အပိုင်း ၈၂၁-၈၂၂
Viewers 36k

Part 821


စန်းဝမ် ကောင်းမွန်စွာ လေ့ကျင့်နိုင်စေရန်အတွက် သူတို့အားလုံး ကောင်းစွာပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ဘေးရှိသူတို့နှင့်အတူ စန်းဝမ် ၏ စွမ်းဆောင်ရည်မှာ ယခင် ထက်စာလျှင် များစွာတိုးတက်ကောင်းမွန်လာ၏။  


နည်းပြပြန့်သည် စန်းဝမ်ကို အခြားသူများက သူ့ထက်သာလွန်ပါက သူအာရှအားကစားပြိုင်ပွဲကို သွားနိုင်မည်မဟုတ်ကြောင်း တိတ်တိတ်လေးပြောပြခဲ့သည်။ လုပ်ခလစာနှင့် အစားအသောက်လက်မှတ် များများရရန်အတွက် စန်းဝမ်က အလွန်ရက်ရောလေသည်။ ညီအစ်ကိုနှစ်ယောက်က ကောင်းသော်လည်း ပြိုင်ပွဲမှာ မပြောမဆိုနှင့် စွန့်ပစ်ခံခဲ့ရ၏။


ခင်မင်ရင်းနှီးမှုသည် ပထမဖြစ်ပြီး ပြိုင်ဆိုင်မှုမှာ ဒုတိယဖြစ်သည်ဟု ဆိုကြသော်လည်း သူ သူ့မိသားစုကို ထောက်ပံ့ချင်သည်။


"စန်းဝမ် အင်္ဂလိပ်စာကို ကောင်းကောင်းလေ့လာပါ...အီရန်ကိုသွားတဲ့အခါ လူတွေနဲ့လည်း စကားပြောလို့ရတယ်...ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် စကားပြောစရာ မလိုဘူး" 

လီကျန်းက သူ့ကို အားပေး၏။


 စန်းဝမ်က ပြုံးပြီး အလွန် ချစ်စရာကောင်းသည့်ပုံစံနှင့် ပြောလိုက်သည်။

 "စိတ်မပူပါနဲ့ ငါအဆင်ပြေပါတယ်"


အတန်းတစ်ခုပြီးသောအခါ စန်းဝမ် သူ့အရိုးများ သံချေးတက်သွားသလို ခံစားလိုက်ရကာ ရှေ့တွင် မလှုပ်မယက် ထိုင်မနေနိုင်ပေ။ သူအနေဖြင့် စည်းကမ်းရှိရမည်။ ယင်းက ညှင်းပန်းနှိပ်စက်ခြင်းတစ်မျိုးဖြစ်၏။


အတန်းပြီးသွားသောအခါ ညည်းညူသံတစ်ခုနှင့်အတူ ပြေးထွက်လိုက်သည်။

"ညလယ်စာသွားစားကြစို့"


သူခန္ဓာကိုယ်က  ကယ်လိုရီတွေ မြန်မြန်လောင်ကျွမ်းပြီး ညဘက်ညလယ်စာ အမြဲစားတတ်၏။ နည်းပြက သဘောတူသည့်အတွက် သူ သူ့ကိုယ်သူ နည်းနည်းလေးမှ မတရားမဆက်ဆံပါချေ။


သူထွက်သွားသောအခါ သူ့စာအုပ်တွေ ယူလာရန် မေ့သွားသဖြင့် ထိုမှာပဲ ထားခဲ့လိုက်သည်။


ပီကင်းတက္ကသိုလ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ အထူးဖိတ်ကြားထားသည့် နိုင်ငံခြားဘာသာစကား ဆရာသည် သွားပြီး စန်းဝမ်၏စာအုပ်ကိုကောက်ယူ ကြည့်ရှုခဲ့ရာ တရုတ်စာလုံးများဖြင့် ထူပိန်းနေအောင် ရေးသားထားသည်ကို တွေ့ရှိခဲ့သည်။


သူက အသံထွက်သင်္ကေတများကို သင်ယူရန် ငြင်းဆိုသောကြောင့် တရုတ်ဘာသာစကားဖြင့် အသံထွက်ကို အမှတ်အသားပြုကာ ကျွန်ုပ်သည် တရုတ်ဖြစ်သည်၊  ဂျပန်လည်းမဟုတ်၊ ကိုးရီးယားလည်းမဟုတ်ဟု တမင်ရေးခဲ့သည်။


ထို့ပြင်က သူက အစားအသောက်နှင့် ပိုက်ဆံကို ပိုစိတ်ဝင်စားပြီး ဆရာမပြောသည့်အကြောင်း များကို တခြားသူများကို အမှတ်အသားပြုခိုင်း၏။


ဆရာတုန်၏ မျက်နှာ မည်းသထက် မည်းမှောင်လာပြီး စာအုပ်ထဲတွင် ဖတ်လိုက်ရသည်။


ငွေက ရွှံ့(ငွေ)ကိုဆူ၊ တရုတ်(တရုတ်) က သင့်ကိုဖြတ်ကာ အပြစ်ပေး၊ ဂျပန်က သင့်ကို အုပ်ချုပ်...


အဓိကအချက်များကို ဒေသယိဘာသာစကားဖြင့် အသံထွက်ထားသည်။


 ဆရာတုန် သူ့မျက်လုံးများတွင် ကြယ်များဝေသွားသလို ရုတ်တရက် ခံစားလိုက်ရသည်။


နောက်တစ်နေ့တွင် ဆရာက နည်းပြပြန့်ကို ကိုယ်တိုင်သွားတွေ့ပြီး ပြောတော့သည်။


 " နည်းပြ...ဒီကလေးက အရည်အချင်းရှိတယ်လို့ နည်းပြကပြောတော့ ပိုအာရုံစိုက်ပါရစေ...သူ ဒီလိုမျိုး လုပ်နေရင် ကျွန်တော် မလုပ်နိုင်တော့ဘူး"


နည်းပြပြန့်က  စန်းဝမ်စိတ်နေစိတ်ထားကို ရှင်းရှင်းလင်းလင်း နားလည်သဖြင့်  သူက Xပုံဆွဲထားသည့် စာရွက်ကို ဆရာတုန်ကို ပေးလိုက်ပြီးပြော၏။


 "မစ္စတာတုန် ...သူ့ကို ထမင်းမစားခင် နာရီဝက်လောက် တစ်ယောက်ချင်း  လေ့ကျင့်ပေးပါဦး...  3Xထက်ပိုပြီးဆွဲရရင်  သူ့လစာနဲ့ အစားအသောက်လက်မှတ်တွေကို လျော့လိုက်ရုံပါပဲ"


ဆရာတုန်: “မကောင်းဘူးထင်တယ်နော်... ဒီကလေးအတွက် လစာရဖို့ မလွယ်ဘူး” 


"တကယ်အနုတ်ခံရတယ်လို့ ဘယ်သူပြောလဲ...သူက  တကယ်လိုမျိုးလုပ်မှ ပိုကြောက်တာ"

 


ဆရာတုန်က သံသယဖြစ်သွား၏။

စမ်းကြည့်ပြီးနောက်...

ဟေး... အဲဒါက တကယ်ကို အလုပ်ဖြစ်သွားတယ်ဟ...


ထို့ကြောင့် နေ့လည်စာမစားမီ စန်းဝမ်သည် နာရီဝက်ပို၍ တစ်ယောက်ချင်း အင်္ဂလိပ်စာ သင်ကြားခဲ့ရသည်။ ဆရာတုန်က အင်္ဂလိပ်စာ သင်ပေးသော်ငြား သူက ပြင်းပြင်းထန်ထန် မသင်ကြားခဲ့ဘဲ သက်ရောက်မှုမှာ ထူးထူးခြားခြား မရှိခဲ့ပေ။ယခု သူကX ပုံဆွဲကာ လစာနှင့် အစားအသောက်လက်မှတ်များကို နုတ်ယူခဲ့သည်။


ရလဒ်အနေဖြင့် စန်းဝမ်၏ ချင်းဂလိပ်(Chinglish )သည် ခုန်ပျံကျော်လွှားတိုးတက်လာပြီး တရုတ်လို အသံထွက်ကို အမှတ်အသားပြုစရာမလိုဘဲ လူများနှင့် ဆက်သွယ်ပြောဆို နိုင်သည်။ ဆက်သွယ်ပြောဆိုမှု မှန်ကန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ကျွဲပါးစောင်းတီးလုပ်နေခြင်းထက်တိုးတက်လာပါက ကိစ္စမရှိပါချေ။ မည်သို့ပင်ဖြစ်စေ ဆက်သွယ်ပြောဆိုမှုအပေါ် ယုံကြည်မှုက အလွန်ခိုင်မာ၏။


ဆရာတုန် စန်းဝမ်၏စိတ်ထဲသို့  နိုင်ငံရေးစကားအနည်းငယ်ကို သပ်ကဲ့သို့ရိုက်ထည့်လိုက်ပြီး တစ်ခါတရံ စကားအနည်းငယ်ပြောခိုင်းသောကြောင့် သူကဒေါသကြီးပြီး ဘာပြောရမှန်းမသိလျှင်ပင် အမှားများရှိလိမ့်မည်မဟုတ်ပေ။


ဥက္ကဋ္ဌမော် ၏ "တစ်ကြောင်းတည်း" နှင့် "ဧရိယာကျယ်ကျယ်" သံတမန်နည်းဗျူဟာ၊ "ခင်မင်မှု ကပထမ၊ ပြိုင်ဆိုင်မှုက ဒုတိယ" ကဲ့သို့သော ကြွေးကြော်သံများအရ ယှဉ်ပြိုင်ပြီးနောက် စည်းလုံးညီညွတ်မှုနှင့် သံတမန်ဆက်ဆံရေးကို အာရုံစိုက်ရမည်ဖြစ်သည်။ အားကစားသမားများသည် ပြိုင်ပွဲသို့ သွားရောက်ရုံသာမက အာရှနိုင်ငံများနှင့် အိမ်နီးချင်းကောင်း မိတ်သင်္ဂဟပြုရန် တာဝန်ကိုလည်း ထမ်းဆောင်ရသည်။


လေ့ကျင့်ရေး နေ့ရက်များသည် အလုပ်ချိန်များ ပြည့်နှက်နေ၏။ နေ့တိုင်းနီးပါး တူညီပြီး အချိန်က အလွန်လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဩဂုတ်လ 19 ရက်မှာ လေ့ကျင့်မှုကို ရပ်လိုက်ပြီး ခရီးဆောင်အိတ်တွေကို ထုပ်ပိုး၍စာရွက်စာတမ်းတွေ ပြင်ဆင်ပြီး နောက်တစ်နေ့ မနက်စောစောမှာ တီဟီရန်ကို ထွက်ခွာခဲ့သည်။


တနိုင်ငံလုံးက အီရန်နိုင်ငံသို့ ခရီးကိုအပေါ်ကနေ အောက်ဆုံးအထိ အကြီးအကျယ်  အလေးထားလေသည်။  ကေဒါများ၏ အိတ်ကပ်လေးခုပါယူနီဖောင်း၊ စစ်သားများ၏ အစိမ်းရောင် စစ်ယူနီဖောင်း၊လယ်သမားများ၏ အနက်ရောင်အထည်ကြမ်း  နှင့် အလုပ်သမားများ၏ လုပ်သားအထည်များကိုဝတ်ကာ တရုတ်နိုင်ငံအပေါ် ကမ္ဘာ၏တင်းကျပ်သည့် နားလည်မှုကို ပြောင်းပြန်လှန်ပြီး အမြင်သဘောထားများကိုပြောင်းလဲရန် သူတို့ အထူးဝန်ထမ်းခေါ်ယူ၍ အားကစားသမားအဝတ်အစားများ ဒီဇိုင်းထုတ်ခဲ့သည်။


တစ်ဦးစီအား အနက်ရောင်သားရေဖိနပ်တစ်ရံနှင့် ၀တ်စုံနှစ်စုံ၊ အားကစားဖိနပ်နှင့် အားကစားဝတ်စုံနှစ်စုံတို့ကို ပေးအပ်မည်ဖြစ်သည်။


စန်းဝမ်တွင် အဝတ်အစားအနည်းငယ်နှင့် ရိုးရိုးရေချိုးခန်းသုံးပစ္စည်းများမှလွဲ၍ ပစ္စည်းအနည်းငယ်သာရှိပြီး အိတ်တစ်လုံးဆို လုံလောက်၏။


လီကျန်းက အိတ်အလွတ်တစ်လုံးကို သူ့အိတ်ထဲထည့်သည်ကို ကြည့်ပြီး ဘေးကနေ ပြုံးပြလိုက်သည်။


လီကျန်းက ယခုနှစ်တွင် အသက် 15 နှစ်ရှိပြီဖြစ်ပြီး ရေငုပ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ သူက အလွန်သန်မာသူဖြစ်သည်။ သူနှင့် စန်းဝမ်တို့က တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးစားကြပြီး ဆက်ဆံရေးကောင်းရှိသည်။


"စန်းဝမ်... မင်းအိတ်အလွတ်နဲ့ ဘာလုပ်နေတာလဲ" 


စန်းဝမ်: "ဘာဝယ်လို့ရလဲ ကြည့်ကြည့်မလို့... ဈေးဝယ်ဖို့ လက်မှတ်မတောင်းဘူးလို့ ကြားတယ်" 


မည်သို့ပင်ဖြစ်စေ  လူတိုင်းကို တစ်ယောက်ကိုအိတ်နှစ်လုံးယူခွင့်ပြုထား၏။သူက ဘာလို့ မလိုချင်ရမှာလဲ...မားမားသုံးဖို့ အိမ်ပြန်သယ်သွားရင် ဘယ်လောက်အဆင်ပြေလဲ ဟီးဟီး...


ထိုအချိန်တွင် ထောင်လီလီက  ဒေါက်မြင့်ဖိနပ်တစ်ရံဖြင့် ရောက်ရှိလာပြီး စန်းဝမ်ကိုသတိပေးလေသည်။


 "နင့်ရဲ့စာရွက်စာတမ်းတွေအားလုံးကို ယူသွား​လိုက်" 

 

စန်းဝမ်က ဂုဏ်ယူစွာပြောလိုက်၏။


 "နည်းပြက ယူပေးထားတယ်"


မော့ကြည့်လိုက်သောအခါ သူမလက်ထဲတွင် ဒေါက်မြင့်ဖိနပ်များကို တွေ့လိုက်ရသည်။ ချက်ခြင်းပဲ  သူ့မားမားကို ပေးချင်လာ၏။


"ဒီသားရေဖိနပ်က ဈေးကြီးလား"


ထောင်လီလီ: "နင့်ကို သူတို့ဘယ်လောက်ပို့လိုက်လဲ မသိဘူး...နင့်မှာလည်း ရှိတယ်...သွားမယူဘူးလား"


စန်းဝမ်၏မျက်လုံးများတောက်ပလာသည်။ 

"ကျွန်တော်က ဒေါက်မြင့်ဖိနပ်စီးလို့ရတာလား"


ထောင်လီလီနှင့် လီကျန်း နှစ်ယောက်သား သူ့ကို စိုက်ကြည့်လိုက်ကြ၏။ 


"စန်းဝမ် နင်က ယောက်ျားလေး... ဘယ်လိုလုပ် ဒေါက်မြင့်ဖိနပ်မျိုး စီးမှာလဲ"


Xxxxxx

Part 822


စန်းဝမ်: "ဒါဆို ကျွန်တော့်မှာ မားမားရှိတယ်...အစ်မလည်းရှိတယ်... သူတို့အတွက် ဝယ်မယ်"


သူတို့နှစ်ယောက် သူ့ကို ဆွံ့အစွာ ကြည့်လိုက်မိကြသည်။ အနှီကလေးက ဘာပဲပို့လိုက်သည်ဖြစ်စေ ဤသို့ ပြောပေလိမ်မည်။ 


"ကျွန်တော်တို့မိသားစုမှာမရှိဘူး... မားမားဆီ ပြန်ယူသွားရင် သူပျော်မှာ" 


စန်းဝမ်က ဂရုမစိုက်ဘဲ မေးရန် စာတိုက်ခန်းသို့ ပြေးသွားခဲ့သည်။ ခေါင်းဆောင်များ၊ နည်းပြများ၊ ဝန်ထမ်းများနှင့် ခြံတွင်းရှိ အခြားအားကစားသမားများအားလုံးလည်း သူ၏ပြဿနာကို သိရှိကြသည်။


"ယောက်ျားလေးစီး သားရေဖိနပ်ကို မလိုချင်ဘူး... မိန်းကလေးစီးဖိနပ်တွေ ပြောင်းလိုက်မယ်... မားမားရဲ့ ခြေဖဝါးက မကြီးဘူး..အဲ့ဒါကြောင့် ကျွန်တော်နဲ့ ဆိုဒ်တူ ဖြစ်နိုင်တယ်"


သူက ဖိနပ်အပြင်ဘက်ထွက်နေသည့် သူ့ခြေထောက်ကြီးမြှောက်ကာ သူ့တို့ကိုကြည့်၏။


 "ကြည့်... သူတို့က အရွယ်အစားတူတယ်လို့ထင်လား"


 "မင်း"


ဘေးကလူများ: ...


စန်းဝမ်က စည်းကမ်းမဖောက်ဖျက်မိအောင် အများကြီးမလိုချင်ပေ။ သူ့မားမားနှင့်မမ နှစ်ယောက်လုံး ဝတ်ရအောင် တစ်ရံသာလိုချင်လေသည်။


လူတိုင်းက သူ့ကို ပြုံးကာ ကြည့်ကြ၏။ အထူးသဖြင့် အမျိုးသမီး အားကစားသမားတွေဖြစ်လေသည်။ တစ်ယောက်က သူ့ကိုစလိုက်၏။ “မင်းအမေက ဘယ်လောက် အရပ်ရှည်လဲ ငါတို့ မသိဘူးလေ"


 စန်းဝမ်က ဘေးပတ်ပတ်လည်ကို ကြည့်ကာ သူတို့ထဲမှ သွယ်လျသော မိန်းကလေးတစ်ယောက်ကို လက်ညှိုးထိုးပြကာဆိုလေသည်။


 “သူ့လောက်"


ကောင်မလေးက   အနည်းငယ်ရှက်သွေးဖြာသွားပြီး ပြုံးကာဆို၏။

 "ငါက 22.5 ဝတ်တယ်"


"အိုး... နင့်ခြေထောက်က ဘာလို့ ဒီလောက်သေးနေတာလဲ" 

တစ်စုံတစ်ယောက်က ရယ်လိုက်သည်။ 


ဖိနပ်ဝေပေးရေး တာဝန်ခံ အမျိုးသမီး ဝန်ထမ်းက အပြုံးတစ်ခုနှင့်ဆို၏။


 "ဒါဆို ဟန်ဝမ်မင်ရဲ့ အမေက 23ခွဲ ဆိုဒ် ဝတ်ရမှာ"


ကလေးမွေးပြီးသော အမျိုးသမီးများသည် အရိုးများ ပိုကျယ်လာကာ အလုပ်လုပ်သော အမျိုးသမီးများဆိုလျှင် ဆိုဒ် 24လောက် ဝတ်ရသည်။


အရပ်ရှည်ရှည် ဘတ်စကတ်ဘောကစားသမား ကျန်းဝေက ပြုံးပြီးဆို၏။


 "ကြီးတာဝယ် စန်းဝမ်... ခြေအိတ်ဝတ်ရမယ်လေ... ကြီးလွန်းရင်တောင် ကိစ္စမရှိဘူး ... ဒါပေမဲ့ သေးလွန်းရင် မတန်ဘူး"  

 

လူတိုင်းက ရယ်ကြပြန်သည်။


    

စန်းဝမ် ၎င်းက မှန်သည်ဟုထင်သည့်အတွက်ပြောလိုက်၏။


 "ဒါဆို တစ်ရံဝယ်မယ် ပိုက်ဆံကို နောက်လ လစာထဲက နုတ်လိုက်" 


 ယခုလက အိမ်ပြန်ပို့ပြီးပြီဖြစ်သည်။


ဝန်ထမ်းကဆို၏။


 "ဘာတွေ အလျင်လိုရမှာလဲ...ဝေပြီးလို့ ကျန်တာရှိရင် ငါပေးလိုက်မယ်...တီဟီရန်က ပြန်ရောက်ရင် ငါပို့ပေးမယ်...စိတ်မပူပါနဲ့" 

 

စန်းဝမ်က ခေါင်းညိတ်လိုက်သည်။

 "ကောင်းပါတယ်...ဘာပဲဖြစ်ဖြစ် ကျွန်တော့်မားမားက ခုလဲမရသေးပါဘူး” 


စန်းဝမ် ထို့နောက်  အိပ်ဆောင်သို့ ပြန်ပြေး၍ ပစ္စည်းများ ထုပ်ပိုးပြီး အိမ်မှ မကြာသေးမီကပို့လိုက်သည့် စာတစ်စောင်ထဲကို ဓာတ်ပုံထိုးထည့်ကာ ကျောင်းလွယ်အိတ်ထဲကိူ ကျောက်ခဲနှင့်တွဲထည့်လိုက်သည်။သူဝတ်ရန် ဝန်လေးနေသော ဆွယ်တာအင်္ကျီကို  ထုတ်ကာ ပြောင်းဝတ်လိုက်၏။


"ငါ့မားမားက အရမ်းတွေးပေး တတ်တယ်...သူလောလောလတ်လတ်မှလုပ်ထားတာပဲ"


လီကျန်း: "မပူဘူးလား" 


သူက ပြတင်းပေါက်အပြင်ဘက်က နေမင်းကြီးကို လှမ်းကြည့်လိုက်သည်။ 


စန်းဝမ်: "မနက်နဲ့ညနေဆို အေးတယ်....."


ထိုသည်ကိုဝတ်ပြီးနောက် မှန်ပြတင်းပေါက်ပေါ်ရှိ သူ့အရိပ်ကို လှမ်းကြည့်ပြီး သူက အတော်ချောသည်ဟု ခံစားရ၏။


လီကျန်း: "မင်းရဲ့ဆွယ်တာအင်္ကျီက သေးလွန်းတယ်မဟုတ်ဘူးလား.. ပခုံးပေါ်မှာနည်းနည်းကျပ်နေတယ်ထင်တယ်"


စန်းဝမ် : "ဘာမှမဖြစ်ပါဘူး... မင်း မျက်စိဝါးနေတာ"


သူ ယခုကောင်းကောင်းစား၊ လေ့ကျင့်ခန်းအများကြီးလုပ်ပြီး မြန်မြန်ကြီးထွားလာခဲ့သည်။ အထူးသဖြင့် နေ့တိုင်းလေ့ကျင့်သည့်အခါ ပခုံးများက ပိုသန်မာလာ၏။ သူ့မှာ တကယ်ကို ပခုံးကျယ်ကျယ်၊ခါးကျဉ်းကျဥ်းနှင့်  ခြေတံလက်တံရှည်ရှည်များရှိသည်။ လင်းလန်က စိတ်မှန်းဖြင့်ဆွယ်တာအင်္ကျီ ထိုးပြီး ပခုံးကို ပိုကျယ်စေခဲ့သော်လည်း မတွေ့တာကြာနေပြီဖြစ်သဖြင့်  သေချာမသိနိုင်သောကြောင့် စန်းဝမ်၏ ပုခုံးများမှာ အနည်းငယ်တင်းကျပ်နေသော်လည်း သူ ဝန်ခံမည်မဟုတ်ပေ။


ပြတင်းပေါက်ကို အကြာကြီး စိုက်ကြည့်ပြီးနောက် စန်းဝမ်  သူ့အင်္ကျီကို ချွတ်ပြန်သည်။


လီကျန်းက ပြောစရာစကားမဲ့နေဟန်ဖြင့်ဆို၏။ "ပူတယ်မလား"


စန်းဝမ် : "ဘယ်မှာပူလဲ...လုံးဝမပူဘူး... ငါ အစားစားရင် ဆီတွေပေသွားမှာကြောက်လို့"


နေ့လည်စာက ကန်တင်းကြီးထဲမှာ စားနေတုန်းပင်။ အားကစား အထွေထွေ အုပ်ချုပ်ရေးမှူးများမှ လာရောက်၍ လေ့ကျင့်မှုကို အားပေး ကြသောကြောင့် အားကစားသမားများ အနေဖြင့် ဝန်ထုပ်ဝန်ပိုးများ ကင်းဝေးစေပြီး လေ့ကျင့် ယှဉ်ပြိုင်ကြရုံသာ ဖြစ်သည်။ ခေါင်းဆောင်များ အချင်းချင်း အားပေးကြပြီးနောက် အားကစားသမားများ စားသောက်ကြသည်။


လေ့ကျင့်ရေး စားသောက်ပွဲသည် အလွန်အလျှံအပယ်ရှိပြီး အသားငါးများပါရှိကာ ကြိုက်သလိုစားနိုင်သည်။


စန်းဝမ်က စားစရာသောက်စရာ အလုံအလောက်စားသောက်ပြီးသောအခါ နည်းပြပြန့် ဆီကိုသွားလေသည်။

 "ဆရာ... အခုဖုန်းဆက်လို့ရမလား"


သူက ထိုအကြောင်းကိုပဲ အမြဲတွေးနေခြင်းဖြစ် သည်။


နည်းပြပြန့်က ပြုံးပြီးဆို၏။ 

"သွား...ဒါရိုက်တာကောနောက် လိုက်သွား"


စန်းဝမ်က ဆက်သွယ်ရေးခန်းကို စိတ်လှုပ်ရှားစွာ သွားပြီး ခွင့်ပြုချက်ရပြီးနောက် နံပါတ်တစ်ခုတောင်းရန် ဆက်သွယ်ရေးတာဝန်ခံ ထံသွားခဲ့သည်။လက်ရှိအချိန်တွင်၊ ၎င်းသည် လက်လှည့်အပြောင်းအရွှေ့ ခလုတ်တစ်ခုဖြစ်သည်။ ဤဘက်ခြမ်းမှ ခေါ်ဆိုသောအခါ အလယ်အလတ်ခလုတ်ဘုတ်၏ အော်ပရေတာသည် ၎င်းအား လွှဲပြောင်းရာတွင် ကူညီမည်ဖြစ်ပြီး၊ ထို့နောက် ၎င်းသည် ပစ်မှတ်ဖုန်းသို့ ရောက်ရှိမည်ဖြစ်သည်။အချိန်အတော်ကြာအောင် စောင့်ပြီးနောက် ဖုန်းကို ကောက်ကိုင်လိုက်သည်နှင့် အမျိုးသမီးအသံတစ်ခုထွက်ပေါ်လာ၏။

"ဟဲလို...ဒါက ရှန်ရွေ့ကွန်မြူနတီပါ... ဘယ်သူပါလဲရှင်"


စန်းဝမ်က ဖုန်းနှစ်ခါခေါ်ပြီးပြီဖြစ်၍ ကောင်းကောင်း သင်ယူပြီးပြီးဖြစ်ကာ ဖုန်း၏တခြားတစ်ဖက်မှာ တခြားလူတစ်ယောက်ရှိနေသည်ကို သိသဖြင့် ဖုန်းကိုင်ကိုင်ချင်း မားမားဟုတန်းမခေါ်လိုက်ပေ။

     


သူက ဟန်ဝမ်မင်  ဖြစ်ပြီး လင်းလန်ဆီကိုခေါ်ခြင်းဖြစ်ကြောင်းပြောလိုက်သည်။


တစ်ဖက်မှ ဝမ်ဖုန်းက စိတ်လှုပ်ရှားစွာနှင့်ဆို၏။

 "ငါးပျံလေး... ဟဲလို ငါနင့်ကို အရမ်းကြိုက်တာပဲ... နင်အာရှအားကစားပြိုင်ပွဲကို သွားမယ်လို့ ငါကြားတယ်....."


စန်းဝမ်: "အမ်း... ဒီည ငါထွက်သွားမှာ... ငါ ငါ့အမေနဲ့ဖုန်းပြောချင်ဆယ်"


 "ခဏစောင့်... ချက်ခြင်းရစေရမယ်..."


ဝမ်ဖုန်းက ဖုန်းမချဘဲ အပြင်ကိုလှမ်းအော်လေသည်။

 "အရာရှိလင်း... လင်းလန်... ငါတို့သားဆီကဖုန်း—"


ဤအသံက တကယ်ကို အားပါလွန်း၍ ငါးမိုင်အကွာမှ ကြားနိုင်သည်။


ဖုန်း၏အခြားတစ်ဖက်မှ စန်းဝမ်: "..."


မကြာခင်မှာပဲ လင်းလန်၏အသံထွက်လာ၏။ "ရောက်ပြီ...ရောက်ပြီ... ငါ့ရဲ့စန်းတိကို မစောင့်ရစေနဲ့"


နည်းပြပြန့်က ယခင်ကတည်းက ဖုန်းဆက်ပြီး ဤကာလအတွင်း စန်းဝမ်ကို ဆက်သွယ်ခြင်းမပြုရန်နှင့်ထွက်ခွာချိန်ရောက်မှ ဖုန်းဆက်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောထားခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က  ချူယွင်ဖုန်း ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့ပြီး စန်းဝမ်  အရာအားလုံးအဆင်ပြေကြောင်း၊ တီဟီရန်သို့ 21 ရက်နေ့ အစောပိုင်းတွင် ထွက်ခွာမည်ဖြစ်ကြောင်း သူမသိရသဖြင့်  လွန်ခဲ့သောနှစ်ရက်က မည်သည့်နေရာမှ မသွားဘဲ ဌာနတွင်စောင့်နေခဲ့သည်။ 


ဖုန်းပေး လိုက်သံကြားသောအခါ စန်းဝမ် ဝမ်းသာအားရ အော်ခေါ် လိုက်၏။


 "မားမားးး"


လင်းလန်၏ မျက်လုံးများ ရုတ်တရက် စိုစွတ်လာပြီး လက်ညှိုးနှင့် အမြန်ဖိသုတ်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။


 "အိုး စန်းတိက နိုင်ငံခြားတိုင်းပြည်တစ်ခုကို သွားတော့မှာလား...မိုက်လိုက်တာ...  ငါတို့ရွာကဖြစ်ဖြစ် ငါတို့ကွန်မြူနတီကဖြစ်ဖြစ် တစ်ယောက်မှ ဘယ်နိုင်ငံကိုမှ မသွားဖူးဘူး... မင်းက တကယ်ကို အံ့သြစရာကောင်းလိုက်တာ”


Xxxxxx