အခန်း(၇၈)ရှက်သွေးဖြာခြင်း
Viewers 43k

အခန်း (၇၈) - ရှက်သွေးဖြာခြင်း


ကျိုးချင်းပိုင်သည် အနားယူရလောက်တဲ့ အဆင့်ထိ မရောက်သေးသည်နှာ သိသာထင်ရှားသည်။


လယ်ယာလုပ်ငန်းသည် ပင်ပန်းသော်လည်း သူ လုပ်နိုင်သေးသည်၊ အိမ်ပြန်ရောက်ပြီး စားသောက်ပြီးစီးသွားသောအခါတွင် သူ တော်တော်လေး သက်သာလာခဲ့သည်။


သို့သော်လည်း လင်းချင်းဟယ်က ဝက်စာကျိုနေတုန်းပင် ဖြစ်သည်။ ကျိုးချင်းပိုင်သည် ဝက်စာများကို သယ်လာကာ အစာကျွေးပြီးနောက် ဝက်ခြံနှင့် ကြက်ခြံများကို သန့်ရှင်းရေး လုပ်ခဲ့သည်။ ဒါက သူ နေ့တိုင်း ပြုလုပ်ရမယ့် တာဝန်ဝတ္တရားပင် ဖြစ်သည်။


သူ့ရဲ့ မညည်းညူတတ်သော သဘောထားကို မြင်တွေ့လိုက်ရတော့ တစ်နေ့လျှင် ထမင်းသုံးနပ်ကိုသာ တာဝန်ယူပြီး ကျန်တာကို လျစ်လျူရှုခဲ့သော လင်းချင်းဟယ်သည် သူမကိုယ်သူမ တာဝန်သိစိတ်ကင်းမဲ့နေတယ်လို့ ခံစားခဲ့ရသည်။ 


ဒါပေမယ့် သူမ ဘာလုပ်နိုင်ပါ့မလဲ။ သူမဟာ ကံကောင်းတဲ့ဘဝတစ်ခုကို ရရှိခဲ့တာပဲလေ။


အသိဥာဏ်ကင်းမဲ့သော အမျိုးသမီးများသည် ယေဘုယျအားဖြင့် ကောင်းမွန်သော ဘဝမျိုးကို ရရှိပိုင်ဆိုင်တတ်လေ့ရှိပြီး သူမသည်လည်း ထိုကဲ့သို့နီးပါးဖြစ်ခဲ့ရသည်။


ဟုတ်တာပေါ့၊ အလုပ်ကြိုးစားပြီး အရည်အချင်းရှိတဲ့ အမျိုးသမီးတွေအတွက်လည်း အတူတူပါပဲ၊ ဒါပေမယ့် သူတို့က ပိုမိုခက်ခဲကြသည်။ လူတွေဟာ ကွဲပြားခြားနားကြပြီး သူတို့၏ ဖြစ်တည်မှုသည် အကြောင်းတရားကြောင့်ပင် ဖြစ်သည်။


သူမလိုမျိုး အမျိုးသမီးတစ်ယောက် တည်ရှိနေခြင်းသည် ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ ဆိုလိုသည်။


လင်မယားနှစ်ယောက်စလုံးသည် ခုနစ်နာရီထိတိုင်အောင် အလုပ်များနေခဲ့ကြသည်။


အခုအချိန်မှာ အမှောင်ထု ချည်းနင်းဝင်ရောက်လာခဲ့ပြီ။ ဒီအချိန်တွင် အလင်းရောင်များ ထွန်းညှိထားခဲ့ကြပြီး ကျိုးချင်းပိုင်ဟာ အပြင်သို့ ထွက်သွားခဲ့သည်။


ကလေးသုံးယောက် စာလေ့လာနေတာကို ကြီးကြပ်ကွပ်ကဲရင်း လင်းချင်းဟယ်သည် သူမ လုပ်လက်စ ဖိနပ်ကို ဆက်လက် ချုပ်လုပ်နေခဲ့သည်။ ခုနစ်နာရီခွဲအချိန်ခန့်မှာ ကျိုးချင်းပိုင်ဟာ ပြန်ရောက်လာခဲ့သည်။ သူက ကျေးရွာအတွင်းရေးမှုးနှင့် ဆွေးနွေးစရာရှိလို့ ပြန်ထွက်သွားခဲ့တာ ဖြစ်သည်။


လင်းချင်းဟယ်က သူ့ကို စောစော အနားယူခိုင်းခဲ့သည်။ ကျိုးချင်းပိုင်က ထိုနေရာ၌ပင် မလှုပ်မယှက်ရပ်နေပြီး သူမကို စောင့်ဆိုင်းနေသည်မှာ သိသာထင်ရှားလှသည်။


လောင်တနဲ့ လောင်အာ့တို့ဟာ မျက်ခုံးများ တွန့်ကွေးလာခဲ့ကြသည်။ လင်းချင်းဟယ်က စိုက်ကြည့်လိုက်သည်။ မင်းတို့နှစ်ယောက်ရဲ့ မျက်လုံးတွေက အကြောဆွဲနေကြတာလား။ မင်းတို့ အိမ်စာတွေကို မြန်မြန်လုပ်ကြ။ ပြီးတာနဲ့ မီးမှုတ်ပြီး အိပ်တော့။ အပြင်မှာ အလင်းရောင် မရှိတော့မှ မင်းတို့က အိမ်စာတွေကို လုပ်ကြတယ်၊ နိုင်ငံခြားဆီတွေက စျေးကြီးတယ်ဆိုတာကို မင်းတို့ မသိကြဘူးလား။”


“မနက်ဖြန်ကနေစပြီး ကျောင်းက ပြန်ရောက်တာနဲ့ အိမ်စာ တန်းလုပ်။ အိမ်စာမပြီးမချင်း ညစာ မစားရဘူး။” ကျိုးချင်းပိုင်က သူ့သားအကြီးဆုံးက သူတို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်အချိန်လေးကို ‌နှောင့်ယှက်တယ်လို့ ခံစားမိသောကြောင့် လေးလေးနက်နက် ပြောလိုက်သည်။


လောင်တရဲ့ မျက်နှာဟာ ညှိုးငယ်သွားခဲ့သည်။ သူ တစ်ခုခုကို ပြောလိုက်ချင်ပေမယ့် ဒီလင်မယားနှစ်ယောက်ကို အနိုင်မယူနိုင်သောကြောင့် မနက်ဖြန်ကျ အိမ်စာကို စောစောလုပ်ပါ့မယ်လို့သာ ပြောလိုက်နိုင်ခဲ့သည်။


အိမ်စာရေးပြီးတဲ့နောက်မှာ သူက ကဗျာတစ်ပုဒ်ကို ကျက်မှတ်ခဲ့သည်။ ထိုကဗျာကို အလွတ်ဆိုပြီးမှသာ လင်းချင်းဟယ်က သူ့ကို အနားယူခိုင်းခဲ့သည်။


လင်းချင်းဟယ်သည် သူနဲ့ လောင်အာ့တို့ကို အိပ်စက်ရန် ပြင်ဆင်စေခဲ့သည်။


လင်းချင်းဟယ်သည် လောင်စန်းလေးကို ပြန်ခေါ်လာခဲ့ပြီး လောင်စန်းလေးနှင့် ခဏလောက် စကားစမြည် ပြောဆိုခဲ့သည်။ ဒီကလေးလေးဟာ အခုအချိန်တွင် စကားပြောဆို ကျွမ်းကျင်လိမ္မာပြီးတော့ တီတီတာတာ ပြောတတ်တဲ့သူလေး ဖြစ်သည်။


ကျိုးချင်းပိုင်သည် သူ့သားအငယ်ဆုံးလေးက စိတ်အနှောင့်အယှက် ဖြစ်စေသည်ဟု မထင်ခဲ့ပေ။ နာရီဝက်နီးပါး ကစားပြီးနောက် လောင်စန်းလေးဟာ သန်းဝေလာခဲ့သည်။ သူလေး သန်းဝေပြီးနောက် ချက်ချင်း အိပ်မောကျသွားခဲ့သည်။


လင်းချင်းဟယ်ကို ကျိုးချင်းပိုင်က အနားသို့ ဆွဲခေါ်လာခဲ့သည်။


 “ရှင် မရှုပ်နဲ့ဦး၊ ရှင် ဒီနေ့တစ်နေ့ကုန် အလုပ်ရှုပ်ပြီး ပင်ပန်းနေမှာပဲ။ စောစော အိပ်ရာဝင်တော့” လင်းချင်းဟယ်က တီးတိုးဆိုလိုက်သည်။


“မပင်ပန်းပါဘူးကွာ” ကျိုးချင်းပိုင်က ပက်လက်လှန်လိုက်သည်။


လင်းချင်းဟယ်က နောက်ထပ် ဆင်ခြေတစ်ခုကိုပဲ ပေးလိုက်နိုင်သည်။ “ကျွန်မ သိပ်မသက်သာသေးဘူး” 


“တစ်ခါလောက်တော့ ခွင့်ပြုပေးကွာ၊ ကိုယ် ပိုညင်သာပေးပါ့မယ်” ကျိုးချင်းပိုင်က ဆက်လက်တောင်းဆိုခဲ့သည်။


ယောကျာ်းတစ်ယောက်က ဒီလိုစကားမျိုး ပြောဆိုတဲ့အခါမှာ ‘ကိုယ် ပွတ်ရုံလေးပဲ၊ အထဲကို မဝင်ပါဘူးကွာ’ ဟု ပြောဆိုခဲ့သလိုမျိုး မယုံကြည်နိုင်စရာ ကောင်းလှသည်။


အဆုံးမှာတော့ လင်းချင်းဟယ်ဟာ ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ပျော်သွားခဲ့ရသည်။


စိတ်ကျေနပ်သွားသော ကျိုးချင်းပိုင်သည် သူ့ဇနီးသည်ရဲ့ ခန္ဓာကိုယ်ကို သန့်ရှင်းရေး လုပ်ပေးလိုက်သည်။ ဒီအချိန်က ဆယ်နာရီထိုးခါနီးသို့ ရောက်ရှိနေခဲ့ပြီ၊ သူတို့ အနွေးကုတင်ပေါ်တွင် ညရှစ်နာရီခန့်မှ ယခုအချိန်အထိ လူးလိမ့်နေခဲ့သည်။


ကျိုးချင်းပိုင်က ဝက်စာကျွေးဖို့အတွက် ဝက်စာများကိုယူရန် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။


ဒါက ဒီနေ့အတွက် ဝက်စာကို နောက်ဆုံးအကြိမ် ကျွေးမွေးရတာပင် ဖြစ်သည်။ သူတို့အတွက် ဝက်စာကျိုရန် နောက်နေ့မနက် ငါးနာရီခန့်မှာ အိပ်ရာထရသည်။


ဝက်နှစ်ကောင်တည်းသာ ရှိပေမယ့် နားနားနေနေ နေရတာမျိုး မဟုတ်ပေ။


လင်းချင်းဟယ်သည် ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်မောကျသွားပေယ့် မိန့်ကျဲနှင့် ပြောဆိုထားခဲ့သည့် သဘောတူညီချက်ကို သူမ မမေ့သွားခဲ့ပေ။ မနက်သုံးနာရီထိုးခါနီးတွင် သူမ အိပ်ရာထလာခဲ့သည်။

 

“စောသေးတယ်” ကျိုးချင်းပိုင်က ချက်ချင်း အိပ်ရာနိုးလာပြီး သူမကို ပွေ့ဖက်လိုက်သည်။


 “ကျွန်မ ဝက်သားယူဖို့ သွားရမယ်” လင်းချင်းဟယ်က ရှင်းပြသည်။


“အခုလား” ကျိုးချင်းပိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။


“မဟုတ်ရင် ဘယ်အချိန် သွားရမှာလဲ။ အခုသွားလိုက်တာက ပိုကောင်းပါတယ်” လင်းချင်းဟယ်က ပြောသည်။


အချိန်နည်းနည်းစောသေးပြီး အမှောင်ထုက ကြွင်းကျန်ရစ်နေဆဲဖြစ်ကာ တိတ်ဆိတ်ငြိမ်သက်နေတုန်းပင်။ ဒီအချိန်က သားသတ်ရုံသို့ ဝက်သားသွားယူရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။

 

ကျိုးချင်းပိုင်က လေးလေးနက်နက် ပြောသည်။ “ကိုယ်လည်း မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်”


“မလိုပါဘူး။ ကျွန်မတစ်ယောက်တည်း သွားနိုင်ပါတယ်” လင်းချင်းဟယ်က ငြင်းပယ်ခဲ့သည်။ “မြန်မြန်ပြန်အိပ်တော့၊ ရှင် မနက်ဖြန် မနက်ကျရင် အလုပ်ဆင်းရဦးမယ်လေ။”


ဒါပေမယ့် ကျိုးချင်းပိုင်က အိပ်ရာထပြီး သူ့အဝတ်အစားတွေကို လှဲလှယ်ဝတ်ဆင်ပြီးနေခဲ့ပြီ။


လင်းချင်းဟယ် ဘာပဲပြောပြော အသုံးမဝင်ဘူး။ ကျိုးချင်းပိုင် သူမနောက်သို့ လိုက်ပါခွင့်ပြုလိုက်ဖို့ပဲ တတ်နိုင်တော့သည်။


ရိုးရိုးသားသားပြောရရင် ညအချိန်ကြီး တစ်ယောက်တည်း အပြင်သို့သွားရတာက နည်းနည်းတော့ ကြောက်စရာကောင်းသည်။


ကျိုးချင်းပိုင်က သူမကို တင်နင်းလာခဲ့သည်။ လင်းချင်းဟယ်သည် မိန့်ကျဲ၏အမျိုးသား လူအိုကြီးချန်ကောထံမှ အသားတစ်ခြင်း အပေးအယူလုပ်ပြီးနောက် သူတို့ ပြန်လာခဲ့ကြသည်။


“ခရိုင်မြို့ကို မသွားဘူးလား” ကျိုးချင်းပိုင်က သူမကို စပ်စုသောအကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။


“မသွားသေးဘူး။ ကျွန်မမှာ တခြားအစီအစဥ်တစ်ခု ရှိတယ်” လင်းချင်းဟယ်က ပေါ့ပေါးပါးပါး ပြန်ဖြေသည်။


ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်သည်။ လင်းချင်းဟယ်က တုံ့ပြန်‌ပြောဆိုလိုက်သည်။ “ရှင် စိတ်ချစမ်းပါ၊ ကျွန်မ ပြဿနာမရှာပါဘူး။ လင်မယားဆိုတာ အချင်းချင်း ပိုယုံကြည်သင့်တယ် ဆိုတာကို ရှင် သိထားပါ။”


ကျိုးချင်းပိုင်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ သူ့ရဲ့ ရဲရင့်သော အမျိုးသမီးသည် အရာအားလုံးကို အဆင်ပြေချောမွေ့အောင် စွမ်းဆောင်နိုင်သည်။ မနက်လေးနာရီထိုးခါနီးအချိန်တွင် သူတို့အိမ်ပြန်ရောက်ခဲ့သည်။


ကျိုးချင်းပိုင်က ပြန်အိပ်ဖို့ မစီစဥ်ထားဘူး။ သူက ဝက်စာကျိုဖို့ သွားချင်ပေမယ့် သူက အိပ်ရာဝင် နောက်ကျတဲ့အပြင် မနက်သုံးနာရီမှာ အိပ်ရာထခဲ့သည်။ အခု ဘယ်မှာ အချိန်ရှိတော့ပါ့မလဲ။


“မနက်ဖြန် မနက်ကျရင် ကျွန်မပဲ ဝက်စာကျွေးလိုက်ပါ့မယ်။ ရှင် မြန်မြန်ပြန်အိပ်လိုက်တော့” လင်းချင်းဟယ်က အမိန့်ပေးသည်။


“မအိပ်ချင်တော့ဘူး” ကျိုးချင်းပိုင်က ခေါင်းခါလိုက်သည်။


“ရှင် မအိပ်ချင်တော့ဘူးဆိုရင်တောင် ရှင် ကျွန်မအတွက် အိပ်ရမယ်” လင်းချင်းဟယ်က စိုက်ကြည့်နေသည်။


ကျိုးချင်းပိုင်က သူမကိုပါ အတူတူအိပ်ဖို့ ဆွဲခေါ်သွားခဲ့သည်။ ထို့နောက် ဒီထိန်းမနိုင် သိမ်းမနိုင်ဖြစ်နေသော အမျိုးသားဟာ နောက်တစ်ကြိမ် လူးလိမ့်ခဲ့ပြန်သည်။ ဒီတစ်ကြိမ်ဟာ နည်းနည်းပိုကြာခဲ့သည်။ အပြင်ဖက်မှာ မနက်လင်းစပြုလာခဲ့ပြီ။ လင်းချင်းဟယ်က သူ့ကို မထုရိုက်ပဲ မနေနိုင်‌တော့ဘူး။ “ရှင် ဘာကောင်းတာတွေ လုပ်ခဲ့တာလဲ ဆိုတာကို ကြည့်စမ်းပါဦး။”


“အိပ်‌တော့” ကျိုးချင်းပိုင်က လင်းချင်းဟယ်ကို ကျေနပ်စွာ အနမ်းပေးလိုက်ပြီး သူကတော့ ဝက်စာကျိုရန် အိပ်ရာထသွားခဲ့သည်။


လင်းချင်းဟယ်သည် နှမ်းစေ့များကို ဆေးကြောပြီး နံရိုးနှင့် နှမ်းစေ့များကို အတူတွဲဖက်ကာ ဆန်ပြုတ်ကျိုရန် မီးဖိုပေါ်သို့ တင်လိုက်သည်။ မနေ့ညက ပြောင်းဖူးပေါက်စီတချို့ ကျန်ရှိနေသေးသည်။ ထိုပေါက်စီတွေကို ရေနွေးငွေ့ဖြင့် ပေါင်းလိုက်ရင် အနည်းငယ် စားနိုင်လိမ့်မည်။

 

ပြောစရာ မလိုလောက်အောင်ပင် သူမသည် နောက်ဖေးခြံဝန်းထဲသို့ဆင်းကာ ဟင်းသီးဟင်းရွက်များကို ခူးဆွတ်ခဲ့သေးသည်။


သို့သော် အဆုံး၌ ကျိုးချင်းပိုင်ဟာ အိပ်ရေးမဝခဲ့ပေ။ နေ့လည်ခင်း ကျိုးချင်းပိုင် အိမ်ပြန်ရောက်ချိန်တွင် သူ့ကို ကြည့်ရတာ အင်အားကို အလွန်အကျွံ့ အသုံးပြုထားမှန်း သိသာသည်။


“ရှင်နဲ့ ထိုက်တန်တာပဲ” လင်းချင်းဟယ်က စိုးရိမ်ပူပန်ခြင်း မရှိပေ။ သူမက သူ့ကို ‘ဟွန်း’ ဟု အသံပြု သရော်ပြီး လျစ်လျူရှုလိုက်သည်။ သူမသည် သူမသားသုံးယောက်နှင့်အတူ တစ်ရေးအိပ်ခဲ့ပြီး သူ့ကို ဘေးအခန်းတွင် တစ်ယောက်တည်း ထားခဲ့သည်။


ကျိုးချင်းပိုင်သည် အနည်းငယ် ကူကယ်ရာမဲ့ ဖြစ်သွားခဲ့သော်လည်း သူ ဒီနေ့မနက်ခင်း အလုပ်ဆင်းချိန်တွင် ပင်ပန်းနွမ်းနယ်သလို ခံစားခဲ့ရသည့်အတွက် အနည်းငယ် တုန်လှုပ်သွားခဲ့မိသည်။


ဒါ့ကြောင့် ဒီတစ်ကြိမ်မှာတော့ သူ ခေါင်းမာနေမှာ မဟုတ်ဘူး။ သူ ရေမိုးချိုးပြီး နေ့လည်စာ စားပြီးနောက် အနားယူရန် အခန်းထဲသို့ ပြန်သွားခဲ့သည်။


လင်းချင်းဟယ်သည် သူ့ကို စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ဆိုလျှင် လိမ်ညာပြောဆိုခြင်းသာ ဖြစ်ပေသည်။ ဒါပေမယ့် သူ့ရဲ့ ကျန်းမာသန်စွမ်းလှတဲ့ ကာယခွန်အားကြောင့် သူ လုပ်ချင်တာ မှန်သမျှ လုပ်နိုင်တယ်လို့ သူ့ကို မယူဆစေချင်ဘူး။ ‌သူ ‌တောင်းဆိုသည့်အချိန်တိုင်းသာ ခွင့်ပြုပေးနေလျှင် နေ့တိုင်း သူ့မှာ လုပ်စရာ အလုပ်တွေ အများကြီးရှိနေ၍ သူ့စိတ်ကြိုက် လုပ်နိုင်စွမ်း ဘယ်မှာ ရှိနိုင်ပါတော့မလဲ။


ဒါပေမယ့် ကံကောင်းထောက်မစွာပင် သူမနှင့် မိန့်ကျဲတို့ အသားယူရန် သုံးရက်တစ်ကြိမ်မှ လာရောက်ယူရန် စီစဥ်ခဲ့သည့်အတွက် ဒီနေ့ည သန်းခေါင်ယံအချိန်မှာ အိပ်ရာထရန် မလိုအပ်တော့ပါဘူး။


လင်းချင်းဟယ်သည် ညနေခင်းတွင် သူ့အတွက် ဟင်းကောင်းကောင်း ချက်ကျွေးခဲ့သည်။ သူမသည် သူ ဝက်စာကျွေးပြီးတာနဲ့ အိပ်ရာ စောစောဝင်ခိုင်းခဲ့သည်။


ကျိုးချင်းပိုင်ဟာ လွယ်လွယ်နဲ့ အရှုံးပေးတတ်တဲ့ လူမျိုး မဟုတ်ပါဘူး။ သူဟာ နောက်ဆုံး၌ အသားစားခွင့် ရခဲ့ပြီဖြစ်၍ သူက ဘယ်လိုလုပ်ပြီး မြန်မြန် စိတ်ကျေနပ်နိုင်မှာလဲ။


လင်းချင်းဟယ်က သူ့ကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။ ကံကောင်းထောက်မစွာပင် သူက ဒီညတွင် အချိန်အကြာကြီး မပြုလုပ်ခဲ့ပဲ တစ်နာရီအတွင်း ပြီးသွားခဲ့သည်။


ဒါတောင်မှ လင်းချင်းဟယ်ဟာ ချွေးပြန်နေတုန်းပါပဲ။


ကျိုးချင်းပိုင်နှင့် အတူအိပ်စက်ချိန်ကတည်းက လင်းချင်းဟယ်သည် သူမရဲ့ အသားအရေက ပြန်လည်ကောင်းမွန်လာခဲ့ကြောင်းကို တွေ့ရှိခဲ့သည်။


ဒါဟာ အတွင်းမှ အပြင်ထိတိုင် ယင်နှင့် ယန်ရဲ့ လိုက်ဖက်ညီညွတ်မှုပင် ဖြစ်လေသည်။


ဒီရလဒ်ကို တွေ့လိုက်ရတော့ လင်းချင်းဟယ်ဟာ အရမ်းစိတ်ကျေနပ်သွားခဲ့သည်။


လင်းချင်းဟယ်သည် ခရိုင်မြို့ပေါ်သို့ ဝက်သားရောင်းရန် သွားချိန်တွင် စားသောက်ကုန်စက်ရုံကို ဖြတ်သွားရသည့်အတွက် ကျိုးရှောင်မိန်အား သူမ ဝင်တွေ့ခဲ့သည်။ ကျိုးရှောင်မိန်သည် သူမ အသားအရေ ကောင်းမွန်လာတာကို မြင်တော့ မနာလိုမဖြစ်ပဲ မနေနိုင်တော့ပါ။ “ယောက်မ နင့်အသားအရေက အရမ်းကောင်းတာပဲ။”


“တကယ်တော့ အဲ့တာက အဆင်ပြေပါတယ်” လင်းချင်းဟယ်က ချောင်းခြောက်ဆိုးပြီးနောက် စကားလမ်းကြောင်း လွှဲလိုက်သည်။ “နင်ရော အခုတစ်လော ဘယ်လိုနေလဲ။”


အစကတော့ သူမ ဒီအတိုင်း မေးလိုက်ရုံပဲ ဖြစ်ပေမယ့် ကျိုးရှောင်မိန်ဟာ တစ်ခုခု မှားယွင်းသွားသလိုမျိုး ရှက်ရွံ့သွားလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ဘူး။


“သင့်တော်တဲ့လူတစ်ယောက် ရနေပြီလား” လင်းချင်းဟယ်က သူမမျက်ခုံးကိုပင့်ကာ မေးလိုက်သည်။