Part 783
ယွီကုချိုင်က စိုးရိမ်တကြီး ခေါင်းခါပြလိုက်သည်။
“ သမီးမလိမ်ပါဘူး၊ သမီးပြောသမျှက အမှန်တွေချည်းဘဲ။ မမမြင်တဲ့အတိုင်းဘဲ သမီးတို့က ဗိုက်ဆာလွန်းလို့ ပေါက်ပြားတစ်ခုတောင်မသယ်နိုင်ဘူးလေ”
လင်းလန်က တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဘယ်လူကြီးမှရှိမနေပေ။
“ ဒါပေမယ့် အမက အလုပ်မလုပ်ဘဲ သစ်ပင်အောက်မှာထိုင်ပြီး စကားပြောနေကြတဲ့ ယောက်ျားတွေကို တွေ့လိုက်တယ်လေ”
ယွီကုချိုင်က တိုးတိုးပြောပြလာ၏။
“ သူတို့က သမီးတို့ကိုစောင့်ကြည့်ဖို့ တပ်မဟာကေဒါတွေက စီစဉ်ထားတာ။ သမီးတို့က စိတ်တိုင်းကျသလို အပြင်ထွက်ခွင့်မရှိဘူး ၊ သမီးတို့ စားစရာတွေလိုက်တောင်းစားမှာဆိုးလို့ အပြင်ပေးမထွက်ဘူး”
လင်းလန်“!!!!”
ဒီအချိန်တွင် စုတ်ပြတ်နေသောအဝတ်ဝတ်ထားသည့် လူတစ်ယောက်က မြစ်ကမ်းပါးအတိုင်း သူတို့ဆီရောက်လာ၏။
“ မင်းတို့ ဘာလုပ်နေကြတာလဲ”
ယွီကုချိုင်က ချက်ချင်းပြောပြလာ၏။
“ ဒီမမက ကျောက်တုံးတွေကို ဂျုံမုန်နဲ့ လဲပေးနေတာပါ”
ထိုလူက လင်းလန်အား ခက်ထန်စွာကြည့်လာ၏။
လင်းလန်က ထရပ်လိုက်ကာ ဘယ်အချိန်မဆို ထွက်ပြေးရန် အဆင့်သင့်ပြင်နေပြီဖြစ်သည်။
“ ရှင်အခုမှလဲချင်ရင်တော့ ကုန်သွားပြီ၊ ငါးဆင့်နဲ့ဘဲလဲလို့ရမယ်”
ထိုယောက်ျားက ရုတ်တရက်ကြီးဒေါသထွက်သွား၏။
“ ငါတို့ကစားဖို့မတတ်နိုင်တဲ့အချိန်မှာ မင်းကတော့ ကျောက်တုံးတွေအတွက် ဂျုံမုန့်နဲ့တောင်လဲပေးနေတယ်။ မင်းတို့အားလုံးက ငါတို့အစားအစာတွေကို စားနေကြတာ”
လင်းလန်က ချက်ချင်းပင် မြစ်ကမ်းဘေးသို့ပြေးသွားကာ ချန်ကုံအန်းအား ပြောလိုက်သည်။
“ ဒီမှာအရူးတစ်ယောက်ရောက်နေတယ်၊ သူ့ကိုဖမ်းလိုက်ပါ”
ယွီကုချိုင်ကလည်း ထိုလူအားအော်ပြောလာ၏။
“ သမီးမမက လူကောင်းပါ သမီးတို့စားဖို့ စားစရာပေးတယ်”
ချန်ကုံအန်းက ချက်ချင်းပြေးလာ၏။
“ ဘယ်သူလဲ”
ယွီကုချိုင်က အလျင်အမြန်ပြောပြလိုက်သည်။
“ မမ ဘာမှမဖြစ်ပါဘူး သမီးအဖေပါ လူဆိုးမဟုတ်ဘူး”
လင်းလန်ကို ချန်ကုံအန်းက ကာကွယ်ထား၏။ သူမက ထိုလူကိုကြောက်မနေဘဲ ပြောလိုက်သည်။
“ ရှင်တို့အစားအစာတွေကို စားတယ်ဆိုတာ ဘာပြောချင်တာလဲ။ ကျွန်မက ရှန်ရွေ့ကွန်မြူနတီကလူ ကိုယ်ပိုင်အစားအစာစိုက်စားတယ် ရှင်တို့ရဲ့ ကောင်းလျန့်ဆန်တွေကို မစားနိုင်ပါဘူး”
ကောင်းလျန့်ဆန်က ဆန်ကြမ်းတစ်ခုဖြစ်ကာ ထိုအရာက ဤလူအား ပို၍လှုံ့ဆော်သွားလိုက်မည်ကို စိုးရိမ်မိ၏။
ထိုလူကတည်ငြိမ်သွားပြီဖြစ်ကာ မျက်လုံးထဲတွင်မူ အမုန်းတရားများရှိနေသေး၏။
“ကေဒါတွေက ကောင်းတာတစ်ခုမှ ရှိမနေဘူး”
လင်းလန်က ပြန်ခံပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ရှင်ကကေဒါမဟုတ်လို့လေ”
သေချာပေါက်ပင် ထိုလူက ထပ်ပြီးဒေါသထွက်လာ၏။
လင်းလန်က ချန်းကုံအန်းအား သူ့ကိုဖမ်းရန် မျက်စိမှိတ်ကာ အချက်ပြလိုက်သည်။
ချန်ကုံအန်းကအော်ပြောလိုက်သည်။
“ငါတော့ မင်းက အစားအစာသူခိုးဖြစ်မယ်ထင်တယ်၊ ငါတို့နဲ့အတူ တပ်မဟာဆီလိုက်ခဲ့ပါ”
ထိုလူက ထွက်ပြေးတော့မည့်အချိန်တွင် ချန်ကုံအန်းက ဖမ်းကာ လက်မောင်းကိုလိမ်ထားလိုက်သည်။
ထိုယောက်ျားတွင် အားသိပ်မရှိသောကြောင့် နှစ်ခါလောက်ဖြင့်တင် ဖမ်းနိုင်သွားကာ လက်ထိပ်များကို နောက်ပြန်ခတ်လိုက်သည်။
ယွီကုချိုင်က အလျင်စလိုပြောပြလာ၏။
“မမ သမီးအဖေကိုမဖမ်းပါနဲ့ စားစရာတွေကို သူမခိုးခဲ့ပါဘူး”
လင်းလန်က ပြုံးကာနှစ်သိမ့်လာ၏။
“စိတ်မပူပါနဲ့ မမက သူတခြားသူတွေ ထိခိုက်စေမှာဆိုးလို့ပါ သူ့ကိုမေးခွန်းမေးဖို့အတွက်ဘဲ ခေါ်သွားမှာ”
လင်းလန်က သူမလက်ကိုဆန့်ပေးလိုက်သည်။
“ သွားကြမယ်၊ ကြည့်ရတာအရမ်းစိတ်သက်သာရာရနေသလိုဘဲ”
ယွီကုချိုင်က ခနလောက်တွေဝေသွားကာ လင်းလန်လက်ကိုမကိုင်ရဲပေ။
လင်းလန်၏လက်များက သူမ၏ညစ်ပေကာမဲနက်နေသောလက်များနှင့်ယှဉ်လျှင် ဖြူဖွေးကာသွယ်လျနေ၏။
လင်းလန်က ဟန်ချင်စုန့်ကိုရှာရန် လူများကိုခေါ်လိုက်သည်။ သူတို့ကသိုလှောင်အိမ်နှင့် ရွာထဲကိုလိုက်စစ်ဆေးကြည့်သော်လည်း သိသာသောအရာများကိုမတွေ့ရပေ။
ရွာသားများ၏ စုတ်ပြတ်နေသောအိမ်များက ပုပ်သိုးနေပြီဖြစ်ကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘာမှဝှက်မထားနိုင်ပေ။ ခြံဝင်းကထန်းပင်လောက် ကျယ်ဝန်းနေလျှင်တောင်မှ ဂရုတစိုက်စီစဉ်ထားသည် မြေကြီးရှိမရှိကိုတောင် မြင်နိုင်ပေသည်။
သူမပြန်လာသည်ကို ဟန်ချင်စုန့်မြင်သောအခါ အခြားသူများကို ဆက်လုပ်ခိုင်းလိုက်သည်။ သူကလင်းလန်ဘေးကိုလျှောက်လာကာ ယွီကုချိုင်နှင့် ထိုယောက်ျားကိုကြည့်လိုက်၏။
လင်းလန်က သူ့ကိုတစ်ဖက်သို့ဆွဲသွားကာ သူမရှာတွေ့လာသော သတင်းအားလုံးကိုပြောပြလိုက်သည်။
ဟန်ချင်စုန့်က ယွီကုချိုင်ကို တစ်ချက်ကြည့်လာသောအခါ သူမကအလွန်ကြောက်လန့်သွားပြီး ချက်ချင်းပင် လင်းလန်နောက်၌ပြေးပုန်းလိုက်၏။
လင်းလန်:“ စန်းကော ကလေးကိုမခြောက်နဲ့လေ”
ဟန်ချင်စုန့်:“.....”
လင်းလန်က အသံနိမ့်နိမ့်ဖြင့် ပြောပြလာ၏။
“ စန်းကော ဘယ်သူဘဲ စားစရာကိုခိုးခိုးပါ၊ ဒီလူတွေကိုကြည့်လိုက်ဦးလေ ပုံမှန်တော့မဟုတ်ဘူး”
သူမရွာထဲဝင်လာလာချင်းတွင် ဤရွာအားလူပျင်းများရွာဟု ထင်ခဲ့၏။ အမျိုးသားများကအလုပ်မလုပ်ဘဲ အစိုးရမှအထောက်အပံ့များကို ထိုင်စောင့်နေသည်ဟူ၍ထင်ခဲ့၏။ ကျောက်တုံးများအတွက် ဂျုံမုန့်နှင့် လဲပေးသောအချိန်မှ ဤရွာတွင် ကလေးအလွန်နည်းကာ ကုချိုင်ကဲ့သို့ကလေးများက အနည်းငယ်သာရှိသည်ကို သိလာရ၏။ ထပ်ပေါင်းပြောရလျှင် သူမက အသက်1နှစ်၊2နှစ်အောက်ငယ်သော ကလေးများကို မတွေ့ရပေ။ ကလေးများ၏ငိုသံကိုလည်း မကြားရပေ။
သူမခါးသီးစွာမေးကြည့်လိုက်သောအခါ ရွာထဲတွင် ရွာထဲမှာကလေးများမရှိသလို သူတို့က ကလေးများထပ်မမွေးဘူးဟုဆို၏။
ထို့အပြင်ဤရွာသားများက ပိန်လှီပြီးခြောက်ကပ်နေကာ အာဟာရမပြည့်ဝသလိုပင်ဖြစ်နေ၏။ အလုပ်လုပ်မည်ကို အသာထား၊ လမ်းလျှောက်လျှင်တောင်မှ အသက်ပြင်းပြင်းရှူနေရ၏။
ထို့ကြောင့် သူမနားလည်ထားသည်များကို ပြန်လေ့လာလိုက်သည်။ တချို့လူများက ပျင်းရိကာ စုပေါင်းလုပ်အားအပေါ်ရေသာခိုသည်မှာ ဖြစ်နိုင်ပေသည်။ သို့သော် တစ်ရွာလုံးက ဤသို့ပျင်းရိနေရန်မှာမူ မဖြစ်နိုင်ပေ။
သူမက တပ်မဟာ၏အတွင်းရေးမှူးနှင့် ခေါင်းဆောင်က ရွာသားများအပေါ်ဖိနှိပ်နေသည်ဟု သံသယဝင်မိသည်။
ထို့ကြောင့် အကယ်၍ရွာသားများ စားစရာခိုးလာလျှင်တောင်မှ ယာယီခွင့်လွှတ်ပေးထားကာ တိုက်ရိုက်မဖမ်းထားရန် မျှော်လင့်မိပေသည်။ ဖမ်းလိုက်သည်နှင့် ရာဇဝတ်မှုကြီးဖြစ်ကာ သေဒဏ်ကလည်း သက်တမ်းရှည်အလုပ်ပုံစံတစ်မျိုးဖြစ်နေ၏။ ထိုအရာက ဤကွန်မြူနတီအဖွဲ့ဝင်များအတွက် မျှတမှုမရှိပေ။
ဟန်ချင်စုန့်တွင်လည်း ဆုံးဖြတ်ချက်တစ်ခုရှိပေသည်။ သူကထိုအရာကို တဝမ်ရွာတွင်ခံစားခဲ့မိရုံသာမက ယွီကျားရွာတွင်လည်း ခံစားမိပေသည်။ဤကွန်မြူနတီအား အုတ်ချပ်များဖြင့် ပြုပြင်ထားကာ ရှန်ရွေ့ကွန်မြူနတီထက်တောင် ပို၍တောက်ပနေ၏။သို့သော် အဖွဲ့ဝင်ရွာသားများကမူ သက်ကယ်အိမ်များတွင်သာ နေထိုင်ရပြီး သူတို့လာစစ်ဆေးသောအခါ ထိုလူများက ထိတ်လန့်ကာ သတိရှိနေကြ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘာဖြစ်နေသည်မှာ ထင်ရှားပေသည်။
“ ပြသနာတစ်ခုရှိတယ်”
သဘာဝကျစွာပင် ဟန်ချင်စုန့်က ပို၍နက်နက်ရှိုင်းရှိုင်း တွေးထား၏။
“ဘာလဲ”
“ တကယ်လို့ ယွီခန်းယီသာ လှည့်ကွက်တွေသုံးနေတယ်ဆိုရင် သူက ကိုယ်တို့ရွာထဲဝင်လာတာကို သေချာပေါက် သဘောမကျဖြစ်မှာဘဲ”
Xxxxxxxx
Part 784
အကယ်၍ ယွီခန်းယီသာ ရွာသားများအပြင်မထွက်နိုင်စေရန် လူစောင့်ချထားသည်ဆိုပါက အလုပ်လုပ်သောအုပ်စုကစုံစမ်းစစ်ဆေးရန် သူတို့ရွာထဲဝင်လာသည်ကို ကြောက်နေမှာဖြစ်သည်။ ယွီခန်းယီကိုကြည့်ရသလောက်ဆိုလျှင် သူတို့က ဂျပန်ဆန့်ကျင့်ကြသော်လည်း ဟန်ချင်စုန့်တို့အား ကြိုဆိုကာ စုံစမ်းရန်ရွာထဲဝင်လာသည်ကိုလည်း မတားဆီးပေ။
လင်းလန်:“ သူက ကွန်မြူနတီရဲ့အစားအစာတွေကနေ ကတ်တီနှစ်သောင်းကျော်တောင်ဆုံးရှူံးထားတာ၊ အဲ့ဒါကို ကျွန်မတို့ရဲတွေကို မလာခိုင်းလို့ရပါ့မလား။ သူကအနည်းဆုံးနစ်နာကြေးကို တတ်နိုင်လို့လား။ အရင်ဆုံးသူ့ရဲ့ မနှစ်သက်စရာမှုခင်းတွေကို စီရင်ချက်ချခိုင်းလိုက်ရမှာ”
လင်းလန်က ကွန်မြူနတီအဖွဲ့ဝင်များသည် စုပေါင်းလုပ်ဆောင်ကာ ဆန်စပါးများကို ခိုးပြီး ဝှက်ထားကြသည်ဟု ထင်၏။ ထို့ကြောင့် ရွာသားများအတွက် ထိုးဖောက်မှုတစ်ခုရှာပေးရန်လိုအပ်ကာ နောက်မှသူတို့အား ဆန်စပါးများကိုပြန်အပ်ခိုင်းလိုက်မှာဖြစ်သည်။
ဒီကိစ္စကိုဖြေရှင်းပြီးပါက ရွာသားများ၌ စားစရာမရှိသည့် ကိစ္စကိုဖြေရှင်းရမည်ဖြစ်သည်။
ဟန်ချင်စုန့်က သူနားလည်ကြောင်းပြလိုက်သည်။ သူက သူမကိုကြည့်လာကာ သူမလွယ်အိတ်ကိုတစ်ချက်ကြည့်လိုက်သည်။
“ ကျောက်တုံးတွေကို ရှာတွေ့ခဲ့လား”
လင်းလန်က ဂုဏ်ယူစွာဖြေလာ၏။
“ ဒါပေါ့၊ ဂျုံမုန့်နဲ့ လဲခဲ့တာ”
အခုချိန်တွင်တောင် သူမပျော်နိုင်သေးသည်ကို မြင်သောအခါ ဟန်ချင်စုန့်၏မျက်လုံးထဲတွင် အပြုံးရိပ်များပေါ်လာ၏။
“ခဏလောက်နားကြရအောင်”
သူက ချန်းကုံအန်းအား ထိုယောက်ျားနှင့်ယွီကုချိုင်ကို ခေါ်သွားရန်ပြောလိုက်သည်။
လင်းလန်က ဒူးကွေးလိုက်ကာ ယွီကုချိုင်အားပြောလိုက်သည်။
“မကြောက်နဲ့နော် ဒါကကောင်တီပြည်သူ့လုံခြုံရေးဗျူရိုက လက်ထောက်ညွှန်မှူးဘဲ၊ သူက လူဆိုးတွေကို ဖမ်းတဲ့နေရာမှာ အလုပ်လုပ်တာ၊ သမီးက သူ့ကိုတစ်ခုခုပြောပြပေးရင် သူ့ကကူညီလိမ့်မယ်”
ယွီကုချိုင်က ခေါင်းညိတ်ကာ ဟန်ချင်စုန့်နောက်ကို လိုက်သွားလိုက်သည်။
သူကတိုက်ရိုက်ပင် လူတိုင်းကိုမောင်းထုတ်ကာ အိမ်ထဲတွင် သူ့ဘာသာထိုင်လိုက်ပြီး လူများအား ယွီခန်းယီကိုခေါ်ခိုင်းလိုက်သည်။
ယွီခန်းယီက ဟန်ချင်စုန့်တစ်ယောက် သူ့ကိုမေးခွန်းများမေးမည်ဟုထင်သောကြောင့် အိမ်ထဲဝင်လာသောအခါ ဟန်ချင်စုန့်ဘေး၌ထိုင်လိုက်သည်။
ဟန်ချင်စုန့်က သူ့ကိုတစ်ချက်ကြည့်လာကာ ဆန့်ကျင့်ဘက်ရှိ ခွေးခြေခုံကို ညွှန်ပြလိုက်သည်။
ယွီခန်းယီက ရုတ်တရက်ကြောင်အသွား၏။
“ ခေါင်းဆောင်ဟန်”
ဟန်ချင်စုန့်မျက်နှာက အေးစက်နေ၏။
“ ထိုင်ပါ”
ယွီခန်းယီက စိတ်လှုပ်ရှားစွာထိုင်လိုက်ပြီး ပြုံးကာမေးလာ၏။
“ခေါင်းဆောင်ဟန် ဘာလို့ကျွန်တော့်ကိုစစ်မေးနေသေးတာလဲ”
ဟန်ချင်စုန့်က အေးစက်စွာပြောလိုက်သည်။
“ယွီခန်းယီငါ့ကို အမှန်တိုင်းပြောပါ မင်းတို့သူခိုးတွေက သူခိုးဖမ်းဖို့ပြောလာတယ်ဆိုတော့ ဘာလုပ်မလို့လဲ”
ယွီခန်းယီက ခနလောက်ကြောင်သွားကာလက်ရမ်းပြလာ၏။
“ ခေါင်းဆောင်ဟန် မနောက်ပါနဲ့ဗျာ”
ဟန်ချင်စုန့်၏မျက်လုံးများက လေးနက်နေ၏။
“ ကျွန်တော်မနောက်ပါဘူး”
ဟန်ချင်စုန့်က အလေးအနက်ပြောနေသည်ကို မြင်သောအခါ ယွီခန်းယီကအလျင်စလိုထရပ်လိုက်ကာ စားပွဲကိုရိုက်လိုက်သည်။
“ညွှန်မှူးဟန် ခင်ဗျားက အရမ်းထင်တိုင်းကြဲနေတာပဲ”
“ ခင်ဗျားပဲ ကျွန်တော့်ကိုလာစေချင်တာမဟုတ်ဘူးလား၊ ပြောစရာရှိတာပြောထား အချိန်နောက်ကျသွားမှ စောင့်မနေနဲ့”
ဟန်ချင်စုန့်က ယွီခန်းယီ၏ဆန့်ကျင့်ဘက်တွင်ထိုင်နေကာ သူ့နောက်ကျောကဖြောင့်တန်းနေပြီး အမူအရာက အေးစက်နေ၏။
ယွီခန်းယီက ငြင်းရမလား၊ ဝန်ခံရမည်လားမသိဖြစ်ကာ ခဏလောက်တွေဝေသွားလေသည်။ အဆုံးတွင် သူက နှုတ်ခမ်းပေါ်၌ မချိပြုံးတစ်ခုတင်ကာ ပြောလာ၏။
“ မင်းဘယ်လိုသိသွားတာလဲ”
ဟန်ချင်စုန့်:“ ပထမဆုံးအချက်၊ ခင်ဗျားက အရှုပ်အထွေးတွေကို ကိုင်တွယ်နေရတဲ့ ကေဒါတစ်ယောက်နဲ့ မတူဘူး၊ ဒုတိယအချက် ခင်ဗျားက အဖွဲ့ဝင်တွေကို ထိန်းချုပ်တဲ့ ကေဒါတစ်ယောက်နဲ့မတူဘူး၊ တတိယအချက် ခင်ဗျားက တကယ်ကိုမြှောက်ပင့်တတ်တဲ့ ကေဒါပုံစံနဲ့ မတူဘူး”
သူက ထရပ်လိုက်ကာ ဖြေးဖြေးချင်းပြောပြလာ၏။
“ ခင်ဗျားမှာ လုံလောက်တဲ့ အစားအစာလျှော့ချမှုရှိနေပေမယ့် ခွဲတမ်းတွေကိုလည်း လိုချင်နေတယ်”
ယွီခန်းယီက ဖူးခနဲလေမှုတ်ထုတ်ကာ ထိုင်ခုံပေါ်ထိုင်ချလိုက်သည်။
“ ခေါင်းဆောင်ဟန်က တကယ်ကို အင်အားကြီးတာပဲ”
သူက သစ်ခေါက်ခြောက်လိုဖြစ်နေသော သူ့လက်ကိုမြှောက်လိုက်ကာ ထုံထိုင်းနေသော သူ့မျက်နှာကို ပွတ်လိုက်သည်။
“ ဒါက ကျွန်တော်တို့အတွက် အရမ်းမလွန်နေဘူးလား၊ ဘဝသက်တမ်းတစ်လျှောက်လုံး အဝါရောင်မြေကြီးပေါ်မှာ အစားအစာတွေစိုက်ပျိုးနေခဲ့ရတယ်၊ မနက်စောစောကနေ ညမိုးချုပ်အထိ၊ နှစ်အစကနေ အဆုံးအထိ အလုပ်များနေခဲ့ကြတယ် ။ တကယ်လို့ ငါတို့တွေက မြေရှင်တွေအပေါ် ငှားရမ်းခစပါးပေးရင်တောင်မှ အဆုံးမှာတော့ တွေ့ရတဲ့ အပိုအလျှံဆိုတာ ရှိနေတုန်းဘဲ”
ဟန်ချင်စုန့်က ဘာမှပြောမလာဘဲ သူ့ကိုသာတိတ်တဆိတ်ကြည့်နေလိုက်သည်။
ယွီခန်းယီကဆက်ပြော၏။
“ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ငါတို့ရွာက ဆန်စပါးအားလုံးကို ချုပ်ကိုင်ထားခဲ့ပြီးတော့ ဆန်စပါးလျှော့ချပြီးစားသောက်ဖို့အတွက် စီမံချက်ချခဲ့ကြတယ်။ ပြောကြတာကတော့ တကယ်လို့ အပိုအလျှံစပါးတွေ များများရောင်းရလေ ပြန်ပြီးရောင်းချရတဲ့ စပါးကပိုများလေလေပဲတဲ့။ ဒါပေမယ့် စပါးဘယ်လောက်များများ ပြန်ရောင်းရမယ်ဆိုတာကို ကွန်မြူနတီကဘဲ နောက်ဆုံးပြောခွင့်ရှိတာ။ အများပြည်သူဆိုင်ရာ ဆန်စပါးတွေကို ငါတို့ဝယ်ရတဲ့ဈေးက အပိုအလျှံစပါးတွေကိုရောင်းတာထက် ပိုဈေးကြီးနေရော။ငါတို့ ....ဘာလို့ငါတို့က ငါတို့ကိုယ်တိုင် ခက်ခက်ခဲခဲစိုက်ထားတဲ့စပါးတွေကို ဈေးကြီးကြီးနဲ့ ပြန်ပေးဝယ်ရမှာလဲ။ နှစ်တိုင်းနှစ်တိုင်းမှာ ငါတို့ကိုယ်ပိုင်စပါးတွေကို ပြန်ဝယ်ဖို့ ပိုက်ဆံအများကြီးသုံးနေရတယ်။ ငါတို့က ဘယ်နေရာမှာ ဝယ်ဖို့ပိုက်ဆံရှိမှာလဲ”
ယွီခန်းယီက သူ၏အရိုးပေါ်အရေတင် လက်နှစ်ချောင်းဖြင့် သူ့ခေါင်းကို ပြင်းထန်စွာရိုက်လိုက်ကာ ခေါင်းကိုလက်မောင်းထဲဝှက်ပြီး ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူငိုကြွေးလိုက်မိသည်။
“ ပြီးခဲ့တဲ့ဆယ်နှစ်လုံးလုံးမှာ ငါတို့ရွာရဲ့ လူဦးရေးက ကျဆင်းလာခဲ့တယ်၊ ယောက်ျားတွေကလည်း မိန်းမတွေကို လက်မထပ်နိုင်ဘူး။ ဘယ်သူမှဆန္ဒမရှိကြဘူး၊ ဒီမှာလက်ထပ်ဖို့ကိုပေါ့။ ပြီးခဲ့တဲ့နှစ်တွေမှာ ရွာထဲမှာကလေးတွေ အတော်လေးနည်းလာခဲ့တယ်၊ အခုတလောဆို ဘာကလေးအသစ်မှရှိမလာတော့ဘူး။ လူတိုင်းက ဘေးထွက်စီးပွားရေးတွေနဲ့ စပါးအပိုအလျှံရှိလာရင်တောင်မှ ငါတို့တပ်မဟာက ဝေစုမရဘူး။သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ အားလုံးက ဆာလောင်ပြီး ပိန်လှီနေကြတယ်။ 7ပေရှည်တဲ့ လူတစ်ယောက်တောင် ဗိုက်ဆာလွန်းလို့ ခါးကောင်းကောင်းမမတ်နိုင်တော့ဘူး။ လူကောင်းတစ်ယောက်က ဗိုက်ဆာလွန်းလို့ အရိုးတွေတောင် ကျွတ်ကျွတ်မြည်လာတယ်၊ ဘယ်နေရာမှာများ အလုပ်လုပ်နိုင်တော့မှာလဲ။ တကယ်လို့ သူက အလုပ်မလုပ်နိုင်ရင် လူပျင်းရွာရဲ့ မကောင်းသတင်းဘဲ။ ကွန်မြူနတီက ငါတို့ကိုပြန်ပေးလာတာဘာမှမရှိဘူး၊ ငါတို့ကောင်းကောင်းမလုပ်နိုင်ရင် တွန်းထုတ်ခံရမယ်၊ အဆုံးမှာတော့ အစားအစာခွဲဝေတဲ့အချိန်ကျရင် ငါတို့ကိုမပေးကြတော့ဘူး။ ငါ...ငါငါ”
(😢)
Xxxxxxx