Part 785
သူက မျက်ရည်များကျဆင်းလာ၏။
“ ငါတို့က အသက်မရှင်နိုင်တော့ဘူး...ကတိပေးထားတဲ့ လယ်သမားတွေကလည်း ပစ္စည်းမဲ့လူတန်းစားရဲ့ အားအထားရဆုံး မိတ်ဖက်တွေဘဲ။ သဘောတူထားတဲ့ ကျေးလက်ဒေသတွေက မြို့တွေကို ဝန်းရံသွားကြတယ်၊ ဒါကြောင့် ငါတို့ဘာကိုမှ မျှော်လင့်နေလို့မရဘူး”
ယွီခန်းယီက မျက်ရည်များဖြင့် သူ့ရှေ့တွင် ဖြောင့်မတ်စွာရပ်နေသည့် ထိုယောက်ျားအား ကြည့်လိုက်မိသည်။ အေးစက်ပြီးထက်ရှနေသည်မှာ ဓားအိမ်ထဲရှိ ဓားတစ်ချောင်းလိုပင်။ တချို့လူတွေပြောတာကတော့ သူ့မိသားစုအပေါ်မှာတောင် မျှတမှုရှိတယ်တဲ့၊ တကယ်ပဲလား။
သူ့စကားများကြောင့် ထိုလူက မလှုပ်ရှားသွားပေ။ အေးစက်ကာ အထိန်းအကွပ်မဲ့နေဆဲဖြစ်သည်။ သူ့မျက်နှာပေါ်တွင် ရင်ထဲထိသွားသည့် မျက်ရည်များရှိမနေသလို သနားသည့် အမူအရာလည်းရှိမနေပေ။ သူကနှလုံးသားမာတဲ့သူလား။
ဟန်ချင်စုန့်:“..ဆန်တွေကို ဘယ်မှာဝှက်ထားတာလဲ”
ယွီခန်းယီ:“ စွန့်ပစ်ထားတဲ့ ဗုံးခိုကျင်းဟောင်းထဲမှာ၊ ကွန်မြူနတီရဲ့ ဆန်စပါးထိန်းချုပ်ရေးက ဓားပြတိုက်ခံရတယ်ဆိုတာ ကြားလိုက်တော့ ငါတို့တွေးလိုက်တာက...အခိုးခံရသလိုဟန်ဆောင်ပြီး ...ဒီအသုတ်ဆန်တွေကို ယူလိုက်မယ်ပေါ့။ အစားအစာတွေကို ဝေစုတွေနဲ့ သိမ်းထားပြီး လူတိုင်းကိုဝေပေးလိုက်တယ်။ ဒါပေမယ့် ငါတို့သာ အများပြည်သူဆိုင်ရာအစားအစာအတွက် ပိုက်ဆံမပေးဘူးဆိုရင် ကွန်မြူနတီက အလွှတ်ပေးမှာမဟုတ်ဘူး၊ အဲ့ဒါကြောင့်.....ဒီလိုနည်းလမ်းကို စဉ်းစားလိုက်မိတာ”
ဟန်ချင်စုန့်:“ ဆန်စပါးထိန်းချုပ်ရေးကို လျို့ဝှက်ထားတာ သေသင့်တယ်၊ အများပြည်သူဆိုင်ရာ အစားအစာကို ခိုးယူထားတာသေသင့်တယ်။ ခင်ဗျားသိတယ်မလား”
ယွီခန်းယီက ခေါင်းညိတ်ပြလိုက်သည်။
“ ကျွန်တော် နားလည်ပါတယ်”
သူ၏နောက်ဘက်အံသွားများကို ပြင်းထန်စွာကြိတ်ထားလိုက်မိကာ နှစ်ဖက်လုံးရှိ ပါးစောင်ကြွက်သားများက ပြင်းထန်စွာငေါထွက်နေ၏။
“ ကျွန်တော်တို့ကို ဝေစုပေးနေသရွေ့ ကျွန်တော်ယွီခန်းယီက အဲ့ဒါကိုအမှတ်ရနေဖို့ အသက်ပေးဖို့ ဆန္ဒရှိပါတယ်”
ဟန်ချင်စုန့်က ဘာမှမပြောလာသလို သူ့ကိုလည်း စားစရာများမထုတ်ခိုင်းလာပေ။ ထိုအစား သူကအပြင်ထွက်ကာ လော့ဟိုင်ချန်အားပြောလိုက်သည်။
“ မင်းလူတွေကို ဦးဆောင်ပြီး ဒီမှာနေခဲ့လိုက်ပါ ၊ ငါမနက်ဖြန်ပြန်လာခဲ့မယ်”
ဟန်ချင်စုန့်က တစ်ယောက်ထဲစကားပြောရန် ပြောလိုက်ကတည်းက လော့ဟိုင်ချန်တစ်ယောက် ဤနေရာကိုမာရှယ်လောထုတ်လိုက်ပြီးသားဖြစ်သည်။ လူတိုင်းက ရှင်းလင်းနေကာ သူကိုယ်တိုင်ကလည်း ဘာပြောသည်ကိုမကြားနိုင်သော အခန်းထဲတွင်ရှိနေ၏။
အခြေအနေက လေးနက်သည်ကို သိနေသဖြင့် သူကခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ပါ စိတ်မပူပါနဲ့ ခေါင်းဆောင်ဟန်”
ဟန်ချင်စုန့်က သူ့ကိုဒီမှာနေခဲ့ခိုင်းသည်က အဓိပ္ပါယ်နှစ်မျိုးရှိ၏။...အခြားလူများကိုဤနေရာမှ ဘယ်သူ့ကိုမှ မခေါ်သွားစေချင်၍ဖြစ်နိုင်သလို၊ ဤနေရာမှဘယ်သူ့ကိုမှ မထွက်ပြေးစေချင်၍လည်း ဖြစ်နိုင်၏။
လော့ဟိုင်ချန်က ရဲအရာရှိတစ်ယောက်ကို အမိန့်ပေးလိုက်သည်။
“ တဝမ်ကျားကျွမ်(တဝမ်ရွာ)ကိုသွားပြီး ချင်းယွမ်နဲ့ အခြားသူတွေ ကိုခေါ်ခဲ့လိုက်ပါ”
ရဲအရာရှိသည်လည်း အခြေအနေက အနည်းငယ်စိတ်လှုပ်ရှားစရာဖြစ်နေသည်ကို သိသောကြောင့် ချက်ချင်းပင်ပြေးထွက်သွားလိုက်သည်။
ဟန်ချင်စုန့်က လင်းလန်ဆီ တိုက်ရိုက်သွားလိုက်သည်။ ဒီအချိန်တွင် ယွီကုချိုင်က သူ့နောက်လိုက်နေသော်ငြား အနားကိုမကပ်ရဲပေ။ ဤရဲအရာရှိက အလွန်ကြောက်ဖို့ကောင်းသည်ဟု သူတွေးလိုက်မိသည်။
“...သမီးအဖေ...”
ဟန်ချင်စုန့်: “ သူဘာမှမဖြစ်ပါဘူး”
သူက လှစ်ခနဲလျှောက်သွားလိုက်သည်။
လင်းလန်က အရာရှိဝမ်၊ အမျိုးသမီးညွှန်မှူးတို့နှင့် စကားပြောကာ ရွာ၏ဝါဒဖြန့်ချီရေးသတင်းများကို စုံစမ်းနေခြင်းဖြစ်သည်။ အလွန်နီးကပ်နေသော ကွန်မြူနတီနှစ်ခုကြားတွင် ဤမျှကြီးမားသည့် ကွာခြားချက်ကြီးရှိနေသည်ကို သူမယုံနိုင်ပေ။
သူတို့ရွာတွင် မိန်းမပျိုများနှင့် လက်မထပ်ပေးနိုင်သည့် တစ်ချို့မိသားစုများ ဝမ်းကွဲအချင်းချင်း လက်ထပ်ပေးကြ၏။ သို့သော် သူတို့မှ မွေးလာသည့် ဘယ်ကလေးမှ အသက်မရှင်နိုင်ပေ။
ဟန်ချင်စုန့်ရောက်လာသည်ကို မြင်သောအခါ သူမ သူတို့ကိုနှုတ်ဆက်လိုက်သည်။
“ စန်းကော ကျွန်မတို့ ပြန်ကြတော့မလား”
ဟန်ချင်စုန့်က ခေါင်းညိတ်ကာ သူမအား အရင်ဆုံးကွန်မြူနတီဆီ ပြန်ပို့ရန်လုပ်လိုက်သည်။
စစ်အင်အားစုဝန်ကြီး တန်ကျောက်မင်းက နေ့လယ်ခင်း၌ထွက်ပြေးသွားကာ ပြည်သူ့လုံခြုံရေးညွှန်မှူးကလည်း ဟန်ချင်စုန့်နှင့်ယွီခန်းယီတို့ စကားပြောသည်ကိုကြည့်ကာ တစ်စုံတစ်ခုကို အညှီနံ့ရလိုက်သည်။ သူက အလျင်အမြန်ပင် ကွန်မြူနတီသို့ပြန်ကာ တန်ကျောက်ရှန်းကိုသွားရှာလိုက်သည်။
လင်းလန်က ဆေးကြောပြီးသောအခါ သူမလွယ်အိတ်နှင့် ပိတ်လွယ်အိတ်ကိုလွယ်လိုက်ကာ စက်ဘီးနောက်ခုံတွင်ထိုင်လိုက်သည်။
အပြန်လမ်းတွင် လင်းလန်ကပြောလာ၏။
“ စန်းကော လူတစ်ချို့က စားစရာကိုဓားပြတိုက်တယ်လို့ ပြီးခဲ့တဲ့ရက်က ရှင်ပြောတာကို ကြားခဲ့တယ်လေ။ အခုချိန်မှာ လူတွေက စားသောက်ဖို့ မတတ်နိုင်တာလဲ မဟုတ်ဘဲနဲ့ ဘာလို့ဓားပြတိုက်ကြတာလဲပေါ့။ ကျွန်မဒီနေ့လာပြီး တစ်ချက်ကြည့်လိုက်တော့ နားလည်သွားပြီ။ သူတို့ရဲ့ဝေစုကို ကွန်မြူနတီဆီ အပိုအလျှံအဖြစ် ရောင်းနေရသေးလို့ဘဲ။ စားစရာမရှိတော့ ပြန်ရောင်းချတာတွေကိုပဲစားနိုင်တယ်၊ တပ်မဟာဆီကနေ လက်ခံရရှိတဲ့ ပြန်ရောင်းတဲ့ အစားအစာတွေက ဝေစုခွဲတမ်းထက် တစ်ဝက်လောက်လျော့နေတယ်။ပြီးတော့ သူတို့တွေက....စားသောက်ဖို့ မလောက်ကြတော့ဘူး”
လင်းလန်က အစားအစာများပြန်လည်ရောင်းချခြင်းအပေါ် ထူးဆန်းမနေပေ။ သူတို့ကွန်မြူနတီကလည်း ထိုအရာအားစားဖူးပေသည်။ အထူးသဖြင့် ခက်ခဲကြပ်တည်းသည့် သုံးနှစ်ကာလအတွင်းတွင် စည်းလုံးညီညွတ်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် တပ်မဟာ၏အစားအစာအားလုံးကို အစိုးရဆီပေးလိုက်ရသည်။ အမျိုးသားထောက်ပံ့ရေးကလည်း စစ်တပ်နှင့် အခြားမြို့များ၏စားနပ်ရိက္ခာထောက်ပံ့ရေးကို အာမခံထား၏။ နောက်ဆုံးတွင် စပါးတစ်သုတ်ကို ကျေးလက်မှစပါးစိုက်သည့် လယ်သမားများစားသောက်ရန်အတွက် ပြန်လည်ရောင်းချပေးလာ၏။
ကွန်မြူနတီအဖွဲ့ဝင်အများစုက ထိုအရာကို နားမလည်ပေး၍ မုန်းတီးကြ၏။ စပါးစိုက်သည့်သူက စားစရာစပါးမရှိသည်ကို ခံစားနေရသောအခါ သူတို့က မနာလိုဖြစ်လာကြပြီး စီးပွားရေးအစားအစာစားသည့် မြို့မှသူများကို မုန်းတီးလာကြသည်။ အကြောင်းမှာ ဘယ်နေ့ဘဲဖြစ်နေပါစေ မြို့မှသူများက လတိုင်းတွင် စားသောက်ရန် အစားအစာရှိ၏။ ထို့နောက် သူတို့က ကွန်မြူနတီကေဒါများအပေါ် မုန်းတီးလာကြသည်။ သူတို့အမြင်မှကြည့်လျှင် တပ်မဟာကေဒါနှင့် ကွန်မြူနတီကေဒါများသည် ကောင်းကင်ဘုံများဖြစ်ကာ ထိုကောင်းကင်က သူတို့အတွက်စားစရာရှိမည်၊ မရှိမည်ကို ဆုံးဖြတ်ပေးသောကြောင့်ပင်။
အစောပိုင်းကာလများတွင် ဝေစုခွဲတမ်းမညီမျှမှုကြောင့် နေရာအများအပြားတွင် အဓိကရုဏ်းများဖြစ်ခဲ့ပေသည်။ အလွန်ဆာလောင်နေသည့် အဖွဲ့ဝင်များက စားစရာများကို လုယူကြကာ အပစ်ခံရသော လူအနည်းငယ်လည်း ရှိလာ၏။
နောက်ပိုင်းတွင် စီးပွားရေး ကစတင်ကာ ပြန်လည်ကောင်းမွန်လာပြီး ကွန်မြူနတီအဖွဲ့ဝင်များက အစားအစာခွဲတမ်းများကို ဆက်လက်ဖြန့်ဖြူးလာပြီး အပိုအလျှံများပြန်လည်ရောင်းချခြင်းကမူ အစိုးရမှလူဆင်းရဲများကို ကူညီသည့် နည်းလမ်းတစ်ခုဖြစ်လာခဲ့သည်။
သို့သော် အခုချိန်ထိဒီလိုကိစ္စမျိုးဖြစ်နေဦးမယ်လို့ ဘယ်သူကသိခဲ့ပါ့မလဲ။
Xxxxxx
Part 786
လင်းလန်၏နှလုံးသားက ကျောက်တုံးတစ်ခုလိုလေးလံလာကာ သူမလွယ်အိတ်ထဲမှ နီလာကျောက်များကလည်း ပျော်ရွှင်အောင် လုပ်မပေးနိုင်တော့ချေ။
သူမက ဟန်ချင်စုန့်အင်္ကျီစကိုဆွဲလိုက်သည်။
“ စန်းကော စားနပ်ရိက္ခာတွေနဲ့ပတ်သက်တာကို ရှင်ဂရုစိုက်ပေးလို့ရလား”
ဟန်ချင်စုန့်:“ စားနပ်ရိက္ခာတွေက တော်လှန်ရေးကော်မတီရဲ့ ထိန်းချုပ်မှုအောက်မှာဘဲ။ ကိုယ်က အပြစ်ကျူးလွန်သူတွေကို ဖမ်းဆီးတာ၊ သေနတ်နဲ့ ပစ်ရတာကိုဘဲ တာဝန်ယူထားရတာ”
အခုချိန်တွင် ကွန်မြူနတီ၌ ပြစ်မှုကျူးလွန်သူများကို ပစ်ခွင့်ရှိနေပြီဖြစ်သည်။ လူတစ်ယောက်က ရက်စက်ကြမ်းတမ်းသော တရားခံဟု သေချာသွားသည်နှင့် အစီရင်ခံစရာမလိုဘဲ တိုက်ရိုက်ပစ်သတ်၍ရပေသည်။ အများပြည်သူဆိုင်ရာ စားနပ်ရိက္ခာများကို ခိုးဝှက်သည်က တော်လှန်ရေးကော်မတီအပေါ် ဆန့်ကျင်သည့် ပြင်းထန် သောအပြစ်ပင်ဖြစ်သည်။
ဟန်ချင်စုန့် လင်းလန်အားမပြောပြလိုက်သည်မှာ ယွီခန်းယီကစားနပ်ရိက္ခာများကို ဝှက်လိုက်သည့်အချိန်မှစကာ သူကထိုအရာအား ဂရုစိုက်လာမည်ကို စောင့်နေခြင်း ဖြစ်သည်။ ယွီခန်းယီတစ်ယောက်က အရာအားလုံးကိုကြိုးစားခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့ပုံပေါ်၏။ ဒီတစ်ကြိမ်တွင် ယွီခန်းယီက သူ၏အာရုံကိုဆွဲဆောင်ကာ သူ့အားကိုင်တွယ်စေလိုခြင်းဖြစ်သည်။
လင်းလန်:“ တန်ကျောက်ရှန်းရဲ့ အလိုလိုက်ခံထားရတဲ့ အသွင်အပြင်ကိုကြည့်လိုက်ပါဦး၊ ပြီးတော့ ကျွန်မတို့ကွန်မြူနတီကိုကြည့်လိုက် ကျွန်မထင်တာတော့ ယန်ရှီးကော်က သိပ်မဆိုးသလိုပါဘဲ။ ယှဉ်ကြည့်လိုက်ရင် အရင်တုန်းက ညွှန်မှူးယန်တစ်ယောက်ဘယ်လောက်ကောင်းတယ်ဆိုတာကို မသိခဲ့ဘူး”
လင်းလန်က ရှန်ရွေ့ကွန်မြူနတီရှိ သူတို့၏ညွှန်မှူးယန်သည် အလွန်ကောင်းသည်ဟု ခံစားလိုက်မိသည်။ သူက ကျေးလက်ဒေသများဘက်သွားသည်များကို အာရုံမစိုက်တတ်သော်ငြား တပ်မဟာ၏ထုတ်လုပ်ရေးကို ဘယ်လိုအမှောင်တိုက်သွင်းရမည်ကိုတော့ သိမနေပေ။ သို့သော် ဤအရာကကောင်းသောအရာဖြစ်သည်။
အမှန်တွင် ယန်ရှီးကော်တစ်ယောက် ဘယ်လိုတော်သည်ကို ပြောချင်နေခြင်းမဟုတ်ပေ။ ရှန်ရွေ့ကွန်မြူနတီ၏ လေထုအနေအထားက ကောင်းသည်ဟု ဖော်ပြလိုခြင်းဖြစ်သည်။ လက်ထောက်ညွှန်မှူးယန်က မကောင်းဆိုးဝါးဖြစ်ရန်မကြိုးစားသလို အဓိကက ဟန်ချင်စုန့်သည်လည်း ဒီနေရာတွင် ရှိနေသောကြောင့်ပင်။
ဟန်ချင်စုန့်က ခနလောက်တွန့်ဆုတ်သွားကာ ပြောလာ၏။
“ ညွှန်မှူးကျားက ကောင်းဝေ့တုန်းဘက်ကလေ”
လင်းလန်က ခနလောက်ထိတ်လန့်သွား၏။ သူက သူမကိုအရေးကြီးတဲ့ တစ်ခုခုပြောပြနေတာလား။
“ ဒါဆိုရင်ယန်ရှီးကော်က လီ....”
ဟန်ချင်စုန့်က ထောက်ခံသည့်အသံပြုလိုက်၏။
လင်းလန်က နူးညံ့စွာနှာခေါင်းရှုံ့လိုက်သည်။
“ ကျွန်မက နားမလည်ဘူး ... ဒီလောက်နှစ်တွေအကြာကြီးရှိနေတာတောင် သူတို့က မပြောင်းသွားဘဲ ကောင်တီမှာဘဲ ဘာလို့ရှိနေလဲဆိုတာကို သိချင်လိုက်တာ”
ကော်မတီတည်ထောင်လိုက်ပြီးနောက်တွင် အရာအားလုံးက ရှုပ်ထွေးပွေလီနေကာ ကောင်းမွန်သောအပိုင်းဟူ၍ မရှိဟု ခံစားနေခဲ့ရသည်။
ဟန်ချင်စုန့်က ဘာမှမပြောလာပေ။ မကြာခင်တွင် ကွန်မြူနတီသို့ရောက်လာ၏။
အခုချိန်က အလုပ်ဆင်းရမည့်အချိန်ရောက်နေပြီဖြစ်သဖြင့် ချောင်ကွမ်းရုန်နှင့် ချိုးအိုက်ဟွားတို့နှစ်ယောက်ကသာ ခြံဝင်းထဲတွင် စကားပြောနေခဲ့၏။
ဟန်ချင်စုန့်ရောက်လာသည်ကို မြင်သောအခါ ချိုးအိုက်ဟွားက အလျင်အမြန်ပြောလာ၏။
“ ခေါင်းဆောင်ဟန် ကျွန်မတို့ရဲ့ညွှန်မှူးနဲ့များ တွေ့ချင်သလား”
ဟန်ချင်စုန့်:“ မတွေ့တော့ပါဘူး၊ အခုကျွန်တော်တို့ပြန်တော့မှာ”
ချောင်ကွမ်းရုန်က အလျင်အမြန်ပင် စက်ဘီးဆီသွားကာ သူတို့နှင့်အတူ လိုက်ပြန်သွားလိုက်သည်။ သူ အပြင်ထွက်လာရသည့်တစ်နေ့တွင် ရွာထဲသို့ သွားစရာမလိုခဲ့ပေ။။ကွန်မြူနတီထဲတွင် နေခဲ့ရသည်မှာ အလွန်စိတ်သက်သာရာရ၏။
အပြန်လမ်းတွင် လင်းလန်ကစကားမပြောသလို ဟန်ချင်စုန့်ကလည်း ဘာမှမပြောလာပေ။ ချောင်ကွမ်းရုန်ကလည်း သူတို့အလေးအနက်ဖြစ်နေသည်ကို မြင်သောအခါ ဘာမှမမေးရဲတော့ပေ။ အမြဲလိုလိုပင် သူကအနည်းငယ်စိတ်ဓာတ်ကျသလိုခံစားလာရသည်။
ရှန်ရွေ့ကွန်မြူနတီသို့ ပြန်ရောက်လာချိန်တွင် မှောင်လုနီးပါးဖြစ်နေပြီဖြစ်သည်။
ခြံဝင်းထဲသို့ ဝင်လိုက်သောအခါ ရုံးခန်းထဲတွင် မီးများလင်းနေဆဲဖြစ်ပြီး အလုပ်မဆင်းကြသေးသည်ကို မြင်လိုက်ရ၏။ လက်ထောက်ညွှန်မှူးယန်နှင့် ယွီရှင်းတို့တောင်မှ အလုပ်စောစောမဆင်းသွားပေ။
ခြံဝင်းထဲတွင် ပြည်သူ့လုံခြုံရေးဗျူရို၏ သက်သေအမှတ်အသားဖြစ်သည့် စစ်စိမ်းရောင်ကားနှစ်စီးကိုလည်း ရပ်ထား၏။
စွန်းကျောက်ဝမ်က ဟန်ချင်စုန့်ပြန်ရောက်လာသည်ကို မြင်သောအခါ အပြေးသွားလိုက်ပြီး စိတ်လှုပ်တရှားပြောလာ၏။
“ခေါင်းဆောင်ဟန် ခေါင်းဆောင်ကောင်းကစောင့်နေတာကြာလှပြီ”
ဟန်ချင်စုန့်က သူပြောသည်ကို ကြားသောအခါ လင်းလန်ကိုလှည့်ပြောလိုက်၏။
“ပြန်ရောက်ပြီ”
ဘယ်သူသိမှာလဲ၊ ကောင်းဝေ့တုန်းက တစ်ချိန်လုံးအာရုံစိုက်နေခြင်းဖြစ်သည်။ မတိုင်ခင်ကသူ ချင်းရှီကွန်မြူနတီသို့ခေါ်ဆိုခဲ့ကာ ခေါင်းဆောင်ဟန် ပြန်သွားသည်ကိုကြားလိုက်ရ၏။ ၎င်းကတူညီလုနီးပါးဖြစ်မည်ဟု သူခန့်မှန်းလိုက်သည်။ ဤအချိန်တွင် ဟန်ချင်စုန့်ပြန်လာပြီဟု ပြောသံကိုကြားလိုက်ရလေသည်။ သူရုံးထဲမှထွက်လိုက်ကာ ဟန်ချင်စုန့်အားပြုံးကာ နှုတ်ဆက်လာ၏။
“ ခေါင်းဆောင်ဟန်”
သူထွက်မသွားနိုင်သည်ကို မြင်သောအခါ ဟန်ချင်စုန့်က လင်းလန်ကိုပြောလိုက်သည်။
“သွားနှင့်လိုက် ကိုယ် မင်းကို နောက်မှခေါ်လိုက်မယ်”
သဘာဝကျစွာပင် သူက သူမအား ညအချိန်တွင် တစ်ယောက်တည်းပြန်ခွင့်မပြုနိုင်ပေ။
ကောင်းဝေ့တုန်းက သူ့ဆီလျှောက်လာနေပြီဖြစ်သည်။ လင်းလန်က ခပ်မြန်မြန်ပင်နှုတ်ဆက်လိုက်ကာ သွားခွင့်ပြုခိုင်းလိုက်သည်။ သူမက အရင်ဆုံးဝါဒဖြန့်ချီရေးဌာနသို့ သွားလိုက်သည်။
ကောင်းဝေ့တုန်းက တစ်ချက်ကြည့်လိုက်သည်။ လက်ထောက်ညွှန်မှူးယန်က သူ့ခေါင်းထဲမှ အစ်အောက်ထုတ်ကြည့်လိုက်သည်။ ရုံးခန်းထဲ၌ စကားပြောရန်မှာ မသင့်တော်ဟုတွေးလိုက်မိကာ ဟန်ချင်စုန့်အား ခြံဝင်းအနောက်ဘက်သို့ လမ်းတစ်ချက်လျှောက်ရန် အမူအရာပြလိုက်သည်။
ခြေလှမ်းအနည်းငယ်သွားလိုက်ပြီးနောက်တွင် ဟန်ချင်စုန့်ဘက်က အရင်စကားမပြောလာပေ။ ကြည့်ရသည်မှာ အကယ်၍ကောင်းဝေ့တုန်းသာ စကားမစပါက ဆက်လမ်းလျှောက်နေမည့် သဘောရှိ၏။
ကောင်းဝေ့တုန်းက ပြုံးလိုက်သည်။
“ ချင်းရှီကွန်မြူနတီကို သွားခဲ့တယ်ဆို”
ဟန်ချင်စုန့်က ခေါင်းညိတ်ပြလိုက်သည်။
“အမှန်ဆို စုံစမ်းနေဖို့တောင်မလိုပါဘူး သိသာနေတဲ့ ကိစ္စတစ်ခုဘဲလေ”
ဒီအတိုင်း အဲ့ဒီမှာ ဝေစုခွဲဝေပေးမှုမရှိတာပါဘဲ၊ ဘယ်သူမှလည်း ဂရုမစိုက်ကြပါဘူး။
ဒီနေ့အထိ စားနပ်ရိက္ခာအားလုံးကို အပ်ပေးရန်ဆန္ဒရှိသည့် သူဟူ၍မရှိသေးပေ။ ခွဲတမ်းများလည်း အပါအဝင်ဖြစ်သည်။ ဘယ်လောက်ဘဲ အသိတရားကောင်းနေပါစေ၊ ဆောင်ပုဒ်ဘယ်လိုဘဲ ကြီးမားနေပါစေ အစာအိမ်ကို မဖြည့်တင်းနိုင်ကြပေ။
ဟန်ချင်စုန့်က ဘာမှပြန်မဖြေဆဲပင်။
ကောင်းဝေ့တုန်းက ခဏတာလောက်ဆွံ့အသွားရသည်။ ယောက်ျားနှစ်ယောက်က နွေညလေပြေထဲတွင်လမ်းလျှောက်နေကြကာ ဘယ်သူကမှစကားမပြောလာပေ။
အဆုံးတွင် ကောင်းဝေ့တုန်းက သည်းမခံနိုင်တော့ပေ။
“ ခေါင်းဆောင်ဟန် ဒီကိစ္စကို ခင်ဗျားဘယ်လိုကိုင်တွယ်မယ်လို့ စီစဉ်ထားလဲ”
ဟန်ချင်စုန့်:“ စီးပွားရေးကိစ္စတွေ”
ကောင်းဝေ့တုန်းက ပြုံးလာ၏။
“ ဒီလိုဘဲဖြစ်သင့်တာပါ။ ကောင်တီတော်လှန်ရေးကော်မတီကလည်း အရမ်းစိုးရိမ်နေတာလေ။ ပြည်သူ့စားနပ်ရိက္ခာကိုခိုးယူတဲ့ တော်လှန်ရေးသူပုန်တွေကို လူအများရှေ့မှာ ပစ်သတ်ရမယ်။ လူတစ်ရာကို သတ်လိုက်ပြီးရင် ဘယ်သူကများ ထပ်လုပ်ရဲဦးမလဲဆိုတာ ကြည့်ချင်မိသား”
ဟန်ချင်စုန့်က သူ့ကို ပြန်လှည့်ကြည့်လိုက်သည်။
“ မင်းလာတာကို လီကွမ်ကျိုးသိလား”
ကောင်းဝေ့တုန်းက ခနလောက်ရပ်တန့်သွား၏။ ထို့နောက်သူက ပြန်လိုက်ကာပြောလာ၏။
“ ငါက လီကွမ်ကျိုးရဲ့ ရဲဘော်ရဲဘက်မှမဟုတ်တာ၊ ဒါကြောင့် ငါခရီးထွက်ရင် သူ့ကိုသတင်းပို့စရာမလိုပါဘူး”
အကယ်၍ ဒီမှာယန်ရှီးကော်ရှိနေရင် လီကွမ်ကျိုးက မသိတော့ဘူးတဲ့လား။ ငါအိမ်ကသွားကို မုန်းနေပြီလို့ ငါထင်တယ်။
(Tn: idiomထင်ပါတယ်နားမလည်လို့ 🥺)
Xxxxxx