အပိုင်း ၇၉၅-၇၉၆
Viewers 37k

Part 795


သူက သူ့ဆံပင်ကိုဆုပ်ကာ စိတ်ရှုပ်စွာပြောလာ၏။


“ ငါဒီမှာ ငါ့အတွက်ပဲပြော နေတယ်ထင်လို့လား၊ လူတိုင်းအတွက်ပြောနေတာကွ”


သူ၏အမြင်တွင် နေရာ၌မြဲမြံစွာထိုင်ချင်ပါက အဖွဲ့ဝင်များ၊ ကေဒါများနှင့် လက်တွဲလုပ်ဆောင်ရလိမ့်မည်။


သို့သော် ကေဒါများသည် အဖွဲ့ဝင်များထဲမှ ဖြစ်ပေါ်လာခြင်းဖြစ်ကာ လူတိုင်းကလည်း မရိုင်းစိုင်းနေပါဟူသောအချက်ကို မေ့သွားပုံပေါ်၏။


အဆုံးတွင် ဟန်ချင်စုန့်၏အတိုက်အခံလုပ်မှုကြောင့် တဝမ်ရွာ၏အတွင်းရေးမှူး ဝမ်ကျန်းချန်သည် ရာထူးမှထုတ်ပယ်ခံရပြီး တစ်သက်တာအကျဉ်းချခံလိုက်ရသည်။ တပ်မဟာအတွင်းရေးမှူး၊ ဝမ်တရွှင်နှင့် ဝမ်အာ့ရွှင်တို့ ညီအစ်ကိုနှစ်ယောက်လည်း အတူတူပင်ဖြစ်သည်။


ပြသနာပြီးပြီဟု လက်ထောက်ဗျူရိုမှူးလီခံစားလိုက်မိသည့် အချိန်တွင် ဟန်ချင်စုန့်က ထပြောလာ၏။


“ ကျွန်တော်တို့အနေနဲ့ ချင်းရှီကွန်မြူနတီ၊ဆန်စပါးထိန်းချုပ်ရေးနဲ့ တပ်မဟာတစ်ခုစီက ဆန်စပါးလျှော့ချရေးစာရင်းတွေကို စစ်ဆေးသင့်တယ်”


သဘာဝအားဖြင့် ချင်းရှီကွန်မြူနတီမှ ရောင်းချသည့် နှစ်စဉ်ဆန်စပါးနှင့် အပိုအလျှံစပါးများကို စစ်ဆေးသည့် စာရင်းများရှိနေ၏။

အကယ်၍ စာရင်းအမှားများဖြစ်နေလျှင်တောင်မှ အဖွဲ့ဝင်များက သူတို့ရထားသမျှကို ရေတွက်ထားမည်ဖြစ်သောကြောင့် အတုမလုပ်နိုင်ပေ။ ဘယ်ကွန်မြူနတီက လောဘကြီးသည်၊ ဘယ်တပ်မဟာက ဘယ်လောက်လျှော့ထားသည်များကို သိနိုင်ကာ ဘယ်သူမှထွက်ပြေးနိုင်မည်မဟုတ်ပေ။


ဘေးဖက်ခန်းရှိ ထန်ကျောက်ရှန်းက သူပြောသည်ကိုကြားသောအခါ မူးလဲသွားတော့မလိုပင်။


တော်လှန်ရေးကော်မတီက ဝေစုဖြန့်ဝေပေးခြင်းနှင့် စာရင်းများစစ်ဆေးရန် ဆုံးဖြတ်ချက်ချလာပြီးနောက် စိုက်ပျိုးမွေးမြူရေးဝန်ကြီးကို ဦးဆောင်ခိုင်းကာ စစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့စည်းလိုက်သည်။ ဝန်ကြီးကဦးဆောင်ကာ စာရင်းများအား လိုက်စစ်ဆေးစေ၏။ 


တစ်ချိန်တည်းတွင် တပ်မဟာအနည်းငယ်၏ ဝေစုခွဲပေးမှုနှင့် အများပြည်သူဆိုင်ရာခွဲတမ်းများကိုလည်း ပြန်လည်ထောက်ခံလာကြသည်။ ဒီနှစ်ခွဲတမ်းပေးရုံသာမက ယခင်နှစ်များမှ နစ်နာခဲ့သည်များကိုပါ ပြန်ပေးအပ်မည်ဖြစ်သည်။ နစ်နာကြေးပေးမည့် နည်းလမ်းမှာ နှစ်စဉ်ရရှိမည့် အများပြည်သူဆိုင်ရာခွဲတမ်းက နစ်နာကြေးနှင့် ညီလာသည်အထိ နည်းနည်းချင်းထောက်ပံ့ပေးသွားမည်ဖြစ်သည်။


 ဤသတင်းကိုကြားသောအခါ ယွီခန်းယီတစ်ယောက် မထိန်းနိုင်ဘဲ ငိုချလိုက်မိသည်။ သူက ကွန်မြူနတီနှင့် အစိုးရအပေါ်ကျေးဇူးတင်လိုက်မိသည်။


အဆုံးတွင် လက်ထောက်ဗျူရိုမှူးလီက ယွီခန်းယီိနှင့် ထန်ကျောက်ရှန်းတို့၏ ပြစ်ဒဏ်အကြောင်းကို တော်လှန်ရေးကော်မတီနှင့် ငြင်းခုန်နေ၏။ အစပိုင်းတွင် သူကယွီခန်းယီကို သတ်ရမည်ဟုဆိုပြီး နောက်ပိုင်းတွင် ယွီခန်းယီကို မသတ်သလို ထန်ကျောက်ရှန်းကိုလည်း မသတ်ရဟုဆိုလာ၏။


ချင်းရှီကွန်မြူနတီရဲ့ ဝေစုနဲ့ ပြန်လည်ရောင်းချမည့် စပါးများအကြား ရှေ့နောက်မညီနေလျှင်တောင်မှ ထန်ကျောက်ရှန်းက ဘယ်လောက်များများ စားနိုင်လို့လဲ။ အဆုံးတွင် အထက်ရော၊အောက်က လူအများအပြားသာ အကျိုးရှိသွားခြင်းဖြစ်သည်။


တော်လှန်ရေးကော်မတီက မဲခွဲဆုံးဖြတ်လိုက်သောအခါ ယွီခန်းယီက သတိပေးချက်ရရှိမည်ဖြစ်ကာ တိုင်စွေ့က တပ်မဟာအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လိမ့်မည်။ထန်ကျောက်ရှန်းကိုမူ ပါတီထဲတွင် ရာထူလျှော့လိုက်ကာ ချင်းရှီကွန်မြူနတီမှ ပြောင်းရမည်ဖြစ်သည်။


လွန်ခဲ့သည့်ဆယ်နှစ်က ပျောက်ဆုံးသွားသည့် ဖိုင်များကိုမူ ယဉ်ကျေးမှုတော်လှန်ရေးအတွင်းတွင် ပြသနာရှာခဲ့သည့် ကျောင်းသားများနှင့် အလုပ်သမားများက ယူသွားခဲ့ခြင်းဖြစ်လောက်သည်။ ထိုအချိန်တွင် အချက်အလက်များကို ဖျက်စီးရန်အလွန်လွယ်ကူခဲ့၏။


ရလဒ်က အလွန်ကျေနပ်စရာမဖြစ်သော်ငြား ဟန်ချင်စုန့်ရည်မှန်းထားသည်ကို ရရှိလာ၏။


နောက်ဆုံးတွင် ဤအရာက သူအလုပ်မထွက်ရဘဲ ချင်းရှီကွန်မြူနတီနှင့် ယွီခန်းယီအပေါ် ဝေစုများပြန်ယူပေးနိုင်သည့် အံ့ဩစရာတစ်ခုပင်ဖြစ်သည်။


ရှန်ရွေ့ကွန်မြူနတီ၊ ရှန်ရွေ့လယ်ယာနှင့် ချင်းရှီကွန်မြူနတီ အားလုံးက ချက်ချင်းပင် လှုပ်ရှားမှုများ ဆောင်ရွက်လာကြသည်။


ကောင်တီအလုပ်လုပ်သည့် အုပ်စုကလည်း ချင်းရှီကွန်မြူနတီ၏ နောက်ဆက်တွဲအလုပ်များကို စီမံပေးရန် ကျေးလက်ဒေသသို့ အလျင်စလိုသွားလိုက်ကြရသည်။


 ဝေစုများ ပြန်ဝေပေးခြင်း အစရှိသဖြင့်ပင်။


ဟန်ချင်စုန့်က အစာစားပြီးနောက်တွင် အရင်ဆုံးအစည်းအဝေးတက်လိုက်ကာ စိတ်မရှည်သော်ငြား အကြာကြီးနေခဲ့ရ၏။ မည်သို့ပင်ဖြစ်စေ အမှန်တရားက ရှင်းလင်းသွားကာ သူ့ဆီ၌လည်း ဘာမှမဖြစ်လာပေ။ သူက ပထမဦးစွာ သုံးဘီးဆိုင်ကယ်အတွက် ဒီဇယ်ဆီယူရန် ထောက်ပံ့ရေးဌာနသို့ သွားလိုက်သည်။ တစ်ခါတည်းတွင် 60ကတ်တီတောင်းလိုက်၏။


ထောက်ပံ့ရေးဝန်ကြီးက ငိုချမိတော့မည်ဖြစ်သော်လည်း ဟန်ချင်စုန့်က သူ့ကိုစိုက်ကြည့်လာသောအခါ နာခံစွာပင် အမိန့်စာကို လက်မှတ်ထိုးပေးလိုက်သည်။


ဒီဇယ်ရလာပြီးနောက် ဟန်ချင်စုန့်က နောက်ဆက်တွဲအလုပ်များကို သူ၏လုပ်ဖော် ကိုင်ဖက်များအား လွှဲပေးလိုက်ကာ ပြန်သွားလိုက်သည်။


ယွီကုချိုင်က အလွန်ပျော်နေ၏။ သူကလေးဘဝကတည်းက ဤကဲ့သို့ တစ်ခါမှမပျော်ခဲ့ရပေ။


“အဖေ၊ အမေ မြန်မြန်လာ တပ်မဟာ ဝေစုတွေခွဲပေးတော့မယ်တဲ့”


“ ဒီနှစ်မှာ သမီးက 10နှစ်ကျော်ပြီဆိုတော့ ကတ်တီနှစ်ရာထက် ပိုရနိုင်မလားမသိဘူး။ အဖေနဲ့ အမေဆို ကတ်တီလေးရာလောက် ခွဲပေးခံရမှာဘဲ ဟားဟား ကောင်းလိုက်တာ”


“သမီးပြောသားဘဲ၊ နတ်သမီးမမက သမီးတို့ကိုလာကယ်ပေးတာပါလို့ သူကစားစရာကို။ကျောက်တုံးနဲ့လဲပေးတာ အရူးမဟုတ်ပါဘူး”


ယွီကုချိုင်အမေက အိမ်ထဲရှိ စုတ်ပြဲနေသော စောင်ပိုင်းလေးကို ပတ်လိုက်ကာ ပြုတ်မကျစေရန် လျှော်ကြိုးဖြင့် တင်းတင်းချည်လိုက်သည်။ သူမကိုယ်ကိုဖုံးရန် အခြားအဝတ်ဟူ၍ရှိမနေပေ။


သူမကလည်း အလွန်ပျော်နေ၏။


“ ဟုတ်ပါတယ် အမေမှားသွားတယ်၊ အမေ့အမှားပါ သူက စားစရာပေးတဲ့ နတ်သမီးပါဘဲ”


ယွီကုချိုင်၏အဖေက ဘာမှပြောမလာသော်လည်း သူ့မျက်လုံးများကနီရဲနေ၏။


သူက အိမ်ရှိစုတ်ပဲ့နေသော ခြင်းတောင်းကို သယ်ကာ ယွီကုချိုင်က အမှိုက်ဂေါ်ကို သယ်လာ၏။ အိမ်သုံးပစ္စည်းကောင်းကောင်းဟူ၍ မရှိသဖြင့် တစ်ခါတည်း အိမ်ကိုသယ်လာရမှာဖြစ်သည်။


အိမ်နီးချင်းများကလည်း တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြ၏။ အပြည့်အစုံမဝတ်နိုင်သော အမျိုးသမီးများတောင်မှ ကိုယ်လက်ဆေးကြောကာ စောင်ပတ်ပြီး ထွက်လာကြ၏။ တစ်ချို့ ကောက်ရိုးမိုးကာများကို ဝတ်ထားကြသည်။ ခမ်းနားသည့်ဖြစ်ရပ်ကို ကြည့်ရရန် အကုန်ထွက်လာကြ၏။


“ဝေစုတွေခွဲပေးပြီ၊ ဝေစုတွေခွဲပေးပြီကွ”


“သမ္မတမော်နဲ့ ပါတီက ငါတို့ကိုမမေ့သွားဘူး”


ဤအချိန်တွင် လူတစ်ယောက်က အော်ပြောလာ၏။


“ လူတိုင်းဝေစုခွဲဖို့ အိမ်ပြန်သွားကြပါ၊  အဲ့လိုဆို ကိုယ့်သာသာသယ်နေစရာမလိုတော့ဘူး”


ထိုနေရာတွင် ကောင်တီများ၊ ကွန်မြူနတီများနှင့် ရှန်ရွေ့ကွန်မြူနတီများ ရှိနေ၏။ ပြည်သူ့လုံခြုံရေးအမှုထမ်းက တပ်မဟာ၏စာရင်းကိုင်ကို စစ်ဆေးလိုက်ကာ တစ်အိမ်ချင်းစီဝေပေးရန် နွားလှည်းများကို ရွာထဲမောင်းသွင်းလိုက်သည်။


ရွာမှအဖွဲ့ဝင်များက အိမ်ထဲမှထွက်လာကာ နွားလှည်းပေါ်မှ သူတို့ဝေစုများကို အိမ်ထဲသယ်ရန် လမ်းပေါ်တွင် ရပ်နေလိုက်ကြသည်။ မျက်ရည်များက သူတို့မျက်နှာပေါ်တွင် ပြည့်နှက်နေကော ပြင်းပြင်းထန်ထန် ရှိုက်ငိုနေကြသည်။


“နောက်ဆုံးတော့ ဝေစုရလာပြီ”


ယွီကုချိုင်နှင့် အခြားကလေးများက အပျော်ဆုံးဖြစ်သလို အငြိုးအတေးလည်း နည်းပါးကြ၏။ သူတို့ကလှိုက်လှိုက်လှဲလှဲ ရယ်မောနေကြသည်။


Xxxxx

Part 796


ကောင်လေးတစ်ယောက်က ရယ်ကာပြောလာ၏။


“ တဝမ်ရွာကို ဝေစုခွဲဖို့အတွက် ကွန်မြူနတီကနေ ဆန်စပါးတွေပို့လာတယ်တဲ့။ သူတို့ရွာက လူတွေအားလုံးက ရွာလမ်းမကြီးအပြင်ဘက်မှာ ကြိုဆိုနေကြပြီး ပျော်လွန်းလို့ မြေကြီးပေါ်မှာ လူးလိမ့်ပြီးတောင် ငိုနေကြတယ်ဆိုပဲ”


ယွီကုချိုင်:“ ငါလည်း မြေကြီးပေါ်မှာလူးပြီး ငိုမိတော့မယ် အရမ်းပျော်တာဘဲ”


ရိက္ခာများဝေပေးလာသောအခါ လူတိုင်းက စတင်ကာ ချက်ပြုတ်လိုက်ကြသည်။ မကြိတ်ခင်တွင် ရေထဲနှစ်ထားလိုက်ကာ မီးအေးအေးဖြင့် တည်ထားလိုက်၏။ ထို့နောက် ယာဂုချက်လိုက်ကြသည်။


“ဝေစုတွေခွဲလို့ စားပြီးရင် စိုက်ခင်းဆီသွားရမယ်၊ စိုက်ခင်းထဲကမြက်တွေက တော်တော်ရှည်နေပြီ”


“ဟုတ်တယ်၊ ဟုတ်တယ်စားပြီးရင် သွားရမယ်”


အပေါ်ဘက်ရှိဝန်ထမ်းက အစာစားခြင်းသည် ဤမျှစိတ်လှုပ်ရှားစရာကောင်းသည့် အရာမျိုးဖြစ်လိမ့်မည်ဟု တစ်ခါမှထင်မထားခဲ့ပေ။


လူတိုင်းက နေ့စဉ်စားသောက်နေကြ၏။ ငါးကြီးကြီး၊ အသားဟူ၍မရှိသော်လည်း စားလို့ရနေသည်။ ခေါက်ဆွဲဖြူများကို မစားနိုင်လျှင်တောင်မှ ဂျုံမုန့်ရောထားသည့် ခေါက်ဆွဲကို စားလို့ရသည်။


သို့သော်ယွီကျားရွာသားများကို ကြည့်လိုက်လျှင် သူတို့အိမ်တွင် စားနိုင်ခြင်းကလည်း ပျော်ရွှင်မှုတစ်ရပ်ဖြစ်သည်ကို မြင်နိုင်၏။


အရာရှိချောင်က ဝမ်ကုံအန်းကိုကူညီပေးနေလိုက်သည်။ သို့သော် သူက ဝါဒဖြန့်ချီရေးအရာရှိတစ်ယောက်ဖြစ်ကာ တောက်တိုမယ်ရလုပ်သည့်သူမဟုတ်သောကြောင့် လာချင်စိတ်မရှိခဲ့ပေ။

သို့သော် သူရောက်လာပြီးနောက် စားစရာများဝေပေးသောအခါ ကွန်မြူနတီအဖွဲ့ဝင်များက သူတို့ကို ထပ်ခါတလဲလဲကျေးဇူးတင်လာပြီး သူတို့မျက်လုံးထဲမှအလင်းရောင်ကို မြင်လိုက်ရသောအခါ သူက အသစ်တစ်ခုကိုနားလည်လာ၏။


ထိုအရာက သူဘယ်တုန်းကမှ မခံစားခဲ့ဖူးသည့် အရာဖြစ်သည်။ 


ဒါက သူ့ဖခင်နှင့် အခြားအာဇာနည်များ အသက်ပေးတိုက်ခိုက်ကာ ကာကွယ်ပေးချင်ခဲ့သည့်အရာများဖြစ်မည်ဟု ခံစားလိုက်မိသည်။


ရုတ်တရက်ပင် သူကအင်အားအပြည့်ဖြစ်သွားကာ မကျေမနပ်ပြောမနေတော့ပေ။ သူ့ဘက်မှအရင်စကာ အားနည်းနေသည့် ရွာသားများကို သူတို့အိမ်ထဲသို့ ဝေစုများကူသယ်ပေးလိုက်သည်။


ပျက်စီးယိုယွင်းသော အိမ်နှင့် နံရံများကိုကြည့်ကာ ချောင်ကွမ်းရုန်တစ်ယောက် သူ့ဖခင်ဆုံးသွားသော်လည်း အစိုးရနှင့် တပ်မဟာက ဒီလူများနှင့်ယှဉ်လျှင် သူ့အပေါ်ဂရုစိုက်ပေးခဲ့ကြသည်ကို ခံစားလာမိသည်။


သူကျေးဇူးသိတတ်သင့်ကာ ဘာကိုမှထပ်မလိုချင်တော့ပေ။


အခုကယွီကုချိုင်အလှည့်ဖြစ်သည်။ သူမက ဝေစုယူရန် အလျင်လိုမနေပေ။ ထိုအစား ချောင်ကွမ်းရုန်နောက်လိုက်ကာ မေးလာ၏။


“ ဦးလေးချောင် မမလင်းလန်ရော”


ဦးလေးချောင်၊ မမလင်းလန်တဲ့လား။


ယွီကုချိုင်:“ သူအလုပ်များနေတာလား၊ သမီးတို့စားစရာရလာတာတောင် ဘာလို့ရောက်မလာသေးတာလဲ။ သမီးတို့အိမ်မှာ ညစာစားဖို့ ဖိတ်ထားတာ။ တကယ်လို့သမီးတို့ ဂျုံမုန့်ပြန်မပေးနိင်ရင် ကျောက်တုံးတွေကူရှာထားပေးမယ်”


အရာရှိချောင်က ရင်ထဲတွင်ခါးသီးသွား၏။


“အရာရှိလင်းက အလုပ်များနေလို့ပါ”


ယွီကုချိုင်ကပြုံးကာ ပြောပြလာ၏။

“သမီးက မမကိုနှုတ်ဆက်တယ်လို့ ပြောပေးနော်၊ အလုပ်လုပ်ပါစေ ။ သမီးကျောက်တုံးတွေရှာပြီးရင် ဝေစုတွေကိုသယ်ပြီး မမကိုလာတွေ့မှာကို စောင့်နေပါလို့”


သူမက ဝေစုဟူသည့် စကားလုံးကိုအားပြင်းပြင်းဖြင့် ပြောလာ၏။ ဤစကားလုံးနှစ်လုံးသည် ဂုဏ်သိက္ခာ၊ ကျေးဇူးတရားများနှင့် ပြည့်နေ၏။


ချောင်ကွမ်းရုန်က ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေါ့ ဦးလေးသူ့ကိုပြောပေးပါ့မယ်”


ယွီကုချိုင်က သီချင်းလေးညည်းကာ ပြေးထွက်သွားလေသည်။


ချောင်ကွမ်းရုန်ပြောသလိုပင် လင်းလန်ကတကယ်အလုပ်များနေခြင်းဖြစ်သည်။ အလုပ်နှင့်အိမ်ကြား အလုပ်များနေ၏။


သို့သော်သူမ အလုပ်မရှုပ်နေပေ။ ဘယ်အလုပ်မဆို သူမလုပ်မည်ဆိုပါက အများဆုံးမျှခြေတစ်ခုကိုရှာရန် နည်းလမ်းရှာလိမ့်မည်။


သူမက လင်းပိယောင်နှင့် ကွန်ဖြူးရှပ်ဝါဒကို ဝေဖန်သုံးသပ်ရာတွင် တာဝန်ယူထားပြီးနောက် ဆိုးဝါးသည့်အရင်းရှင်စနစ်ကို ဝေဖန်သုံးသပ်လာရ၏။ ဤအရာများက သူမ၏ ခရက်ဒစ်အမှတ်များဖြစ်သော်လည်း လင်းလန်က အချိန်ပြည့်တရားဝင်ဝန်ထမ်းဖြစ်လာသောအခါ အကုန်လုံးကို တစ်ယောက်တည်း မယူချင်ပေ။ သူမက ဝါဒဖြန့်ချီရေးဌာနနှင့် ဆက်သွယ်ရေးဌာနမှလူများကို တာဝန်ချပေးကာ အတူတကွ လုပ်ဆောင်စေသည်။


သူတို့၏အကူအညီနှင့် တပ်မဟာမှဝါဒဖြန့်ချီရေးဝန်ထမ်းများကို လှုပ်ရှားစေကာ ရှန်ရွေ့ကွန်မြူနတီအတွက် ပိုပိုပြီးချောမွေ့လာ၏။ သူမက အကုန်လုံးချုံထားသည့် အခြေအနေကိုသာ ထိန်းချုပ်ရန်လို၏။


ထို့ကြောင့် သူမကကွန်မြူနတီသို့သွားကာ မဟုတ်လျှင်လည်း တပ်မဟာတစ်ခုခုဆီသွားကာ စိတ်တိုင်းကျသွားနေလို့ရ၏။


ဒီရက်များတွင် လင်းလန်တစ်ယောက် ဆွယ်တာထိုးနေဖြစ်သည်။


လင်းလန်က စန်းဝမ်အတွက် ဆွယ်တာထိုးပေးချင်သော်လည်း အလွန်အလုပ်များနေကြောင့် ဆွယ်တာထိုးရန် အချိန်မရှိခဲ့ပေ။ကံကောင်းသဖြင့် ပုံမှန်အချိန်များတွင် မိုင်စွေ့က ဆွယ်တာထိုးပေးထား၏။ ကောင်မငယ်လေးတွင် မျက်လုံးကောင်းကောင်းနှင့် လက်သွက်ကာ တစ်ခါတစ်လေတွင် ရေဒီယိုနားထောင်နေချိန်အတွင်း အများကြီးပြီးသွားတတ်သည်။ အခုသူတို့ဆွယ်တာထိုးနေတာ တစ်ဝက်ရောက်နေပြီဖြစ်သည်။လင်းလန်က ဆွယ်တာကို အဆုံးသတ်ကာ စန်းဝမ်အတွက်ပို့ပေးလိုက်ချင်သည်။ ဒီလိုမှ စန်းဝမ်က ဆောင်းတွင်းရောက်လျှင် ဝတ်နိုင်မည်ဖြစ်သည်။ သူ့မိခင်ထိုးပေသော ဆွယ်တာကိုဝတ်ထားပါက သူမ၏အချစ်ကိုခံစားမိကာ အိမ်ကိုလည်း အရမ်းလွမ်းနေတော့မည် မဟုတ်ပေ။


လင်းလန်က ကွန်မြူနတီ၌ အလုပ်ပြီးသွားသောအခါ အိမ်ပြန်ချက်ပြုတ်ပြီး ဆွယ်တာထိုးရန်လုပ်လိုက်သည်။ သို့သော် သူမစက်ဘီးကို တွန်းလိုက်ချိန်တွင် အမျိုးသမီးဆက်သွယ်ရေးအရာရှိအသံကိုကြားလိုက်ရ၏။


“ အရာရှိလင်းကို ခေါ်နေပါတယ်၊ အရာရှိလင်းကို ခေါ်နေပါတယ်”


ဒီတစ်ကြိမ်တွင် လော်စပီကာအသံက အလွန်ဆိုးဝါးနေသောကြောင့် လင်းလန်က လန့်သွားကာ မြေကြီးပေါ်လဲလုနီးပါးဖြစ်သွား၏။

မူလတွင် သူမအိမ်ပြန်ပြီးဆွယ်တာထိုးရန်။အနည်းငယ်အပြစ်ရှိသလိုခံစားနေရသော်လည်း အခုတွင် လူမိသွားပြီဖြစ်သည်။


သူမစက်ဘီးပေါ်မှဆင်းလိုက်ကာ ဆက်သွယ်ရေးဌာနဆီသွားလိုက်သည်။


“ ဝမ်ဖန်း ဘယ်ကဖုန်းလဲ”


ဝမ်ဖန်းက စိတ်လှုပ်ရှားစွာဖြေလာ၏။

“ စီရင်စုမြို့တော်က ၊ အရာရှိလင်း မြန်မြန်လာ၊ ငါတို့သားလေးခေါ်နေတယ်”


လင်းလန်:...ငါတို့တဲ့လား။ ငါကနင်စနေတယ်ပဲ ထင်ထားတာလေ။။


သူမက တစ်ကြိမ်တွင် သုံးလှမ်းလောက်လှမ်းလိုက်ကာ ဖုန်းစကားပြောခွက်ကို ယူလိုက်သည်။


“ သားလေး မားမားက သတိရနေတာ”


တစ်ဖက်ခြမ်းတွင် ခနလောက်တိတ်ဆိတ်သွားကာ တည်ငြိမ်သည့် အမျိုးသားအသံထွက်လာ၏။


“ ရဲဘော်လင်းလန်လား”


သူမက သတိလက်လွတ်ဖြင့် ခါးမတ်လိုက်ကာ ဝမ်ဖန်းအား စိုက်ကြည့်လိုက်သည်။


မိုက်ခရိုဖုန်းကို မချိတ်ပိတ်ထားကာ အသံကြားနေရသောကြောင့် ဝမ်ဖန်းက တောင်းပန်စွာကြည့်လိုက်သည်။ 


အခုလေးတင် ကလေးတစ်ယောက်က ဖုန်းခေါ်ပြီး “မားမား သတိရတယ်” လို့အော်ပြောနေခဲ့တာလေ။


လင်းလန်က တရားဝင်မန်ဒရင်းဘာသာစကားဖြင့် တစ်ဖက်လူကို စကားပြောနေလိုက်သည်။ ခေါ်ဆိုသူက အမျိုးသားရေကူးအားကစားအသင်း၏ နည်းပြဖြစ်ကာ မျိုးရိုးအမည် ပြန့် ဖြစ်သည်။သူက စန်းဝမ်ကိုအရမ်းတော်သည်ဟုဆိုကာ ငယ်သေးသော်ငြား အာရှအားကစားပြိုင်ပွဲသို့ ခေါ်သွားချင်သည်ဟုပြောလာ၏။


လင်းလန်က စကားလုံးတိုင်းကိုနားလည်သော်လည်း ဘာဖြစ်နေလဲဆိုတာကိုမူ နားမလည်တော့ချေ။


“ ပြန့်လောင်ရှီး တစ်စိတ်လောက်ပါ ဘာတွေပြောနေတာလဲ”


နည်းပြပြန့်ကာ ပြုံးကာ စိတ်ရှည်ရှည်ပြန်ပြောပြလာ၏။


“ ကျောင်းသားဟန်ဝမ်မင်မှာ ခိုင်မာတဲ့ ရေကူးစွမ်းရည်အမှတ်တွေရှိတယ်။ ကျွန်တော်က သူ့ကို အာရှအားကစားပြိုင်ပွဲမှာပြိုင်ဖို့ ခေါ်သွားချင်တာပါ”


Xxxxxxx