Part 803
လင်းလန် သူ့အထိအတွေ့ကြောင့် ယားယံလွန်းသဖြင့် ဆွယ်တာအင်္ကျီကို သေသေချာချာ မထိုးနိုင်တော့ပေ။သူမ သူ့ကို စိုက်ကြည့်ကာ ပြဿနာရှာနေခြင်းကို ရပ်ရန်ပြောလိုက်သည်။
"ဒါကိုမနက်ဖြန် တင်ပေးရမှာ"
ဟန်ချင်စုန့်က သူ့လက်ကို နာခံစွာ ပြန်ဆွဲကာ
တံတောင်ဆစ်ကို ဒူးပေါ်တင်ပြီး ခေါင်းကိုလက်ပေါ်တင်လျက် မျက်လုံးအနည်းငယ်စောင်း၍ သူမကိုကြည့်လာသည်။
လင်းလန်: "သွားအိပ်တော့"
သူ လွန်ခဲ့တဲ့ နှစ်ရက်ကခရိုင်တော်လှန်ရေး ကော်မတီမှာ အနားယူခဲ့ရမှာမဟုတ်ဟု သူမ တွေးမိ၏။
ဟန်ချင်စုန့် က သူမကို လေးလေးနက်နက် စိုက်ကြည့်ပြီးမှ နာခံမှုရှိရှိ ရေချိုးပြီး အနောက်ခန်းကိုသွားကာ ခြင်ထောင်နှင့်အိပ်လေသည်။
လင်းလန်ခဏလောက် ချည်ထိုးနေပြီးနောက် ကိုးနာရီထိုးမထိုး ကြည့်ကာ စောစောအိပ်ရာဝင်ရန် ကလေးတွေကို ပြောလိုက်သည်။
သူတို့ မနက်စောစောထရပေမည်။
ကလေးများ အိပ်ပျော်သွားပြီးနောက် လင်းလန် ပင်မအခန်းသို့ ခဏလောဏ် ချည်ထိုးနေခဲ့သည်။ မီးကမှိန်သွားသော်လည်း ၎င်းကို ကျင့်သားရပြီးနောက် အာရုံစိုက်ရန် မလိုအပ်သဖြင့် သူမမျက်လုံးကို မထိခိုက်စေပါချေ။ချည်ထိုးသည့်အရှိန်ကလည်း အလွန် မြန်နေဆဲပါပင်။
ဆယ့်တစ်နာရီမထိုးမီတွင် သူမ ချည်ထိုးပြီးသွားကာ ဖြန့်လိုက်သောအခါ အလွန်ကျေနပ်သွားရသည်။ စန်းဝမ်က လည်ပင်းသွယ်သွယ်ရှိသောကြောင့် သူမက သာမန်*ချစ်သူကော်လာအစား ကော်လာမြင့်မြင့် ထိုးထားသည်။
(T/N–Sweetheart collar=နောက်မြင့် ရှေ့ကျပုံစံကော်လာ)
အသွင်အပြင်ကိုပြောင်းလဲရန် နောက်ဆုံးသောလည်တိုင်နှင့် လက်ပတ်များကို ရောင်ဖျော့ဖျော့သိုးမွှေးဖြင့် ထိုးရသောကြောင့် အချိန်အနည်းငယ်ယူခဲ့ရသည်။
သူမ သပ်ရပ်အောင်လုပ်ပြီး ရေသွားချိုးခဲ့ကာ သူမ အနွေးကုတင်ဆီပြန်ရောက်သောအခါ ဟန်ချင်စုန့် နိုးမည်ကို စိုးသောကြောင့်ခြေဖျားထောက်သွားခဲ့သည်။
ရလဒ်အနေဖြင့် ခြင်ထောင်ထဲကို ဝင်လိုက်သည်နှင့် သူ့လက်မောင်းကြားထဲဆွဲသွင်းခံလိုက်ရပြီး သူ့အောက်ကို လှိမ့်ဝင်သွားရ၏။
လင်းလန်ကတိုးတိုးလေးပြောလိုက်သည်။
“မပင်ပန်းဘူးလား”
“မပင်ပန်းပါဘူး"
"အိပ်တော့ ...မနေ့ညက ကောင်းကောင်း အနားယူရမှာမဟုတ်ဘူး”
“အဲဒါက ဘာမှမဖြစ်ဘူး…..”
“ဟင့်အင်း..."
လင်းလန် သူ့ကို အလျင်အမြန်ဖြတ်တားလိုက်သည်။
အသားသွားဝယ်စဥ်က လက်မှတ်မလိုသည့် မည်သည့်အသားကိုမဆို ဝယ်ခဲ့မှန်း သူမ သေချာလေသည်။ ဝက်ခေါင်း၊ ဝက်နှလုံးနှင့်ဝက်အသည်းတွေရှိလျှင် သူမ ကျောက်ကပ်ကြီးကြီးတစ်ခုကို ရည်ရွယ်ချက်ရှိရှိနှင့် လိုချင်ခဲ့မှာမဟုတ်ပေ။သို့ပေမဲ့ သူက သူမပင်ပန်းကြောင်း သက်သေပြရန် လုပ်ဆောင်ချက်တွေကို တိုက်ရိုက်အသုံးပြုခဲ့ပြီး ကျောက်ကပ်အကြီးကြီးတစ်ခုဟာ အသုံးဝင်ကြောင်းနှင့် သူ သူမကို တကယ်လွမ်းနေကြောင်း သွယ်ဝိုက်စွာ ပြောပြခဲ့၏။
ထို့ကြောင့် သူမ ညသန်းခေါင်မှ အိပ်ရာဝင်ခဲ့ပြီး နောက်နေ့တွင် မတော်တဆမှုတို့မရှိပါဘဲ မထနိုင်ခဲ့ပေ။
...
ချင်းရှီကွန်မြူနတီ၏ ကြီးမားသော ပြဿနာကို ဖြေရှင်းပြီးနောက် အခြားသူများသည် နောက်ဆက်တွဲ လက်တွေ့လုပ်ဆောင်မှုကို သဘာဝအတိုင်း လိုက်လုပ်ကြမည်ဖြစ်သောကြောင့် ဟန်ချင်စုန့်က အပျော်ထဲတွင် ပါဝင်မည်မဟုတ်ပေ။ ပြဿနာမဖြေရှင်းခင်မှာ အဖွဲ့ဝင်များ၏ စိတ်ပျက်အားငယ်မှုများနှင့် ရုန်းရင်းဆန်ခတ်မှုများကို မမြင်ချင်သလို ဖြေရှင်းပြီးသည့်နောက်မှာလည်း ကျေးဇူးတင်မှုနှင့် မျက်ရည်များကို သူ မတွေ့ချင်ပါချေ။
သူလုပ်သည့်အရာက သူလုပ်ချင်သည့်အရာဖြစ်ပြီး ဘယ်သူကမှ သူ့အတင်းအကြပ်ခိုင်းခဲ့ခြင်းမဟုတ်သဖြင့် ကျေးဇူးတင်နေစရာလည်း မလိုအပ်ပါချေ။
ထို့ကြောင့် ဇနီးဖြစ်သူနှင့်အတူ အိမ်မှာပဲ အပန်းဖြေခရီးထွက်ခဲ့သည်။
ကလေးများက လေ့ကျင့်ခန်းလုပ်၊ ချက်ပြုတ်၊ စားသောက်ပြီး မနက်စောစော ကျောင်းသွားကြသည်။
သူက တံခါးကိုပိတ်ကာ ခြံဝင်းထဲတွင် ကြက်လှောင်အိမ်နှင့် ဘဲလှောင်အိမ်များဆင်လိုက်သည်။ တုတ်ချောင်းနှင့် ပြောင်းရိုးများဖြင့်ပြုလုပ်ထားသော စည်းရိုးက လေ၊နေ၊မိုးဒဏ်များကြောင့် အလွယ်တကူ ပျက်စီးနိုင်သည့်အတွက် ထပ်ခါတလဲလဲ ပြုပြင်ရန်လိုအပ်လေသည်။
ကိုးနာရီခွဲ...
လင်းလန် ရုတ်တရက်နိုးလာကာ အမြန်ထပြီး သူမနာရီကိုကြည့်၍ စိတ်ဆိုးမာန်ဆိုးပြောလိုက်၏။
"ဆွယ်တာအင်္ကျီ ပို့ပေးချင်ပါတယ်ဆိုနေ..."
ဟန်ချင်စုန့်က အခန်းထဲသို့ ဝင်လာကာဆိုသည်။ "စာပို့သမားက ထွက်သွားပြီ"
လင်းလန်က သူအလုပ်မသွားသည့်အတွက် အံ့သြသွားပြီး ရွှတ်နောက်နောက်ပြောလိုက်၏။
" ရပါတယ်... အဲဒါကို ပို့ပေးဖို့ ခရိုင်ကိုသွားရအောင်... လမ်းမှာ အဘိဓာန်ဝယ်မယ်...ဘယ်သူက ကျွန်မတို့ကိုအထူးဆိုင်ကယ်တစ်စီး ပေးခဲ့တာမလို့လဲ"
ဟန်ချင်စုန့် က သူမကို ကူညီရန် ရည်ရွယ်ချက်မရှိဘဲ ကြည့်ပဲကြည့်နေသည်။
လင်းလန် သူဘာကိုဆိုလိုသည်ကို သိသည်၊ သူမခန္ဓာကိုယ်ကို မတ်မတ်ထားပြီး သူ့ကိုလှမ်းနမ်းလိုက်၏။ နမ်းပြီးသွားသော်လည်း သူလက်များက သူမခါးကို ဖက်ထားဆဲဖြစ်ပြီး လှုပ်ရှားရန်စိတ်ကူးမရှိသေးပေ။
လင်းလန်က သူ့ကို မျက်လုံးလေးမှေးပြီး လှမ်းကြည့်သည်။သိပ်လွန်မလာနဲ့နော်ဟွန့်...
သူက သူမနားထဲတွင် တိုးတိုးလေးပြောလာသည်။
လင်းလန်၏မျက်နှာ ရုတ်တရတ်နီရဲသွားကာ သူ့ကိုလက်သီးဖြင့်ထုလိုက်၏။
"ကျွန်မ စိတ်မဆိုးပါဘူးးးး..."
သူမ သူမအဝတ်အစားတွေကို အမြန်ဝတ်ပြီးပြောလိုက်သည်။
"ကျွန်မ နေ့လည်ကျ ရှောင်ဝမ်ကော အတွက် ချက်ပေး ချင်တာ... ဒါပေမဲ့ အခု သူ့ကိုဆရာမနဲ့ အလုပ်ဆက်လုပ်ဖို့ပဲ ခိုင်းရတော့မယ်”
သူမ ဆွယ်တာအင်္ကျီကို သွားရှာသည့်အခါ ဆွယ်တာ ပျောက်သွား၏။
လင်းလန် : "စန်းကော... သူခိုးတစ်ယောက်ရှိတယ်...ကျွန်မဆွယ်တာပါသွားပြီ"
ဟန်ချင်စုန့်က သူလည်းဘာမှမတတ်နိုင်သလို အိမ်မှာ သူခိုးလည်းမရှိဘူးဟု ပြောလာသည်။
လင်းလန် သူ့အပေါ် ခုန်တက်လိုက်ကာ ဟန်ချင်စုန့်က ချက်ချင်းပင် သူမကို ထိန်းပေးလိုက်သည်။
လင်းလန်က သူ့ပါးကိုညစ်ကာပြောလိုက်၏။
"မှန်မှန်ပြော... ဆွယ်တာကို ဘယ်မှာဖွက်ထားတာလဲ”
ဟန်ချင်စုန့် : …….
သူက လှည့်ကာ သူမကို နံရံမှာဖိလိုက်ရာ လင်းလန် ကြောက်လန့်တကြားဖြင့် သူ့ကို အမြန်တွန်းထုတ်လိုက်သည်။သူမ၏အမူအရာပြောင်းလဲသွားသည်ကိုမြင်လိုက်ရသည်နှင့် နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ သူမကိုချပေးလိုက်ပြီး ကျီစားနေခြင်းအားရပ်လိုက်၏။
“ပို့ပြီးပြီ”
စာပို့သမားက ဘယ်အချိန် ထွက်သွားမည်၊ဘယ်အချိန် သည်နားက ဖြတ်သွားမည်ကို သူသိသည့်အတွက် ဆွယ်တာအင်္ကျီနှင့်လိပ်စာကိုင်ကာ စောင့်နေရုံပင်။
"စန်းကော... ရှင်ကအရမ်းကြင်နာတာပဲ"
လင်းလန်က ခြေဖျားထောက်ပြီး သူ့လည်စလုတ်ကို နမ်းလိုက်၏။
ဟန်ချင်စုန့်က သူမကို ဖမ်းတော့မှာကိုမြင်သောအခါ သူမ အမြန်ထွက်ပြေးကာပြောလိုက်သည်။
"နေ့လည်မှာ ရှင်ရှောင်ဝမ်ကောအတွက် ချက်ပေး လို့ရတယ်"
သုံးရက်အကြာတွင် ချူယွင်ဖုန်းက သူမ၏ ကွန်မြူနတီကို ဖုန်းဆက်ခဲ့သည်။ လင်းလန်က ရွာတွင် မရှိသောကြောင့် ဆွယ်တာအင်္ကျီကို လက်ခံရရှိပြီး မြို့တော်က စန်းဝမ်ဆီသို့ ပို့ပေးခဲ့မည်ဖြစ်ကြောင်း သတင်းချန်ထားခဲ့၏။ သူမစိုးရိမ်စရာ မလိုအောင် စန်းဝမ်ကို ကောင်းကောင်း ဂရုစိုက်မည်ဟုလည်း သူက ပြောခဲ့သည်။
Xxxxxx
Part 804
ရက်အနည်းငယ်အကြာတွင် လင်းလန် နည်းပြပြန့် ထံမှ ဖုန်းလက်ခံရရှိပြီး စန်းဝမ်က လေ့ကျင့်ရေးတွင် အလွန်တက်ကြွနေပြီး အရာအားလုံးသည် ပုံမှန်ဖြစ်ကြောင်း ပြောခဲ့သည်။ နေ့စဉ် ပြင်းထန်သော လေ့ကျင့်မှုများကြောင့် ကလေးများ စိတ်အနှောင့်အယှက် မဖြစ်စေရန် လောလောဆယ်တွင် မဆက်သွယ်တော့ဘဲ မထွက်ခင် စန်းဝမ်ကို ဖုန်းဆက်ခိုင်းမည်ဟုဆိုလေရာ လင်းလန်ကလည်း နားလည်ကြောင်း ပြောလိုက်သည်။
ချင်းရှီကွန်မြူနတီတွင် ရိက္ခာဝေငှခြင်းလုပ်ငန်းသည် ပြီးဆုံးတော့မည်ဖြစ်သည်။ ဝန်ထမ်းများအနေဖြင့် အလွန်ပင်ပန်းသော်လည်း ကျေနပ်အားရမှုကို ခံစားရသည်။ ရိက္ခာများကို ကွန်မြူနတီအဖွဲ့ဝင်များထံ ကိုယ်တိုင်လက်ဖြင့် ပေးအပ်နိုင်ခြင်းနှင့် သူတို့အား မျက်ရည်စက်လက်၊ ကျေးဇူးတင်သောမျက်လုံးများဖြင့် ကြည့်နေခြင်းကိုခံရခြင်းတို့က သူတို့၏စိတ်ဝိညာဉ်များကို လှုပ်ခါသွားစေသည်။
ဟန်ချင်စုန့်နှင့် လင်းလန် တို့၏ ဂုဏ်သတင်းများက ချင်းရှီကွန်မြူနတီတွင် ပျံ့နှံ့သွားပြီး ခေါင်းဆောင်ဟန်ရှိနေသဖြင့် လူဆိုးများက မကောင်းမှု မလုပ်ဝံ့ဘဲ ခေါင်းဆောင်ဟန်က ကွန်မြူနတီအဖွဲ့ဝင်များကို ပံ့ပိုးမည်ဟု ဆိုကြသည်။
သို့ရာတွင် ဟန်ချင်စုန့်က လူတွေထင်သလို
'ဟန်ချင်ကယ်တင်ရှင်ကြီးအခွံ'ကို သူ့ပေါ်မှာ ခြုံမထားခဲ့ပါချေ။ သူက ပုံမှန်အတိုင်းဘဲ အလုပ်သွားလိုက် ကျေးလက်ကိုသွား စစ်ဆေးလိုက်ပါပင်။ လူတွေ၏ ကျေးဇူးတင်မှုနှင့် ချစ်ခြင်းမေတ္တာကိုရရှိရန် ချင်းရှီကွန်မြူနတီကိုသွားခြင်းလည်းမပြုခဲ့ပါချေ။ အရာရာတိုင်း သူနှင့်မဆိုင်သကဲသို့ရှိနေ၏။
ဆန့်ကျင်ဘက်အနေဖြင့် လက်ထောက်ညွှန်မှူးယန်က အမြဲလိုလို အဆင်သင့်လုပ်ထားသည့် ပစ္စည်းတွေကို ကောက်ယူပြီး ဟန်ချင်စုန်၏မျက်မှောက်ကနေ ထွက်သွားကာ အတွင်းရေးမှုးနှင့်ညွှန်မှူးဖြစ်လာရန် ဆန္ဒရှိနေသည်။ ဒီလက်ထောက်က တကယ်ကိုတော်သင့်နေပြီ...ယင်းက စွန်းကျောက်ဝမ် စိုးရိမ်တကြီးဖြစ် သွားစေခဲ့ပြီးဆို၏။
"ခေါင်းဆောင်ဟန်... ဘာလို့*သံပူနေတုန်းမှာ မထုတာလဲ"
(T/N–အခွင့်အရေးရှိတုန်းအသုံးချ)
ချင်းရှီကွန်မြူနတီမှ အဖွဲ့ဝင်များအား ဤကဲ့သို့သော ပြဿနာကြီးကို ဖြေရှင်းပေးပြီးနောက်တွင် သူတို့အနေဖြင့် စိတ်အားထက်သန်မှုများစွာရရှိရန် အမြန်ပြေးသွားသင့်ကာ ထိုအချိန်တွင် လူကြိုက်များသော ပံ့ပိုးကူညီမှုများရှိလာမည်ဖြစ်သည်။ နောင်တွင် ဗျူရိုညွှန်မှူးအတွက် တာဝန်ထမ်းဆောင်ခြင်းသည် များစွာအကျိုးရှိမည်ဖြစ်သည်။
ဟန်ချင်စုန့်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးပြော၏။
"သံကို ထုရမှာလား"
စွန်းကျောက်ဝမ် သူပြောခဲ့သည်များက လျှို့ဝှက်လွန်းနေပြီး ဟန်ချင်စုန့် နားမလည်ဟုထင်သွားကာ ပွင့်ပွင့်လင်းလင်းပြောမည်ပြုလိုက်သည်။
ဟန်ချင်စုန့်: "ချင်းရှီကွန်မြူနတီမှာ သူ့ကေဒါနဲ့သူ ရှိတယ်"
စွန်းကျောက်ဝမ်ပြောသည့် အဓိပ္ပါယ်ကို သူနားလည်ပါ၏။ သူဤသို့စရောက်တုန်းက သူနားမလည်သည့်အရာတချို့ရှိသည်ဟုဆိုလျှင်ပင် နှစ်ပေါင်းများစွာ လေ့လာပြီးနောက် သင်ယူခဲ့သည်။သူက စကားပြောရသည်ကို မကြိုက်ခြင်းသာဖြစ်ပြီး ဦးနှောက်သုံးရသည်ကို မကြိုက်ခြင်း မဟုတ်ပေ။သူ စောင့်ကြည့်၊လေ့လာ၊ များများတွေးပြီး မသိသည့်အရာတွေ အများကြီးကို သင်ယူခဲ့၏။
ယန်ရှီကောင်းကိုပြောရလျှင်မူ သူဂရုပင်မစိုက်ပါချေ။
စွန်းကျောက်ဝမ်က သူ့မှာတကယ်စိတ်ကူးမရှိမှန်းသိသည့်အတွက် စိတ်မကောင်းပါချေ။ စစ်သားက စစ်သားပေမဲ့ သူက လူကြမ်းတစ်ယောက်သာပဲဖြစ်နေသည်။ဗိုလ်ချုပ်ဖြစ်နိုင်ပေမဲ့ နိုင်ငံရေးသမားဖြစ်ရန်က အဆင်မပြေပါချေ။တကယ်တမ်းတွင် သူက နိုင်ငံရေးမကစားတတ်သည်မဟုတ်ပါလော။
ဟန်ချင်စုန့်က ရှောင်ကျားရွာကို ချက်ချင်းမသွားပါချေ။ နောက်ပြဿနာတစ်ခုက ရှိသေး၏။ ဝမ်ကောအန်နှင့် ပတ်သက်ပြီး သူ့အလုပ်မှာ ကူညီပေးရန် လူတွေကို စေလွှတ်လိုက်သည်။ ရည်ရွယ်ချက်တစ်ခုက ဝမ်ကောအန်ကို စောင့်ကြည့်ပြီး ဘယ်သူလဲဆိုသည်ကို သိရန်ပါပင်။သူ့မှာလည်း လင်းလန်၏ ပင်ကိုယ်စိတ်နှင့် တူညီသော အာရုံခံစားမှု ရှိသည်။လူတစ်ဦး သူ့ရှေ့တွင် ပေါ်လာသောအခါ ပထမဆုံးအမြင်ရှိလာမည်ဖြစ်သည်။ သူ၏ အပြုအမူပုံစံနှင့် အခြားသူများ၏ ဖော်ပြချက်များကို အခြေခံ၍ နက်ရှိုင်းစွာ အကဲဖြတ်မည်ဖြစ်ပြီး ၎င်းနောက် အချက်အလက်များပိုမိုရရှိရန် စုံစမ်းဖော်ထုတ်၍ ပိုမိုလေးနက်သော အကဲဖြတ်မှုများ ပြုလုပ်မည်ဖြစ်၏။
ဤသည်ကလည်း သူ့အလုပ်၏ လှည့်ကွက်ပါပင်။
ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ပြည်သူ့လုံခြုံရေးဗျူရိုက လူများကို မကြာခဏ ကြည့်ရှုရသည်။
မွေးမြူရေး တိရစ္ဆာန်တွေကိုသတ်သည့် လူသတ်သမား၊ အစားအစာလုယက်သည့်ဝမ်မိသားစုကညီအစ်ကိုများ၊ အစားအစာကို ဝှက်ထားသည့် ဂျပန်ဆန့်ကျင်ရေးသမားယွီတို့ကို သူ့နည်းသူ့ဟန်နှင့် အမြန်ဖမ်းနိုင်ခဲ့သည့် အကြောင်းရင်းက သူမက သူ့ကို ပိုမိုလျှင်မြန်စွာ၊ တိကျစွာ၊ပြတ်သားစွာ ကူညီဖြေရှင်းပေးခဲ့သည့်အတွက်ပင်။
ထိုအချိန်တွင် လင်းလန်က သူ့ကိုတွေ့ လာသော်လည်း ဝင်လာခြင်းမရှိပေ။ ထိုအစား ပြတင်းပေါက်ကို ခေါက်လိုက်ပြီး သူ့ကိုမေးလာ၏။
"ခေါင်းဆောင်ဟန် ဒီနေ့လည်ခင်းမှာ အလုပ်များလား"
ဟန်ချင်စုန့်က သူ့မှာရှိသည့် စာရွက်စာတမ်းတွေကို လွှင့်ပစ်လိုက်ပြီးထရပ်ကာပြောသည်။ "အဆင်ပြေပါတယ်"
"သွားကြစို့...ရှင့်ကိုထမင်းစားဖိတ်တယ်"
ဟန်ချင်စုန့်: "..."
စွန်းကျောက်ဝမ် နားထောင်ပြီးနောက် မကြားချင်ယောင်ဆောင်လိုက်၏။အနှီစုံတွဲကို မြင်ရသည်က တကယ်ချဥ်(မနာလို)ရသည်။
လင်းလန်: "ရှင့်ကို ထမင်းစားဖို့ ဘယ်သူမှ မဖိတ်ဖူးဘူး...အခု ကျွန်မရှင့်ကို ထမင်းစားဖိတ်လိုက်မယ်...တခြားသူတွေဆီက ထမင်းစားအဖိတ်ခံရတဲ့ ခံစားချက်ကို ခံစားဖူးအောင်လို့"
ဟန်ချင်စုန့်က ကန်တင်းကို တစ်ချက်ကြည့်လိုက်ပြီးဆို၏။
"ဘာစားမှာလဲ"
လင်းလန်က သူမမေးစေ့လေးကို သူ့ဘက်စောင်းငဲ့ကာပြောသည်။
"ခရိုင်ကိုသွားစားမယ်"
ဟန်ချင်စုန့် : ...
သူက သော့ပြန်သွားယူပြီး ထိုထဲမှာ ဒီဇယ်အလုံအလောက်ရှိမရှိ စစ်ကြည့်လိုက်ကာ သူမကိုသုံးဘီးဆိုင်ကယ်ပေါ်တင်ပေးမည်ပြုလိုက်၏။
လင်းလန်က သော့ကို လုယူလိုက်ပြီးဆိုသည်။
"ကျွန်မ ရှင့်ရဲ့ ယာဉ်မောင်းဖြစ်ပေးမယ်.
ဟန်ချင်စုန့်: "မင်း ဆိုင်ကယ်ပေါ်က ခုန်ချရဲလား"
လင်းလန်: "... ကျွန်မက... ဘာကို ခုန်ချရမှာလဲ... ရှင်ကျွန်မကို သင်ပေးရင် ကျွန်မ လုပ်နိုင်တယ်... စက်ဘီးထက်စီးရတာထက် ပိုခက်မှာတဲ့လား...ကျွန်မမယုံဘူး"
ဟန်ချင်စုန့်က သူမကို လက်ချင်းထပ်သင်ပေးလေသည်။
လင်းလန်၏အတွေးသည်ကား 'အသေးအဖွဲလေးပါ... ဆိုင်ကယ်တစ်စီးပဲဟာကို...နင်းပြီးစက်နှိုး...ဂီယာထိုး...ဂီယာပြောင်းရုံမဟုတ်ဘူးလား...'ဟူ၍ဖြစ်၏။ သူမ အရင်ဘဝ အထက်တန်းကျောင်းတက်တုန်းက အိမ်မှာ ဆိုင်ကယ်စီးခဲ့ဖူးသည်။ သူမအဖွားအိမ်သွားသည့်အခါ သူမမောင်က သူမကို ဆိုင်ကယ် ယူသွားခွင့်မပေးဝံ့ခဲ့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ကြိမ်ဖန်များစွာ လမ်းလျှောက်ပြီးနောက် ဘာမှမဖြစ်ခဲ့ပါချေ။
သူမသိပြီဖြစ်ကြောင်းပြောပြီး ဟန်ချင်စုန့်ကို ခေါင်းညိတ်ကာ အချက်ပြလိုက်သည်။
"ခေါင်းဆောင်ဟန် ဆိုင်ကယ်ပေါ်တက်"
ဟန်ချင်စုန့် ခဏလောက်စဉ်းစားပြီး ရုံးပြန်သွားကာ လင်းလန်အတွက် ဆိုင်ကယ်ဦးထုပ် ယူလိုက်သည်။
လင်းလန် : "!!"
ရှင့်ကိုယ်ရှင် *ကပ်ဗလာဦးထုပ် ထင်နေတာလား...
(T/N–Kevlar Fibreဖြင့်ပြုလုပ်ထားသော အလေးချိန်ပေါ့ပါးပြီး ကျည်ဒဏ်ခံသည့်စစ်တပ်သုံးဦးထုပ်)
ဟန်ချင်စုန့် နောက်ထိုင်ခုံအခွက်ထဲတွင် ထိုင်နေရရာ သူ့ခြေထောက်များက ရှည်လွန်းသဖြင့် ဆန့်၍မရပေ။
Xxxxxx