အပိုင်း ၈၁၇-၈၁၈
Viewers 37k

Part 817


ခရိုင်တော်လှန်ရေးကော်မီတီမှ စာရွက်စာတမ်းများသည် အလွန်လျင်မြန်စွာ ရောက်ရှိလာသည်။ ကွန်မြူနတီတစ်ခုစီ၏ ပြည်သူ့လုံခြုံရေးကို ရုတ်သိမ်းလိုက်သည်၊ တပ်မတော်ဌာန၏ လုပ်ငန်းဆောင်တာများသည် ရိုးရှင်းကာ ပြည်သူ့စစ်ကို ခရိုင်လက်ထောက်ညွှန်မှူးဟန်ချင်စုန့်မှ စီမံခန့်ခွဲသည်။


ရက်အနည်းငယ်အတွင်း ဟန်ချင်စုန့်  ခရိုင်ပါတီကော်မတီတွင် တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ပြီး၊ သူ့အနေဖြင့် ရှန်ရွေ့ကွန်မြူနတီ အတွက် အစီအစဉ်များပြုလုပ်ရန် လိုအပ်ပေသည်။ ရှန်ရွေ့ ကွန်မြူနတီ၏ ပြည်သူ့လုံခြုံရေးဗျူရိုသည် မူလကတည်းက အလွန်သေးငယ်ပြီး လူအနည်းငယ်သာရှိသည်။ ဟန်ချင်စုန့်က ပြည်သူ့စစ်အဖွဲ့မှ အချို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ လော့ဟိုင်ချန်နှင့် ဟန်ချင်းယွမ်တို့အပြင်ကပ္ပတိန်နှစ်ဦး နှင့် လက်ထောက်ကပ္ပတိန် နှစ်ဦးရှိပြီး အောက်တွင် လူရှစ်ဦးခန့် ရှိကာ ၎င်းတို့သည် အခြေခံအားဖြင့် အချိန်ပိုင်းလုပ်သားများသာဖြစ်ကြသည်။


 ယခု ပြည်သူ့လုံခြုံရေးဗျူရိုကို ရုပ်သိမ်းလိုက်သဖြင့် ဤလူများသည် အနည်းငယ် စိတ်ရှုပ်ထွေးကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။


လော့ဟိုင်ချန်က ဂရုမစိုက်ဘဲပြောလိုက်၏။ "ငါက ပြည်သူ့စစ်အဖွဲ့ကို ပြန်သွားလိုက်မယ် ဘာပဲဖြစ်ဖြစ် အစကတည်းက  ပြည်သူ့စစ်အဖွဲ့ကပဲဟာ"


ဟန်ချင်းယွမ်  အနည်းငယ်စိတ်ပျက်သွားခဲ့သည်။သူက တတိယအစ်ကိုဖြစ်သူနောက်ကို လိုက်ခဲ့၏။ ယခု တတိယအစ်ကို​က ခရိုင်သို့ သွားသဖြင့် သူက ခရိုင်ပြည်သူ့စစ်အဖွဲ့တွင်သာ နေနိုင်သည်။


ဟန်ချင်စုန့် သူတို့ကို စုဝေးစေကာပြောလိုက်သည်  "ပြည်သူ့လုံခြုံရေးဗျူရိုကို ရုပ်သိမ်းလိုက်ပေမဲ့.. တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့ လူအင်အားလိုနေသေးတယ်"


သူ၏ ခန့်မှန်းချက်အရ အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့ စစ်မတိုက်သရွေ့ တိုင်းပြည်က စစ်မဖြစ်နိုင်သည့်အတွက် ပြည်သူ့စစ်များက အသုံးမဝင်တော့ဘဲ ၎င်းတို့အားလုံး အိမ်ပြန်ကြပြီး နောက်ဆုံးတွင် လယ်သမားများ ဖြစ်လာကြမည်ဖြစ်သည်။လက်ရှိအခြေအနေအရ အနည်းဆုံး ဆယ်နှစ် သို့မဟုတ် နှစ် နှစ်ဆယ်ကြာ တိုက်ပွဲများ ဆင်နွှဲလိမ့်မည်မဟုတ်ဘဲ ပြည်သူ့စစ်သည် အနည်းဆုံး နောက်ထပ် နှစ်နှစ် သို့မဟုတ် သုံးနှစ်အထိပဲ ကြာရှည်မည်ဖြစ်ပြီး နောက်ဆုံးတွင် ၎င်းတို့အားလုံး လယ်ယာလုပ်ငန်းသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။


လုံခြုံရေးဝန်ထမ်းများ လိုအပ်နေသေးသည်ဟု ဟန်ချင်စုန့် ပြောသည်ကို ကြားသောအခါ  အားလုံးက စိတ်သက်သာရာရပြီး  သက်ပြင်းချကြ၏။


ဟန်ချင်စုန့်:  "ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုက တရားဥပဒေစိုးမိုးရေးနဲ့ တပ်မဟာအသီးသီးကို စစ်ဆေးရာမှာ ကူညီပေးဖို့အတွက် အထူးကော်မရှင်နာတွေကို စေလွှတ်ပါလိမ့်မယ်... အခုအချိန်ကစပြီး မင်းတို့က ခရိုင်ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ အထူးကော်မရှင်နာဖြစ်လာလိမ့်မယ်" 


လူတိုင်းက ရုတ်ချည်းပျော်သွားကြပြီး အထူးသဖြင့် အချိန်ပိုင်းအလုပ်သမားများဖြစ်လေသည်။


အလုပ်ထုတ်ခံရပြီး အိမ်ပြန်ရမည်ဟုထင်ခဲ့ပေမဲ့ အထူးကော်မရှင်နာဖြစ်ရန် မမျှော်လင့်ထားပါချေ။ နှလုံးသားက အမှန်တကယ်ကို ချိုင့်ဝှမ်းအောက်ခြေကနေ ကောင်းကင်ကို လွှင့်ပစ်ခံလိုက်ရသလိုမျိုးလှိုက်ခုန်သွားပြီး ဝမ်းသာအယ်လဲနှင့် ပါးစပ်မစေ့နိုင်ခဲ့ပေ။ ရလဒ်အနေဖြင့် ဟန်ချင်စုန့်က နောက်ထပ်ဗုံးတစ်လုံးကို ပစ်ချပြီး ၎င်းတို့အတွက် ဖောက်ခွဲပစ်ခဲ့သည်။


ဟန်ချင်စုန့်:  "အငြိမ်းစားယူလို့ရမယ်"


"ဝိုးးးး..." 


ရဲအရာရှိအများအပြား စိတ်လှုပ်ရှားစွာ ခုန်ပေါက်ကြပြီး အချင်းချင်း လက်သီးနှင့်ထိုးကြ၏။


 "အငြိမ်းစားယူလို့ရမယ်...မင်း နားမကန်းဘူးမလား"


အငြိမ်းစားယူ၍ရသည်က ပုံမှန်ဝန်ထမ်းဖြစ်၏။အဲ့ဒါကို လူဘယ်နှစ်ယောက်များ အိပ်မက်မက်နေကြသလဲလို့... သူတို့ ကောင်းစားမဲ့အလှည့်ရောက်လာပြီဟေ့...


ရဲများ ထသွားသောအခါ လော့ဟိုင်ချန်နှင့် ဟန်ချင်းယွမ်တို့က မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး  အချင်းချင်း တစ်ယောက်အပေါ်တစ်ယောက်  အားတက်သရောတက်ဖိကြသည်။ 


"ဟားဟား...ငါမွေးတော့မယ်" 


ဟန်ချင်စုန့် :...


စွန်းကျောက်ဝမ်နှင့် ဟွမ်ဝေကျူံးတို့လည်း အတော်လေး   စိတ်လှုပ်ရှားနေခဲ့ကြ၏။


စွန်းကျောက်ဝမ် : "ညွှန်မှူးဟန်..."


ဟန်ချင်စုန့်က သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီးဆိုသည်။


"အထူးကော်မရှင်နာတွေကလည်း နိုင်ငံရေးအလုပ်တွေလုပ်ဖို့လိုတယ်"


ဟန်ချင်စုန့်က ခရိုင်မြို့နှင့်မသက်ဆိုင်ဘဲ ခရိုင်တစ်ခုစီ၏ ပြည်သူ့စစ်နှင့် လုံခြုံရေးကို တာဝန်ယူသည်။ အခြားလက်ထောက်ညွှန်မှူးနှစ်ယောက်နှင့် အလုပ်၏အကြောင်းအရာက လုံးဝကွဲလွဲခြင်းမရှိပါချေ။ ကော်မရှင်နာ၏လစာ၊ အကျိုးခံစားခွင့်၊ အတွေးအခေါ်နှင့် နိုင်ငံရေးအလုပ်စသည်ဖြင့် တာဝန်ရန် တစ်စုံတစ်ယောက် လိုအပ်ပြီး ၎င်းတို့သည် သူ၏အချိန်ပိုင်းအတွင်းရေးမှူးးဖြစ်လာခဲ့သည်။


နှစ်ယောက်သား စိတ်လှုပ်ရှားလွန်း၍ ဟန်ချင်စုန့်ကို အရိုအသေပေးကြ၏။


 "ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဟန်"


သူက ကွန်မြူနတီပြည်သူ့လုံခြုံရေးဗျူရို၏ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်ခဲ့ဖူးသော်လည်း ၎င်းသည် လူကြားကောင်းသော ရာထူးတစ်ခုသာဖြစ်ပြီး အမှန်တကယ် ကွန်မြူနတီ၏ ပြည်သူ့လုံခြုံရေးဗျူရိုက မည်သည့်အချိန်တွင်မဆို ရုပ်သိမ်းခံရနိုင်သည်။ယခင်က ကွန်မြူနတီ ထဲမှာ အလုပ်ရှာသည်က အကောင်းဆုံးဖြစ်မည်ဟု ထင်ခဲ့ကြပေမဲ့ ယခုချိန်မှာ ခရိုင်အလုပ်မှာ ပါဝင်ခွင့်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ယင်းက ပိုမိုကောင်းမွန်သည်က သဘာဝပါပင်။


ဟန်ချင်စုန့်က ၎င်းတို့အား လိုအပ်ချက်များအရ အုပ်စုများခွဲကာ မည်သည့် ကွန်မြူနတီကို တာဝန်ခံသည်ဖြစ်စေ ထိုကွန်မြူနတီမှ လုပ်ခနှင့် ခံစားခွင့်များ ရရှိမည်ဖြစ်သည်။ ထို့အပြင် အထူးကော်မရှင်နာများအား စက်ဘီးနှင့် ပစ္စတိုများ တပ်ဆင်ရန်အတွက် ခရိုင်လက်နက်ကိုင်တပ်ဖွဲ့ဌာနသို့ လျှောက်ထားခဲ့ရသည်။ သာမန် အထူးကော်မရှင်နာများတွင် ယမ်းတောင့်20ပါ ပစ္စတိုရှိသည်။ လော့ဟိုင်ချန်နှင့်ဟန်ချင်စုန့်တို့ကမူ 54မမပစ္စတို တပ်ဆင်နိုင်သည်။


နောက်ဆက်တွဲ လက်ဆင့်ကမ်းမှုနှင့် အသေးအဖွဲကိစ္စများကို စွန်းကျောက်ဝမ်နှင့် ဟွမ်ဝေ့ကျုံး ထံသို့ လွှဲပြောင်းပေးခဲ့ပြီး ဟန်ချင်စုန့်က လင်းလန်နှင့် ကလေးများကို အိမ်သန့်ရှင်းရေးလုပ်ရန် ခရိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။ အိမ်မပြောင်းသော်လည်း အရေးပေါ်အခြေအနေအတွက်အနွေးကုတင် နှင့်အိုးများ ဆောက်ထားမည်ဖြစ်၏။


ဟန်ချင်းယွမ်က တပ်မဟာမှ နွားလှည်းကို ငှားပြီး ဟန်ချင်စုန့်  အိမ်ကို ပြုပြင်ရာတွင် ကူညီရန်အတွက် ခရိုင်သို့ နေကျက်ရွံ့ နှင့် အုတ်ခဲများ ပို့ဆောင်ရန် လူနှစ်ဦးကို ခေါ်ဆောင်သွားခဲ့သည်။


ထိုသို့သွားသည့်အခါ ဟန်ချင်စုန့်က လင်းလန်ကို သူ့စက်ဘီးပေါ်တင်သည်၊ တဝမ်က ချန်ကျန်း750ကိုစီးကာ အားဝမ်က နောက်မှာထိုင်ပြီး မိုင်စွေ့က ရှောင်ဝမ့်ကိုကိုင်ပြီး ဘေးတွဲမှာထိုင်နေ၏။


ဟန်ချင်စုန့်က လင်းလန်ကို မြို့ထဲသို့ ခေါ်လာသောအခါ လမ်းဘေးတွင် လမ်းလျှောက်နေသော ကလေးများစွာကို  သူတွေ့လိုက်ရသည်။


မိုင်စွေ့က ဖရိုဖရဲဖြင့် သူမဗိုက်ကို ကိုင်ထားပြီး လမ်းဘေးတွင် အားနည်းစွာထိုင်နေကာ အားဝမ်က ရေနွေးဘူးကိုင်လျက် သူမဘေးတွင် ရပ်နေခဲ့သည်။


လင်းလန်ကမေးလိုက်၏။

 "အယ် ဘာဖြစ်တာလဲ "


အားဝမ်: "မမက အရမ်းစိတ်ဆိုးနေတယ်"


လင်းလန်: " အစ်ကိုကြီး ဘာလို့ အရှိန်မလျှော့တာလဲ "


တဝမ်က အပြစ်ကင်းသည့် မျက်နှာလေးနှင့်ဆိုလာသည်။

 " မမြန်ပါဘူး "


မိုင်စွေ့ : "အဆင်မပြေ ဘူး...အရမ်းပူတယ်"


ဆိုင်ကယ်ပေါ်မှာထိုင်ရင်း အထက်မှာ နေရောင်က တောက်လောင်နေကာ လေပူက မျက်နှာကို ဖုန်မှုန့်များနှင့် ရိုက်ခတ်နေပြီး အိတ်ဇောက အပူများအပြင် လမ်းအဖုအထစ်များနှင့်က တကယ်ကို....သူမ ဒဏ္ဍာရီလာ မူးခြင်းရောဂါ၏အရသာကို ခံစားလိုက်ရသည်။


    ခဏလောက် အနားယူ၊ ရေနည်းနည်းသောက်ပြီးနောက် မိုင်စွေ့  ပြန်ကောင်းလာ၏။ လင်းလန်က သူမကို စက်ဘီးစီးစေချင်ပေမဲ့ မိုင်စွေ့က အရှုံးကိုဝန်ခံရန် ငြင်းဆိုခဲ့သောကြောင့် သူမနှင့်အား၀မ်  နေရာချင်းပြောင်းလိုက်ကာ သူမက ဆိုင်ကယ်နောက်ခုံမှာ ထိုင်ခဲ့၏။


ဤတစ်ခါကား ပိုအဆင်ပြေ သည်ပင်။


Xxxxxxx

Part 818


မိသားစုခြံဝင်းကိုရောက်သောအခါ ကလေးများကဝင်ပြီး တစ်ချက်ကြည့်လိုက်ကြသည်။


 “မားမား... မြို့က လူတွေက ပြွတ်သိပ်နေအာင်နေရတာပဲ...ကျွန်တော်တို့အိမ်လောက်လည်း မကြီးဘူး”


လင်းလန်:“မဆိုးပါဘူး...မင်းစန်းတိပြောတာကို နားမထောင်လိုက်ရဘူးလား... တချို့မိသားစုတွေက လက်ဖဝါးလောက်ရှိတဲ့ အခန်းတစ်ခုထဲကို လူငါးခြောက်ယောက်လောက် ထိုးသိပ်နေကြတာတဲ့"


ရှောင်ဝမ်က မျက်လုံးလေး ကလယ်ကလယ်နှင့်  အံ့ဩသွားပြီးဆို၏။


“မားမား...သူတို့က ဘာလို့ မြို့ကို လာချင်ကြတာလဲ၊“


ပညာတတ်လူငယ်များက ကျေးလက်ကို မသွားချင်ကြဘဲ မြို့ကိုပြန်ချင်ကြသည်။  မြို့ထဲမှာ နေရတာက ကျေးလက်မှာ နေရတာလောက်တောင်မကောက်းဘဲ ဘာလို့လဲ


အားဝမ်က ပြုံးကာပြော၏။


 "မြို့ကလူတွေက လစဉ် ပုံမှန်လစာနဲ့ အလုပ်သွား၊ အစားအသောက်တွေဝယ်၊ ဘောက်ချာနဲ့ လက်မှတ်တွေ ထုတ်ပေးတယ်...ကျေးလက်က လူတွေက အလုပ်မှတ်တွေရဖို့ အလုပ်သွားကြတယ်... တစ်နှစ်လုံးနေမှ ယွမ်နည်းနည်းတောင် မရဘူး... ဘောက်ချာနဲ့ လက်မှတ်တွေ မပြောနဲ့"


အလုပ်မှတ်များရသည်နှင့်လုံးဝကို ကွဲပြားပေသည်။


မိုင်စွေ့ကလည်းဆို၏။


 “ကျေးလက်က ကောင်းတယ်လို့ ငါတို့ထင်တာက ငါတို့မိဘတွေ အရည်အချင်းရှိပြီး ငါတို့မိသားစု အခြေအနေက ကောင်းလို့လေ... မိုးရွာတဲ့အခါ မိုးယိုပြီး လေတိုက်တဲ့အခါ ယိုင်နဲ့နဲ့ နဲ့တချို့လူတွေရဲ့  တဲအိမ်တချို့ကို ကြည့်...အငတ်ဘေးကနေ လွတ်​မြောက်ဖို့ တစ်နှစ်ပတ်လုံး တခြားသူတွေရဲ့ အိမ်က အစားအစာ ချေးငှားရတယ်”


ကျေးလက်မှာ ဘိုးဘေးဘီဘင်များဆီက စုဆောင်းထားသည့် အိမ်ဆောက်သည်က မြို့ထဲမှာ အိမ်ခွဲရသည်ထက် ပိုခက်၏။ မြို့ထဲမှာ အိမ်မရှိလျှင်ပင်  တစ်လကို နှစ်ယွမ်အောက် ပေးချေပြီးနေ၍ရသည်။ ယင်းက အလွန်စျေးသက်သာ၏။


သူတို့ စကားစမြည်ပြောနေကြစဉ် တဝမ်က ပျက်စီးနေသောနေရာတိုင်း၊ ပေါက်သည့်နေရာနှင့် ပြုပြင်ရန်လိုအပ်သည့်နေရာတိုင်းကို သိရှိပြီး အတွင်းနှင့်အပြင်ကို တစ်နေရာမှ မလွတ်ဘဲ အမြန်စစ်တမ်းကောက်ယူပြီးဖြစ်သည်။


ခေါင်းဆောင်ဟန် ဤနေရာကိုပြောင်းလာသည်ကို အိမ်နီးနားချင်းများက ကြားပြီး အိမ်ရှိလူများအားလုံးက သူတို့ကို ဂုဏ်ပြုရန် လာကြ၏။လူတိုင်းက အတူတူအလုပ်လုပ်ကြပြီး ပြန်လာသည့်အခါ အိမ်နီးနားချင်းတွေ ဖြစ်နေတုန်းဆိုလျင်သဘာဝအတိုင်း အချင်းချင်း  ဂရုစိုက်ရမည်။ လင်းလန်က ၎င်းတို့ထံမှ ပုံးများ၊ တံမြက်စည်းများနှင့် အခြားအိမ်သုံးပစ္စည်းများကို သန့်ရှင်းရေးလုပ်ရန် ချေးယူခဲ့သော်လည်း အကူအညီပေးရန် ရောက်လာသော အိမ်နီးချင်းများကို ငြင်းဆိုခဲ့သည်။


ဟန်ချင်စုန့်က ဟန်ချင်းယွမ်  နှင့် အခြားလူများကို ခေါ်ဆောင်ကာ လင်းလန်၏ တောင်းဆိုချက်အတိုင်း အိမ်ကို ပြုပြင်ခဲ့သည်။ အရှေ့ခန်းရှိ အနွေးကုတင်ကို အနောက်ခန်းကဲ့သို့ ယူဆောင်လာခဲ့သည်။


နှစ်ရက်အကြာတွင် နေအိမ်အား ပြန်လည်ပြုပြင်ခြင်း၊ အနွေးကုတင် တပ်ဆင်ခြင်း၊ မီးခိုးခေါင်းတိုင်မှ လေ၀င်လေထွက်ကောင်းစေခြင်းတို့ပြီးသွားပြီး မီးမွှေးခြင်းနှင့် ချက်ပြုတ်ရာတွင် နှောင့်နှေးမှုမရှိတော့ပါချေ။


လူနာနှစ်သစ်၏ကိုးရက်နေ့တွင် ဟန်ချင်စုန့်၏ မွေးနေ့ဖြစ်ပြီး လင်းလန် နေ့ခင်းအစောကြီး အိမ်ပြန်ခဲ့သည်။သူမက အိမ်သန့်ရှင်းရေးကို ဦးစွာလုပ်ကာ ဟင်းသီးဟင်းရွက်ခူးရန် ဟင်းသီးဟင်းရွက်ခင်းသို့သွားခဲ့ပြီးနောက် ဆေးကြောရန် ပြန်လာခဲ့သည်။


ဟန်ချင်စုန့်  ၏ရာထူးတိုးခြင်း၊ အိမ်ခွဲဝေပေးခြင်း နှင့် မွေးနေ့ပွဲများကျင်းပရန်အတွက် သူမသည် သူမ၏မိသားစုကို ဆုချရန်အလို့ငှာ ကြက်သတ်ရန်ဆုံးဖြတ်ခဲ့သော်လည်း ကြက်ကိုမသတ်ဝံ့သောကြောင့် တဝမ်နှင့်အားဝမ်  ပြန်လာမည့်အချိန်ကိုပဲ စောင့်ခဲ့ရသည်။ .


သူမ ဆွယ်တာအင်္ကျီတစ်ထည်ကို ၀တ်ဆင်ကာ ခြံဝင်းထဲတွင် အချိန်အတော်ကြာ ထိုင်နေခဲ့ပြီး အချိန်က မသိလိုက်ဘဲ ကုန်ဆုံးသွားသည်။


"မားမား... သားပြန်လာပြီ" 


လေးနာရီထိုးခါနီးမှာ ရှောင်ဝမ်အိမ်ကို အပြေးပြန်လာ၏။


လင်းလန်က  ပြုံးပြီးပြောလိုက်သည်။

 "ဒီနေ့ဘာလို့ကျောင်းစောစောဆင်းတာလဲ"


ရှောင်ဝမ်: "ဆရာတွေက လုပ်စရာရှိရင် ကျောင်းကနေ အိမ်ပြန်ခိုင်းတယ်" 


သူ့ကျောင်းလွယ်အိတ်ကို အနွေးကုတင် ပေါ်တင်ပြီး ပြေးထွက်လာပြန်သည်။ 


"မားမား...  ဟင်းသီး ဟင်းရွက်တွေ ကူခူးပေးမယ်"


ရှောင်ဝမ်က သားကြီးတစ်ယောက်၏ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရန် အလွန်အလေးအနက် ထားခဲ့သည်။သားကြီးဖြစ်သူက မိဘများကို ထောက်ပံ့ပေးချင်ပြီး အလုပ်ကိုအပြေးအလွှားလုပ်ကြောင်း ကျောင်းတွင် အတန်းဖော်များနှင့် သူပြောခဲ့၏။


သူ့အစ်ကိုအစ်မများ အလုပ်ကို ကြိုးကြိုးစားစား လုပ်သွားလိမ့်မည်ဟု သူထင်သည်။စန်းတိက အပြင်ထွက် ဆော့ကစားရန်တွေးထားသောကြောင့် သူ့အနေဖြင့်  သူ့မိဘများကို ကောင်းကောင်း ပြုစုစောင့်ရှောက်ရမည်။


လင်းလန်က သူ့အား ရံဖန်ရံခါ စိုက်ကြည့်နေသည်။အမေအိုကြီးတွင် သူမကိုယ်ပိုင် filter ရှိနေပြီး ကလေးက ချောမောပြီးချစ်စရာကောင်းသည်ဟုထင်လေသည်။


သူက အပြာရင့်ရောင် ချည်သားဘောင်းဘီတိုနှင့် လင်းလန်ပြုလုပ်သော အဖြူရောင်လက်တိုအင်္ကျီကို ၀တ်ဆင်ထားသည်။နွေရာသီတွင်မူ ခါးပတ်ကြိုးများကို မကြိုက်သောကြောင့် သူမကိုယ်တိုင်သိုင်းကြိုးများ ပြုလုပ်ပေးခဲ့သည်။သူက စားပွဲမှာထိုင်ပြီး အသီးအရွက်များကို သေချာသင်ကာ ဆေးကြော၏။သူ၏စိတ်နေစိတ်ထားက ဂီတနုတ်များကို လေ့လာသည့်အချိန်နှင့်ကွဲပြားမနေပေ။ အနှီကလေးက ဘာပဲလုပ်လုပ် အမြဲတမ်း လေးနက်ကာ စေတနာထားပြီး ဘယ်တော့မှ  ဝတ်ကျေတန်းကျေ မလုပ်တတ်သူပါပင်။


သူ၏​လေးနက်မှုကို မြင်လိုက်ရာတွင်  လင်းလန် စိတ်ထဲမှာ နူးညံ့သွားရသည်။


 "ပေါင်ပေါင်း...မားမားတို့မိသားစုမှာ ဥမဖောက်နိုင်တဲ့ ကြက်မကြီးရှိလား"


ရှောင်ဝမ်က သူမကို လှည့်ကြည့်လိုက်ပြီးဆို၏။

 "မားမား...သားတို့ သတ်လိုက်ရမလား"


လင်းလန် သူ့ကိုစလိုက်သည်။ 

 "မားမားက ကြက်မသတ်ရဲဘူး...သားသတ်ရဲလား"


ရှောင်ဝမ်က ဂျောက်ဂျက်ကလေးလို ခေါင်းခါလေ၏။


 "မသတ်ရဲဘူး"


 လင်းလန်:"မင်းအဖေက အလုပ်အရမ်းကြိုးစားတော့ ရာထူးတိုးတယ်၊ အိမ်တစ်လုံးရတယ်လေ...မားမားက ကြက်သတ်ပြီး ဆုချချင်တယ် "


ရှောင်ဝမ်က မျက်လုံးရွဲကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အကြုံတစ်ခုရသွားသည်။


 "မားမား အစ်ကိုကြီးကျောင်းကပြန်လာပြီလားဆိုတာ  သွားကြည့်လိုက်မယ်" 

 

သူတို့မိသားစုမှာ ကြက်သတ်သည်ကို ဟန်ချင်စုန့်ကအမြဲလုပ်လေ့ရှိပြီး  သူ အိမ်မှာမရှိသည့်အခါ တဝမ်နှင့်အားဝမ်က လုပ်၏။


သူ အမြန်​ထွက်​လာပြီး ရွာအဝင်​ဝမှာ ရပ်​​စောင့်​​နေလိုက်သည်။ခဏအကြာတွင်​ စက်​ဘီး​ခေါင်း​လောင်းသံကို သူကြားလိုက်​ရသည်​။ ရှောင်ဝမ်တစ်ယောက် အတိုင်းထက်လွန် ပျော်သွားရသည်။


 "ဟေးး ဒီမှာ..." 


တဝမ်က မိုင်စွေ့ကိုတင်နင်းလားပြီး အားဝမ်က  ကျားနက်စီးလာသည်။


အားဝမ်: "ညီလေး ဒီမှာ ဘာလုပ်နေတာလဲ"


ရှောင်ဝမ်က ချိုချိုသာသာ ပြုံးပြီးဆို၏။ 


 " အစ်ကိုတို့အစ်မတို့ ကျောင်းဆင်းမှာကိုစောင့်နေတာ"


အားဝမ်က ကျားနက်ကို ရပ်လိုက်ပြီး ရှောင်ဝမ်ကိူ အပေါ်ကို တက်ခိုင်းကာ လေးယောက် အတူတူ အိမ်ပြန်ခဲ့ကြသည်။


အိမ်ပြန်ရောက်သည်နှင့် ရှောင်ဝမ်က ခုန်ဆင်းပြီး ပျော်ရွှင်စွာ အော်လိုက်၏။


 "မားမား အစ်ကို ပြန်လာပြီ"


    

သေချာသည်ပင်၊ သူဝင်လာပြီးသည်နှင့် သူ့ကို ပြုံးပြုံးလေး နှုတ်ဆက်သည်။

 "ပြန်လာပြီလား"


 တဝမ်: "မားမား ဘာကိစ္စရှိလို့လဲ" 


အဲဒီလိုအပြုံးနဲ့ဆိုရင်...


အားဝမ်က လင်းလန်ကို ကြည့်လိုက်ပြီး လင်းလန်၏ရည်ရွယ်ချက်ကိုသိလိုက်၏။


 "မားမား...ဥကြက်မက သုံးရက်အတွင်း ဥဥတယ်

...အဝါရောင်ကြက် ၃ ကောင်က ဥမဥတာ ကြာပြီ... အမြဲတမ်း အသိုက်လုပ်ချင်နေတယ်...ဆိုတော့ အဲ့ဒါကိုပဲလုပ်လိုက်ပါ " 


တဝမ်:... 

ငါသိနှင့်နေတယ်...


Xxxxxx