Part 787
ဟန်ချင်စုန့်က သူနှင့် ဆက်မသွားချင်တော့သဖြင့် ရပ်လိုက်ကာ ခြားနားမှုမရှိစွာပင် ပြောလာ၏။
“ အဲ့ဒါက လူဘယ်လောက်များများ အပစ်ခံရမယ်ဆိုတာ ပြသနာမဟုတ်ဘူး၊ သူတို့ကိုပစ်သတ်လိုက်လဲ အကူအညီဖြစ်မှာ မဟုတ်ဘူး”
လူတစ်ရာလောက်ပစ်သတ်ရန်ကို ရဲအရာရှိတစ်ယောက်က လုပ်နိုင်၏။ သို့သော် လူထောင်ချီကိုမူ မထိန်းချုပ်နိုင်ပေ။ ရှေးလူကြီးများက လူတို့သည် သေခြင်းတရားကိုမကြောက်ဟု ဆိုခဲ့ကြ၏။ သို့သော် ဘယ်သူကများ သေခြင်းတရားကို မကြောက်ရွံ့နိင်မှာလဲ။ တစ်ရာထက်ကျော်နေသော အရာများကိုမူ အခြားနည်းလမ်းဖြင့် ဖြေရှင်းရန်လိုလာပြီဖြစ်သည်။
ကောင်းဝေ့တုန်းက ထိတ်လန့်သွားသည့်ပုံပင်။
“....ဒါက မင်းတော်လှန်ရေးကော်မတီကို မေးကြည့်သင့်တယ်”
“ ငါမနက်ဖြန် သွားမေးလိုက်မယ်”
တစ်ခနလောက် တိတ်ဆိတ်မှုကြီးဖြစ်သွား၏။
ကောင်းဝေ့တုန်း:“ ငါတို့တွေယွီခန်းယီကို သတ်မှဖြစ်မယ်”
ဟန်ချင်စုန့်:“ ဒီအမှုကိုမဖွင့်ရသေးဘူး၊ ဘယ်သူမှသူ့ကို သတ်လို့မရဘူး”
“ တကယ်လို့ မင်းသာ သူ့ကို မသတ်လိုက်ရင် လူတွေက မသက်မသာဖြစ်ကြလိမ့်မယ်”
“ ဘယ်သူကလဲ”
ဟန်ချင်စုန့်မေးလိုက်၏။
ကောင်းဝေ့တုန်းက သူသည် ဘော့စ်တစ်ယောက်ဖြစ်ကာ ဘာစည်းကမ်းမှမရှိဟု တွေးလိုက်မိသည်။ သူကအတွင်းရှိ အလှည့်အပြောင်းနှင့် အချိုးအကွေ့များအပေါ် နားမလည်နိုင်ပေ။ ထို့ကြောင့် ကောင်းဝေ့တုန်းတစ်ယောက် ထုတ်ပြောပြရန်သာ ရွေးချယ်လိုက်သည်။
“ အနာဂတ်မှာ ချင်းရှီကွန်မြူနတီက အလုပ်လုပ်ဖို့ လွယ်ကူမှာမဟုတ်တော့ဘူး”
ပြည်သူ့စားနပ်ရိက္ခာများကို ခိုးဝှက်အပိုင်စီးမှုသည် တစ်ကိုယ်တည်းအကျိုးမက၊ အများအတွက်လုပ်ဆောင်ခြင်းဖြစ်နေလျှင်တောင်မှ ခိုးဝှက်အပိုင်စီးမှုဖြစ်နေဆဲပင်။
၎င်းက ကောင်းကောင်းထုတ်ပြန်ထားသည့် ပြစ်မှုဖြစ်သောကြောင့် လူတစ်ရာလုံးကို သတ်လိုက်၍ရသည်။ ကွန်မြူနတီအပေါ်ဆန့်ကျင်သည့် ယွီခန်းယီတို့သာ အောင်မြင်သွားပါက အနာဂတ်တွင် အခြားတပ်မဟာများကို သူတို့နောက်ကို လိုက်ဦးမယ်တဲ့လား။ အကယ်၍ဒီလိုကိစ္စမျိုးဖြစ်နေပါက ကွန်မြူနတီကေဒါများက ပြည်သူလူထုကို ဘယ်လိုစည်းရုံးရမှာလဲ။
ဟန်ချင်စုန့်:“ ကွန်မြူနတီဆိုတာ လူတွေအတွက် အမှုထမ်းဆောင်ပေးနေတာ မဟုတ်ဘူးလား”
ကောင်းဝေ့တုန်း“......”
သူ့တွင်ပြောစရာ မရှိတော့ပေ။
ဟန်ချင်စုန့်:“ ကွန်မြူနတီကေဒါက ပြည်သူကြားထဲကဘဲမဟုတ်ဘူးလား။ ကွန်မြူနတီကေဒါတွေကိုပေးတဲ့လစာနဲ့ စားစရာကူပွန်တွေက ကွန်မြူနတီအဖွဲ့ဝင်တွေရဲ့ လုပ်ခဝင်ငွေနဲ့ရလာတာမဟုတ်ဘူးလား”
ကောင်းဝေ့တုန်း :....ဘယ်သူကများငါ့ကို ဒီလူကစာမတတ်ဘူး၊ ဒီလိုအရာတွေကို နားလည်မှာ မဟုတ်ဘူးဟုပြောခဲ့တာလဲ။ ငါအရမ်းစိုးရိမ်နေရပြီနော်။
ဟန်ချင်စုန့်:“ တန်ကျောက်ရှန်းက အဲ့ဒီရွာကလူတွေ ခက်ခက်ခဲခဲနေထိုင်နေရတယ်ဆိုတာသိနေတာကို ဘာလို့သတင်းမပို့တာလဲ။ တော်လှန်ရေးကော်မတီက မသိတာလား၊ ဒါမှမဟုတ် မသိချင်ယောင်ဘဲဆောင်နေတာလား”
ကောင်းဝေ့တုန်း:“......” ငါကဘာလို့ ဒီအရှက်တကွဲဖြစ်တာကို လက်ခံရမှာလဲ။ ဒီတန်ကျောက်ရှန်းဆိုတာက ငါ့လူမှမဟုတ်တာ။
“ ဘယ်လိုဘဲဖြစ်ဖြစ် မင်းသူ့(တန်းကျောက်ရှန်း)ကို မသတ်ရဘူး”
ကောင်းဝေ့တုန်းက အကူညီမဲ့စွာပြောပြလာ၏။
“ မင်းကောင်းဖို့ ပြောနေတာ”
အကယ်၍ဟန်ချင်စုန့်သာ တော်လှန်ရေးကော်မတီ၏အရာရှိတစ်ယောက်ကို သတ်လိုက်ပါက အနာဂတ်မှာဒီနေရာကို ဘယ်ညွှန်မှူးက လာရဲတော့မှာလဲ။
ဟန်ချင်စုန့်က တည်ငြိမ်နေဆဲဖြစ်ကာ ကောင်းဝေ့တုန်းက သူ့အတွေးများကို မသိနိုင်ပေ။
ကောင်းဝေ့တုန်းတစ်ယောက် သူကရူးမိုက်ကာ ဟန်ချင်စုန့်တူးထားသည့် ကျင်းထဲသို့ ခုန်ချလိုက်မိသည်ဟု တွေးလိုက်မိသည်။
သူက ပါးစပ်ပိတ်ကာ သူ့စကားများကို ပြန်ယူလိုက်သည်။
“ ငါမင်းအတွက် ကင်းမြှီးကောက်ဘရန်းကား တစ်စီးယူလာပေးမယ်။ အနာဂတ်မှာ အပြင်သွားရတာ ပိုလွယ်တာပေါ့”
ကောင်တီ၏ လက်ထောက်ဗျူရိုမှူးက နေ့တိုင်းစက်ဘီးဘဲစီးနေသည်မှာ အရှက်ရစရာပင်ဖြစ်သည်။
ဟန်ချင်စုန့်ကလည်း မငြင်းလိုက်ပေ။ ဤအရာက ကောင်တီ၏ပြည်သူ့လုံခြုံရေးဗျူရိုမှူးကိုယ်တိုင် သူ့ကိုတပ်ဆင်ပေးထားသည့် အရာဖြစ်သည်။ ဘတ်စ်ကား...ဒီဇယ်ပိုက်နှင့်ပင်။
ကောင်းဝေ့တုန်း:“..."အမြဲတမ်းတော့ အံကြိတ်နေရတယ်ဆိုတာရှိနေဘဲ။
သူကဟန်ချင်စုန့်ကိုနှုတ်ဆက်လိုက်ပြီးနောက် ပြန်လှည့်ကြည့်လာ၏။
“ ခေါင်းဆောင်ဟန် ငြိမ်းချမ်းရေးအတွက်ပါဘဲ”
ဟန်ချင်စုန့်က ဘာမှပြန်မပြောသလို သူ့ကိုလည်း လိုက်မပို့လာပေ။ သူကအကေးရှားသစ်ပင်အောက်ရှိ ကျောက်တုံးပေါ်တွင်သာ ထိုင်ချလိုက်သည်။
လင်းလန်က ဝါဒဖြန့်ချီရေးဌာနတွင် အကြာကြီးစောင့်နေခဲ့၏။ ကောင်းဝေ့တုန်းပြန်လာသော်လည်း ဟန်ချင်စုန့်ကို မတွေ့ရပေ။ သူမက အပြင်ထွက်ကာ သူ့ကိုနှုတ်ဆက်လိုက်သည်။
“ မင်္ဂလာပါ”
ကောင်းဝေ့တုန်းက သူမကိုပြုံးပြကာ အနောက်ဘက်ကို ညွှန်ပြလာ၏။ လင်းလန်ချက်ချင်းပင် နားလည်သွား၏။
ကောင်းဝေ့တုန်း:“ အရာရှိလင်း နှုတ်ဆက်ပါတယ်”
သူနှင့် အတူပါလာသော ရဲဝန်ထမ်းက ချက်ချင်းပင် အပြေးရောက်လာကာ နပမ်းသမားတစ်ယောက်လို လှုပ်ရှားလာ၏။
ကောင်းဝေ့တုန်းက ဟန်ချင်စုန့်အတွက် အခြားတစ်စီးကိုချန်ထားခိုင်းလိုက်ကာ သူတို့သုံးယောက်က တစ်စီးတည်းဖြင့် ပြန်သွား ၏။
လက်ထောက်ညွှန်မှူးယန်ကလည်း အပြင်ထွက်လာ၏။ သူကအလွန်တသီးတသန့်ဖြစ်ကာ အပြင်ဘက်ထိလိုက်မပို့တော့ပေ။
ကောင်းဝေ့တုန်းပြန်သွားသည်နှင့် လက်ထောက်ညွှန်မှူးယန်ကအလုပ်ဆင်းလိုက်ကာ လူတိုင်းကလည်း အလုပ်ဆင်းလာကြသည်။
ကွန်မြူနတီထဲတွင် အဆောင်မရှိသောကြောင့် အလုပ်ဆင်းသောအခါ အားလုံးပြန်သွားကြပြီး အစောင့်အဖြစ်ကင်းလှည့်သည့် ရဲဘော်နှစ်ဦးသာကျန်နေခဲ့၏။
အခုချိန်ကာ နောက်ကျနေပြီဖြစ်သဖြင့် လင်းလန်က သူမလွယ်အိတ်ကို စက်ဘီးပေါ်တင်လိုက်ကာ ဟန်ချင်စုန့်ကိုသွားရှာလိုက်သည်။
အခုလိုအခြေနေမျိုးနှင့် ရင်ဆိုင်ရသောအခါ သူကတော်တော်လေး ဖိအားများနေကာ တိတ်ဆိတ်မှုတစ်ခုလိုချင်နေမည်ကို သူမသိပေသည်။ သူမက သူ့ကိုအခြားညုတုတုမိန်းမများနှင့် တစ်ယောက်တည်းမထားခဲ့နိုင်ပေ။ အကယ်၍လူတစ်ယောက်က သူ့ကိုကြိုက်နေပါက သာမာန်လူများလို စိတ်မချဖြစ်ရမည်လားကိုမူ သူမ မသေချာသေးပေ။
“စန်းကော~~”
သူမက သူ့ကိုကြောင်ပေါက်လေးလိုခေါ်လိုက်သည်။
“ ကိုယ် ဒီမှာ”
အသံက အရှေ့ဘက်ရှိ သစ်ပင်အရိပ်ထဲမှ ထွက်လာ၏။
ခြံဝင်းထဲတွင် လမ်းမီးရှိမနေပေ။ အခုချိန်တွင်မှောင်နေပြီဖြစ်ကာ လက တိမ်များကြား၌ပုန်းနေပြီး ပတ်ပတ်လည်းမှအရာအားလုံးက အရိပ်များလိုဖြစ်နေ၏။ သူမက သူ၏ပုံစံကို မြင်နိုင်နေဆဲဖြစ်သည်။ သူက ထူထဲသည့် အနက်ရောင်သစ်ပင်နားတွင်ကပ်နေကာ သူ့ပုံရိပ်က ညအမှောင်ထက်ပင် မည်းမှောင်နေ၏။
သူမက အသံအတိုင်းလျှောက်လာလိုက်သည်။
“ စန်းကော အိမ်ပြန်တော့မလား”
ဟန်ချင်စုန့်က ဟမ်းခနဲအသံပြုလာသော်လည်း မထလာပဲ ထိုနေရာတွင် ထိုင်နေဆဲဖြစ်သည်။
လင်းလန်က ပြုံးကာ သူနှင့်နီးရန် ခေါင်းငုံ့လိုက်သည်။ သူ့မျက်နှာကို ထိရန်လုပ်လိုက်သော်ငြား သူ့လက်များကြားတွင်တိကျစွာ အဖမ်းခံလိုက်ရ၏။
“စန်းကော” လင်းလန်က သူ့ကိုနူးညံ့စွာခေါ်လိုက်သည်။
“ တကယ်လို့ကိုယ်သာ ညွှန်မှူးဖြစ်မလာခဲ့ရင်...”
သူက ခနရပ်သွား၏။
“ဟားဟား အဲ့ဒါဆိုကောင်းတာပေါ့”
စိတ်လှုပ်ရှားကာ စိတ်ပျက်သွားရမည့်အစား လင်းလန်ကရယ်လာ၏။
ဟန်ချင်စုန့်:“.....”
Xxxxxxx
Part 788
လင်းလန်က သူ့ပုခုံးကို လက်တစ်ဖက်ဖြင့် ထောက်ထားလိုက်ပြီး ပျော်ရွှင်စွာပြောလာ၏။
“အဲ့ဒါကအဆင်ပြေသားပဲ၊ သွားပြီးတော့ကျောက်သွားတူးကြရုံပဲ ဘာဖိအားမှမရှိတော့ဘူး”
ဟန်ချင်စုန့်: ငါ့ခေါင်းထဲမှာရှိနေတဲ့ မြူခိုးတွေက လေတိုက်လို့လွင့်ပါသွားသလိုဘဲ။
ပတ်ဝန်းကျင်မှ ဆူညံသံများက တစ်ခနအတွင်းတွင် ကြည်လင်လာခဲ့သည်။
သူ မထိန်းချုပ်နိုင်ပဲ ရယ်လိုက်မိသည်။
လင်းလန်: အိုး ငါ့ရဲ့စန်းကော ရယ်လိုက်တယ်ဟ၊ ကံမကောင်းစွာနဲ့ဘဲ ငါရှင်းရှင်းမမြင်လိုက်ရဘူး။
ရေဘဝဲစားချင်တယ်:
“ဒါဆိုရင် ကိုယ်ကောင်တီကို သွားနိုင်တော့မှာမဟုတ်ဘူး”
သူက သူမသည် ကောင်တီသို့ပြောင်းချင်နေသည်ဟု ခံစားနေမိခဲ့သည်။
လင်းလန်က ထိုအရာကို အလေးအနက်မယူလိုက်ပေ။
“ ဘာဖြစ်လို့လဲ၊ ရှင့်မှာ လုပ်ပိုင်ခွင့်မရှိရင်တောင်မှာ ကောင်တီကို ကိုယ့်ဘာသာသွားလိုက်လို့ရတယ်”
ပြီးတော့ ကျွန်မရောဘဲ။
သူမ၏ပြုံးနေသည့်အသံက နွေရာသီညလေပြေများကြားတွင် လှပနေကာ စီရင်စုမြို့တော်မှ စိမ့်စမ်းရေလေးလိုပင်ဖြစ်သည်။ သူမ၏အချိုးအဆစ်များက လျံကျလာကာ သူ့နှလုံးသားဆီ အပြေးရောက်လာ၏။ ထိုအရာက လူများအားလန်းဆန်းသွားစေကာ ရင်ထဲတွင် ကလိကလိဖြစ်သွားစေ၏။
သူက သူမခေါင်းကိုကိုင်ရန်လက်မြှောက်လိုက်ကာ သူ့ဆီဖိချလာပြီး အမှောင်ထဲတွင် သူမအားမြတ်နိုးစွာနမ်းရှိုက်လိုက်သည်။
လေက အမည်းရောင်တိမ်တိုက်များကို တိုက်ထုတ်သွားကာ ဖုံးကွယ်နေသည့် လမင်းအားဖော်ပြလာ၏။ ၎င်းကကြည်လင်ပြီးတောက်ပနေကာ ဘေးပတ်လည်တွင် မှိန့်တုတ်မှိန့်တုတ်အလင်းများရှိနေပေသည်။
သူက တွန့်ဆုတ်မှုမရှိစွာ သူမကိုလွှတ်ပေးလိုက်ပြီး သူမကိုယ်၏အမွှေးနံ့က သူ့နှာခေါင်းဝတွင် ကျီစယ်နေ၏။ လရောင်အောက်တွင် သူမ၏နူးညံ့နေသောမျက်နှာက သူ့မျက်လုံးများထဲတွင် လှုပ်ရှားနေကာ မထိန်းနိုင်ဘဲ သူမကိုထပ်နမ်းလိုက်မိသည်။
တစ်ခနကြာသွားပြီးနောက် သူကသူမအား လက်မောင်းထဲထည့်ထားကာ ထရပ်လိုက်သည်။
“ အိမ်ပြန်ကြမယ်”
ဟန်ချင်စုန့်က သူမကိုသယ်လာကာ အရှေ့၌တင်ပေးလိုက်သည်။ ထို့နောက် အိမ်သို့မောင်းသွားလိုက်သည်။
အရှေ့တွင် ထိုင်ခြင်းက အနည်းငယ်ခုန်ပေါက်နေသော်လည်း လင်းလန်ကမူ အရာအားလုံးကို လျစ်လျူရှုပြီး စိတ်လှုပ်ရှားနေ၏။
“ ညွှန်းမှုးဟန် ဘာလို့ကျွန်မက ခေါင်းဆောင်ဖြစ်ပြီး ရှင်ကအစောင့်လေးဖြစ်နေတယ်လို့ ခံစားနေရတာလဲ။
ဟန်ချင်စုန့်:“ ကိုယ်က မင်းရဲ့အစောင့်ဘဲလေ”
လင်းလန်:“ စန်းကော ဘာလို့ကျွန်မက ရှင့်ရဲ့အတွင်းရေးမှူး၊ ဒရိုင်ဘာမဖြစ်ရမှာလဲ”
ဟန်ချင်စုန့်:“ နေ့ဘက်ကြ ကိုယ်မင်းကိုသင်ပေးမယ်”
“စန်းကော ကျွန်မတို့နှစ်ယောက်က သရဲတွေနဲ့ နည်းနည်းတူနေလောက်တယ်လို့..ဘာလို့ထင်နေ..”
သရဲကားများတွင် သူတို့ခေါင်းပေါ်၌ ကန့်လန့်ကာများရှိနေတတ်သည့် သရဲအနည်းငယ်၊ အဓိကဇာတ်ကောင်၏အော်သံနှင့် ဇာတ်လိုက်ကိုရိုက်ရန် တံခါးထုသည်များ ကို တွေ့နိုင်၏။
ဟန်ချင်စုန့်:“.....အဲ့ဒါကိုပထမဆုံး ဂျာမဏီမှာထုတ်လုပ်ခဲ့ဝာာ”
“အဲ့ဒါက ဖက်ဆစ်ဝါဒမဟုတ်ဘူးလား။ ပိုပြီးတော့တောင် စိတ်ရှုပ်စရာကောင်းလာပြီ အဆင်ပြေပါတယ်”
ဟန်ချင်စုန့်:“....ကိုယ်တို့တွေက ပြည်တွင်းမှာလုပ်ခဲ့ကြဝာာ”
“ တကယ်လား၊ ကောင်းလိုက်တာ။ အမိမြေကိုချစ်တယ် အမိမြေအတွက်ကျောက်သွားတူးတော့မယ်”
ဟန်ချင်စုန့်: ....ငါ့မိန်းမတစ်ယောက်ကတော့ အဲ့ဒီအပြာရောင်မီးခတ်ကျောက်တွေရှိတဲ့ တောင်ကို ဘယ်တော့မှ မမေ့နိုင်တော့ဘူးထင်ပါတယ်။
သူကစကားနည်းနည်းသာပြောလာသော်လည်း လင်းလန်က သူ့အခြေအနေပိုကောင်းလာသည်ကို သိကာ စနောက်ရတာတန်သည်ဟုတွေးလိုက်မိသည်။
သူတို့အိမ်ပြန်ရောက်လာချိန်တွင် ကိုးနာရီကျော်နေပြီဖြစ်သည်။ ကလေးများက စားပြီးသွားကြပြီဖြစ်၍ အနွေးကုတင်ပေါ်တွင်ထိုင်ကာ ရေဒီယိုနားထောင်လိုက်၊ စာဖတ်လိုက်လုပ်နေကြသည်။
အပြင်ဘက်မှာ အင်ဂျင်သံကိုကြားလိုက်သောအခါ တဝမ်က ချက်ချင်းပင် သူ၏မြင်းကြာပွတ်ကိုယူကာ တံခါးဖွင့်လိုက်သည်။ သူက သူ့အဖေတစ်ယောက်ရဲကားဖြင့် ပြန်ရောက်လာသည်ကို တွေ့လိုက်ရသောအခါ မျက်လုံးများအရောင်တောက်လာ၏။ သူက ဟန်ချင်စုန့် အထဲဝင်လာနိုင်ရန် တံခါးထစ်ကိုဖယ်ပေးလိုက်သည်။
ဟန်ချင်စုန့်ကားကိုရပ်လိုက်ကာ စက်သပ်လိုက်ပြီးနောက် သူ၏ခြေထောက်ရှည်များဖြင့် ကားထဲမှထွက်လိုက်သည်။ နေရာကျဉ်းသောကြောင့် တံခါးမဖွင့်နိုင်သဖြင့် လင်းလန်ကခုန်ထွက်ရန်လုပ်လိုက်သည်။ ဟန်ချင်စုန့်ကသူမကို ထုတ်ပေးလိုက်မည့်အချိန်တွင် တဝမ်က လက်ဆန့်လာကာ သူမကိုချီပြီး မြေကြီးပေါ်ချပေးလိုက်သည်။
(Tn:သူကလေ ကားဆိုပေမယ့် ကားစစ်စစ်လဲမဟုတ်ဘူးရယ်၊မြင်ဖူးလားတော့မသိ သုံးဘီးဆိုင်ကယ်လိုမျိုးကိုမှ ဘေးထိုင်ခုံကအရမ်းနိမ့်တယ်၊ တရုတ်-ဂျပန်ဇာတ်ကားတွေထဲမှာ တွေ့ရတတ်တယ်)
လေထုက အနည်းငယ်အေးစက်သွားသော်ငြား တဝမ်က ကားပေါ်တွင်အာရုံစိုက်နေဆဲဖြစ်သည်။ ထို့ကြောင့် သူကဂရုစိုက်မနေပေ။
သူကကြိုးစားကြည့်ရန် အနည်းငယ်စိတ်အားထက်သန်နေကာ တစ်ချက်ပတ်စီးချင်နေမိသည်။
ဟန်ချင်စုန့်:“ နောက်ကျနေပြီ”
နောက်ကျနေပြီဆိုသည်မှာ မစီးရဘူးဟုဆိုလိုခြင်းဖြစ်သည်။
တဝမ်က ခေါင်းညိတ်ပြလိုက်ကာ မမောင်းသော်ငြား တက်စီးကြည့်လိုက်သည်။
လင်းလန်က ဟန်ချင်စုန့်အား အိမ်ထဲသို့အမြန်ခေါ်သွားကာ မိုင်စွေ့၊အားဝမ်နှင့် ရှောင်ဝမ်တို့ကလည်း ပြေးထွက်လာကြ၏။
“မားမား စားပြီးပြီလား”
“မစားရသေးပါဘူး ဗိုက်ဆာနေပြီ”
ရှောင်ဝမ်က စိတ်လှုပ်ရှားစွာ ပြောပြလာ၏။
“မြန်မြန် သားမိဘတွေအတွက် စားစရာပြင်ပေးလိုက်”
သူက ပန်းကန်လုံးနှင့်တူသွားယူလိုက်သည့်အချိန်တွင် အားဝမ်နှင့် မိုင်စွေ့က အိုးထဲ၌ကြော်လှော်နေကြ၏။ ၎င်းတို့က အိုးထဲတွင် ဆူပွက်နေဆဲဖြစ်သည်။
နွေရာသီတွင် စားစရာက မအေးသလို အေးသွားပါကလည်း မအေးသလိုဖြစ်နေဆဲဖြစ်သည်။ အဆင်ပြေသလိုစားနိုင်၏။
(Tn; နွေရာသီမှာနေပူတော့ စားစရာအေးသွားရင်တောင် မအေးဘဲပူနေသလိုဘဲလို့ ပြောချင်တာပါ)
မိုင်စွေ့ အထူးပုံစံရှိသည့် ပန်ကိတ်များအား စားပွဲပေါ်တင်ပေးလာ၏။
လင်းလန်က တစ်ချက်ကြည့်လိုက်သည်။
“ မားမားရဲ့ အဖိုးတန်လေးရှောင်ဝမ် ချက်ပေးထားတာတွေပါလား”
ဤအရာက အနုပညာဆဲလ်များရှိနေသည့် ကလေးတစ်ယောက်၏ ခံစားချက်ထုတ်ဖော်ပြမှုပင်ဖြစ်သည်။
ဤပန်ကိတ်ကို အသဲပုံစံပြုလုပ်ထားပြီး မျက်လုံးနေရာ၌ ပဲနီနှင့် ခရမ်းချဉ်သီးများကိုထည့်ထား၏။ ငါးထောင့်ကြယ်ပုံစံရှိသလို ဆီးသီးပုံစံ၊ ယုန်ပုံလေးလည်းရှိကာ တခြားတစ်ခုကိုတော့ ဘာမှန်းမပြောတတ်ပေ။
၎င်းက ကျားဖြစ်နေပုံရ၏။
ရှောင်ဝမ်က သူ့မားမားမှတ်မိသည်ကိုမြင်သောအခါ အလွန်ပျော်သွား၏။
“မားမား သားလုပ်ထားတာကို ဘယ်လိုသိတာလဲ”
လင်းလန်က သူ့မျက်နှာလေးကိုထိကာဆို၏။
“သားက အရမ်းချစ်စရာကောင်းအောင်လုပ်ထားတော့ မားမားလည်း မှန်းစရာမလိုဘဲ သိသွားတာပေါ့၊ အရမ်းကောင်းတာဘဲ ”
ရှောင်ဝမ်တစ်ယောက်က မနေ့က ချိုက်တန်းပန်ကိတ်များကို မကျေနပ်ဖြစ်ကာ ဒီနေ့ပန်ကိတ်များကမူ အထူးတလှယ်ကောင်းမွန်နေ၏။
ရှောင်ဝမ်:“ အစ်မနဲ့အစ်ကိုက သားကိုကူပေးဖို့ ပြန်လာကြတယ်လေ။ အကြီးဆုံးအက်ိုက ဟင်းရွက်ခြံအတွက် ရေလောင်းပေးတယ်။ တတိယအကိုက ပြိုင်ပွဲဝင်ပြိုင်နေပြီးတော့ အဖေနဲ့မားမားကလည်း အလုပ်ရှိနေကြတယ်”
တစ်မိသားစုလုံးက လုပ်စရာအလုပ်များရှိကာ မည်သူမှမအားလပ်နေပေ။
Xxxxx