အပိုင်း ၈၂၃-၈၂၄
Viewers 37k

Part 823


သူ့အမေပြောသည်ကိုကြားသောအခါ စန်းဝမ်လည်း အလွန် ဂုဏ်ယူသွားပြီး မူလကရှိနေသည့် တင်းအားနှင့် စိုးရိမ်မှုတွေ ပျောက်ကွယ်သွားပြီး  ပျော်ရွှင်မှုများဖြင့် အစားထိုးဝင်ရောက်လာတော့သည်။


"မားမား..ယ.. လေယာဉ်နဲ့သွားရမှာ... ရထားထက် ပိုမြန်တယ်...ကောင်းကင်ပေါ်ပျံတက်ပြီး နိုင်ငံခြားကို ပျံသန်းမယ်" 


သူ့အသံက ရွှင်မြူးနေပေမဲ့ စိတ်ပူနေသည့် အရိပ်အယောင်ကို မဖုံးကွယ်နိုင်ခဲ့ပေ။


လင်းလန်က အကင်းပါးပါးဖြင့် သူ့ခံစားချက်တွေကို ဖမ်းမိလိုက်၏။


"သားနည်းနည်းကြောက်နေတာလား...လေယာဉ်နဲ့သွားတဲ့အခါ နားတွေ နည်းနည်းမသက်မသာဖြစ်နေတယ်လို့ လူတွေကပြောတာကြားဖူးတယ်...တစ်ခုခုမှာပြီး ဝါးစားနေလိုက်နော်"


    

“မားမားက အရမ်း စွမ်းအားကြီးတာပဲ...အကုန်လုံးကို သိတယ်” 


စန်းဝမ်က ၎င်းကိုတကယ် လေးစားသဘောကျမိသည်။ သူမက သူ စိတ်ပူသမျှကို သိနေသလိုမျိုးပင်။


"မားမားက လျှောက်ပြောနေတာပါကွယ်...စန်းတိ  နိုင်ငံခြားသွားတဲ့အခါ ဘေးကင်းအောင် ဂရုစိုက်ရမယ်... တစ်ယောက်တည်း အပြင်မထွက်နဲ့" 


"မားမား စိတ်မပူနဲ့...ကျွန်တော့်အကြောင်း မသိတာလည်း မဟုတ်ဘူး...ကျွန်တော်က အရမ်းမိုက်တယ်လေ... ကျွန်တော်တို့ အင်္ဂလိပ်လို သင်ပြီးပြီမို့ သူတို့နဲ့စကားပြောလို့ရတယ်...ကျွန်တော်  ကိုယ့်နိုင်ငံ၊ ရေကူးအသင်းနည်းပြ၊ နေထိုင်ရာနေရာကို မှတ်စု တစ်စောင်ရေးပြီး ပျောက်မသွားအောင်လို့အိတ်ကပ်ထဲမှာ ထည့်ထားလိုက်မယ်" 


လင်းလန်က သတိပေးလိုက်၏။

 "ဒါဆို ပါရှန်းဘာသာစကားနဲ့ ရေးရမှာပေါ့"


"မားမား... ပါရှန်းဆိုတာ ဘာလဲ...ကျွန်တော်တို့က ယိလန်ကို သွားမှာ...ကျွန်တော်တို့ စကားတွေ အများကြီးပြောခဲ့ကြတယ်"


လင်းလန်:...

"ကောင်းပြီး ...မင်း တစ်ခုခုပြောလို့ရတယ်... ဘာပဲဖြစ်ဖြစ် မင်း တစ်ယောက်ယောက်ကို ရေးခိုင်းပြီး ယူသွားလို့ရတယ် "


"မားမား... သူတို့ဆီမှာ စိတ်ဝင်စားစရာ တစ်ခုခုရှိလား ကြည့်ပြီး မားမားအတွက် ဝယ်ပေးမယ်... နိုင်ငံခြားတိုင်းပြည်တွေမှာ အစားအသောက်လက်မှတ်တွေ မသုံးဘူးလို့ ကျွန်တော်ကြားတယ်... ဆိုတော့ လိုချင်တာ အကုန်ဝယ်လို့ရတယ်” 


လင်းလန်:“ဒါဆို မင်းပိုက်ဆံတွေ အကုန်မားမားဆီ ပြန်ပို့ပြီးပြီလေ  ...ဘာနဲ့ဝယ်မှာလဲ” 


"နောက်လကဟာ ရှိတယ်မဟုတ်ဘူးလား... နောက်လအတွက် ကြိုသုံးလိုက်မယ်" 


စန်းဝမ်က ရယ်လိုက်ပြီး ပြောစရာအများကြီးရှိသေးသည်ဟုခံစားရသည်။


 "မားမား ဘာလိုချင်လဲ...မားမားကို TV ဝယ်ပေးဖို့  ပိုက်ဆံစုရင်ရော... ကျွန်တော်တို့မိသားစုက ခရိုင်ရုံးကို ပြောင်းနေတာမဟုတ်လား ...လျှပ်စစ်မီးရရင် တီဗီကြည့်လို့ရတယ်”


အိမ်ခွဲဝေပေးသည့်သတင်းကို ကြားသည်နှင့် ကလေးများက သူ့ကို ပြောပြရန် စန်းဝမ်ထံ စာရေးလိုက်ကြသည်။


လင်းလန် : "သားလေး အဲဒါကို မစဉ်းစားနဲ့... အာရှအားကစားပွဲက ပြန်လာတဲ့အခါမှ စဉ်းစားရင် သိပ်နောက်ကျမှာ မဟုတ်ပါဘူး" 


စန်းဝမ်: "ကောင်းပြီ...ကျွန်တော်   ပြန်လာရင် စဉ်းစားမယ် "


သူလင်းလန်ကို စကားအနည်းငယ်ပြောခဲ့ပြီး မနေနိုင်ဘဲပြောလိုက်၏။


"မားမားကို နှင်းပွင့်ပန်ကာတစ်ခုဝယ်ပေးရမယ်ထင်တယ်...အဲ့ဒါက နွေရာသီမှာအေးတယ်လေ"


လင်းလန်ဘာမှပြန်မပြောမီ သူကပြောပြန်သည်။


 "ဟုတ်တယ်...ကျွန်တော်တို့ခေါင်းဆောင်မှာရေခဲ... ရေခဲ ဘာ... ဟုတ်တယ် ရေခဲသေတ္တာ...  ရေခဲသေတ္တာရှိတယ်... နွေရာသီမှာ အသား၊ ငါးနဲ့ အသီးအရွက်တွေ ထည့်ထားရတာ မဆိုးပါဘူး... မားမား သားပြန်လာပြီး ဝယ်ပေးမှာကို စောင့်နေ နော်...ဆုရရင် မားမားအတွက် ဝယ်ဖို့ အညွှန်းတစ်ခုတောင်းလို့ရတယ်"


လင်းလန်၏ နှလုံးသားလေး ချဉ်စူး၊နွေးထွေးလာပြီး ဂုဏ်ယူမိနေ၏။


 "ဟုတ်ပါပြီ... မားမားက ရပါတယ်... ပြိုင်ပွဲမှာ ဖိအားတွေ ထားစရာ မလိုဘူး... ငါတို့မိသားစုမှာ ပိုက်ဆံရှိသရွေ့ ၊သမဝါယမမှာ ပစ္စည်းတွေ ရှိသရွေ့ ရေခဲသေတ္တာပန်ကာ ကြိုက်တာကို မင်းအဖေက ဝယ်လို့ရတယ်...ပြိုင်ပွဲအတွက် စိတ်ဖိအားထားစရာ မလိုဘူး... ဆုရ မရဆိုတာက အရေးမကြီးပါဘူး... အဓိကက သူတို့ ဘယ်လောက်ကောင်းလဲ ဆိုတာ မြင်အောင်ကြည့်ဖို့ပဲ လိုတယ်... *ကောင်းကင်အပြင်မှာ ကောင်းကင်ရှိတယ်... လူတွေအပြင်မှာ လူတွေရှိတယ်” 

 (T/N–ကိုယ့်ထက်သာတဲ့လူက အမြဲရှိတယ်)

 

“မားမား သားမှတ်မိပါတယ်...မားမား ကျွန်တော့်အတွက် ထိုးထားတဲ့ ဆွယ်တာအင်္ကျီကို ဝတ်ထားတာ...အရမ်းလှတယ်..အခန်းဖော်တွေက အားကျနေကြတာ...ကျွန်တော် သူတို့ကို ပေးမဝတ်ချင်ဘူး ဟီးဟီး”


သူ့အတွက်ဆွယ်တာအင်္ကျီကို ထိုးပေးသည်ကို သူပျော်နေကြောင်း လင်းလန်သိသည်။


သူ့ကိုဘယ်သူမှသတိမပေးသရွေ့ စန်းဝမ်တစ်ယောက် လင်းလန်နှင့် အဆက်မပြတ် စကားပြောနိုင်ပြီး မရေမတွက်နိုင်သည့် စကားလုံးတွေကို ဖိနှိပ်ထားသလိုမျိုး သူမှာ ဘယ်တော့မှ ပြောစရာစကားကုန်မသွားပါချေ။ လင်းလန်ကလည်း သူ့စကားပြောသည်ကို နားထောင်ရသည်အား သဘောကျ၏။ စန်းဝမ် အိမ်မှာတုန်းက စကားများကြီးပြောလေ့ရှိပြီး  တစ်ယောက်တည်းက တစ်မိသားစုလုံးစာ ပြောနေရသည်ဟု တကျီကျီလုပ်တတ်သည်။


"မားမား... ကျွန်တော့် ဘောင်းဘီဟောင်းတွေ အားလုံးကို ထုပ်ပိုးပြီး အိမ်ပြန်ပို့ပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်တယ်...သူတို့ကို ရှောင်ဝမ်၊ရှောင်ရှင်းနဲ့ဟောင်နန်ကိုပြလို့ရတယ်... သူတို့ကခိုင်တော့ ဝယ်စရာ အထည်လက်မှတ် မလိုတော့ဘူးပေါ့"


"ကောင်းပြီ... ဒါတွေက အမျိုးသား အားကစားသမား၀တ်စုံတွေပဲ... ငါတို့ ခရိုင်မှာ တစ်ယောက်တည်းသောသူ... ငါ့သားက တကယ်ကို အံ့သြစရာကောင်းတယ်... တစ်မိသားစုလုံး သားအတွက် ဂုဏ်ယူတယ်သားရေ"


ထိုအချိန်တွင် သတင်းထောက်က စန်းဝမ်ကိုအချိန်ကုန်လုနီးပြီဖြစ်ကြောင်း အချက်ပြလေသည်။ တစ်ယောက်ယောက်က သူမကို ခေါ်လျှင် အများဆုံး  သုံးလေးမိနစ်လောက်သာကြာပေမဲ့ ဤတစ်ခါ စန်းဝမ်က ဆယ်မိနစ် ပိုကြာနေသည့်အတွက် သူ့ကို ဖုန်းချခိုင်းလိုက်ရ၏။


စန်းဝမ်က သူသိကြောင်း အချက်ပြပြီး လင်းလန်ကို သူမခြေထောက်ဆိုဒ် ဘယ်လောက်ရှိလဲ ပြောရန့ စာရေးခိုင်းလိုက်သည်။


လင်းလန် : "သား... မားမားအတွက် မဝယ်ပါနဲ့....."


" မားမား မမေ့နဲ့နော်...  နည်းပြက ကျွန်တော့်ကိုခေါ်နေပြီ... ကျွန်တော် သေလိမ့်မယ်" 


စန်းဝမ် သူမားမားကို မနှုတ်ဆက်ချင်သော ကြောင့် သူ့မျက်ရည်များကို သုတ်ပြီး အမြန်ထွက်သွား၏။


 လင်းလန်မှာ ပြောစရာ အများကြီးရှိပေမဲ့ တစ်ခွန်းမှ မပြောခဲ့ပေ။ သူမအတွက် သူမသား၏ အသံကို နားထောင်ရသည်နှင့်ပင် လုံလောက်ပြီး သူမပြောချင်သည်များကိုမူ စာထဲမှာပြောနိုင်လေသည်။


ဖုန်းချပြီးနောက် လင်းလန် အနည်းငယ် ဝမ်းနည်းသွားကာ ကောင်တာပေါ်တွင် လက်နှစ်ဖက်ဖြင့်ထောက်ကာ မတ်တပ်ရပ်လိုက်သည်။


ဝမ်ဖုန်းက ဘေးမှကြည့်ကာ ပြုံး၍ပြောသည်။


 " အရာရှိလင်း ...စန်းဝမ်က တော်လိုက်တာ...ငါ့မှာ ဒီလိုသားလေးရရင် ငါဘယ်လောက်ပျော်နေမလဲမသိဘူး...နင့်ကိုကြည့်ကြည့်လိုက်...ထက်မြက် ချောမောပြီး စွမ်းအားကြီးတဲ့သားသမီး ငါးယောက်ရှိတယ်...ငါ့သားလေးက ဘယ်လိုကောင်းချီးမျိုးလဲလို့..."


လင်းလန်က ရယ်ပြီး စိတ်တိုတိုနှင့်ပြောလိုက်၏။ “နင်ပြောတော့ အိမ်ထောင်မပြုသေးဘူးဆို... ဘယ်ကနင့်ရဲ့သားလဲ"


ဆက်သွယ်ရေးခန်းက ထွက်လာပြီးနောက် လင်းလန်က သူမရုံးခန်းကို ပြန်သွားပြီး သိမ်းဆည်းကာ အိမ်ပြန်ဖို့ စီစဉ်လိုက်သည်။


သားသတ်အဖွဲ့ကို သွားပြီး အသားတချို့ဝယ်ကာ အိမ်မှာ ကလေးများအတွက် မုန့်လုပ်ပေးချင်ခဲ့သည်။ စန်းဝမ်က နိုင်ငံခြားကို သွားတော့မည်ဖြစ်ရယ သူမ အိမ်မှာ အောင်ပွဲခံရမည်။


သူမအတွက် သူမသားက နိုင်ငံခြားကိုသွားလည်နိုင်သည်က ကိစ္စကောင်းတစ်ခု ဖြစ်ပြီး ဆုရ မရဆိုသည်က ဒုတိယပါပင်။


Xxxx

Part 824


ဝါဒဖြန့်ရေးရုံးခန်းမှ အခြားလူများသည် ကျေးလက်သို့ သွားကြပြီး ရုံးတွင် သူမ တစ်ဦးတည်းသာရှိသည် ။


လင်းလန်  စက်ဘီးစီးကာ အသားတစ်ပေါင်ခွဲဝယ်ပြီး ဝက်အမြီးနှင့် နံရိုးသုံးချောင်းကို အလကားရခဲ့သည်။


အိမ်ပြန်ရောက်သည်နှင့် အပြင်မှ အင်ဂျင်သံကြားရပြီး ဟန်ချင်စုန့်  ပြန်ရောက်လာသည်။


သူက ဖရဲသီး၊ သစ်သီးအချို့နှင့်ဝက်ပေါင်ခြောက် တစ်ပိုင်းကို သယ်လာခဲ့သည်။


လင်းလန်က ပျော်ရွှင်စွာ ဆိုလိုက်၏။

 "စန်းကော ဘယ်ကပြန်လာတာလဲ"


ဟန်ချင်စုန့်:  "စိုက်ခင်းကပြန်လာတာ" 

သူက လင်းလန်ကို ဝက်ပေါင်ခြောက် အိုးဘောင်ပေါ်ကူချိတ်ပေးလိုက်သည်။


လင်လန် မုန့်စိမ်းကို အဆောတလျင် နယ်ပြီး အသီးအရွက်ခူးရန် ဟင်းသီးဟင်းရွက်ခင်းသို့ သွားလိုက်၏။


ဟင်းသီးဟင်းရွက်ခင်းတွင် ဟင်းသီးဟင်းရွက်များ အလျှံအပယ်ရှိ၏။ ဂေါ်ဖီထုပ်၊ ဘူးသီးနုနု၊ ပဲနီလေး စသည်တို့ကို မုန့်လုပ်ရန် အသုံးပြုနိုင်သောကြောင့် သူမ မုန့်လုပ်ရန် စိတ်ကူးနေသည်။


ပေါင်းထားသော အစာသွပ်မုန့်ပေါင်းသည် ဖက်ထုပ်ပေါင်းထက် ပိုမိုလွယ်ကူ၏။ ပွက်ပွက်ဆူနေသောရေတွင် ပြုတ်ရန်လိုအပ်သော ​ ပဲနှင့် မုန်လာဥမှလွဲ၍ ကျန်သည်များကို အသာအယာ လှီးဖြတ်နိုင်သည်။ပိုးသတ်ရန် ရေထဲ ဆားတစ်ဆုပ်ကိုထည့်ပြီး   တုံးထားသော အသားများကို ဇလုံတစ်ခုထဲထည့်ကာ ဝက်ဆီ ဇွန်းကြီးတစ်ဇွန်းစာ၊ဖြင့် ရောမွှေရ၏။  အာဟာရပိုမိုပြည့်ဝရန့်ဟင်းချက်ရာတွင် ပုစွန်အရေခွံအချို့ကိုလည်း ထည့်နိုင်သည်။


သူမ အဆာတွေ အားလုံးကို ပြင်ဆင်ပြီးပြီဖြစ်ပြီး မုန့်သားကမပွသေးသည့်အတွက် ပူအောင် အိုးအောက်မှာ မီးထည့်ပြီး ၎င်းနောက် မီးငြိမ်းကာ မုန့်သားတက်လာအောင် အိုးထဲမှာ ထည့်ထားလိုက်၏။


အပြင်မှာ ဟန်ချင်စုန့် က ပျဉ်ပြားနှင့် သစ်သားအနည်းငယ်ကိုတွေ့ပြီး ခြံထဲမှာ ပစ်ချလိုက်သည်။သူတို့ကို အရိပ်ထဲမှာ တစ်နှစ်နှစ်နှစ်ကြာအခြောက်ခံထားခဲ့ပြီး ယခုချိန်မှာ အိမ်အတွက်သုံးရန်သင့်တော်နေလေပြီ။


ခရိုင်အိမ်မှာ ပရိဘောဂမရှိသဖြင့်  စားပွဲခုံနှင့် ကုလားထိုင်နှစ်လုံးကို အရင်ဝယ်ရသည်။ အိမ်က သစ်သားများကို ရှင်းလင်းရေးလုပ်၊ နောက်ထပ်ထပ်ဝယ်ပြီး ခရိုင်မှာရှိသည့် လက်သမားအဖွဲ့ကို ကူညီပေးခိုင်းရန် နွားလှည်းထဲ ဆွဲထည့်လိုက်၏။


ယခုအခါ ခရိုင်မြို့များရှိ ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေး  သမဝါယမများသည် အဆင်သင့်လုပ်ထားသော ပရိဘောဂများ၊ ပုံစံအသစ်များ၊ သားရေဖြင့် ဖုံးအုပ်ထားသော အကွက်များ၊ တောက်ပပြောင်လက်နေသော ပုံစံများဖြင့်  ရောင်းချကြပြီး မျက်စိကျစရာ အလွန်ကောင်းသည်။ မြို့ကလူငယ်များစွာ ကြိုက်ကြ၏။ ခရိုင်အတွင်း ကုန်ပစ္စည်းအနည်းငယ်သာရှိ၍ အများစုမှာ အတွင်းလူများမှ ဝယ်ယူကြသဖြင့် စိတ်မကောင်းစရာကောင်းပါပင်။


လင်းလန်က ၎င်းကို မကြိုက်ပေ။ ပျဉ်ပြား အတွက် မူရင်းသစ်ကို ဘယ်မှာသုံးလို့ရလဲ... သာမာန်ဘုရားပင်၊ဘုဇပတ်သား၊ အင်သား၊ထင်းရှူးသားတွေဆိုရင်တောင် သစ်တုံးဖြစ်နေသေးတယ်မဟုတ်ဘူးလား...


ဟန်ချင်စုန့်က  သန့်ရှင်းရေးလုပ်ပြီးနောက် မုန့်လုပ်ရန် ကူညီပေးခဲ့သည်။


ထိုအချိန်တွင် မိုင်စွေ့နှင့်အားဝမ်တို့က ရှောင်ဝမ်ကိုခေါ်ပြီး ​ပြောင်းဖူး နှစ်တောင်း  ပြန်ယူလာခဲ့သည်။ကလေးများသည် ဆောင်းဦးအားလပ်ရက်၏ ပထမလှိုင်းကို စတင်ခဲ့ကြပြီး ဆောင်းဦးရာသီ ရိတ်သိမ်းမှုကိုကူညီရန် အိမ်ပြန်ခဲ့ကြသည်။တဝမ်က အားလပ်ရက်နှင့် ပြီးသည်နှင့် စစ်တပ်သို့ သွားခဲ့ပြီး မိုင်စွေ့နှင့်အားဝမ်တို့က  ရှောင်ဝမ်ကိုခေါ်၍  ထုတ်လုပ်ရေး အဖွဲ့ကို သွားကူညီကြ၏။


ရှောင်ဝမ်ကပြေးဝင်လာပြီဆိုသည်။

 “မားမား... ကပ္ပတိန်က မားမားချက်စားဖို့ ပြောင်းဖူး နှစ်တောင်းပေးလိုက်တယ်” 

 

ဤသည်က နွေဦးရာသီမှာ စိုက်ထားသည့် နွေပြောင်းဖူး ဖြစ်ပြီး နှံစားပြောင်းနှင့်တစ်ချိန်တည်းလောက် ရင့်မှည့်ပြီး နွေပြောင်းဖူးက လူနာပြက္ခဒိန်၏ အဋ္ဌမလတိုင်အောင် မပျက်စီးပါချေ။


   လင်းလန်က ထပြီး တစ်ချက်ကြည့်လိုက်သည်။

 "အားလုံးအဆင်ပြေရဲ့လား"

  

သူမက ဟန်ချင်စုန့်  ဘက်လှည့်ပြီးပြောလေ၏။ "စန်းကော... ခရိုင်မှာရှိတဲ့အိမ်မှာ အိုးတစ်လုံးရှိပြီး မီးမမွှေးပေးရသေးဘူး" 


ဟန်ချင်စုန့် : " လော့ဟိုင်ချန်  နဲ့ တခြားသူတွေ နှစ်ကြိမ် မီးမွှေး ပြီးပြီ”


ကွန်မြူနတီ   အထူးကော်မရှင်အဖွဲ့ဝင်များသည် ခရိုင်အတွင်း အလုပ်သွားလုပ်ကြပြီး တစ်ခါတစ်ရံတွင်  အိပ်ဆောင်သည် နေထိုင်ရန် လူများလွန်းသဖြင့် ကလေးအခန်းကို ငှားကာ အနွေးကုတင်ကို မီးမွှေးကာ သန့်ရှင်းရေးလုပ်ကြသည်။ .


လင်းလန် : "စန်းကော... မနက်ဖြန် ပြောင်းဖူးတစ်တောင်း ယူသွားပြီး ရုံးမှာရှိတဲ့ လူကြီးတွေ စားရအောင် အဲဒီ့မှာ ပြုတ်ခိုင်းလိုက်ပါ"


သူတို့က လယ်မလုပ်သဖြင့် လူတော်တော်များများက ပြောင်းဖူးလတ်လတ်ဆတ်ဆတ်ကို မစားရပေ။ ထိုသည်က လက်ထဲတွင်ခြောက်သည့် ကောက်နှံဖြစ်၍ ပြောင်းဖူးကို မည်သူမျှ မပေးကြချေ။


ဟန်ချင်စုန့်က သဘောတူ၏။သူ လူများကို ထမင်းစား ဘယ်တော့မှ မဖိတ်တတ်ပေမဲ့ လင်းလန်က သူ့ကို ပြုတ်ကျွေးခိုင်းလျှင်ကျွေးမည်ပင်။အချိန်ကျသောအခါ သူက ၎င်းကို ရုံးခန်းထဲမှာထားပြီး ရုပ်တည်ကြီး ဖြင့်ပြောလိုက်မည်။ "ကပ္ပတိန်လင်းက ပြောင်းဖူးစားဖို့ ဖိတ်လိုက်တယ်" 


ဤသည်က လင်းလန်၏ ကြင်နာမှုဖြစ်ကြောင်း လူတိုင်းသိကြပြီး အားလုံးက သဘောကျကြသည်။ လင်းလန်က ယခင်က သူမ၏ ဟင်းသီးဟင်းရွက်ခင်းမှ ရွှေဖရုံသီး၊ ဘူးသီးနှင့် အခြားဟင်းသီးဟင်းရွက်များကို ပေးပို့ခဲ့ပြီး ၎င်းတို့နှင့် ရင်းနှီးပြီးနောက် တချို့တလေက လင်းလန်ကို တစ်ခုခုယူဆောင်လာရန်  ဟန်ချင်စုန့်ကို တောင်းဆိုကြသည်။


ဟန်ချင်စုန့်  သဘောတူသည်ကို မြင်သောအခါ လင်းလန် စန်းဝမ်၏ဖုန်းခေါ်မှူ ​အကြောင်း ကလေးများကိုပြောပြလိုက်၏။


 “မနက်ဖြန် လေယာဉ်ပေါ်တက်မှာ” 


လေယာဉ်အကြောင်း ကြားသောအခါ  ကလေးများစိတ်လှုပ်ရှားသွားကြသည်။


သူတို့အနေဖြင့် ကောင်းကင်ယံတွင် လေယာဉ်သံများကြားရပြီး ညဘက်တွင် အမြင့်လေယာဉ်များ၏ မှိတ်တုတ်မှိတ်တုတ် အချက်ပြမီးများကို ရံဖန်ရံခါ မြင်တွေ့ရသည်။ ကလေးများက ၎င်းတို့ကို လေယာဉ်ပျံဟု ခေါ်ကြသည်။ နောက်တစ်ခုမှာ  လေယာဉ်ပုံစံကို ပုံထဲမှာကြည့်ဖူးသော်လည်း ယင်းက ပုံသာဖြစ်ပြီး တကယ့်အစစ်မဟုတ်ပေ။


"စန်းတိက တကယ်ကို အံ့သြစရာပဲ... သူက လေယာဉ်တောင်စီးနေရပြီပေါ့"


မိုင်စွေ့က ၎င်း ကိုစောင့်မျှော်နေတော့သည်။ "ဘယ်တော့ လေယာဉ်စီးနိုင်မှာလဲ...လေယာဉ်ပေါ်မှာဆို မူးနေမှာလား" 


လင်းလန်က ပြုံးပြီးပြောသည်။ 

"မင်းတို့ကြီးလာရင် မိဘတွေက မင်းတို့ကို အဲဒီ့ကို ခေါ်သွားလိမ့်မယ်"


ရှောင်ဝမ်က စိုးရိမ်နေ၏။

 "ဒါဆို သားတို့ ဘယ်ကို လေယာဉ်နဲ့ သွားမှာလဲ လေယာဉ်က အရမ်းမြန်တော့ နိုင်ငံခြားကို တစ်ခါတည်း ရောက်သွားမှာ... သားတို့ ပြန်လာနိုင်ပါ့မလား" 


လင်းလန်က ရယ်ပြီး သူ့ကိုစလိုက်သည်။

 "ရပါတယ်...မားမားတို့ ခရိုင်ကို ပတ်ပြီး လေယာဉ်နဲ့ ပျံသန်းရအောင်" 


အားဝမ်ကလည်း ရယ်လျက်ဆို၏။

 "ဟယ်လီကော်ပတာ တစ်စီးလိုတယ်...တရုတ် လေကြောင်း ပို့ဆောင်ရေး စီမံခန့်ခွဲရေး လေယာဉ်က အလုပ်မဖြစ်မှာကို ကြောက်တယ်" 


တစ်မိသားစုလုံးနီးပါး လေယာဥ်စီးမည့်အကြောင်း ပျော်ရွှင်စွာ ပြောရင်းပြောရင်းဖြင့်  နောက်ဆုံးတွင် လကမ္ဘာပေါ် လမ်းလျှောက်ရန် လေယာဉ်ပျံစီးနိုင်ပါ့မလားဟူသော ခေါင်းစဉ် ထွက်လာသည်။ 


ရှောင်ဝမ် : "မားမား... သားမှာ လေယာဉ်ရှိရင် မားမားကို နေ့တိုင်း ဆော့ဖို့ ခေါ်သွားမယ်...ဒီနေ့ ပေ ကျင်း၊  မနက်ဖြန် ယိလန်၊  သန်ဘက်ခါ ဟိုင်နန်... ပြီးရင် ဖိန်းနွှဲခါ....." 


သူ အားဝမ်နှင့်မိုင်စွေ့ ကိုကြည့်ပြီး နောက်ထပ်နေရာများကို မပြောနိုင်တော့ပေ။


အဘယ့်ကြောင့်ဆိုသော် ယခုအချိန်မှာ နိုင်ငံခြားတိုင်းပြည်များကို သွားချင်သလိုသွား၍ မရသေးပါချေ။ အမေရိကန်အင်ပါယာများ၊ဂျပန်တစ္ဆေများနှင့် ဆိုဗီယက်ပြန်လည်ပြင်ဆင်ရေးသမားများဆီက သွားရန်မသင့်တော်ပေ။


မိုင်စွေ့က ပြုံးပြီးပြော၏။

 "အဆင်ပြေပါတယ်...နင့်မှာ လေယာဉ်ရှိတဲ့အချိန်ကျရင် ကြိုက်တဲ့နေရာသွားလိုရလောက်မှာပါ"


ရှောင်ဝမ်: "ဟုတ်... ဒါဆို လဆီကိုသွား ကြည့်ကြတာပေါ့ "


"ဟားဟားဟားဟား..."


Xxxxx