Part 825
ဟန်ချင်စုန့်က မွှေးပျံ့သည့်မုန့်ပေါင်းများကို တိတ်ဆိတ်စွာ စားနေသည်။သူက စကားဝိုင်းထဲမှာ အစပျိုး၍ ဝင်မပြောသော်ငြား နားထောင်ရသည်ကိုကြိုက်၏။ အထူးသဖြင့် သူမက ကလေးများနှင့် ပျော်ရွှင်စွာ စကားပြောဆိုသောအခါတွင် သူ၏ မျက်လုံးများသည် တောက်ပပြီး လှုပ်ရှားနေတတ်သည်။
လင်းလန်: "အစားအသောက်တွေအေးကုန်ပြီး..မြန်မြန်စားရအောင်"
ညစာက ချဥ်ဖတ်အမျိုးမျိုးဖြင့် ပေါင်းထားသည့် ဘန်းမုန့်တွေအပြင် သခွားသီးတစ်အိုးနှင့် ခရမ်းချဉ်သီးသုတ်အေးအေးလည်း ပါလေသည်။
သူမတို့မိသားစုကလုပ်ထားသည့် ဘန်းမုန့်များက ထွား၏။သူတို့က ဖြူဖွေးမနေပေမဲ့ လက်ခံနိုင်ဖွယ်ရှိသည်။ တစ်ချက်ကိုက်လိုက်သည်နှင့် အလွန်အရသာရှိသော ဟင်းချိုပူပူလေးက ခံတွင်းထဲသို့ စီးကျသွားသည်။
လင်းလန်က ဖြည့်စွက်စာ သုံးမျိုးကို ပြုလုပ်ခဲ့ပြီး ရှောင်ဝမ့်အတွက်လည် တစ်မျိုးပါသောကြောင့် သူ့ဗိုက်ဖောင်းလာပြီး မစားနိုင်တော့ပေ။
လင်းလန်နှင့် မိုင်စွေ့က အစာစားချင်စိတ်သေးငယ်သော်လည်း အားလုံးကိုမြည်းစမ်းချင်ကြသောကြောင့် အတူတူပေါင်းစားကြပြီး တစ်ဝက်စီစားကြသည်။
အားဝမ်က လေးခုစားပြီးနောက် ဗိုက်ပြည့်လုနီးပါးဖြစ်နေလေပြီ။
ရှောင်ဝမ် : "မားမား... အစ်ကိုကြီးသာ အိမ်မှာရှိရင် ဘန်းမုန့်အကြီးကြီး ဆယ်ခု စားရမှာ"
အားဝမ်: "မင်း ဆယ်ခုမစားနိုင်ရင် ကိုးခုစားလို့ရတယ်"
မိုင်စွေ့ : "ဟုတ်လား... အဖေ ဘယ်နှစ်ခု စားလိုက်တာလဲ"
ဟန်ချင်စုန့် : "ခုနစ်ခု"
သူက ညစာအတွက် ဘယ်တော့မှ အများကြီး မစားပေ။
ရှောင်ဝမ် : "အကိုကြီးက အဖေ့ထက်စာရင် ပိုစားတယ်"
လင်းလန်: "အကိုကြီးက အရပ်ရှည်လာတယ်...အဖေက အရပ်ရှည်မလာတော့ဘူး"
ရှောင်ဝမ်က လက်ဟန်ခြေဟန်နှင့်ဆို၏။
"အဖေက ထွားလာမှာမဟုတ်ဘူး...မဟုတ်ရင်သားတို့အိမ်က ပြည့်သွားလိမ့်မယ်...အိမ်ကမဆန့်တော့ဘူး"
“ဟားဟားဟား…”
ဟန်ချင်စုန့်က လင်းလန်ကို တစ်ချက်ကြည့်လိုက်ပြီးပြောသည်။
“ကိုယ် အခု အလုပ်အများတော့ဘူး... ရက်နည်းနည်းလောက် အနားယူလို့ရပြီ”
ကွန်မြူနတီများ၏ အလုပ်က သူ့လမ်းကြောင်းပေါ်မှာသူ ရောက်နေပြီဖြစ်ပြီး သူ့အနားယူအချိန်ကို သူဘာသူ စီစဉ်နိုင်ပြီဖြစ်၏။
ယင်းကိုကြားသောအခါ လင်းလန်က ဝမ်းမြောက်ဝမ်းသာဆိုလိုက်သည်။
"တကယ်.... သားတို့သမီးတို့ အဖေက အားလပ်ရက် နှစ်ရက်ရတယ်တဲ့...အပြင်ထွက်ပြီး လည်ရအောင်"
လယ်ယာအလုပ်များသည့်ရာသီဆိုပါက လင်းလန်က သူမဝေးဝေး မရောက်နေသရွေ့ ဆောင်းဦးရိတ်သိမ်းချိန်အတွက်ပြန်လာလိမ့်မည်ဖြစ်၏။
ယနေ့တွင် အပြင်ထွက်လည်ရန်ပြောရန် အမှန်တကယ် အစပြုခဲ့ပြီး အားဝမ် ၎င်းကိုကြားသောအခါ သူမဘာကိုဆိုလိုသည်ကို တန်းသိရှိခဲ့သည်။
သူက ရယ်ပြီး ပြောလိုက်၏။
"ရတနာတောင် ကို သွားရအောင်..."
လင်းလန်: အိုး ဟုတ်တယ်...နားလည်တတ်လွန်းတဲ့ ဒုတိယသားလေးနဲ့ဆို လျှောက်ပတ်ပြောနေစရာ မလိုဘူး...
လင်းလန်က မီးခတ်ကျောက်ပြာတောင် အကြောင်း တွေးနေခြင်းဖြစ်သည်။ သူမကိုဟန်ချင်စုန့် ထက်ပိုသိသူရှိပါက အားဝမ် ဖြစ်ပေ လိမ့်မည်။
မိုင်စွေ့နှင့်ရှောင်ဝမ်တို့ကလည်း သဘောတူကြပြီး မိုင်စွေ့ကဆို၏။
"သမီးတို့သွားရင် အစ်ကိုကြီးတွေ့ရမလားမသိဘူး"
လင်းလန်က ဟန်ချင်စုန့်ကိုပဲ ကြည့်လိုက်ပြီး ကလေးများကလည်း သူတို့အဖေကို ကြည့်နေကြသည်။
ဟန်ချင်စုန့်: "အင်း... အခြေအနေပေါ်မှာ မူတည်တယ်။"
အဖေက တိုက်ရိုက်မငြင်းဘူး... ဆိုလိုတာက အခွင့်အရေးရှိတယ်ဆိုတဲ့ သဘောပဲ ဟားဟား...
မိုင်စွေ့၊အားဝမ်နှင့် ရှောင်ဝမ်တို့ သူတို့အစ်ကိုကြီးလေ့ကျင့်သည်ကို ကြည့်ချင်ကြသည်။
ဒါက သဘောတူညီချက်ပဲ...
ကလေးများက စိတ်လှုပ်ရှားလာသည်နှင့်အမျှ လင်းလန်ကို ခရိုင်တွင် ညဘက်နေပြီး မနက်ဖြန် ခရိုင်မှ ရထားစီးရန် တောင်းဆိုခဲ့ကြသည်။
ကလေးများ၏တောင်းဆိုမှုများက ကျိုးကြောင်းဆီလျော်မှုမရှိမဖြစ်သရွေ့ လင်းလန်က သဘောတူမည်မှာ သေချာပေသည်။
လင်းလန် ကလေးများကို သန့်ရှင်းရေးလုပ်ရန် ခေါ်သွားကာ မီးသွေးတောင်းငယ်တစ်ခု၊ သံဆန်ခါကျိုးများနှင့် ၎င်းတို့နှင့်အတူ ယူဆောင်သွားရန်အတွက် အစားအသောက်များ ပြင်ဆင်ပြီးနောက် ပျော်ပွဲစားထွက်ခဲ့သည်။
မှန်ပေသည်၊ ရေဒီယိုကို မေ့ထား၍မရပါချေ။
ထိုအချိန်တွင် ရေဒီယိုမှ အမျိုးသမီးကြေညာသူ၏ အသံထွက်ပေါ်လာ၏။
"အီရန် အာရှအားကစားပြိုင်ပွဲသို့ သွားမည့် အားကစားသမားများဟာ အားအင်အပြည့်နှင့် အချိန်မရွေး ထွက်ခွာရန် အသင့်ဖြစ်နေပြီဖြစ်ပါရှင် ... တီဟီရန်ကို မနက်ဖြန်မနက်လေယာဥ်ဖြင့် သွားလိမ့်မည်ဖြစ်ပြီး ....."
နံနက်သုံးနာရီခန့်တွင်မြို့တော်အားကစားရုံ၏ အထွေထွေအုပ်ချုပ်ရေးရုံးဝင်းအတွင်း၌ ခရာသံများ ထွက်ပေါ်လာသည်။
"အားကစားသမားတွေ လူစုမယ်...လူစုမယ်"
စန်းဝမ် ကုတင်ပေါ်မှ ခုန်ဆင်းကာ အဝတ်အစားဝတ်ပြီး ဆွယ်တာအင်္ကျီကို အိတ်ထဲသို့ထည့်၍ အသစ်ထုတ်ထားသော အားကစားဖိနပ်ကို ဝတ်လိုက်သည်။
လီကျန်းကလည်း အလွန်လျင်မြန်ပြီး ကပျာကယာ အဝတ်စားတ်လိုက်ကာ လူတိုင်းသည် ၎င်းတို့၏အိတ်များကို ယူကြသည်။
မသွားရသည့်သူများက ဖက်ကာဆုတောင်းပေးကြ၏။
"လီကျန်းနဲ့စန်းဝမ် မင်းတို့ ကြိုးစားရမယ်..."
နှစ်ယောက်သား အလေးပြုလိုက်ကြသည်။
"စိတ်မပူပါနဲ့... ငါတို့ အစွမ်းကုန် ကြိုးစားမှာပါ"
စန်းဝမ်: "ဒါဆို ခင်မင်ရင်းနှီးမှု ပထမ ယှဥ်ပြိုင်မှုက ဒုတိယဆိုတာကရော.. ဘယ်လိုလုပ်မလဲ"
လီကျန်းက ရယ်ပြီးဆို၏။
"ဒါပေါ့... ရှုံးရင် ခင်မင်ရင်းနှီးမှုက ပထမ ယှဥ်ပြိုင်မှုက ဒုတိယလို့ ပြောလိမ့်မယ်..နိုင်ရင် လက်ခံပါ လက်ခံပါလို့ပြောလိမ့်မယ်"
စန်းဝမ်:"ဟားဟား ဟုတ်ပြီ"
ဘတ်စကတ်ဘောအသင်းက လူကောင်ကြီးကြီး ကျန်းဝေနှင့်ရေပိုလိုကစားသမား ထောင်လီလီကလည်း သူတို့ကိုလာခေါ်သည်။
"သွားရအောင်၊ ဘတ်စ်ကားအရင်စီးရမှာ"
စန်းဝမ် သန့်ရှင်းလတ်ဆတ်သောလေကို ရှုရှိုက်ရင်း လန်းဆန်းသွားသည်။ သူက အသင်းကြီးနောက်ကလိုက်ကာ လူစုရန် အားကစားကွင်းသို့ သွားခဲ့၏။ နည်းပြများ နာမည်ခေါ်ကာ ပစ္စည်းများကို စည်းစနစ်တကျ ရေတွက်ကြပြီး ၎င်းနောက် သူတို့ ကားထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြကာ မည်သူမှ ဆွဲမချနိုင်ခဲ့ပေ။
လီကျန်းက စန်းဝမ်ကိုစလိုက်၏။
"မင်းရဲ့ ဆွယ်တာအင်္ကျီ ယူလာခဲ့တာလား"
စန်းဝမ်:"အေးပေါ့"
လီကျန်း: "ဘာလို့ မဝတ်တာလဲ"
စန်းဝမ်: "ညစ်ပတ်သွားရင် ဘယ်လိုလုပ်မလဲ... လေယာဉ်ပေါ်က ဆင်းပြီး မကြာခင် ပြန်ဝတ်မှာ"
လက်နက်ကိုင်ရဲများ၏ အကာအကွယ်အောက်မှာ အားကစားသမားများသည် ဘတ်စ်ကားနှင့် လေဆိပ်ကို တရွေ့ရွေ့သွားကြသည်။၎င်းနောက် ဘတ်စ်ကားပေါ်က ဆင်းပြီး သူတို့၏ ပစ္စည်းစာရင်းတွေကို ယူကာ လေယာဉ်ပေါ် တက်ခဲ့ကြသည်။ အားလုံးက လေယာဉ်ပေါ်တက်ပြီး ရေကူး၊ ရေငုပ်၊ ရေပိုလိုနှင့် တခြားရေအားကစားများအလိုက် အုပ်စုဖွဲ့ထိုင်ကြ၏။
စန်းဝမ် လီကျန်း၊ထောင်လီလီတို့နှင့်အတူ အကျွမ်းတဝင်ရှိသော အားကစားသမားများနှင့်အတူ ထိုင်နေခဲ့သည်။
သူထိုင်ပြီးသည်နှင့် စန်းဝမ်ကမေးလေ၏။
"ဗိုက်ဆာနေလား...စားစရာတစ်ခုခုရှိလား"
လီကျန်း: "ငါနည်းနည်းဗိုက်ဆာနေပြီ...နောက်မှ အစားအသောက်ကို ဂရုစိုက်လိုက်မယ်"
သူက အစားအသောက်ကိုတာဝန်ယူကြောင်း ကြားလိုက်ရသောအခါ စန်းဝမ် စားရေးနှင့်ပတ်သက်ပြီး ဂရုစိုက်ရန် စိတ်ပူစရာ မလိုတော့ပေ။ မည်သို့ပင်ဖြစ်စေ သူထွက်လာကတည်းက တစ်ပြားမှ မသုံးပဲ လီကျန်းက စားဝတ်နေရေးကို တာဝန်ယူပေးသည်ဖြစ်ရာ သူမည်မျှအဆင်ပြေနေသလဲကို ပြောစရာပင်မလိုပါချေ။
သို့ရာတွင် သူအနည်းငယ် စိတ်လှုပ်ရှားနေ၏။ ပထမဆုံးအကြိမ် လေယာဥ်စီးသည်ဖြစ်ရာ စိတ်မတည်မငြိမ်ဖြစ်နေသေးသည်ပင်။ သူ တခြားသူများကို ကြည့်လိုက်သည်။ အားလုံးက မကြောက်ကြဘူးလား... မကြာခင်မှာ လူတော်တော်များများက ကြောက်ရွံ့နေကြသည်ကို တွေ့ရပြီး သူတို့ မကြောက်လျှင်ပင် တည်ငြိမ်ချင်ယောင်ဆောင်နေသူများချည်းသာဖြစ်၏။
Xxxxxxx
Part 826
လေယာဉ်ပေါ်ရှိလူအများစုသည် သဘာဝအတိုင်း ကြောက်လန့်တတ်ကြသည်။ပထမဆုံးအကြိမ် လေယာဥ်စီးရာတွင် မည်ကဲ့သို့ မထိတ်လန့်ဘဲနေ မည်နည်း။
ရေဒီယိုတွင် ပျံသန်းခြင်းအတွက် ကြိုတင်သတိပေးချက်များ ထပ်ခါထပ်ခါ ထွက်ပေါ်လာပြီး လေယာဉ်အမှုထမ်းများက ရှင်းပြရန် ခုံတန်းကြားထဲတွင် ထွက်ပေါ်လာသည်။ မူလက စန်းဝမ် စိတ်လှုပ်ရှားရုံဖြစ်သော်လည်း ယခု ပို၍ပင် ကြောက်ရွံ့သွားရ၏။ အထူးသဖြင့် အောက်ဆီဂျင်မျက်နှာဖုံးများ၊ အသက်ကယ်အင်္ကျီများ စသည်တို့ကို ပြောသည့်အခါ စန်းဝမ်၏ မျက်နှာ ပြောင်းလဲသွားပြီး ခေါင်းကိုအမြန်ငုံ့ကာ အသက်ကယ်အင်္ကျီရှိသည့်နေရာကို စစ်ဆေးပြီး ထုတ် ဝတ်ရန် စဉ်းစားနေသည်။
သူ့ဘေးနားကလီကျန်း : ...
စန်းဝမ် : " လီကျန်း... မြန်မြန်...ငါတို့အဝတ်အစားတွေကို ချွတ်ပြီး အချိန်မနှောင်းခင်မှာ ဝတ်ရအောင် "
လီကျန်း : "စန်းဝမ် စိတ်မပူပါနဲ့...ဒါက လိုရမည်ရလေ...ပြုတ်ကျမှာ မဟုတ်ပါဘူး"
စန်းဝမ်: "မဟုတ်ဘူးလား"
လီကျန်းက ပြုံးပြီးဆိုလိုက်သည်။
"လုံးဝ မဟုတ်ဘူး...ငါ့ကို ယုံပါ"
နူးညံ့သိမ်မွေ့ပြီး ယုံကြည်မှုရှိသော အပြုံးကြောင့် စန်းဝမ် ၎င်းကို ယုံကြည်ပြီး ပြန်ထိုင်လိုက်သည်။
လီကျန်း : "အသက်ပြင်းပြင်းရှူ...မင်းရဲ့ပြိုင်ပွဲကို စိတ်ကူးကြည့်"
စန်းဝမ်: "ပြိုင်ပွဲလား.. ပြိုင်ပွဲက စိတ်မဖိစီးဘူး"
လီကျန်: "ဟုတ်တယ် ဒါပဲ... မင်းရေကူးပြိုင်ပွဲမှာ ရှိနေတယ်လို့ မြင်ယောင်ကြည့်လိုက်...မြည်းတစ်ကောင်က ကြိတ်ဆုံဆွဲနေသလိုပဲ...မင်းရေတွက်တာ မှားတယ်... ငါဘယ်နှစ်ခါပြန်တွက်ရမှန်းမသိဘူး... မင်းအသက်ပြင်းပြင်းရှူပြီး ငါရပ်လို့မပြောမချင်း ဆက်ပြီး ရေကူးနေ”
သူက စန်းဝမ်ကိုထိုင်ခုံခါးပတ်ကိုပတ်ရန် ကူညီခဲ့ပြီး စန်းဝမ်က သူ့ပါးတွေကို ဖောင်းလျက် ငါးတစ်ကောင်ကဲ့သို့ နာခံမှုရှိရှိ ဖြည်းညှင်းစွာ ရေကူးနေသည်ကို တွေ့လိုက်ရ၏။ အသက်မရှူဘဲ အလယ်မှာ အကြာကြီး ခေတ္တရပ်နေသောအခါ လီကျန်း ထိတ်လန့်တကြားနှင့်အသက်ရှူကြပ်သွားရသည်။ သူအသက်ရှုကြပ်ပြီးသေသွားတော့မည်ဟု ခံစားလိုက်ရသည့်အချိန်မှာ စန်းဝမ်က "ဟူးး~~"ခနဲလုပ်လာ၏။
လီကျန်း: မင်းက အသက်အကြာကြီးအောင့်ထားတာပဲ...
ထိုအချိန်တွင် ရေဒီယိုမှ ထပ်မံသတိပေးလာတော့သည်။
"ရဲဘော်များ လေယာဉ်ပျံထွက်တော့ပါမယ်..."
အစပိုင်းက သိပ်စိတ်မလှုပ်ရှားသော်လည်း ယခု သူ စိတ်လှုပ်ရှားလွန်း၍ အသက်ရှူမဝဖြစ်နေသည်။ အထူးသဖြင့် သူအသံကို ကြားရသောအခါဖြစ်၏။ မီတာဘယ်လောက်များများထိ ကောင်းကင်ပေါ်ကို ရောက်သွားမှာလဲ...
ရှင်းရှင်းလင်းလင်း မကြားရသည့်အခါ သူ စိတ်လှုပ်ရှားရရုံသာရှိတော့သည်။
သူအသက်ရှူကြပ်ပြီး မျက်နှာနီနေသည်ကို မြင်သောအခါ လီကျန်းက သူ့ကို ကလိထိုးရန် သူ့လက်ကို အမြန်ဆန့်လိုက်၏။
စန်းဝမ် : "ဟားဟားဟား..."
ထိုအချိန်မှာ လေယာဉ်စပြီး ဖြည်းဖြည်းချင်း ပြေးလေသည်။ မြန်လာ၊ မြန်လာ၊ ပိုမြန်လာ...
"ဟားဟားဟား..."
စန်းဝမ်က တဟားဟား ရယ်နေပြီး အနီးနားက အားကစားသမားများက သူဘာကိုရယ်နေမျှန်း မသိလိုက်ကြပေ။ သူရယ်နေသည်က ရယ်စရာကောင်းသည်ဟုပဲ ထင်ကြပြီး သူတို့လည်း ရယ်ကြ၏။ ထိုသို့ အရယ်အပြုံးတစ်ခုဖြင့် နဂိုက တင်းမာနေသော စိတ်များ ရုတ်တရက် ပြေလျော့သွားကာ သူတို့ လုံးဝ မကြောက်တော့ကြပါချေ။
"ရှူးးး....” ဟူသော အသံနှင့်အတူ လေယာဉ်သည် မြေပြင်မှ ခုန်တက်လာပြီး ကောင်းကင်သို့ ပျံတက်သွားသည်။
လေယာဉ် ကောင်းကင်သို့ ပျံတက်သောအခါ အတွင်းခန်းနှင့် အပြင်ဘက်ကြားရှိ ဖိအားကွာခြားချက်သည် ကြီးမားလွန်းသဖြင့် လူများကို နားအူခြင်းနှင့် နားရောင်ခြင်းတို့ကိုခံစားရစေပြီး မသက်မသာဖြစ်စေသည်။
စန်းဝမ် : "ဟားဟား..."
ငါလုံးဝမခံစားဘူး...
တခြားသူများက ဘာဖြစ်နေမှန်းမသိသည့် စန်းဝမ်၏ တဟားဟားရယ်သံကြောင့် အူရွှင်ကာ တဟားဟားဖြစ်ကုန်ကြ၏။ ရယ်မောပြီးသည့်အခါ အားလုံးက တစ်ယောက်ကိုတစ်ယောက် ယခုလိုမျိုး ကြည့်လိုက်ကြသည်။မင်းဘာလို တဟားဟားလုပ်တာလဲ... ငါလည်းမသိဘူး...ထိုသို့ဖြင့် ဆက်ဟားဟားကြ၏။
လေယာဉ်က တည်ငြိမ်သောအခြေအနေသို့ ရောက်ရှိသွားကာ လီကျန်းက သူ့လက်ကို တည်ငြိမ်စွာ ရုတ်သိမ်းလိုက်သည်။
ထိုအချိန်မှသာ စန်းဝမ် လေယာဉ်ထွက်နေပြီဖြစ်သည်ကို သိလိုက်ရ၏။
"ဘာဖြစ်တာလဲ... ဘယ်တုန်းက ကောင်းကင်ကို ပျံသွားတာလဲ...အိုးး မြင့်လွန်းလိုက်တာ... သေအောင် ကြောက်တယ်"
သေအောင်ကြောက်တယ်ဟု ပြောပေမဲ့ သူ့မျက်လုံးများက ပြူးကျယ်နေကာ ပြတင်းပေါက်ဆီသို့ တိုးကပ်ပြီး လီကျန်းနှင့်အတူတူ အပြင်ကိုကြည့်လိုက်သည်။
"ကောင်းကင်မှာ ဘယ်လို နတ်ဘုရားတွေ ရှိတယ်ဆိုတာ ကြည့်ပါရစေ"
လီကျန: " နတ်ဘုရားမရှိဘူး...တိမ်တွေပဲရှိတယ်"
စန်းဝမ် : "ဝိုးးး ~~ ငါ ကောင်းကင်ဘုံကိုရောက် တော့မယ်...ငါ... ဟင်ဘာကြီးလဲ .. မမြင်ရဘူး.."
မှန်ပြတင်းပေါက်က အလင်းရောင်ကို ရောင်ပြန်ဟပ်ပြီး ပြတင်းပေါက်မှာ ထင်ဟပ်နေသည့် လူနှစ်ယောက်၏ မျက်နှာကြီးများကိုသာ သူမြင်လိုက်ရသည်။
လီကျန်း : "ငါ အချက်ပြမီးတွေနဲ့ ကြယ်တွေကို လေယာဉ်ပေါ်က မြင်ရတယ်"
စန်းဝမ်က သူ့လက်တွေကို ဆုပ်ထားပြီး စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်။ ကျင့်သားရပြီးနောက်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည့် အနီရောင်နှင့်အဖြူရောင် အချက်ပြမီးများကို ကောင်းကင်ထက်မှာ မြင်လိုက်ရ၏။ သူ အစွမ်းကုန် မျှော်ကြည့်ရင်း တောက်ပနေသည့် ကောင်းကင်ကြီးကို မြင်လိုက်ရသောအခါ ပြောလိုက်သည်။
"အိုး...ကောင်းကင်က ကြယ်တွေက အရမ်းတောက်ပနေတာပဲ"
လီကျန်း: "ခဏလောက် စိုက်ကြည့်ပြီးရင် ပိုကောင်းတယ်... ကောင်းကင်က တောက်ပလာတဲ့အခါ ပိုကြည့်ကောင်းလိမ့်မယ်”
စန်းဝမ်လည်း ထိုသို့ တွေးနေပေမဲ့ စိတ်လှုပ်ရှားနေမည့်အစား ဆာလောင်မှုကိုပင် ခံစားလာရသည်။
နံနက် ၅း၃၀ ခန့်အထိနေပြီးနောက် နောက်ဆုံးတွင် အိပ်ရာထပြီးနောက် လေယာဉ်အမှုထမ်းအချို့ နိုးလာပြီး ဗိုက်ဆာနေသော အားကစားသမားများအား မုန့်၊ ဝက်အူချောင်း၊ ပန်းသီးနှင့် နို့များအပါအဝင် အစားအသောက်များ ဝေငှကြသည်။
စန်းဝမ်က နို့ မလိုချင်သဖြင့် ထိုအစားရေယူလိုက်၏။
လီကျန်း : "စန်းဝမ် ငါ နွားနို့လိုချင်တယ် "
လက်ရွေးစင်အသင်းမှာ စတင်ဝင်ရောက်ကတည်းက အားကစားသမားတိုင်း နေ့တိုင်း နွားနို့ ကတ်တီဝက်သောက်ရသည်။
စန်းဝမ်က မသောက်ဘူး...အနံ့ကြီးက ထူးဆန်းတယ်
အစပိုင်းမှာ နည်းပြပြန့်နှင့် သူ့အသင်းဖော်များက သူ့ကိုသောက်အောင် နည်းမျိုးစုံနှင့် စည်းရုံးခဲ့ပြီး သောက်ပြီးလျှင် သူ့ခန္ဓာကိုယ်က ပိုသန်မာလာပြီး အရိုးတွေ သန်မာလာကာ ပိုမြန်မြန်ရေကူးနိုင်သည်ဟု ပြောကြသည်။
သို့ရာတွင် စန်းဝမ်က မျိုပင်မချနိုင်ဘဲ အနံ့အလွန်ဆိုးသည်ဟု ခံစားရ၏။
(စိတ်တူကိုယ်တူဖူးစာဖက်လေးအား တွေ့ရှိ)
နောက်ပိုင်းမှာ ကန်တင်းက မြေပဲနို့နှင့် သစ်သီးနို့များကိုပါပြုလုပ်ခဲ့ပြီး ထိုအရာများကို သူ မြိန်ရေယှက်ရေသောက်သော်ငြား နို့စစ်စစ်ကို လုံးဝမသောက်ပါချေ။
သူက လီကျန်းကို နို့ဘူးနှစ်ဘူး ပေးလိုက်သည်။
"နှစ်ဘူးလုံးသောက်လိုက် "
လီကျန်း: "အများကြီးသောက်ရင်အဆင်မပြေဘူး... တစ်ခွက်လောက်ဆို လုံလောက်ပြီ"
စန်းဝမ်က ပြန်သွားပြီး ပေါင်မုန့်နှင့် ဝက်အူချောင်းကို အားပါးတရ စားနေပြီး လီကျန်ကို တီးတိုးပြောရန်လည်း မမေ့ပေ။
"ဒီဝက်ပေါင်ခြောက်နဲ့ပေါင်မုန့်က စားလို့ရတယ်ထင်လား... တစ်ဗူးဝယ်ရမလား...ငါပြန်ယူသွားပြီး အိမ်ကို စားကြည့်ခိုင်းမယ်"
လီကျန်း သူအစားကောင်းအသောက်ကောင်းစားနေသည်ကို မြင်လိုက်ရကတည်းက အိမ်အတွက်ပြန်ယူချင်မှာမှန်းတွေးမိသည်။ အစတုန်းက သူရယ်စရာဟုထင်ခဲ့သေးသည်။ အချိန်အတော်ကြာပြီးနောက် သူစန်းဝမ်ဆီကနေ ဦးနှောက်အဆေးခံလိုက်ရပြီး ယခု သူက စန်းဝမ်နဲ့အလေးအနက်ဆွေးနွေးလိုက်၏။
"မင်းက အဆင့်ကောင်းကောင်းရရင် အဓိကအစားအစာအတွက်မဟုတ်တဲ့ အစားအသောက်လက်မှတ်တွေကို နည်းပြဆီက တောင်းပြီး တရုတ်နှစ်သစ်ကူးမှာ အိမ်ပြန်ယူနိုင်အောင် ဌာနကဆိုင်မှာ သွားဝယ်လို့ရတယ်"
Xxxxxxx