်ပြုတ်ထားတာ မဟုတ်ဘူး။ နင့်စတုတ္ထအစ်ကိုလည်း ငါ့ကို ဝိုင်းကူပေးတယ်လေ။” လင်းချင်းဟယ်က ထို့သို့ပြောရင်း အဖေကျိုးနဲ့ အမေကျိုးတို့ကို လှည့်ကြည့်လိုက်သည်။ “အဖေ၊ အမေ၊ ဒါကို စားကြည့်ဦး။ ဒီဟင်းရဲ့ အရသာက တော်တော်လေး ကောင်းတယ်။”


အဖေကျိုးနဲ့ အမေကျိုးက ကောင်းပြီလို့ ပြန်တုံ့ပြန်သည်။ ယခုနှစ် မိသားစုတွေ ပြန်လည်စုံစည်းလာတာကို မြင်လိုက်ရတော့ လူကြီးနှစ်ယောက်သည် စိတ်အခြေအနေ တော်တော်လေး ကောင်းမွန်လာခဲ့သည်။ အထူးသဖြင့် ယခုအချိန်တွင် မြင်တွေ့နေရသည့် လင်းချင်းဟယ်သည် ပို၍ လိမ္မာရေးခြားရှိလာကာ ချွေးမများထဲတွင် အကောင်းဆုံး စံချိန်ကို ချိုးနိုင်ခဲ့သည်။