Part 789
အားဝမ်က သခွားသီးကြော်လိုက်ပြီး ခရမ်းချဥ်သီးကို ဆော့စ်၊ ကြက်ဥမွှေ၊ ကြက်သွန်စိမ်းတို့ ဖြင့်စတူးလုပ်လိုက်သည်။ သူကအမြဲတမ်းလိုလိုပင် အရသာရှိသည့်အစားအစာများကို ဆီပမာဏအနည်းဆုံးဖြင့် ချက်ပြုတ်နိုင်၏။
လင်းလန်က အစားအသောက်များကို အရသာရှိသည်ဟု ဆက်တိုက်ချီးကျူးနေကာ ပုံမှန်ထပ်ပိုကာ ပန်ကိတ်တစ်ခုထပ်စားလာ၏။ ဟန်ချင်စုန့်ကလဲ ဘာမှပြောမနေဘဲ များများလိုက်စားလိုက်သည်။
မိဘနှစ်ယောက်လုံးက ကြိုက်နေသည်ကိုမြင်သသောအခါ ကလေးများက အလွန်ပျော်သွားကြသည်။ အထူးသဖြင့်ရှောင်ဝမ်ပင်။သူ့ကိုယ်သူမိသားစု၏ အဟန့်အတားဖြစ်နေသည်ဟု မခံစားရတော့ပေ။ သူကမိသားစုအတွက် ပိုက်ဆံမရှာနိုင်လျှင်တောင်မှ ချက်ပြုတ်ရန်ကူညီပေးနိုင်၏။ ဒီလိုမှသာ သူတို့အိမ်ပြန်ရောက်လာပါက စားနိင်ကြမည်ဖြစ်သည်။
လင်းလန်ညစာစားနေချိန်တွင် ရှောင်ဝမ်က 'အဖေနဲ့မားမားအိမ်မှာမရှိပါ'ဟူသည့် သူ့ကိုယ်ပိုင်သီချင်းအား ညည်းနေ၏။
“ နှုတ်ဆက်ပါတယ် နေမင်းကြီးရေလမင်းလည်းမရှိတော့ပေ.. ကြယ်တွေအထီးကျန်နေပြီလား~နိုးးနိုးးနိုးးးးး~ငါဟာ သခင်ငယ်လေးပါ.......”
......
နောက်တစ်နေ့မနက်စောစောတွင် လင်းလန်ကအိပ်ရာကထကာ အဆင်သင့်ပြင်ထားသည့် ပြောင်းဆန်ကြမ်းဂျုံမှုန့်များကို ထုတ်လိုက်သည်။ အိမ်တွင်ရှိသည် ကောက်လျန်မှုန့် ၊ ပဲတောင့်မှုန့်နှင့် ပြောင်းမုန့်များအားအချိုးကျရောစပ်လိုက်ကာ ပေါင်မုန့်ပေါင်းများဖြစ်စေရန် နယ်လိုက်သည်။
ကလေးများက ကြောင်အသွားကြသည်။
“မားမား အဲ့ဒါကဘာလဲ”
လင်းလန်ကသူတို့ကို ယွီကျားရွာရှိယွီကုချိုင်နှင့် အခြားကလေးများအကြောင်းကိုပြောပြလိုက်သည်။
“ အရမ်းသနားဖို့ကောင်းတာဘဲ၊ စားစရာမရှိကြဘူးလေ ။သူတို့က မားမားကြိုက်တဲ့ကျောက်တုံးတွေေပးလာတော့ မားမားက ဂျုံမုန့်ပြန်ပေးလိုက်မလို့လေ”
စားစရာမရှိသည့် ကလေးများရှိနေသေးသည်ကို သိလိုက်ရသောအခါ ရှောင်ဝမ်က စိုးရိမ်သွား၏
“မားမား အနာဂတ်မှာ သားလျော့စားတော့မယ်၊ သူတို့ကိုများများပေးလိုက်နော်”
လင်းလန်က ရယ်မောလိုက်သည်။
“မဟုတ်ဘူး၊ တကယ်လို့ မားမားတို့က အခြားသူတွေကို ကူညီချင်တယ်ဆိုရင်တောင်မှ မားမားတို့ဗိုက်ပြည့်နေဖို့ကိုလည်း သေချာအောင်လုပ်ရမယ်။ မားမားတို့ကိုယ်ကိုဖယ်ပြီး အခြားသူတွေကို ကူညီနေလို့မရဘူးလေ။ သူတို့ကိုကျ မားမားတို့မစားနိုင်တဲ့ ပြောင်းဆန်ကြမ်းတွေပေးလိုက်လို့ရတယ်”
အခုဆိုလျှင် သူမ၏မိသားစုက ကောက်လျန်နှင့် ပဲခေါက်ဆွဲများကိုမစားကြတော့ပေ။ ပဲစေ့များကိုမူ ပဲနို့နှင့်တို့ဖူးလုပ်ရန်အတွက်အသုံးပြုနေဆဲဖြစ်သည်။
ရှောင်ဝမ်:“ မားမား သားကတစ်ချိန်လုံးဖက်ထုပ်တွေချည်ဘဲမစားချင်တော့ဘူး။ ဘယ်လိုဘဲဖြစ်ဖြစ်ဖက်ထုပ်ကို စားမှဖြစ်မယ်ဆိုပြီးမရှိဘူးလေ ဖက်ထုပ်အတွက် ပိုက်ဆံကို အခြားစားစရာနှင့် လဲပြီးတော့ သူတို့ကိုကျွေးလိုက်လို့ရတယ်”
ကလေးများက ချိုချဉ်နှင့် သရေစာများစားရန်မလိုပါဘူးဟုဆိုလာကြကာ ထိုအတွက်ပိုက်ဆံကို အခြားစားစရာနှင့်လဲကာ ဆင်းရဲနေသည့်ကလေးများအား ကူညီပေးခိုင်းကြ၏။
သူမ၏ကလေးများက ကြင်နာကာ ကိုယ်ချင်းစာတတ်ကြသည်။ လင်းလန်က အလွန်ပျော်သွား၏။ သို့သော် သူတို့အား အလွန်အကျွံမကြင်နာတတ်ရန်နှင့် အကြင်နာတရားကို အလွှဲသုံးစားမလုပ်စေသင့်ကြောင်းကိုလည်း ဆုံးမလိုက်သည်။ အခြားသူများအားကူညီသည်မှာ မမှားသော်လည်း ကိုယ့်ကိုကိုယ်ကာကွယ်တတ်ရန် အရေးကြီးသေး၏။
သူမ၏အတိတ်ဘဝတွင် အိမ်ထောင်ပြုကာ ကလေးယူမည်ဟူ၍ အစီအစဉ်မရှိခဲ့ပေ။ သူမတွင် ဆွေမျိုးနီးစပ်သည့် ကြီးမားသောကုမ္ပဏီတစ်ခုရှိကာ တစ်ခါတစ်လေတွင် အခြားနိုင်ငံများအပေါ် လှူပေးတတ်သည်။ သူမ၏လှူဒါန်းမှုများအကြောင်း ဘယ်သူသတင်းပေးလိုက်သည်ကို မသိသော်လည်း ဝေ့ပေါ်နှင့် ဖုန်းခေါ်ဆိုမှုများ ပေါက်ကွဲထွက်လာ၏။ နေ့တိုင်းလိုလိုပင် လူတိုင်းက ဟိုလူကို လှူပေးပါဦး၊ ဒီလူကိုကူပေးပါဦးနှင့်
တောင်းဆိုလာကြကာ တစ်ချို့ကလည်း သူတို့ကိုမကူညီပေး၍ ဒေါသထွက်ကာ သူမအားပြစ်တင်ဆဲဆိုလာခဲ့ကြပေသည်။
လင်းလန်က အနာဂတ်တွင် သူ့ကလေးများကလည်း သူမကဲ့သို့ အခြေအနေနှင့် ကြုံတွေ့လာမည်ကို စိုးရိမ်မိ၏။ အထူးသဖြင့် စိတ်ထားနူးညံ့ကာ ကိုယ်ချင်းစာတတ်သည့်ရှောင်ဝမ်ပင်ဖြစ်သည်။ သူကအခြားသူများနှင့် မျှဝေခံစားရန်လွယ်ကူသလို အကြင်နာတရားလည်းထားတတ်ပေသည်။
တဝမ်နှင့် အားဝမ်က ဟန်ချင်စုန့်နှင့်အတူ လေ့ကျင့်ခန်းလိုက်လုပ်ကြ၏။ မိုင်စွေ့နှင့် ရှောင်ဝမ်က အိမ်တွင်နေခဲ့ကာ သူမအား ဂျုံမုန့်လုပ်ရန် ကူညီပေးကြ၏။ ထို့အပြင် အခြားသူများကို ကူညီရာတွင် ရှောင်ရှားရမည့် အချက်များအား လင်းလန်ရှင်းပြလာသည်ကို နားထောင်လိုက်ကြသည်။
“ တကယ်လို့ အခြားသူတွေကို ကူညီချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ်ကာကွယ်ဖို့က အရင်ဆုံးလုပ်ရမယ့်အချက်ဘဲ။ လုပ်ရမယ့် အကြောင်းတစ်စုံတစ်ရာရှိမနေသေးသရွေး လူတစ်ယောက်၏ဘဝကို ထိခိုက်နာကျင်စေအောင် ဘယ်သူ့ကိုမှလုပ်ဆောင်ခွင့်မပေးရဘူး”
အခုချိန်တွင်မူ ကလေးများကနားလည်သေးမည်မဟုတ်ချေ။ သို့သော်ငြား ပထအဆုံးအကြိမ်ကြားလိုက်ရသောအခါ အလွန်အထင်အမြင်ကြီးသွားတတ်ကြ၏။
အထူးသဖြင့် မိုင်စွေ့ဖြစ်သည်။ သူမ၏ယခင်ဘဝတွင် ရှန်ယွီ၏အချစ်ကိုမရခဲ့သောကြောင့် သေခြင်းအဆုံးသတ်ကိုရကာအကြိမ်ပေါင်းများစွာ သတ်သေခဲ့၏။ ထိုအရာက ဝတ္ထုထဲတွင် ချဲ့ကားပြောထားသည် ဆိုလျှင်တောင်မှ လင်းလန်ကထိုအရာအပေါ်အစောင့်အကြပ်ထားရမည်ဖြစ်သည်။ သူမမိုင်စွေ့အပေါ်တွင် သေသေချာချာ နစ်မြုပ်ထားကာ လူတွေကအချစ်ရေးရာကိစ္စများကိုဘဲ ဂရုစိုက်မနေသင့်ကြောင့်း၊ ကိစ္စများ ကြုံတွေ့လာရပါက မိဘနှင့် မောင်နှမများအကြောင်းပို၍တွေးပေးရန် စိတ်ထဲသွင်းပေးလိုက်သည်။
မိုင်စွေ့က ပြုံးကာပြန်ဖြေ၏။
“ မားမား သမီးကတော့ မားမား အရမ်းသတိကြီးနေပြီလို့ထင်တယ်၊ ဥပမာပြောရရင် ရေမကူးတတ်တဲ့ လူတစ်ယောက်က အခြားသူတွေကို ကယ်ဖို့အတွက်နဲ့ မြစ်ထဲပြေးဆင်းသွားလို့်မရဘူးလေ”
လင်းလန်က ပြုံးသာနေလိုက်သည်။ သူမကကလေးများကို အထူးအခြေအနေများအကြောင်း မပြောပြလိုက်ပေ။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်းချစ်သွားပြီဆိုပါက သူမက အန္တရာယ်ထဲတွင် ထိုလူအတွက်ဆိုပါက ပေးဆပ်ရန်ဆန္ဒရှိနေလိမ့်မည်။
ဒီလူက ချစ်သူတစ်ယောက်ဖြစ်နိုင်သလို မိသားစုထဲကချစ်ရသူများနှင့်လဲပစ်ရန် ထိုက်တန်သည်ဟုတွေးလိုက်မိသည့် သူများလည်းဖြစ်နေနိုင်၏။
မနက်စာစားပြီးနောက်တွင်ဟန်ချင်စုန့်က လင်းလန်နှင့်အလုပ်သွားကာ ကလေးများကသီးခြားစီ ကျောင်းသွားလိုက်ကြသည်။
လင်းလန်က တဝမ်ကိုလည်းပြောလိုက်၏။
“တဝမ်သားဒီနေ့ ကွန်မြူနတီက မားမားတို့စက်ဘီးကိုပြန်ယူလာလိုက်နော်၊ သားအဖေက အနာဂတ်မှာ အဲ့ဒါကိုစီးမှာမဟုတ်တော့ဘူး”
ကလေးများက နောက်ဆုံးတွင် စီးစရာစက်ဘီးရှိလာသဖြင့် အလွန်ပျော်သွားကြသည်။ သူတို့၏ ကျားနက်စက်ဘီးက အလွန်ကောင်းပါသော်လည်း သုံးယောက်သားရုန်းကန်နေရဆဲဖြစ်သည်။
စက်ဘီးနှစ်စီးရှိလာပြီဖြစ်သောကြောင့် အဆင်ပြေသွား၏။
ရှောင်ဝမ်က သူ့အကိုနှင့်အမများအတွက် အလွန်ပျော်သွားကာ ကျောင်းတွင်ပျော်နေခဲ့၏။ သူ့သူငယ်ချင်းများရောက်လာသောအခါ ရှောင်ဝမ်ကသီချင်းညည်းနေဆဲဖြစ်သည်။
“မိဘတွေက အိမ်မှာမရှိကွယ် ခွေး၊ကြက်၊ ဘဲကိုအစာကျွေးမယ်ခရမ်းသီး၊ ငရုတ်ပွသီးနဲ့ သခွားသီးတို့ကို ဆေးမယ်၊ ဆေးမယ်...”
ဒီတကြိမ်တွင် ဟန်ချင်စုန့်နှင့် လင်းလန်က ကွန်မြူနတီတို့မသွားပေ။ ယွီကျားရွာသို့သာ တိုက်ရိုက်သွားလိုက်သည်။ လော့ဟိုင်ချန်နှင့် ဟန်ချင်းယွမ်တို့က အိမ်မပြန်ဘဲ သူတို့လူများနှင့်အတူ ထိုရွာ၌နေခဲ့ကြရ၏။
Xxxxxxx
Part 790
သူတို့ရောက်လာသောအခါ ထန်ကျောက်ရှန်း၊ ထန်ကျောက်မင်နှင့် ဝမ်အိုက်ကော်တို့က
ယွီခန်းယီကိုဖမ်းရန် ဒေါသတကြီးအလိုရှိနေကြသော်လည်း လော့ဟိုင်ချန်နှင့် ဟန်ချင်းယွမ်တို့က တစ်လက်မမှမကပ်နိုင်အောင် တားထားကြ၏။
ထို့ကြောင့် ကွန်မြူနတီနှစ်ခုရှိ ရဲအရာရှိများက အချင်းချင်းရင်ဆိုင်နေကြရ၏။ ထန်ကျောက်ရှန်းက ဒေါသတကြီးအော်ဟစ်နေသော်လည်း လော့ဟိုင်ချန်နှင့် သူ့လူများကိုမပစ်ရဲပေ။ သူတို့ထဲမှ အများစုက လော့ဟိုင်ချန်၏ပြိုင်ဘက်များဖြစ်ကြသော်လည်း ကိုယ့်ရဲဘော်ရဲဘက်ကို အရင်ပစ်လိုက်သူသည် တော်လှန်ရေးသူပုန်ဖြစ်သွားလိမ့်မည်။
ကောင်တီက တစ်ယောက်ယောက်ရောက်လာရင် ကောင်းမှာဘဲ။
မူလတွင် သူခေါ်ဆိုလိုက်သဖြင့် ကောင်တီမှတစ်ယောက်ယောက်ရောက်လာမည်ဟု မျှော်လင့်ခဲ့သော်ငြား ဘယ်သူမှရောက်မလာခဲ့ပေ။ ရှန်ရွေ့ကွန်မြူနတီသို့သာ ဗျူရိုမှူးကောင်း ရောက်လာပြီး ဟန်ချင်စုန့်ကို တားရမည့်အစား သူ့အတွက်ကားတစ်စီးပေးသွား၏။
စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။
ထန်ကျောက်ရှန်း :“ ယွီခန်းယီမင်းက ဒီလိုမျိုးနဲ့ တပ်မဟာရဲ့အတွင်းရေးမှူးဖြစ်နေတာ၊ ပါတီနဲ့ လူတွေက မင်းကိုပေးထားတဲ့ ယုံကြည်မှုနဲ့ထိုက်တန်ရဲ့လား။ ရိုးရိုးလေးကို မင်းကလိုက်ရှုပ်နေတာဘဲ။ မင်းကိုအကြိမ်တစ်ရာလောက်ပစ်သတ်လိုက်ရင်တောင် မလုံလောက်ဘူး”
ယွီခန်းယီက ပြည်သူ့စားနပ်ရိက္ခာများကို ဝှက်ကာ သူခိုးများခိုးသွားသည်ဟု ပြောလာ၏။ ဒီအရာက အစိုးရနှင့် ကွန်မြူနတီအား အထင်သေးလိုက်ခြင်းဖြစ်သည်။ လူအများရှေ့တွင် ကြမ်းတမ်းစွာ သေဒဏ်မပေးပါက လုံလောက်မည်မဟုတ်ပေ။
ဤအချိန်တွင် ဟန်ချင်စုန့်က လင်းလန်နှင့်အတူ မသုံးဘီးဆိုင်ကယ်စီးကာရောက်လာပြီး ထန်ကျောက်ရှန်းဆီကို ဦးတည်လာ၏။ ထန်ကျောက်ရှန်းက ကြောက်လွန်း၍ မြေကြီးပေါ်ထိုင်ချလိုက်ကာ ဝမ်အိုက်ကော်က အမြန်ကူပေးလာရ၏။ အနားရှိလူများက ဟန်ချင်စုန့်အား အံ့ဩတကြီးကြည့်လိုက်ကြသည်။
ဝါးး ညွှန်မှူးဟန်က အံ့ဩစရာကြီး ။ ညတွင်းချင်းမှာ သေနတ်ပြောင်းဝကိုလှည့်လိုက်တယ်။
ဟန်ချင်စုန့်က ကားပေါ်မှဆင်းလာကာ လင်းလန်ကိုကူညီပေးလိုက်သည်။ သူကထန်ကျောက်ရှန်းကို တစ်ချက်ကြည့်ကာ လော့ဟိုင်ချန်အားလှည့်ပြောလိုက်သည်။
“ ထန်ကျောက်ရှန်းနဲ့ ထန်ကျောက်မင်ကို လက်ထိပ်ခတ်လိုက်”
“ဟုတ်ကဲ့ပါ”
လော့ဟိုင်ချန်နှင့် ဟန်ချင်းယွမ်က သူတို့လူများနှင့်အတူ လက်ထိပ်ကိုယူကာ သွားလိုက်ကြသည်။
“ဘာလို့ငါ့ကိုဖမ်းတာလဲ၊ ဘယ်သူလုပ်ရဲလဲ”
ထန်ကျောက်ရှန်းက အလျင်စလိုဖြစ်သွားကာ နောက်ဆုတ်သွားပြီး သူတို့ကွန်မြူနတီမှ စစ်အရာရှိများကို ကာကွယ်စေလိုက်သည်။
ဝမ်အိုက်ကော်က ဖြန်ဖြေရန်အရှေ့တိုးလာသော်လည်း လော့ဟိုင်ချန်ထံမှ အကန်ခံလိုက်ရ၏။
“ ခေါင်းဆောင်ဟန်က မင်းကိုဖမ်းဖို့မပြောခဲ့ပေမယ့် အဲ့ဒါက မင်းလည်းအဆင်ပြေနေမယ်လို့ မဆိုလိုဘူးနော်၊ ထွက်သွားစမ်း”
ဟန်ချင်းယွမ်က ထန်ကျောက်ရှန်းကို လက်ထိပ်ခတ်လိုက်ပြီဖြစ်သည်။
ထန်ကျောက်မင်က စစ်တပ်၏ဝန်ကြီးတစ်ယောက်ဖြစ်ကာ စစ်မှုထမ်းဟောင်းဖြစ်၏။ ထို့ကြောင့် မတိုက်ခိုက်ဘဲနှင့် ဖမ်းဆီးနိုင်မည်မဟုတ်ပေ။ သို့သော် သူခုခံတော့မည် အချိန်တွင် ဟန်ချင်စုန့်က သူ့ခြေထောက်ကိုဖြတ်ကန်လိုက်ကာ မြေကြီးပေါ်ဒူးထောက်သွားစေ၏။
“ဟန်ချင်စုန့် မင်းမှာ လူတွေကိုကြိုက်သလိုဖမ်းဖို့ အခွင့်အရေးမရှိဘူး”
ထန်ကျောက်ရှန်း၏ ပုံမှန်ကြင်နာမှုက ပျောက်ကွယ်သွားပြီဖြစ်ကာ သူ့အမူအရာက တင်းမာလာ၏။
ဟန်ချင်စုန့်က အေးစက်စက်ပြောလာ၏။
“ ငါကမင်းကို ဖမ်းနိုင်ရုံတင်မကဘူး၊ သတ်လိုက်လို့လည်းရတယ်”
အကယ်၍ ငါမင်းကိုရိုက်လိုက်မိရင် အများဆုံးအနေနဲ့ ညွှန်မှူးမဖြစ်တော့ရုံဘဲရှိမှာ။
ထန်ကျောက်ရှန်းက စကားထပ်ပြောရန် ကြောက်သွား၏။
ဟန်ချင်စုန့်က လော့ဟိုင်ချန်ကိုပြောလိုက်သည်။
“ယွီခန်းယီနဲ့ အသင်းခေါင်းဆောင်တွေကိုလည်း လက်ထိပ်ခတ်လိုက်ပါ”
လော့ဟိုင်ချန်က ခနလောက်တွန့်ဆုတ်သွားကာ ဟန်ချင်စုန့်နားကပ်လာပြီး တိုးတိုးပြောလာ၏။
“ ခေါင်းဆောင်ဟန် လက်ထိပ်တွေမရှိတော့ဘူး” ကွန်မြူနတီမှာက လက်ထိပ်အကန့်အသတ်နဲ့ဘဲ ရှိတာ။
ဟန်ချင်စုန့်:“....ကြိုးနဲ့တုပ်လိုက်”
ယွီခန်းယီက ဘာမှကန့်ကွက်မှုရှိမနေပေ။ သူက သေခြင်းတရားအား အိမ်မှာရှိနေသလိုပင်ကြည့်နေလိုက်သည်။ အကယ်၍သူသာအပစ်ခံလိုက်ရသော်လည်း အဖွဲ့ဝင်များက ဝေစုခွဲနိုင်မည်ဆိုပါက ထိုက်တန်သောသေခြင်းတရားပင်ဖြစ်သည်။
ဤအချိန်တွင် ရွာထဲမှရွာသားများက ပြေးထွက်လာကာ တောင်းပန်လာကြ၏။
“ မဖြစ်ဘူး၊ အတွင်းရေးမှူးနဲ့ ခေါင်းဆောင်တွေကို မဖမ်းသွားပါနဲ့ တောင်းဆိုပါတယ်”
“ကျွန်တော်တို့အတွင်းရေးမှူးက လူကောင်းပါဗျာ၊ သူက ဘာဆိုးဝါးတာကိုမှ မလုပ်ဖူးပါဘူး”
“အတွင်းရေးမှူး စားစရာတွေကို သိမ်းထားတာကလည်း ကွန်မြူနတီအဖွဲ့ဝင်တွေအတွက်ကြောင့်ပါ၊ သူ့အတွက်မဟုတ်ပါဘူး”
“....”
ဟန်ချင်စုန့်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ကွန်မြူနတီအဖွဲ့ဝင်များနှင့် အဓိပ္ပါယ်မရှိသည်များကို ပြောမနေနိုင်ပေ။ သူက လော့ဟိုင်ချန်ကိုလက်ရမ်းပြလိုက်ကာ အရင်ထွက်သွားခိုင်းလိုက်သည်။
လင်းလန်က ဟန်ချင်စုန့်၏ အေးစက်သောအပြုအမူသည် ရွာသားများအား စိတ်လှုပ်ရှားသွားစေကာ အဓိကရုဏ်းများထပ်ဖြစ်လာမည်ကို စိုးရိမ်မိသဖြင့် သူမက အလျင်အမြန်ဝင်ပြောလိုက်သည်။
“ကွန်မြူနတီအဖွဲ့ဝင်တွေက အထင်လွဲနေတာပဲ။ ညွှန်မှူးဟန်က သူတို့က တရားရင်ဆိုင်ဖို့ ကော်မတီဆီခေါ်သွားတာပါ၊ အပစ်ခံရမှာမဟုတ်ဘူး၊ မစိုးရိမ်ပါနဲ့”
လင်းလန်က ဟန်ချင်စုန့်ဆိုလိုချင်သည်ကို နားလည်၏။ သူက ယွီခန်းယီနှင့်အခြားသူများကိုပဲ သတ်လိုက်ရမည်လား၊ သို့မဟုတ် သူကအခြေအနေကိုပြောင်းလဲလိုက်ကာ ချင်းရှီကွန်မြူနတီမှ တပ်မဟာများ သည် အခြားတပ်မဟာများလိုဘဲ ဝေစုခွဲနိုင်အောင် လုပ်ပေးလိုက်သင့်လားကို စိုးရိမ်နေခြင်းဖြစ်သည်။
“ ညွှန်မှူးဟန် ခင်ဗျားကျွန်တော်တို့အတွက် ဆုံးဖြတ်ပေးမှရမယ် ဝေစုတွေခွဲပေးပါ....”
“ ကျွန်တော်တို့ အနူးအညွတ်တောင်းဆိုပါတယ်”
ကြီးမားသောလူအုပ်ကြီးတစ်ခုက ဒူးထောက်လာကာ ငိုကြွေးနေကြ၏။
လင်းလန်က သူမအသံများခက်ထန်လာသည်အထိ သူတို့ကိုအော်လိုက်သည်။
“အကုန်လုံးထကြပါ ၊ ဒူးထောက်နေလို့မရဘူး၊ ရှင်တို့က ညွှန်မှူးဟန်ကို အသတ်ခံရအောင်လုပ်နေတာပဲ”
လူတစ်ယောက်တည်းကို အလုပ်အကျွေးပြုခြင်းက မလွယ်ကူပေ။
ညွှန်မှူးဟန်က အသတ်ခံရမည်ဟုကြားလိုက်ရသောအခါ လူတိုင်းက ဝေစုမတောင်းရဲတော့ပေ။အားလုံးက ထရပ်လိုက်ကြသည်။
လင်းလန်က အစည်းအဝေးတွင် သင်ယူခဲ့သည့် စကားလုံးများကိုထုတ်ကာ ကြွေးကြော်လိုက်သည်။
“ ကေဒါတစ်ယောက်အနေနဲ့ အဖွဲ့ဝင်တွေကိုအမှုဆောင်ပေးပြီး အဖွဲ့ဝင်တွေရဲ့ ရင်တွင်းခံစားချက်တွေကို သယ်ဆောင်ထားရမှာ။ အဲ့ဒါက ငါတို့လုပ်သင့်တဲ့အရာဘဲ။ ရှင်တို့တွေအလုပ်ကြိုးစားထားရင် ဝေစုနဲ့ထိုက်တန်တယ်။ စိတ်မပူပါနဲ့၊ ညွှန်မှူးဟန်က သူအတတ်နိုင်ဆုံးလုပ်ပေးပါလိမ့်မယ်”
Xxxxx