အပိုင်း (၇၉)
Viewers 12k

Part-79


ကျိယန်ကိုယ်တိုင်လဲထိုစစ်ဆေးချက်ကိုမည်သို့ပြုလုပ်လိုက်မှန်းစဉ်းစားမရနိုင်ပေ သို့သော်လဲထိုအချက်အလက်များကအတုဖြစ်စေအစစ်ဖြစ်စေ ထန်ထန်ကထန်မိသားစုကိုကူညီလိမ့်မည်မဟုတ်ပေ ထန်ထန်ကထန်မိသားစုနှင့်မည်သို့မျှမသက်ဆိုင်တော့ပေ။


သူမကကျိမိသားစုဝင်ဖြစ်ပြီးအရေးကြီးဆုံးနှင့်အထူးခြားဆုံးပုဂ္ဂိုလ်လဲဖြစ်နေပေသည်။ကျိယန်ထန်ထန်၏ခါးသွယ်သွယ်လေးကိုဖက်လိုက်ပြီးမျက်နှာတည်ဖြင့်ပြောလိုက်သည်


"ဒီအချက်အလက်တွေကိုဘယ်သူကပဲပေးလိုက်ပေးလိုက်...ဒီအချက်အလက်တွေကအတုဖြစ်ဖြစ်အစစ်ဖြစ်ဖြစ်အရေးမပါတော့ဘူး...ထန်ထန့်ကိုမင်းတို့မိသားစုထဲကနှင်ထုတ်လိုက်ကထဲကသူကထန်မိသားစုဝင်မဟုတ်တော့ဘူး...သူ့မှာမင်းတို့ရဲ့တောင်းဆိုမှုကိုလိုက်လျောပေးရမဲ့တာဝန်မရှိဘူး...

အဲ့တော့ကျေးဇူးပြုပြီးတော့ငါတို့မိသားစုကိုလာမ‌နှောင့်ယှက်ကြပါနဲ့တော့..."


"ထန်ထန်..."


ထန်မိထိန်းချုပ်မှုမဲ့သွားပြီးတုန်ယင်စွာပင်ခေါ်လိုက်သည်။


"နင်တကယ်ပဲနှလုံးသားမဲ့တာလား...တကယ်လို့ဒီလူကသူစိမ်းဖြစ်နေရင်တောင်မှပဲ နင်ကူညီကယ်တင်မယ်ဆိုတာငါသိတယ်...အခုနင့်ရဲ့အမေအရင်းဖြစ်နေတာကိုနင်ကနဲနဲလေးတောင်တွန့်ဆုတ်မှုမရှိပဲနဲ့ငြင်းပယ်လိုက်တယ်...ဟုတ်လား...နင်ကငါတို့ကိုမျှော်လင့်ချက်လေးနဲနဲလေးတောင်မပေးဘူး...

ဒါကနင့်ရဲ့လက်စားချေမှုလား..."


ထန်ထန်ကတည်ငြိမ်စွာပင်နားထောင်နေသည် ထန်မိ၏စကားကိုဖြတ်၍မပြောသလိုအလျင်စလိုပြုလုပ်လိုက်ခြင်းလဲမရှိပေ။သူပြောတာကမှန်ပေသည် အကယ်၍၎င်းကသူစိမ်းတယောက်သာဖြစ်နေမည်ဆိုလျှင် သူ့၏အသက်ကိုကယ်တင်ဖို့သူမစဉ်းစားပေးပေလိမ့်မည်။တကယ်တမ်းတွင်မာမားထန်ကလဲသူမနှလုံးသားထဲတွင်သူစိမ်းသာသာသာဖြစ်သည်။


သူမကကူညီသင့်သည်ဟုတွေးမိခဲ့သေးသည် သို့သော်လဲသူမကျောက်ကပ်လှူသည့်အကြောင်းကိုသေချာစွာရှာဖွေလေ့လာခဲ့သည်။ထိုခွဲစိတ်မှုကလူအများစုလွတ်မြောက်နိုင်သည်ကိုသူမနားလည်ပေသည်။သို့သော်လဲကျောက်ကပ်လှူဒါန်းပြီးသည့်နောက်တွင်ဆီးလမ်းကြောင်းပြဿနာများရှိလာနိုင်ပေသည်။


တချို့လူများကခွဲစိတ်မှုမှပိုးဝင်ပြီးပြဿနာများလဲရှိတတ်ပေသည် ထို့ကြောင့်ကျောက်ကပ်လှူဒါန်းခြင်းကလုံးဝအန္တာရာယ်ကင်းသည့်ခွဲစိတ်မှုတခုဟုမပြောနိုင်ပေ။ထိုအစားပြဿနာများစွာဖြစ်ပေါ်လာနိုင်သည်ဟုပင်ဆိုနိုင်ပေသည် ။


ခွဲစိတ်ကုသမှုမှာသူမသာတခုခုဖြစ်သွားမယ်ဆိုရင်သူမရဲ့ကလေးတွေနဲ့ခင်ပွန်းကိုဘယ်သူကကြည့်မှာလဲ...


သူမသူတို့ကိုမပစ်ပယ်နိုင်ပေ ထိုကြောင့်သူမ၏အသက်လေးကိုအလွန်ချစ်မြတ်နိုးရပေမည်။အကယ်၍သူမအတွက်ထိခိုက်မှုမရှိလျှင်သူမတခြားသူများကိုကူညီရန်ဆန္ဒရှိပေသည် သို့သော်လဲသူမကိုထိခိုက်လာမည်ဆိုပါကသူတခြားဘယ်သူ့ကိုမှကူညီနိုင်လိမ့်မည်မဟုတ်ပေ။

သူမသည်လည်းတကိုယ်ကောင်းဆန်စိတ်ရှိသောသာမာန်လူတယောက်သာဖြစ်သည်။ထန်ထန်သက်ပြင်းတချက်ချလိုက်ပြီးတည်ငြိမ်စွာဖြင့်ပြောလိုက်သည် ။


"ထန်မိခွဲစိတ်ကုသမှုရဲ့အကျိုးဆက်တွေကို နင်ကငါ့ထက်ပိုပြီးတော့သိမှာပါ...ဒီတော့နင် ငါ့ရဲ့ဘေးကင်းလုံခြုံမှုအတွက်ရောတွေးရဲ့လား...နင် နင့်မိသားစုကိုစိတ်ပူတယ်ဆိုတာတော့ငါသိပါတယ်...ဒါပေမဲ့ငါ့မှာလဲချစ်ရတဲ့မိသားစုရှိတယ်လေ...ငါ့ခင်ပွန်းနဲ့ငါ့ကလေးကငါ့ကိုလိုအပ်တယ်ပြီးတော့လဲငါသူတို့နဲ့လဲမခွဲနိုင်ဘူး...

တကယ်လို့များဒီခွဲစိတ်မှုရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာမယ် ဒါမှမဟုတ်ငါ့ရဲ့ကျန်းမာရေးကချို့ယွင်းလာခဲ့မယ်ဆိုရင်ငါချစ်ရတဲ့မိသားစုဘယ်လိုများလုပ်ကြမလဲ...နင်တို့ငါ့အတွက်စဉ်းစားပေးမိကြလား..."


ထန်မိနှုတ်ခမ်းကိုကိုက်လိုက်မိသည်...ဒါပေါ့ သူမသည်လဲခွဲစိတ်မှု၏အကျိုးအပြစ်များဘေးထွက်ဆိုးကျိုးများကိုသိပေသည်ဆရာဝန်ကထိုအကြောင်းကိုသူမတို့အားသေသေချာချာရှင်းပြပြီးသားဖြစ်သည်။သို့သော်လဲ သူတို့ကမားမားထန်သူတို့ကိုခွဲသွားမည်အားလက်မခံလိုနိုင်သောကြောင့်ဘယ်လိုမျှော်လင့်ချက်မျိုးကိုမှလက်မလွတ်နိုင်ခဲ့ပေ။


ထို့ကြောင့်ဘယ်လိုကိစ္စပဲဖြစ်ဖြစ်သူမတို့ခွဲစိတ်မှုကိုပြုလုပ်ပေးမည်။အမှန်တိုင်းပြောရမည်ဆိုလျှင်ထန်ထန်ရဲ့ကျန်းမာရေးအကြောင်းလဲထည့်မတွေးထဲ့ပေ ထန်ထန်၏အခြေအနေအကြောင်းကိုလဲလုံးဝထည့်မတွေးခဲ့ပေ။အဘယ်ကြောင့်ဆိုသော်ထန်ထန်ကသူစိမ်းတယောက်သာဖြစ်သည်။

ထိုသို့တွေးလိုက်မိသည်နှင့်ထန်မိအနဲငယ်ရှက်ရွံ့မှုကိုခံစားလိုက်မိသည်။ထန်မိတိတ်ဆိတ်သွားသည်ကိုမြင်လိုက်သည်နှင့်ထန်ထန်ရီမောလိုက်မိ၏။


"နင်က နင့်မိသားစုအကြောင်းကိုပဲဂရုစိုက်တယ်ငါ့အကြောင်းကိုလုံးဝမတွေးဖူးဘူး...ဟုတ်တယ်မလား...ဘာလို့လဲဆိုတော့ငါကနင့်နှလုံးသားထဲမှာအ‌‌ရေးမကြီးဘူးလေ...ငါကဒီတိုင်းသူစိမ်းတယောက်သက်သက်ပဲဟုတ်တယ်မလား..."


ထန်ထန်ကလူသုံးယောက်၏အတွေးများကိုခန့်မှန်းနိုင်ပေသည် ဘယ်သူမှလဲသူမ၏စကားကိုငြင်းပယ်မလာနိုင်ပေ။ထန်ထန်ဆက်ပြောလိုက်သည်။


"ဒါပေမဲ့နင့်အတွေးကပုံမှန်ပါပဲ...ဘာဖြစ်လို့လဲဆိုတော့လူတွေကတကိုယ်ကောင်းဆန်တယ်လေ...ငါ့မှာနင့်ကိုအပြစ်တင်ဝေဖန်လို့မရဘူး...ဒါပေမဲ့ငါလဲတူတူပဲလေငါလဲတကိုယ်ကောင်းဆန်တယ်...ငါ့နှလုံးသားမှာလဲနင်တို့ကသူစိမ်းသာသာပဲငါ့ရဲ့ခင်ပွန်းနဲ့ငါ့ကလေးကသာလျှင်ငါ့မိသားစု...

ဒီတော့ငါကသူစိမ်းတယောက်အတွက်ဘာကြောင့်များစွန့်စားရမှာလဲ..."


"ဒါပေမဲ့...ဒါပေမဲ့"


ထန်မိကထန်ထန်၏စကားများကိုပြန်လည်မချေပနိင်ပေ။သို့သော်လဲ သူမမှာသာနည်းလမ်းမရှိပါကသူ့အမေအတွက်မျှော်လင့်ချက်ကိုလက်လွှတ်လိုက်ရပေလိမ့်မည်။သူမစိတ်ပူစွာဖြင့်ပြောလိုက်သည်။


"ဒါပေမဲ့သူကနင့်အတွက်သူစိမ်းမဟုတ်ဘူးလေ...သူကနင့်ရဲ့အမေအရင်းပဲသူကနင့်ကိုကိုးလလွယ်ပြီးမွေးဖွားပေးခဲ့တဲ့လူမဟုတ်ဘူးလား..."


ထန်ထန်ကစိတ်ဆိုးဒေါသထွက်မသွားပဲတည်ငြိမ်စွာပင်ပြန်မေးလိုက်သည်။


"တကယ်လား...ဒါဆိုရင်ထန်မိရေ မေးပါရစေဦး...ယွမ်ပြည်နယ်မှာရှိနေတဲ့ နင်ရဲ့သွေးရင်းအမေအရင်းကိုရောဘယ်လိုများဆက်ဆံလဲ..."


ထိုစကားကချက်ကောင်းထိသွားသကဲ့သို့ပင် ထန်မိ၏မျက်နှာကပြောင်းလဲသွားပြီးမသိလိုက်ဘာသာပင်ခြေတလှမ်းဆုတ်လိုက်မိသည်။ကံကောင်းထောက်မစွာပင် ကျိရှစ်ယွဲ့ကသူမကိုထိန်းကိုင်ပေးလိုက်နိင်သောကြောင့်တည်ငြိမ်စွာပြန်ရပ်နိင်သွားသည်။


သူ့ဇနီး၏အခြေအနေကိုတွေ့လိုက်ရသောကြောင့်ကျိရှစ်ယွဲ့နာကျင်သွားမိပြီးထန်ထန့်ကိုကြောက်စရာကောင်းလောက်အောင်စူးရဲစွာစိုက်ကြည့်လိုက်သည်။ထန်ထန်ကသူ့အကြည့်များကိုလုံးဝမကြောက်ပေ သူမအညှာတာမဲ့စွာဖြင့်ဆက်လက်တိုက်ခိုက်လိုက်သည်။


"ကြည့်ပါလား...နင့်ကိုမွေးထုတ်ပေးထားတဲ့သွေးရင်းအမေကိုအခုအမေလိုမျိုးမဆက်ဆံဘူးမဟုတ်လား...တကယ်လို့များနင့်ရဲ့သွေားရင်းအမေကကျောက်ကပ်လဲလှယ်ဖို့လိုနေတယ်ဆိုရင်သဘောတူမှာလား...နင့်ရဲ့ချစ်ရတဲ့မိသားစုကရောသ‌ဘောတူမှာလား..."


ထန်ထန်၏စကားသံကညှင်သာနူးညံ့တည်ငြိမ်လှသည် သူမ၏အသံတွင်မည်သည့်ရန်လိုမှုမှမပါဝင်နေပေ သို့သော်လဲသူမ၏စကားလုံးများကသူတို့အားကြောင်ခတ်သွားစေသည်။ထိုလူသုံးယောက်ကသူမကိုတွန်းလှန်ချင်စိတ်ဖြင့်တုန်ရီနေကြသော်လဲ သူတို့မည်သည့်အရာမှမလုပ်နိုင်ပေ သူတို့စကားတခွန်းမှပြန်မဆိုနိုင်ကြပေ။


ပတ်ဝန်းကျင်လေထုအခြေအနေကသဘာဝမကျလောက်အောင်တိတ်ဆိတ်နေပေသည် တခြားတဖက်တွင်မူကျိယန်ကထိုအခြေအနေကြောင့်ပျော်ရွှင်နေမိသည်။


သူ မထိန်းချုပ်နိုင်စွာဖြင့်ထန်ထန်၏ဆံပင်လေးများကိုပွတ်သပ်လိုက်မိသည်။အံ့ဩစရာကောင်းလောက်စွာပင်သူ့၏နုံအနူးညံ့သောဇနီးလေးကမထင်မှတ်ထားစွာ 

တခြားတဖက်ခြမ်းကိုထုတ်ပြလာခဲ့လေသည်။သူမကတကယ့်ကိုအံ့အားသင့်စရာကောင်းလှသည် ဒီအခြေအနေသာဆိုလျှင်အနာဂတ်တွင်တစုံတယောက်ကသူမအားအနိုင်ကျင့်လာမည်ကိုသူစိတ်ပူစရာမလိုတော့ပေ။


ထန်ထန်ကကျိယန်ကြောင့်သူမဆံပင်များရှုပ်ပွသွားသောကြောင့်နှုတ်ခမ်းစူလိုက်သည် ထို့နောက် 

သူ ရပ်တန့်ရန်အကြည့်တချက်ပေးလိုက်ပြီးမှအ‌ရှေ့မှလူသုံးယောက်ကိုပြန်ကြည့်လိုက်သည်။


"ငါဒီစကားတွေကိုပြောတာက ဘာအဓိပ္ပာယ်မှတော့မရှိပါဘူး...ငါကနင်တို့ကိုသိစေချင်တာပါ အရာရာတိုင်းကနင်တို့ဖြစ်ချင်သလိုမျိုးဖြစ်လို့မရဘူးဆိုတာကို...သွေးသားတော်စပ်တယ်ဆိုတာကိုအကြောင်းပြပြီးငါ့ဆီကတောင်းဆိုနေတာတွေကိုရပ်တော့ ပြီးတော့ထပ်ခါထပ်ခါလာပြီးနှောင့်ယှက်နေတာကိုလဲရပ်...

ငါနင်တို့နဲ့ဘယ်လိုဆက်သွယ်မှုမျိုးမှမလုပ်ချင်ဘူး...ငါ့ဘဝကိုငါအေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ပဲနေချင်တယ်..."

.

ထန်ထန်သူမပြောစရာရှိသည်များကိုသေသေချာချာရှင်းရှင်းလင်းလင်းပြောပြီးသည်ဟုခံစားလိုက်မိသည် ထို့ကြောင့်ထွက်ခွာရန်အတွက် ကျိယန်၏အက်ျီလက်စကိုဆွဲပြီးအချက်ပြလိုက်သည်။သို့သော်လဲသူမတို့ခြေလှမ်းသုံးလှမ်းမျှတောင်မလှမ်းရသေးခင်မှာပဲ နောက်ဆီမှဖေဖေထန်၏ဝမ်းနဲနာကျင်မှုများပြည့်နေသည့်အသံကိုကြားလိုက်ရသည်။


"ထန်ထန်..."


ထန်ထန်က လုံးဝဂရုမစိုက်လိုပေ သို့သော်လဲကြမ်းပြင်ပေါ်သို့တခုခုပြုတ်ကျသံကိုကြားလိုက်ရပြီး ထန်မိနှင့်ကျိရှစ်ယွဲ့တို့၏အံ့အားတသင့်အော်သံကိုလဲကြားလိုက်ရပေသည်။ ထန်ထန်၏နှလုံးခုန်နှုန်းများမြန်ဆန်သွားပြီးသူမနောက်သို့လှည့်ကြည့်လိုက်သည်ဂုဏ်သိက္ခာရှိမြင့်မြတ်သောသက်လတ်ပိုင်းအရွယ်လူကြီးကကြမ်းပြင်ပေါ်တွင်ဒူးထောက်‌နေလေသည်။

သူ့၏မျက်နှာကလဲအသနားခံမှုနှင့်ပြည့်နှက်နေကာ ထန်ထန်ကိုကြည့်နေလေသည်။


 ထန်ထန်၏အမူအယာကပြောင်းလဲသွားလေသည်။သူမကမူလထန်ထန်ဟုတ်မဟုတ်ကအရေးမကြီးတော့ပေ ဒီခန္ဓာကိုယ်၏အဖေအရင်းဖြစ်နေလေရာသူမ၏အဖေဒူးထောက်နေတာကိုမည်ကဲ့သို့ရပ်ကြည့်နေရတော့မည်နည်း။


"ဒါဘာလုပ်တာလဲ..."


ဖေဖေထန်၏မျက်ဝန်းများနီရဲလာပြီးမျက်ရည်များစီးကျလာကာစို့နင့်ရှိုက်ငင်စွာဖြင့်ပြောလိုက်သည်။


"ထန်ထန် နင်ငါတို့ကိုမုန်းနေတယ်ဆိုတာသိပါတယ်...ငါတို့နင့်အပေါ်မှာမှားယွင်းခဲ့မိတယ်...အားလုံးကငါတို့ရဲ့အမှားတွေပါ ဒါပေမဲ့ငါ့ကိုပဲမုန်းလိုက်လို့ရမလား...နင့်ရဲ့အမေကိုကယ်တင်ပေးဖို့ပဲတောင်းဆိုတာပါတောင်းပန်ပါတယ်ထန်ထန်..."


ဖေဖေထန်ကပြောပြီးသည်နှင့် မည်သူမှမတုန့်ပြန်နိုင်ခင်မှာတင်ကျယ်လောင်စွာအရိုအသေပေးလိုက်သည်။ထန်မိကြောက်လန့်တကြားဖြူဖျော့သွားပြီးသူမ၏အဖေကိုကူညီထောက်ပံ့ပေးလိုက်သည်။


"အဖေ...အဖေ ဒီလိုမလုပ်ပါနဲ့ မြန်မြန်လေးထပါတကယ်လို့တယောက်ယောက်ကဒူးထောက်ရမယ်ဆိုရင်တောင်အဲ့တာကကျွန်မပဲဖြစ်သင့်ပါတယ် အားလုံးကကျွန်မကြောင့်ဖြစ်လာတာတွေချည်းပဲ..."


ဖေဖေထန်ကသူမတိုတွန်းဖယ်လိုက်သည်။


"မိမိ နောက်ဆုတ်နေဒါကနင်နဲ့ဘာမှမဆိုင်ဘူး...ထန်ထန့်အပေါ်မှားယွင်းခဲ့တဲ့လူကငါပဲ..."


ထန်မိ၏မျက်ဝန်းများကစိုးရိမ်ပူပန်မှုနှင့်နီရဲလာလေသည် ထို့နောက်သူမလက်သီးတင်းတင်းဆုပ်လိုက်ပြီးဖေဖေထန်နှင့်အတူဒူးထောက်လိုက်သည်။


ကျိရှစ်ယွဲ့ကဘာမှမပြောပေ အဘယ်ကြောင့်ဆိုသော် ၎င်းကအသုံးမဝင်ကြောင်းကိုသိနေပေပြီ သူတိတ်တဆိတ်ပင်သူတို့နှင့်အတူဒူးထောက်လိုက်သည်သို့သော်သူ့၏မျက်ဝန်းများကအလွန်ငြိမ်သက်နေသည်။


ထန်ထန်လုံးဝကြောင်အမှင်သက်နေမိသည် ရုတ်တရက်ဖြစ်ပေါ်လာသောအခြေအနေကြောင့်သူမဘာလုပ်ရမည်မသိတော့ပေ။


ထန်ထန်နှင့်ကျိယန်၏ရှေ့တွင်လူသုံးယောက်ဒူးထောက်နေသည့်မြင်ကွင်းကတကယ့်ကိုလှုံ့ဆော်နိုင်မှုအကြီးကြီးဖြစ်သွားပြီးလူများရှိုးပွဲတခုလားလာကြည့်စေလာသည်။သူတိုဖေဖေထန်ဆီမှစကားများကိုကြားသည့်အချိန်၌ထူးဆန်းသောအကြည့်များဖြင့်ထန်ထန်ကိုကြည့်လာကြလေသည်။


လူအုပ်ကြီးကတယောက်နှင့်တ‌ယောက်တီးတိုးပြောဆိုနေကြပြီး 

တချို့လူများကဖုန်းများထုတ်၍ပုံရိုက်ယူနေကြလေသည်။


ဒါကသူမကိုခြိမ်းခြောက်တဲ့နည်းလမ်းလား...


ကျိယန်အံတင်းတင်းကျိတ်လိုက်သည်။ သူ့၏ဒေါသများကိုထပ်မံမထိန်းချုပ်ထားနိုင်တော့ပေသူ့၏မျက်နှာကကြောက်စရာကောင်းလောက်အောင်မှောင်မဲနေပေပြီ...သူထန်ထန်ကြောက်ရွံ့သွားမှာကိုစိုးရိမ်သောကြောင့် သူမ၏ကျောကိုခပ်ဖွဖွပုတ်၍ သူတိုးညှင်းစွာပြောလိုက်သည်။


"ပြန်သွားလိုက်တော့ဒီကိစ္စကို ကိုယ်ကိုင်တွယ်ဖြေရှင်းလိုက်မယ်..."


ထန်ထန်ခေါင်းခါယမ်းလိုက်ပြီးစိုးရိမ်ပူပန်စွာဖြင့်ကျိယန်၏လက်မောင်းကိုဆုပ်ကိုင်လိုက်သည်။


"‌လောင်ကုန်း...ကျွန်မတို့နေရာတခုရှာပြီးတော့စကားပြောကြရအောင် ဒီတိုင်းဆက်သွားနေရင်မကောင်းတော့ဘူး..."


ကျိယန်သူမခေါင်းကိုပွတ်သပ်လိုက်ပြီးစိတ်အေးအောင်နွေးထွေးစွာပြုံးပြလိုက်သည်။


"ကိုယ်လုပ်လိုက်ပါမယ် စိတ်ပူမနေပဲနဲ့အိမ်ပဲပြန်လိုက်တော့‌နော်..."


ထန်ထန်ခဏမျှတွန့်ဆုတ်နေပြီးနောက်သူမနာခံစွာဖြင့်ခေါင်းညိမ့်လိုက်သည်။အားလုံး၏အကြည့်များအောင်မှာပင်တဖြေးဖြေးချင်းလှည့်ထွက်လာခဲ့လိုက်သည်။ ဆူညံသံများကသူမ၏နောက်ကျောဘက်တွင်ကျန်ခဲ့လေသည်။ထန်ထန်စိုးရိမ်ပူပန်စွာဖြင့်အိမ်၌စောင့်ဆိုင်းနေခဲ့သည်။


 ညအမှောင်ချိန်ကျရောက်လာပြီးသေမတတ်တိတ်ဆိတ်နေသည့်အချိန်၌တံခါးခေါက်သံကိုကြားလိုက်ရသည်။သူမချက်ချင်းပင်ထိုင်‌နေရာမှထ၍တံခါးဆီသို့အပြေးအလွှားသွားကာဖွင့်လိုက်သည်။


"အချစ် ရှင်ပြန်လာပြီပေ့ါ..."


သူ့ကိုမြင်လိုက်သည့်အချိန်၌သူမကိုသူမထိန်းချုပ်မထားနိုင်‌တော့ပဲ သူ့၏ပွေ့ဖက်မှုထဲပစ်ဝင်လိုက်ကာတင်းတင်းကြပ်ကြပ်ဖက်တွယ်လိုက်သည်။


"ဘာဖြစ်လို့လဲ...လိမ္မာပါနော် မင်းရဲ့ယော်က်ျားကိုအထဲကိုအရင်ဝင်ခွင့်ပြုပါဦး..."


ကျိယန်ပြုံးလိုက်ပြီးသူမကိုချီမ၍အထဲသို့ဝင်လာလိုက်သည် ထို့နောက်သူခြေထောက်ဖြင့်တံခါးကိုကန်ပိတ်လိုက်ပြီးနောက် အိပ်ခန်းထဲသို့သယ်ဆောင်သွားလိုက်သည်။


"နောက်ကျနေပြီလေဘာလို့မအိပ်သေးတာလဲ..."


ကျိယန်ညအိပ်ဝတ်စုံလဲထားပြီးသားသူမကိုအိပ်ယာပေါ်တင်ပေးလိုက်ပြီးအေးစက်နေသောခြေဖဝါးများကိုလက်ဖြင့်ဖိဆုပ်လိုက်သည်။ထန်ထန်၏စိတ်ထဲတွင်ရှုပ်ထွေးမှုများပြည့်နှက်နေသည်။


"အချစ် ရှင်ဘာလို့အရမ်းကြာနေရတာလဲ...ဘာဖြစ်နေလို့လဲ..."


ကျိယန်ကစိတ်သက်သောင့်သက်သာဖြင့်ပြုံးလိုက်ပြီးပြန်ပြောလိုက်သည်။


"အားလုံးအဆင်ပြေသွားပါပြီ...ကိုယ်သေချာဖြေရှင်းပြီးသွားပြီ ထန်မိသားစုကမင်းကိုထပ်လာရှာမှာမဟုတ်တော့ဘူး...စိတ်မပူနဲ့တော့..."


သူကအဆင်ပြေသွားပြီဟုပြောသော်လဲထန်ထန်ကမယုံကြည်ပေ အဘယ်ကြောင့်ဆိုသော်ထန်မိသားစုကခေါင်းမာလှပေသည်။


ဒူးထောက်ပြီးတော့တောင်အရိုအသေပေးတဲ့လူတွေကဘယ်လိုလုပ်ပြီးလွယ်လွယ်နဲ့လက်လျော့မှာလဲ...


ထိုကြောင့်သူမထပ်မေးလိုက်သည်။


"ရှင်တကယ်ပဲဘာလုပ်ခဲ့တာလဲ...သူတို့တကယ်ပဲလက်လျော့သွားကြပြီလား..."


ကျိယန်ပြုံးလိုက်ပြီးသူမ၏ပါးကိုခပ်ဖွဖွဆွဲညှစ်လိုက်သည်။


"အရူးမလေး...မင်းရဲ့ခင်ပွန်းကဖြေရှင်းပြီးပါပြီဆိုမှ...လိမ္မာနော်စိတ်မပူနဲ့တော့..."


သူမကိုပြောပြမည်မဟုတ်မှန်းသိလိုက်သောကြောင့် ထန်ထန်နှုတ်ခမ်းတင်းတင်းစေ့ပြီးခေါင်းညိမ့်ပြလိုက်သည်။


"လိမ္မာတယ် ..."


ကျိယန်သူမ၏နဖူးကိုနမ်းလိုက်သည် သူသူမကိုဆွဲဖက်လိုက်ပြီးအပြစ်ရှိသည့်လေသံဖြင့်ပြောလိုက်သည်။


"ထန်ထန်ကိုယ်တို့ရဲ့မနက်ဖြန်ခရီးစဉ်ကိုတော့ရွှေ့ဆိုင်းထားရတော့မယ်...တောင်းပန်ပါတယ်နော်..."


ထန်ထန်ကလဲ သူ သူမ၏ကိစ္စများကိုဖြေရှင်းမည်ဖြစ်ကြောင်းသိပေသည်ထို့ကြောင်းခေါင်းမော့၍သူ့၏မေးကိုခပ်ဖွဖွနမ်းလိုက်၏။


"အချစ်ရှင်လုပ်စရာရှိတာကိုသာလုပ်ပါ ကျွန်မတို့ရှင်အားတဲ့အခါကျမှအားလပ်ရက်ခရီးသွားလို့ရတာပဲလေ...အ‌ချိန်မရှိတော့တာမှမဟုတ်တာ ကျွန်မရောအဘိုးနဲ့ကလေးတွေရောနားလည်ပါတယ်..."


ကျိယန်ပြုံးလိုက်ပြီးသူမကိုပွေ့ချီလိုက်ကာရေချိုးခန်းဆီသို့သယ်ဆောင်သွားလိုက်သည်။


"ဘာလို့များကိုယ်ရဲ့ဇနီးလေးကအရမ်းကိုနာခံတာပါလဲ...အား ဒီညတော့သူမကိုအများကြီးချစ်မိတော့မယ်..."


ထန်ထန်ရှက်ရွံ့စွာဖြင့်သူမ၏မျက်နှာကိုကာလိုက်သည် ထန်မိသားစုကြောင့်ဖြစ်ခဲ့သောစိတ်မသက်မသာမှုများအဝေးသို့လွင့်သွားပြီး သူမရှေ့မှအမျိုးသားတယောက်သာမျက်လုံးထဲကျန်ရစ်ခဲ့တော့သည်။တနာရီမျှကြာပြီးနောက်ကျိယန်မောပန်းနွမ်းနယ်နေပြီးအိပ်မောကျနေသောထန်ထန်ကိုရေချိုးခန်းထဲမှပွေ့ချီထွက်လာခဲ့သည်

ထို့နောက်သူမအိပ်ယာပေါ်တင်စောင်သေချာခြုံပေးလိုက်ကာနဖူးကိုနမ်းလိုက်သည်။


သူက သူမသက်တောင့်သက်သာအိပ်ပျော်သွားကြောင်းသေချာစွာစစ်ဆေးပြီးကာမှသူဝရံတာဆီသို့လျှောက်ထွက်လာလိုက်သည် ဆေးလိပ်ကိုမီးညှိကာနှုတ်ခမ်းတွင်တပ်လိုက်သည် ညအမှောင်၌ဆေးလိပ်မီးဖျော့ဖျော့လေးသာလင်းလက်နေလေသည်။


သူညကောင်းကင်ယံမှကြယ်များကိုငေးကြည့်ရင်းဒီနေ့အဖြစ်အပျက်များကိုစဉ်းစားနေမိသည်။သူ့၏ပွက်ပွက်ဆူနေသောဒေါသများကိုထိန်းချုပ်မရနိုင်ပေ သူ့၏အမျိုးသမီးကသူ့နှလုံးသားထဲကရတနာတပါးပင် သူတို့ကဘယ်လိုများသူမကိုအဲ့လိုဆက်ဆံရဲကြတာလဲ...

သူကထန်ထန့်ကိုပြန်လွှတ်ပြီးသည်နှင့်တစ်စုံတယောက်ကိုဖုန်းခေါ်လိုက်ကာမားမားထန်၏အခြေအနေအကြောင်းကိုစုံစမ်းစစ်ဆေးစေခဲ့သည်။သူမ၏ကျောက်ကပ်ရောဂါကနောက်ဆုံးအခြေအနေကိုရောက်ရှိနေပြီးတကယ့်ကိုအခက်အခဲဖြစ်နေပေသည်။


ကုသမှုများကသူမအတွကအသုံးမဝင်တော့ပဲ နောက်ဆုံးမျှော်လင့်ချက်အနေဖြင့်ကျောက်ကပ်အစားထိုးခြင်းကသာသူမ၏အသက်ကိုဆွဲဆန့်နိုင်ပေလိမ့်မည်။မူလအခြေအနေအရထန်မိသားစု၏ချမ်းသာမှုနှင့်အရင်းအမြစ်များကြောင့်ကျောက်ကပ်အလှူရှင်ကိုရှာရန်မခက်ခဲပေ။


သို့သော်လဲမားမားထန်၏သွေးအမျိုးအစားကပုမှန်မဟုတ်သောကြောင့်အလှူရှင်ရှာရန်ခက်ခဲနေခဲ့သည်။သို့သော်လဲကံမကောင်းစွာဖြင့်ပင်ထန်ထန်၏သွေးအမျိုးအစားကသွား၍တူညီနေခဲ့သည် ဒါကြောင့်ပင်ထန်မိသားစုကခေါင်းမာစွာဖြင့်ထန်ထန့်ကိုတောင်းဆိုနေခြင်းဖြစ်သည်။သို့သော်လဲ၎င်းကကျိယန်စိတ်ဆိုးသည့်အကြောင်းအရင်းမဟုတ်ပေ။


သူအလွန်အမင်းဒေါသထွက်နေရခြင်းမှာသူကြားခဲ့သောသတင်းတခုကြောင့်ဖြစ်သည်။မာမားထန်၏မူလကျန်းမာရေးအခြေအနေကမကောင်းပေ ကျောက်ကပ်ပြဿနာအပြင်တခြားကျန်းမာရေးပြဿနာများစွာရှိနေပေသေးသည်။ကျောက်ကပ်အစားထိုးမှုအောင်မြင်ခဲ့လျှင်ပင်သူမအပြည့်အဝသက်သာလာနိုင်မဲ့အခွင့်အရေးငါးဆယ်ရာခိုင်နှုန်းသာရှိသည်။


မာမားထန်ကတခြားကျန်းမာရေးပြဿနာများလဲစုံနေသောကြောင့်သူမအလွန်ဆုံးသုံးနှစ်ထက်ပိုမ‌နေရနိုင်ပေ။သုံးနှစ်တောင်ပိုမနေရတော့မဲ့လူအတွက်ထန်ထန်၏ကျန်းမာသန်စွမ်းနေဆဲကျောက်ကပ်ကိုလဲလှယ်ထည့်ပေးချင်နေကြသေးသည်။


သူတို့ကမာမားထန်ကိုအချိန်အနဲငယ်ပိုဆွဲထားဖို့သာအာရုံစိုက်နေပြီး 

ထန်ထန်၏ကျန်းမာရေးအခြေအနေနှင့်လုံခြုံမှုကိုတော့လုံးဝထည့်မတွေးထားခဲ့ပေ။မာမားထန်၏သေချာမှုမရှိသောသုံးနှစ်အတွက်ထန်ထန်ကသူမ၏အနာဂတ်ကျန်းမာရေးနှင့်လဲလှယ်ပေးရပေမည်။


သူတို့ကလူမြင်ကွင်းမှာပင်အနဲငယ်မျှတွန့်ဆုတ်မှုမရှိပဲ ဒူးထောက်၍ထန်ထန်သဘောတူလာအောင်ဖိအားပေးတောင်းဆိုခဲ့ကြသည်။


မာမားထန်ကိုသူတို့၏မျက်ဝန်းထဲ၌ရတနာတပါးလိုတွေးနေသည့်အချိန်၌ထန်ထန်ကတော့ပဲစေ့တစေ့မျှတန်ဖိုးမရှိခဲ့ပေ...အကယ်၍ကိုက်ညီသည့်သူကထန်မိသာဖြစ်လျှင်သူတို့ခွဲစိတ်ကုသမှုလုပ်ဦးမလားဟုကျိယန်သိချင်နေမိသည်။


ယခုထန်ထန်ကမူလထန်ထန်မဟုတ်တာကိုထည့်မပြောရင်တောင် မူလထန်ထန်အတွက်ပင်လျှင်မျှတမှုမရှိပေ။


"ထန်မိသားစုက သူမအပေါ်ဘာတွေများကောင်းထားလို့ သူမအပေါ်ဒီလိုမျိုးဆက်ဆံကြရတာလဲ...ကောင်းပြီလေ သူတို့ကဒီလိုမျိုးထန်ထန့်ကိုအဆက်မပြတ်ဖိအားပေးနေတယ်ဆိုမှတော့ သူအညှာတာမဲ့တဲ့အတွက်အပြစ်မတင်နဲ့တော့ပေါ့..."


ကျိယန်စီးကရက်ရှိုက်ဖွာရင်းသူ့ခေါင်းထဲ၌အစီအစဉ်များဆွဲနေခဲ့သည်။ရောင်နီလာသည့်အချိန်ကျမှသူ့၏ဒေါသများကိုအတင်းဖိနှိပ်နိုင်ခဲ့သည်။ထို့နောက်သူဖုန်းကိုယူ၍စွန်းရီဆီဖုန်းခေါ်လိုက်သည် စွန်းရီ၏အမေကသတင်းအချက်လက်နှင့်ပြန်ကြားရေးဌာနမှလက်ထောက်တယောက်ဖြစ်ကြောင်းသူမှတ်မိပေသည်။


ခေါ်ဆိုမှုပြီးသွားသည့်အချိန်၌ အခန်းထဲမှလှုပ်ရှားသံတချို့ကြားလိုက်ရပြီးထန်ထန်၏ဝေဝေဝါးဝါးခေါ်သံကိုကြားလိုက်ရ၏


"လောင်ကုန်း..."


ကျိယန်မျက်နှာကိုပွတ်သပ်လိုက်ပြီး အခန်းထဲသို့ဝင်သွားလိုက်သည်ထန်ထန်ကမျက်လုံးများမှိတ်လျက်နှင့်သူ့ဘေးရှိနေရာလွတ်ကိုလိုက်စမ်းနေသည်ကိုတွေ့လိုက်ရသည်။ထန်ထန်ကသူ့ကိုမတွေ့သောကြောင့်ခေါ်လိုက်ခြင်းဖြစ်ပေမည်။ကျိယန်ပြုံးလိုက်ပြီးစောင်အောက်သို့ဝင်လိုက်ကာသူမကိုထွေးဖက်လိုက်သည်။


"ကိုယ်ဒီမှာရှိပါတယ်...အစောကြီးရှိသေးတယ်နဲနဲထပ်အိပ်လိုက်ဦး..."


သူ့ကိုထိမိသွားသည့်အချိန်မှထန်ထန်ကစိတ်သက်သာရာရသွားသည်။သူမမျက်လုံးများမှိတ်လျက်နှင့်ပင်ကလူသလိုမျိုးလေးပြောလိုက်သည်။


"အချစ်ရေကျွန်မကိုနမ်းပါဦး..."


ဒီရက်များအတွင်းတွင်ထန်ထန်ကစေ့စပ်သေချာပြီးအိမ်မှုကိစ္စနိုင်နင်းသောအမျိုးသမီးတယောက်အဖြစ်နေခဲ့သည် သို့သော်လဲသူမအိပ်မောကျနေသောအချိန်တွင်ကလေးလေးတယောက်အတိုင်းပင်...အထူးသဖြင့်သူ့၏ရှေ့၌ဘာမှမသိသောပျက်စီးအောင်အလိုလိုက်ခံထားရသောကလေးမလေးတယောက်ကဲ့သို့ပြုမူနေခဲ့ပေသည်။


ထိုကဲ့သို့သောထန်ထန့်ကိုသူကအလွန်နှစ်သက်လာသည်။သူ သူမ၏ဆန္ဒအတိုင်းနဖူးလေးကိုနမ်းလိုက်သည် ထို့နောက်နှာခေါင်းလေးကိုနမ်းလိုက်၏နောက်ဖန်နှုတ်ခမ်းလေးကိုနမ်းလိုက်ပြန်သည် ထန်ထန်ကျေနပ်သွားပြီးပြန်လည်အိပ်မောကျသွားလေသည်။ငြိမ်းချမ်းစွာအိပ်မောကျနေသောသူ့၏ဇနီးလေးကိုကြည့်၍ချစ်ရသည်မှာမလုံလောက်ဟုခံစားမိလေသည်။


 ကျိယန်က တခြားကမ္ဘာမှရောက်ရှိလာသောထန်ထန့်ကိုကောင်းမွန်သည့်အရာများအားလုံးပေးချင်လေသည်။သူမကိုကြောက်ရွံ့မှုများနာကျင်မှုများနှင့်မိသားစုမဲ့မှုများမှလဲကာကွယ်ပေးချင်သည်။


ထို့အပြင်သူမကိုကပ်ငြိလာမည့်ပြဿနာများအားလုံးမှလဲကာကွယ်ပေးချင်သည်။အမည်မသိသူပေးပို့လိုက်သောအချက်အလက်များအပါအဝင်တခြားမည်သည့်ကိစ္စနဲ့မှသူမကိုနာကျင်စေခွင့်ပြုမည်မဟုတ်ပေ။


"ဘယ်သူမှသတိမပြုလိုက်မိဘဲ ထန်ထန့်ကိုဘယ်သူကစစ်ဆေးမှူလုပ်ခဲ့တာလဲ..."


ကျိယန်လတ်တလောဖြစ်ပျက်ခဲ့သမျှကိုသေချာစွာပြန်လည်စဉ်းစားနေမိသည်ထန်ထန်နှင့်ထိတွေ့မှုရှိသည့်လူတိုင်းကိုသေချာစွာတွေးတောစဉ်းစားနေမိသည်...ရုတ်တရက်သူ့စိတ်ထဲ၌အတွေးတချက်လက်သွားပြီးသူ့မျက်ဝန်းများကျဉ်းမြောင်းသွားသည် သူမှန်းဆချက်တခုရသွားပေပြီ။


"အဲ့ဒါ...အဲ့ဒီ့အချိန်ကပဲဖြစ်လိမ့်မယ်..."