အခန်း (၇၄) – လမ်းကြောင်းလွဲသွားတယ်
လက်ရှိရာသီအချိန်အခါတွင် တောရိုင်းဟင်းသီးဟင်းရွက်များ လှိုင်လှိုင်ပေါများသည်။ ထို့အပြင် ထိုဟင်းသီးဟင်းရွက်များမှာ စားလို့ သိပ်မကောင်းပေ။ မှတ်တမ်းတင်ထားသော အစာရေစာ ယာယီပြတ်လပ်မှုသည် ယခုအချိန်အခါပင် ဖြစ်သည်။
ညနေခင်းအချိန်တွင် လောင်အာ့ တောင်းဆိုထားတဲ့အတိုင်း ခေါက်ဆွဲကို ချက်ပြုတ်စားသောက်ကြသည်။
ပါးပါးလှီးထားသော အသားအပိုင်းသေးသေးလေးများကို ဆီဖြင့် ကြော်ကာ ခေါက်ဆွဲအပေါ်တွင် ထိုအသားတုံးများကို ဖြူးလိုက်သည်။ ပြီးလျှင် နောက်ဆုံး၌ အနံ့အရသာပြည့်စုံသော ကြက်ဥပြုတ်ဖြင့် တည်ခင်းလိုက်သည်။
ဒီခေါက်ဆွဲပန်းကန်က တကယ့်ကို မွှေးကြိုင်လှသည်။
မိသားစုအတွင်းမှ အမျိုးသားလေးယောက်သည် သူမရဲ့ အချက်အပြုတ်စွမ်းရည်ကို မယုံမကြည် မဖြစ်ကြပေ။
သူတို့အားလုံး စားသောက်ပြီးစီးသွားတာနဲ့ လင်းချင်းဟယ်သည် လောင်တကို ပန်းကန်များ ဆေးကြောဖို့ စေခိုင်းခဲ့သည်။
ချမ်းအေးတဲ့ကာလက ကုန်ဆုံးသွားပြီဖြစ်၍ ဒီတာဝန်က လောင်တလက်ထဲ ကျရောက်သွားခဲ့ပြီ။ အစပိုင်းမှာတော့ လောင်တက ဒါကို အတော်လေး လက်မခံချင်ပေမယ့် အခုတော့ သူ ဒီလိုဆေးကြောရတာ အသားကျသွားခဲ့ပြီ။
လောင်အာ့ကိုလည်း ဒီအတိုင်း မထားခဲ့ပါဘူး။ လောင်အာ့က အခန်းနဲ့ ခြံဝန်းသန့်ရှင်းရေးကို လုပ်ရသည်။ အဲ့တာတွေက သူ့အလုပ်ပဲ။
လောင်စန်းလေးကမူ အရမ်းငယ်သေးသည်။ သူလေးက ပြဿနာမရှာသရွေ့ သူမ သူလေးကို ယာယီဘေးမဲ့ပေးထားသည်။
အလုပ်တွေအားလုံးပြီးစီးသွားပြီးနောက် လင်းချင်းဟယ်သည် သူတို့ကိုခေါ်ကာ လျှောက်လည်ဖို့လုပ်သည်။ ကျိုးချင်းပိုင်က အိမ်မှာရှိနေပြီး ဝက်စာကျွေးနေသည်။
ဝက်တွေကို အခုအချိန်မှာ အစာကျွေးပြီးတော့ ကိုးနာရီမထိုးခင်မှာ နောက်တစ်ကြိမ် ထပ်ကျွေးတယ်။ ထို့နောက် နောက်နေ့ ၄နာရီ ၅နာရီမှာ နောက်တစ်ကြိမ် ထပ်ကျွေးရပြန်သည်။
အမေကျိုးအိမ်လည်ရောက်လာသောအခါတွင် လင်းချင်းဟယ်နှင့် သားသုံးယောက်သည် ကျိုးတုန်နဲ့ ကျိုးရှီတို့အိမ်ကို သွားလည်ကြသည်။
အမေကျိုးသည် သူမ သားဖြစ်သူက ဝက်စာကျွေးနေတာကို မြင်တော့ “မင်းဇနီးက ဝက်စာကူမကျွေးဘူးလား” လို့ မေးလိုက်သည်။
“ကျွန်တော် ဝက်စာကျွေးနိုင်နေတာပဲ” လို့ ကျိုးချင်းပိုင်က ပြောသည်။ “အမေ ထမင်းစားပြီးပြီလား”
“ငါ စားပြီးပြီ” သူမရဲ့ အငယ်ဆုံးသားလေးကို ဒီလိုမြင်လိုက်ရတော့ အမေကျိုး ရင်မနာပဲ မနေနိုင်ဘူး။ သူမက “မင်း တစ်နေကုန် အလုပ်လုပ်ရတယ်။ အိမ်ပြန်ရောက်ချိန်လေး ကောင်းကောင်းအနားယူမှပေါ့” လို့ ပြောလိုက်သည်။
“ဒါက အပန်းမကြီးပါဘူး။ သားဇနီးက အိမ်မှာ အားလပ်ချိန် မရှိဘူးလေ” သူမသည် လောင်အာ့နှင့် လောင်စန်းတို့ကို ကြည့်ရှုရတဲ့အပြင် အရသာရှိသော အစားအစာ အမျိုးမျိုးကို ချက်ပြုတ်ပြင်ဆင်ရကာ အိမ်တွင် အရာအားလုံး သန့်ရှင်းစင်ကြယ်နေအောင် ပြုလုပ်ခဲ့ရသည်။ ကျိုးချင်းပိုင် အလုပ်မှ အိမ်ပြန်ရောက်ချိန်တွင် ပင်ပန်းတယ်လို့ မခံစားရပေ။
ဒါတွေကို သူ အရင်က ပြောခဲ့သလိုပဲ သူ လုပ်နိုင်ပါတယ်။
ထို့အပြင် သူ့ဇနီးသည်က သူတို့ကို မွေးမြူဖို့လုပ်ရာတွင် အစကတည်းက ပြတ်ပြတ်သားသား ပြောခဲ့ပြီးဖြစ်ကာ သူမသည် ရံဖန်ရံခါ အကူအညီပေးကာ အချိန်အများစုတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။
တကယ်တော့ ဒီအနံ့တွေက တော်တော်လေး ပြင်းထန်တယ်။ သူ့ဖာသာသူ စီမံခန့်ခွဲတာပဲ ကောင်းပေမည်။ သူ့ဇနီးသည်ကို တကယ်လုပ်ခိုင်းရမယ်ဆိုရင် သူ စိတ်ပျော်မှာ မဟုတ်ဘူး။
သူ့ဇနီးသည်ကို လုပ်ခိုင်းရမည့်အစား သူပဲ ပိုအပင်ပန်းခံလိုက်မည်။
ကျိုးချင်းပိုင်သည် ဝက်များကို အစာကျွေးပြီးနောက် ဝက်ခြံကို သန့်ရှင်းရေးလုပ်ကာ ထုံးမှုန့်ဖြူးလိုက်သည်။ ဒီလိုလုပ်ဖို့ သူ့ဇနီးသည်က တောင်းဆိုထားတာ ဖြစ်သည်။ သူမသည် ဒီလိုလုပ်ခြင်းအားဖြင့် အနံ့အသက်ကင်းကာ ပိုးသတ်ပေးတယ်လို့ ဆိုသည်။
ဝက်ခြံကို သန့်ရှင်းရေးလုပ်ပြီးနောက် ကြက်ခြံကို သန့်ရှင်းရေးလုပ်ရန် နေရာပြောင်းခဲ့သည်။
ကြက်ကလေးတွေက သေးသေးလေးတွေ ဆိုပေမယ့် သူ့ဇနီးသည်က သန့်ရှင်းမှုကို အလွန်အလေးထားသောကြောင့် သူက ကြက်တင်းထဲရှိ ကောက်ရိုးကို နေ့တိုင်း လဲလှယ်ပေးသည်။ ထို့နောက် ပိုးသတ်ရန် ထုံးမှုန့်ကိုလည်း နည်းနည်းစီဖျန်းရန် လိုအပ်ပါသေးသည်။
အမေကျိုးသည် သားဖြစ်သူက ဒီလိုလုပ်ရတာကို စိတ်မဖိစီး၍ သူမ ထပ်မပြောတော့ပေ။ သူမသည်လည်း စတုတ္ထလေးရဲ့ ဇနီးသည်၏ ဒေါသကို ကောင်းကောင်းသိသည်။
“အဲ့တာ ဘာလဲ” လို့ အမေကျိုးက မေးသည်။
“ထုံးမှုန့်၊ ကျွန်တော့်ဇနီးသည်က စာအုပ်ထဲမှာ ဒါကို အသုံးပြုရင် ပိုးသတ်ပေးနိုင်တယ်လို့ ဖတ်ဖူးတယ်။ အမေပြန်ရင် နည်းနည်းလောက် ပြန်ယူသွားပါလား။ ဒီအချိန်ဆို ကြက်တွေက ဖျားနာလွယ်တယ်” ကျိုးချင်းပိုင်က ပြန်ဖြေသည်။
အမေကျိုးက ခေါင်းညိမ့်သည်။ ဒါက သံပရာသီးအမှုန့် အနည်းငယ်ပဲလေ။
“အခုနောက်ပိုင်း မင်း ဒါကိုပဲ အသုံးပြုနေတာလား။” အမေကျိုးက သူမသားအငယ်ဆုံးကို ကြည့်ရင်း မေးလိုက်သည်။
သူမသားအငယ်ဆုံးလေးက သူ့တစ်သက်လုံး လယ်ယာအလုပ်ကို မလုပ်ကိုင်ဖူးပေ။ ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်တပ်ထဲဝင်ပြီး စစ်သားတစ်ယောက် ဖြစ်လာခဲ့သည်။ အခု သူက ပင်စင်ယူလိုက်ရပြီဆိုတော့ လူတွေက သူ့အတွက် စိတ်မကောင်းကြပေ။
ဟုတ်တာပေါ့၊ ဒါက အမေကျိုးရဲ့ အတွေးသာလျှင် ဖြစ်သည်။
ကျိုးချင်းပိုင်ကတော့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်ခဲ့သည်။ “အားလုံး အဆင်ပြေပါတယ်။ အမေ သားကို စိတ်ပူစရာ မလိုပါဘူး။”
သူမသားအငယ်ဆုံးလေးနဲ့ ခဏလောက် စကားပြောပြီးနောက် အမေကျိုးဟာ အိမ်ပြန်သွားခဲ့သည်။
အချိန်နောက်မကျခင်မှာပင် လင်းချင်းဟယ်နဲ့ သားသုံးယောက်ဟာ အိမ်ပြန်ရောက်လာခဲ့ကြသည်။
“နောက်ကျနေပြီ။ ရေမိုးချိုးပြီး အိပ်ဖို့ပြင်တော့” ကျိုးချင်းပိုင်က ကလေးတွေကို တိုက်ရိုက်ညွှန်ကြားလိုက်ပေမယ့် လင်းချင်းဟယ်ကတော့ ဒီစကားတွေက သူမကို ပြောတာလို့ ခံစားခဲ့ရသည်။
သူမက ဒီလိုတွေးမိပြီး ကျိုးချင်းပိုင်ကို ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူမကို စိုက်ကြည့်နေသည့် သူ့ရဲ့ အကြည့်နက်နက် မျက်ဝန်းတစ်စုံကို မြင်လိုက်ရသည်။
ထိုအကြည့်များတွင် မက်မောပြီး အရိုင်းဆန်မှုများ ပြည့်နှက်နေကာ တစ်စုံတစ်ယောက်၏ ခြေထောက်များအား ပျော့ခွေသွားစေသည်။
“အခု ဘယ်အချိန်ရှိသေးလို့လဲ” လင်းချင်းဟယ်က ပြောလိုက်သည်။
သူမ ထိုသို့ပြောလိုက်ပေမယ့်လည်း သူမသည် ကလေးတွေကို ရေချိုးဖို့ စေလွှတ်လိုက်သည်။
သန့်ရှင်းရေးလုပ်သည့်အင်တုံကို လှမ်းကြည့်လိုက်ပြီး လင်းချင်းဟယ်က စုံစမ်းမေးမြန်းခဲ့သည်။ “ဒီအနီးအနားမှာ လက်သမားရှိလား။ ဒီညီအစ်ကိုတွေအတွက် ကျွန်မတို့ အင်တုံးကြီးကြီးတစ်ခုလောက် လုပ်ရမယ်။ အင်တုံတစ်ခုကို ရေအပြည့်ဖြည့်ပြီး အသုံးပြုနိုင်မယ်ဆိုရင် သူတို့ တစ်ယောက်ပြီးမှ တစ်ယောက် ရေချိုးနေဖို့ မလိုအပ်တော့ဘူး။”
“ကိုယ် တစ်ခုလုပ်ပေးလိုက်မယ်” ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။
လင်းချင်းဟယ်က သူပြောတာကို ခေါင်းညိတ်လက်ခံလိုက်ပြီး ညီအစ်ကိုသုံးယောက်ကို တစ်ယောက်ပြီး တစ်ယောက် ဆေးကြောပေးခဲ့သည်။ လောင်တသည် ခြောက်နှစ်အရွယ်သို့ ရောက်ပြီဖြစ်၍ ရှက်ရကောင်းမှန်း သိလေပြီ။ “ဒါဆို မင်းကိုယ်တိုင် ရေချိုးလိုက်။ သန့်ရှင်းအောင် ဆေးကြောနော် မဟုတ်ရင် ငါ မင်းအဖေကို လှမ်းခေါ်ပြီး အရေခွံကျွတ်အောင် ပွတ်တိုက်ဆေးကြောခိုင်းလိုက်မယ်။” လို့ လင်းချင်းဟယ်က ပြောလိုက်သည်။
ဒီခေတ်မှာ ဒီလိုဓလေ့မျိုးကို လုံလထားပြီး ကျင့်သုံးခြင်း မရှိပါဘူး။ ဒါပေမယ့် သူမမိသားစုကတော့ သူမစည်းမျည်းများကို လိုက်နာရမည်။ အခုအချိန်မှာ ရာသီဥတုက မအေးတော့ဘူးဆိုတော့ တစ်နေ့တစ်ကြိမ် ရေချိုးရမည်။
လောင်တက သူ့ကိုယ်သူ ဝမ်းသာအားရ ရေချိုးသန့်စင်လိုက်သည်။ သူ ရေချိုးပြီးနောက် လောင်အာ့အလှည့် ဖြစ်သည်။ နောက်ဆုံးကတော့ လောင်စန်းလေးပါပဲ။ ညီအစ်ကိုသုံးယောက်စလုံး ရေချိုးပြီးနောက် လင်းချင်းဟယ်အလှည့်သို့ ရောက်လေပြီ။
ထို့နောက် သူတို့ရဲ့ အဝတ်အစားများကို ကျိုးချင်းပိုင်က လျှော်ဖွတ်ခဲ့လေသည်။
ဒါ အမှန်ပါပဲ။ အကြင်နာတရားကင်းမဲ့သော အမျိုးသမီးဖြစ်သည့် လင်းချင်းဟယ်သည် အလုပ်များသောနေ့များတွင် အပြင်မှာ အလုပ်ထွက်လုပ်ရသော ယောကျာ်းဖြစ်သူအား အဝတ်လျှော်ရန် မညှာမတာ ခိုင်းစေခဲ့သည်။
ကျိုးချင်းပိုင်က ဒါကို ငြင်းဆန်ခြင်းအလျဥ်း မရှိခဲ့ပါဘူး။
အဝတ်အစားတွေကို လျှော်ဖွပ်ပြီးနောက် သူ ရေချိုးလိုက်သည်။ ဒီနည်းအားဖြင့် သူ ရေနွေးသုံးစရာ မလိုအပ်တော့ပေ။ သို့ရာတွင် သူက သူ့ဇနီးသည် ပြောစကားကို နားထောင်ပြီး ရေနွေးအနည်းငယ်ကို လောင်းထည့်ခဲ့သည့်အတွက် ရေအပူချိန်က သိပ်မအေးတော့ပေ။
ရေချိုးပြီးနောက် လင်းချင်းဟယ်က သူ့အတွက် ချုပ်ပေးထားသည့် အဝတ်အစားတစ်စုံကို ဝတ်ဆင်လိုက်သည်။ သူ့အဝတ်အစားတွေကိုပါ လျှော်ဖွပ်ပြီးနောက် သူတို့ကို နေလှန်းလိုက်သည်။ ပြီးတာနဲ့ ကလေးတွေရဲ့ အခန်းထဲကို ဝင်လာခဲ့သည်။
လောင်တက အိမ်စာတွေလုပ်နေပြီး လောင်အာ့က အတွက်အချက်ကို သင်ယူနေပြီးတော့ လောင်စန်းက ခဲတံတစ်တံကို ကိုင်ထားပြီး ပုံဆွဲနေခဲ့သည်။
လင်းချင်းဟယ်က လောင်စန်းလေး အသက်အရွယ် ငယ်သေးတာကို စိတ်ထဲမထားပဲ သူလေးကို ပုံဆွဲတတ်အောင် သင်ပေးခဲ့သည်။ လောင်စန်းသည် တိုးတက်ကောင်းမွန်သည်ဟု ဆိုရမည်ဖြစ်ပြီး သူက အနည်းလောက် ဆွဲနိုင်ခဲ့သည်။
“ကျွန်မ နောက်တစ်ခေါက် ခရိုင်မြို့ပေါ်ကို သွားတဲ့အချိန်ကျရင် ရှင့်အတွက် စွပ်ကျယ်နှစ်ထည်လောက် ဝယ်ခဲ့မယ်။” လင်းချင်းဟယ်က သူ့ကိုကြည့်ရင်း ပြောလိုက်သည်။
“ကောင်းပြီ” ကျိုးချင်းပိုင် ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။ သူ့မှာ တကယ်တော့ အဝတ်အစား လုံလုံလောက်လောက် ရှိပါတယ်။ နှစ်သစ်ကူးပြီး ပထမနှစ်လအတွင်းမှာ သူ့ဇနီးသည်က အားလပ်နေ၍ သူ့အတွက် ဝတ်စုံအချို့ ချုပ်ပေးခဲ့သည်။
အဲ့တာတွေက သူ့အတွက် ဝတ်ဆင်လို့ အဆင်ပြေသည်။ သူမက သူချွေးစိုနေတဲ့အခါကျရင် အနွေးကုတင်ပေါ်မှာ လာမအိပ်ရဘူးလို့ ပြောခဲ့သည်။
ဒါ့ကြောင့် သူ့မှာ အဝတ်အများကြီး လိုအပ်သည်။ သူမက သူ့အတွက် ထပ်ဝယ်ပေးတယ်ဆိုရင် သူက ငြင်းဆန်နေမှာ မဟုတ်ဘူး။
“ကျွန်မလည်း စာလေ့လာချင်တယ်၊ ဒါပေမယ့် သင်ကြားရေး အထောက်အကူပြုပစ္စည်းတွေကရဖို့ မလွယ်ဘူး။ ရှင့်မှာ နည်းလမ်းရှိလား” လင်းချင်းဟယ်က သူ့ကိုကြည့်ရင်း မေးသည်။
“မင်း ဘယ်လိုအမျိုးအစားကို လိုချင်တာလဲ” ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။
“ကျွန်မ မူလတန်းကနေ အထက်တန်းအထိ စာအုပ်အကုန်လုံးကို လိုချင်တယ်။ ကျွန်မက အိမ်မှာ တခြားလုပ်စရာလည်း မရှိဘူးလေ။ ရှင်သာ အဲ့စာအုပ်တွေ ရှာပေးနိုင်ရင် ကျွန်မတစ်ယောက်တည်း စာလေ့လာလို့ရတယ်။” လို့ လင်းချင်းဟယ်က ပြန်ဖြေသည်။
“ကိုယ် မင်းအတွက် ရအောင် ရှာပေးပါ့မယ်။” ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်” လို့ လင်းချင်းဟယ်က အပြုံးလေးဖြင့် ပြောလိုက်သည်။
“အချိန် မစောတော့ဘူး” ကျိုးချင်းပိုင်က အလွန်အရိပ်အမြွတ်ပါသော စကားများဖြင့် သူမကို တိတ်တဆိတ် အချက်ပြဟန်ကြည့်ပြီး ပြောလိုက်သည်။
“ခြောက်နာရီပဲ ရှိသေးတာကို၊ ဘာကို နောက်ကျတာလဲ” လို့ လင်းချင်းဟယ်က စိတ်ထဲတွင် ပြောလိုက်သည်။
“လောင်တက အိမ်စာမပြီးသေးဘူး။ လောင်အာ့က ခုနစ်ဆယ်အထိ အလွတ်မရသေးဘူး။ ပြီးတော့ လောင်စန်းကလည်း ဖေးယင်းကို ပြီးအောင် မဆွဲရသေးဘူး” လို့ သူမက ပြောလိုက်သည်။
မကြာခင်မှာပင် လောင်တက အိမ်စာလုပ်တာ ပြီးသွားပြီး အဖြေအားလုံး မှန်ကန်သည်။ ထို့အပြင် သူမ မေးသမျှ မေးခွန်းအားလုံးကိုပါ ဖြေဆိုနိုင်ခဲ့သည်။
လောင်တက ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်နေ၍ လင်းချင်းဟယ်သည် တစ်ယောက်ယောက်ကို ရိုက်ချင်စိတ်ပေါက်နေသည်။ ပုံမှန်အားဖြင့်ဆို သူက အမှားများနေပြီး ဒီလိုအရေးကြီးသော အခိုက်အတန့်တွင် အားလုံးကို သူ ဖြေဆိုနိုင်ခဲ့သည်။
“လောင်အာ့ မနက်ဖြန်မှ ဆက်လုပ်တော့။ အခု မင်းအစ်ကိုကြီးနဲ့ အိပ်ရာဝင်တော့။ လောင်စန်းကတော့ အဖေနဲ့အတူ အိပ်ကြမယ်။” ကျိုးချင်းပိုင်းက နောက်ဆုံးအမိန့်ကို ချမှတ်လိုက်ပြီး လောင်စန်းကိုချီကာ ထွက်သွားဟန်ပြင်ခဲ့သည်။
လောင်တနှင့် လောင်အာ့တို့ဟာ အချိန်စောသေးသဖြင့် သူတို့ အိပ်မပျော်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ သို့ရာတွင် သူတို့ဟာ သူတို့အဖေဖြစ်သူထံမှ အကြည့်တစ်ချက်ကို လက်ခံရရှိလိုက်တော့ လိမ်လိမ်မာမာဖြင့် အိပ်ယာဝင်ဖို့ သဘောတူလိုက်သည်။
လင်းချင်းဟယ်က ကျိုးချင်းပိုင်နောက်မှ လိုက်သွားခဲ့သည်။ သူမနှလုံးသားဟာ အနည်းငယ် နေသားမကျ ဖြစ်နေခဲ့သည်။ သူမသည် သေနတ်အစစ်နှင့် ရင်ဆိုင်တွေ့ရန် မရည်ရွယ်ပဲ ချိုမြိန်သော နမူနာအချို့ကို ပေးရုံသာ ရည်ရွယ်ခဲ့သည်။ ရည်ရွယ်လိုသည့် လမ်းကြောင်းဟာ ဘာ့ကြောင့် ချော်သွားခဲ့ရတာလဲ။