Part 813
ဗျူရိုအကြီးအကဲဟောင်းက စေ့စပ်ညှိနှိုင်းရန် လာသောကြောင့် သဘာဝကျကျ အောင်မြင်ရမည်ပင်။မအောင်မြင်ဘဲပြန်သွားရပါက သူအမြဲတမ်း အတွက် မျက်နှာပျက်သွားမည်ဖြစ်သည်။
ဟန်ချင်စုန့်က လင်းလန်ကိုခေါ်လာသည်ကိုမြင်သောအခါ ညွှန်မှူးဟောင်းက ပြုံးပြီး ထိုင်ခိုင်းလိုက်၏။ သူက နောက်လှည့်ပြီး သူ့အံဆွဲကိုဖွင့်ကာ ထုပ်ပိုးထားသည့်နာရီတစ်လုံးကို ထုတ်၍ စားပွဲပေါ်တင်လိုက်သည်။
"ပါကင်မဖောက်ရသေးဘူး... ငါက ငါ့ရဲ့အိတ်ဆောင်နာရီ အဟောင်းကိုသုံးတတ်တာ...
လက်ပတ်နာရီတွေကိုလည်း မကြိုက်ဘူးလေ"
လင်းလန်က အမြန်ဆိုလိုက်၏။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ...ကျွန်မတို့ လူတွေရဲ့ မေတ္တာနဲ့ ထောက်ပံ့မှုတွေကို ဖယ်ထုတ်လို့ မရဘူးလေ... နောက်ကျ အသစ်တွေ ထပ်ရဦးမယ်လို သမဝါယမက ပြောတယ်... ကျွန်မ ကစိတ်ဆိုးရုံဖြစ်ပေမဲ့ သူက ဒီမှာနေဖို့ အရည်အချင်းမရှိဘူးလို့ ပြောပြီး ကျေးလက်ကို ပဲ အတင်းပြန်မောင်းထုတ်နေတာ"
နာရီတစ်လုံးအတွက်နှင့် မြောင်ကျွီဟွားနှင့် မပြီးနိုင်မဆီးနိုင်ဟူ၍ လူအများတွေးကြမည်ကို သူမမလုပ်နိုင်ပေ။
သူမရဲ့ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ရမယ်...
သေချာသည်ပင်၊ ဗျူရိုအကြီးအကဲဟောင်းက သူမကို ပိုကြင်နာစွာကြည့်ရင်း ပြုံးပြီးပြောသည်။ "ငါက ထောက်ပံ့ရေးနဲ့ရောင်းဝယ်ရေး သမဝါယမကနေ မင်းအတွက် ယူလာသလိုပဲ သဘောထားပါ... သမဝါယမကနေ ငါ ဝယ်လို့ရပါသေးတယ်"
သူက လင်းလန်ဆီကို တွန်းပေး လိုက်ပြီးဆို၏။
"မင်း ထောက်ပံ့ရေးနဲ့ ရောင်းဝယ်ရေး သမဝါယမကို ပိုက်ဆံနဲ့ ကူပွန်တွေ ပေးခဲ့တယ်မလား... နောက်မှငါ ဈေးဝယ်ထွက်တဲ့အခါ ယူလိုက်မယ်"
သူဆိုလိုသည့်အဓိပ္ပါယ်ကိုသိသောအခါ လင်းလန်က သဘောတူပြီး ကောက်ယူလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ "
သူမက ဟန်ချင်စုန့်ကိုပြုံးပြပြီး ဆွဲခေါ်ထွက်သွားလိုက်၏။
ညွှန်မှူးဟောင်းကပြောလိုက်သည်။
"လီခွမ်းကျိူးနဲ့မြောင်ကျွီဟွား ဝင်လာခဲ့"
လင်းလန်က ဟန်ချင်စုန့်ကို ဆွဲကာထွက်လာပြီး လက်ထောက်ညွှန်ကြားရေးမှူးလီက စိုးရိမ်တကြီးနှင့်အပြင်မှာ ရပ်နေသည်ကို တွေ့လိုက်ရပေမဲ့ မြောင်ကျွီဟွားကိုမူမတွေ့ပေ။
လက်ထောက်ညွှန်ကြားရေးမှူးလီ၏အမူအရာမှာ မကောင်းပါဘဲ သူတို့ကို နှုတ်ဆက်ပြီး ညွှန်မှူးဟောင်း၏ ရုံးခန်းထဲသို့ ဝင်သွားသည်။
ညွှန်မှူးဟောင်းက သူ့ကို စိုက်ကြည့်ပေမဲ့ ဘာမှ မပြောပါချေ။
လီခွမ်းကျိူး ဖျစ်ညစ်ပြုံးပြလိုက်၏။
"ကျွန်တော် တကယ်မသိဘူး"
"မင်းကငါ့ထက် အခြေအနေကိုပိုသိတယ်...သွားတော့"
ညွှန်မှူးဟောင်းက သူ့ကို စကားတစ်ခွန်းတည်းနှင့် ထုတ်ပယ်လိုက်သည်။
လီခွမ်းကျိူး သူဘာကိုဆိုလိုသည်ကို သဘာဝကျကျသိသည်။ သူ ဒီရာထူးကိုရောက်ကတည်းက ဘယ်သူက အခြေအနေကို မတိုင်းထွာ မဆုံးဖြတ်တာလဲ...ယဉ်ကျေးမှုတော်လှန်ရေးမတိုင်ခင်က ဘယ်လိုလဲ...ယဉ်ကျေးမှုတော်လှန်ရေးက ဘယ်လိုလဲ...ဒီနှစ်တွေက ဘယ်လိုရှိလဲ...
အခြေအနေတွေက လျှင်မြန်စွာ ပြောင်းလဲနေသည်။
မြောင်ဟုန်ယင်းက ယခင်က လှည့်ကွက်အနည်းငယ်ပြုလုပ်ခဲ့ပြီး အားလုံးက မမြင်ချင်ယောင်ဆောင်ခဲ့ကြသော်လည်း ယခု ဟန်ချင်စုန့် ဤနေရာတွင်ရှိနေပြီး သူ့ဇနီးလင်းလန်က အနိုင်ကျင့်ရသည့်သူမျိုးမဟုတ်သဖြင့် မြောင်ဟုန်ယင်းကို ပိုရိုးသားခိုင်းရတော့၏။
တော်လှန်ရေး ကော်မတီမှာ တနေကုန် ပြဿနာဖြစ်ပြီးတော့ချည်းပဲ အချိန်မဖြန်းနဲ့...ကြည့်မကောင်းဘူး...
လီခွမ်းကျိူး အိမ်သို့ အမြန်ပြန်သွားပြီးနောက် မြောင်ဟုန်ယင်းတစ်ယောက် အခန်းထဲတွင် ငိုယိုသည်အထိ ထပ်ခါတလဲလဲ အရိုက်နှက်ခံရလေသည်။
လီခွမ်းကျိူး: "ထုတ်ပြီး ထောက်ပံ့ရေးနဲ့ရောင်းဝယ်ရေး သမဝါယမဆီ ပြန်ပို့လိုက်"
မြောင်ဟုန်ယင်း : "ငါ အကုန်ရောင်းပစ်ပြီးပြီ"
"ပြဿနာမရှာနဲ့စမ်း... အပိုပိုက်ဆံတွေကို တခြားသူတွေကို ပြန်ပေးလိုက်...ကျန်တာပဲယူ"
မြောင်ဟုန်ယင်း : "နင်ဘာလို့ ဒီလောက် ရက်စက်နေတာလဲ... အဖေနဲ့ သွားတိုင်ပြောမယ်"
လိီခွမ်းကျိူး: "သွားကြည့်လေ... ယောက္ခမက မင်းကို မရိုက်နှက်ဘူးလို့ ထင်နေလား...လွန်ခဲ့တဲ့ နှစ်တွေတုန်းကလိုမျိူးများမှတ်နေတုန်းလား "
သူ့မျက်လုံးတွေက ကန်းနေတာမဟုတ်ဘူး... အခုအခြေအနေက ဘယ်လိုလဲ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလိုမျိုး ထင်နေတာလား...
ယဉ်ကျေးမှုတော်လှန်ရေးစတုန်း တော်လှန်ဖို့ကျိုးကြောင်းဆီလျော်ပေမဲ့ တော်လှန်နိုင်တာနဲ့ပဲ မိုးပေါ်ရောက်သွားပြီလား...ဟန်ချင်စုန့်က ဘာလို့ ဒီလောက်မြန်မြန်တိုးတက်လာတာလဲ... လက်ထောက်ညွှန်မှူးတွေ အားလုံးက တန်းလန်းတွေချည်းပဲ... သူက လက်ထောက်ညွှန်ကြားရေးမှူးရာထူးတောင် မခန့်အပ်ရသေးဘူး...
အဲ့ဒါက ဘာကိုဆိုလိုတာလဲ...သူ့ကို အစားထိုးဖို့ဆိုတယ် ရှင်းရှင်းလင်းလင်းကြီးကိုပဲ...
လီခွမ်းကျိူး စိတ်ပူလွန်း၍ သူ့နှလုံးသားက မီးတောက်နေသည်။ ဒီငတုံးမိန်းမက ဘယ်လိုလုပ် နားမလည်နိုင်တာလဲ။ ဟိုယခင်တုန်းက ယောက္ခမ၏ပါဝါကို ချေးငှားသုံးနိုင်ခဲ့ပေမဲ့ ယခုအခါ ယောက္ခမကြီးက အသက်ကြီးပြီး မနှစ်ကတည်းက အငြိမ်းစားယူခဲ့သည်မှာ ကြာလေပြီ။
ယောက္ခမ၏ယောက်ဖက သူ့အကြောင်း တကယ်တွေးလျှင် ဟန်ချင်စုန့်ကို အမြန်ရာထူးတိုးပေးရန်က မဖြစ်နိုင်ပေ။ ထိုသို့ဆိုလျှင် သူ ရာထူးတိုးရန်အတွက်ရော အဘယ့်ကြောင့် အကြာကြီးစောင့်နေရမည်နည်း။
အဆုံးတွင် ဤအမျိုးသမီးက ကျိုးပဲ့နေသော နာရီတစ်လုံးအတွက် ရန်သူများဖန်တီးရန် ဤနေရာတွင် ရှိနေသေးသည်။
ဟန်ချင်စုန့်နဲ့ သူ့မိန်းမကလည်း အတူတူပါပဲ... ဒီလို နာရီမျိုးအတွက်နဲ့ တိတ်တိတ်လေး ပြောလို့မရဘူးလား...ဒီလောက် အရှက်မရှိမှရမှာလား...
မြောင်ဟုန်ယင်း မယုံနိုင်သေးပါချေ။ ဘာလို့ သူမမှားတာလဲ... သူတို့က အဆင်ပြေနေပြီး အရင်က သူတို့ကိုဘယ်သူမှ ဂရုမစိုက်ပေမဲ့ အခု ဟန်ချင်စုန့်က ဒီမှာရှိနေလို့ အဆင်မပြေတော့တာလား...ဟန်ချင်စုန့်က ဘာကြီးမလို့လဲ... ရန်ဖြစ်ရလောက်အောင် အရပ်ရှည်ပြီး ချောမောတာ ဘာမှားလို့လဲ... သူဘယ်လောက်ထိရိုက်နိုင်မှာလဲ...သုံးယောက်လား...ငါးယောက်လား...ဆယ်ယောက်လား...
လီခွမ်းကျိူးက သူမကို ဂရုမစိုက်ဘဲ မြောင်ဟုန်ယင်း၏ နာရီများ၊ ရေဒီယိုများနှင့် အခြားအရာများကို ထုပ်ပိုးကာ ထောက်ပံ့ရေးနှင့်ရောင်းဝယ် သမဝါယမထံ လူကိုယ်တိုင် ပြန်ပို့ပေးခဲ့သည်။ အခြားသူများကို ပို့ခိုင်းရန်ပင် သူ့မှာ ရှက်သွားခဲ့သည်။
ထောက်ပံ့ရေးနှင့်ရောင်းဝယ်ရေး သမဝါယမ၏ဒုတိယဥက္ကဌသည် ငွေစာရင်းရှင်းရန်ရုံးခန်းတွင်ရှိနေသည်။ လီခွမ်းကျိူး ရောက်ရှိလာသည်ကိုမြင်သောအခါသူလန့်သွား၏။
"သူဌေးလီ ဘာလုပ်နေတာလဲ"
လီခွမ်းကျိူး: "လွန်ခဲ့တဲ့ရက်အနည်းငယ်က ကလေးက လက်ပတ်နာရီဝယ်ချင်တယ်လို့ ပြောတယ်... ကလေးက ရေဒီယိုဝယ်ခိုင်းလို့ ဇနီးသည်က အိမ်ပြန်ယူပြီ ရွေးခိုင်းတာလေ... ရွေးပြီးပြီ ကျန်တာကို ပြန်ပို့ပေးမလို့”
ဒုဥက္ကဌက တခြားဘာကိုမျှမသိသဖြင့် ချက်ချင်းပြုံးပြီးဆိုလိုက်သည်။
"ကောင်းပြီ နောင်မှာ ရွေးချင်တာရှိရင်ရွေးလှည့်ပါ..."
ဒုဥက္ကဌက စာရင်းစာအုပ်ကို ကိုယ်တိုင်ထုတ်ပြီး လီခွမ်းကျိူးကို ပြလိုက်၏။ ကျသင့်ငွေကို စစ်ဆေးပြီး စာရင်းရှင်းလိုက်သည်။
မြောင်ဟုန်ယင်း ဘာပစ္စည်းမျှမယူခဲ့ပေ။ရောင်းချပြီးနောက်၊ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေး သမဝါယမထံမှ စျေးနှုန်းနှင့်ကူပွန်များကို ပြန်လည်ပေးပို့ခဲ့ပြီး အမြတ်ယူရုံသာဖြစ်သည်။သို့သော်လည်း ယခုအချိန်တွင် ပစ္စည်းရှားပါးပြီး ဝယ်ရန်မလွယ်ကူသောကြောင့် ထိုမျှနှင့်ပင်ဝင်ငွေများစွာရနိုင်သည်။
ယင်းက စည်းမျဉ်းနှင့် ဆန့်ကျင်နေသည်ပင်။
လက်ထောက်ညွှန်ကြားရေးမှူးလီက ညွှန်မှူးဟောင်း၏နာရီကဲ့သို့သော မော်ဒယ်လ် မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ထောက်ပံ့ရေးနှင့်ရောင်းဝယ် သမဝါယမကို အခြားအပိုင်းတစ်ခု ထပ်ထည့်ရန် တောင်းဆိုခဲ့သည်။ ညွှန်မှူးဟောင်း၏ နာရီသည် ဝန်ကြီးချုပ်၏ A623A စက်ပြက္ခဒိန်နာရီနှင့် တူညီသော နာရီဖြစ်ပြီး 1962 ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ကာ ယခုအခါ ထုတ်လုပ်မှု အနည်းငယ်သာ ရှိသေးသည်။
သူစကားပြောနေစဥ်မှာ လင်းလန်ရောက်လာ၏။
Xxxxx
Part 814
သူစကားပြောနေစဥ်မှာ လင်းလန်ရောက်လာ၏။
အပြင်မှ အရောင်းဝန်ထမ်းက သူမကို ရုံးခန်းထဲသို့ တိုက်ရိုက်ခေါ်သွားကာ လီခွမ်းကျိူး နှင့် မျက်နှာချင်းဆိုင်တွေ့သွားခဲ့သည်။
လင်းလန်က ဘာမှမဖြစ်ဟန်ဆောင်ပြီး အပြုံးတစ်ခုနှင့်ဆို၏။
"ခေါင်းဆောင်လီ တိုက်ဆိုင်လိုက်တာနော် "
လီခွမ်းကျိူးက ဖျစ်ညစ် ပြုံးပြလိုက်သည်။ ဘာဖြစ်နေတာလဲဟ...
ဒုဥက္ကဋ္ဌကလည်း လင်းလန်ကို ကမန်းကတန်း နှုတ်ဆက်လိုက်သည်။
လင်းလန်၏ မျက်လုံးများက တောက်ပလာပြီးဆို၏။
"အိုး...နာရီရှိတာလား"
လီခွမ်းကျိူး ၏ ခြေထောက်များ တုန်ယင်သွားသည်။ လင်းလန်က ညွှန်မှူးဟောင်း၏ နာရီကို ထုတ်ယူလိုက်ပြီး ပြုံးပြုံးရွှင်ရွှင် ဆိုလေ၏။
"ဒါက ညွှန်မှူးဟောင်းရဲ့ လက်ပတ်နာရီ...ကျွန်မတို့ မယူနိုင် ပါဘူး...ကျေးဇူးပြုပြီး ညွှန်မှူးဟောင်းဆီကို ပို့ပေးပါ ဥက္ကဋ္ဌချွေ့...ကျွန်မဒီကနေ တစ်ခုရွေးလိုက်မယ်"
ပုံမှာပါသည့် တစ်လုံးက ပြက္ခဒိန်၊ ဒိုင်ခွက်အကြီးကြီးနှင့် ကြမ်းတမ်းသည့် ပုံသဏ္ဍာန်ဖြင့် ယောက်ျားဝတ်လက်ပတ်နာရီဖြစ်ပြီး ဟန်ချင်စုန့် အတွက် အလွန်သင့်လျော်သည်။ ၎င်းသည် SSIKအမျိုးအစား အမြန်လွှဲနာရီဖြစ်ပြီး အမှားအယွင်းအနည်းငယ်သာရှိ၏။အမှားအယွင်းကလည်း နေ့ရောညပါအတွက် စက္ကန့် 30 သာရှိလေသည်။
“ဒါလေး"
သူမက ပိုက်ဆံနှင့် ဘောက်ချာကို ထုတ်ယူလိုက်သည်။
ဒုဥက္ကဌက သူမအတွက် စာရင်းကို ကိုယ်တိုင်ရေးပြီး ရှင်းရှင်းလင်းလင်းရေးပေး၏။
လင်းလန်က ပြောလိုက်သည်။
"ရှင်တို့ မသိဘူး...ကျွန်မပိုက်ဆံနဲ့ ကူပွန်တွေကို တစ်နှစ်လောက် စုထားခဲ့တာ... တကယ်မလွယ်ဘူးရယ်"
လီခွမ်းကျိူးက မျက်မှောင်ကြုတ်ပြီး ညွှန်မှူးဟောင်း၏ နာရီကို ကောက်ကိုင်လိုက်ပြီးဆို၏။ "ကောင်းပြီ...ငါ ဒါကို ညွှန်မှူးဟောင်းအတွက် ပြန်ယူသွားလိုက်မယ်”
လင်းလန် က သူမဝယ်ထားသည့်နာရီကို ယူလိုက်ပြီးလီခွမ်းကျိူးကို ပြုံးပြကာပြောလိုက်သည်။
“ညွှန်မှူးလီ အတူတူသွားကြရအောင်”
ထောက်ပံ့ရေးနှင့်ရောင်းဝယ် သမဝါယမသည် တော်လှန်ရေးကောင်စီနှင့် ဆယ်မိနစ်လောက်ပင်မကြာပေ။
မှန်သည်ပင်၊ လီခွမ်းကျိူး၏ဒေါက်များကို ကြည့်ရန် သူမရောက်လာသည်ကို လူတွေကို အသိပေးမှာ မဟုတ်ပါချေ။ သူမ ဟန်ချင်စုန့် တမင်တကာ လိုက်မပို့ခိုင်းဘဲ သူ့လုပ်ငန်းသူပဲ သွားလုပ်ခိုင်းထားခြင်းဖြစ်သည်။သူမ သူမ၏ ရပ်တည်ချက်ကို လီခွမ်းကျိူးအား ထုတ်ဖော်ပြသရန် လိုအပ်၏။
မူလက သူ့အကြောင်း တိုင်ကြားလိုသောကြောင့် သို့မဟုတ် တစ်စုံတစ်ခုကြောင့် လိုက်လာသည်ဟု ထင်ခဲ့သော်လည်း လင်းလန်က ထိုသို့မပြောဘဲ ကျေးဇူးတင်စကားသာဆိုလာပြီး တော်လှန်ရေးကော်မတီကို ဟန်ချင်စုန့်ကို ခရိုင်သို့လာခွင့်ပြုသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် သူမတို့ကို အိမ်တစ်လုံးပေးသည့်အတွက် ကျေးဇူးတင်ကြောင်းပြောခဲ့လေသည်။
လီခွမ်းကျိူး ခံစားရသည်က ပိုပင်ဆိုးသွားသေး၏။ တောသားဟန်ချင်စုန့်က အရမ်းကံကောင်းတယ်... သူ့မိန်းမကို ကြည့်လိုက်စမ်း...
တော်လှန်ရေးကော်မတီ တံခါးဝသို့ ရောက်သောအခါ လင်းလန်က ပြုံးကာပြောသည်။
"လူကြီးမင်းလီရဲ့ဇနီးနဲ့ ရန်ဖြစ်ရတာ နည်းနည်းလေးတောင် ဝမ်းသာစရာ မဟုတ်ပါဘူး... အမျိုးသမီးကိစ္စတွေကို အတည် မယူပါနဲ့ လူကြီးမင်းလီ...သိကြကျွမ်းကြပြီးရင် အားလုံးက တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး ရင်းနှီးလာကြလိမ့်မယ်...အချင်းချင်း လေးစားလာကြလိမ့်မယ်... ထပ်လုပ်တော့မှာမဟုတ်ပါဘူး"
မြောင်ဟုန်ယင်း သူမကို လုပ်သည့်အတွက် သူမကလည်း သဘာဝအတိုင်း သည်းခံမှာမဟုတ်ပေ။ လင်းလန် တော်လှန်ရေးကော်မတီမှာ ပထမဆုံးနေ့တွင် ပြဿနာရှာရန် စိတ်မ၀င်စားပါချေ။မြောင်ဟုန်ယင်းကို သူမအား အနိုင်ကျင့်ရန် မလွယ်ကူကြောင်းကို သိစေကာ အနာဂတ်တွင် သူမကို တိုက်ခိုက်ပြီး ဆူပူကြိမ်းမောင်းလိုပါက သူမကလည်း လိုက်ပါအဖော်ပြုပေးမည်ဖြစ်သည်။ မြောင်ဟုန်ယင်းကို သူမအား အနိုင်ကျင့်ရန် မလွယ်ကူကြောင်း အသိပေးခြင်းဖြင့်သာ မြောင်ဟုန်ယင်းက အနာဂတ်တွင် ကေဒါနှင့် ဇနီးများ၏ စည်းမျဉ်းများကို လိုက်နာနိုင်မည်ဖြစ်သည်။
ပိုးစာပင်ကို လက်ညိုးထိုးပြီး ကျိုင်းပင်ကို ကျိန်ဆဲ၍ရသော်လည်း(စောင်းပြော) ကိုယ့်ကိုကိုယ် တကယ်တစ်စစီမဖျက်စီးချင်ပါဘဲနှင့် ရှေ့တည့်တည့်မှာ တိုက်ရိုက်သွား ထုတ်မပြောပါနှင့်လေ။
လီခွမ်းကျိူး လင်းလန်၏ ဆိုလိုရင်းကို ချက်ခြင်း နားလည်သဘောပေါက်သွားခဲ့သည်။ သူမလို တောသူ အမျိုးသမီးတစ်ဦးမှာ ထိုကဲ့သို့သော စိတ်ထားမျိုးရှိမည်ဟု သူ မမျှော်လင့်ထခဲ့ပေ။
သူ့နှလုံးသားက မနာလိုမှုများ ဆူပွက်လာပြန်သည်။
သူ ပြည်သူ့လုံခြုံရေးဗျူရိုရုံးသို့ ပြန်ရောက်သောအခါ ညွှန်မှူးဟောင်းက ဟန်ချင်စုန့် အတွက် ရုံးခန်းတစ်ခု စီစဉ်ပေးနေသည်။
ညွှန်မှူးဟောင်းမှာ သူ့ကိုယ်ပိုင်ရုံးခန်းရှိပြီး ကောင်းဝေ့တုန်းနှင့် လီခွမ်းကျိူးတို့က တစ်ယောက်နှင့်တစ်ယောက် အဆက်ဆံမလုပ်သောကြောင့် ရုံးခန်းခွဲခဲ့ကြသည်။
ယခု ဟန်ချင်စုန့်ရောက်လာသောအခါ ရုံးခန်းတွေ လုံလုံလောက်လောက် မရှိတော့ပေ။ ထို့ကြောင့် ရုံးခန်းတစ်ခုအတွက် တိုက်ပွဲဝင်ရန် သို့မဟုတ် တော်လှန်ရေး ကော်မတီရုံးကို သုံးရန် ဟန်ချင်စုန့်ကို တောင်းဆိုသည်က မသင့်တော်ပါချေ။
ဗျူရိုအကြီးအကဲဟောင်းက သူ့သဘောကိုမေးရာ ကောင်းဝေ့တုန်းက ဟန်ချင်စုန့် နှင့် ရုံးခန်းတစ်ခုဝေငှရခြင်းအတွက် အလွန်ပျော်နေသည်။
တစ်ခန်းတည်းနေရင်း သူတို့အချင်းချင်း အထင်အမြင်ကောင်းတွေပိုရှိကုန်မှာမဟုတ်ဘူးလား...
လီခွမ်ကျိုးက ထိုသို့စဥ်းစားပြီးနောက် ပြုံးပြီးပြောလိုက်၏။
"လက်ထောက်ညွှန်မှူးကောင်းရဲ့ နေရာက နည်းနည်း လူကြပ်တယ်... ဒါပေမဲ့ ငါ့နေရာက ကျယ်တယ်...ချင်စုန့် ငါ့ရုံးခန်းကို သွားပါလား"
ကောင်းဝေ့တုန်းက ပြုံးပြီးပြောသည်။
"ငါက ဒုညွှန်မှူးဟန်နဲ့ အသက်တူရွယ်တူ ဆိုတော့ ငါတို့က ပိုပေါင်းလို့သင်းလို့အဆင်ပြေတယ်"
ဟန်ချင်စုန့် သူတို့နှစ်ဦးက တခြားသူများနှင့် စကားပြောရသည်ကို ကြိုက်ကြောင်းတွေ့လိုက်ရသည်။ သူကပြောလိုက်၏။
"ဘာလို့ ခင်ဗျားတို့နှစ်ယောက်တစ်ခန်း ရုံးခန်းမျှမသုံးတာလဲ"
........
လေးနာရီထိုးပြီးနောက် ဟန်ချင်စုန့် တော်လှန်ရေးကော်မတီတွင် ဆီတိုင်ကီဖြည့်ပြီးနောက် နောက်ခုံတွင် ထိုင်ကာလင်းလန်ကို ဆက်လက်မောင်းနှင်စေခဲ့သည်။
တော်လှန်ရေး ကော်မတီကလူတိုင်း ၎င်းကို မကြည့်ရက်နိုင်ကြပေ။
ဒါ ညွှန်မှူးဟန်က မိန်းမကို ယောက်ျားလို သုံးနေတာလား...
အရာရှိ လင်းကလည်း အရည်အချင်း အလွန်ရှိသည် ။ဆိုင်ကယ်စီးသော အမျိုးသားများသည်ပင် မောင်းရသည်မှာ အနည်းငယ် ပင်ပန်းကြပြီး လက်များ ထုံကျဉ်ကြသည်။
မြောင်ဟုန်ယင်းကို ဖော်ထုတ်ရဲတဲ့ သူရဲကောင်းတစ်ယောက်က မျှော်လင့်ထားသလိုပါပဲလားဟေ့ ...
လင်းလန်ကမူ သူမအပေါ်ရှိ လူအများ၏အမြင်များ မြင့်မားသွားပြန်ကိုမသိပါဘဲ ဟုန်တုန် ချန်ကျန်း750ကို စီးပြီး အနောက်ကောင်းကင်ရှိ နေမင်းကြီးကို ရင်ဆိုင်ရန် ဖုန်လုံးများကို စားကာ သူမ၏လူကို အိမ်သို့ ခေါ်သွားခဲ့သည်။
အိမ်ပြန်ရောက်သည့်အခါ ပထမဆုံးလုပ်ရသည်က ရေချိုး ခေါင်းလျှော်ပြီး သန့်ရှင်းသည့်အဝတ်အစားများ ၀တ်ရခြင်းပင်။ ယခုလို တစ်လမ်းလုံးမောင်းလာပြီးနောက် ရွှံ့ရုပ်တစ်ရုပ်လို ဖြစ်သွားခဲ့သည်။
ဟန်ချင်စုန့် ရေချိုးနေစဉ် သူမက ဟင်းသီးဟင်းရွက်ခူးရန် ခြင်းတောင်းတစ်ခုနှင့် ဟင်းသီးဟင်းရွက်ခင်းသို့ သွားခဲ့သည်။
ရှောင်ဝမ်ကတစ်ယောက်တည်း သူ့နောက်ကပြေးလိုက်နေသည့် ဝမ်ဝမ်နှင့်ရှောင်ပိုင်တို့ဖြင့် အလုပ်ရှုပ်နေခဲ့သည်။ သူက အေးဆေးနူးညံ့သောအသံဖြင့် လေချွန်လိုက်ရာ သူ့အသံမှာ ချိုမြိန်ပြီး ချောမွေ့နေသည်။ နားထောင်ရသည်က တကယ်ကို ကြည်နူးစရာကောင်း၏။
ရှောင်ဝမ် ကျောင်းကနေ အိမ်ပြန်ရောက်သောအခါ အိမ် တံခါးဖွင့်ထားသည်ကိုမြင်လိုက်ရာ သူ့မားမားပြန်ရောက်နေသည်ကိုသိလိုက်သည်။ သူ့အဖေ ရေချိုးခန်းထဲမှာ ရေချိုးနေသည့်အသံကို ကြားလိုက်ရ၏။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လင်းလန်က ဟင်းရွက်ခင်းထဲမှာ ရောက်နေမှန်းတွေ့လိုက်ရသည်။
Xxxxxxx