Part 827
စန်းဝမ် ယင်းကအကြံကောင်း တစ်ခုဟုထင်သည်။ပေါင်မုန့်နှင့်ဝက်အူချောင်းကို စားပြီးနောက် ပါးစပ်ကို ပွတ်ပြီး သူကဆို၏။
"ဘယ်လောက်ပဲဗိုက်ပြည့်နေပါစေ အရသာရှိတဲဟာကရှိကိုရှိတယ်"
လီကျန်းက သူ့ကို သူ့ဟာပေးလိုက်ပြီးပြောသည်။ "နောက်ထပ် စားနိုင်သေးလား"
စန်းဝမ်: "ရှိသေးလားလို့ ငါမေးလိုက်မယ်"
သူက သူ့လက်ကို မြှောက်လိုက်၏။
လေယာဥ်ဝန်ထမ်းက ချက်ခြင်းရောက်လာပြီး ခပ်ဖျော့ဖျော့ပြုံးကာဆိုသည်။
"ဘာလိုသေးလဲ ရဲဘော်"
စန်းဝမ် အနည်းငယ် ရှက်သွားပြီးပြောလိုက်၏။ "ကျွန်တော် ဗိုက်မပြည့်သေးဘူး"
လေယာဥ်ဝန်ထမ်းက ပြုံးပြီးဆို၏။
"မနက်စာ ပြင်ဆင်နေတုန်းမလို့ ကျေးဇူးပြုပြီး
ခဏစောင့်ပေးပါဦး "
စန်းဝမ် ထိုင်ပြီးပဲ စောင့်နေလိုက်သည်။ စောင့်ရသည်က အနည်းငယ် ပျင်းစရာကောင်းလေသည်။ထိုအချိန်တွင် လီကျန်းက လိုက်ကာကိုဆွဲလိုက်ပြီး အပြင်ဘက်တွင် နေရောင်အနည်းငယ် တောက်ပနေကာ ကောင်းကင်သည် ကျောက်စိမ်းပြာရောင်ဖြစ်ပြီး နွေးထွေး ကြည်လင်နေသောကြောင့် လူများကို စိတ်အေးကြည်သာလျက် ပျော်ရွှင်စေသည်။
စန်းဝမ်က ဝိုးခနဲလုပ်ကာအပြေးသွားလိုက်၏။
"အရမ်းလှတာပဲ"
သူက သူ့မျက်နှာကို ပြတင်းပေါက်မှန်မှာဖိကပ်ကာဆိုသည်။
" နေဘယ်မှာလဲ"
"အရှေ့ဘက်...ငါတို့နောက်မှာ
လေယာဉ်စောင်းလိုက်သောအခါ စန်းဝမ်နေထွက်ချိန်ကိုမြင်လိုက်ရ၏။ အရှေ့အရပ်ရှိ အဖြူရောင်မိုးသားကြီးက ထောင်ချီသော ပြိုးပြိုးပြက်ပြက်အလင်းတန်းများကြောင့် ပြိုကွဲသွားကာ ပန်းချီဆေးတစ်ဘူးကို ပက်ဖြန်းလိုက်သကဲ့သို့ အပြာရင့်ရောင်နှင့်ရောင်စုံခြယ် အသွေးအရောင်များက ကျက်သရေရှိလွန်းလှသည်။
နေထွက်ချိန်ကို စကားလုံးများဖြင့် ဖော်ပြ၍မရပါချေ။
သူ အံသြမှင်သက်သွားခဲ့သည် ရှောင်ဝမ်သာ မြင်နိုင်လျှင် ပုံဆွဲနိုင်မှာဖြစ်သည်။
နေထွက်လာပြီးနောက် ကောင်းကင်ကြီးသည် ရုတ်တရက် ပြာလဲ့လဲ့လဲ့လဲ့ဖြစ်လာကာ တိမ်တိုက်တိမ်စိုင်များက လွင့်မျောနေကြသည်။
စန်းဝမ် သူ၏မျက်လုံးများမှာ မလုံလောက်သောကြောင့် သူ့မျက်လုံးများကို အပြင် ထုတ်ကာ လေယာဉ်အပြင်ဘက်တွင် ထားပြီးကြည့်ချင်မိသည်။
"ဘာလို့ ငှက်မရှိတာလဲ... ဘာလို့ တိမ်တွေရှိနေတာလဲ...ဟမ် ကောင်းကင်ကြီးက အရမ်းပြာနေတယ်... တိမ်တွေ...ဝိုးးး တိမ်တွေက ကြီးလိုက်တာ... အရမ်းကြီးတယ်... တောင်ကြီးနဲ့တူတယ် အရမ်းလှတာပဲ..."
လီကျန်း: "ငါတို့ အခု ငှက်တွေထက် အများကြီး ပိုမြင့်တယ်လေ...ငှက်တစ်ကောင်က လေယာဉ်နဲ့ တိုက်မိရင် လေယာဉ်ကသွားပြီ"
စန်းဝမ် : "ဒါဆိုငှက်တွေကို မကြည့်နဲ့... တိမ်တွေကိုပဲ ကြည့်"
ထိုသို့ပြောနေသည့်အချိန်မှာ လေယာဉ်ကနေ ပြင်းထန်သည့် ဆူညံသံထွက်ပေါ်လာသည်။ စန်းဝမ် အတော်လေး ထိတ်လန့်သွားပြီး လီကျန်းကို လှမ်းကိုင်ပြီး ငုံ့ကာ ထိုင်ခုံအောက်ရှိ အသက်ကယ်အင်္ကျီကိုထုတ်လိုက်၏။
"ဝတ်လိုက်"
စန်းဝမ် တင်မကဘဲ တစ်စုံတစ်ယောက်က ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်ကာ အသက်ကယ်အင်္ကျီယူနေသည်။
အမျိုးသမီးကြေညာသူ၏ နူးညံ့သိမ်မွေ့သော အသံက ရေဒီယိုမှ ထွက်ပေါ်လာပြီး ဤသည်မှာ လေလှိုင်းထန်ခြင်း၏ သာမာန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သဖြင့် ကျေးဇူးပြု၍ မထိတ်လန့်ပါနှင့် ရဲဘော်များဟူ၍ ပြောလာ၏။
အားလုံးက ချက်ချင်းပင် မသိလိုက်ဘဲ ပြုံးမိလိုက်ကြသည်။
"လေ့ကျင့်ကြရအောင်"
စန်းဝမ်က ချွေးအေးများကို သုတ်လိုက်ပြီး သက်ပြင်းချကာဆို၏။
"...ငါ အရမ်းကြောက်သွားတာ... လေဖြတ်တော့မတတ်ပဲ"
လီကျန်း:...
သူ စန်းဝမ်နှင့် နေရာချင်းလဲလိုက်ပြီး စန်းဝမ်ကို
ပြတင်းပေါက်ကို မှီကာကောင်းကောင်းကြည့်ခိုင်းလီုက်သည်။
စန်းဝမ် မတ်တပ်ထရပ်ပြီး လှည့်ကြည့်သည်။ အားလုံးက စိတ်လှုပ်ရှားစွာနှင့် ပြတင်းပေါက်ကနေ လှမ်းကြည့်နေကြ၏။
"နည်းပြ ... ဓာတ်ပုံရိုက်ဖို့ ကင်မရာတစ်လုံး ယူလာသေးလား"
ကင်မရာများက ဤနေရာမှာ ကြိတ်စက်များပါပင်။
နည်းပြပြန့် မျက်လုံးမှိတ်ထားလျက် အနားယူနေပြီး မျက်လုံး မဖွင့်ဘဲဆိုသည်။
“ရိုက်ထားတယ်... စိတ်မပူနဲ့ နောက်နည်းနည်းနေရင် ပေးမယ်”
People's Dailyမှ သတင်းထောက်များ၊ဝမ်ဝေ့ဖို နှင့် အားကစား အထွေထွေ အုပ်ချုပ်ရေးမှ သတင်းထောက်များပါ လိုက်ပါခဲ့ကြသသည်အားကစားသမားများ ဘဲများကဲ့သို့ အိပ်ဆောင်မှ အမြန်ဆင်းကြသောအခါ၊ ကစားကွင်းတွင် စုဝေးကြသည့်အခါ၊ ဘတ်စ်ကားပေါ်တက်ချိန်၊ လေယာဉ်ပေါ်တက်ရန် လေဆိပ်တွင် စုရုံးကြသည့်အခါများတွင် ဓာတ်ပုံရိုက်ကြသူများ ရှိကြသည်။
ယခုလည်း ရှိသည်ပင်။
စန်းဝမ် စိတ်သက်သာရာရစွာ ပြန်ထိုင်ကာ မျက်လုံးနှစ်လုံးဖြင့် စိုက်ကြည့်ရင်း ပါးစပ်က ရေရွတ်နေလိုက်သည်။လီကျန်းအထင် သူ့မိသားစုဝင်များနှင့် စကားပြောနေပုံရသည်။
ခဏကြာသောအခါ ကြက်ဥပြုတ်နှင့် ဘန်းမုန့်များရောက်လာ၏။
စန်းဝမ်က ကြက်ဥနှစ်လုံး၊ ဘန်းမုန့်လေးခုကို ယူလိုက်ပြီး ရေနှင့်ဗိုက်ဖြည့်နေသည်။
စားပြီးသည်နှင့် အပြင်က ကောင်းကင်ယံက တိမ်များကို ကြည့်ရင်း မသိလိုက်ဘဲ အိပ်ပျော်သွား၏။
နိုးလာသောအခါ နာရီဝက်ခန့်အကြာတွင် တီဟီရန်လေဆိပ်သို့ ရောက်တော့မည်ဟု ရေဒီယိုမှ ကြေငြာသံကို ကြားလိုက်ရသည်။
"ရဲဘော်များ အသင့်ပြင်ထားကြပါရှင်..."
ဥက္ကဌကျောက်က အားကစားသမားများအား အားပေးရန်အတွက် အသံချဲ့စက်ဖြင့် စတင်ဟောပြောနေပြီဖြစ်သည်။
"ရဲဘော်များ နိုးထကြပါ... ငါတို့ရဲ့ ဝင်ခွင့်ဝတ်စုံယတွေကို ၀တ်ဆင်ပြီး ငါတို့ရဲ့ စိတ်အားထက်သန်မှုအရှိဆုံး တစ်ဖက်ခြမ်းကို ကမ္ဘာကို ပြသကြပါ"
ကမ္ဘာကြီး၏သူတို့အပေါ်ထားရှိသော ပုံသေကားကျအမြင်ကို ပြောင်းလဲရန်အတွက် ဤတစ်ခေါက်တွင် သူတို့ များစွာကြိုးပမ်းအားထုတ်ထားပြီး အားကစားသမားများ၏ ၀တ်စုံကို အထူးဒီဇိုင်းထုတ်ထားသည်။
စန်းဝမ် သူ၏ အားကစားဝတ်စုံကို အမြန်ချွတ်ကာ ဆွယ်တာအင်္ကျီကို ဝတ်ပြီးနောက် ထုတ်ပေးထားသော ဝင်ခွင့်ယူနီဖောင်းကို ၀တ်ဆင်ထားလိုက်သည်။
အားကစားအသင်းမှ ဆက်လက်၍ ဟောပြောပို့ချ၏။
"ရဲဘော်တို့ဟာ ငါ့တို့ရဲ အကောင်းဆုံးပုံစံ၊ အပြုံး၊ ယုံကြည်မှုနဲ့ ဖော်ရွေမှုတွေ ရှိရပါမယ်... အီရန်ပြည်သူများက ငါတို့ရဲ့ မဟာမိတ်တွေဖြစ်ပြီး ငါတို့ရဲ့ အကောင်းဆုံး ဗျူဟာမြောက် မိတ်ဖက်များထဲမှ တစ်ခုဖြစ်တယ်... ယခုတစ်ကြိမ်မှာ ငါတို့ဟာ အာရှအားကစားပြိုင်ပွဲမှာ ပါဝင်နိုင်ပြီဖြစ်တယ်...ကြိုးပမ်းအားထုတ်မှုတွေအများကြီးလုပ်ရပါမယ်...ဒါ့ကြောင့် ငါတို့ဟာ ဖော်ရွေရမယ်... နှိမ့်ချခြင်းလည်းမပြုရသလို မောက်မာခြင်းလည်းမပြုရဘူး"
စန်းဝမ်က လီကျန်းကို အသံနိမ့်နိမ့်နှင့် မေးလေသည်။
"နှိမ့်ချခြင်း မောက်မာခြင်းဆိုတာ ဘာလဲ "
လီကျန်းက ရှင်းပြလိုက်၏။
စန်းဝမ်: "နားလည်ပြီ...ရှက်လည်း မရှက်ရဘူး စိတ်လည်းမလှုပ်ရှားရဘူး ဟုတ်တယ်မလား"
လီကျန်း: ...
ဆရာတုန်က စန်းဝမ်ကိုမြင်ပြီး တိုးတိုးလေးဆိုလာ၏။
"ကျောင်းသားဟန်ဝမ်မင်... အပြင်မှာ အရမ်းပူနေတယ်.. ဆွယ်တာဝတ်ချင်တာ သေချာလား"
စန်းဝမ်က ပြုံးလိုက်ပြီးပြောသည်။
"ဆရာ...ပေကျင်းမှာ အနှေးနဲ့အမြန်တော့ အေးနေပြီ... ဆွယ်တာအင်္ကျီဝတ်တာ သင့်တော်တယ်လို့ ကျွန်တော်ထင်ပါတယ်... အဖွဲ့သားတွေက အကောင်းဆုံး စွမ်းရည်ကို ပြသဖို့ ပြောတယ်... ဒါက ကျွန်တော့်ရဲ့ အကောင်းဆုံးပါပဲ"
လေယာဉ်ပေါ်မှာ နည်းနည်းအေးနေသဖြင့် ဆွယ်တာအင်္ကျီဝတ်သည်က အနေတော်ပဲဟုသူတွေးလိုက်၏။
ဆရာတုန်က စကားရပ်သွားသည်။
ထားလိုက်ပါတော့... ခဏနေ အိမ်ကို သွားမှာပဲ...
အားလုံးဝတ်ပြီးသည်အခါ သူတို့၏ခေါင်းများကို ဖြီးပြီး မျက်နှာသစ်ကာ သပ်သပ်ရပ်ရပ်ရှိနေကြ၏။ ဥက္ကဋ္ဌကျောက် သူတို့ကို စစ်ဆေးကြည့်ရာတွင် အတော်လေး ကျေနပ်သွားသည်။
ဤခရီးစဉ်မစခင်မှာ ဒုဥက္ကဌသန်းကို ညွှန်ကြားချက်ပေးရန် အထူးတောင်းဆိုခဲ့ပြီး အားလုံးက အဆင်ပြေချောမွေ့ခဲ့၏။
Xxxxx
Part 828
ဥက္ကဋ္ဌကျောက် နှင့် ခေါင်းဆောင်အများအပြားက အဖွဲ့ကို ဦးဆောင်ပြီး အားကစားသမားများ ထွက်ခဲ့ကြကာ စန်းဝမ်၊လီကျန်း နှင့်ထောင်လီလီတို့ အတူတကွ လိုက်ပါခဲ့ကြသည်။ စန်းဝမ် နှိမ့်ချခြင်း သို့မဟုတ်မောက်မာခြင်းပြုပြီး အမိနိုင်ငံကို အရှက်မသင့်စေရဟု သူ့ကိုယ်သူ သတိပေးနေသည်။သူက အနည်းငယ်ပြုံးလျက် နောက်ကျောကိုမတ်၍ မျက်လုံးများကို ထိန်းချုပ်ကာ သူမည်မျှ စိတ်လှုပ်ရှားနေသည်ကို အခြားသူများကို မမြင်စေခဲ့ပါချေ။
ငါသည် နှိမ့်ချခြင်းလည်းမပြု မောက်မာခြင်းလည်းမပြု...
လေယာဉ်ပေါ်က ဆင်းချိန်မှာ လေဆိပ်မှာ အချိန်အကြာကြီး စောင့်ဆိုင်းနေကြသည် အီရန် အားကစား အရာရှိများနှင့်သတင်းထောက်များ၏မျက်လုံးများ တောက်ပလာခဲ့သည်။
မူလက တရုတ်အားကစားသမားများသည် မီးခိုးရောင် သို့မဟုတ် မီးခိုးပြာရောင် သမုဒ္ဒရာကြီး ဖြစ်လိမ့်မည်ဟု(အကုန်လုံးမှုန်မှိုင်းမှိုင်း) ထင်ခဲ့ကြသော်လည်း ဤမျှ လတ်ဆတ်တောက်ပရန် မမျှော်လင့်ခဲ့ကြပေ။
သတင်းထောက်များ ဝိုင်းအုံလာကာ ကြိုးဝိုင်းအပြင်ဘက်တွင် ရပ်၍ ဓါတ်ပုံရိုက်ရန် နှိပ်လိုက်ကြသည်။ကင်မရာထဲတွင် တရုတ်အားကစားသမားများသည် ပြုံးရွှင်ကာ ယုံကြည်မှုရှိပြီး တည်ငြိမ်နေကြသည်။ အထူးသဖြင့် သူတို့အထဲမှာ အကြီးကြီးတစ်ယောက်ရှိပြီး သူ့ဘေးမှာရပ်နေသည် အငယ်လေးတစ်ယောက်ရှိသည်။
အိုး သေချာကြည့်စမ်း...အဲဒါ ကလေးလေ.. တရုတ်အသင်းက ကလေးတစ်ယောက်ကို တကယ်ပို့လိုက်တာပဲ ဟားဟား...
“ဘုရားရေ... အာရှအားကစားပြိုင်ပွဲမှာ ပါဝင်ဖို့ သူတို့က ဂျင်းဘောင်းဘီ မဝတ်ထားကြဘူး...အံ့သြစရာကောင်းလွန်းတယ်” ဟု နိုင်ငံခြား သတင်းထောက်တစ်ဦးက ရှပ်တာ(ကင်မရာခလုတ်)အား နှိပ်ကာ အော်ပြောခဲ့သည်။
တရုတ်အမျိုးသမီး အားကစားသမားများသည် လည်ပင်းတွင် နှင်းဖြူရောင်လည်စီးများပါသော စိမ်းအပြာရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး အနက်ရောင်သားရေဖိနပ်များကိုစီးထားကြသည်။သူတို့က လှပစွာ၊ အေးဆေးတည်ငြိမ်စွာနှင့် ယုံကြည်မှုရှိရှိ လျှောက်လှမ်းခဲ့ကြသည်ကို တွေ့မြင်ခဲ့ရသည်။
စန်းဝမ်၊ထောင်လီလီနှင့်လီကျန်းတို့က အတူတူ လမ်းလျှောက်လာကြသည်။သူတို့ရှေ့တွင်က လူထွားကြီး ကျန်းဝေဖြစ်၏။ အရပ်ရှည်ရှည် ဆံပင်ဝါရောင် မျက်လုံးပြာနှင့် နိုင်ငံခြားသား သတင်းထောက် သူတို့ခြေထောက်နားတွင်လှဲကာ ခြေထောက်များကို ဓာတ်ပုံရိုက်လိုက်သည်။
စန်းဝမ်က သူ့ခေါင်းကို နင်းလုနီးပါးဖြစ်သွားသော်လည် ထိတ်လန့်ခြင်းမရှိဘဲ အမြန် ရှောင်သွားခဲ့သည်။စင်စစ်အားဖြင့် ဥက္ကဋ္ဌက
နှိမ့်ချခြင်းမပြုရ၊ မောက်မာခြင်းမပြုရဟု ပြောထားသည်ကို သူအမြဲတမ်း အမှတ်ရနေခဲ့၏။
နှိမ့်ချခြင်းမပြု၊ မောက်မာခြင်းမပြုလို့ ငါတို့သဘောတူထားတယ်လေ...မင်းတို့ နိုင်ငံခြားသားတွေ ဘာလုပ်နေတာလဲ...
စန်းဝမ် သူ၏ကိုယ်ဟန်အနေအထားကို ထိန်းသိမ်းကာ ခုန်ကျော်ရန် အားကုန်သုံးခဲ့ရသည်။ မြေကြီး ပေါ်တွင် လဲလျောင်းနေသော သတင်းထောက်ကို ကြည့်ကာ တရုတ်စတိုင် အင်္ဂလိပ်လိုဖြင့် စာကြောင်းတစ်ကြောင်းကိုယဉ်ယဉ်ကျေးကျေးပြောလိုက်၏။
"ဝေါင်းး... ငါက ရေနံမြေပေါ်ကိုအောင်အောင်မြင်မြင်ခြချလိုက်ပြီ"
သတင်းထောက်က ထောင်လီလီ၏ဒေါက်မြင့်ဖိနပ်ပုံတွေကို ဆက်ရိုက်နေသည်။ခေတ်ရေစီးကြောင်း မီဒီယာများမှာ ကြော်ငြာနေသည့် မသိနားမလည်သည့်ပုံစံ၊ ခေတ်နောက်ပြန်ပြီး သီးသန့်နေတတ်သော တရုတ်အမျိုးသမီးများက ဒေါက်မြင့်ဖိနပ်များ ၀တ်ကြ၏။
သူတို့အားလုံး ခြေထောက်ကို ထုပ်စည်းထားတာ မဟုတ်ဘူးလား... သုံးလက်မ(ခြေဖဝါးသေးအောင်စည်းထားတာ)ထဲမဟုတ်ဘူးလား...
ရိုက်ပြီးသည်နှင့် သူထပြီး ပါးစပ်နားရွက်ချိတ်သည်အထိ ပြုံးပြပြီး စန်းဝမ်ကို ထပ်ရိုက်ပြန်ကာ ကင်မရာထဲမှာ မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေသော အဖြူအမည်းကာလာနှင့်ကောင်လေးကို ချန်ထားခဲ့လေသည်။ သူက တခြားအမျိုးသား အားကစားသမားများနှင့် ဆင်တူဝတ်ထား၏။ ဝတ်စုံချင်းက အတူတူပေမဲ့ သူက အထဲမှာ အလွန်ကွဲပြားခြားနားနေသည့် ဆွယ်တာအင်္ကျီရှိနေသည်။
ဆွယ်တာအင်္ကျီ ကအပြာရင့်ရောင်ဖြစ်ပြီး ကော်လာပေါ်တွင် အဖြူအဆင်းပုံစံ စက်ဝိုင်းများပါရှိကာ ခပ်မြင့်မြင့် ကော်လာကို လှန်ထားသောကြောင့် နက်မှောင်သောအသားအရည်ဖြင့်ကောင်လေးကို နူးညံ့သိမ်မွေ့ပြီးတက်ကြွသောအရှိန်ဝါရှိစေ၏။
လှလိုက်တဲ့ ဆွယ်တာအင်္ကျီ...ချောလိုက်တဲ့ကောင်လေးကွာ...
ဟင်နရီ သူ့စိတ်ထဲတွင် အံ့အားသင့်သွားကာ သူ၏ အမြင်ကျဉ်းသော သူဌေးဆီကနေ အီရန်သို့ အတင်းအလွှတ်ခံရခြင်းက သူ့အတွက် မဆိုးလှဟု ရုတ်တရက် ခံစားလိုက်ရသည်။
ငါသေချာပေါက် သတင်းအကြီးကြီးတွေကို တူးဆွနိုင်တယ်...စောင့်ကြည့်လိုက်စမ်းပါ အယုတ်တမာတွေ...
မင်းတို့ရဲ့ဦးလေးဟင်နရီက ကြီးမားတဲ့ရတနာကြီးကို တူးဖော်ပြီး မင်းတို့သောက်ပေါက်တွေကို မေးရိုးပြုတ်ကျအောင်လုပ်ပေးမယ်ကွ...
သီးသန့်ဆန်၊ ရှေးရိုးဆန်၊ခေတ်နောက်ပြန်ကာ ထူးဆန်းပြီး ခေါင်းမာသည်ဟု သူတို့တွေးထားသည့် အာရှတရုတ်ကြီးများက အမှန်တကယ်တွင် ဤသို့ဖြစ်နေ၏။
ဟင်နရီက စန်းဝမ်နှင့် ပျော်ရွှင်စွာ စကားစမြည်ပြောပြီး တစ်ယောက်နောက်တစ်ယောက် လိုက်ကာ ရိုက်ကူးရင်း တွေ့ဆုံမေးမြန်းခဲ့သည်။
စန်းဝမ်က အရိုးရှင်းဆုံး နှုတ်ခွန်းဆက်စကားများကိုသာ နားလည်နိုင်သည်၊ အိမ်တွင်းရေးကိစ္စ အမျိုးမျိုးကို အင်တာဗျူးခြင်း၏ အခက် အခဲကို မည်သို့ လက်ခံနိုင်မည်နည်း။ သို့သော်လည်း ဤအရာက ကျောင်းသားစန်းဝမ်ကို မနိမ့်ချမမောက်မာပါဘဲ အခြားသူများနှင့် ယုံကြည်မှုရှိရှိ ဆက်သွယ်ပြောဆိုခြင်းမှ မတားဆီးနိုင်ပါချေ။
ဟင်နရီ၏ ရှုပ်ထွေးသောမေးခွန်းများကို သူနားမလည်သော်လည်း သူ သူတို့ကို မေးနိုင်လေသည်။ သူ ဟင်နရီအားမေးလိုက်၏။
"ဝေါင်း ဆေးသောက်မလား" (ဒေသန္တရ ဒေသိယစကားဖြင့် စားသောက်သည်)
ဟင်နရီက အပြည့်အဝနားလည်ပြီး စိတ်လှုပ်ရှားစွာ ရင်ဘတ်ကို ဘန်းဘန်းမြည်အောင်ပုတ်ကာဆိုလိုက်သည်။
"ဟင်နရီ ...ဟင်နရီ"
စန်းဝမ်က ခေါင်းညိတ်ကာ လက်မထောင်၏။
"ငှားမယ်"
လီကျန်းနှင့် ထောင်လီလီ: "... "
နယူးယောက်တိုင်းမ်မှ သတင်းထောက်များသာမက ဝါရှင်တန်ပို့စ် နှင့် ဥရောပနိုင်ငံအသီးသီးမှ သတင်းထောက်များသည် အာရှအားကစားပြိုင်ပွဲတွင် ကမ္ဘာတုန်လှုပ်ချောက်ချားစေမည့် သတင်းများကို ရယူရန် စုဝေးခဲ့ကြသည်။
တရုတ်အသင်း၏ အသွင်အပြင်သည် ၎င်းတို့အား အကြီးမားဆုံး အကျိုးသက်ရောက်မှုနှင့် လှုံ့ဆော်မှုတို့ကို ပေးအပ်ခဲ့သည်မှာ သေချာပေ သည်။
ဗိုလ်ချုပ်ကျောက် ဦးဆောင်သော တရုတ်အသင်းလေဆိပ်ခန်းမမှ ထွက်လာသောအခါ အပြင်မှ ကြည့်ရှုနေသူအားလုံး အံ့သြသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ယခင်က လူတိုင်း၏ တရုတ်နိုင်ငံအပေါ်အမြင်မှာ အိတ်တွေဝတ်သည့် ခေတ်နောက်ကျသော တံခါးပိတ်နိုင်ငံဟူ၍ဖြစ်၏။ မမျှော်လင့်ဘဲ သူတို့၏ အမျိုးသမီး အားကစားသမားများက လတ်ဆတ်တောက်ပသည့်စကတ်များနှင့် အနက်ရောင် ဒေါက်မြင့် သားရေဖိနပ်များကို ဝတ်ဆင်ထားလေသည်။
တရုတ်အသင်းနှင့်အတူ စန်းဝမ်တစ်ယောက် အီရန်အားကစားတာဝန်ရှိသူများ စီစဉ်ပေးသည့် ဘတ်စ်ကားပေါ်တက်ကာ တီဟီရန်ရှိ အေလီယာမဲလ် အားကစားစင်တာအနီးရှိ အာရှအားကစားပြိုင်ပွဲကျေးရွာသို့ ဦးတည်ခဲ့သည်။
ယနေ့မှစတင်၍ အာရှအားကစားပြိုင်ပွဲကျေးရွာတွင် ဆက်လက်နေထိုင်မည်ဖြစ်ပြီး အကြိတ်အနယ်လေ့ကျင့်မှုများပြုလုပ်ကာ စက်တင်ဘာ ၁ ရက်တွင်ကျင်းပမည့် အာရှအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ပါဝင်မည်ဖြစ်သည်။
...
ရှောင်ရွှမ်တောင်တန်း...
ဤတစ်ခေါက်တွင် လင်းလန်တို့မိသားစုက ဂျစ်ကားနှင့် လာခဲ့ကြ၏။ ဟန်ချင်စုန့်က သူ့ဇနီးနှင့်သားသမီးများကို ပြည်နယ်မှာ အလုပ်လုပ်ရန် ခေါ်သွားချင်သည်ဟု ဆိုခဲ့သည်။ညွှန်မှူးဟောင်းက အားတက်သရောဖြင့် သူ့ကိုဂျစ်ကားပေးလိုက်၏။
ဟန်ချင်စုန့် ဇနီးဖြစ်သူ၏ ကျောက်ကောက်နေချိန် တလက်လက်တောက်ပနေသော ကြယ်မျက်လုံးများအကြောင်းကို တွေးမိသဖြင့် မငြင်းဆန်ခဲ့ပေ။ ဒီဇယ်ဆီလုံလုံလောက်လောက် ယူလာကာ ဇနီးနှင့် သားသမီးများကို ရှောင်ရွှမ်တောင်သို့ ခေါ်သွားခဲ့သည်။
Xxxx