အပိုင်း ၇၉၁-၇၉၂
Viewers 37k

Part 791


ထို့နောက် သူမလုပ်‌လာသော ဂျုံမုန့်များကို ထုတ်လိုက်သည်။


“ညွှန်မှူးဟန်က ကျွန်မတို့မိသားစုရဲ့ လတ်တလောခွဲတမ်းတွေကို ယူထုတ်လာခဲ့တယ်၊ ကျွန်မလည်း ဂျုံမုန့်ပေါင်းတွေယူခဲ့တယ်။ ညတုန်းက ကလေးတွေနဲ့ အတူလုပ်ထားတာ။ တစ်ယောက်မှာ ခွန်အားသိပ်မရှိရင်တောင်မှ မျှဝေလို့ရပါသေးတယ်၊ ကလေးတွေကိုပေးလိုက်ပါ”


အဖွဲ့ဝင်များက ကန့်ကွက်စရာမရှိပေ။ ယွီကုချိုင်နှင့် ကလေးတစ်အုပ်က ဂျုံမုန့်များကိုယူရန် ထွက်လာကြ၏။


ယွီကုချိုင်က ရှက်ရွံ့နေမိ‌ဆဲဖြစ်သည်။


“မမ သမီးတို့မှာ ကျောက်တုံးတွေမရှိတော့ဘူး”


လင်းလန်က ပြုံးကာပြန်ဖြေ၏။

“ဘာမှမဖြစ်ပါဘူး၊ နောက်တစ်ခါကျမှ မမယူမယ်လေ”


ယွီကုချိုင်က သိချင်စွာမေးလိုက်သည်။

“ မမ ဒီကျောက်တုံးတွေနဲ့ ဘာလုပ်မလို့လဲ”


လင်းလန်:“..အမက....အိမ်က လမ်းခင်းမလိုလေ၊ အနီ၊အဝါ၊အပြာ၊ခရမ်းရောင်စုံနဲ့ဆိုတော့ သက်တန့်လေးလိုဖြစ်နေမှာ”


ယွီကုချိုင်:“ ဒါဆိုအရမ်းလှနေမှာဘဲ”


ကလေးအနည်းငယ်က လင်းလန်ကို ဝန်းရံလာကြကာ အရင်တစ်ခါကလို ရှက်ရွံ့မနေတော့ပေ။ ထိုအစား တတွတ်တွတ်စကားပြောလာကြ၏။


“ အရာရှိလင်း အနာဂတ်မှာ အပြာရောင်ကျောက်တွေကို ကူရှာပေးပါ့မယ်။ ပြီးရင် သက်တန့်လမ်းလေးခင်းဖို့ လာပေးမယ်”


“ဟုတ်တယ်၊ သားတို့ မမအတွက်ရှာထားပေးမယ်”


ဂျုံမုန့်များကို ခွဲပေးလိုက်ပြီးနောက် လင်းလန်က သူတို့ကိုအလုပ်လုပ်ရန် အားပေးလိုက်သည်။


“ ရဲဘော်တို့၊ စိုက်ခင်းထဲမှာ စိုက်ပျိုးတာက နှောင့်နှေးသွားလို့မရဘူး၊ အခက်အခဲရှိလိမ့်မယ်၊ ဒါပေမယ့်ကျော်ဖြတ်နိုင်မှာပါ။ အံကိုတင်းတင်းကြိတ်ပြီးတော့ ငါတို့အရှေ့က ဒုက္ခကိုဖြတ်ကျော်ကြမယ်။ ဆောင်းရာသီရိတ်သိမ်းမှုရောက်လာရင် ပေါများတဲ့ရိတ်သိမ်းမှုဖြစ်လာလိမ့်မယ်”


“ခေါင်းဆောင်ဟန်ကိုယုံပါတယ်”


“ အခုကစပြီး အလုပ်လုပ်တော့မယ်”


ယွီခန်းယီက ဟန်ချင်စုန့်ဘက်လှည့်လာကာ သူဘာပြောချင်လဲဆိုသည်ကို ကြည့်လိုက်သည်။ သို့သော်ဟန်ချင်စုန့်က ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်။ ယွမ်ထင်းနှင့် ယွဲ့ကျီတို့က အလှုပ်အရှားမရှိသလိုရပ်နေကြကာ သူ့ကိုအာရုံမစိုက်လာကြပေ။


သူက အရာရှိလင်းကိုကြည့်လိုက်သည်။

“ အရာရှိလင်း”


လင်းလန်က သူ့ဆီလျှောက်လာ၏။

“အတွင်းရေးမှူးယွီ”


ယွီခန်းယီက ခါးသီးစွာပြောလာသည်။


“ ကျွန်တော့်ကို အတွင်းရေးမှူးလို့‌မခေါ်ပါနဲ့တော့၊ တပ်မဟာထဲမှာ စားစရာတစ်ချို့ရှိနေသေးတယ်။ အဲ့ဒါကို ကွန်မြူနတီအဖွဲ့ဝင်တွေဆီ ဝေပေးရမှာ။ သုံးရက်တစ်ကြိမ်ပါ၊ စာရင်းကိုင်ကို...သူတို့ဆီစားစရာပေးခိုင်းလိုက်ပါ”


ယေဘုယျအားဖြင့် ပုံမှန်လေ့ကျင့်မှုအတိုင်းဆိုလျှင် အတွင်းရေးမှူးနှင့် တပ်မဟာခေါင်းဆောင်အဖမ်းခံလိုက်ရပါက စာရင်းကိုင်က ယာယီသဘောဖြင့် ကိစ္စရပ်များကို ကိုင်တွယ်ခွင့်ရှိ၏။ ယွီကျားရွာ၏ စာရင်းကိုင်မှာ အသက်25နှစ်အရွယ်ရှိကာ ကျီချင်(ပညာတတ်လူငယ်)တစ်ယောက်ဖြစ်သည့် ဝမ်ကောအန်ဖြစ်သည်။ သူက လေဒဏ်မိုးဒဏ်ခံထားရသဖြင့် ဆံပင်များက ဖြူဖွေးနေပြီဖြစ်သည်။သူ့ပုံစံက ကံကြမ္မာအပြောင်းအလဲကို အလွန်အမင်း‌ခံစားထားရသည့်ပုံပင်။


သူကဟန်ချင်စုန့်နှင့် လင်းလန်ကို နှုတ်ဆက်လာ၏။


လင်းလန်: “ ရှင်က ဘယ်နေရာကလာတဲ့ ကျီချင်လဲ”


ဝမ်ကောအန်:“ အရာရှိလင်း ကျွန်တော်က ကျွန်တော်တို့ကောင်တီက ကျီချင်ပါ၊ ဒေသခံကောင်တီကပါ။ ကျွန်တော်က1967မှာ ပင်းပေအလယ်တန်းကျောင်းကနေ ဘွဲ့ရခဲ့ပြီး ကျေးလက်ကို တိုက်ရိုက်ရောက်လာတာပါ”


လင်းလန်:“ အလုပ်ကြိုးစားပေးလို့ ကျေးဇူးပါ”


ယွီကျားရွာရှိ စာရင်းကိုင်က တကယ်ကို ကျီချင်တစ်ယောက်ဖြစ်နေသည်။ လင်းလန်က အလွန်သိချင်မိသွားသည်။ အကြောင်းမှာ ပုံမှန်တပ်မဟာများက ကျီချင်တစ်ယောက်ကို ဤကဲ့သို့အရေးကြီးသည့် နေရာတွင် တာဝန်မပေးတတ်ကြ၍ဖြစ်သည်။ နောက်ဆုံးတွင် ကျီချင်အားလုံးက အပြင်လူများဖြစ်နေဆဲဖြစ်သည်။


ဟန်ချင်စုန့်က လော့ဟိုင်ချန်နှင့် ဟန်ချင်းယွမ်တို့အား လူများကိုကောင်တီဆီခေါ်သွားခိုင်းလိုက်သည်။ 


သူကလည်း ကွန်မြူနတီနှင့်ရွာ၏ အချက်အလက်ဖိုင်တစ်ချို့ကို ယူလိုက်ကာ စိစစ်ရေးအတွက် ကောင်တီသို့သွားရမှာဖြစ်သည်။


ပုံမှန်အားဖြင့် ဤကဲ့သို့ စိစစ်ရေးအတွက် ကြီးကြပ်ရန် တစ်ယောက်ယောက်လွတ်ပေးလိုက်ရုံတင်ဖြစ်ကာ အကျဉ်းသားကို ရွှေ့ပြောင်းစရာမလိုပေ။ သို့သော် ဟန်ချင်စုန့်က တစ်ယောက်ယောက်ကိုပို့လိုက်လျှင် အသုံးမဝင်ဟုခံစားနေမိသည်။  စားပွဲကိုရိုက်ပြီးတိုက်ခိုက်ရန် သူကိုယ်တိုင် ကောင်တီသို့သွားရလိမ့်မည်။


နေ့လယ်ခင်းတွင် ယွီခန်းယီ၏ဇနီးက ချက်ပြုတ်ပြီးသောအခါ လင်းလန်တို့အား  စားရန် ခေါ်လာသော်လည်း လင်းလန်ကငြင်းလိုက်၏။ သို့သော် သူမက အတင်း‌ဆွဲခေါ်လာ၏။  သူမတွင် တစ်ခုခုပြောစရာရှိနေလောက်မည်ကို သိလိုက်သောအခါ လင်းလန်လိုက်သွားလိုက်သည်။


ယွီခန်းယီ၏ဇနီးက အသီးအရွက်ဖက်ထုပ်လုပ်ထားကာ ပဲနီကလေးများကို အစာသွပ်ထား၏။


လင်းလန်က သူမကိုတစ်ချက်ကြည့်လိုက်သည်။ အခုချိန်တွင်တောင် ဖက်ထုပ်လုပ်ချင်စိတ်ရှိသေး၏။


“မရီး အရမ်းဒုက္ခ‌များနေပါ့မယ်”


“ ကိစ္စမရှိပါဘူး၊ ကြက်သွန်ဖြူစားလား”


လင်းလန်က ခေါင်းခါပြလိုက်သည်။


သူမက လင်းလန်အတွက် ဖက်ထုပ်တစ်ပန်းကန်ချပေးလာ၏။


“ အရာရှိလင်း စားပါဦး”


လင်းလန်က မစားရဲပေ။


“ အမမှာ ပြောစရာတစ်ခုခုရှိတယ်ဆိုရင် ပြောလိုက်ပါ”


ဇနီးသည်ဖုန်းက အပြင်ကိုကြည့်လိုက်ပြီးနောက် ရုတ်တရက်ပင်မျက်လုံးများနီရဲလာ၏။


“အရာရှိလင်း ကျွန်မတို့မိသားစုက မြည်းအိုကြီးက စိတ်မြန်တတ်လို့ပါ၊ ကျွန်မသူ့ကို အတင်းမဖြန်ဖြေခဲ့မိဘူး၊ ဒါပေမယ့်.....အဲ့ဒီအကြံကို သူထုတ်လာတာမဟုတ်ပါဘူး၊ သူ့ကိုမပစ်သတ်ပါနဲ့”


လင်းလန်:“ ခေါင်းဆောင်လား”


“ မဟုတ်ဘူး၊ အဲ့ဒီလယ်သမားအိုကြီးတွေက ဘယ်လိုလုပ်ပြီး ဒီလောက်အသိဉာဏ်ရှိနိုင်မှာလဲ”


လင်းလန်က ချက်ချင်းနားလည်သွား၏။

“အဲ့ဒါက ဝမ်....”

 

သူမက ခေါင်းညိတ်ပြလိုက်သည်။


“သူက ပညာတတ်၊ ကျွန်မတို့တပ်မဟာကို သူပဲအကြံပေးလာတာ။ လူအိုကြီးက သူ့စကားဆိုအမြဲနားထောင်တယ်။ အသိအသာကို သူ့အကြံဖြစ်ပေမယ့် ကျွန်မရဲ့လူအိုကြီးကဘဲ အဖမ်းခံလိုက်ရတယ်။ သူက ဘာမှမပြောလာဘူး၊ ဒီအတိုင်းလက်ခံလိုက်တယ်။အနာဂတ်မှာသူက အတွင်းရေးမှူးဖြစ်နိုင်ဦးပါ့မလား”


လင်းလန်က ခေါင်းညိတ်ပြလိုက်သည်။


“ ကျေးဇူးပါအမ”


လင်းလန်က ဖက်ထုပ်7ခု8ခုလောက်စားလိုက်ပြီးနောက်တွင် ဆက်မစားနိုင်တော့ပေ။


“ ဖက်ထုပ်တွေက အရမ်းအရသာရှိတယ် ကျေးဇူးပါအစ်မ”


သူမက လင်းလန်ကိုထပ်စားစေချင်သေးသော်လည်း လင်းလန်ကငြင်းဆန်လိုက်သည်။ လင်းလန်ကပါးစပ်သုတ်လိုက်ကာ ဆယ်ဆင့်ပြားတစ်ပြားနှင့် စားစရာတံဆိပ်ခေါင်းလေးခုကို စားပွဲပေါ်တင်ပေးလိုက်သည်။ ထို့နောက် လင်းလန်က ဟန်ချင်စုန့်ကိုသွားရှာလိုက်သည်။


ဇနီးသည်ဖုန်းက စားစရာကူပွန်များကိုကြည့်ကာ မျက်ရည်သုတ်လိုက်သည်။


“ဒါကမှ ကွန်မြူနတီကလူတွေရဲ့ကေဒါဘဲ၊ ငါတို့ကျေးလက်ကိုလာတဲ့ ကေဒါဘယ်နှစ်ယောက်လောက်တောင် ငါစားစရာလုပ်ကျွေးပြီးသွားပြီလဲ၊ ဒါပေမယ့် တစ်ယောက်မှ စားစရာကူပွန်မပေးလာခဲ့ကြဘူး”


ဟန်ချင်စုန့်က ရဲအရာရှိနှစ်ယောက်နှင့် နေ့လယ်စာစားနေ၏။ အစားအစာအတွက် စားစရာကူပွန်များပေးကာ  လူတစ်ယောက်က တစ်နေ့လျှင် စားစရာကူပွန် 15ဆင့်စာဖြစ်သည်။ နေ့လယ်စာအတွက် 6ဆင့်အပြင် စားစရာကူပွန်4ခုထပ်ပေးရ၏။


လင်းလန်က သူ့ဆီသွားလိုက်ကာ စကားအနည်းငယ်တီးတိုးဆိုလိုက်သည်။


သူမပြောသည်ကို နားထောင်ပြီးသောအခါ ဟန်ချင်စုန့်က လှည့်ကြည့်လိုက်သည်။ ဝမ်ကောအန်က ကွန်မြူနတီအဖွဲ့ဝင်များအား စားစရာဝေပေးနေကာ သူ့ပုံစံက တာဝန်ကိုဂရုတစိုက်လုပ်နေပုံပေါ်၏။


ဟန်ချင်စုန့်:“ သူထွက်မပြေးနိုင်ပါဘူး၊ ဝေစုနဲ့ပတ်သက်တာကို အရင်ဖြေရှင်းကြတာပေါ့”


Xxxxxxxx

Part 792


ဝမ်ကောအန်သည် သူနှင့်ယွီခန်းယီကြားတွင် ဘယ်သူကကြိုးကိုင်သူလဲဟူသည့် မေးခွန်း၏အဖြေပင်ဖြစ်သည်။ ဝေစုများနှင့် လုပ်စရာကအနည်းငယ်သာပါ၏။ ဒီတစ်ကြိမ်တွင် အခြားအပိုပြသနာများက ဝေစုပြသနာအပေါ်ထပ်ချိတ်လာကာ အရင်‌ဆုံးဝေစုပြသနာကို ဖြေရှင်းပြီးမှ ဒါကိုကိုင်တွယ်နိုင်မှာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဘယ်သူမှထွက်ပြေးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် နောက်ထပ်ရဲအရာရှိတစ်ယောက်ကို ဤရွာတွင်ကူညီထားခိုင်းလိုက်ကာ တစ်ဖက်တွင်လည်း ဝမ်ကောအန်၏လှုပ်ရှားမှုများကို စောင့်ကြည့်ထားခိုင်းလိုက်သည်။


ဟန်ချင်စုန့်က ယွီကျားရွာတွင် ကြီးကြပ်ရန် ရဲအရာရှိ2ယောက်ကို ထားခဲ့လိုက်သည်။


သူက လင်းလန်ကိုခေါ်ကာ ဖိုင်တွဲများကို ရှင်းလင်းလိုက်သည်။ ထို့နောက် ရှန်ရွေ့ကွန်မြူနတီသို့ ပြန်သွားကာ လင်းလန်ကိုအရင်ဆုံး ကွန်မြူနတီတွင် ချပေးလိုက်သည်။


လင်းလန်:“ စန်းကော ကျွန်မအဖော်လိုက်ပေးရမလား”


ဟန်ချင်စုန့်က ခေါင်းခါလိုက်သည်။


“ မင်းအိမ်ပြန်နှင့်လိုက်ပါ ”


သူက သူမမျက်နှာကိုပွတ်လိုက်ပြီးနောက် ကောင်တီသို့သွားလိုက်သည်။


လင်းလန်က အော်ပြောလိုက်သည်။

“ စန်းကော ဖိအားမများနဲ့နော် ရှင့်ပေါ်ပဲမူတည်နေတာ”


သုံးဘီးဆိုင်ကယ်၏အရှိန်က သဘာဝကျစွာပင် စက်ဘီးတစ်စီးထက်ပိုမြန်၏။ သူကောင်တီသို့ရောက်သွားချိန်တွင် နေတောင်မဝင်သေးပေ။


လော့ဟိုင်ချန်က သူရောက်လာသည်ကိုမြင်သောအခါ ချက်ချင်းပင်တော်လှန်ရေးကော်မတီမှ အခြေအနေများကို သတင်းပို့လာ၏။ တော်လှန်ရေးကော်မတီအတွင်းတွင် ဖရိုဖရဲဖြစ်နေလေသည်။ လက်ထောက်ညွှန်မှူးလီက အစည်းအဝေးခန်းထဲတွင် ဆက်တိုက်ကိုစားပွဲရိုက်နေပြီး ဟန်ချင်စုန့်ဘာလို့မလာသေးလဲဆိုသည်ကို မေးနေ၏။ရောက်လာလျှင် သူတို့ကိုခေါ်လိုက်ဟုပြောနေခဲ့သည်။


ဟန်ချင်စုန့်ရောက်လာလာချင်းပင် တော်လှန်ရေးကော်မတီတွင် လူစုလာ၏။ ညွှန်မှူးချင်နှင့် လက်ထောက်ညွှန်မှူးများ ၊ ညွှန်မှူးဟောင်း၊ လက်ထောက်ဗျူရိုမှူးကောင်း၊ လက်ထောက်ဗျူရိုမှူးလီ အစရှိသည်တို့က အစည်းအဝေးခန်းထဲတွင်စုဝေးလာ၏။


လက်ထောက်ဗျူရိုမှူးလီက စားပွဲကိုရိုက်ကာ ယွီခန်းယီကိုသတ်ရန် ဟန်ချင်စုန့်အား ခြိမ်းခြောက်လာ၏။


“ တကယ်လို့ ခင်ဗျားသာ ယွီခန်းယီကို မသတ်ရင် သဘာဝဥပဒေကိုဆန့်ကျင်လိုက်တာဘဲ”


ကောင်းဝေ့တုန်းက နှာခေါင်းရှုံ့လိုက်သည်။

“ လက်ထောက်ဗျူရိုမှူးလီက ကောင်းကင်ရဲ့ဥပဒေလား”


လက်ထောက်ဗျူရိုမှူးလီ :“ ဝင်မနှောင့်ယှက်ပါနဲ့။ တကယ်လို့မင်းသာ ယွီခန်းယီကို မသတ်ရင် အကျိုးဆက်အနေနဲ့ အနာဂတ်မှာ အစိုးရကို စိတ်မကျေမနပ်ဖြစ်စေခဲ့ရင် အသိမှတ်အပြုမခံရဘဲ လှုပ်ရှားမှူသေးသေးလေးတွေနဲ့တင် ဖယ်ထုတ်ခံလိုက်ရမှာ ၊ အဆင်ပြေလို့လား ”


သူကဟန်ချင်စုန့်အား နီးကပ်စွာကြည့်လိုက်ပြီးနောက် စိတ်ပြောင်းသွားကာ ပြသနာရှာလာပြန်၏။


တကယ်စိတ်ရှုပ်ဖို့ကောင်းတယ်။


ဟန်ချင်စုန့်:“ ထန်ကျောက်ရှန်းကို ယွီခန်းယီမတိုင်ခင်အရင်သတ်ရမယ်”


“ထန်ကျောက်ရှန်းက ပါတီအဖွဲ့ဝင်ကွ၊ သူကကွန်မြူနတီရဲ့ ကေဒါတစ်ယောက်”


“ လျိုချင်းရှန်နဲ့ ကျန်းကျီရှန်းတို့ကရော ကွန်မြူနတီရဲ့ ကေဒါတွေ မဟုတ်ဘူးလား”

ဟန်ချင်စုန့်က ပြန်ပြောလာ၏။


လက်ထောက်ဗျူရိုမှူးလီက ရုတ်ချည်းဆိုသလို ထုံထိုင်းသွားကာ သူ့မျက်နှာကနီရဲတက်လာ၏။ ဒီလူများ မျောက်ကိုသတ်ပြီး ကြက်ကိုခြောက်ချင်နေခြင်းဖြစ်သည်။ သူထန်ကျောက်ရှန်းကိုသာမက ထန်ကျောက်ရှန်းအနောက်ရှိ လူများကိုပါ ရည်ရွယ်နေခြင်းဖြစ်သည်။ သူက ညွှန်မှူးကျားနှင့် လက်ထောက်ညွှန်မှူးများကို‌ကြည့်လိုက်သည်။


“ ကျွန်တော့်မှာ တကယ်ပြောစရာမရှိတော့ပါဘူး”


အခုကာလများတွင် အစည်းအဝေးကို စားပွဲများရိုက်ပြီး ပြုလုပ်ကြကာ တစ်ယောက်နှင့်တစ်ယောက် လည်ပင်းထူထူများ နီရဲလာသည်အထိ ငြင်းခုန်ကြလေ့ရှိသည်။ တော်လှန်ရေးကော်မတီမှ အစည်းအဝေးများသည်လည်း ခြွင်းချက်မဟုတ်ပေ။ ထို့ကြောင့် သူတို့ဒေါသထွက်လာလျှင်တောင် ဘယ်လိုမှမထင်ကြပေ။


ညွှန်မှုးကျားက ပြီးခဲ့သည့်နှစ်တွင် သူ့ထိုင်ခုံဖယ်ပေးရကာ ဝေးလံသည့်ကော်မတီတစ်ခုခုသို့ သွားရမည်ဟုထင်ခဲ့သော်ငြား သူကအခုထိဒီနေရာတွင် ထိုင်နေရဆဲဖြစ်သောကြောင့် အနည်းငယ်စိတ်အားထက်သန်နေ၏။ သူကဘာမှမပြောလာဘဲ ငြင်းခုန်မှုကို သာ စိတ်လှုပ်တရှားကြည့်နေလိုက်သည်။


ညွှန်မှူးဟောင်းကလည်း စိတ်လှုပ်ရှားစရာကိုကြည့်နေလိုက်ကာ ဘာမှမပြောလာပေ။ သူက လွန်ခဲ့သည့်နှစ်တွင် ပင်စင်ယူရမည်ဖြစ်သော်ငြား ပြည်သူ့အတွက် တော်လှန်ရေးကို သူတတ်စွမ်းသမျှ အကောင်းဆုံးလုပ်ရန် တာဝန်ရှိသဖြင့် ညွှန်မှူးအသစ်က သူ့နေရာကိုဆက်ခံလိုက်သောအခါတွင်တောင်မှ ဤနေရာတွင်ရှိနေရခြင်းဖြစ်သည်။


“ထန်ကျောက်ရှန်းကို သတ်စရာမလိုပါဘူး”

ဟန်ချင်စုန့်က ထပ်ပြောလာ၏။


လက်ထောက်ဗျူရိုမှူးလီက သူ့ကိုစိုက်ကြည့်လိုက်သည်။


“ အရမ်းကြင်နာတတ်တာဘဲလား၊ ဘာလို့ မင်းကိုမင်း အရမ်းလူသတ်ချင်သလို ပြောနေရတာလဲ”


ဟန်ချင်စုန့်:“ သေသင့်တဲ့သူကို သတ်ရမှာဘဲ”


အကယ်၍လက်ထောက်ဗျူရိုမှူးလီသာ သူဟန်ချင်စုန့်ကို မရိုက်နိုင်သည်ကို မသိပါက ရိုက်နှက်ကန်ကျောက်လိုက်ပြီဖြစ်ကာ သေနတ်‌ကို‌ထုတ်တာ ပစ်တောင်ပစ်လာနိုင်၏။


နှမြောစရာက သူ့လက်သီးကဟန်ချင်စုန့်လောက်မပြင်းသလို ဟန်ချင်စုန့်လောက်လည်း သေနတ်ကိုမြန်မြန်မထုတ်နိုင်ပေ။ ထို့အပြင် သူ၏ရာထူးကလည်း ဟန်ချင်စုန့်ထက်မြင့်မနေပေ။


သေလောက်အောင် မွန်းကြပ်တာဘဲ။


ကောင်းဝေ့တုန်းတစ်ယောက် ဟန်ချင်စုန့်ဆီသွားကာ သုံးဘီးဆိုင်ကယ်ပေးခဲ့ပြီး ဟန်ချင်စုန့်ကလည်း လက်ခံခဲ့သည်ကို တွေးလိုက်မိသောအခါ သူဒေါသထွက်လာ၏။ ဤလူနှစ်ယောက်က ပူးပေါင်းလိုက်ပြီဟု သူခံစားနေမိကာ နောက်တစ်ဆင့်က နှစ်ယောက်ပေါင်းကာ သူ့ကိုကိုင်တွယ်လာလိမ့်မည်။


ကောင်းဝေ့တုန်း :“ ပစ်မသတ်လိုက်သင့်တဲ့ အခြေအနေက ဘာတွေလဲ”


ဟန်ချင်စုန့်က ဘာမှမပြောလာဘဲ ညွှန်မှူးကျားကိုသာကြည့်လိုက်သည်။


ညွှန်မှူးကျားက အနည်းငယ်အသက်မပါနေပေ။

“ချင်းရှီကွန်မြူနတီနဲ့ ဝေစုကိစ္စစည်းကမ်းတွေက အရင်ကောင်တီအစိုးရလုပ်ထားခဲ့တာ။ အခုတော်လှန်ရေးကော်မတီကလည်း ဒီပေါ်လစီကိုလိုက်နာကြတယ်”


နှစ်တွေအများကြီးကြာခဲ့လျှင်တောင်မှ ဘာလို့ မပြောင်းလဲတာလဲဆိုသည့်မေးခွန်းကိုမူ သူကအရင်မဖြေချင်ပေ။ သူနှင့်ဘာမှမဆိုင်ပေ။


ဟန်ချင်စုန့်: “ကောင်တီရဲ့အစွန်အဖျားနေရာတွေမှာလည်း အတူတူပဲဖြစ်သင့်တယ်”


ကောင်းဝေ့တုန်း :“အဲ့ဒါကအမှန်ဘဲ ဒါကလူဦးရေကိစ္စကိုပြောနေတာမဟုတ်ဘူး၊ မမျှတမှုကို ပြောနေတာ”


လက်ထောက်ဗျူရိုမှူးလီက သူတို့နှစ်ယောက် ဒေါသဖြေထုတ်နေသည်ကို ကြည့်မနေနိုင်ပေ။


“ ကျေးလက်နဲ့ မြို့ပြဒေသဆိုတာ တူမနေဘူးလေ”


အကြောင်းမှာတစ်ချို့လူများကအလုပ်​ကောင်းကောင်းမလုပ်ကြသလို တစ်ချို့က ငြင်းခုန်နေကြပြီး တစ်ချို့ကမူ ကောက်လျန်များကို တမင်သက်သက်အခြောက်ခံထားကြကာ ချင်းရှီကွန်မြူနတီအတွင်းရှိ တပ်မဟာတစ်ချို့က အပိုအလျှံဆန်စပါးများ ထောက်ပံ့ပေးရမည့် ပေါ်လစီကို ကျရှူံးခဲ့ကြသည်။ 


ဘယ်လိုဆုံးဖြတ်ချက်ကိုမဆို အစည်းအဝေးမှ အငြင်းအခုန်များကြားတွင်သာ ဆုံးဖြတ်ခြင်းဖြစ်သည်။


သို့သော် ဟန်ချင်စုန့်တွင် ထိုသို့သောအတွေ့အကြုံရှိမနေပေ။ ထို့ကြောင့် သူကလုပ်သင့်သည်များကိုသာ လုပ်ဆောင်ရမည် မဟုတ်ပါက သူ၏နောက်ဆက်တွဲအလုပ်များက ဖြစ်နိင်တော့မည်မဟုတ်ပေ။


Xxxxxx