Part 781
သူမက ဟင်းသီးဟင်းရွက်ရိုင်းများကပ်နေသော သွားများပေါ်အောင် ပြုံးဖြဲဖြဲလုပ်ပြလာသည်။
“ သမီးတို့လည်း ကောက်ခဲ့ဖူးတယ်”
လင်းလန်၏မျက်လုံးများက အရောင်တောက်လာ၏။
“ဘယ်မှာလဲ”
ကောင်မလေးက မြစ်ထဲကိုညွှန်ပြလိုက်သည်။
“အကြီးကြီးတစ်ခုကိုတော့ မြစ်ထဲလွင့်ပစ်လိုက်တယ်”
လင်းလန်က မြစ်ထဲပြေးဆင်းကာ သွားပြန်ကောက်လိုက်ချင်တဲ့အထိ စိတ်ဆင်းရဲသွားသည်။ သူမက မြစ်ကိုကြည့်ကာ သက်ပြငါးချလိုက်မိသည်။
ကောင်မလေးက ပြောလာ၏။
“ ကျောက်တုံးက အသုံးမှမဝင်တာ၊ ဖန်သားလောက်လည်း ကြည့်မကောင်းဘူး၊ အရင်တုန်း နည်းနည်းကောက်ထားပေမယ့် လွင့်ပစ်လိုက်ပြီ။ အပြာရောင်လေးခုတော့ ကျန်နေသေးတယ်၊ တကယ်လို့ မမကြိုက်ရင် ပေးလိုက်မယ်လေ”
လင်းလန်က သူ့ကိုပေးချင်သည်ဟု ကြားသောအခါ ပျော်သွားသလို ရှက်လည်းရှက်သွားမိသည်။ နောက်ဆုံးတွင် ဤကလေးများက ကျောက်တုံးများ၏တန်ဖိုးကို မသိကြပေ။
“စိတ်မကောင်းပါဘူးကွယ်၊ မမမင်းကိုပိုက်ဆံပေးပါ့မယ်”
“သမီးက ပိုက်ဆံမလိုချင်ပါဘူး၊ အဲ့ဒီအစား ဘာလို့ သမီးစားဖို့ တစ်ခုခုမပေးတာလဲ”
ကောင်မလေးက တံတွေးမြိုချလိုက်ကာ လင်းလန်အားမျှော်လင့်တကြီးကြည့်လာ၏။ ဆာလောင်နေသူများအတွက် အစာခြောက်ကို မည်သည့်အရာမှ မယှဉ်နိုင်ပေ။ အစားအစာတံဆိပ်ခေါင်းများကို ပိုက်ဆံနှင့်ဝယ်ရ၏။ သူမတွင်ပိုက်ဆံမရှိပေ။ ပိုက်ဆံရှိလျှင်တောင်မှ စားစရာဝယ်လို့မရသဖြင့် သူမက စားစရာများတောင်းလိုက်ခြင်းဖြစ်သည်။ ၎င်းကစားသောက်ရန် အသင့်တော်ဆုံးဖြစ်သည်။
အရာရှိဝမ်က ပြုံးကာဝင်ပြောလာ၏။
“ အရာရှိလင်း ဒီကျောက်တုံးနဲ့ဘာလုပ်နေတာလဲ၊ အဲ့ဒါကစားစရာအတွက် မဟုတ်ဘူးလေ။ ဖန်ပုတီးလောက်လဲ တောက်ပမနေဘူး။ ကျောက်တုံးကိုဆွဲယူနေချိန်မှာ ကလေးတစ်ယောက်ရဲ့လက်ကိုဖမ်းဖို့က ခက်ခဲတယ်လေ”
သူက လင်းလန်တစ်ယောက် ထိုကလေးကြောင့် ရင်ထဲထိသွားမည်ကို စိုးရိမ်နေ၏။ ထိုကလေး လှည့်စားတတ်ပေသည်။
လင်းလန်က ပြုံးကာပြန်ဖြေ၏။
“ ကျွန်မကတော့ ဒါကကြည့်ကောင်းတယ်လို့ထင်တာပဲ”
အရာရှိဝမ်ကတော့ သူမ၏ကလေးတစ်ယောက်လို စိတ်နေသဘောထားသည် လူတိုင်းပြောနေကြသည့် ဝါဒဖြန့်ချီရေးဌာနမှအကျော်အမော်နှင့် ကွဲပြားသည်ဟုတွေးလိုက်မိသည်။
“ ပြီးခဲ့တဲ့2နှစ်မှာ ရွှေတွေ၊ငွေတွေ ဘယ်လောက်တောင်ပျောက်ခဲ့ရလဲ။ ဒီလိုကျောက်တုံးက လမ်းပေါ်ပစ်ထားရဖို့တောင် အရမ်းဆိုးနေသေးတယ်”
လူက ကြောက်စရာကောင်းလောက်အောက် ဆာလောင်နေကော အိမ်ထဲတွင်ရှိသမျှအားလုံးကို စားစရာအတွက် ယူထုတ်လိုက်ကြသည်။ ရွှေငွေများက သံများလောက်အသုံးမဝင်သောအချိန်တွင် ဤလိုကျောက်တုံးမျိုးကိုမူ ထည့်ပြောနေစရာမလိုတော့ပေ။
ကြည့်ကောင်းတာအပြင် ဘာများအသုံးဝင်နေလို့လဲ။ လမ်းခင်းမလို့လား။ ဘယ်လိုကျောက်တုံးကများ လမ်းခင်းဖို့ မလွယ်ကူတာလဲ။ ငါတကယ်....အသက်မရှင်တော့ဘူးနော်။
လင်းလန်:“ ဒါပေမယ့် ကျွန်မကြိုက်တယ်လေ၊ ဘယ်သူ့ဆီမှာပဲရှိရှိ ကျွန်မသူတို့နဲ့ လဲယူမယ်”
အရာရှိဝမ်က လင်းလန်သည် လှပကာ စိတ်ကြီးသော မိန်းကလေးများ၏ လူသိများသော ပြသနာတစ်ခုပင်ဖြစ်သည်ဟု တွေးလိုက်မိသည်။ သူမက လက်ဖွာကာ ကျောက်တုံးများအတွက် ဂျုံမုန့်ပေါင်းနှင့် လဲနေသည်ဟုလည်းတွေးလိုက်သည်။
ရူးများနေသလား။ ညွှန်မှူးဟန်က ဒီလိုမိန်းမမျိုးကို ဘယ်ကရှာလာတာလဲ။ တကယ်လို့ သူ့မိန်းမသာဖြစ်နေလို့ကတော့ ဖရုံသီးနဲ့ကောက်ရိုက်နေလောက်ပြီ။
သူက လင်းလန်ကိုမထိပါးချင်သဖြင့် ဘာမှထုတ်မပြောလိုက်ပေ။
ကလေးများက လင်းလန်တစ်ယောက် ဂျုံမုန့်ပေါင်းများနှင့် လဲလှယ်နေသည်ကို မြင်သောအခါ သူတို့လည်းလဲချင်စိတ်ရှိသည်ကို ဖော်ပြလာကြသည်။ သူတို့အားလုံးက မြစ်ထဲတွင်သွားရှာကြကာ ကောင်မလေးကလည်းအိမ်ပြန်သွားကာ သူအရုပ်အဖြစ်ကစားလေ့ရှိသော ကျောက်တုံးငယ်လေးများကို ရှာတွေ့လာ၏။
မကြာခင်မှာဘဲ ကောင်မလေးက ကျောက်တုံးအနည်းငယ်ဖြင့် ပြန်ရောက်လာ၏။ ကျောက်များက အပြာ၊အစိမ်း၊ ခရမ်းရောင်ရှိကာ အကုန်လုံးကလှနေကြသည်။ သူမက မိန်းကလေးတစ်ယောက်ဖြစ်သောကြောင့် သဘာဝအားဖြင့် ကြီးမားကာရုပ်ဆိုးသောအရာများကို အလိုမရှိပေ။ သူမသဘောကျသောအရာများကိုသာ သိမ်းထား၏။
လင်းလန်က သူမကိုယ်သူမစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်အောင်လုပ်လိုက်သည်။ ရှေးဟောင်းပစ္စည်းတွေကို စုတဲ့သူတွေကလည်း မြုပ်ကွက်တွေကိုချန်ထားတတ်ကြတယ်မလား။ အကြောင်းမှာ ရောင်းသူများက ထိုအရာများအား ဈေးနိမ့်နိမ့်ဖြင့် မည်သို့ဝယ်ရမည်ကို မသိကြလို့ပင်။သူမက ကလေးများကိုအနိုင်ကျင့်နေခြင်းမဟုတ်ပေ။ အခုချိန်တွင်က သူမကပိုက်ဆံရှာရန် ဝယ်နေခြင်းမဟုတ်ပေ။ သူမဘက်ကတောင် ပိုက်ဆံဆုံးနေသေး၏။ထို့ကြောင့် သူမတွင်အပြစ်မရှိပေ။
သူမတွေဝေနေသောအခါ ကောင်မလေးက လင်းလန်မလဲချင်ဘူးဟုထင်သွားကာ အလွန်စိုးရိမ်သွား၏။
“ မမ မမ တစ်ခုခုပြောဦးလေ”
လင်းလန်က သူမကို ဂျုံမုန့်ပေါင်းအနည်းငယ်ပေးကာ ကျောက်တုံးများကိုယူလိုက်သည်။
ကောင်မလေးက ပျော်သွားကာ ချက်ချင်းပင် ဂျုံမုန့်အား ပါးစပ်ထဲထည့်လိုက်သည်။
“ မမ သမီးနာမည်က ယွီကုချိုင်ပါ၊ ခနနေရင်ပြန်ရောက်လာမယ်နော်”
သူမက ဂျုံမုန့်များကိုပိုက်ကာ အိမ်သို့မြန်မြန်သွားပို့လိုက်သည်။
မြစ်ထဲဆင်းသွားသည့် ကလေးများထဲမှ တစ်ယောက်က ကျောက်တုံးတစ်တုံးကိုကောက်လိုက်ကာ ပျော်ရွှင်စွာပြောလာ၏။
“ ကြည့် ငါလည်းဂျုံမုန့်တစ်ခုရှာတွေ့ပြီ”
လင်းလန်က လှမ်းပြောလိုက်၏။
“ လာခဲ့လေ မမ မင်းကိုဂျုံမုန့်တစ်ခုပေးမယ်”
ကလေးအနည်းငယ်က သူမသည် လူကြီးများပြောပြသည့် ပုံပြင်ထဲကလို ဆင်းရဲသည့်သူများအား ကယ်တင်ရန်ရောက်လာသည့် နတ်သမီးလားဟု တွေးလိုက်ကြသည်။ မဟုတ်ပါက ဘယ်သူကများ ဒီလိုကျောက်တုံးအတွက် ဂျုံမုန့်နဲ့လဲပေးရလောက်အောင် ရူးမိုက်ပါ့မလဲ။
အရာရှိဝမ်က လင်းလန်သည် ဒီအတိုင်းအရူးတစ်ယောက်ဟုသာ ထင်လိုက်သည်။ သူနေမကောင်းဖြစ်သွားမှာတောင် ကြောက်နေရ၏။ ဘယ်သူကများ ဂျုံမုန့်ကို ကျောက်တုံးနဲ့လဲမှာလဲ။ ကလေးတွေကို ချော့ချင်ရင် ဘာလို့အဲ့ဒီကိုဘဲ မသွားလိုက်တာလဲ။
သူနှင့် ချန်ကုံအန်းက လင်းလန်ကိုကာကွယ်ရန်တာဝန်ရှိသည်။ သူကမကျေမနပ်ပြောလိုက်၏။
“အရာရှိလင်းက.....တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာဘဲ၊ လှည့်စားဖို့ လွယ်လိုက်တာ”
ချန်ကုံအန်းက လေးနက်စွာပြောပြလာ၏။
“ ငါတို့ရဲ့ အရာရှိလင်းက အရမ်းထက်မြက်တာ ဘယ်သူကများသူ့ကို အလွယ်တကူလှည့်စားနိုင်မှာလဲ၊ သူမကကြင်နာတတ်တာပါ”
အရူးတောင်မှ သူမက ကလေးများကိုသနားကာ ကူညီနေခြင်းဖြစ်သည်ကို ပြောနိုင်၏။ အရာရှိလင်းက အရာရာကို သူမစိတ်တိုင်းကျပေး၍မရနိုင်သည်ကို သိပေသည်။ အကယ်၍မင်းသာ လူများကိုအလကားပေးလိုက်ပါက သူတို့က မင်းပေးတာနည်းသည်ဟုသာ တွေးကြပြီး ကျေးဇူးသိတတ်ကြမည်မဟုတ်ပေ။ သူတို့၏ကိုယ်ပိုင်လုပ်အားနှင့်သာ တစ်ခုခုကိုလဲပေးလိုက်လျင် သူတို့က အခွင့်အရေးကြီးကြီးရလာသည်ဟုတွေးကာ ကျေးဇူးတင်ကြလိမ့်မည်ဖြစ်သည်။
အကယ်၍သူတို့က သာမာန်ကျောက်တုံးများနှင့် လဲပါက အဖြူရောင်ကျောက်များနှင့် အတူတူပင်ဖြစ်သည်။ သူတို့က အလဲအလှယ်အနေဖြင့် ဤကဲ့သို့ အပြာရောင်ကျောက်တုံးများကိုသာ အသုံးပြုနိုင်၏။ အကယ်၍သူတို့မလဲနိုင်ပါက လင်းလန် ဂျုံမုန့်မပေးသည်ကို အပြစ်တင်၍မရပေ။ သူတို့တွင်လဲစရာ ကျောက်တုံးမရှိလို့သာဖြစ်သည်။
ဒါကြောင့် အရာရှိလင်းက ဘာကြောင့်ရူးမိုက်ရမှာလဲ။ အသိအသာကို သူမကကြင်နာပြီးထက်မြက်တယ်။
ချန်ကုံအန်းက ရှန်ရွေ့ကွန်မြူနတီတွင် လင်းလန်လုပ်ခဲ့သည့် ဝါဒဖြန့်ချီရေးများကို အလေးအနက်ပြောပြနေဆဲဖြစ်သည်။
“ငါတို့ရဲ့ ညွှန်မှူးလင်း ကြင်နာပြီးထက်မြက်တယ်၊ အဖွဲ့သားတွေအတွက်လုပ်ပေးတယ်။ကလေးလူကြီးမရွေ့ သူမကိုသဘောကျကြတယ်”
အရာရှိဝမ်က ပြုံးကာ ဘာမှပြန်မပြောပေ။ ကံကောင်းစွာဖြင့် သူက လင်းလန်အား အရူးဟု တိုက်ရိုက်မပြောလိုက်မိပေ။ မဟုတ်ပါက အရိုက်ခံနေရလောက်ပြီဖြစ်သည်။
Xxxxxxx
Part 782
ကလေးအနည်းငယ်က အခြားသူများရှာတွေ့သွားမည်ကို စိုးရိမ်သောကြောင့် အိမ်သို့ပြန်သွားကာ သူတို့မိဘများကိုပြောပြလိုက်ကြသည်။ အကယ်၍သူတို့တွင် အပြာရောင်မီးခတ်ကျောက်များရှိနေပါက ဂျုံမုန့်နှင့်သွားလဲနိုင်ကာ အခြားသူများအားလက်ဦးသွားစေ၍မရဟုဆို၏။
ဤအချိန်တွင် ဟန်ချင်စုန့်ကလည်း ရွာထဲတွင် တစ်အိမ်ပြီးတစ်အိမ်ဝင်ကာ လူများကို စုံစမ်းနေခြင်းဖြစ်သည်။ ရွာထဲရှိလူများက ကျောက်တုံးများအတွက် ဂျုံမုန့်နှင့်လဲပေးသည့် အရူးတစ်ယောက်ရှိသည်ဟု တီးတိုးပြောနေကြသည်ကိုကြားလိုက်ရသောအခါ သူ့အမူအရာကလေးနက်သွား၏။ သူ့အမူအရာက ပိုပိုပြီးအေးစက်လာသည်ကို မြင်သောအခါ ရွာသားများက အလျင်အမြန်ပင်ထွက်ပြေးသွားကြသည်။
ဘာတွေဖြစ်နေတာလဲဟ။
ယွီကုချိုင်လိုပင် ကလေးများက လင်းလန်အား ကျောက်တုံးများနှင့် မုန့်ကိုလဲပေးသည့်အတွက် နတ်သမီးဟုထင်ကြကာ လူကြီးကမူ အရာရှိဝမ်လိုပင် လင်းလန်အား အရူးဟုမြင်ကြသည်။
လင်းလန်က တစ်ဒါဇင်ထက်မနည်းသည့် နီလာကျောက်ကြီးကြီး၊ သေးသေးများကိုရလိုက်ကာ ဂျုံမုန့်အိတ်ကြီးကလည်း ကုန်သွားပြီဖြစ်သည်။ လူတစ်ချို့က သူတို့မလဲရသေးသဖြင့် စိတ်ပျက်သွားကြသည်။
လင်းလန်က သူတို့၏ စိတ်ပျက်မှုကို သည်းမခံနိုင်ပေ။
“ မုန့်တွေကကုန်သွားပြီ။ လဲချင်သေးတယ်ဆိုရင် ကျောက်တုံးတစ်ခုအတွက် ငါးဆင့်ရမယ်”
လူတစ်ချို့က လာပြန်လဲကြကာ တစ်ချို့ကလည်း ပိုက်ဆံမပါဘဲ စားစရာတံဆိပ်ခေါင်းနှင့် လဲခိုင်းလာကြသည်။ မည်သို့ပင်ဖြစ်စေ ကျောက်အစစ်ယူလာပေးနေသရွေ့လင်းလန်က လဲပေးနေဦးမည်ဖြစ်သည်။
တစ်ချို့သူများကလည်း သာမာန်ကျောက်တုံးကိုမှင်ပြာဆိုးကာ လင်းလန်အားအရူးလာလုပ်ကြ၏။ သူမကို သူတို့အား မျက်စောင်းသာထိုးပြလိုက်သည်။
“ လူတွေကိုလှည့်စားတာက ရဲခေါ်ပြီးဖမ်းခိုင်းလို့ရတယ်နော်၊ ရွာထဲမှာ ရဲမရှိဘူးလား”
လင်းလန်က တည်ကြည်စွာပြောလိုက်၏။
လူတစ်ချို့က တီးတိုးဆိုလာကြ၏။
“ သူမက အရူးမဟုတ်ဘူးလား၊ ဘယ်လိုလုပ်သိတာလဲ”
“ သူက ကုသိုလ်လုပ်ချင်လို့များ မုန့်နဲ့ ကျောက်တုံးကိုလဲပေးတာလား။ ဘယ်လိုကျောက်တုံးမျိုးက ကျောက်တုံးမဟုတ်လို့လဲ”
အခြားသူများကလည်း လင်းလန်ဆီသို့လာကာ သူတို့၏အစုတ်အဟောင်းပစ္စည်းများကို စားစရာကူပွန်များနှင့် လာလဲကြ၏။ လင်းလန်က သူမကရှေးဟောင်းပစ္စည်းများကို အလိုမရှိဟုပြောလိုက်သည်။ သူမတွင်ရှိနေလျှင်တောင်မှ ပြတိုက်တွင်ပြရန်ပို့လိုက်ရမည်ဖြစ်သည်။ ထို့အပြင် ဤရွာက ဆင်းရဲသောကြောင့် ပစ္စည်းကောင်းများရှိနေလျှင်တောင်မှ လွန်ခဲ့သည့်နှစ်များတွင် ဆာလောင်မှုကြောင့် လဲစားလိုက်ကြပြီးဖြစ်ကာ ပစ္စည်းကောင်းဟူ၍ ရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့် သူမက ကျောက်တုံးများသာ လိုချင်၏။ ထိုမျှမကသေး၊ လင်းလန်က ဤအခွင့်အရေးကိုယူကာ ရွာသားများနှင့်လည်း စကားပြောဆိုခဲ့သည်။
ဟန်ချင်စုန့်နှင့် အခြားသူများက ရဲအရာရှိအဖြစ် စုံစမ်းနေကြသဖြင့် ရွာသားများက ကြောက်ရွံ့ကာ ရင်ဖွင့်ပြောလာရန်မလွယ်ကူပေ။
သို့သော် သူမ ကျောက်တုံးများအား လဲယူလာသည့်အချိန်တွင် ယွီကုချိုင်နှင့် ကလေးများက သူမအား မမ၊ မမနှင့်ခေါ်လာကြကာ သူမအားရှက်ရွံ့သွားစေ၏။
သူမအား အန်တီ၊ သို့မဟုတ် ဒေါ်ဒေါ်ဟုသာခေါ်သင့်သည်ဟု ထပ်ခါထပ်ခါပြောပြသော်လည်း လက်မခံကြဘဲ သူမအား မမဟုသာခေါ်နေကြသည်။
သူမက လူကြီးများအားရှောင်ရှားကာ ကလေးအနည်းငယ်ကိုခေါ်ကာ စကားပြောနေစဉ်တွင် ရေကစားလိုက်ကြသည်။ သူတို့အားပုံပြင်များပြောပြကာ တစ်ချိန်တည်းတွင် ပျော်အောင်လုပ်ပေးနေ၏။
ယွီကုချိုင်က သူမအား အလွန်သဘောကျ၏။ ယွီကုချိုင်က 10နှစ်ကျော်ပြီဖြစ်ကာ အာဟာရပြတ်လပ်သဖြင့် 7နှစ်8နှစ် ကလေးဟုသာထင်ရသည်။
“ကုချိုင် ရွာထဲက စားစရာတွေ အခိုးခံရတယ်ဆို ”
ယွီကုချိုင်က နှုတ်ခမ်းစူပြလာ၏။
“ အဲ့ဒါက ခိုးဖို့လွယ်နေလို့လေ”
လင်းလန်က ထိတ်လန့်သွား၏။
“ ဘယ်လိုခိုးတာလဲ”
ယွီကုချိုင်က လူကြီးတွေမရှိသည်ကို မြင်သောအခါ တိုးတိုးပြောပြလာ၏။
“ မမ သမီးပြောပြမယ်၊ ဘယ်သူ့ကိုမှလိုက်မပြောနဲ့နော်”
လင်းလန်က ခေါင်းညိတ်ပြလိုက်သည်။
“ မပြောဘူး”
ယွီကုချိုင်:“ ဘယ်လိုဖြစ်ဖြစ် အဲ့ဒါတွေကို သမီးတို့ကိုပေးမလာဘူးလေ၊ အကုန်ယူသွားကြတယ်။ သူတို့ခိုးသွားရင်တောင် သမီးတို့ဟာမဟုတ်ဘူးလေ၊ တကယ်လို့ သူတို့ခိုးလိုက်ပြီဆိုရင် ပိုင်ဆိုင်ဖို့ မထိုက်တန်တော့ဘူးလား”
လင်းလန်က သူမကိုကြည့်လိုက်သည်။ သူမမျက်လုံးများက အမဲ၊အဖြူနှစ်ရောင်သာရှိနေသော်ငြား အမုန်းတရားက ခွဲ၍မရပေ။ ရွာကေဒါများ၊ ကွန်မြူနတီမှ ကေဒါများ အကြောင်းပြောသောအခါ အစရှိသဖြင့်ပင်။
သူမက အမုန်းတရားနှင့် ဒေါသများပြည့်နေ၏။
“သူတို့က သမီးတို့ကို အလုပ်ကိစ္စတွေ လုပ်ခိုင်းလိမ့်မယ်။ ကြီးပြင်းဖို့ခက်ခဲပြီး သမီးတို့စိုက်ထားတဲ့ စိုက်ခင်းတွေကိုလည်း နောက်ဆုံးမှာ တစ်ခုလေးတောင် သမီးတို့အတွက် ချန်မထားပေးဘူး။ အကုန်လုံးယူသွားကြတယ်။ မမပဲပြောကြည့် အဲ့ဒါဆိုးလား၊ မဆိုးဘူးလား”
လင်းလန်က ခေါင်းညိတ်ပြလိုက်သည်။
“ ဒါဆို မင်းဘာတွေစားလဲ”
ယွီကုချိုင်က သူ့နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။
“ နေ့တိုင်းမှာ တပ်မဟာက အိမ်တိုင်းကို စားစရာနှစ်ကတ်တီဆီခွဲပေးတယ်။သမီးတို့က ဖွဲကြမ်းနဲ့ ဟင်းသီးဟင်းရွက်တွေကို ရောကျိုရပြီး ပန်းကန်လုံး တစ်လုံးစာသောက်ကြရတာ။ ဘယ်လိုဘဲဖြစ်ဖြစ်။သေလောက်တဲ့အထိ ဗိုက်မဆာနေရင် အဆင်ပြေပါတယ်၊ သမီးမိဘတွေဆို ဗိုက်ဆာလွန်းလို့ အားတောင်မရှိတော့ဘဲ မြေကြီးပေါ်တောင်မဆင်းနိုင်ဘူး”
ဤအရာက အစားအစာလျော့ပါးခြင်းဖြစ်သည်။
သူမက စန်းဝမ်နှင့် ရွယ်တူလောက်ဖြစ်မည်ကို မြင်သောအခါ ဝမ်ကုံအန်းသာမက သူမရင်ထဲမှာပါ ခါးသီးလာမိသည်။
လင်းလန်က လက်ကိုင်ပဝါကိုထုတ်ကာ ရေထဲနှစ်လိုက်ပြီး သူမ၏ညစ်ပတ်နေသော မျက်နှာသေးသေးလေးကို သုတ်ပေးလိုက်သည်။ မြစ်ဘေးနားမှာ နေရင်တောင်မှ သူ့မျက်နှာက ဘာလို့ညစ်ပတ်နေသေးတာလဲ။ ဖြစ်နိုင်မှာ သူတို့မှာ သန့်ရှင်းရေးလုံးဝမလုပ်ခဲ့လို့များလား။ သူတို့မှာစားစရာအလုံအလောက်မရှိလို့ မျက်နှာသစ်ဖို့တောင် စိတ်ထဲမထည့်နိုင်တာများလား။
သူမ၏ကလေးများက ပေါ်လစီကိုနားမလည်ကြသော်ငြား ယွီကုချိုင်ကမူ ဒီနေ့တွင် သူမအား တိုက်ရိုက်အကျဆုံးအရာတစ်ခုကို ပြောပြလာ၏။ သူတို့ရွာမှလူများက စားသောက်ရန်မတတ်နိုင်ကြကာ လွန်ခဲ့သည့်ဆယ်နှစ်က စနစ်ဟောင်းကြီးအား ပြီးစီးအောင်လုပ်ဆောင်နေကြဆဲဖြစ်သည်။ တကယ်တမ်းတွင် သူတို့ရွာ၌ အစားအသောက်မျာ မခွဲပေးကြဘဲ အစားအစာအားလုံးကို လက်ဝါးကြီးအုပ်ထားကြသည်။ ထို့နောက် အစားလျော့စားမှုကို ယူဆောင်လာကြ၏။
သူမ ဒီရွာထဲတွင် ဘာဖြစ်နေသည်ကို ရှာမှဖြစ်မည်။ ဤသို့မှသာ ရွာသားများက အစားအစာခွဲတမ်းရရှိကာ အစားလျော့စားစရာလိုတော့မည်မဟုတ်ပေ။
လင်းလန်:“ မမက ရှန်ရွေ့ကွန်မြူနတီက ဝါဒဖြန့်ချီရေးဌာနရဲ့ တာဝန်ရှိသူဘဲ၊ မမက ယဉ်ကျေးမှုဆိုင်ရာဗဟုသုတတွေနဲ့ ပေါ်လစီတွေကို ဝါဒဖြန့်ချီရေးမှာ အထူးပြုထားတာလေ။ ဒါကိုအမနားလည်သွားရင် အထက်ကိုတင်ပြပြီး မင်းအတွက်သက်သေခံပေးမယ်”
ယွီကုချိုင်က သူမလက်အားပျော်ရွှင်စွာဆွဲလိုက်မိသော်လည်း သူ့လက်များညစ်ပတ်နေသည်ကို သတိရသွားသောအခါ ချက်ချင်းပင်ပြန်လွှတ်လိုက်ပြီး နှုတ်ခမ်းစေ့လိုက်မိသည်။
လင်းလန်က ပြုံးပြလိုက်သည်။
“ဘာမှမဖြစ်ပါဘူး ၊ အမမင်းကို သတင်းပို့ဖို့ကူညီပေးမယ် ဒါပေမယ့် အမှန်အတိုင်းပြောပြမှရမယ်နော်။ မဟုတ်လို့ အမက သတင်းအမှားကြီးပို့မိသွားရင် မမကိုရာထူးကဖယ်ပြီး ဖမ်းသွားကြမှာ”
Xxxxxx