Part 807
အတွင်းရေးမှူးက အမြန်ပြန်လာပြီး သူမမျက်နှာထက်မှာ ရှက်ကိုးရှက်ကန်းအမူအရာနှင့်ဆိုသည်။
“ခေါင်းဆောင်လီ …”
လက်ထောက်ညွှန်မှူးလီက သူမကို တစ်ချက်ကြည့်လိုက်ပြီးပြော၏။
“ခေါင်းဆောင်ဟန်ကို ခေါ်ခိုင်းတာလေ... နင်က ဘာကို ငါ့ကိုခေါ်နေတာလဲ”
အတွင်းရေးမှူးက သူ့ကို မျက်ရိပ်ပြလာပြီး သိသိသာသာကို မျက်နှာချင်းဆိုင်ပြောရန် ရှက်စရာကောင်းပုံပင်။
လက်ထောက်ညွှန်မှူးလီမှာ ထပြီး အပြင်ထွက်ရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
"ဘာဖြစ်နေတာလဲ"
"ဆရာသွားကြည့်လိုက်တာ ပိုကောင်းတာပါတယ်"
လက်ထောက်ညွှန်မှူးလီ သူမကို သံသယစိတ်ဖြင့် ကြည့်ကာ အမြန်လမ်းလျှောက်ခဲ့ရသည်။ထိုနေရာကိုမရောက်သေးခင်မှာပင် လင်းလန်၏လှောင်ပြောင်သံကိုကြားလိုက်ရ၏။
"ဒီရဲဘော်က ဒါကိုဘယ်လိုလုပ်ရမလဲ.. လွန်ခဲ့တဲ့နှစ်လက ထောက်ပံ့ရေးနဲ့ ရောင်းဝယ်ရေးသမဝါယမမှာ ကျွန်မကြိုတင်မှာထားပေမဲ့ ရှင်က အကုန်လုံးကို သိမ်းသွားတယ်...လောဘကြီးလွန်းတယ်"
အခြားအမျိုးသမီးကလည်း ဒေါသတကြီးပြောသည်။
"ပိုက်ဆံမပေးရသေးရင် နင်ပိုင်တာမဟုတ်ဘူးလေ...ဘာအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ... နင်လိုချင်ရင် ငါရောင်းမယ်...မလိုချင်ရင်ချထားလိုက်...တောသူတွေကတကယ်ကို အလုပ်ရှုပ်တာပဲ"
လက်ထောက်ညွှန်မှူးလီ ရုတ်တရက် ခေါင်းကိုက်လာကာ ကယိမ်းကယိုင်ဖြစ်သွားပြီး ရပ်တန့်လုနီးပါးဖြစ်လျက် နံရံကို အမြန်ထောက်လိုက်သည်။
အတွင်းရေးမှူးလီ: "ညွှန်မှူးလီ...ဆရာကိုယ်တိုင်သွားဖျန်ဖြေ....."
၎င်းကိုကြားသည့်အခါ လက်ထောက်ညွှန်မှူးလီ၏မျက်နှာပြောင်းလဲသွား၏။
"အတွင်းရေးမှူးလီ...ကျေးဇူးပြုပြီး သွားဖျန်ဖြေပေးပါ... ငါအရင်သွားနှင့်လိုက်ဦးမယ်"
သူက ဘာမှမသိဟန်ဆောင်ကာ အလျင်စလို ထွက်ပြေးသွားသည်။
အတွင်းရေးမှူးလီ သူ့ကို အတော်လေးသနားမိ၏။ လက်ထောက်ညွှန်ကြားရေးမှူးလီ၏ယောက္ခမက ရှစ်လမ်းသွားအဘိုးကြီးတစ်ယောက်ဖြစ်လေသည်။ သူ အငြိမ်းစားယူသည်က ကြာပြီဆိုပေမဲ့ သူ့မှာ အဆင့်အတန်းရှိနေဆဲဖြစ်၏။တော်လှန်ရေး စစ်သားဟောင်းတစ်ဦးအနေဖြင့် ပညာနည်းပါးသော အောက်ခြေမိသားစုတွင် မွေးဖွားခဲ့ပြီး သူ့သမီးက ပညာမတတ်ပေ။သူမသည် စျေးသက်သာခြင်းကို လောဘကြီးရုံသာမက သူဌေးလက်သစ် စရိုက်များကိုပါ ရရှိလာခဲ့သည်။လူများအပေါ် အထင်အမြင်သေးတတ်ပြီး အထူးသဖြင့် တောသူတောင်သားတွေကိုပင်။
မြောင်ကျွီဟွား ၊ယခုမြောင်ဟုန်ယင်းဟု ခေါ်သည့်သူမက ခရိုင်တော်လှန်ရေး ကော်မတီဝင်းထဲမှာ မရှိမဖြစ်ဖြစ်ပြီး သူမကို ဘယ်သူမှ မကြောက်ဘဲမနေပါချေ။
ညွှန်မှူးချင်တို့မိသားစုက သူမကို တတ်နိုင်သမျှ ရှောင်ရန် ကြိုးစားခဲ့သည်။
အတွင်းရေးမှူးလီက သူမလည်ချောင်းကို ရှင်းပြီး ရှေ့တိုးကာဆို၏။
"ယောက်မ... အရာရှိလင်း...ဘာဖြစ်နေတာလဲ... ဘာကိုတစ်မိသားစုလုံးကပေး....."
သူမစကားမဆုံးခင်မှာ မြောင်ဟုန်ယင်းက ချက်ချင်းထရပ်လိုက်ပြီး လင်းလန်နှင့် ပခုံးချင်းယှဉ်ရပ်လိုက်သည်။
"ကိုယ့်ကိုကိုယ် လှတယ်ထင်တဲ့ မိန်းမတွေက လှတာကိုပဲတွေးပူပြီး လုပ်စရာတွေအများကြီးရှိနေတော့တာပဲ...ငါကလူတိုင်းကို နာရီဝယ်ဖို့ ကြင်ကြင်နာနာနဲ့ ကူညီပေးခဲ့တယ်...ဒါပေမဲ့ သူတစ်ယောက်တည်း အဲဒါကို သဘောမပေါက်ဘူး... ငါ့ကို ဝေဖန်ဖို့ လာပြောသေးတယ်... တစ်ခုခုမှားနေတယ်လို့ နင်ထင်သလား”
သူမက ခရိုင်စပျစ်ဝိုင်ဆိုင်တွင် အလုပ်လုပ်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် စားနပ်ရိက္ခာပြတ်လပ်မှုမှာ ခြွေတာရန် လိုအပ်လာသဖြင့် ခရိုင်အဆင့် ဝိုင်စက်ရုံကို ပိတ်ပြီး ဆီကြိတ်ရုံငယ်လေးအဖြစ် ပြောင်းလဲခဲ့သည်။သူမသည် ယခုအခါ စက်ရုံ၏ တော်လှန်ရေးကော်မတီဝင်ကေဒါတစ်ဦးဖြစ်သည်။ သူမက ပညာမတတ်သော်လည်း အစည်းအဝေးများတွင် ဟောပြောပို့ချခြင်းကို နှစ်သက်သောကြောင့် လူများကို ဟောပြောရန် ဖန်တရာထေနေသည့်လက်သုံးစကား အများအပြားကို သင်ယူခဲ့သည်။
သူတို့နှစ်ယောက် အရင်က မတွေ့ဖူးသေးပါဘဲ ဤတစ်ခေါက်က တိုက်ဆိုင်မှုပါပင်။
လင်းလန်နှင့် ဟန်ချင်စုန့်တို့ ရောက်လာပြီးနောက် ဟန်ချင်စုန့်က လျှိုကျန့်ယွမ်ကိုသွားရှာခဲ့ပြီး လင်းလန်က ချင်းရှီကွန်မြူနတီ၏ နောက်ဆက်တွဲ ဝါဒဖြန့် လုပ်ငန်းအကြောင်း လေ့လာရန် ဝါဒဖြန့်ရေးဌာနသို့သွားခဲ့သည်။ ထို့နောက် သူမ ဟန်ချင်စုန့်အတွက် နာရီတစ်လုံးဝယ်မည်ဟု ပြောခဲ့သော်လည်း တစ်လကျော်ကြာအောင် စောင့်ပြီးနောက်တွင် တစ်ယောက်ယောက်က သူမကို ဖြတ်ခုတ်သွားသဖြင့် သူမအနည်းငယ်စိတ်တိုသွားခဲ့ကြောင်း မသိမသာ ညည်းညူခဲ့၏။
"ဘယ်သူက ဒီလောက် မဆင်မခြင်လုပ်မှန်း မသိဘူး...အကုန်လုံးကို သိမ်းသွားပြီ"
မြောင်ဟုန်ယင်းက ၎င်းကို ကြားပြီး လင်းလန်ကို အပြစ်တင်ရန်ပြေးသွားခဲ့သည်။
"နင်က ခွေးနဲ့တူတယ်... ဘာလို့ သူများနောက်ကွယ်မှာ ဒီလိုမကောင်း ပြောတာလဲ...နင် လက်ပတ်နာရီတစ်လုံးလိုချင်ရင် ယွမ် 20ပိုပေး... နင့်အတွက် ငါပေးမယ်...ပြန်ဝယ်လိုက်"
လင်းလန် သူမလေသံကို နားထောင်ပြီးနောက် ဝါဒဖြန့်ရေးအရာရှိက သူမကို လက်ထောက်ညွှန်မှူးလီ၏ဇနီးဖြစ်ကြောင်း စိုးရိမ်တကြီးနှင့် မိတ်ဆက်ပေးလာသည်။ နားကြားများလွဲသွားသလား...သူမရဲ့ လက်ပတ်နာရီကို ဖြတ်ခုတ်ပြီး စျေးတင် ရောင်းနေတယ်ပေါ့လေ...
လင်းလန် သူမပြဿနာကို နားမလည်ချင်ပါချေ။
ကေဒါများသည် ကိုယ်ရေးကိုယ်တာအကျိုးအတွက် အာဏာအသုံးပြုသည်ဟု စွပ်စွဲခံရမည်ကို စိုးရွံ့သည်ဟုသူမထင်သည်။ နာရီကို အမှန်တကယ် ထုတ်ယူကာ ၎င်းကို စျေးနှုန်းကြီးမြင့်စွာဖြင့် ရောင်းချမည်ဆိုလျှင်ပင် သူတို့က ဝန်ခံလိမ့်မည်မဟုတ်ပေ။ သို့ရာတွင် မြောင်ဟုန်ယင်းက မတူကွဲပြားသည့်လူတစ်ယောက်ပင်။သူမက လူတိုင်း၏အကျိုးအတွက် လုပ်နေသည်လို့ ယုံကြည်ပြီး သူတို့ကို ကူညီပေးသည်က ဘာအမှားမှမရှိဟု ထင်လေသည်။
လင်းလန် : "ရှင်က စျေးကစားပြီး ဝယ်၊ ရောင်းနေတာပဲ... မဟုတ်ဘူး...ကျွန်မရှင့်ကို တိုင်ရမယ်"
မြောင်ဟုန်ယင်းက ရယ်ပြီးဆို၏။
"နင့်ကိုယ်နင် ဘယ်သူလို့ ထင်လဲ...နင်ဘယ်ကိုသွားတိုင်မလဲကြည့်ဦးမယ်...ပြည်နယ် တော်လှန်ရေး ကော်မတီကို သွားပြီးတိုင်မှာလား...ဒိလို အသေးအဖွဲကိစ္စလေးကို သူတို့ကဂရုစိုက်မယ်များထင်လား... လူတွေက နင့်ကို အာရုံစိုက်မှာတဲ့လား ...ခရိုင်ကော်မတီကို သွားမှာလား...သွားပေါ့...ငါနင့်ကိုမကြောက်ဘူး...အဲဒါ ငါ့ဦးလေး ...ငါ့အဘိုးက သူ့အသက်ကို ကယ်ထားတာ ဟားဟား ဟား...သွားလေ"
လင်းလန် : နင်က နင့်အဘိုးနဲ့သနားစရာနင့်ဦးလေးကို လှည့်စားနေတာပဲ...နင့်ကို ဘယ်လို ပြုမူနေထိုင်ရမလဲ မသင်ပေးရင် ငါကို့ *တည်သီးပျော့လို့ထင်မှာမလား...
(အနိုင်ကျင့်ရ/ကိုင်တွယ်ရ လွယ်သူ)
မြောင်ဟုန်ယင်းက တုတ်ခိုင်ပြီး သန်မာကြောင်း သူမတွေ့ရသည်။
ရန်ဖြစ်မည်ဆိုပါက မနိုင်လောက်သလို တော်လှန်ရေးကော်မတီတွင် ထိုသို့လုပ်ဆောင်ခြင်းသည် သိပ်မကောင်းပေ။အပေါက်ဆိုးသည်ဟူသော ပုံရိပ်ကို ချန်ထားခဲ့ခြင်းသည် ဟန်ချင်စုန့်၏အလုပ်အပေါ် သက်ရောက်နိုင်မှုရှိသည်။
သူမ တုံ့ဆိုင်းနေသည်ကိုမြင်သောအခါ မြောက်ဟုန်ယင်းက အေးစက်စွာ နှာခေါင်းရှုံ့ လိုက်ပြီး ခေါင်းကို မော့ကာဆို၏။
"ငါပြောပါတယ် အရာရှိလင်း..နင်က လှတာနဲ့ပဲ လှည့်စားဖို့ လေကိုအသုံးမချပါနဲ့လို့...တောက မိန်းမတစ်ယောက်ပဲဟာကို ဘာတွေ ရူးနေတာလဲ...နင့်မှာ မြို့ထဲမှာ အခန်းတောင်မရှိဘဲ ကိုယ့်ကိုကိုယ်မြို့ကလို့ ထင်နေတာလား...နင့်ယောက်ျားက ပြည်သူ့လုံခြုံရေးဗျူရိုကလို့ ထင်တာက တကယ်ကောင်းလား ...ငါပြောမယ် ညွှန်မှူးချင်းတူရင်တောင် မတူဘူးဟုတ်ပြီလား"
ထိုအခိုက်အတန့်မှာ ညွှန်မှူဟောင်းက လက်နှစ်ဖက်ကို သူ့နောက်ကျောကိုမှာပစ်ပြီး ရှေ့ကို လှမ်းကာ လေးလံစွာချောင်းဟန့်လိုက်၏။
မြောင်ဟုန်ယင်းက ဗျူရိုအကြီးအကဲဟောင်းကို အနည်းငယ်ကြောက်နေသေးသည်။ အဘယ်ကြောင့်ဆိုသော် ဗျူရိုအကြီးအကဲနှင့် သူမ၏ဖခင်တို့က ဆက်ဆံရေးကောင်းမွန်ပြီး မကြာခဏဆိုသလို လက်ဖက်ရည်သောက်ကာ နှံကောင်ဖမ်းရန်နှင့် ပုစဉ်းရင်ကွဲများ ရှာဖွေရန် အတူတကွ သွားလာခဲ့ကြသည်။
ညွှန်မှူးဟောင်းက လင်းလန်ကိုပြောလေ၏။
"အရာရှိ လင်း ဒီကို လာပါ...တော်လှန်ရေး ကော်မတီက ရဲဘော် ဟန်ချင်စုန့်အတွက် အိမ်တစ်လုံး ချထားပေးဖို့ ဆုံးဖြတ်လိုက်တယ်"
xxxxxxx
Part 808
ဗျူရိုအကြီးအကဲဟောင်းက မြောင်ဟုန်ယင်းကို စိုက်ကြည့်ကာ သိပ်တရားမလွန်ရန် အချက်ပြလိုက်သည်။
ဟန်ချင်စုန့်က အိမ်ခန်းရမည်ဟုကြားသည်နှင့်လင်းလန် မြောင်ဟုန်ယင်း နှင့် ရန်ဖြစ်ရန် စိတ်မ၀င်စားတော့ဘဲ ညွှန်မှူးဟောင်းနောက်ကို အလျင်အမြန် လိုက်သွားခဲ့သည်။
မြောင်ဟုန်ယင်း အဝေးမှ ထွက်သွားသော လင်းလန်ကို ကြည့်ကာ ဒေါသတကြီး ခြေဆောင့်လိုက်သည်။ အကြီးအကဲဟောင်းက သူမကိုဒီလိုမျိုး ဘာလို့ရပ်ခိုင်းတာလဲ...
လင်းလန်နှင့် မျက်နှာချင်းဆိုင်ရခြင်းကြောင့် သူ မစိတ်တိုလွန်း၍ ဤစွာတေးမကို ကောင်းကောင်းကြီး ကြိမ်းမောင်းချင်သည်။
သူမ တမောတပန်းဖြင့် အတွင်းရေးမှူးလီကို လှည့်ကြည့်လိုက်ချိန်တွင် အတွင်းရေးမှူးလီကလည်း ပြဿနာထဲဆွဲသွင်းခံရမှာစိုးသဖြင့် အမြန်ထွက်သွားလေသည်။
မြောင်ဟုန်ယင်းက ဒေါသထွက်တိုင်း အခြားသူများထံသွားပြီး မကျေမနပ်ပြောဆိုလေ့ရှိ၏။
"ဒီအရာရှိလင်းက ဘာလို့ဒီလောက်ရူးနေတာလဲ... သူ့ကြည့်ရတာ ခွေးတစ်ကောင်လိုပဲ..အရင်တုန်းကလိုဆိုရင် သူ့ကို ရိုက်နှက်ပြီးညစ်ပတ်အောင်လုပ်ပစ်မှာ...တောသူမက ဘာဝတ်ထားလဲ...နာရီ ...လက်ပတ်နာရီကြည့်နည်းကိုရော သိလို့လား ...သူက နားလည်နိုင်လို့လား"
ယောက်ျားတစ်ယောက်က မနေနိုင်ဘဲ ပြောလိုက်၏။
"အရာရှိလင်းက ဝါဒဖြန့်ချိရေး နဖူးစည်းနီကိုင်ဆောင်သူပါ"
မြောင်ဟုန်ယင်းက ဖွီခနဲလုပ်သည်။
“နောက်ဖေးတံခါးက ဝင်မဝင် ဘယ်သူသိမှာလဲ”
ပြောပြီးသည်နှင့် သူမက ခေါင်းကိုမော့ကာ ရင်ဘတ်ကိုချီလျက် ဒေါသတကြီး တင်ပါးတွေကို လိမ်ပြီး ထွက်သွားခဲ့သည်။
ဟန်ချင်စုန့်ကို မြို့ထဲမှာ အိမ်တစ်လုံးခွဲဝေပေးမည်ဆိုသည့် သတင်းကြားသောအခါ လင်းလန် အတော်လေး ဝမ်းသာသွားပေမဲ့ သူမက အမူအကျင့်ကောင်းသူဖြစ်၍ စိတ်လှုပ်ရှားမှုများ အားလုံးကို သူမ၏နှလုံးသားထဲမှာ ဖုံးကွယ်ထားလိုက်၏။သူမမျက်နှာထက်ရှိ တည်ငြိမ်အေးဆေးသည့် အပြုံးလေးက သူမကို အေးဆေးတည်ငြိမ်ပုံရသွားစေသည်။
ရုံးခန်းထဲသို့ ဝင်ပြီးနောက် သူမက အားလုံးကို ဦးစွာနှုတ်ဆက်ပြီး အခန်းခွဲဝေမှုတာဝန်ခံ ထောက်ပံ့ပို့ဆောင်ရေးဝန်ထမ်းများ၏ မိတ်ဆက်စကားကို နားထောင်ခဲ့သည်။
ခရိုင်တော်လှန်ရေးကော်မတီ၏ ကေဒါများအားလုံးသည် ဟောင်းနွမ်းပျက်စီးယိုယွင်းနေသော ဝင်းငယ်တစ်ခုဖြစ်သည့် အနောက်ဘက်ရှိ မိသားစုခြံဝင်းတွင် နေထိုင်ကြသည်။ခြံဝင်းတစ်ခုတည်းတွင် မိသားစုများစွာနေထိုင်ကြပြီး အလွန်ဆူညံပြီး စည်ကားနေ၏။ ထို့အပြင် ကေဒါအိမ်ယာအဖြစ် အထူးအသုံးပြုထားသည့် သုံးထပ်အဆောက်အအုံအသစ်ကိုလည်း ယခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။
အဆောက်အအုံများကို ပိုင်းခြားထားလျှင် ဟန်ချင်စုန့်အနေဖြင့် အိပ်ခန်းသုံးခန်းပါ တိုက်ခန်းကိုမီးဖိုချောင်,ရေချိုးခန်းငယ်တစ်ခုနှင့် အိပ်ခန်းငယ် နှစ်ခန်းပါတိုက်ခန်းအဖြစ် ပိုင်းခြားနိုင်သည်။အပူပေးစနစ်(အခန်းအနွေးပေး ရေနွေးပိုက်စနစ်)ရှိပြီး ရေသွယ်ရန် အလွန်အဆင်ပြေသည်။ လူများသော်လည်း စက်ရုံအလုပ်သမားတွေ မျှဝေထားကြသည့် အဆောက်အဦးထက် အများကြီး ပိုကောင်းပေ၏။
ဘန်ဂလိုများအဖြစ်(လုံးချင်းအိမ်) ပိုင်းခြားထားလျှင် ၎င်းတို့သည် သေးငယ်သော ခြံဝင်းများဖြစ်ပြီး လုံလောက်သောအဆင့်ရှိ ကေဒါများသည် ၎င်းတို့၏အိမ်ရှိ မိသားစုကြီးနှင့်အတူ ခြံဝင်းငယ်တွင် နေထိုင်နိုင်သည်။ အဆင့်မလုံလောက်ပါက မိသားစု လေးငါးစု တစ်နေရာတည်းတွင် နေထိုင်ရမည်ဖြစ်ပြီး လူအချို့မှာ တစ်နေ့တာလုံးဒုက္ခရောက်ရသည်။ တစ်ထပ်အိမ်သည် အချိန်အတော်ကြာပြီးနောက် ရေများယိုစိမ့်ကာ ကောင်းစွာမပြုပြင်နိုင်ပေ။အိမ်တွင် အိမ်သာမရှိသလို ခြံဝင်းအတွင်းတွင် ရေများ မျှသုံးရကာ ဆောင်းရာသီတွင် အေးခဲသွားနိုင်သည်။ အဓိက အချက်မှာ အိမ်ထဲတွင် အပူပေးစနစ် မရှိပေ၊ တချို့က ကျေးလက်မှာကဲ့သို့ မီးဖိုအကြီးကြီးနှင့် မြေသားအနွေးကုတင်တစ်လုံးသာရှိရာ တချို့က ကုတင်ပေါ်မှာပင် အိပ်ကြပေမဲ့ ဟင်းချက်ရန်အတွက်လည်း မီးဖိုသုံးရန်လိုအပ်လေသည်။ယင်းက အတော်ကို ဒုက္ခများ၏။
မည်သို့ပင်ဖြစ်စေ အကုန်လုံးမှာ အားသာချက် အားနည်းချက်တွေ ရှိကြသည်။
ကေဒါများသည် အဆောက်အဦး(တိုက်ခန်း)များတွင် နေထိုင်ရန် သဘာဝအားဖြင့် နှစ်သက်ကြသည်။တကယ်တမ်းတွင် အဆောက်အဦးအသစ်များ၌ အုတ်နီနှင့် အနီရောင်ကြွပ်ပြားများ ရှိပြီး အပူပေးစနစ်၊ရေသွယ်စနစ်နှင့် အိမ်သာများ ပါရှိသည်။
သို့သော် အပေါ်ထပ်ပြတင်းပေါက်များသည် သေးငယ်ပြီး အလင်းရောင် နည်းပါးကာ စင်္ကြံတွင် မိသားစုများစွာ ရှိနေသဖြင့် နေ့တိုင်း စိတ်အနှောက်အယှက်ဖြစ်ရသောကြောင့် ခြံလေးတစ်ခြံနှင့်ကိုယ်ပိုင်အိမ်ရှိခြင်းက ပိုကောင်းသည်ဟု လင်းလန် ခံစားခဲ့ရသည်။ ထို့အပြင် သူမ၏မိသားစုတွင် ကလေးများစွာရှိသောကြောင့် စတုရန်းမီတာနှစ်ဆယ်အောက်သာရှိသော အခန်းငယ်နှစ်ခန်းသာရှိလျှင် ပြွတ်သိပ်နေမှာဖြစ်၏။
သူမ ဦးစွာစကားမပြောဘဲ ပြုံးပြုံးရွှင်ရွှင်ဖြင့် လှည့်ပတ်ကြည့်ကာ ရောက်လာသူတိုင်း၏ အမူအရာကို ခံယူသည်။ ဟန်ချင်စုန့်နှင့် တိုက်ခိုက်ရန် အရည်အချင်းမပြည့်မီသူများက အားကျကြ၊ မနာလိုဖြစ်ကြပြီး တိုက်ခိုက်ရန် အရည်အချင်းပြည့်မီပေငြား အခွင့်အရေးရှိမနေသူများကမူ လက်ရှိအချိန်မှာ သူတို့၏ မျက်နှာများ အရုပ်ဆိုးသွားပေလိမ့်မည်။
လင်းလန် မျက်နှာထားတည်တည်နှင့်လက်ထောက်အတွင်းရေးမှူးချိုးကို ကြည့်ကာ သူမ စိတ်ထဲတွင် သိလိုက်သည်။
သစ်တောဌာနကို တာဝန်ယူထားသည့် လက်ထောက်အတွင်းရေးမှူးချိူးက အလွန်စိတ်လှုပ်ရှားနေ၏။အလင်းရောင်ရသည့်ဘက်ခြမ်းရှိ နောက်ဆုံးအခန်း၊ အိပ်ခန်းကို ဇနီးမောင်နှံနှစ်ဦး အသုံးပြုနိုင်ပြီး ကလေးများအတွက် အပြင်ဘက်တွင် နှစ်ထပ်ကုတင်ကို ထားနိုင်သည့် အိပ်ခန်းနှစ်ခန်းပါသော တိုက်ခန်းကို သူ လိုချင်နေသည်မှာ ကြာပြီဖြစ်သည်။ အဓိက အကြောင်းအရင်းမှာ သူ့မိန်းမကကျန်းမာရေးမကောင်းသဖြင့် ဆောင်းရာသီမှာ အအေးဒဏ်ကြောင့် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတတ်သည်။ အပူပေးစနစ် ရှိပါက ပိုသက်သာလာမှာဖြစ်၏။ မူလက သူ ဤအခန်းကို သူ့အားခွဲဝေပေးမည်မှာ သေချာကြောင်း ညွှန်မှူးကို အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးသော်လည်း ဟန်ချင်စုန့်ကို အခန်းတစ်ခန်း ထပ်မံခွဲဝေပေးပြီး လင်းလန်ကို ဦးစွာရွေးချယ်ခိုင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
နေသာသည့် ဘက်ခြမ်းက အဆောက်အဦး(တိုက်ခန်း)ကို သူလိုချင်မှန်း အရူးပင်သိ၏။သူတော့မျော်လင့်ချက်မဲ့သွားပြီဟု ခံစားလိုက်ရပြီး ရုတ်ချည်း အနည်းငယ်ကြံရာမရဖြစ်သွားသည်။
လင်းလန်က မေးလေ၏။
“ကျွန်မက သိပ်နားမလည်ဘူး...အဲ့ဒါကြောင့် ဘယ်ဟာ ပိုကောင်းလဲလို့မေးချင်တယ်...တိုက်ခန်းလား ခြံဝင်းသေးသေးလေးလား"
ညွှန်မှူးဟောင်းက ပြုံးကာဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းက တိုက်ခန်းထဲမှာနေချင်ကြတာချည်းပါပဲ... တိုက်ခန်းထဲမှာ အပူပေးစနစ် ရှိတော့ ဆောင်းရာသီမှာ ဗဟိုအပူပေးစနစ်ကို သုံးနိုင်တယ်"
လင်းလန်က လက်ထောက်အတွင်းရေးမှူးချိုးကို စိုက်ကြည့်ကာပြောလိုက်၏။
"နေရောင်နဲ့ မျက်နှာချင်းဆိုင် အခန်းက အကောင်းဆုံးပဲ"
သေချာသည်ပင်၊ လက်ထောက်အတွင်းရေးမှူးချိုး၏ မျက်နှာ ဖြူဖျော့သွားပြီး၊ စိတ်လှုပ်ရှားမှုကြောင့် သူ့နဖူးက ချွေးတွေထွက်နေသည်။
လင်းလန်ဆက်ပြော၏။
"ဒီကိစ္စမှာ လိုအပ်နေတဲ့ ရဲဘော်တွေအတွက် အကောင်းဆုံးအခန်းကို စွန့်လွှတ်သင့်တယ်...ကျွန်မတို့က ကျေးလက်မှာနေနေကျဆိုတော့ ဘန်ဂလိုမှာပဲနေကြတာပေါ့"
လက်ထောက်အတွင်းရေးမှူးချိုး သူ့ကိုယ်တွင်းအင်္ဂါများပင်နာလာသလိုမျိုး ကြောက်ရွံ့နေပြီဖြစ်သည်။ သို့သော်လင်းလန်က မလိုချင်ဟုဆိုသောအခါ ရုတ်တရက်အသက်ပြန်ရှင်လာသလိုခံစားလိုက်ရသည်။သူ့တစ်ကိုယ်လုံး သက်သာသွားပြီး သူ့ဒဏ်ရာဟောင်းတွေပင် အတူတူ ကုစားခံလိုက်ရသလိုပင်။
Xxxxx