အပိုင်း ၇၉၉-၈၀၀
Viewers 37k

Part 799


ကံကောင်းစွာဖြင့် နည်းပြပြန့်က သူ့ကို အချိန်မှီ ထိန်းထားလိုက်နိုင်၏။ မဟုတ်ပါက ဒီလိုအင်အားမျိုးနှင့်ဆိုလျှက် စန်းဝမ်တစ်ယောက် မုန်လာဥလေးလို ‌ကားပေါ်မှ ‌ခုန်ဆင်းသွားလောက်ပြီဖြစ်သည်။


ဒီကလေးကတော့ တကယ်ကို အဖွားလျို တော်ဝင်ဥယျာဉ်ကိုရောက်လာသလိုမျိုးဘဲ။


“ ဝါးး ထျန်းအန်မန်က  တကယ်ကို တံခါးကြီးဘဲ”


နည်းပြပြန့်က ပြုံးကာ ပြောပြလာ၏။


“ဒါဆို မင်းက ဘာလို့ ထင်နေတာလဲ”

သတင်းစာထဲမှာ ပါနေကျဘဲကို။


“ ကျွန်တော်က.....တောင်လို့ထင်နေတာ”


ဒရိုင်ဘာဦးလေးတောင်မှ မရယ်ဘဲ မနေနိုင်တော့ချေ။


ကလေးဘဝတုန်းက ထျန်းအန်မန်ရင်ပြင်အကြောင်း ပထမဆုံးကြားလိုက်သောအခါ စန်းဝမ်စိတ်ထဲတွင်တွေးလိုက်မိသည်က ထျန်းအန်မန်ရင်ပြင်သည် ကောင်းကင်ဘုံက ဂိတ်တံခါးဟူ၍ဖြစ်သည်။


တောင်တစ်တောင်ကသာ ကောင်းကင်လောက်မြင့်မားမည်ဖြစ်သောကြောင့် ထျန်းအန်မန်သည်လည်း တောင်တစ်တောင်ဖြစ်လိမ့်မည်ဟု ထင်ခဲ့၏။  သတင်းစာထဲ ထျန်းအန်မန်ပုံပါလာလျှင်တောင်မှ သူကတော့ထျန်းအန်မန်ဟု မထင်ခဲ့ပေ။


စန်းဝမ်က ပါးစပ်မစေ့နိုင်ဘဲ စိတ်ရှုပ်ရှုပ်ဖြင့်သာ နည်းပြပြန့်အနောက်ကိုသာလိုက်နေလိုက်ပြီး တုန်ချန်းခရိုင်၊ ထီယွီကွမ်းလမ်းရှိ အထွေအထွေအားကစားအစည်းအရုံး၏ လေ့ကျင့်ရေးစင်တာသို့ ရောက်လာ၏။


ပေကျင်းအားကစားပြိုင်ပွဲကို 1955ခုနစ်တွင်စတင်ခဲ့၏။ ပြိုင်ပွဲပြီးသွားသော‌အခါ ဤလမ်းအား အားကစားလမ်းဟု ခေါ်ခဲ့ကြသည်။


“ နည်းပြ မြို့တော်ကို ရောက်လာပြီလား”


နည်းပြပြန့်က ပြုံးကာ ပြန်ဖြေလာ၏။


“ ဟုတ်တယ် ဒါက အထွေအထွေအားကစားအစည်းအရုံးဘဲ 1951ခုနစ်မှာ တည်ထားခဲ့‌တာဆိုတော့ တော်တော်လေးတော့ အိုနေပြီ”


စန်းဝမ်က အစည်းအရုံးကိုကြည့်လိုက်သည်။

စစ်စိမ်းရောင်ဝတ်ထားသည့် အရာရှိနှစ်ယောက်က ကြီးမားသည့် သံဂိတ်တံခါးဝတစ်ဖက်တစ်ချက်စီတွင် သေနတ်ကိုင်ပြီး စောင့်ကြပ်နေ၏။


သံတံခါးကြီးအထဲတွင် လေးထပ်အမြင့်ရှိသည့် ပြွန်ပုံစံတာဝါများရှိနေကာ တစ်ခုချင်းစီ ကိုယ်ပိုင်အမိုးပုံစံများဖြင့် တစ်မူထူးနေကြသည်။


နည်းပြပြန့်က သူ့ကို အိတ်များကူသယ်ပေးလာ၏။ စန်းဝမ်က သူ့ကျောင်းလွယ်အိတ်ကို သယ်လိုက်သည်။ ဒါကနည်းပြပြန့်တစ်ယောက် သတိရှိနေသည့်ပုံစံကို ပထမဆုံးမြင်ဖူးလိုက်ခြင်းပင်ဖြစ်သည်။ အရင်တုန်းက ထျန်းအန်မန်ရင်ပြင်အကြောင်းပြောပြရာတွင် စနောက်နေခဲ့သော်ငြား အခုတွင် သတိရှိနေကာ အဓိပ္ပါယ်မဲ့သည်များ မပြောလာသလို ရယ်လည်းရယ်မနေပေ။


ဒီပုံစံနှင့် ရင်းနှီးနေရမည်ဟုတောင် ဆိုနိုင်၏။


နည်းပြပြန့်က ကလေးတစ်ယောက် မြို့တော်ကို ပထမဆုံးအကြိမ်ရောက်လာသောအခါ အနည်းငယ်စိတ်လှုပ်ရှားနေမည်ကို နားလည်၏။ သူက စန်းဝမ်ကိုအားပေးလိုက်သည်။


“လေ့ကျင့်ရေးလုပ်ငန်းစဉ်က တင်းကြပ်တယ်၊ ဒီနေ့တော့ ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင်လုပ်ပြီး ဘယ်လိုစားသောက်ရမလဲဆိုတာကိုကိုင်တွယ်လိုက်ကြမယ်။ နောက်တစ်နေ့ကျမှ လေ့ကျင့်ရေးစကြတာပေါ့။ မင်းအာရှအားကစားပွဲကပြန်လာမှ မြို့တော်ထဲလိုက်ပြမယ်”


“ဟုတ်ကဲ့ပါ”


သူ့အမူအရာက အနည်းငယ်လေးနက်နော်ငြား ဘေးနားတစ်ဝိုက်ကို လိုက်မကြည့်ဘဲမနေနိုင်ချေ။


နည်းပြပြန့်က ခြံဝင်းကို နှစ်ပိုင်းခွဲထားသည်ဟု ပြောပြထား၏။ အရှေ့ဘက်ခြမ်းက လေ့ကျင့်ရေးဧရိယာဖြစ်ကာ အနောက်ဘက်က အနားယူသည့်နေရာဖြစ်သည်။ ခြံဝင်းထဲတွင် ထမင်းစားခန်းကြီးလည်း ရှိနေ၏။


“ မြို့တော်အားကစားအစည်းအရုံးက ရေကူးကန်တွေက မင်းတို့ခရိုင်ကထက်တော့ ပို‌ကျယ်တယ်။ ပြီးတော့ အတွင်းပိုင်းမှာဆိုတော့ နှင်းဒဏ်၊မိုးဒဏ်ကြောက်နေစရာ မလိုတော့ဘူး”


စန်းဝမ်က ချက်ချင်းပင် ရွှင်မြူးလာကာ နှစ်ကြိမ်လောက် ရေပတ်ကူးရန် မစောင့်နိုင်တော့ပေ။


“ အရင်ဆုံး ကန်တင်းမှာ ညစာသွားစားကြတာပေါ့၊ ပြီးရင်အဆောင်ဆီသွားကြမယ်။ မင်းအနားယူလိုက်၊ပြီးမှ မင်းရဲ့ အသား၊အဆီပမာဏကို တိုင်းတာကြတာပေါ့”


သူက ကလေးတစ်ယောက်ဖြစ်နေသောကြောင့် နည်းပြပြန့်က အလွန်ကြင်နာကာ စဉ်းစားပေး၏။


စန်းဝမ်က ခေါင်းညိတ်လိုက်သည်။


သူက ခရိုင်အားကစားကျောင်းဆောင်တွင် တစ်နှစ်နေခဲ့သည်။ မြို့တော်ကိုလည်း ရောက်ဖူးသလို လောကကြီးကို မမြင်ဘူးသော ရူးမိုက်မိုက်ကလေးတစ်ယောက် မဟုတ်တော့ပေ။ သို့သော် သူကျောင်းတွင်နေခဲ့စဉ်က လေ့ကျင့်ရေးအစား နေ့တိုင်းလိုလို ပြိုင်ပွဲများ ပြိုင်နေခဲ့ကာ ထို့နောက်တွင် ရေဒီယိုဌာနသို့သွား၏။ အပြင်ထွက်မည့် အချိန်ဟူ၍ မရှိခဲ့ပေ။


မြို့တော်က ထိုနေရာများနှင့် ယှဉ်လျှင် ပိုကြီးကာ ပို၍လည်းနေရာစုံ၏။


သူ‌တို့က အရင်ဆုံးကန်တင်းဆီသွားလိုက်ကြသည်။ ၎င်းက ကန်တင်းကြီးတစ်ခုဖြစ်သည်။ သူတို့ရွာက လယ်ကွင်းပြင်ထက် ပိုကြီးနေမှာစိုးရ၏။ စားပွဲများနှင့် ထိုင်ခုံများရှိမနေပါက စပါးလှန်းရန် အသင့်တော်ဆုံးဖြစ်နေလိမ့်မည်။ ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် မြေကြီးမရှိသောကြောင့် ဖိအားကို ချွေတာပေးနိုင်၏။


အခုချိန်တွင် နေ့လယ်မရောက်သေးသောကြောင့် နေ့လယ်စာမစားခင်တွင် နည်းပြပြန့်က သူ့အတွက်မီးဖိုလေးတစ်ခုယူပေးလာ၏။


ခေါက်ဆွဲဖြူနှင့် ပေါက်စီပေါင်းများ၊ သကြားကပ်ပေါင်မုန့်များ၊ ဖက်ထုပ်ပေါင်း၊ ဆွေ့မိုင်၊ ကိတ်မုန့်များနှင့် အရံဟင်းလျာများအပြင် ခရမ်းချဉ်သီးကြက်ဥစွပ်ပြုတ်တစ်ပွဲလည်း ပါရှိလေသည်။


စန်းဝမ်က စားပွဲအပြည့်စားစရာများကို ကြည့်လိုက်သည်။ တစ်ခုချင်းဆီ၏ ပမာဏက သိပ်မများသော်လည်း ဟင်းပွဲစုံလင်ကာ အတော်လေးချမ်းသာသည့်ပုံပင်။


နည်းပြပြန့်က တို့ဖူးပုပ်တစ်ပန်းကန်ယူလာ၏။

“ စားကြည့်မလား”


စန်းဝမ်‌၏ စေးကပ်ကပ်ဆံပင်များကတောင် ကြက်သီးထကာ ထောင်တက်လာ၏။


“နည်းပြရဲ့ အချဉ်ဖောက်တို့ဖူးက ပျက်စီးသွားတဲ့ပုံဘဲ”


နည်းပြပြန့်က ပြုံးကာ ပြောပြလာ၏။


“ ဒါကိုတို့ဖူးပုပ်လို့ခေါ်တယ် ပျက်စီးနေတာမဟုတ်ဘူး”


စန်းဝမ်:“ အနံ့ဆိုးနေမှတော့ မကောင်းတော့ မဟုတ်ဘူးလား”


“....မကောင်းတာ ဖြစ်နိုင်လို့လား”


သူက ပေါင်မုန့်ပေါင်းကို ခွဲ၍ တို့ဖူးပုပ်တစ်ပိုင်းထည့်လိုက်ပြီး အကြီးကြီးကိုက်လိုက်ကာ စိတ်ကျေနပ်သွားသော အမူအရာကို ထုတ်ပြလာ၏။


စန်းဝမ်:“!!?”


အနံ့ထွက်နေတာကို စားနေကြတုန်းဘဲလား၊ မြို့တော်က ဘယ်လိုလုပ်ပြီး ငါတို့ထက်သာနိုင်မှာလဲ.....မဟုတ်သေးဘူး၊ သူတို့ကကောင်းကောင်းစားနိုင်ကြတယ်၊ သူတို့ဆီမှာ ပေါင်မုန့်ပေါင်းရှိတယ်။


သူက သကြားကပ်ကို စားကြည့်လိုက်သည်။

အရသာရှိသည်ဟုထင်သဖြင့် နောက်ကျရင် သူ့မားမားအတွက် ဝယ်ပေးရမည်ဟု တေးထားလိုက်သည်။  နောက်ထပ်ဆွေ့မိုင်ကို စားကြည့်လိုက်သည်။ မဆိုးသောကြောင့် ချမှတ်ထားလိုက်သည်။ အကုန်လုံးကို မြည်းကြည့်လိုက်ကာ အရသာရှိသည်ဟု ထင်မိသည်။


တို့ဖူးပုပ်က လွဲလို့ပေါ့။


နည်းပြပြန့်က ပြုံးကာ ပြောပြလာ၏။

“ ဒီနေ့ညနေမှာ ဘဲကင်ရှိလိမ့်မယ်၊ ဘဲကင်ကို ပန်ကိတ်သားနဲ့ လိပ်ထားတာ”


စန်းဝမ်က စားပွဲပေါ်ရှိ ပန်ကိတ်များကိုကြည့်ကာ လှမ်းယူလာပြီး တစ်ချက်ကြည့်လိုက်သည်။ သူ့မားမားလိပ်ပေးထားသလိုပင်ဖြစ်သော်ငြား ဘဲကင်ကိုတော့ အလွန်မျှော်လင့်နေမိပြီဖြစ်သည်။


“ကျွန်တော့်ကို အရသာရှိတာတွေ လိုက်ကျွေးပေးလို့ နည်းပြကို ကျေးဇူးတင်ပါတယ်”


စန်းဝမ်က အစားကြီးကာ အဆုံးတွင် စွပ်ပြုတ်တစ်ပန်းကန်လုံးကို သောက်လိုက်သည်။ ကန်တင်းမှလူက သူ့အတွက် ဖရဲသီးကို ပန်းကန်ကြီးတစ်ပန်းကန်စာ ချပေးလာ၏။


“ဒီထိရောက်လာရတာ ပင်ပန်းနေကြမှာဘဲ၊ ဖရဲသီးစားကြ”


အစိမ်းနက်ကျား အခွံထဲတွင် အနီရောင်အသားရှိကာ ဖရဲစေ့များကလည်း ကြည့်လိုက်ရုံဖြင့်တင် အရသာရှိမည့်ပုံပေါ်နေလေသည်။


“ကျေးဇူးပါနော်”


စာဖိုးမှုးက ဒီကလေးက တကယ်စိတ်ဝင်စားစရာကောင်းသည်ဟု တွေးလိုက်မိသည်။ သူ့နဖူးပေါ်တွင် အဖြူရောင် အမာရွတ်တစ်ခုရှိပြီး ခန္ဓာကိုယ်က ‌မီးသွေးလို နက်မှောင်နေသည်မှာ ပေါင်ချိန်အသေးစားလေးဟု ထင်ရ၏။


“ စားပါ၊စား မဝရင် ထပ်ချပေးမယ်”


စားဖိုမှူးက ကောင်းကောင်းစားနိုင်သော လူများအား တွေ့ရသည်ကို သဘောကျ၏။ ထိုအရာက သူ၏ချက်ပြုတ်မှုကို ချီးကျူး‌လိုက်သလိုပင်ဖြစ်သည်။


နေ့လယ်စာစားပြီးနောက်တွင် နည်းပြပြန့်က အဆောင်သို့ခေါ်သွား၏။


၎င်းက1955တွင် ဆောက်လုပ်ခဲ့သည့် ပြွန်ပုံစံတာဝါဖြစ်သည်။ အားကစားအဆောက်အဦးကို ဖြတ်လိုက်ကြသည်။  လေးလွှာရှိ ပြတင်းပေါက်များက မကြီးပေ။ လှေကားကလည်း ဘေးတစ်ဖက်တစ်ချက်ရှိ  လူသွားလမ်းကျဉ်းသည့် အခန်းငယ်လေးများဆီ သွယ်တန်းနေ၏။ အခန်းတစ်ခုက 6စတုရန်းမီတာမှ 10စတုရန်းမီတာထိရှိကာ လူ2ယောက်မှ10ယောက်အထိနေနိုင်၏။ လူသွားလမ်းတွင်မီးသီးရှိသော်ငြား အလွန်မှိန်နေကာ လမ်းကိုမူကောင်းကောင်းမြင်နိုင်သေးသည်။ နံရံနှင့်ကပ်လျက်လမ်းများက ရှုပ်ထွေးနေကာ ဖြတ်သွားချင်ပါက Sပုံစံ လမ်းလျှောက်သွားရ၏။


နည်းပြပြန့်က ပြုံးကာ ပြောပြလာ၏။

“ ငါမင်းအတွက် နေရောင်ရတဲ့အခန်းတစ်ခုရှာပေးမယ်။ ဒီမှာပူနေပေမယ့် ဆောင်းတွင်းဆို အေးသွားမှာပါ”


အခန်းများကို အရင်ကတည်းက စီစဉ်ထားခြင်းဖြစ်သည်။ နည်းပြပြန့်ကလည်း စဉ်းစားပေးတတ်သောကြောင့် ရေကူးသမားများစုနေသည့် အခန်းကျယ်ကြီးတွင် မစီစဉ်ပေးလာပေ။ လူရောနေသည့် အခန်းများကိုသာ စီစဉ်ပေးလာသည်။


နယ်ပယ်မျိုးစုံမှ အားကစားသမားများနေထိုင်ကြ၏။ ရေငုပ်၊ စားပွဲတင်တင်းနစ်၊ ‌ဘတ်စကတ်ဘော အစရှိသည့် အားကစာစသမားများကလည်း အဆောင်တွင်နေကြသည်။


နည်းပြပြန့်က သူ့အတွက် လူလေးယောက်နေသည့် အခန်းတွင် နေရာချပေးလိုက်သည်။


နည်းပြပြန့်က စန်းဝမ်ကို လမ်းတွင်သင်ခဲ့ပြီးသားဖြစ်သည်။ အခန်းဖော်များအား ဘယ်လိုနှုတ်ဆက်ရမည်၊ ဘယ်လိုပေါင်းသင်းရမည့် အစရှိသဖြင့်ပင်။ ဒီကအားကစားသမားများက သူတို့ကျောင်းနှင့်ယှဉ်လျှင် အသက်ကြီးကျသောကြောင့်  ပေါင်းသင်းရန်မှာလည်း ကွဲပြား၏။


စန်းဝမ်ကရင်ထဲတွင် တိတ်တဆိတ်ရွတ်လိုက်သည်။


ဟယ်လို ငါက ခရိုင်Dက အားကစားသမား ပါ ၊ ဟန်ဝမ်မင်လို့ခေါ်ပါတယ်။


ရလဒ်အနေဖြင့် နည်းပြပြန့်က တံခါးဖွင့်လိုက်သောအခါ  တောက်ပနေကာ စားပွဲတွင် လူနှစ်‌ယောက်ထိုင်နေသည်ကိုမြင်လိုက်ရပြီး သူ့ပါးစပ်မှ လွတ်ထွက်သွားသည်မှာ.

“ ဟယ်လို ငါက စန်းဝမ်ကလာတဲ့ အားကစားသမား.....”


Xxxxxx

Part 800


လင်းလန် ဖုန်းချပြီး ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေး သမဝါယမသို့သွားကာ အသားဝယ်ရန် သားသတ်အဖွဲ့သို့ သွားခဲ့သည်။ကံကောင်းစွာပင် ထန်မိသားစု၏သားတစ်ယောက် ထိုနေရာတွင်ရှိနေပြီး မနက်ခင်း ဝက်သားပေါ်တုန်းက ဝက်အဆုတ်နှင့် ဝက်ကျောက်ကပ်ကို ဖခင်ဖြစ်သူအတွက် သူက ချန်ထားခဲ့၏။လင်းလန် အသားလာဝယ်သည်ကို မြင်သောအခါ သူက အကုန်လုံးကို သူမအား ရောင်းလိုက်သည်။ 


လင်းလန် ဝက်သား တစ်ကတ်တီခွဲနှင့် ဝမ်းတွင်းသားတချို့ကို ရေဆေး၊ကြိုးနှင့်ချည်သယ်ကာ စက်ဘီးဖြင့် အိမ်ပြန်လာခဲ့သည်။


သူမအိမ်ပြန်ရောက်သောအခါ ရှောင်ဝမ်က အိမ် အရင်ပြန်ရောက်နှင့်နေပြီဖြစ်ကာ အိုးကို သန့်ရှင်းရေးလုပ်နေ၏။


လယ်တောအိမ်တွင် အိုးကြီးတစ်အိုးနှင့် မီးဖိုရှိပြီး အိုးတည်သည့်ဟာမှာလည်း မြင့်သည်။သူက ခုံတန်းငယ်တစ်ခုပေါ် တက်လိုက်ပြီး တစ်ကိုယ်လုံး အိုးထဲသို့ ပြုတ်ကျလုနီးပါး ဖြစ်နေသည်။


အိုးကို ဆေးကြောရင်း သူက ညည်းနေသေး၏။ “မိဘတွေက အိမ်မှာ မရှိပါကွယ်... ကြက်၊ ခွေး၊ ဘဲ၊ ခရမ်း၊ ပဲ၊ သခွား၊ ရေဆေး၊ ပွတ်..ပွတ်...ပွတ်ဒီနေ့ ငါက အိမ်ရဲ့ အကြီးအကဲဖြစ်လာတယ်…”


လင်းလန်က ပြုံးကာပြောလိုက်၏။


 “သားငယ် ဘာသီချင်းဆိုနေတာလဲ”


သူ့မားမား၏ အသံကို ကြားသောအခါ ရှောင်ဝမ်က ခေါင်းလှည့်ပြီး သူမကို ပြုံးပြလာသည်။ 


“မားမား ပြန်လာပြီ"


ဝိုးခနဲအော်သံနှင့်အတူ ကောင်ငယ်လေးက ခုံတန်းပေါ်က ခုန်ဆင်းပြီး အသားတွေကို ဇလုံတစ်ခုနှင့်  အမြန်ယူလိုက်၏။


"သွားကစားချေ...မားမား ဟင်းချက်လိုက်ဦးမယ်"


သူမ အသားအားလုံးကို မချက်ချင်ပေမဲ့ ရာသီဥက ပူနေပြီဖြစ်သ​ဖြင့် အထားမခံတော့ပေ။သူမအနေဖြင့် အသား၏အဆီအများဆုံးအပိုင်းကို လှီးဖြတ်ပြီး ဝက်ဆီလုပ်၍ရသည်။  ဝက်ဆီနှင့် အသားဖတ်အကြေတွေကိုပင် အအေးခံပြီး ဘန်းမုန့်သို့မဟုတ် ဖက်ထုပ်တွေလုပ်ရန် ပုလင်းထဲမှာ ထည့်သိမ်းထားလိုက်၏။ယင်းကိုဟင်းထဲမှာထည့်ချက်စားလျှင်လည်း  အလွန်မွှေးလေသည်။


အဆီတဝက်အသားတစ်ဝက်များကိုမူ   သူမ ဝက်သားကြာဇံနှပ် လုပ်ချင်၏။ဝက်သားကြာဇံနှပ်က ရိုးရာဒေသထွက်ဟင်းလျာဖြစ်ပေမဲ့ ယခုချိန်မှာ ဝက်သားရရန် မလွယ်တော့သဖြင့်  စားရခဲပြီး လူနည်းစုကသာ ချက်တတ်ကြသည်။


ဝက်အဆုတ်ကို အစပ်နှစ်ထဲထည့်တွင် ကြော်နိုင်ပြီး၊ ထို့နောက် ခရမ်းချဉ်သီးဝက်အဆုပ်ဟင်းရည်ကို ပြုလုပ်နိုင်သည်။သို့မှသာ ရှောင်ဝမ် ၎င်းကို အစပ်မပါဘဲ စားသုံးနိုင်မည်ဖြစ်၏။


ဝက်ကျောက်ကပ်ကိုမူ ကြက်သွန်စိမ်းနှင့် မွှေကြော် ကြော်လိုက်မည်။


ရှောင်ဝမ်က  သူ့လက်ကို ဆေးပြီး သူ့ပုလွေကို ယူလာကာဆို၏။ 


 "မားမားအတွက် သံစဥ်တစ်ခုမှုတ်ပေးမယ်"


လင်းလန်ရှေ့မှာ ရပ်ပြီး သူက အရင်ဆုံး လက်ဟန်တစ်ခုပြုလုပ်လိုက်ရာ  ပုလွေက သူ့လက်ထဲမှာ လည်သွားလေသည်။ ယင်းက အတော်လေးကို မိုက်၏။ရှောင်ဝမ်က တူရိယာတစ်ခုကိုရရှိသည်နှင့်တပြိုင်နက် အနုပညာအတွက်  တမူထူးသော စိတ်ကူးယဉ်ဆန်ဆန် လက်တန်းပန်းချီစုတ်ချက်တစ်ခုနှင့်အတူ ထူးခြားသည့် စိတ်အခြေအနေ တစ်ခုကို ကောင်းချီးအပေးခံရလေသည်။

   

"သား မားမားအတွက် သားဘာသားလေ့ကျင့်ထားတဲ့ 'စုကျိုးသို့ခရီး'မှုတ်ပေးမယ်"


လင်းလန် အံ့ဩသွားသွားခဲ့၏။

ငါ့သား...မင်းလုပ်နိုင်တယ်...


သူတို့ပြည်နယ်မြို့တော်ကိုသွားတုန်းက သူမ ပုလွေနှင့် ကုချင်း အပါအဝင် ရိုးရာအကတွေပါသည့်  ဂီတစာအုပ်တွေ အများအပြားကို သူမသားအတွက်ဝယ်ခဲ့သည်။ ရှောင်ဝမ်က ​​သူ့ဘာသာသူ သင်ယူနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါချေ။


လင်းလန်က ငြိမ့်ညောင်းလှသော တေးဂီတကို နားထောင်ရင်း ဝက်သားကို ကိုင်နေကာ သူမကိုယ်သူမ အင်မော်တယ်(မသေမျိုး)တစ်ယောက်ဟုခံစားနေရသည်။


သံစဥ်ပြီးသွားသည့်အခါ လင်းလန်  ဝက်အဆုတ်နှင့် ကျောက်ကပ်တွေကိုလည်းကိုင်လိုက်ကာ အရသာထည့်နှပ်ရန် ဘေးဖယ်ထားလိုက်၏။


သူမလက်ကိုဆေးပြီး ပြောလိုက်သည်။ 

"ဟင်းရွက်ခင်းထဲ ဟင်းရွက်သွားခူးရအောင်"


ရှောင်ဝမ်က ချက်ချင်းဆိုသလို လင်းလန်၏လက်ကိုကိုင်လိုက်ကာ ခြင်းသေးသေးလေးတစ်လုံးကို ယူပြီး သားအမိနှစ်ယောက် ဟင်းသီးဟင်းရွက်ခင်းသို့ အတူတူသွားကြသည်။


သူက တေးသွားလေးတစ်ခုကို ညည်းနေခဲ့၏။


ဟင်းသီးဟင်းရွက်ခင်းကို ရှင်းလင်းရေးလုပ်ပြီးနောက် သားအမိနှစ်ယောက် ချက်ပြုတ်ရန် အိမ်ပြန်ခဲ့ကြသည်။ပထမဦးစွာ  ဝက်သားကြာဇံနှပ် ကိုအိုးတစ်လုံးထဲတွင်ထည့် နှပ်လိုက်သည်။ယခုအချိန်၌ လူတိုင်း၏ဗိုက်ထဲမှာ ဆီနှင့်ရေနည်းသည့်အတွက် အသားတွေကို ဒယ်အိုးထဲထည့်ကာ အဆီတွေထွက်လာအောင် မွှေကြော်ပြီးနောက် ပဲငံပြာရည်နှင့် လယ်သမားဆော့စ်တစ်ဇွန်းထည့် ၊ရေထည့်၊နွေကြက်သွန်နှင့်ဂျင်းစသည်တို့ကိုထည့်ကာ မီးအေးအေးဖြင့်  တည်ထားလိုက်၏။


ထိုအချိန်တွင် တဝမ်၊အားဝမ်နှင့် မိုင်စွေ့တို့လည်း အတူတူပြန်လာကြသည်။


တဝမ်က မိုင်စွေ့နှင့်စက်ဘီးစီးကာ အားဝမ်က ကျားနက်စီးပြီး အိမ်ပြန်လာခြင်းဖြစ်သည့်အတွက် အရင်ကထက် အများကြီးစောလေသည်။


ခြံဝင်းထဲကို ဝင်လိုက်သည်နှင့် မိုင်စွေ့က အော်လိုက်၏။


"ဟဲလို မားမား..."


"အိုး...ငါ့သမီးလေးက အင်္ဂလိပ်စာ သင်နေတာပဲ"


မိုင်စွေ့က ရယ်ပြီးဆိုသည်။


 "မားမား...သမီးတို့ကျောင်းရဲ့ အင်္ဂလိပ်ဆရာဆီက အင်္ဂလိပ်စာသင်ခဲ့တာ...သမီး အင်္ဂလိပ်အဘိဓာန်ဝယ်ချင်တယ်"


လင်းလန် အတော်လေး ဝမ်းသာနေ၏။


"ဝယ်လေ... ရက်ပိုင်းအတွင်း သမီးအဖေကို သမီးအတွက် ခရိုင်ကနေ ဝယ်ခိုင်းလိုက်မယ်" 

 

သူတို့အနေဖြင့် အင်္ဂလိပ်စာကို အလယ်တန်းဒုတိယနှစ်ကနေစပြီး သင််လေ့ရှိပေမဲ့  ဆရာ၏အဆင့်က အကန့်အသတ်ရှိပြီး ကျောင်းသားတွေကလည်း စာမသင်ချင်ကြသဖြင့် အနည်းငယ် သင်ရန်အတွက်ကို  အထက်တန်းအထိ စောင့်ရလေသည်။


ရှောင်ဝမ်သည် ယင်းက အလွန်စိတ်ဝင်စားစရာကောင်းသည်ကို တွေ့လိုက်ရသောကြောင့် မိုင်စွေ့ကို နောက်ထပ်စကားအနည်းငယ်ပြောရန် တောင်းဆိုလိုက်သည်။


မိုင်စွေ့  : "တစ်ယောက်တည်းပြောရတာ အဆင်မပြေဘူး... ဒုတိယအစ်ကိုကလည်း ငါနဲ့အတူတူပဲ... နှစ်ယောက်စလုံး စကားလုံးနည်းနည်းတတ်လာတယ်"


ရှောင်ဝမ် အံ့သြသွား၏။


"မမ ငါလည်း သင်ချင်တယ်...ငါ့ကို သင်ပေးလို့ ရတယ်"


လင်းလန်က 'ဒါကို ငါလည်း တတ်ပါတယ်... သင်ပေးမယ်...လုံးဝ မမေ့သေးဘူး'ဟု  တိတ်တိတ်လေး တွေးလိုက်သည်။သူမ၏ထင်မြင်ချက်ကို မည်သူမျှမမေးခြင်းက သနားစရာပါပင်။သူမက ခုန်ထွက်ပြီး ငါသင်ပေးမယ်ဟု ပေါ်ပေါ်ထင်ထင်ကြီး ပြောရန် မဆင်မပြေပေ။


နောက်ဆုံးတွင် လင်းလန်က သူမဘက်ကအစပြုကာပြောလိုက်၏။


"သမီး...ဒါဆို မားမား သမီးဆီက သင်မယ်" 


မှန်သည်၊ မိုင်စွေ့ကလည်း  ကြိုဆိုလျက်ပါပင်။ 


"ဟုတ်ပြီ... မားမား စောင့်ဦး...  အင်္ဂလိပ်စာက အရမ်းရိုးရှင်းတယ်လို့ ဆရာမဆီက ကြားတယ်... သမီးတို့ဖျင်ယင်းလိုပဲ အင်္ဂလိပ်အက္ခရာ26လုံးပဲရှိတယ်... အက္ခရာကို လေ့လာပြီးရင် အသံထွက်နဲ့အသံထွက်သင်္ကေတတွေကို လေ့လာလို့ရတယ်...အဲ့ဒါကို အဘိဓာန်တစ်ခုနဲ့ ကိုယ့်ဘာကိုယ် လေ့လာလို့ရတယ်” 


အားဝမ်: “မားမား... အဲဒါက တကယ်ကို ရိုးရှင်းတယ်... ကျွန်တော်တို့ဆိုအဲဒါကို တစ်ရက်လောက် လေ့လာပြီးတော့  အက္ခရာနဲ့အသံထွက်သင်္ကေတတချို့ရသွားပြီ"


ရှောင်ဝမ် အတော်လေး  စိတ်လှုပ်ရှားသွား၏။  “ကောင်းကင်ဆိုဘာလဲ”


အားဝမ်: “Fra love"

(may be paradise) 


Xxxxxxxx