အခန်(၆၉)မိသားစုလိုက်မြို့ပေါ်မှာလျှောက်လည်ကြမယ်
Viewers 53k

အခန်း (၆၉) - မိသားစုလိုက် မြို့ပေါ်မှာ လျှောက်လည်ကြမယ်


လင်းချင်းဟယ်သည် နှစ်သစ်ကူးနေ့တွင် အိမ်၌ မနေထိုင်ခဲ့ဘူး။ သူမသည် လောင်စန်းကို ကျိုးအိမ်တော်ဟောင်းဆီသို့ ခေါ်သွားခဲ့သည်။


သူမသည် အကြီးဆုံးမရီး၊ တတိယမရီးနှင့် ကျိုးရှောင်မိန်တို့နှင့် စကားစမြည် ပြောဆိုရန် သွားရောက် လည်ပတ်ခဲ့သည်။ ဒုတိယမရီးကတော့ သူမကို စာရင်းထဲမှာ ထည့်မထားဘူး။


တတိယမရီး ကလေးမွေးဖွားပြီးနောက် မီးတွင်းထဲမှ မထွက်ရသေးသော်လည်း သူမ၏ ခန္ဓာကိုယ်သည် ယခုအခါ၌ ပိုမိုကောင်းမွန်လာခဲ့သည်။ ယခုအချိန်အခါဟာ နှစ်သစ်ကူးအချိန်ကာလဖြစ်တော့ စကားစမြည် ပြောဆိုတာက သူမကို ပျော်ရွှင်စေတယ်။


လင်းချင်းဟယ်သည် နှောင့်ယှက်လိုသည့် ရည်ရွယ်ချက် မရှိပေ။ သူမသည် တစ်နာရီခန့် စကားစမြည် ပြောဆိုပြီးနောက် ထွက်လာခဲ့သည်။


ဒုတိယမရီးက အိမ်မှာ မရှိတော့ဘူး။ ရွာထဲမှ တခြားအမျိုးသမီးတွေနဲ့ စကားစမြည်ပြောဆိုဖို့ အလည်အပတ် ထွက်သွားခဲ့သည်။


လင်းချင်းဟယ်သည် လောင်စန်းလေးကိုချီရင်း အိမ်ကို ပြန်လာခဲ့သည်။ ကျိုးရှောင်မိန်ကလည်း သူမနောက်မှ လိုက်ပါလာခဲ့သည်။ သူတို့ အိမ်ပြန်ရောက်လာချိန်တွင် ကျိုးချင်းပိုင်က ဝက်တွေကို အစာကျွေးမွေးနေခဲ့သည်။


ကျိုးချင်းပိုင်က ဒီကိစ္စတွေကို သူ တာဝန်ယူနေဆဲ ဖြစ်သည်။ လင်းချင်းဟယ်သည် အခါအားလျော်စွာ ကူညီပေးသော်လည်း တာဝန်အားလုံးကို သူမလက်ထဲ ဝကွက်အပ်ရန် မဖြစ်သင့်ပေ။


“စတုတ္တယောင်းမ နင် အများကြီး ပြောင်းလဲသွားတယ်။ နင် အိမ်မှာ ဝက်မွေးတာကို သည်းခံနေနိုင်တယ်လား။” ကျိုးရှောင်မိန်က စိတ်ခံစားချက်တွေ လှိုင်းထလာကာ ပြောဆိုခဲ့သည်။


“ဒီလိုပါပဲ” လင်းချင်းဟယ်က သူမကို အကြည့်တစ်ချက် ပစ်ခွင်းလိုက်သည်။


ကျိုးရှောင်မိန်က စပ်ဖြဲဖြဲလုပ်လိုက်သည်။ “စတုတ္ထယောင်းမ ငါ ဘယ်လိုလူမျိုးကို ရှာသင့်တယ်လို့ နင်ထင်လဲ။”


“မိဘမရှိတဲ့ ကားပိုင်၊ အိမ်ပိုင်ရှိတဲ့သူမျိုးကို နင် ရှာသင့်တယ်။” လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။


ကျိုးရှောင်မိန်က ဟက်ဟက်ပက်ပက် ရယ်မောရာမှ တခစ်ခစ် ရယ်မောခဲ့သည်။ “စတုတ္ထယောင်းမ ငါပြောမယ်၊ နင့်ရဲ့ ပြောပုံဆိုပုံတွေက စိတ်ဝင်စားဖို့ ပိုကောင်းလာတယ်။”


“ဘာဖြစ်လို့လဲ၊ အဲ့တာ မဖြစ်နိုင်လို့လား။” လင်းချင်းဟယ်က ပြောသည်။


“ဒီလိုပါပဲ။ နင်ပြောတဲ့လူမျိုးက ရှာရခက်တယ်။ ပြီးတော့ တစ်ခုခု ဖြစ်ခဲ့ရင် အကူအညီ တောင်းစရာလူရှိမှာ မဟုတ်ဘူး။” ကျိုးရှောင်မိန်က ထောက်ပြ ပြောဆိုသည်။


“နင် ဘယ်လိုအကူအညီမျိုး လိုအပ်လဲ။ နင့်မိခင်ဖက် မိသားစုမှာ အစ်ကိုတွေ အများကြီးရှိတယ်။ လိုအပ်ရင် နင် ငါတို့ကို လှမ်းပြောလိုက်ရုံပဲ။ နင့်ကို အကုန်ဝိုင်းဝန်းကူညီပေးမယ့်သူတွေချည်းပဲ။” လင်းချင်းဟယ်က ပြောသည်။


ကျိုးရှောင်မိန်က အပြုံးလေးဖြင့် ပြောလိုက်သည်။ “အဲ့လိုလူမျိုးနဲ့ တွေ့နိုင်မယ့် အခွင့်အရေးမျိုး မရှိနိုင်ပါဘူးဟာ။”


“နင် အဲ့လိုလူမျိုး တစ်ယောက်မှ ရှာမတွေ့ရင် နောက်ကို ခြေတစ်လှမ်း ပြန်ဆုတ်ပြီး ဒုတိယနေရာကလူကို ရွေးချယ်လိုက်။ ဒါပေမယ့် နင် ကန်ထုတ်သင့်တဲ့ အခုနင့်ကောင်လေးလိုလူမျိုး မဖြစ်သင့်ဘူး၊ အဲ့လိုလူမျိုးကို ထည့်စဥ်းစားစရာ မလိုဘူး။” လင်းချင်းဟယ်က အကြံပေးသည်။


“ငါ နှစ်သစ်ကူးပြီးလို့ ပြန်သွားတဲ့အခါကျရင် သူ့ကို ကန်ထုတ်ပစ်မယ်။” ကျိုးရှောင်မိန်က သဘောတူလိုက်သည်။


“နင့်ရဲ စတုတ္ထအစ်ကိုလို တာဝန်သိတတ်တဲ့ ယောကျာ်းမျိုးကိုရှာ။ သူ့မှာ တာဝန်သိစိတ်ရှိရမယ်။ အရာအားလုံးကို သူ့ပုခုံးပေါ် တင်ထားနိုင်ရမယ်။ သူက သူ့ဇနီးနဲ့ ကလေးတွေကို အိမ်မှာ အဆင်ပြေပြေ နေထိုင်စားသောက်နိုင်ဖို့ အပြင်ကိုထွက်ပြီး ရှာဖွေကျွေးမွေးနိုင်ရမယ်။ ပြီးတော့ ရုပ်ရည် ချောမောပြေပြစ်ရမယ်။” လင်းချင်းဟယ်က ဖြစ်သင့်သည့်ပုံစံမျိုးကို စာရင်းထုတ်ပြခဲ့သည်။


ကျိုးရှောင်မိန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ “ငါ့ရဲ့ စတုတ္ထအစ်ကို ဒီကို ပြန်မရောက်ခင်နဲ့ ပြန်ရောက်ပြီးတဲ့အချိန် နင့် စကားပြောပုံက ဘယ်လိုကွာခြားသွားတာလဲ။ နင်ပြောင်းလဲသွားတာ ဘယ်လောက်ကြာပြီလဲ။”


သူမရဲ့ စတုတ္ထအစ်ကိုဖြစ်သူ၏ ကောင်းကွက်များကို သူမ အမှန်တကယ် မမြင်ခဲ့ပေ။ သူမမျက်လုံးထဲ၌ သူမစတုတ္ထအစ်ကိုဖြစ်သူသည် ကြမ်းတမ်းတဲ့ အမျိုးသားတစ်ဦး ဖြစ်လေသည်။


“မိန်းမတစ်ယောက်ရဲ့ နှလုံးသားဟာ ပင်လယ်ထဲက အပ်တစ်ချောင်းလိုပဲ၊ တစ်စက္ကန့်အတွင်း လေတိုက်မယ်လို့ ပြောပေမယ့် နောက်တစ်စက္ကန့်အတွင်းမှာ မိုးရွာလိမ့်မယ် ဖြစ်သွားရော။ ငါတင် ဒီလိုမျိုး မဟုတ်ဘူး၊ နင်လဲ အဲ့လိုမျိုးပဲ။” လင်းချင်းဟယ်က ရှင်းပြပြောဆိုသည်။


ဒါပေါ့၊ ကျိုးရှောင်မိန်းလည်း ဒါကို သိတယ်။ ဒါပေမယ့် သူမပြောင်းလဲသွားသည်မှာ မြန်ဆန်လွန်းလှသည်။


 “အရင်က ငါ နင့်ရဲ့ စတုတ္ထအစ်ကိုနဲ့ အချိန်မဖြုန်းဖူးဘူး။ သူ ပြန်လာတဲ့အချိန်တိုင်း သူ ရက်အနည်းငယ်ထက် ပိုမနေနိုင်ဘူး။ နင် ဒါကို သိတယ်မလား။ အခု ငါ သူနဲ့ ပြောဆိုဆက်ဆံဖူးခဲ့ပြီ။ သူက အရမ်းကောင်းတယ်လို့ ငါထင်တယ်။ အနည်းဆုံးတော့ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ သူက ငါ့မိသားစုရဲ့ ရှေ့ရေးကို ထောက်ပံ့ပေးနိုင်လိမ့်မယ်။” လင်းချင်းဟယ်က ရှင်းပြခဲ့သည်။


သူမရဲ့ ဝက်သားမှောင်ခိုပြန်လည်ရောင်းချလိုသည့် ကိစ္စကို အခုထိ သဘောမတူသေးပဲ တင်းမာနေသေးသော်လည်း အခြားကိစ္စရပ်များတွင်မူ သူမ အလိုဆန္ဒကို ငြင်းဆန်ခြင်း မရှိပေ။


ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုလျှင် ထိုလူသည် ခန့်ညားချောမောပြီး ရွှေစင်အများကြီး ထိုက်တန်ကာ အကြံကောင်း ဥာဏ်ကောင်းများ ပိုင်ဆိုင်ပြီး ကြံ့ခိုင်သန်စွမ်းသည်။


အဟွတ်... အဟွတ် နောက်ဆုံးအပိုင်းကို သူမကိုယ်တိုင်ကိုယ်ကျ မခံစားရပေမယ့် သူမ အရူးတော့ မဟုတ်ပါဘူး။ အိပ်ရာပေါ်မှာ ပွေ့ဖက်ထားရာကနေ သူ့ရဲ့ အံ့သြစရာကောင်းတဲ့ အရွယ်အစားကို သူမ ခံစားသိရှိနိုင်ခဲ့တယ် မဟုတ်လား။


တကယ်တော့ သူမ နည်းနည်း ကြောက်ရွံ့မိသည်။ သူမ ဒီဒဏ်ကို မခံနိုင်မှာ စိုးရွံ့မိသည်။


သူမ ကိုယ်ကျင့်တရား အရမ်းပျက်ယွင်းနေတာပဲ။


ဘယ်လိုပဲဖြစ်ဖြစ် ကျိုးချင်းပိုင်ရဲ့ အခြေအနေသည် သူမရဲ့ အရသာနှင့် ကိုက်ညီနေပါသည်။ မကောင်းသည့် တစ်ခုတည်းသော အချက်မှာ သူ့ရဲ့ ခေါင်းမာတဲ့အကျင့်ပင်။ သူမ သူ့ကို ဆက်လက်လေ့ကျင့်ပေးရန် လိုအပ်နေသေးသည်။


ကျိုးရှောင်မိန်က ဒီမှာပဲ နေ့လည်စာ စားခဲ့သည်။ သူမ စားပြီးတာနဲ့ အိမ်ပြန်သွားခဲ့သည်။ လင်းချင်းဟယ်က မနက်ဖြန်ကျရင် သူမတို့မိသားစု ခရိုင်မြို့ပေါ်သို့ သွားရောက်ကြမှာမို့ အိမ်ကို စောင့်ကြည့်ပေးဖို့အတွက် ဖေးယင်းကို လွှတ်ပေးဖို့ရယ်၊ သူမကို လာရှာဖို့ မလိုအပ်ကြောင်းကိုပါ အမှာပါးခဲ့သည်။

 

ကျိုးရှောင်မိန်က ချက်ချင်း “ငါလည်း နင်တို့နဲ့အတူ လိုက်ချင်တယ်” လို့ တုံ့ပြန်လိုက်သည်။


 “စက်ဘီးမှာ နေရာမရှိတော့ဘူး။ ပြီးတော့ မိသားစုခရီးထွက်ဖို့ဆိုတာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ။ နင် ငါတို့နဲ့အတူ သွားချင်တာ သေချာလား။” လို့ လင်းချင်းဟယ်က ပြောလိုက်သည်။


“မေ့လိုက်တော့” ကျိုးရှောင်မိန်က သူမလက်ကို ဝှေ့ယမ်းရင်း စကားဆိုလိုက်သည်။


“နင် ဘာစားချင်လဲ။ ငါပြန်လာရင် နင့်အတွက် ဝယ်လာခဲ့မယ်။” လင်းချင်းဟယ်က မေးလိုက်သည်။


“မလိုအပ်ဘူး။ ငါ မနက်ဖြန်ညကျရင် နင့်အိမ်မှာ ထမင်းလာစားလို့ ရမလား။” ကျိုးရှောင်မိန်က သေချာအောင် မေးသည်။


“လာခဲ့လေ” လင်းချင်းဟယ်က သူမကို ပြန်ဖြေခဲ့သည်။


ကျိုးရှောင်မိန်က ပျော်ရွှင်စွာ ပြန်သွားခဲ့သည်။


နှစ်သစ်ကူးနေ့ရက်သည် ဒီလိုမျိုး ကုန်ဆုံးသွားခဲ့သည်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် ပျော်ရွှင်မှုတွေ ပြန့်နှက်နေခဲ့သည်။ နှစ်သစ်ကူးနေ့ည၌ ကျိုးချင်းပိုင်သည် အမှတ်မရှိမှန်း သိသာလေသည်။


“မိန်းမ မင်းဒေါသတွေ ပြေသင့်ပြီ” လို့ ကျိုးချင်းပိုင်က အသံအက်အက်ဖြင့် စကားဆိုသည်။


ပြောရရင် ဒီအသံက တော်တော်လေးကို ဆွဲ‌ဆောင်မှုရှိသည်။ လင်းချင်းဟယ်ရဲ့ နှလုံးသားကို ပျော့ပျောင်းသွားစေဖို့ မလုံလောက်သေးပါဘူး။ “ကျွန်မကို လာမထိနဲ့။ ရှင့်ဖာသာရှင် အိပ်”


“မိန်းမ” ကျိုးချင်းပိုင်က သူမဂုတ်ပိုးကို အနမ်းခြွေလိုက်သည်။


လင်းချင်းဟယ်က ချက်ချင်း တုံ့ပြန်လိုက်ပြီး “ရှင် ဒီလိုဆက်လုပ်နေမယ်ဆိုရင် ကျွန်မ ရှင့်ကို ရိုက်တဲ့အခါကျ အပြစ်မတင်နဲ့။”


ကျိုးချင်းပိုင်က နားချသည်။ “မင်းရဲ့စီးပွားရေးက အကြံကောင်း မဟုတ်ဘူး။ အကယ်၍ မတော်တဆဖြစ်ပျက်ခဲ့ရင် မင်းရဲ့ နာမည်ဂုဏ်သတင်းကို ပျက်စီးသွားစေလိမ့်မယ်။”


“ကျွန်မမှာ နည်းလမ်းရှိတယ်လို့ ပြောဖူးတယ်လေ။ တကယ်လို့ ကျွန်မ ဒီလိုလုပ်လို့ ပြဿနာ တစ်ခါလောက် တွေ့ခဲ့ရင် ကျွန်မ ဘယ်တော့မှ ဒါကို မလုပ်တော့ဘူး။ ဒါပေမယ့် ကျွန်မကို တစ်ခါလောက်တော့ စမ်းကြည့်ခွင့်ပြုပေးပါ။ ဒါက ဝက်သားရောင်းရုံလေးတင်ပဲလေ။ ကြီးမားတဲ့ကိစ္စရပ်လည်း မဟုတ်ပါဘူး။ ရှင် ယုံချင်ယုံ မယုံချင်နေ၊ ကျွန်မ ဒါကို ကြိုပြောထားလို့ စမ်းလုပ်ကြည့်ချင်ရုံလေးတင်ပါ။ နောင်အနာဂတ်ကျရင် ကမ္ဘာတစ်ဝှမ်းက ကုန်သည်ကြီးတွေလို ဖြစ်လာနိုင်လိမ့်မယ်။” လင်းချင်းဟယ်က ဆက်လက်နားချသည်။ 


“အနာဂတ်က အနာဂတ်ပဲ။ အခုတော့ ခွင့်မပြုနိုင်ဘူး။” ကျိုးချင်းပိုင်က သူ့သဘောထားကို ခိုင်ခိုင်မြဲမြဲ ဆွဲကိုင်ထားသည်။


 “ချင်းပိုင် ကျွန်မကို စမ်းကြည့်ခွင့်ပေး။ ကျွန်မကို တစ်ကြိမ်လောက် ခွင့်ပြုပေးပါ။ ဒါက အလုပ်မဖြစ်ဘူးဆိုရင် ကျွန်မ ရှင့်စကားကို နားထောင်ပေးမယ်လေ။ ရှင် ကျွန်မကို ဖြစ်နိုင်မယ်ဆိုရင် ဒါကို ခွင့်ပြုပေးပါလား။” လင်းချင်းဟယ်က ချိုသာစွာ ခွင့်တောင်းလိုက်သည်။


သူမလက်တွေက သူ့ရင်ဘတ်နဲ့ မုတ်ဆိတ်မွှေးငုတ်တိုများ ပြည့်နှက်နေသော မေးစေ့ကို ထိတွေ့လိုက်သည်။ ဒါက အတော်လေးကို သက်တောင့်သက်သာရှိစေတယ်လို့ ခံစားရစေသည်။


ကြောင်တစ်ကောင်လို နူးညံ့သိမ်မွေ့နေတဲ့ သူမရဲ့အပြုအမူမျိုးကို မြင်တွေ့လိုက်ရတာက ကျိုးချင်းပိုင်အတွက် ရှားပါးတဲ့ အခွင့်အရေးတစ်ခုပါပဲ။ သူက သူမရဲ့ ချွဲနွဲ့မှုတို့ကို အတော်လေး သဘောကျ နှစ်သက်မိပေမယ့် သူမရဲ့ တောင်းဆိုချက်ကိုတော့ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။


ဒေါသတကြီးဖြင့် လင်းချင်းဟယ်၏လက်သည် အောက်သို့ လျောဆင်းသွားပြီး သူ့ရဲ့ အားနည်းချက်ကို မသိလိုက်ပဲ ဖမ်းဆုပ်လိုက်မိသည်။ ကျိုးချင်းပိုင်က နေမထိထိုင်မသာ ဖြစ်သွားပေမယ့် မနေနိုင်ပဲ ဒီထက်ပိုလိုချင်မိခဲ့သည်။


လင်းချင်းဟယ်က သူ့ဆန္ဒတွေကို ဖြည့်ဆည်းပေးခဲ့ပြီး လမ်းတစ်ဝက်အရောက်တွင် သူမက ရပ်တန့်လိုက်သည်။ ထို့နောက် သူမသည် လောင်အာ့နှင့် နေရာချင်းလဲကာ ကျိုးချင်းပိုင်အား လျစ်လျူထားခဲ့သည်။


ကျိုးချင်းပိုင်ကဲ့သို့ ကျန်းမာသန်စွမ်းသော အမျိုးသားတစ်ဦးသည် သူ့ဇနီးဖြစ်သူ၏ အပြစ်ပေးမှုကြောင့် ပေါက်ကွဲလုနီးပါးဖြစ်နေပြီဖြစ်သည်။


ညနက်သန်းခေါင်အချိန်တွင် သူ မတတ်သာပဲ အိပ်ရာမှထကာ သူ့အတွင်းခံ‌ဘောင်းဘီကို လှဲလှယ်ဝတ်ဆင်လိုက်ရသည်။


နောက်တစ်နေ့မနက်စောစောတွင် သူမတို့မိသားစုဟာ မနက်စာပစားပြီးတာနဲ့ ခရိုင်မြို့ပေါ်သို့ သွားခဲ့ကြသည်။


သူတို့က အမေကျိုးအား အိမ်သော့အပ်ခဲ့ပြီး ဝက်တွေအတွက် အစာကျိုပေးဖို့ မှာကြားခဲ့သည်။ သူတို့စားသောက်ပြီးတာနဲ့ အိမ်မှ ထွက်ခွာလာခဲ့ကြသည်။


ကျိုးလောင်တ၊ ကျိုးလောင်အာ့နဲ့ လောင်စန်းလေးတို့ဟာ မိခင်၊ ဖခင်တို့နှင့်အတူ မြို့ပေါ်သို့ သွားရသည့်အတွက် အလွန်ပျော်မြူးနေကြသည်။


ကျိုးလောင်တက စက်ဘီးအရှေ့တွင် ထိုင်စီးသည်။ လင်းချင်းဟယ်က နောက်ထိုင်ခုံတွင် လောင်အာ့နှင့် လောင်စန်းတို့ကို ပွေ့ချီရင်း လိုက်ပါလာသည်။ ဒီလိုနဲ့ တစ်မိသားစုလုံးဟာ ခရိုင်မြို့ပေါ်သို့ ရောက်လာကြသည်။


သူတို့မိသားစုဟာ မိသားစုဓာတ်ပုံကိုလည်း ရိုက်ခဲ့ကြသည်။ အရူးအမူးဖြစ်စွာ လင်းချင်းဟယ်သည် သီးခြားဓာတ်ပုံနှစ်ပုံကိုလည်း ရိုက်ခဲ့သည်။ သူမသည် ကျိုးချင်းပိုင်ကိုပါ သီးခြားဓာတ်ပုံတစ်ပုံလောက် ရိုက်ရန် အတင်းအကြပ် ခိုင်းစေခဲ့သည်။ လောင်တ၊ လောင်အာ့နှင့် ‌လောင်စန်းတို့အတွက် အုပ်စုလိုက်ဓာတ်ပုံရိုက်ခဲ့ကာ တစ်ယောက်ချင်းစီအတွက် ဓာတ်ပုံတစ်ပုံစီ ရိုက်ခဲ့သည်။


ထို့နောက် သူတို့ဟာ ရုပ်ရှင်ရုံသို့ သွားခဲ့ကြသည်။


မိသားစုလိုက် ရုပ်ရှင်ကြည့်ကြသည်။ ရုပ်ရှင်ကားက သိပ်မကောင်းပေမယ့် လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့ကတော့ ဒါကို အရမ်း သဘောကျနေတုန်းပါပဲ။ လောင်စန်းက ရုပ်ရှင်ကားတစ်ဝက်အရောက်တွင် အိပ်ပျော်သွားခဲ့သည်။


ကျိုးချင်းပိုင်က သူ‌လေးကို ပွေ့ချီထားပြီး လင်းချင်းဟယ်ကတော့ အကြီးကောင်နှစ်ယောက်ဖြင့် ရုပ်ရှင်ကို ဆက်လက်ကြည့်ရှုနေခဲ့သည်။


ရုပ်ရှင်ကြည့်ပြီးနောက် မိသားစုလိုက် စားသောက်ဆိုင်သို့ ချီတက်လာခဲ့ကြသည်။


စားသောက်ဆိုင်မှ ထွက်ခွာလာပြီး‌နောက် လောင်တက “ဖက်ထုပ်တွေက သားတို့မိသားစုကလုပ်တဲ့ ဖက်ထုပ်တွေလောက် မကောင်းဘူး” လို့ အထူးတလည် ပြောဆိုခဲ့သည်။


“ဒီအရသာက အိမ်ချက်ကိုတောင် မယှဥ်နိုင်ဘူး” လောင်အာ့က ခေါင်းညိတ်ထောက်ခံသည်။


“နင်တို့ တစ်ခုခုစားရတာကိုပဲ ကျေနပ်သင့်တယ်၊ ပွစိပွစိ ပြောမနေနဲ့” လင်းချင်းဟယ်က ပြောလိုက်သည်။ သူမသည် ပန်းသီး အနည်းငယ်လောက်ကိုသာ ဝယ်ယူခဲ့ပြီး တခြား ဘာကိုမှ မယူခဲ့ဘူး။ သူမ ဒီနေ့ ပိုက်ဆံ အများကြီးကုန်သွားခဲ့သည်။ ဓာတ်ပုံတွေက တစ်ပတ်လောက်ကြာရင် လာယူဖို့ အသင့်ဖြစ်လိမ့်မည်။