အခန်း (၇၁) - အသည်းမာသော ဇနီးသည်
တတိယမောင်လေးလင်းသည် သူမဒေါသထွက်နေသောကြောင့် မျက်ကွယ်ပြုထားတာလို့ သိလိုက်ရပြီး သက်ပြင်းချကာ ဘာတစ်ခွန်းမှ ထပ်မပြောတော့ပေ။
သူ ဒီကိုရောက်လာကတည်းက လင်းချင်းဟယ်က သူ့ကို နေ့လည်စာစားရန် ဆွဲထားခဲ့ပြီး သူ့ကို ဗိုက်ဟောင်းလောင်းဖြင့် ပြန်မလွှတ်ခဲ့ချင်ဘူး။
နေ့လည်စာက ရိုးရှင်းပါသည်။ ဝက်သားဟင်နဲ့ ခေါက်ဆွဲ၊ ဝက်ဆားနယ်ခြောက်ကြော်နဲ့ အသီးအရွက်ချဉ်၊ မှိုတွေရောနှောကြော်ထားတဲ့ ဟင်းတစ်ခွက်တို့ပင် ဖြစ်ကြသည်။ အဓိကဟင်းပွဲကတော့ အစာမပါသည့် ပေါက်စီရိုးရိုးပင် ဖြစ်သည်။
“အစ်မ အရသာ အရမ်းရှိတဲ့ ဟင်းပွဲတွေ အများကြီး ပြင်ဆင်စရာ မလိုအပ်ပါဘူး။ လောင်တနဲ့ သူ့ညီတွေ စားဖို့ ထားလိုက်ပါ။” တတိယမောင်လေးလင်းက ကျောက်မီးသွေးမီးဖိုပေါ်တွင် ချက်ပြုတ်ပြင်ဆင်နေသည်ကို မြင်လိုက်ရ၍ လျင်မြန်စွာ ငြင်းပယ်လိုက်သည်။
လင်းချင်းဟယ်က ရှင်းပြသည်။ “မင်း ဒီမှာ မရှိရင်တောင် ငါတို့က ဒီလိုပဲ စားကြတာ။ မင်းအစ်မရဲ့ဘဝက အရင်ကလောက် မကောင်းမွန်ပေမယ့် မစားရ မသောက်ရ အဆင့်အထိ မနိမ့်ကျသွားသေးပါဘူး။ စိတ်အေးအေးထားပြီး စား ဟုတ်ပြီလား။ ငါ နင့်အစ်မက နင့်ကို ကျွေးမွေးချင်စိတ်အပြည့်ရှိပါတယ်။ ဒါပေမယ့် လင်းအိမ်တော်ဟောင်းက လူတွေအကြောင်းကို စဥ်းတောင် မစဥ်းစားချင်ဘူး။ နင်ပြန်ရောက်သွားတဲ့အခါကျရင် ဒီအကြောင်းကို တစ်ခွန်းမှ မဟနဲ့နော်။”
တတိယမောင်လေးလင်းသည် လောင်တဖက်သို့ လှည့်ကြည့်လိုက်သည်။ “ကျွန်တော်တို့ ဒီအတိုင်းပဲ စားသောက်ကြတာပါ” လို့ လောင်တက အတည်ပြုပေးသည်။
“အရသာရှိတယ်။” လောင်အာ့က ခေါင်းညိတ်ထောက်ခံသည်။
တတိယမောင်လေးလင်းက စိတ်ထဲမှ တွေးလိုက်သည်။ ‘ဒါပေါ့၊ အဲ့တာက အရသာရှိမှာပေါ့။ အသား၊ ခေါက်ဆွဲ၊ ဝက်ဆားနယ်ခြောက်နဲ့ ဂျုံမှုန့်ပေါက်စီတို့ပဲလေ။ ဘယ်အရာကများ မကောင်းဘူးလို့ ဆိုလို့ရနိုင်မှာလဲ။’
တတိယမောင်လေးလင်းသည် စိတ်ကျေနပ်စွာ စားသောက်ပြီးနောက် ပြန်သွားခဲ့သည်။
သူ သွားရောက်သည့်အချိန်မှာ စိုးရိမ်ပူပန်နေပေမယ့် အခု သူအိမ်ပြန်သွားချိန်မှာတော့ တတိယမောင်လေးလင်းဟာ စိတ်သက်သာရာ ရသွားခဲ့သည်။ သူ့အစ်မရဲ့ဘဝက အရင်ကလောက် မကောင်းမွန်ပေမယ့် အဲ့ဒီမှာ အလုပ်ကြိုးစားတဲ့ ကျဲဖုတစ်ယောက် ရှိနေတဲ့အတွက်ကြောင့် အရမ်းမဆိုးဝါးပါဘူး။
“တတိယယောက်ဖက သဘောကောင်းတယ်” ကျိုးချင်းပိုင်က မှတ်ချက်ချသည်။
“လင်းတစ်မိသားစုလုံးမှာ သူတစ်ယောက်တည်းက မကောက်ကျစ်တာပဲ။” လင်းချင်းဟယ်က ပြောသည်။
ကျိုးချင်းပိုင်က သူမကို တစ်ချက်ကြည့်ပြီး “မင်းလည်း အတူတူပဲလေ”
လင်းချင်းဟယ်သည် သူမက လင်းမိသားစုဟောင်းမှ လူတစ်ယောက် မဟုတ်သည့်အတွက် ပြန်လည်ချေပပြောဆိုလိုစိတ် အနည်းငယ်မျှ မရှိပေ။
သို့သော်လည်း သူမက ဒါကို ထုတ်မပြောခဲ့ပါဘူး။
နှစ်သစ်ရဲ့ ပထမဆုံးနေ့ရက် ကုန်ဆုံးသွားတော့ နှစ်သစ်ကူးမှ စိတ်ခံစားချက်တွေဟာ ပျောက်ကွယ်သွားတော့သည်။ ခုနစ်ရက်မြောက်နေ့တွင် ကျိုးရှောင်မိန်သည် ခရိုင်မြို့ပေါ်သို့ ပြန်သွားခဲ့ပြီး ရှစ်ရက်မြောက်နေ့တွင် အလုပ်စဆင်းရမည် ဖြစ်သည်။
လင်းချင်းဟယ်သည် ကလေးတွေကို ကျိုးချင်းပိုင်အား ကြည့်ရှုခိုင်းထားခဲ့သည်။ သူမသည် ကျိုးရှောင်မိန်ကို စက်ဘီးပေါ်တင်၍ ခရိုင်မြို့ပေါ်သို့ လိုက်ပို့ခဲ့သည်။ အဓိကကတော့ သူမ အပြင်သို့ မထွက်ရတာ ကြာမြင့်နေခဲ့ပြီ ဖြစ်သောကြောင့် လိုက်ပို့ခဲ့ခြင်း ဖြစ်လေသည်။ နောက်ဆုံး၌ သူမ အပြင်သို့ သွားချင်တဲ့အခါတိုင်း ခွင့်တောင်းနေဖို့ လိုအပ်လို့လား။
လင်းချင်းဟယ်သည် ကျိုးရှောင်မိန်နှင့် စက်ဘီးကို အလှည့်ကျ တင်နင်းခဲ့သည်။ သူမကို တစ်လမ်းလုံး တင်နင်းလာဖို့က အရမ်းပင်ပန်းနေလိမ့်မယ်။
ဒါပေမယ့် ကျိုးရှောင်မိန် ဒီတစ်ခေါက် ခရိုင်မြို့ပေါ်သို့ ပြန်ရတာက အရင်အခေါက်များနှင့်စာရင် အတော်လေး လွယ်ကူသာယာ နေခဲ့ပါသည်။
သူမသည် လင်းချင်းဟယ်ကို အလွန်ပျော်ရွှင်စွာ လက်ပြနှုတ်ဆက်ခဲ့သည်။
အဲဒီအချိန်မှာပင် သူမရဲ့ လုပ်ဖောက်ကိုင်ဖက် တစ်ယောက်က အနားရောက်လာပြီး မေးမြန်းခဲ့သည်။ “အဲ့တာက ဘယ်သူလဲ။ မြို့ပေါ်က နင့်ဆွေမျိုးလား။”
“အဲ့တာ ငါ့ယောင်းမလေ၊ စတုတ္ထယောင်းမ” ကျိုးရှောင်မိန်က ပြန်ဖြေလိုက်သည်။
“နင့်စတုတ္ထယောင်းမက အရမ်းလှတာပဲ။ ငါက သူမကို မြို့သူတစ်ယောက်လို့ ထင်နေတာ” ဟု လုပ်ဖော်ကိုင်ဖက်မှ ပြောသည်။
“ငါ့စတုတ္ထယောင်းမက မြို့က မဟုတ်ပေမယ့် သူမက ငါတို့ရွာနီးတစ်ဝိုက်မှာ အလှဆုံးပဲ။ ငါ့စတုတ္ထအစ်ကိုက ကံကောင်းသွားတာ” ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
လုပ်ဖော်ကိုင်ဖက်က ပြုံးသွားမိပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့သည်။ “နင်ရော ဘယ်တော့လောက် လက်ထပ်မယ်လို့ စဥ်းစားထားလဲ။”
“ငါ ဒီတစ်ခေါက် ပြန်လာတာက သူနဲ့ လမ်းခွဲဖို့ သေချာဆုံးဖြတ်ထားတယ်။ သူ့မိသားစုထဲကို ဝင်ရောက်ဖို့ ငါ တကယ် အဆင်မပြေဘူး။ ငါ့မိသားစုက ကျေးလက်ဒေသကလေ။” ကျိုးရှောင်မိန်က သူမဒေါသကို ဖိနှိပ်ကာ ထိုသို့ပြောလိုက်သည်။
ဒီလိုလုပ်ဖို့ စတုတ္ထယောင်းမက သူမကို သင်ပေးထားတာ ဖြစ်သည်။ သူမသာဆိုရင် ဒီအကြောင်းကို သေသေချာချာ ပြောဆိုရှင်းပြနိုင်လိမ့်မည်။
သူမ ဒီလိုပြောလိုက်တဲ့အခါ သူမရဲ့ လုပ်ဖော်ကိုင်ဖက်က လေးစားသွားပြီး “ကျေးလက်ဒေသက ဘာမကောင်းလို့လဲ။ ကျေးလက်ဒေသမှာ စားဖို့ သောက်ဖို့ ပူပင်စရာမလိုအပ်ဘူး။” လို့ ပြောလေသည်။
“မေ့လိုက်ပါ။ ငါက သူတို့ လူနေမှုဘဝထဲ မဝင်ဆန့်နိုင်ဘူးလေ။ ဒီဆံညှပ်လေး သူ့ကို ပြန်ပေးဖို့ ငါ့ကို ကူညီပေးပါလား။” ကျိုးရှောင်မိန်က ဆံညှပ်လေးတစ်ခုကို ထုတ်ယူပြီး အကူအညီတောင်းလိုက်သည်။
“ဒီဆံညှပ်လေးက အရမ်းလှတာပဲ” လုပ်ဖော်ကိုင်ဖက်မှ ထုတ်ဖော်ချီးကျူးခဲ့သည်။
“ဒါလေးက လှတယ်ဆိုတော့ နင် သူ့ကို ဒါလေး သွားပေးတဲ့အခါကျရင် သူ့ဆီကနေ ပြန်တောင်းလိုက်ပါလား။” ကျိုးရှောင်မိန်က သူမ ဆံညှပ်ကို ပြန်ပေးပေးဖို့ တောင်းဆိုပြီးတော့ အိပ်ဆောင်သို့ ပြန်သွားခဲ့သည်။
သူမရဲ့ လုပ်ဖော်ကိုင်ဖက်က ရှက်သွေးဖြာသွားပြီးနောက် “ငါ သူ့ကို နင့်ဆီကနေ မခိုးယူချင်ပါဘူး၊ ဒါက နင့်အပိုင်ပဲ၊ ဘယ်သူက သူ့ကို လိုချင်မှာလဲ။” လို့ တီးတိုး ရေရွတ်လိုက်သည်။
အနည်းဆုံး သုံးရက်ခန့်အကြာတွင် ကျိုးရှောင်မိန်သည် သူမအရင်ရည်းစားကို ထိုလုပ်ဖော်ကိုင်ဖက်နှင့် ထမင်းအတူစားနေတာကို မျက်မြင်တွေ့လိုက်ရသည်။ သူတို့နှစ်ဦးဟာ အချိန်တိုအတွင်း ရင်းနှီးသွားပုံပေါ်သည်။
အချို့သော လုပ်ဖော်ကိုင်ဖက်များက ကျိုးရှောင်မိန်အား ဒီသတင်းကို လာရောက်ပြောဆိုကြပေမယ့် ကျိုးရှောင်မိန်၏ အမူအရာမှာ တသမတ်တည်း မပြောင်းလဲခဲ့ပဲ တချို့လူများထင်တာထက် ပိုအဆင်ပြေနေပုံပေါ်သည်။ ကျိုးရှောင်မိန်သည် အိသဥာဏ် ဗဟုသုတ မကြွယ်ဝပေမယ့် သူမသည် ကိုယ်ကိုယ်ကို တန်ဖိုးထားသူတစ်ယောက် ဖြစ်နေဆဲပါပင်။
ဤအဖြစ်အပျက်ကြောင့် သူမကို လုပ်ဖော်ကကိုင်ဖက်များစွာက စာနာသနားခဲ့ကြသည်။ ထိုအကြောင်းအရာကြောင့်သာ မဟုတ်ပဲ ကျိုးရှောင်မိန်ကို သူတို့က အရမ်းသဘောကျပြီး သူမက သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်နိုင်တယ်လို့ ယူဆမိသောကြောင့်လည်း ဖြစ်သည်။ လုပ်ဖောက်ကိုင်ဖက်တစ်ဦးမှ သူမရဲ့ ရည်းစားကို ခိုးယူလိမ့်မည်ဟု မထင်ခဲ့ကြပေ။ တကယ့်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေ မရှိခဲ့ဘူး။
ကျိုးရှောင်မိန်သည် ဒီအကြောင်းကို ဂရုမစိုက်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူမ လမ်းခွဲပြီးနောက် သူမရဲ့ မြင့်မြတ်တဲ့ အပြုအမူတွေကြောင့် သူမကို လိုက်လံပိုးပမ်းသူတွေ ရှိလာခဲ့လို့ပါပဲ။
ကျိုးရှောင်မိန်သည် သူမရဲ့ စတုတ္ထယောင်းမ ပြောစကားများကို လိုက်နာခဲ့သည်။ သူတို့ တစ်ဦးချင်းစီနှင့် စကားစမြည်ပြောဆိုပြီးနောက် သူမ စတုတ္ထယောင်းမ ပြောသည့်စကားများကို မည်သူမျှ မလိုက်နာနိုင်ခဲ့ကြပေ။
မိသားစုကို သူ့လစာ ပြန်အပ်တာမျိုး သို့မဟုတ် ရုပ်အရမ်းဆိုးလွန်းတာမျိုး သို့မဟုတ် သူ့အိမ်က သေးလွန်းတာမျိုးတွေကိုပဲ တွေ့ရှိခဲ့ရသည်။
အတိုချုပ်ပြောရရင် စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု မရှိဘူး။
အဆုံး၌ ကျိုးရှောင်မိန်သည် တစ်ကိုယ်တည်း နေနိုင်သည်။ သူမသည် လက်ရှိတွင် သူမရဲ့ စတုတ္ထယောင်းမ ပြောစကားများကို လေးလေးနက်နက် နာခံခဲ့ပြီး အကောင်းဆုံးကို ကြုံတွေ့နိုင်လိမ့်မည်ဟု ခံစားမိသည်။
သူများတွေလို ရွေးချယ်ရတာထက် တခြားလူတွေ လိုချင်တာမျိုးကို သူမ မလိုချင်ဘူး။ သူမ ဒါမျိုးကို အလိုမရှိပေမယ့် သူမ အလွန်နာမည်ကြီးခဲ့သည်။
ဤသည်မှာ အမှန်ပင် ဖြစ်သည်။
ကျိုးရှောင်မိန်၏ မိသားစု ဖွဲ့စည်းပုံကို မေးခွန်းထုတ်စရာ မလိုအပ်ပါ။ သူမတွင် အစ်ကိုများစွာ ပိုင်ဆိုင်ထားသည်။ သူမရဲ့ အခြေအနေက ကောင်းမွန်သည်။ သူမ အိမ်ထောင်ပြုခဲ့ရင် သားမက်ရဲ့ မိသားစုက သူမမိခင်အိမ်ဖက်ကို ပစ္စည်းများ ပြန်လည်ယူဆောင်သွားမှာကို စိတ်ပူစရာ မလိုအပ်ဘူး။
အဲ့ဒီအစား မြို့ပေါ်ရှိ သားမက်ရဲ့မိသားစုကို ကူညီထောက်ပံ့ပေးနိုင်လိမ့်မည်။
မြို့ကလူနှင့် လက်ထပ်ကြသော ချွေးမများ၏ မိခင်ဖက်မှမိသားစု အများအပြားသည် အစားအသောက် ဖြန့်ဖြူးပြီးနောက်တွင် စားစရာအချို့ ပို့ပေးကြသည့်အပြင် ကျိုးရှောင်မိန်တွင်လည်း ကိုယ်ပိုင်ဝင်ငွေ ရှိနေဆဲဖြစ်သည်။ ဒါက ပိုကောင်းတယ်လို့ ဆိုနိုင်တယ် မဟုတ်ပါလား။
ထို့ကြောင့် ကျိုးရှောင်မိန်၏ တောင်းဆိုချက်မှာ မှားယွင်းတယ်လို့ မဆိုနိုင်ပါ။ ဒါပေမယ့် ကျိုးရှောင်မိန်တွင် ယခုအချိန်၌ ထိုရည်ရွယ်ချက် မရှိသေးပေ။
ကျေးလက်ဒေသတွင် လင်းချင်းဟယ်သည် ကျိုးရှောင်မိန်သည် ထိုအမျိုးသားကို ကန်ထုတ်ပြီးနောက် တစ်လလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ပြန်လာသောကြောင့် ဒီအကြောင်းအား ကျိုးရှောင်မိန်ထံမှ ကြားသိခဲ့ပြီးဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အနားယူတဲ့ အချိန်ကာလဟာ ပြီးဆုံးသွားခဲ့ပြီး မတ်လသို့ပင် ရောက်ရှိလာခဲ့ပြီ။
“ရွာထဲက ဘယ်အိမ်မှာ ကြက်တွေ မွေးထားလဲဆိုတာ ရှင် လိုက်ကြည့်စိမ်းပါဦး။ ကျွန်မတို့မွေးဖို့ နည်းနည်းလောက် ဝယ်ကြရအောင်” လင်းချင်းဟယ်က ပြောသည်။
“ကိုယ်တို့မိသားစုမှာ လူငါးယောက်ပဲရှိတာ၊ ကြက်သုံးကောင်ဆို လုံလောက်ပါတယ်” လို့ ကျိုးချင်းပိုင်က ရှင်းပြပြောဆိုသည်။
ထိုအခါမှ လင်းချင်းဟယ်သည် ဤအရာကို အမှတ်ရလိုက်မိသည်။ ဤအချိန်ကာလမှာ ကန့်သတ်ချက်တွေ ရှိကြသည်။ လူနှစ်ယောက်လျှင် ကြက်တစ်ကောင် ပိုင်ဆိုင်ထားပါက လုံလောက်လေသည်။ သူမတို့မိသားစုတွင် လူငါးယောက်ရှိ၍ သုံးကောင်ကို အများဆုံး ပိုင်ဆိုင်ထားနိုင်သည်။
“ရှင် ကြက်ခြောက်ကောင်လောက် သွားဖမ်းခဲ့၊ ကြက်တွေက မြန်မြန်သေလွယ်တယ်။” လင်းချင်းဟယ်က ဆုံးဖြတ်ပြောဆိုခဲ့သည်။
ကျိုးချင်းပိုင်က ဒါကို မကန့်ကွက်ခဲ့ပါဘူး။ ဒါက အမှန်ပင် ဖြစ်သည်။ လင်းချင်းဟယ်ရဲ့ ရည်ရွယ်ချက်ကတော့ သူတို့အားလုံး အသက်ရှင်ကျန်ရစ်ခဲ့မယ်ဆိုရင် သူမက သူတို့ကြီးပြင်းလာချိန်အထိ စောင့်ဆိုင်းပြီး သူမတို့မိသားစုတစ်ခုလုံးကို ကျွေးမွေးဖို့ သူတို့ကို သတ်စားနိုင်သည့်အချိန်ထိ စောင့်ဆိုင်းရပေလိမ့်မည်။
ဒီအချိန်ကာလမှာ ကြက်တွေကို ပြုစုပျိုးထောင်ရတာ လွယ်ကူပါသည်။ ကျိုးချင်းပိုင်က ကြက်ခြောက်ကောင် ဝယ်ယူခဲ့သည်။
ကြက်လေးတွေဟာ သေသေချာချာ ဂရုစိုက်ပျိုးထောင်ရသည်။ ဒါက ပုံမှန်အလေ့အကျင့် တစ်ခုပါပဲ။ အဆုံး၌ ကြက်များသည် အရွယ်မရောက်ခင်ပင် သေဆုံးသွားနိုင်တာကို ထည့်သွင်းစဥ်းစားရန် လိုအပ်သည်။ ဒါကို ဘယ်သူမှ ပြောဆိုမှာ မဟုတ်ဘူး။
သူတို့ကြီးပြင်းပြီး အသက်ရှင်ရင် ဒါကို လက်မခံလို့ မရဘူး။
ဒါက မလွယ်ကူဘူး။
“ကျွန်မတို့ဝက်တွေကို ဒီနှစ် ပေါ်သင့်တယ်။ အဲ့ဒီအချိန်လောက်ဆို ကျင်းနှစ်ရာ အလေးချိန်ရှိမယ်လို့ ကျွန်မ ထင်တယ်။” လင်းချင်းဟယ်က ကောင်းမွန်စွာ မွေးမြူထားသော ဝက်နှစ်ကောင်ကို စစ်ဆေးကြည့်ရှုပြီး ပြောခဲ့သည်။
“အကြမ်းဖျင်းအားဖြင့် အဲ့လောက် ရှိနိုင်တယ်” လို့ ကျိုးချင်းပိုင်က ခေါင်းညိတ်ထောက်ခံသည်။
“လောင်အာ့ အမေနဲ့အတူ ဟင်းသီးဟင်းရွက်တွေ ကူတူးဖို့ လိုက်လာခဲ့” လင်းချင်းဟယ်က လှမ်းအော်လိုက်သည်။
သူမသည် လောင်အာ့ကို လှမ်းအော်ခေါ်ပြီး လောင်စန်းကို ပွေ့ချီကာ ခေါ်သွားခဲ့သည်။ သုံးယောက်သား ခြင်းတောင်းကိုယူ၍ ထွက်သွားကြသည်။
ကျိုးချင်းပိုင်သည် သားအမိတစ်သိုက်ကို ကြည့်ရင်း သူ့မျက်ခုံးတွေ အသာတွန့်ကွေးသွားသော်လည်း ချက်ချင်း သက်ပြင်းချလိုက်မိပြန်သည်။
သူ သူ့မိန်းမအား စီးပွားရေး လုပ်ခွင့် မပေးတဲ့အတွက် သူ့မိန်းမက သူ့ကို နီးကပ်ခွင့် မပေးဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ထိုမိန်းမ၏ မာကျောသော နှလုံးသားက ပျော့ပျောင်းသွားမည့် အရိပ်အယောင် မရှိပေ။